← Chapters

သလင်းကျောက်နဂါး၏ မှော်စက်ဝိုင်း

Vol. 19 Ch. 273

သလင်းကျောက်နဂါး၏ မှော်စက်ဝိုင်း

Vol. 19 Ch. 273

သလင်းကျောက်နဂါးသည် အထူးနဂါးမျိုးနွယ်တစ်ခုဖြစ်ပြီး မှော်ပညာကို အပြည့်အဝ ခုခံနိုင်သည်။သို့သော်လည်း ခွန်အား၌ အတော်လေး အားနည်းသည်။

သလင်းကျောက်နဂါး ယာကော့ဗ်သည် နတ်မိမယ်နဂါး ဇိုလာ၏ ဝိပါက် ဖြစ်သည်။ ဇိုလာသည် ပါ့ဂ်လီအိုအား ကြောက်လန့်စေခဲ့သော နဂါးမှော်ပညာ အပါအဝင် မှော်ပညာတိုင်းတွင် တော်သည်။သို့သော်လည်း သလင်းကျောက်နဂါးသည် သူ၏ ဝိပါက် အတိအကျပင် ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ခန့်က လျို့ဝှက်ဆန်းကြယ်သော ငွေသေတ္တာအတွက် ပြိုင်ဆိုင်ရန်အတွက် ဇိုလာသည် သလင်းကျောက်နဂါး ယာကော့ဗ်၊ နဂါးပြာ ရာနိုင်းရီတို့နှင့် အာဃာတရှိခဲ့သည်။နောက်ပိုင်းတွင် ဇိုလာသည် ယာကော့ဗ် နှင့် ရာနိုင်းရီတို့၏ ပြိုင်ဘက်တစ်ယောက်ဖြစ်သော အဆိပ်နဂါး ပါ့ဂ်လီအိုနှင့် ပူးပေါင်းခဲ့သည်။နောက်ဆုံး၌ နဂါးပြာ ရာနိုင်းရီ သေဆုံးသွားပြီး ယာကော့ဗ်က ဒဏ်ရာအပြင်းအထန် ရရှိသွားကာ ကံကောင်းပြီး ပါ့ဂ်လီအိုထံမှ လွတ်မြောက်သွားခဲ့သည်။

သို့သော်လည်း ငွေသေတ္တာ၏ဆွဲဆောင်မှုကြောင့် အဆိပ်နဂါး၏ ကိုယ်ကျင့်တရား ပျက်ယွင်းသွားခဲ့သည်။သူသည် အတူတူ လေ့လာရန် ကတိကို ဂရုမစိုက်တော့ဘဲ ဇိုလာအား အလစ်တိုက်ခိုက်ကာ ငွေသေတ္တာကို ယူပြေးသွားတော့သည်။ သို့သော်လည်း ပါ့ဂ်လီအို ကောင်းကောင်း အဆုံးမသတ်ခဲ့ပေ။နောက်ဆုံး၌ လျို့ဝှက်ဆန်းကြယ်‌သော စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ယောက်က ပါ့ဂ်လီအိုကို တွေ့ရှိသွားပြီး သူ၏ စွမ်းအားကို ရှေးမှော်စာများဖြင့် ချိပ်ပိတ်ကာ ရေကန်ပြာထဲ၌ နှစ်ပေါင်း၂၀၀၀ ကြာအောင် ထားထားခဲ့သည်။

၄င်းသည် ကြမ္မာပင် ဖြစ်သည်။

ယခုမိမိရင်ဆိုင်နေရသူမှာ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းဖြစ်ခဲ့စဉ်က ပါ့ဂ်လီအို၏ ရန်သူဖြစ်သော သလင်းကျောက်နဂါး ယာကော့ဗ် ဖြစ်နေမည်ဟု ချန်လွေ့ လုံးဝမထင်ထားခဲ့ပေ။

သလင်းကျောက်တောင်ကြား......သလင်းကျောက်နဂါး။ဒါကြောင့် မာနူက ယာကော့ဗ်ကို ဒီသလင်းကျောက်တောင်ကြားရဲ့ ပိုင်ရှင်အမှန်လို့ ပြောတာကိုး။ ချန်လွေ့၏ဦးနှောက် အရှိန်မြန်မြန် လှုပ်ရှားသွားသည်။ သူတို့နှစ်ယောက်က နတ်ဆိုးအရှင်သခင် အဆင့်တွေပဲ။ငါ့ရဲ့ လွန်ကဲနေတဲ့ ခံစားချက်လှုပ်ရှားမှုတွေကို သတိထားမိမှာပဲ။ငါ အဖြေတစ်ခု ရှာရမယ်။

ယာကော့ဗ်၏ လှုပ်ရှားမှုကို မြင်သည့်အခါ မာနူ မျက်မှောင်ကြုတ်လိုက်သည်။

“ အရေးကြီးဧည့်သည်တစ်ယောက် လာမယ်လို့ ပြောထားတယ် မဟုတ်လား။ ခင်ဗျားဘာလို့ ဒီလိုမျိုး‌ နေနေသေးတာလဲ။ ”

“ မင်းပြောတဲ့ ဧည့်သည်က ဒီအမြင့်ဆင့်နတ်ဆိုးလား။ ”

ယာကော့ဗ် ခေါင်းမမော့ပေ။သူသည် အိမ်ဖော်၏ ဖွံ့ဖွံ့ဖြိုးဖြိုး ရင်သားများကိုသာ အာရုံစိုက် ဆော့ကစားနေပြီး အလွန့်အလွန် အထင်သေးစွာဖြင့် ပြောနေလိုက်သည်။

မာနူသည် မှော်ပညာ၌ ကျွမ်းကျင်သည်။သို့သော်လည်း ယာကော့ဗ်သည် သူ့ထက် အစွမ်းထက်ရုံသာမက မှော်ပညာလည်း လုံးဝပြီးသည်။ထို့ကြောင့် သူစိတ်ထဲ မထားသည်မှာ အကြောင်းအကျိုးသင့်သည်။မာနူသည် စိတ်မကြည် ဖြစ်သွားသော်လည်း မျက်နှာပေါ်၌ မပြသပေ။သူက ချန်လွေ့အား သုံးသွယ်-အထူးပြု ဆရာသခင်အဖြစ် မိတ်ဆက်ပေးရန်ပြင်လိုက်စဉ် “ ဆရာသခင် ” က ရုတ်တရက်ပြောသည်ကို ကြားလိုက်ရသည်။

“ ဒီအိမ်ယာနဲ့ ဒီအခန်း အပြင်အဆင်က တော်တော်ဆိုးတာပဲ။ ”

ယာကော့ဗ်၏မျက်လုံးထဲ၌ အေးစက်စက် အလင်းရောင် ဖျပ်ခနဲ လက်သွားသည်။ သူသည် အိမ်ဖော်အား ကစားနေပြီး အိမ်ဖော်၏ ရင်ဘတ်မှ သွေးများ ပေါက်ကွက်သွားသည့်အတွက် အိမ်ဖော်က အော်ဟစ်လိုက်သည်။ယာကော့ဗ် ဖြည်းဖြည်းချင်း ထလာပြီး လက်ဝှေ့ရမ်းလိုက်ရာ အိမ်ဖော်က နာကျင်စွာဖြင့် ရင်ဘတ်ကို ဖုံးထားရင်း နောက်ဆုတ်သွားသည်။

ယာကော့ဗ်၏ သတ်ဖြတ်ချင်စိတ်ကို ခံစားမိသည့်အတွက် မာနူ စိုးရိမ်သွားသည်။ မာနူသည် ဆရာသခင်အား စကားကို သေချာဂရုစိုက်ပြောရန် ပြောခဲ့သည်။ သို့သော်လည်း မမျှော်လင့်ဘဲနှင့် ချန်လွေ့သည် ယာကော့ဗ်၏ အကြီးမားဆုံး မပြောအပ်သည့်အရာကို သွားပြောခဲ့လေသည်။

“ ဒီကုလားထိုင်က တကယ်ကြီး သွေးသလင်းကျောက်နဲ့လုပ်ထားတယ်။ဘာလို့ ရွှေသလင်းကျောက်နဲ့ မလုပ်ထားတာလဲ။အတွင်းထဲမှာရှိတဲ့ ပရိဘောဂတွေက အပြင်ထက် ပိုပြီးခံ့ညားထည်ဝါမယ်လို့ ထင်ခဲ့တာ။ဒါပေမဲ့ ထင်ထားတာထက် ပိုပြီးဆိုးတာပဲ။ပြီးတော့ ဒီအပေါ်မှာ ဘာလို့ တလက်လက်တောက်နေတဲ့ ကျောက်မျက်တွေ မထည့်ထားတာလဲ။ ”

“ ဒီမီးအိမ်က မကြီးသေးဘူး။မီးလင်း ကျောက်တုံးတွေကိုလည်း ပိုပြီးသန့်စင်အောင် ပွတ်တိုက်ရမယ်။မဟုတ်ရင် သိပ်ပြီးလင်းမှာ မဟုတ်ဘူး။ပြီးတော့ နံရံပေါ်မှာ ကျောက်မျက်တွေ ပိုထည့်ထားရင် ပိုကောင်းမယ်။ဒါတွေက သေးလွန်းတယ်။သိပ်ပြီး မခမ်းနားဘူး။အဲ့ဒီမှာ ပိုကြီးတဲ့ ကျောက်မျက်ထည့်ထားသင့်တယ်။ပြီးတော့ အရောင်လည်းစုံရမယ်။ဒါဆိုရင် ဒီအခန်းရဲ့ အလှအပက ပိုမြင့်မားသွားမယ်။ ”

ယာကော့ဗ်၏မျက်လုံးများ တောက်ပသွားပြီး သတ်ဖြတ်ချက်စိတ်များ ချက်ချင်း ပျောက်ကွယ်သွား၏။သူက ကြက်သေသေနေသော မာနူကို မေးလိုက်သည်။

“ ဒီအမြင့်ဆင့်နတ်ဆိုးက....ဘယ်ကလဲ။သူ့ရဲ့အကြိုက်က သိပ်မဆိုးဘူးပဲ။ ”

“ သူက နှစ်တစ်သောင်းအတွင်း ပထမဆုံး မဟာဆရာသခင် တစ်ယောက် ဖြစ်ဖို့ အလားအလာအရှိဆုံး သုံးသွယ်-အထူးပြု ယန္တရားဆရာသခင်ပဲ။ပြီးတော့ သူကလည်း မှော်စက်ဝိုင်းမှာ ပါရမီရှင်တစ်ယောက်ပဲ.....”

ပထမဆုံးအကြိမ်အဖြစ် မာနူသည် ဤနေရာမှ ပရိဘောကများကို တစ်ယောက်ယောက် ဝေဖန်ပြီး ‌ယာကော့ဗ်၏ ချီးမွမ်းမှု ခံရသည်ကို တွေ့ခဲ့ရလေသည်။ဆရာသခင်၏ စွမ်းဆောင်ရည်မှာ အမှန်တကယ်ပင် ထိတ်လန့်စရာကောင်းလှပေသည်.......

“ ဒါကြောင့်ကိုး။ ”

မာနူကို ယာကော့ဗ် ဖျပ်ခနဲ ကြည့်လိုက်သည်။

“ မင်းက အဲဒီစကားတွေကို ပြောဖို့ သူ့ကိုသင်ထားပေးတာလို့ ငါထင်ခဲ့တာ။ဒါပေမဲ့ ကြည့်ရတာ မင်းရဲ့ တန်ဖိုးထားမှုအဆင့်က သူ့ထက် အများကြီး နိမ့်တဲ့ပုံပဲ။ ”

ချီးထုပ်ကို တန်ဖိုးထားမှုအဆင့်လား။ ယာကော့ဗ်၏စကားသည် မာနူအား လုံးဝဆွံ့အသွားစေသည်။မာနူသည် ထိုလူထူးဆန်းနှစ်ယောက်၏ အကြိုက်ကို စိတ်ထဲ၌ ဝေဖန်လိုက်သည်။

ချန်လွေ့သည် စိတ်ထဲရှိသမျှ တောအဆန်ဆုံးပုံရိပ်များကို အကောင်းဆုံးကြိုးစားကာ ပြန်စဉ်းစားလိုက်ပြီး အခန်းအပြင်အဆင်တစ်ခုလုံးကို မှတ်ချက်ပြုလိုက်သည်။ ယာကော့ဗ်သည် အချို့ထင်မြင်ချက်များကို သဘောမတူသော်လည်း အချို့အရာများသည် ကွက်တိဖြစ်သည်။အခန်းအပြင်အဆင်နှင့် ပုံစံများကို ပြောပြီးနောက် ချန်လွေ့သည် မိန်းမများအကြောင်း ဆက်ပြောသည်။ခေါင်းမာသော အဆိပ်နဂါးကဲ့သို့ပင် သလင်းကျောက်နဂါးသည်လည်း မိန်းမများအပေါ် တမူထူးခြားသော အကြိုက်တူတူ ရှိကြသည်။၄င်းကို အပြင်မှမိန်းမများအာား ကြည့်ခြင်းအားဖြင့် ပြောနိုင်လေသည်။

ချန်လွေ့သည် “ လှပသော၊ အသားအရေမာကြောသော၊ ချွန်ထက်သန့်ရှင်းသော သွားနှင့် ဖွံ့ဖြိုးသောခန္ဓာကိုယ် ” အစရှိသည်တို့ကို ပြောခဲ့သည်။အကြိုက်သည် အလွန်ပြင်းထန်လှသည့်အတွက် မာနူပင် သည်းမခံနိုင်တော့‌ပေ။သို့သော်လည်း ယာကော့ဗ်၏ မျက်လုံးများ အ‌ရောင်တောက်နေခဲ့သည်။

အနည်းငယ်ဆွေးနွေးပြီးနောက် ချန်လွေ့အပေါ် ယာကော့ဗ်၏အမြင်များ လုံးဝပြောင်းလဲသွားခဲ့သည်။သလင်းကျောက်တောင်ကြားထဲ၌ ဆရာသခင် တစ်‌ယောက်ထက်ပိုရှိသည်။သို့သော်လည်း ချန်လွေ့ကဲ့သို့ သုံးသွယ်-အထူးပြု ယန္တရားဆရာသခင်မှာ ပထမဆုံးဖြစ်သည်။ထို့ပြင် ဆရာသခင်၏ အကြိုက်သည် ကွက်တိပင်ဖြစ်ပြီး နဂါးမျိုးနွယ်၏ လူယုံတစ်ယောက်ကဲ့သို့ပင် ဖြစ်နေသည်။

မူလက မာနူသည် ထိုထူးဆန်းသောနဂါးနှင့် ချန်လွေ့ အဆင်မပြေဖြစ်မည်ကို စိုးရိမ်နေခဲ့သည်။သို့မဟုတ် ယာကော့ဗ်ကို ဒေါသထွက်စေပြီး အသတ်ခံမည်ကို စိုးရိမ်သည်။သို့သော်လည်း လက်ရှိအခြေအနေအရ မာနူသည် ၄င်းကိုစိုးရိမ်စရာ မလိုတော့ပေ။

အိမ်ဖော်တစ်ယောက်ရောက်လာပြီး အရိုအသေပေးသည်။

“ သခင်။မှော်စက်ဝိုင်းထဲ ဝင်ဖို့အချိန် ရောက်ပါပြီ။ ”

“ ငါ့ဧည့်သည်နဲ့ စကားပြောနေတာ မတွေ့ဘူးလား။ ဒီလိုထပ်လုပ်ရဲရင် မင်းရဲ့ ခြေလက်တွေကို ဖြတ်ပစ်မယ်။ ”

ယာကော့ဗ်က ထိုအိမ်ဖော်ကို စိုက်ကြည့်ပြီး အဝေးမှ လက်ကိုဝှေ့ရမ်းလိုက်သည်။ ထိုအိမ်ဖော်သည် ဖုန်းခနဲ သုံးလေးမီတာသို့ လွင့်စင်သွားပြီး သွားလုံးလေးချောင်း ကျွတ်ထွက်သွားခဲ့သည်။

ဘာမှဖြစ်မသွားသကဲ့သို့ပင် ယာကော့ဗ်က ပုံမှန်အတိုင်း ဆက်ပြောသည်။

“ ကျုပ် အထူးမှော်စက်ဝိုင်းတစ်ခုထဲ သွားလေ့ကျင့်ပြီးတော့ သုံးလေးရက်ကြာတိုင်း စွမ်းအား ပြန်ဖြည့်တင်းရတယ်။ဒီနေ့တော့ ဆရာသခင်နဲ့ ဒီလောက်ပဲ စကားပြောနိုင်တော့မယ်။ဒါပေမဲ့ ဆရာသခင်က သလင်းကျောက်တောင်ကြားကို ရောက်လာပြီဆိုတော့ ခဏလေးနဲ့ ထွက်သွားမှာ မဟုတ်ဘူး။ဆရာသခင် စိတ်ချပါ။ဆရာသခင်ကို အကောင်းဆုံး အလုပ်ရုံနဲ့ အပြည့်စုံဆုံး ကုန်ကြမ်းပစ္စည်းတွေ ထောက်ပံ့ပေးမှာပါ။ ”

“ ကျေးဇူးတင်ပါတယ်။ဆာ-ယာကော့ဗ်။ ”

ချန်လွေ့ ခေါင်းညိတ်လိုက်သည်။သို့သော်လည်း သူ၏စိတ်ထဲ၌ ကြောက်လန့်နေခဲ့သည်။ ဒီသလင်းကျောက်နဂါးက မှော်စက်ဝိုင်းဆီ သွားရမှာကို သိတယ်။ဒါပေမဲ့ သူက ဒေါသကို အိမ်ဖော်ဆီ အကြောင်းရင်းမရှိဘဲ ပုံချခဲ့တယ်။ပြီးတော့ သူ့ရဲ့လုပ်ရပ်ကလည်း တော်တော်ရက်စက်တယ်။သူက မာနူပြောတဲ့အတိုင်း တကယ် စိတ်ပြောင်းလွယ်တာပဲ။ခုနက လုပ်လိုက်တာ မှန်သွားလို့ တော်သေးတာပေါ့။

ဟုတ်သားပဲ။သလင်းကျောက်နဂါးက လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀၀၀ တုန်းက ပါ့ဂ်လီအိုကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့တာ မဟုတ်လား။သူအခုပြောတဲ့ ပြန်ဖြည့်တင်းတာ ဆိုတာက အဲဒီတုန်းက ဒဏ်ရာနဲ့ သက်ဆိုင်နေမလား......

“ ဆာ-ယာကော့ဗ်။ ”

ချန်လွေ့က မရဲတရဲ မေးလိုက်သည်။

“ ကျုပ်က မှော်စက်ဝိုင်းနဲ့သက်ဆိုင်တဲ့ ဗဟုသုတတွေကို အမြဲသိချင်နေခဲ့တာ။ကျုပ် သွားကြည့်လို့ရမလား မသိဘူး။ ”

ယာကော့ဗ်သည် ခုနက ပြုံးနေခဲ့သည်။သို့သော်လည်း ၄င်းကိုကြားသည့်အခါ သူ၏မျက်နှာ မည်းမှောင်သွားပြီး မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ် ဖျပ်ခနဲ လင်းလက်သွားသည်။ မှော်စက်ဝိုင်းက ငါ့ရဲ့ တားမြစ်နေရာတွေထဲက တစ်ခုပဲ။ငါ့ရဲ့ “မဟာမိတ်”တောင် ငါ့ခွင့်ပြုချက် မရှိဘဲ ဝင်လို့မရဘူး။ဒါပေမဲ့ ဒီကောင်က တကယ်ကြီး သွားကြည့်ဖို့ တောင်းဆိုခဲ့တယ်။

အခြေအနေ မဟန်ကြောင်း တွေ့သည့်အခါ မာနူက အမြန်ပြောလိုက်သည်။

“ယာကောဗ်။ဆရာသခင် အာသာက ရှားပါး သုံးသွယ်-အထူးပြု ယန္တရားဆရာသခင်ပဲ မဟုတ်ဘူး။မှော်စက်ဝိုင်းမှာလည်း ပါရမီရှင် တစ်ယောက်ပဲ။သူက ကျုပ်တို့နဲ့ ပူးပေါင်းရတဲ့ အကြောင်းရင်းတစ်ခုက သူ့ကို မသိသေးတဲ့ မှော်စက်ဝိုင်းတွေ လေ့လာခွင့်ပေးမယ်လို့ ကတိပေးခဲ့လို့ပဲ။ ”

အမှန်တကယ်၌ ချန်လွေ့ လေ့လာချင်နေသည်မှာ ထင်ယောင်မှား နတ်ဆိုးဒိုင်းပေါ်ရှိ မှော်စက်ဝိုင်းကို ဖြစ်သည်။ထိုသို့ပြောလိုက်ခြင်းမှာ ယာကော့ဗ် ဒေါသပေါက်ကွဲ ထွက်သွားမည်ကို မာနူ စိုးရိမ်၍ ဖြစ်သည်။မည်သို့ပင်ဆိုစေကာမူ ချန်လွေ့သည် သူ၏လက်အောက်ရှိ အရေးကြီးသောသူ တစ်ယောက် ဖြစ်နေလေပြီ။

“ ကျုပ်က ကိုယ့်ကိုယ်ကိုယ် ပါရမီရှင်လို့ ပြောနေတာ မဟုတ်ပါဘူး။ဒါပေမဲ့ သိပ်မကြာခင်တုန်းက ရှေးမှော်မျှော်စင်က အမြင့်ဆင့် မှော်စက်ဝိုင်းနှစ်ခုကို တစ်ဆက်တည်း အဓိပ္ပာယ်ဖော်နိုင်ခဲ့တယ်။”

“ မှော်စက်ဝိုင်း ပါရမီရှင် ”ဟူသော သရုပ်သည် မမျှော်လင့်ထားသော သက်‌ရောက်မှုများ ရှိနေပုံရသည်။ရုတ်တရက် ချန်လွေ့ မာန်တက်သွားပုံရသည်။

“ မှော်စက်ဝိုင်း တိုးမြှင့်ဖို့အတွက် ကျုပ်မှာ အကြံအများကြီးရှိတယ်။ဒီကိုလာတုန်းက ရွှံ့ဗွက်အိုင်ထဲမှာရှိတဲ့ မှော်စက်ဝိုင်းတွေက ကျုပ်အတွက် အများကြီး တိုးတက်သွားစေတယ်။ ”

ယာကော့ဗ် မျက်မှောင်ကြုတ်သွားသည်။အကြောင်းမှာ အပြင်ဘက်ရှိ နဂါးထွင်းစာများကို သူကိုယ်တိုင် ခင်းကျင်းထားပြီး ၄င်းအတွက် အတော်လေး ဂုဏ်ယူနေမိသည့်အတွက်ကြောင့် ဖြစ်သည်။ထိုစွမ်းအားသည် နတ်ဆိုးဧကရာဇ် အဆင့်နှင့် ညီမျှသည်။ထိုကဲ့သို့ ချန်လွေ့ပြောလိမ့်မည်ဟု ယာကော့ဗ် မထင်မှတ်ထားခဲ့ပေ။

ယာကော့ဗ် မယုံကြောင်းတွေ့သည့်အခါ ချန်လွေ့သည် လေထဲ၌ စတင်ရေးဆွဲတော့သည်။ချန်လွေ့သည် နဂါးထွင်းစာ ကျွမ်းကျင်မှုကို မဖော်ပြဘဲ တမင်တကာပင် မှော်စက်ဝိုင်းဟုခေါ်ကာ ထွင်းစာများ၏ ထူးခြားသော လက္ခဏာများကို လွဲချော်စေလိုက်သည်။သူသည် ထွင်းစာ၏ အလွယ်ကူဆုံး အသွင်အပြင်ကိုသာ ရိုးရိုးရှင်းရှင်းဖော်ပြလိုက်သည်။

“ အပြင်ဘက်မှာရှိတဲ့ မှော်စက်ဝိုင်းတွေက တကယ့်ကို လေးနက်တယ်။ကျုပ် ကောင်းကောင်း နားမလည်တာတွေ အများကြီးရှိတယ်။မူလဇစ်မြစ်ကနေ ဘယ်အရာမှ မသွေဖည်ဘူး။အဲဒါကြောင့် အဲဒါကို နည်းနည်းပြောင်းလိုက်မယ်ဆိုရင် မှော်စက်ဝိုင်းရဲ့အစွမ်းက ပိုကောင်းသွားမယ်လို့ ထင်တယ်။ ”

နဂါးထွင်းစာအပေါ် ယာကော့ဗ်၏ နားလည်မှုသည် ပါ့ဂ်လီအိုထက် နိမ့်ကျသော်လည်း သူသည် နဂါးများထဲ၌ အတော်ဆုံးထဲမှတစ်ယောက်ဖြစ်သည်။ထိုသေးငယ်သော တိုးတက်မှု၏ သက်ရောက်မှုကို သူသေသေချာချာ ပြောနိုင်သည်။၄င်းသည် ကြီးမားသော တိုးတက်မှု မဟုတ်သော်လည်း သာမန်လူများ နားလည်နိုင်သောအရာ မဟုတ်ပေ။ချန်လွေ့အပေါ် သလင်းကျောက်နဂါး၏ အမြင်များ ရုတ်တရက် ပြောင်းလဲသွားပြန်သည်။တစ်ချက်ကြည့်ရုံမျှဖြင့် နဂါးထွင်းစာထဲမှ လျို့ဝှက် ဆန်းကြယ်မှုများကို သာမန်နတ်ဆိုးတစ်ယောက်က ထွင်းဖောက်မြင်နိုင်လိမ့်မည်ဟု သူလုံးဝမထင်ထားခဲ့ပေ။ သူက တကယ့် ပါရမီရှင် တစ်ယောက်ပဲ။

အကယ်၍ သလင်းကျောက်နဂါးသာ ချန်လွေ့၏ “မှော်စက်ဝိုင်း” အောင်မြင်မှုသည် ပြိုင်ဘက်ဖြစ်သော အဆိပ်နဂါးထံမှ ရရှိခဲ့ပြီး တမင်အရူးလုပ်နေကြာင်း သိသွားလျှင် သူသည် သေချာ‌ပေါက် သွေးအန်.......သလင်းကျောက် အန်မည် မဟုတ်ပါလား။

“ မူလဇစ်မြစ်ကနေ ဘယ်အရာမှ မသွေဖည်ဘူး။ဒီစကားက တကယ့်ကို အံ့သြဖွယ်ရာပဲ။ ”

စွမ်းဆောင်ရည်ရှိသူများကို တန်ဖိုးထားသင့်ပေသည်။ယာကော့ဗ်သည် စိတ်ပြောင်းလွယ်သော်လည်း စိတ်ရင်းဖြင့် ချီးမွမ်းလိုက်သည်။

“ ကျုပ် အသက်ရှင်လာတာ နှစ်ပေါင်း တစ်သောင်းနီးပါး ရှိတော့မယ်။ ဆရာသခင်လိုမျိုး ပါရမီရှင်တစ်ယောက်ကို အခုမှ ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ။ ဒါဆိုရင် ကျုပ်နဲ့လိုက်ခဲ့ပါ။ကျုပ်ရဲ့ မှော်စက်ဝိုင်းကို နားလည်နိုင်ပြီးတော့ တိုးတက်အောင်လုပ်နိုင်မယ်ဆိုရင် မြိုးမြိုးမြက်မြက် ဆုချမယ်။ ”

“ အနှစ်တစ်သောင်းနီးပါး အသက်ရှင်ခဲ့တယ်လား။ ”

ချန်လွေ့ ထိတ်လန့်သွားပြီး မယုံကြည်နိုင် ဖြစ်သွားခဲ့သည်။

ထိုအမူအရာကိုမြင်သည့်အခါ ယာကော့ဗ် စိတ်ထဲ၌ ဟန်လုပ်ပြုံးလိုက်သည်။

“ အမှန်အတိုင်းပြောရရင် ကျုပ်က ဂုဏ်သရေရှိ နဂါးတစ်ကောင်ပါ။ကျုပ်တို့တွေ နှစ် သုံးလေးသိန်း နေနိုင်ရင်တောင် အံ့သြစရာမရှိပါဘူး။ ”

ချန်လွေ့သည် ယာကော့ဗ်၏စကားအတိုင်းလိုက်ပြီး အနည်းငယ် ချီးမွမ်းစကား ဆိုလိုက်သည်။ယာကော့ဗ်လည်း စိတ်အေးသွား၏။ရုတ်တရက် သူက မာနူကို ပြောသည်။

“ မင်း လိုက်စရာမလိုဘူး။ငါ ဆရာသခင်နဲ့ပဲ သွားလိုက်မယ်။ ”

မှော်စက်ဝိုင်းသည် သလင်း‌ကျောက်နဂါး၏ တားမြစ်ချက်ဖြစ်ကြောင်း မာနူသိသည်။ သို့သော်လည်း သလင်းကျောက်တောင်ကြားထဲသို့ ဆရာသခင် ‌ရောဝင်နိုင်ခြင်းသည် သူထင်ထားသည်ထက် ပိုမြန်နေသည်။ထို့ပြင် [ ဝိညာဉ်လက်ထိပ် ]ကြောင့် ယာကော့ဗ်ထံ ချန်လွေ့ အညံ့ခံမည်ကို မာနူ မစိုးရိမ်ပေ။ထိုအချိန်၌ မာနူသည် ချန်လွေ့အား တံဆိပ်ပြားတစ်ခု ပေးခဲ့သည်။

“ ကောင်းပါပြီ။ဆရာသခင်။ကျုပ် အိပ်မက်ဆိုးတောင်ကြားမှာ ရှိနေပါမယ်။ဒီ တံဆိပ်ပြားနဲ့ဆိုရင် ချောချောမွေ့မွေ့ ပြန်လာနိုင်မှာပါ။ ”

“ ကျေးဇူးပါပဲ။ဆာ-မာနူ။ဝိုင်ကောင်းကောင်း ပြင်ဆင်ထားပြီးတော့ ကျုပ်ကို စောင့်နေပါလို့ ဖာတီလုဆီ ပြောပေးလိုက်ပါ။ ”

ချန်လွေ့၏စကားများသည် သူ၏နေရာကို သေသေချာချာ ဖော်ပြလိုက်သည့်အခါ မာနူ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ဘေးဘက်၌ ယာကော့ဗ်သည် မကျေမနပ် တိုက်တွန်းနေခဲ့သည်။

“ အပိုတွေလုပ်မနေနဲ့။နောက်ကျရင် ငါ ဆရာသခင်ကို ပြန်ပို့ဖို့ လူတစ်ယောက် လွှတ်လိုက်မယ်။သူ့ကို ဘယ်သူမှ တားရဲမှာ မဟုတ်ဘူး။ဆရာသခင်။ မြန်မြန်သွားရအောင်။ ”

ချန်လွေ့သည် ယာကော့ဗ်နှင့်အတူ အခန်းထဲမှ ထွက်သွားပြီး အိမ်ယာနောက်ဘက်ရှိ နေရာသို့ ရောက်လာသည်။လမ်းတစ်လျှောက်၌ နဂါးထွင်းစာအများအပြား ရှိနေသည်။နောက်ဆုံး၌ သူတို့သည် ရေကန်တစ်ကန်သို့ ရောက်လာခဲ့သည်။

ထိုရေကန်သည် ချန်လွေ့အား ရင်းနှီးသော ခံစားချက်တစ်ခု ပေးစွမ်းသည်။၎င်းသည် အသက်ဓာတ်ရေစင်နဲ့ အနည်းငယ် ဆင်တူပြီး စွမ်းအင်ရေစင်နှင့်လည်း အနည်းငယ်ဆင်တူကာ ထူးဆန်းသော စွမ်းအားတစ်ခု ပြည့်နှက်နေသည်။

သလင်းကျောက်နဂါးသည် ရေကန်ထဲသို့ မဝင်ဘဲ ဘေးဘက်ရှိ ကျောက်တွင်း ချိုင့်တစ်ခုထဲတွင် ထိုင်လိုက်သည်။ထိုတွင်းချိုင့်ကို အမျိုးမျိုးသော နဂါးထွင်းစာများနှင့် အလွန့်အလွန်ရှုပ်ထွေးသော မှော်စက်ဝိုင်းများ ဝိုင်းရံထားသည်။အဓိကကိုယ်ထည်မှာ ကျောက်ပြား၆ခု ဖြစ်သည်။တစ်ခုစီတွင် ထူးဆန်းသောမှော်စာတစ်ခု ဖြစ်ဟန်တူသည့် ထူးဆန်းသော အမှတ်အသားတစ်ခု ရှိသည်။၎င်းတို့ကို ခြောက်ထောင့်ကြယ်၏ အစွန်းတစ်ဖက်ဆီ၌ ထားထားသည်။

ထိုအမှတ်အသားများသည် ရင်းနှီးပုံရသည်။ရှေးမှော်မျှော်စင်၏ ပဉ္စမလွှာသို့ သွားရန်ကြိုးစားတိုင်း ထူးဆန်းသော မှော်စာများနှင့် အမှတ်အသားအချို့ ပေါ်ထွက်လာကာ ရှေ့သို့ဆက်မသွားနိုင်တော့ကြောင်း ချန်လွေ့ သတိရသွားသည်။

[ အထူးစိစစ်မှု ] ပင် ထိုထူးဆန်းသော အမှတ်အသားများနှင့် မှော်စာများကို အဓိပ္ပာယ်မဖော်နိုင်ပေ။[ အထူးစိစစ်မှု ]၏ အချက်အလက်အရ ကျောက်တွင်းချိုင့် တစ်ဝိုက်ရှိ အမှတ်အသားများသည် ထိုမှော်စာများနှင့် တူညီသည့်အရာတစ်ခုခု ရှိနေသည်။

“ ဆရာသခင် အဲဒီအဝေးကနေကြည့်လို့ရတယ်။ဒါပေမဲ့ ဘာကိုမှမထိပါနဲ့။ ”

ယာကော့ဗ်သည် ကျောက်တွင်းချိုင့်နောက်တွင် ထိုင်ပြီး နဂါးထွင်းစာကို အသက်သွင်းလိုက်သည်။ယာကော့ဗ်သည် နဂါးသွေးမျိုးဆက်ကို အသုံးပြုပြီး နဂါးထွင်းစာကို အသက်သွင်းခဲ့ကြောင်း ချန်လွေ့ မြင်တွေ့ခဲ့သည်။တစ်နည်းပြောရလျှင် အခြားမည်သူမှ ထိုကျောက်တွင်းချိုင့်ကို အသုံးပြုနိုင်မည်မဟုတ်ပေ။

ထွင်းစာကို အသက်သွင်းပြီးနောက် ရှုပ်ထွေးသော မှော်စက်ဝိုင်းများ တစ်ခုပြီးတစ်ခု အသက်ဝင်လာသည်။မှော်စက်ဝိုင်း၏ အစွမ်းကြောင့် ခြောက်ထောင့်ကြယ် အစီအရင်သည်လည်း ထူးဆန်းသော အလင်းရောင်များ တောက်ပလာသည်။ အစွန်း၆ခုမှ အမှတ်အသားများလည်း အရောင်တောက်လာပြီး လေထဲ၌ ဝဲပျံနေ၏။၎င်းသည် လျို့ဝှက်ဆန်းကြယ်သေု စွမ်းအားတစ်ခုကို ထုတ်လွှတ်နေပြီး အသက်ရှိနေသကဲ့သို့ပင် ဖြည်းဖြည်းချင်း ပုံပြောင်းနေလေသည်။

ရေကန်ထဲရှိရေသည် ကျောက်တွင်းချိုင့်ထဲသို့ စတင်စီးကျလာသည်။မှော်စက်ဝိုင်း၏ အစွမ်းကြောင့် ၎င်းသည် တလက်လက်တောက်နေသော မြူနှင်းများအဖြစ် ပြောင်းလဲသွားကာ အငွေ့များသဖွယ် ယာကော့ဗ်၏ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်သည်။ မြူနှင်းသည် လျှောက်မသွားနေဘဲ ကျောက်တွင်းချိုင့်၏ နယ်ပယ်အတွင်း “ ကန့်သတ် ” ရှိနေခဲ့သည်။

“ ဆာ-ယာကော့ဗ်။ကျုပ် ဘာကို မြင်နေရတာလဲ။ဒီမှော်စက်ဝိုင်းတွေက...... တကယ့်ကို အံ့ဖွယ်ပဲ။ကျုပ် ခင်ဗျားကို မေးစရာအများကြီး ရှိနေတယ်။ မဟုတ်သေးဘူး။ကျုပ် မစောင့်နိုင်တော့ဘူး။အခုလက်ရှိအခြေအနေနဲ့ ခင်ဗျား လွတ်လွတ်လပ်လပ် စကားပြောလို့ရလား မသိဘူး။ ”

မှော်စက်ဝိုင်းတွင် ပါရမီရှင်တစ်ယောက်၏ ချီးမွမ်းမှုကို ခံလိုက်ရသည့်အခါ ယာကော့ဗ် စိတ်အေးသွားပြီး ခေါင်းညိတ်သည်။

“ မေးစရာရှိရင် လွတ်လွတ်လပ်လပ် မေးလို့ရပါတယ်။ ”

“ တဲ့တိုးပြောမိရင် ခွင့်လွှတ်ပေးပါ။ဒီရေစင်နဲ့ မှော်စက်ဝိုင်းက ကုသခြင်းအစွမ်း ရှိသလို့ပဲ။ဒါပေမဲ့ ဒီလို လေးနက်ပြီးတော့ လျို့ဝှက်ဆန်းကြယ်တဲ့ မှော်စက်ဝိုင်းတွေ ထဲမှာ ကျုပ်အတွက်တောင် နားမလည်နိုင်တာတွေ အများကြီးရှိတယ်။ခင်ဗျားက ဂုဏ်သရေရှိ နဂါးတစ်ကောင်ဆိုတော့ ဒီထဲမှာ နဂါးတွေရဲ့ အလေးနက်ဆုံး ဒဏ္ဍရီလာအသိပညာဖြစ်‌တဲ့ နဂါးထွင်းစာတွေ ပါနေမှာလား။ ”

“ ဆရာသခင်က တကယ့်ကို ထိုးထွင်းဉာဏ်ကောင်းတာပဲ။ ”

ယာကော့ဗ်က သဘောတူညီစွာ ခေါင်းညိတ်ပြီး ပုံမှန်အတိုင်း ပြောလိုက်သည်။

“ ဆရာသခင်ရဲ့ နည်းလမ်းတွေက တကယ့်ကို မယုံနိုင်စရာပဲ။ပထမဆုံး တွေ့ကတည်းက ကျုပ်ရဲ့ မျက်နှာသာပေးမှုကို ရအောင်လုပ်ခဲ့တယ်။ပြီးတော့ ကျုပ်ရဲ့ လျို့ဝှက်ချက်တော်တော်များများကိုလည်း သိသွားပြီ။ကျုပ်အခု တောင်းဆိုစရာ နည်းနည်းလေးရှိတယ်။ဆရာသခင်က ကျုပ်ရဲ့အစေခံ ဖြစ်ချင်မလား မသိဘူး။ ”

ထို “တောင်းဆိုချက်”တွင် အနည်းငယ် ကြက်သီးထစရာပါဝင်နေသည်။၎င်းသည် သေချာပေါက် ခြိမ်းခြောက်မှုတစ်ခုပင် ဖြစ်သည်။

ချန်လွေ့သည် တိတ်တဆိတ် သတိထားနေလိုက်သည်။ဒီလို အကြီးစားရန်သူတွေက သေချာပေါက် ဖြေရှင်းရ ခက်ခဲတယ်။ ဒါပေမဲ့ ဒီမေးခွန်းအတွက် ငါ့မှာ အဖြေကောင်းကောင်းတစ်ခုရှိတယ်။အဲဒါက [ ဝိညာဉ်လက်ထိပ် ] ပဲ။

[ ဝိညာဉ်လက်ထိပ် ] အခတ်ခံထားရသူများသည်း မည်သည့်စာချုပ်ကိုမျှ လက်မခံနိုင်၊ မပြုလုပ်နိုင်တော့ပေ။ထို့ကြောင့်ပင် ဂါ့စ်သည် ခီရာနှင့် စာချုပ်ချုပ်၍ မရခဲ့ခြင်းဖြစ်သည်။

“ ယန္တရားဆရာသခင်တစ်ယောက်အနေနဲ့ ကျုပ်ရဲ့တိုက်ခိုက်ရေးစွမ်းအားက နတ်ဆိုးဘုရင်အဆင့်ပဲ ရှိတယ်။ပြီးတော့လည်း ကျုပ်က ကျုပ်ရဲ့လက်ရာတွေကို တိုးတက်အောင် လုပ်ချင်တယ်။အဲဒါကြောင့် အားကြီးတဲ့သူကိုမှီခိုရမယ်။[ ဝိညာဉ်လက်ထိပ် ] ကို လက်ခံရတာက အကူအညီမဲ့ လုပ်ရပ်တစ်ခုပဲ။မဟုတ်ရင် ကျုပ်က ဒီနေ့ ဒီနေရာကို ဘယ်လိုလုပ်ပြီးတော့ ရောက်လာနိုင်မှာလဲ။ ”

ယာကော့ဗ်သည် [ ဝိညာဉ်လက်ထိပ် ]၏ စွမ်းအားကိုသိသည်။ထို့ကြောင့် မကျေမနပ် မြည်တွန်တောက်တီးလိုက်သည်။

“ မာနူက အမြဲတမ်း အဲလိုကောက်ကျစ်တဲ့ လှည့်ကွက်တွေကို သုံးတယ်။အဲဒီ အဇ်ဂါလောလည်း ဘာမှမထူးဘူး။ဆရာသခင်။ကျုပ်မှာ မာနူကို [ ဝိညာဉ်လက်ထိပ် ] ဖြုတ်အောင် လုပ်နိုင်မယ့် နည်းလမ်းရှိတယ်ဆိုရင် ကျုပ်ကို အညံ့ခံမှာလား။ ”

ချန်လွေ့၏နှလုံးသား လှုပ်ရှားသွားသည်။ယာကော့ဗ်၏ စကားများသည် အကြောင်းအရာတစ်ခုကို ပေါ်လွင်စေခဲ့သည်။ နတ်ဆိုးအရှင်သခင်အဆင့် သုံးယောက်ဖြစ်တဲ့ မာနူ၊အဇ်ဂါလောနဲ့ ယာကော့ဗ်တို့က သဘောထားကွဲလွဲနေတဲ့ပုံပဲ။

All Chapters