← Chapters

ဌာနချုပ်ထဲ သူလျှိုကို ကြိုဆိုခြင်း။ဖရိုဖရဲဖြစ်ခြင်း၏အစ

Vol. 19 Ch. 285

ဌာနချုပ်ထဲ သူလျှိုကို ကြိုဆိုခြင်း။ဖရိုဖရဲဖြစ်ခြင်း၏အစ

Vol. 19 Ch. 285

အချိန်ကြာလာသည်နှင့်အမျှ [ အမှောင်ကောင်းကင် ] နှင့် [ မြေဆွဲအား ] ကဲ့သို့ မှော်ပညာများ ပေါက်ကွယ်သွားခဲ့သည်။ ထို့နောက်တွင်မှ ပရိသတ်များသည် ကွင်းထဲရှိမြင်ကွင်းကို သေသေချာချာ မြင်ရတော့သည်။ ချန်လွေ့နှင့် နော်ရစ်တို့ သိပ်မဝေးကြသည်ကို ပရိသတ်များ မြင်နေရသည်။ ကြောက်စရာ ရူးသွပ်သားရဲမှာမူ သူတို့နှင့် ၅မီတာ ၆မီတာ အကွာ၌ ရှိနေကြသည်။ သူတို့သည် မူမမှန်သော တြိဂံတစ်ခုပုံစံ ဖြစ်သွားသည်။ ရူးသွပ်သားရဲ၏ မြင့်မားသော ခန္ဓာကိုယ်သည် အနည်းငယ် တုန်ခါနေပြီး တုံ့ဆိုင်းနေပုံရ၏။

အရာရှိ နော်ရစ်နှင့် ယန္တရားပါရမီရှင်တို့က မတိုးသာ မဆုတ်သာ အခြေအနေသို့ ရောက်နေသည်ကို လူတိုင်း မြင်နေရသည်။ “အာသာ”သည် မှော်ပစ္စည်းများ၏ စွမ်းအားကို မှီခိုနေသော်လည်း ဤကဲ့သို့ မတိုးသာမဆုတ်သာ အခြေအနေသို့ ရောက်လာမည်ဟု မထင်မှတ်ထားကြပေ။

နော်ရစ်လည်း စိတ်ထဲ၌ ထိတ်လန့်သွား၏။ သူ ယခင်က ရရှိထားခဲ့သော အချက်အလက်များအရ အာသာသည် မှော်စက်ဝိုင်း၌ အလွန့်အလွန် ထူးချွန်ပြီး ရုပ်သေးပြုလုပ်ခြင်း၌ အခြားအရာများ၌ လက်မှုပညာ ဆရာသခင် တိုတို၏ အသိအမှတ်ပြုခြင်းကို ခံခဲ့ရသည်။ သေချာစဉ်းစားပြီးနောက် သူသည် စိန်ခေါ်ပွဲကို ရူးသွပ်သားရဲအဖြစ် ဆုံးဖြတ်ခဲ့သည်။ မမျှော်လင့်ဘဲနှင့် နတ်ဆိုးဘုရင်အဆင့် စွမ်းအားသာရှိသော အာသာ၌ ထိုကဲ့သို့ လျို့ဝှက်ပညာရပ်ရှိနေပြီး မှော်ပစ္စည်း အကူအညီဖြင့် နော်ရစ်နှင့် သရေကျအောင် ပြုလုပ်နိုင်နေသည်။

ချွေးပျံနေသော နော်ရစ်နှင့်ယှဉ်လျှင် “ပစ္စည်းများ” အသုံးပြုနေသော ချန်လွေ့သည် သိပ်ပြီး အားထုတ်ရပုံ မရချေ။သူသည် အလွန်အမင်း အလေးအနက် ထားနေ၏။ စိတ်ဝိညာဉ်နှင့် [ တယ်လီပတီ ] ပေါင်းစပ်ထားသော နော်ရစ်၏ လျို့ဝှက်ပညာရပ်သည် အမှန်တကယ်ပင် အစွမ်းထက်လှသည်။အမှောင်ပိုင်နက်၏ စွမ်းအားကြောင့် မဟုတ်လျှင် သားရဲသည် ယခုတွင် နော်ရစ်၏ ထိန်းချုပ်မှုအောက် ရောက်ရှိသွားမည် ဖြစ်သည်။

လက်ရှိတွင် ရူးသွပ်သားရဲ၏ စိတ်ထဲ၌ စိတ်ဝိညာဉ် စွမ်းအင်နှစ်မျိုး တိုက်ခိုက်နေသည်။ အမှောင်ပိုင်နက်၏စွမ်းအားသည် သန့်စင်ပြီး စွမ်းအားကြီးသော်လည်း ၎င်းသည် စိတ်ထိန်းချုပ်သောအစွမ်း မဟုတ်ပေ။ “အရည်သွေး”အရ ချန်လွေ့သည် လုံးဝ အသာစီးရသော်လည်း “အရေအတွက်”အရ ချန်လွေ့သည် နော်ရစ်လောက် အပြည့်အဝထုတ်အား မကောင်းပေ။ ထို့ပြင် အထူးလေ့ကျင့်ရေး ၇ရက် လေ့ကျင့်ခဲ့သော်လည်း အမှောင်ပိုင်နက်သည် [ ကြယ်စင်စုပိုင်နက် ] မရှိဘဲ ကြာကြာ မခံသေးပေ။ဤအတိုင်းသာ ဆက်သွားမည်ဆိုလျှင် ချန်လွေ့ ရှုံးနိမ့်သွားမည်ဖြစ်သည်။

ခြေထောက်အောက်၌ ထိန်းချုပ်မှုများ မရှိသော်လည်း တစ်ဖက်လူက သတိမထားမှုကို အခွင့်ကောင်းယူမည် စိုးသည့်အတွက် မည်သူမှ အလွယ်တကူ မလှုပ်ရှားရဲပေ။

စိတ်ဝိညာဉ် စွမ်းအင်များ၏ ပြင်းထန်သော ရိုက်ခတ်မှုအောက်၌ ချန်လွေ့၏ [ သရုပ်ခွဲမျက်လုံး ] က ထူးခြားမှုတစ်ခုကို ရုတ်တရက် ခံစားမိသွားပြီး အတွေးများ ရွေ့လျားသွားသည်။ နော်ရစ်ကလည်း ပြိုင်ဘက်ဖြစ်သူက သတိလက်လွတ် ဖြစ်သွားကြောင်း သတိထားမိလိုက်ပြီး စိတ်ဝိညာဉ် အထွက်နှုန်းကို အလျင်အမြန် တိုးမြှင့်လိုက်သည်။

ရူးသွပ်သားရဲသည် ခေါင်းကို ကိုင်ထားရင်း ဟိန်းဟောက်ပြီးနောက် ချန်လွေ့ထံသို့ စတင်ရွေ့လျားလာသည်။ အမြန်နှုန်းမှာ ရုပ်ရှင်ထဲမှ အနှေးပြကွက်ကဲ့သို့ အလွန်နှေးကွေးနေသော်လည်း ၎င်း၏ပြင်းထန်သော ခြေလှမ်းများသည် လူတိုင်း၏ နှလုံးသားကို တက်နင်းနေသကဲ့သို့ပ် ဖြစ်နေသည်။

ချန်လွေ့သည် ခေါင်းမာစွာ ခုခံနေဆဲပင် ဖြစ်သည်။ရူးသွပ်သားရဲ ခြေတစ်လှမ်း လှမ်းရန်အတွက် အချိန်အတော်ကြာသည်။ နော်ရစ်သည် ချန်လွေ့၏ စိတ်ဝိညာဉ် အားနည်းလာကြောင်း ခံစားမိပြီး အလွန်ပျော်ရွှင်သွားခဲ့သည်။

လူတိုင်း၏ ပြင်းထန်သော အကြည့်အောက်တွင် မိနစ်တိုင်းသည် နာရီပိုင်းကဲ့သို့ ထင်နေရသည်။ နောက်ဆုံး၌ ရူးသွပ်သားရဲသည် ချန်လွေ့ထံသို့ ရောက်ရှိလာသည်။ ထိုအကွာအဝေးအတွင်း၌ ရူးသွပ်သားရဲ လက်ဝှေ့ရမ်းလိုက်သည်နှင့် ချွန်ထက်ပြီး ရှည်လျားသော လက်သည်းရှိသည့် ဧရာမလက်ကြီးသည် ချန်လွေ့ကို တည့်တည့် ထိမည်မှာ သေချာသည်။ ဒဏ္ဍာရီလာအဆင့် အဆင်တန်ဆာများ ဝတ်ဆင်ထား သည့်တိုင် ချန်လွေ့သည် ထိုကဲ့သို့ ကြီးမားလှသောစွမ်းအားကို ခုခံနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သလင်းကျောက်နဂါး ဖြည်းဖြည်းချင်း ထလိုက်သည်။

ရူးသွပ်သားရဲသည် တုံ့ဆိုင်းနေပုံရပြီး လည်ပင်းကို ထူးထူးဆန်းဆန်း လှည့်လိုက်သည်။ နော်ရစ်သည် အမည်မသိ ခုခံမှုတစ်ခုကို ခံစားလိုက်ရပြီး စိတ်ဝိညာဉ် ပြိုပျက်တော့မတတ် ဖြစ်သွားခဲ့သည်။ “အာသာ”မှာ ဒီလောက်ခွန်အား ရှိနေဦးမယ်လို့ ငါမထင်ထားခဲ့ဘူး။ သေချာသည်မှာ နော်ရစ်လည်း လက်မလျှော့နိုင်ပေ။သူသည် လျို့ဝှက်ပညာရပ်၏ တန်ပြန်မှုကို ဂရုမစိုက်တော့ပေ။ထို့နောက် လျှာကို ကိုက်ပြီး သွေးစမ်းအားကို အသုံးပြုမှု ထိန်းချုပ်မှုဆယ်ဆ ရုတ်တရက် တိုးသွားခဲ့သည်။

ရူးသွပ်သားရဲသည် ခေါင်းကို နာကျင်စွာ အုပ်ထားရင်း အော်ဟစ်လိုက်ပြီး ၎င်း၏ပါးစပ်ကြီးကို တစ်မီတာကျော်အထိ ရုတ်တရက် လွန်လွန်ကဲကဲ ဟလိုက်သည်။ ၎င်း၏ ထက်လှသောသွားများဖြင့် ထူးဆန်းပြီး ရုပ်ဆိုးသော ပါးစပ်သည် ချန်လွေ့အရှေ့သို့ရောက်ရှိသွားပြီး ချန်လွေ့ကို ဝါးစားကို ဆွဲဖြဲတော့မည်ဟု ထင်ရသည်။ သလင်းကျောက်နဂါး၏လက်ထဲ၌ သလင်းကျောက် အလင်းရောင် ဖျော့ဖျော့တစ်ခု ထွက်ပေါ်လာပြီး ရူးသွပ်နဂါး နောက်ထပ်လှုပ်ရှားသည်နှင့် ချက်ချင်း တိုက်ခိုက်မည် ဖြစ်သည်။

သို့သောါလည်း ထိုအချိန်၌ ပြောင်းလဲမှုတစ်ခု ဖြစ်ပျက်သွားခဲ့သည်။ရူးသွပ်သားရဲ၏ ပါးစပ်သည် နဂိုအတိုင်း ပြန်ဖြစ်သွားပြီး ဒေါသထွက်နေသာ မျက်လုံးများသည် အနိုင်ရပြီထင်နေသော နော်ရစ်ထံ လှည့်လိုက်သည်။၎င်း၏ပုံရိပ် ဖျပ်ခနဲပျောက်သွားပြီး နော်ရစ်အရှေ့၌ ပြန်ပေါ်လာသည်။ယခုတစ်ခေါက်တွင် နော်ရစ်သည် တုံ့ပြန်ရန် နောက်ကျသွားလေပြီ။ရူးသွပ်သားရဲသည် လက်သည်းဖြင့် ပြင်းပြင်းထန်ထန် ကုတ်လိုက်ရာ ကြောက်မက်ဖွယ်ရာ အားကြောင့် နော်ရစ်၏ သွေးနှင့်အသားတို့သည် နေရာအနှံ့ ပြန့်ကျဲသွားတော့သည်။ခုခံမှုမှော်ပညာသုံးရန် အလွန်နောက်ကျသွားခဲ့သော နော်ရစ်သည် ချက်ချင်းပင် နုတ်နုတ်စင်းထားသော အသားပုံကဲ့သို့ ဖြစ်သွားပြီ ကြည့်ရသည်မှာ ရွံစရာကောင်းလှသည်။

အသိစိတ် မပျောက်ကွယ်သွားခင်အထိ နော်ရစ်သည် မယုံကြည်နိုင်သေးပေ။သူသည် ပို၍အစွမ်းထက်သော ကျိန်စာကို အသုံးမပြုရသေးသည့်အတွက် နောင်တရ သွားခဲ့သည်။ ပြဿနာမှာ ခုနက ပြောင်းလဲမှုများ မြန်ဆန်လွန်းနေ၍ပင် ဖြစ်လေသည်......

ကွင်းအပြင်ဘက်မှ လူအများစုသည် ကြက်သေသေသွားကြသည်။ မည်သို့ပင်‌ ဆိုစေကာမူ နောက်ဆုံးရလာဒ်သည် သူတို့၏အရှေ့၌ ရှိနေပြီ ဖြစ်သည်။ နော်ရစ် သေဆုံးသွားပြီး “အာသာ” အသက်ရှင်နေဆဲပင် ဖြစ်သည်။

ဆန်းကြယ်တောင်ကြား၏အရာရှိ နော်ရစ်သည် နတ်ဆိုးဘုရင်အဆင့် ပြိုင်ဘက် အရှေ့တွင် သေဆုံးသွားခဲ့လေသည်။

ပရိသတ်များကို ပို၍အံ့ဩသွားစေသည်မှာ နော်ရစ်ကို သတ်ပြီးနောက်တွင် ရူးသွပ်သားရဲသည် ချန်လွေ့ထံသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်လာပြီး ဒူးထောက်လိုက်ခြင်းပင် ဖြစ်သည်။၎င်းသည် ခေါင်းငုံ့ပြီး ချန်လွေ့ကို လက်ဖြင့်ပုတ်စေသည်။ထိုကဲ့သို့ သိမ်မွေ့သောပုံစံသည် ရူးသွပ်သားရဲကို လေ့လာခဲ့သော “သိပ္ပံပညာရှင်များ”ကို ကြက်သေသေသွားစေပြီး မျက်စိမှား နေသည်ဟု ထင်သွားစေသည်။ ချန်လွေ့သည် ၎င်း၏ခေါင်းကို ပုတ်ပြီးနောက် ဖြည်းဖြည်းချင်း မှော်စက်ဝိုင်းမှ ထွက်လာခဲ့လိုက်သည်။ ရူးသွပ်သားရဲမှာမူ မလှုပ်မယှက်ဘဲ ငြိမ်လျက်သာရှိနေသည်။

ထိုကဲ့သို့ စိတ်ထိန်းချုပ်မှုသည် ပရိသတ်အားလုံးကို အပြည့်အဝ ယုံကြည်သွားစေခဲ့သည်။ နော်ရစ်သည် အမှန်တကယ် မျှတသော တိုက်ပွဲတစ်ခုအတွင်း၌ သေဆုံးသွားခဲ့သည်။

“ ဆရာသခင်က တကယ့်ကို ပါရမီရှင်ပဲ။ဒီပြိုင်ပွဲမှာ အာသာ အနိုင်ရရှိတယ်။ ဆရာသခင်က အခုကစပြီးတော့ အရာရှိဖြစ်သွားပြီ။ ဒါပေမဲ့ ကျုပ်တို့ရဲ့ အလုပ်ကိစ္စကို မမေ့ပါနဲ့။ ”

သလင်းကျောက်နဂါး ချီးကျူးခဲ့သော်လည်း မှော်စက်ဝိုင်း တိုးမြင့်ပေးသည့် အလုပ်ကိစ္စကို အသိပေးရန် မမေ့ခဲ့ပေ။

ဆာဘရီနာ အလွန်ပျော်ရွှင်သွားပြီး အီဇိုလာ၏ မျက်နှာမှာ ပို၍ခါးသက်သွားသည်။ နော်ရစ်သည် အီဇိုလာ၏ အတော်‌‌ဆုံး လက်ထောက် နှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ ထိုကဲ့သို့ ဆိုးဆိုးဝါးဝါး သေသွားလိမ့်မည်ဟု သူလုံးဝ မထင်ထားခဲ့ပေ။ ထို့ပြင် သလင်းကျောက်နဂါး၏ လေသံအရ သူသည် အာသာနှင့် အတော်လေး ရင်းနှီးပုံရသည်။ အာသာနှင့် မာနူတို့လည်း ပတ်သက်မှု ရှိနေသည့်အတွက် ယခုအချိန်အတောအတွင်း အီဇိုလာသည် သည်းခံရုံသာ ရှိတော့သည်။

မှော်စက်ဝိုင်းထဲမှထွက်ပြီးနောက် ချန်လွေ့၏ လက်ထဲရှိ အပြာရောင်လက်စွပ်သည် ရုတ်တရက် ပေါက်ထွက်သွား၏။ ချန်လွေ့၏ခန္ဓာကိုယ် ယိမ်းယိုင်သွားပြီး ပြုတ်ကျလုမတတ် ဖြစ်သွားကာ ခွန်အားရော ပစ္စည်းပါ ကုန်ခမ်းသွားပုံရသည်။ ချန်လွေ့သည် “နတ်ဆိုးဘုရင်”အဆင့်သာ ဖြစ်သည်ကို မမေ့သင့်ပေ။ လျို့ဝှက်ပညာရပ် များနှင့် တိုးမြှင့်ပစ္စည်းများကို အမှီပြုပြီး နောက်ဆုံးအချိန်အထိ ကြံ့ကြံ့ခံနိုင်ခြင်း သည်ပင် အံ့ဩဖွယ်ရာ ဖြစ်သည်။

၎င်းသည် သရုပ်ဆောင်ခြင်းသာ ဖြစ်သည်။ အမှန်တကယ်၌ စိတ်ဝိညာဉ်စွမ်းအင်နှစ်ခု ဝင်တိုက်စဉ်တွင် စမ်းသပ်မှုကြောင့် ပျောက်ဆုံးသွားခဲ့သော ရူးသွပ်သားရဲ၏ မှတ်ဉာဏ်သည် ထူးထူးခြားခြား ပြန်လည်ရရှိလာခဲ့သည်။ ချန်လွေ့သည် ၎င်းကို [ သရုပ်ခွဲမျက်လုံး ] ဖြင့် သေသေချာချာ သတိထားမိခဲ့သည်။သူ၏ မူလအမှောင် စွမ်းအားသည်လည်း ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ ဖြစ်သည့်အတွက် ချက်ချင်းပင် [ သရုပ်ခွဲမျက်လုံး ] ဖြင့် ဆက်သွယ်စကားပြောလိုက်သည်။ ထို့ကြောင့်ပင် ရူးသွပ်သားရဲသည် ချန်လွေ့ထံသို့ တစ်လှမ်းချင်း လျှောက်လာခြင်း ဖြစ်သည်။

ရူးသွပ်သားရဲသည် မူလက သန္ဓေပြောင်း မဟာနတ်ဆိုးတစ်ယောက် ဖြစ်သည်။ သူ၏ပါရမီများကြောင့် ကလေးဘဝကတည်းက စမ်းသပ်ပစ္စည်းအဖြစ် အဖမ်းခံလိုက်ရပြီး လူတစ်ပိုင်း သားရဲတစ်ပိုင်း မကောင်းဆိုးဝါးဖြစ်သွားကာ စကားပြောနိုင်သည့် စွမ်းရည်ပင် ပျောက်ဆုံးသွားခဲ့ရသည်။ သူ၏မှတ်ဉာဏ် ဖြည်းဖြည်းချင်း ပြန်လည်ရရှိလာခြင်းသည် သူ့ကို ထိန်လန့်သွားစေသည်။

ချန်လွေ့သည် ချက်ချင်းပင် ဖော်ပြပြီး ရူးသွပ်သားရဲကို ကူညီလိုကြောင်း စိတ်ကောင်းဖြင့် ဖော်ပြသည်။ရူးသွပ်သားရဲ၏ ဉာဏ်ရည်သည် ကလေး တစ်ယောက်နှင့်သာ ညီမျှသည်။ ချန်လွေ့၏ စိတ်ကောင်းကို ခံစားရပြီးနောက် သူသည် သူ့ကိုဆက်သွယ်စကားပြောနိုင်သော ချန်လွေ့ကို ယုံကြည်သွားသည်။ သူသည် နော်ရစ်၏ ထိန်းချုပ်မှုကြောင့် ချန်လွေ့ကို သတ်လုနီးပါး ဖြစ်သွားခဲ့သော်လည်း ချန်လွေ့၏ အကူအညီဖြင့် နော်ရစ်၏ ထိန်းချုပ်မှုမှ လွတ်မြောက်သွားကာ နော်ရစ်ကို ချက်ချင်း သတ်ပစ်ခဲ့သည်။

အမှန်တကယ်၌ ချန်လွေ့သည် အမှောင်စွမ်းအားဖြင့် ရူးသွပ်သားရဲကို မထိန်းချုပ်နိုင်မည် စိုးသည့်အတွက် ဝှက်ဖဲတစ်ခု ရှိနေသေးသည်။ ၎င်းမှာ စနိုးဒင်တင်ကို ရုပ်သေးအဖြစ် လက်လျှော့ပြီး ခေါင်းစွပ်ကို အကာအကွယ်အနေဖြင့် သုံးကာ ရူးသွပ်သားရဲအား နတ်ဆိုး-ဝါးမျို မျက်နှာဖုံးဖြင့် ထိန်းချုပ်ရန် ဖြစ်သည်။ သို့သော်လည်း ၎င်းကို သလင်းကျောက်နဂါးကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်က သတိထားမိသွားနိုင်သည်။ ထို့ကြောင့် ထို“အဖြစ်အပျက်”သည် ချန်လွေ့အတွက် ကွက်တိပင် ဖြစ်လေသည်။

“ ရူးသွပ်သားရဲကို အရင်ဆုံး လှောင်အိမ်ထဲ ထည့်ထား။စမ်းသပ်မှုတွေကိုတော့ ယာယီရပ်ထားလိုက်။အစာတော့ ဆက်ပြီးကျွေးနေ။ကျုပ် ပြန်သက်သာလာတဲ့အခါ ကျုပ်သူ့ကို တစ်ယောက်တည်း စမ်းသပ်မယ်။ ”

ချန်လွေ့၏အသံသည် အားနည်းသော်လည်း သူ၏လက်ရှိ အဆင့်အတန်းသည် ‌ဆန်းကြယ်တောင်ကြား၏ အရာရှိ ဖြစ်နေပြီ ဖြစ်သည်။ ခုနက သူ၏ ငြင်းနိုင်စရာမရှိသော စွမ်းဆောင်ရည်ကြောင့် မည်သူမှသူ့ကို လျှော့မတွက်ရဲတော့ပေ။

ရူးသွပ်သားရဲသည် စကားမပြောနိုင်သော်လည်း ကြားနိုင်သေးသည်။၎င်းသည် သူတို့ အသိစိတ်ဖြင့် ဆွေးနွေးခဲ့သည့်အတိုင်း ဖြစ်သည်ကို သူနားလည်သည်။သူသည် အလွန်ကျေးဇူးတင်သွားပြီး လှောင်အိမ်ထဲသို့ ကျိုးကျိုးနွံနွံဝင်လိုက်ရာ လူအများ အံ့ဩသွားကြတော့သည်။

အီဇိုလာက သလင်းကျောက်သဏ္ဍာန် ထိန်းချုပ်ကိရိယာကို ‌ဒိုင်လူကြီး ယာကော့ဗ်ထံပေးပြီး စကားတစ်ခွန်းမှမပြောဘဲ ခါးသက်သောမျက်နှာဖြင့် ထွက်သွားလိုက်သည်။ သူ၏နောက်မှ ဆာဘရီနာ၏ စူရှသောရယ်သံ ထွက်လာသည်။

ဆာဘရီနာသည် အမှန်တကယ်ပင် မာန်တက်သွားသည်။“ ဆရာသခင် အာသာ ” ကို လောင်းကြေးထပ်လိုက်သည်မှာ အကောင်းဆုံး ဆုံးဖြတ်ချက်ပင် ဖြစ်သည်။ယခုတွင် ဆန်းကြယ်တောင်ကြားသည် သူ၏လက်ထဲသို့ ပြန်ရောက်လာပြီး သူ၏နေရာလည်း ပို၍တည်ငြိမ်သွားသည်။အကယ်၍ သူသာ ဘယ်ဇီဘတ် တော်ဝင်မိသားစုတစ်ယောက် မွေးနိုင်မည်ဆိုလျှင် သူ၏ယောက်ျား အဇ်ဂါလောက ဧကရာဇ် ဖြစ်သွားသည့်တိုင် ဧကရီဟူသော သူ၏နေရာသည် တည်မြဲသွားမည် ဖြစ်သည်။သူသည် သားဖြစ်သူကို ထိန်းချုပ်ပြီး အတိုင်းအတာ တစ်ခုအထိပင် အာဏာဆုပ်ကိုင်နိုင်မည် ဖြစ်သည်။

သေချာသည်မှာ ၎င်းတို့သည် ရေရှည် အကြံအစည်များသာ ဖြစ်သည်။ လက်ရှိ အကြံအစည်မှာ အောင်အောင်မြင်မြင် ပြီးစီးသွားလေပြီ။ ဆန်းကြယ်တောင်ကြား၏ ထိန်းချုပ်မှုကို ဆုံးရှုံးရပြီးနောက် အီဇိုလာသည် မိမိကို လုံးဝယှဉ်နိုင်တော့မည် မဟုတ်ပေ။

ဆာဘရီနာသည် ပျော်ရွှင်နေရင်း တိတ်တဆိတ် တွက်ချက်နေ၏။ သလင်းကျောက်နဂါး ပြောတဲ့အတိုင်းပင် “အာသာ”က သေချာပေါက် ပါရမီရှင် တစ်ယောက်ပဲ။ယခု သူက ဆန်းကြယ်တောင်ကြားရဲ့ အရာရှိ ဖြစ်သွားပြီ။သူက မာနူဘက်က ဖြစ်ပေမဲ့ သူ့ရဲ့ထောက်ခံမှုကို ရရှိဖို့အတွက် ငါအကောင်း‌ဆုံး ကြိုးစားရမယ်။လိုအပ်ရင် တကယ့် ပျားရည်ထောင်ခြောက်ကိုပါ သုံးရမယ်။

သို့ရာတွင် ချန်လွေ့၏ အကြံအစည်သည်လည်း အရေးကြီးသောအဆင့်တစ်ခု အောင်မြင်သွားကြောင်းကို ဆာဘရီနာ မသိခဲ့ပေ။ မူလက ဆန်းကြယ်တောင်ကြား မရှိသေးသည့်အခါ ချန်လွေ့၏ အကြံအစည်မှာ ပဏာမတည်ဆောက်ပုံ အဆင့်သာ ရှိသေးပြီး မပြီးပြည့်စုံသေးပေ။လက်ရှိအခြေအနေအရ ၎င်းသည် ချောချောမွေ့မွေ့နှင့် ရှေ့ဆက်သွားနေ၏။

ယခုတစ်ခေါက် သူ၏အောင်မြင်မှုသည် ဌာနချုပ်ထဲသို့ သူလျှိုကို ဦးတည်ပေးနိုင်ပြီး သလင်းကျောက်တောင်ကြား၏ လုံးဝဖရိုဖရဲဖြစ်ခြင်း၏ အစဖြစ်သည်။

နောက်ရက်များ၌ ဆန်းကြယ်တောင်ကြားကို လက်လွှဲယူသောအချိန်အတွင်း ပြဿနာ အများအပြား ရှိခဲ့သည်။၎င်းတို့သည် အီဇိုလာ၏လူများ၏ လုပ်ရပ်များ ဖြစ်ကြသည်မှာ အသေအချာပင် ဖြစ်သည်။ဆာဘရီနာသည် သူတို့ကို စာနာမှုမရှိဘဲ ဖိနှိပ်သော်လည်း ဖရိုဖရဲ ဖြစ်နေဆဲပင် ဖြစ်သည်။

ဆာဘရီနာသည် ၎င်းအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့သည်။ ဆန်းကြယ်တောင်ကြားကို အီဇိုလာ ပထမဆုံး လက်လွှဲယူသောအချိန်တွင် ‌ဆာဘရီနာက ထိုကဲ့သို့လှည့်ကွက် အများအပြားကို ပြုလုပ်ခဲ့သည်။ထို့ကြောင့် အကူးအပြောင်းပြီးလျှင် အဆင်ပြေသွားမည် ဖြစ်သည်။

သို့သော်လည်း အရာရှိ ချန်လွေ့သည် မည်သည့် အသေးစိတ်ကိစ္စကိုမှ ဖြေရှင်းရန် မလိုအပ်ခဲ့ပေ။သူသည် “ ရူးသွပ်သားရဲ ” ကိုသာ သုတေသန ပြုလုပ်ရသည်။ ရူးသွပ်သားရဲနှင့် သေသေချာချာ ဆက်သွယ် စကားပြောပြီးနောက် ၎င်းတွင် လဖ္ဖာ ဟူသော နာမည်ရှိကြောင်း သိသွားသည်။ “ စိတ်ထိန်းချုပ်မှု ” အနည်းငယ် ပြီးစီးပြီး နောက်တွင် လဖ္ဖာသည် ချန်လွေ့၏ သက်တော်စောင့် ဖြစ်သွားပြီး နောက်သို့ တစ်နေ့လုံး ကျိုးနွံစွာ လိုက်နေတော့သည်။သို့သော်လည်း ထိုကျိုးနွံမှုသည် ချန်လွေ့ အတွက်သာ ဖြစ်သည်။ တစ်စုံတစ်ယောက်က ထိုထူးဆန်းသော ရူးသွပ်သားရဲကို လေ့လာချင်သည့်တိုင် ဆာ-မာနူ နှင့် မဒမ် ဆာဘရီနာကို ကိုယ်စားပြုသော အရာရှိအသစ်ကို မဆန့်ကျင်ရဲပေ။

ချန်လွေ့၏ အကြံအစည်၌ သလင်းကျောက်နဂါး၏ ဖြည့်တင်းမှော်စက်ဝိုင်းသည် အလွန်အရေးကြီးသည်။ ထို့ကြောင့် ထိုနေ့ရက်များ၌ ချန်လွေ့သည် သုတေသနများကို အရှိန်တင်ပြီး အောင်မြင်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ အရာအားလုံးသည် အကြံအစည်အတိုင်း ချောချောမွေ့မွေ့ ဆက်သွားနေပြီး နောက်ဆုံး ဆောင်ရွက်မှု ကိုသာ စောင့်ဆိုင်းနေတော့သည်။

All Chapters