သလင်းကျောက်တောင်ကြား။ရန်သူဟောင်းများ
Vol. 19 Ch. 272
သလင်းကျောက်တောင်ကြားသို့ သွားရသောခရီးမှာ လှည်းဖြင့်မဟုတ်ဘဲ ဂရစ်ဖင်းနှင့် ဖြစ်သည်။ဂရစ်ဖင်းသည် သန္ဓေပြောင်း ဖြစ်သည့်အတွက် အရှိန်မြန်သော်လည်း ဝိုင်ဗန်များထက် အနည်းငယ်နိမ့်ကျသည်။သူတို့၏ တိုက်ခိုက်ရေး စွမ်းအားများသည်လည်း ဝိုင်ဗန်များထက် အသေအချာပင် နိမ့်ကျလေသည်။
ယခုတစ်ခေါက်တွင် ဆာဘရီနာတို့ သားအမိပါ လိုက်လာခဲ့ကြသည်။ သွေးရောင်နွယ်မြို့ရှိ ဆေးရည်ပညာရှင်၏ စံအိမ်သည် ယာယီခံတပ်တစ်ခုသာ ဖြစ်ပုံရပြီး တကယ့်အခြေစိုက်ခံတပ်စခန်းမှာ ထိုသလင်းကျောက်တောင်ကြား ဖြစ်နိုင်ပေသည်။
သန္ဓေပြောင်း ဂရစ်ဖင်းဖြင့်ပင် ထိုသို့ရောက်ရှိရန် ခုနစ်ရက်နီးပါး ကြာသွားခဲ့သည်။ သူ၏အရှေ့မှ အဆုံးမရှိသော ရွှံ့ဗွက်များသည် ကြမ်းတမ်းသော နယ်မြေတစ်ခုသာ ဖြစ်နေခဲ့သည်။ သလင်းကျောက်တောင်ကြားကဲ့သို့သော အံ့ဩစရာနာမည်နဲ့ မကိုက်ညီနေပေ။
ဖာတီလုထံမှ ရရှိခဲ့သော သတင်းအချက်အလက်များအရ ဤနေရာသို့ ဖာတီလု ယခုမှ ပထမဆုံး ရောက်ဖူးခြင်း ဖြစ်သည်။မာနူနှင့် ဆာဘရီနာတို့သည် အေးအေးဆေးဆေးပင် ဖြစ်သည်။မာနူသည် ရှေ့မှသွားပြီး ချန်လွေ့နှင့် ဖာတီလုတို့အား သူ၏ခြေလှမ်းအတိုင်းသွားရန် ပြောသည်။တစ်ခါတစ်ရံ၌ သူတို့သည် မတော်တဆကိစ္စများ မဖြစ်စေရန်အတွက် အနေအထားပြောင်းရပြီး ဆာဘရီနာက နောက်ဘက်မှ လိုက်လာသည်။
ပါစကယ်မြို့၌ ချန်လွေ့ရှိနေစဉ် သွေးရောင်နွယ်နယ်မြေ၏မြေပုံကို သေသေချာချာ လေ့လာခဲ့သည်။ထိုရွှံ့ဗွက်အိုင်သည် အလွန်ကျယ်ပြန့်လှပြီး မြောက်ပိုင်း သံနက်တောင်ခြေရှိ နှင်းဖုံးရွှံ့ဗွက်အိုင် ဖြစ်နိုင်ပေသည်။သံနက်တောင်ခြေသည် အလွန်ကျယ်ဝန်းလှပြီး ရှီလန်တောင်ခြေထက် ကြီးမားသည်။ထို့ပြင် ၎င်းသည် သွေးရောင်အင်ပါယာနှင့် နီးကပ်နေသည်။
ရွှံ့ဗွက်အိုင်ထဲ၌ သန္ဓေပြောင်းမိချောင်း၊ ဧရာမဖွတ်ပုတက် စသောသတ္တဝါ အများအပြားရှိနေကြသည်။သို့သော်လည်း ဝိုင်ဗန်နှင့် ဟိုက်ဒြာကဲ့သို့ အဆင့်မြင့်နတ်ဆိုးသားရဲများကို တစ်ကောင်မျှ မတွေ့ခဲ့ရပေ။ပုစဉ်းကောင် အရေအတွက်များမှာတော့ ထိတ်လန့်စရာပင်ဖြစ်သည်။၎င်းတို့သည် အသံတိတ်ညစိမ့်မြေ၌ ချန်လွေ့မြင်ခဲ့ရသော အကောင်များနှင့်မတူဘဲ ပို၍အစွမ်းထက်ပုံရသည်။သူတို့၏ခန္ဓာကိုယ်မှလည်း အလင်းရောင် ဖျပ်ခနဲ တောက်ပနေသည်။[ သရုပ်ခွဲမျက်လုံး ] ၌ သူတို့ကို သန္ဓေပြောင်းမျိုးပေါက်၌ ပြသသည်။
ချန်လွေ့သည် မာနူ၏ ခြေလှမ်းများအတိုင်းလိုက်ပြီးနောက် ရင်ဘတ်ထဲရှိ ရင်းနှီးသော ခံစားချက်သည် ပိုပို၍ ပြင်းထန်လာသည်။ နဂါးထွင်းစာ။
မြူဖုံးနေတဲ့ ရွှံ့ဗွက်တွေအောက်မှာ နဂါးထွင်းစာတွေ ရှိနေတယ်။
ဒီထွင်းစာရဲ့စွမ်းအားက အသံတိတ်ညစိမ့်မြေမှာရှိတဲ့ ပါ့ဂ်လီအိုရဲ့ ရတနာသိုက်နားက ထွင်းစာထက် နည်းည်းပဲ နိမ့်တယ်။
ဒီနေရာက နဂါးတစ်ကောင် ချန်ထားခဲ့တဲ့ နောက်ထပ် လျို့ဝှက်ရတနာမြေများလား။
အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် မာနူသည် တောင်ကုန်းမြင့်တစ်ခု အပေါ်၌ ရပ်တန့်သွားသည်။၎င်း၏အရှေ့တွင် ရေကန်ကျယ်ကြီးတစ်ခု ရှိသည်။ ရေများစိမ်းနေပြီး ရံဖန်ဖန်ခါ ဗလုံစီနေသည်။လေထုထဲ၌လည်း ဆီချေးစော်အသံများ ပြည့်နှက်နေသည်။၎င်းသည် အဆိပ်ရှိသည်မှာ သေချာသည်။ဟိုက်ဒြာကဲ့သို့ အဆိပ်ပြင်းထန်သော နတ်ဆိုးသားရဲတစ်ကောင်သည် ထိုနေရာ၌ ပုန်းအောင်းနေနိုင်ပေသည်။
“ ရောက်ပြီ။ ”
“ အဘိုးမာနူ။နောက်နေတာလား။ ”
ဖာတီလုက တအံ့တဩနှင့်မေးသည်။
“ ဒါက သလင်းကျောက်တောင်ကြားလား။ဒါက ဘယ်လိုပဲကြည့်ကြည့် အပုပ်နံ့တွေ ထွက်နေတဲ့ အဆိပ်ရွှံ့ဗွက်အိုင်တစ်အိုင်ပဲ မဟုတ်လား။ ”
ချန်လွေ့ ချက်ချင်း ပြန်ပြောသည်။
“ မှော်စက်ဝိုင်း။ဒါက မှော်စက်ဝိုင်းတစ်မျိုးရဲ့ အစွမ်းပဲ ဖြစ်ရမယ်။ဒီမှော်စက်ဝိုင်းက ပေါင်းစပ် အမျိုးအစားဖြစ်မယ်။လမ်းမှာတွေ့ခဲ့ရတာထက် ပိုပြီးရှုပ်ထွေးနိုင်တယ်။ ဒီခရီးက ထိုက်တန်တဲ့ပုံပဲ။သလင်းကျောက်တောင်ကြားကို ကျုပ်သိချင်စိတ် ပိုပြီးပြင်းထန်သွားပြီ။ ”
အမှန်တကယ်၌ ၎င်းသည် [ ပုံရိပ်ယောင် ] ၊ [ အတုခိုး ] နှင့် [ နေရာအတိအကျ တယ်လီပို့ခုန်ခြင်း ] တို့ဖြင့်ဖွဲ့စည်းထားသော သုံးလွှာ နဂါးထွင်းစာ ဖြစ်ကြောင်းကို ချန်လွေ့ သေချာသိသည်။
မာနူ ချီးမွမ်းလိုက်သည်။
“ မင်းက မှော်စက်ဝိုင်းမှာ တကယ့်ကို ထူးချွန်တဲ့ ပါရမီရှင် ဆရာသခင်တစ်ယောက်ပဲ။ အထဲမှာရှိတဲ့ အရာတွေက မင်းကို စိတ်ပျက်စေမှာ မဟုတ်ဘူးလို့ ငါယုံကြည်တယ်။ ”
စကားပြောပြီးနောက် မာနူသည် အဆိပ်ရွှံ့ဗွက်အိုင်ထဲ တည့်တည့် ခုန်ချလိုက်သည်။ ရေများ မြင့်မြင့်လွင့်စင်သွားပြီးနောက် သူ၏ပုံရိပ်လည်း ချက်ချင်း ပျောက်ကွယ် သွားသည်။ဖာတီလို အော်ဟစ်လိုက်မိသည်။
ဒါက [ အတုခိုး ] ထွင်းစာလေးတစ်ခုပဲ။ ချန်လွေ့သည် ရေထဲသို့ မာနူဆင်းသွားသည့် အကွက်ကို စိတ်ထဲ၌ စက်ဆုပ်သွားသည်။ ခက်ခဲမှုအဆင့်က တော်တော်လေး နိမ့်တယ်။သူ့မှာ ရေစင်တာကိုလျှော့ချဖို့တောင် နည်းလမ်းမရှိဘူး။၁၀မှတ် နုတ်တယ်။
သူ၏နောက်၌ ဆာဘရီနာသည် သမီးဖြစ်သူအား နှစ်သိမ့်ပေးလိုက်သည်။
“ မကြောက်နဲ့။ဖာတီလု။ခုန်သာခုန်ချလိုက်။ ”
ချန်လွေ့သည် ချက်ချင်းပင် ခုန်ချလိုက်သည်။အသေအချာပင် တလက်လက် တောက်ပကာ တယ်လီပို့ခုန်သွားပြီးနောက် သူသည် ထူးဆန်းသော နေရာသို့ ရောက်ရှိသွားခဲ့သည်။
အတော်လေး လှပသော နေရာတစ်ခုပင် ဖြစ်သည်။ပတ်ဝန်းကျင် တောင်တန်း အမြင့်များက ကျဉ်းမြောင်းရှည်လျားပြီး စိမ်းလန်းသော နယ်မြေကို ရစ်ပတ်ထား၏။ ဧရာမတောင်တန်းများနှင့်ယှဉ်မှသာ ၎င်းသည်ကျဉ်းမြောင်းပြီး ရှည်လျားသည်။ အကျဉ်းမြောင်းဆုံး နေရာ၌တွင်မူ ပြန့်ကျဲနေသောအိမ်များ ဒါဇင်ခန့် ရှိလေသည်။ အလယ်ဗဟို၌ စီးဆင်းနေသော ကြည်လင်သည့် မြစ်တစ်စင်း ရှိနေသည်။အဝေး တစ်နေရာ၌ ချန်လွေ့သည် ရေတံခွန်တစ်ခုအား ရေးရေးလေး မြင်နေရသည်။
စိမ်းလန်းသောတောင်တန်းများနှင့် ကြည်လင်သောရေများ၏ လှပသောရှုခင်းသည် သုခဘုံကဲ့သို့ပင် ဖြစ်နေသည်။ကြမ်းတမ်းပြီး ရွှံ့ထူသော ရွှံ့ဗွက်အိုင်နှင့်ယှဉ်လျှင် ၎င်းတို့သည် ကမ္ဘာခြားပေသည်။ ဒါက တကယ့် အစစ်အမှန် သလင်းကျောက်တောင်ကြားပဲ။
ချန်လွေ့ဘေး၌ ဆာဘရီနာနှင့် ဖာတီလုတို့၏ ပုံရိပ်များ ခဏအကြာ ပေါ်ထွက်လာသည်။ချန်လွေ့နှင့် ဖာတီလုတို့၏ အံ့အားသင့်နေသော အမူအရာကို ကြည့်ရင်း မာနူ အသာလေး ပြုံးသည်။
“ သွားရအောင်။ဒီမြင်ကွင်းကို ခံစားဖို့အတွက် မင်းတို့မှာ အချိန်အများကြီး ရှိတယ်။ ”
မာနူသည် သူတို့သုံးယောက်ကို ဦးဆောင်ကာ အောက်သို့ လမ်းလျှောက်သွားသည်။ လမ်းတစ်လျှောက်၌ အစောင့်များစွာရှိသည်။မာနူကို သူတို့မြင်လိုက်သည့်အခါ သူတို့သည် လေးစားသမှု ပြုလိုက်ကြသည်။သို့သော်လည်း ဝိညာဉ်မရှိသော ရုပ်သေးကဲ့သို့ မျက်ကွယ်ပြုထားသူများလည်း ရှိသည်။
ချန်လွေ့သည် ထူးဆန်းသော သတ္တဝါတစ်ကောင်ကို အာရုံစိုက်ကြည့်နေသည်။ ထိုသတ္တဝါသည် သာမန်လူသား၊နတ်ဆိုး ပုံသဏ္ဍာန်ဖြစ်ပြီး ခန္ဓာကိုယ်ကို ကြည်လင်သော သလင်းကျောက်များက ဖုံးလွှမ်းထားသည်။၎င်း၏လှုပ်ရှားမှုသည် ခပ်တောင့်တောင့်ဖြစ်နေပြီး စက်ရုပ်များနှင့် အတော်လေး ဆင်တူလှသည်။
သက်ရောက်မှုရှိသော အကွာအဝေးသို့ တမင်ကပ်သွားပြီးနောက် ချန်လွေ့၏ [ သရုပ်ခွဲမျက်လုံး ] ၌ အချက်အလက် ပေါ်ထွက်လာသည်။
မျိုးနွယ် - သလင်းကျောက်လူသား(ရုပ်သေး)။
စွမ်းအားအကဲဖြတ်မှု - [ C ]
ခန္ဓာအမျိုးအစား - [ C+ ]
ခွန်အား - [ C+ ]
စိတ်ဝိညာဉ် - [ F- ]
မြန်ဆန်မှု - [ D ]
ခွန်အားနဲ့ ခန္ဓာအမျိုးအစား သက်သက်ပဲ။စိတ်ဝိညာဉ်ကို လျစ်လျူရှုလို့ရတယ်။ မြန်ဆန်မှုက အားနည်းချက်တစ်ခုပဲ။ဒါပေမဲ့ နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းဖြစ်တဲ့ ခွန်အားနဲ့ ခန္ဓာအမျိုးအစားကိုတော့ မေ့ထားလို့မရဘူး။အထူးသဖြင့် သူတို့က တစ်ယောက်မကဘူး။
ဒီရုပ်သေးတွေက.....ဧကန္တ....ခီရာရဲ့အဖေ အဇ်ဂါလော လုပ်ထားတာများလား။ သူတို့ရဲ့အစွမ်းက ဂလော်ဖင်းရဲ့ အစွမ်းထက်ဆုံး နတ်ဆိုးဘုရင်အဆင့် စိတ်ဝိညာဉ်-ဝါးမျို နတ်ဆိုးယင်ကောင်လောက် မကောင်းပေမဲ့လည်း ဂလော်ဖင်းရဲ့ စိတ်ဝိညာဉ်-ဝါးမျို နတ်ဆိုးယင်ကောင်က အရေအတွက် နည်းပါးတယ်။ငါ့အရှေ့မှာရှိတဲ့ သလင်းကျောက်လူသားတွေကတော့ တစ်တပ်စာလောက် ရှိတယ်။
မာနူသည် ချန်လွေ့၏အကြည့်ကို သတိထားမိပြီး ရယ်လိုက်သည်။
“ ဒါက သလင်းကျောက်တောင်ကြားရဲ့ သလင်းကျောက်အစောင့်ပဲ။ သူတို့ရဲ့ ခန္ဓာကိုယ်က ကြံ့ခိုင်ပြီးတော့ တော်တော်လေး အစွမ်းထက်တယ်။ သူတို့ရဲ့အပေါ်ကို မှော်ထိခိုက်မှုက တစ်ဝက်လျှော့ကျသွားစေတယ်။အဲဒါကြောင့် သူတို့က မှော်ပညာရှင်တွေရဲ့ ဝိပါက်ပဲ။ကြောက်စရာ အကောင်းဆုံးက သူတို့တွေ နာကျင်မှု မခံစားရတာပဲ။အားနည်းချက်တစ်ခုကတော့ သူတို့တွေ တော်တော်လေး နှေးတယ်။ ”
အချက်အလက်များအရ မာနူသည် အမှန်အတိုင်း ပြောနေပုံရသည်။ချန်လွေ့က တမင်တကာ မေးလိုက်သည်။
“ ဒီလိုမျိုးအစောင့်ကို ကျုပ်တစ်ခါမှ မတွေ့ဖူးဘူး။ဒါက နတ်ဆိုးဘုံထဲက မျိုးနွယ်အသစ်လား။သူတို့က ထိန်းချုပ်မှုအောက်မှာရှိနေတယ်လို့ ကျုပ်ဘာလို့ ခံစားနေရတာလဲ။ဒါက အဂ္ဂိရတ်ဆရာသခင် တစ်ယောက်ရဲ့ ဂန္ဓဝင်လက်ရာ တစ်ခုလား။သလင်းကျောက်တောင်ကြားမှာ တခြားဆရာသခင်တွေ ရှိတာလား။ ”
“ သလင်းကျောက်တောင်ကြားမှာ တခြား ယန္တရားဆရာသခင်တွေ၊ ဆေးရည် ဆရာသခင်တွေတော့ ရှိတယ်။ဒါပေမဲ့ သူတို့က သလင်းကျောက်အစောင့်တွေနဲ့ ဘာမှမဆိုင်ဘူး။ဒီအစောင့်တွေကို တခြားသူတစ်ယောက်က ဖန်တီးထားတာ။ငါမင်းကို သူနဲ့တွေ့ပေးဖို့ စီစဉ်ထားတယ်။သူက တော်တော်လေး စွမ်းအားကြီးတယ်။သူ့ကို သလင်းကျောက်တောင်ကြားရဲ့ ပိုင်ရှင်အမှန်လို့ သတ်မှတ်လို့ရတယ်။ငါတောင်သူ့ကို မယှဉ်နိုင်ဘူး။ ”
ခီရာရဲ့အဖေက ဒီလောက်တောင် အစွမ်းထက်တာလား။မာနူတောင် မယှဉ်နိုင်ဘူးလို့ ဝန်ခံတယ်။ အဇ်ဂါလော၏နာမည်ကို ပြောမည်ဟု ချန်လွေ့ထင်လိုက်စဉ် မာနူက အခြားနာမည်တစ်ခုကို ပြောလိုက်သည်။
“ အဲဒီလူရဲ့နာမည်က ယာကော့ဗ်။ ”
အဇ်ဂါလော မဟုတ်ဘူးလား။ ချန်လွေ့ ထိတ်လန့်သွားသည်။ နောက်ထပ် နတ်ဆိုးအရှင်သခင်အဆင့် တစ်ယောက်ပဲ။ဒါဆိုရင် ဒီအင်အားစုမှာ အနည်းဆုံး နတ်ဆိုးအရှင်သခင်အဆင့် သုံးယောက်လောက် ရှိတယ်။
နတ်ဆိုးအရှင်သခင်အဆင့် သုံးယောက်သည် မည်သည့် အင်ပါယာကိုမဆို တုန်လှုပ်စေနိုင်သည်။ချန်လွေ့၏ ယောက္ခမ၊ ကြယ်ကြွေတမန်အင်ပါယာ ဗိုလ်ချုပ်သည် နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းသာ ရှိသေးသည်။( ဒါနဲ့ အဲဒီဆေးရည်တွေနဲ့ ပါ့ဂ်လီအိုရဲ့ ညွှန်ကြားချက်တွေနဲ့ဆိုရင် ငါ့ယောက္ခမက သိပ်မကြာခင်မှာ တစ်ဆို့မှုကို ချိုးဖောက်ပြီးတော့ နတ်ဆိုးအရှင်သခင်အဆင့်ကို ရောက်နိုင်တယ်.... )
သို့သော် သူတို့အားလုံး နတ်ဆိုးအရှင်သခင်များ ဖြစ်ကြသည့်တိုင် ပိုင်နက်နှင့်ခွန်အား ခြားနားမှုကြောင့် တိုက်ခိုက်ရေးစွမ်းအား ကွာခြားမှုမှာလည်း သေးငယ်မည် မဟုတ်ပေ။ထိုစဉ်က ပါ့ဂ်လီအို၏ စွမ်းအားသည် နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း၌ဖြစ်ပြီး အဆင့်တူ ဒါဇင်ခန့်ကို အနိုင်ယူနိုင်သည်ဟု ကြွားခဲ့ဖူးသည်။ သို့သော်လည်း ဟုတ်မဟုတ်ကိုမူ ချန်လွေ့ မသိပေ။
“ ယာကော့ဗ်ကို သွားတွေ့ရအောင်။ဆာဘရီနာနဲ့ ဖာတီလူက ဒီမှာခဏနေခဲ့။ဒါပေမဲ့ ငါ့မှာ အရေးကြီးတာ လုပ်စရာတွေရှိတယ်။အဲဒါကြောင့် ကြာကြာနေလို့မရဘူး။ ယာကော့ဗ်ရဲ့စိတ်က ထူးဆန်းတယ်။သူက စိတ်ပြောင်းလွယ်တယ်။လွယ်လွယ်နဲ့ ရောလို့မရဘူး။အဲဒါကြောင့် မင်း သတိထားရင်ပိုကောင်းမယ်။တစ်ခုခု ထူးဆန်းတာတွေ့ရင် အဲဒီအကြောင်း ဘာမှမပြောနဲ့။ ”
မာနူ၏လေသံမှ သလင်းကျောက်တောင်ကြားတွင် မတူညီသောဌာနခွဲများရှိကြောင်း ချန်လွေ့ မှန်းဆမိသည်။[ ဝိညာဉ်လက်ထိပ် ] ကြောင့် မာနူသည် ချန်လွေ့အား သူ၏ဌာနခွဲ အဖွဲ့ဝင်တစ်ယောက်အဖြစ် သတ်မှတ်ထားသည်မှာ သေချာနေသည်။
မာနူသည် ချန်လွေ့နှင့်အတူ ရှေ့သို့ဆက်သွားသည်။ဆာဘရီနာသည် ဤနေရာသို့ ယခုမှ မရောက်ဖူးသည် မဟုတ်သည့်အတွက် ယာကော့ဗ်ကို သွားတွေ့စရာ မလိုအပ်ပေ။သူသည် ဖာတီလုအား ခေါ်သွားပြီး အခြားတောင်ကုန်းရှိ လူနေအိမ်ယာသို့ သွားလိုက်သည်။
ချန်လွေ့သည် တောင်နံဘေးရှိ ကြီးမားသော အိမ်ယာတစ်ခုဆီသို့ မာနူနှင့်အတူ လိုက်သွားခဲ့သည်။လမ်းတစ်လျှောက်၌ သလင်းကျောက်အစောင့် အမြောက်အမြားရှိသည်။သို့သော်လည်း ၎င်းတို့သည် ရုပ်သေးများကဲ့သို့ပင် တုံးအသည်။မည်သည့်အန္တရာယ်မျှမပေးသော သက်ရှိရုပ်တုများကဲ့သို့ပင် ဖြစ်နေသည်။သို့သော်လည်း ချန်လွေ့သည် ထိုထူးဆန်းသော သက်ရှိပုံစံများကို အထင်မသေးရဲပေ။နတ်ဆိုးဘုရင်အဆင့် သာမန်သလင်းကျောက်လူသားများအပြင် မဟာနတ်ဆိုးဘုရင်အဆင့်ရှိသော သန္ဓေပြောင်း သလင်းကျောက်လူသားများလည်း ရှိကြသည်။
ထိုသလင်းကျောက် လူသားများသည် ကြီးမားသော ခွန်အားနှင့် အချက်အလက်များ ရှိကြသည်။သူတို့ကို ခေါ်ထုတ်သွားနိုင်လျှင် ကြောက်စရာအကောင်းဆုံး တပ်ဖွဲ့တစ်ခု ဖြစ်လာမည်မှာ သေချာသည်။လမ်းလျှောက်နေရင်း ချန်လွေ့သည် မသိလိုက်ဘဲနှင့် စံအိမ်သို့ ရောက်ရှိသွားခဲ့သည်။
ချန်လွေ့အား အံ့အားသင့်သွားစေသည်မှာ စံအိမ်ထဲရှိ အသွင်အပြင်များသည် သူထင်ထားသည်ထက် ပို၍တန်ဖိုးကြီးမားနေခြင်းပင် ဖြစ်သည်။တံခါးတိုင်များကို သလင်းကျောက်နက်မှ ထွင်းထုထားသည်။လက်ရန်းကို ဥဿဖယားကျောက်ဖြင့် ပြုလုပ်ထားသည်။စင်္ကြံလမ်းများတွင် ကျောက်မျက်များ မြှုပ်နှံထားသည်။ထိုကဲ့သို့ ကြွယ်ဝမှုများသည် အပြင်ဘက်ရှိ လှပသောရှုခင်များနှင့်ယှဉ်လျှင် ခေတ်နောက်ကျနေပုံရသည်။၎င်းသည် ရုတ်တရက်ကျော်ကြားလာသော တောသားတစ်ယောက်က မိန်းမလှတစ်ယောက်အရှေ့၌ ကြွယ်ဝမှုများကို ကြွားဝါနေသကဲ့သို့ပုံစံ ပေါက်နေသည်။ချန်လွေ့သည် ဖော်ပြ၍မရသော မသက်သာမှု တစ်ခုကို ခံစားလိုက်ရသည်။
၎င်းသည် ကြွယ်ဝမှုအား ကြွားဝါရန်အတွက် တောအဆန်ဆုံး နည်းလမ်းပင် ဖြစ်သည်။၎င်းမှာ ရွှေသွားကိုပြရန်အတွက် တမင်ပြုံးပြခြင်းနှင့်တူသည်။ချန်လွေ့သည် ကြည့်ရင်းကြည့်ရင်း ထူးဆန်းသလို ခံစားလာရသည်။ထို့နောက် “ ထူးဆန်းတာတွေတွေ့ရင် ဘာမှမပြောနဲ့ ” ဟူသော မာနူ၏စကားကို ချန်လွေ့သတိရလိုက်ပြီး ပြောမည့်စကားကို ရပ်တန့်လိုက်သည်။
ထိုအိမ်ယာထဲရှိ အိမ်သည် အလွန့်အလွန်ကြီးမားလှပြီး နဂါးတစ်ကောင်ပင် ဝင်ဆံ့သည်။ အိမ်ယာအတွင်း၌ သလင်းကျောက်လူသား အများအပြား မရှိပေ။လျှောက်သွားနေကြသူများမှာ အိမ်ဖော်ဝတ်စုံနှင့် အမျိုးသမီးများ ဖြစ်သည်။သူတို့အားလုံးသည် ပုံစံတစ်ခုတည်းနီးပါး ဖြစ်သည်။သူတို့သည် အကောင်ကြီးကြီး၊ ဖွံ့ဖွံ့ဖြိုးဖြိုးနှင့်.....ကြွက်သားအပြည့်နီးပါး ဖြစ်သည်။
မာနူကို တွေ့လိုက်သည့်အခါ အိမ်ဖော်များ အရိုအသေပေးလိုက်သည်။မာနူက အိမ်ဖော်တစ်ယောက်ကို ပြောသည်။
“ အရေးကြီးဆဲ့ ဧည့်သည်တစ်ယောက်ကို ခေါ်လာတယ်လို့ ဆာ-ယာကော့ဗ်ကို ပြောလိုက်။ ”
အိမ်ဖော်သည် ဦးညွှတ်ပြီး အကြီးမားဆုံးအိမ်ထဲသို့ လမ်းလျှောက်ပြန်သွားသည်။သိပ်မကြာခင်၌ ထိုအိမ်ဖော်ပြန်ရောက်လာပြီး ချန်လွေ့တို့နှစ်ယောက်ကို ဝင်လာရန် ဖိတ်ကြားလိုက်သည်။
အခန်းထဲရှိ ပစ္စည်းများသည် ပို၍ကြွယ်ဝပြီး တောဆန်သည်။ငွေပုံကြီးထဲ၌ အိပ်နေခြင်းကဲ့သို့ပင် ဖြစ်သည်။အမှန်အတိုင်းပြောရလျှင် ယခု ယာကော့ဗ် လှဲလျောင်းနေသော ရွှေကုတင်ကို ရွှေသလင်းကျောက်ဖြင့် ပြုလုပ်ထားသည် သာဆိုလျှင် ၎င်းသည် ငွေပုံကြီးပေါ်၌ အမှန်တကယ် အိပ်နေခြင်း ဖြစ်သည်။
အိမ်ဖော်များကိုမြင်ပြီးနောက် ချန်လွေ့သည် ယာကော့ဗ်အား အရပ်မြင့်မြင့်၊ အကောင်ကြီးကြီးနှင့်.....အမ်း..အကြိုက်ပြင်းထန်သောသူဖြစ်မည်ဟု ထင်ခဲ့သည်။သို့သော် သူ၏အရှေ့မှ ယာကော့ဗ်သည် ပိန်ပါးပြီး သူ့ထက်ပင် အရပ်ပုသည်။ရုပ်လည်း မချောပေ။သူ၏အသားအရေသည် အယ်ဘိုင်နို ရောဂါသည်တစ်ယောက်နှင့်ပင် ဆင်တူပြီး ဆံပင်လည်း အဖြူရောင် ဖြစ်နေသည်။
ပို၍ပြောစရာစကားမဲ့သွားစေသည်မှာ ထိုသူသည် အပေါ်ပိုင်း ဗလာဖြစ်နေသော အိမ်ဖော်တစ်ယောက်၏ လက်မောင်းထဲ၌ လှဲလျောင်းနေခြင်းပင် ဖြစ်သည်။သူသည် ချန်လွေ့တို့နှစ်ယောက် အရှေ့၌ပင် ထိုအိမ်ဖော်၏ ကြီးမားသောရင်သားများကို စကားနေ၏။အိမ်ဖော်ကလည်း အလွန်လိုက်လျောညီထွေစွာ ဆွဲဆောင်မှုရှိရှိ ညည်းနေလေသည်။
ထိုမြင်ကွင်းသည် အမှန်တကယ် ရှက်စရာပင် ဖြစ်သည်။သို့သော် ချန်လွေ့၏ ရင်ဘတ်ထဲ၌ အပြင်းထန်ဆုံး ခံစားချက်မှာ ရှက်ရွံ့ခြင်းမဟုတ်ဘဲ အံ့အားသင့်ခြင်းပင် ဖြစ်သည်။
မျိုးနွယ်- မရှိ( သလင်းကျောက်နဂါး)။
စွမ်းအားအကဲဖြတ်မှု - မဆုံးဖြတ်နိုင်။
နတ်ဆိုးအရှင်သခင်အဆင့် နဂါး......သလင်းကျောက်နဂါး.....ယာကော့ဗ်။
ခုနက ယာကော့ဗ်၏နာမည်ကို ကြားလိုက်ရသည့်အခါ ချန်လွေ့က ရင်းနှီးသလို ခံစားရခဲ့သည်။ယခုတွင် [ သရုပ်ခွဲမျက်လုံး ] မှ အချက်အလက်များနှင့် ဆက်စပ်ကြည့်လိုက်သည့်အခါ သူ၏အရှေ့ရှိ ပိန်ပိန်းပါးပါး၊အရပ်ပုပု ယောက်ျား၏ဇစ်မြစ်ကို သိရှိသွားတော့သည်။သလင်းကျောက်နဂါး ယာကော့ဗ်သည် ယခင်က ပါ့ဂ်လီအို၏ ရန်သူများထဲမှ တစ်ယောက် ဖြစ်ပေသည်။