← Chapters

ရုပ်အမှန်လား။ဆင်တူတဲ့ မိန်းမနှစ်ယောက်

Vol. 19 Ch. 279

ရုပ်အမှန်လား။ဆင်တူတဲ့ မိန်းမနှစ်ယောက်

Vol. 19 Ch. 279

“ အရင်တစ်ခေါက် ဖာတီလုက ဆရာသခင်ကို ရိုင်းပျစွာနဲ့ ဖိတ်ကြားခဲ့ပြီးတော့ သွေးရောင်နွယ်မြို့မှာ အကြာကြီးနေခဲ့ရတယ်။အဲဒါကြောင့် ကျွန်မက ဆရာသခင်ကို တောင်းပန်ချင်နေခဲ့တာ။ဒါပေမဲ့ ကံဆိုးချင်တော့ အခွင့်အရေး မရခဲ့ဘူး။အခု ကျွန်မက အစားထိုးအနေနဲ့ ဆရာသခင်ကို စားသောက်ဖို့ ဖိတ်ပါတယ်။ ”

ဆာဘရီနာသည် ဝိုင်ပုလင်းတစ်လုံးကိုင်ထားပြီး ချန်လွေ့၏အရှေ့၌ ဝိုင်ခွက်ကို ဖြည့်ကာ ကမ်းပေးလိုက်သည်။

“ ဒါက ဒီနေ့ အပြင်က လက်ထောက်တစ်ယောက်ကနေရထားတဲ့ ထိပ်တန်း ခရမ်းဘယ်ရီဝိုင်ပါ။ ဆရာသခင် ဒါကို သုံးသပ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ”

ချန်လွေ့က အလျင်အမြန်ပင် ဝိုင်ခွက်ကိုကိုင်ပြီး ပြုံးလိုက်သည်။

“ မဒမ်။စိတ်ထဲမထားပါနဲ့။ဒီဝိုင်ကို တောင်းပန်တာလို့ ကျုပ်လက်ခံလို့ရပါတယ်။ ပြီးတော့လည်း မဒမ်က ဝါးမျိုခြင်းခန်းမရဲ့ သခင်မပဲ။ အဲလိုမဟုတ်ရင်တောင် မဒမ်လို အသက်ရှူမှားလောက်စရာ မိန်းမလှမျိုးကို ဘယ်သူ အပြစ်တင်ရက်မှာလဲ။ ”

“ ဆရာသခင်က တကယ် ပြောတတ်တာပဲ။ ”

ဆာဘရီနာ၏ ရွှေရောင်မျက်လုံးများမှ ပြုံးသည့်အရိပ်အယောင် ဖျပ်ခနဲ ဖြစ်သွားသည်။

“ သခင်မလို့ ခေါ်တာကို ကျွန်မ တော်တော်လေး သဘောကျတယ်။လာ။ချီးယားစ်။ ”

သူတို့ ခွက်ချင်းတိုက်လိုက်ကြသည်။ ချန်လွေ့သည် တစ်ခါတည်း အကုန်မော့ လိုက်သည်။ ဆာဘရီနာက တစ်ငုံသာ သောက်လိုက်၏။သူ၏ လှပကြော့ရှင်းသော အမူအရာသည် တော်ဝင်ခြင်းနှင့် အလှအပကို ဖော်ပြပေးနေသည်။ ဒီမိန်းမရဲ့ ဆွဲဆောင်မှုက တော်တော်လေးထူးခြားတာပဲ။အသက်ပိုငယ်ပြီး တက်တက်ကြွကြွရှိတဲ့ ဖာတီလု ဒီမှာရပ်နေရင်တောင် မှိန်ပျနေမှာပဲ။

ချန်လွေ့သည် စကားပြောရင်း ဆာဘရီနာ ဖိတ်ကြားရခြင်း၏ ရည်ရွယ်ချက်ကို တိတ်တဆိတ် အဖြေရှာနေခဲ့သည်။

“ ကျုပ် အမှန်အတိုင်းပြောပါမယ်။ကျုပ်တစ်ရက်လုံး စမ်းသပ်ခန်းမှာ ဘာမှ မစားရသေးဘူး။ ဒီစားသောက်ပွဲ၏ အတွင်းအလှတရားကို မြည်းကြည့်ဖို့အတွက် ကျုပ်ရဲ့ဝမ်းဗိုက်ကို သုံးလို့ရမလား မသိဘူး။ ”

“ ဖာတီလုက ဆရာသခင်ကို မေ့မရတာ ဒါကြောင့်ကိုး။ဆရာသခင်က တကယ့်ကို ဟာသဉာဏ်ရှိတဲ့သူတစ်ယောက်ပဲ။ ”

ဆာဘရီနာ ရယ်လိုက်ပြီး သစ်သီးအနည်းငယ် စားရန် ခက်ရင်းတစ်ချောင်း ထုတ်လိုက်သည်။

“ တကယ်တော့ ကျွန်မ ရိုင်းပျမိသွားတယ်။ ကိုယ့်အိမ်လို သဘောထားပါ။ဆရာသခင်။ ”

ချန်လွေ့လည်း အားမနာပေ။ စူပါစနစ်၏ အချိန်စည်းမျဉ်းသည် အံ့ဩဖွယ်ရာဖြစ်ပြီး အမှန်တကယ် တစ်ရက်သာ ကြာသော်လည်း စိတ်ဝိညာဉ်နှင့် သက်လုံကုန်ခမ်းခြင်းမှာ အတော်လေး များပြားလှသည်။ ၎င်းသည် စားစရာနှင့် အိပ်စက်ခြင်းတို့နှင့် ဖြည့်တင်းရမည်ဖြစ်သည်။

ချန်လွေ့ အငမ်းမရ စားနေသည်ကို ကြည့်ရင်း ဆာဘရီနာ ခေါင်းရမ်းလိုက်သည်။

“ အိပ်မက်ဆိုးတောင်ကြားက အစေခံတွေကို အပြစ်ပေးရမယ်။သူတို့က တကယ်ကြီး ဆရာသခင်ကို တစ်နေ့လုံး စားစရာမပြင်ပေးခဲ့ဘူး။ ”

“ သူတို့ ပြင်ဆင်ထားရင်တောင် အသုံးမဝင်ပါဘူး။ ကျုပ်က သုတေသနကို အာရုံစိုက်ထားတဲ့ အချိန် မျက်လုံးထဲမှာ ဘာမှမရှိတော့ဘူး။ နိုးတဲ့အခါ ဗိုက်ဆာလာရော။ ”

ချန်လွေ့က မရေမရာ ပြန်ဖြေလိုက်သည်။

“ ဒါပေမဲ့ အဲဒီက စားစရာတွေက ခင်ဗျားရဲ့ ဒီနေရာမှာရှိတဲ့ အရသာရှိတဲ့ စားစရာတွေနဲ့ မယှဉ်နိုင်ပါဘူး။ ”

“ ဆရာသခင်က လက်တလော တော်တော်လေး သုတေသန လုပ်နေတဲ့ပုံပဲ။ ”

ဆာဘရီနာက ရိုးရိုးလေး မေးသည်။

“ အခြေအနေ ဘယ်လိုရှိလဲ မသိဘူး။ ”

ချန်လွေ့ သက်ပြင်းချလိုက်သည်။

“ အဆောင်ပစ္စည်း(၇)ခုက ဂုဏ်သတင်းနဲ့ တကယ်ထိုက်တန်တယ်။နတ်ဆိုးဒိုင်း မျက်နှာပြင်မှာရှိတဲ့ မှော်စက်ဝိုင်းက နက်ရှိုင်းပြီးတော့ လေးနက်တယ်။ အခုထိတော့ ကျုပ် နားမလည်သေးဘူး။ဒါက ကျုပ်အတွက် ခေါင်းကိုက်စရာ ဖြစ်နေတာ။ ”

ချန်လွေ့က ဆာဘရီနာသည် မိမိကို အစ်အောက်ကြည့်နေကြောင်းသိသည်။ထို့ကြောင့် မစဉ်းစားဘဲ တမင်တကာ ပြန်ဖြေခဲ့သည်။ အမှန်တယ်၌ ချန်လွေ့သည် နတ်ဆိုးဒိုင်းကို လေ့လာနေခဲ့ခြင်း မဟုတ်ပေ။ တစ်နေ့ငါးခါ [ အထူးစိစစ်မှု ]ကိုသာ အသုံးပြုသည်။ အချိန်အများစုကို မယ်ဂရီဇ် အခြေအနေ၌ လေ့ကျင့်ရန်အတွက် အသုံးချခဲ့သည်။

“ ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်ဖို့လည်းမမေ့နဲ့ဦး။အလုပ်မပိစေနဲ့။ ”

‌ဆာဘရီနာ အသာလေးပြုံးပြီး စိုးရိမ်စွာဖြင့် ပြောလိုက်သည်။

“ ဆရာသခင်မှာ ဝါသနာ သုံးခုရှိတယ် မဟုတ်လား။ဆရာသခင်က အခု ယန္တရားပညာကိုပဲ စိတ်နှစ်ထားပြီးတော့ ဦးလေးပေးထားတဲ့ အစေခံ လှလှလေးတွေကို လျစ်လျူရှုထားတယ်။ ”

“ ကျုပ်က နည်းနည်း ‌ဂျီးများတယ်။အဲဒီအစေခံတွေကို တစ်ယောက်မှ စိတ်မဝင်စားဘူး။ ”

ချန်လွေ့က မိမိသည် သလင်းကျောက်တောင်ကြားသို့ ရောက်စဉ်ကတည်းက မည်သည့်မိန်းမကိုမျှ မထိတွေ့ခဲ့ပေ။ ထို့ကြောင့် ၎င်းသည် အတော်လေး အံ့အားသင့်စရာ ကောင်းပေသည်။

“ ဒါဆို ဆရာသခင်က ဘယ်လိုမိန်းမမျိုးကို သဘောကျတာလဲ။ ”

ဆာဘရီနာက မြူဆွယ်သည့်အသံဖြင့် ချဉ်းကပ်လာခဲ့သည်။

ချန်လွေ့ တိတ်တဆိတ် အံ့အားသင့်သွားသည်။ သူက တကယ်ပဲ ငါ့ကိုကိုယ်တိုင် မြူဆွယ်တော့မှာလား။ ယခင်က ဆာဘရီနာအပေါ် ချန်လွေ့ တမင်တကာ လေးစားအားကျကြောင်း ဖော်ပြခဲ့သည်မှာ ဆာဘရီနာသည် မဟာနတ်ဆိုးဘုရင် အဆင့် ( ထိုထက်မြင့်နိုင် ) ဖြစ်ပြီး နတ်ဆိုးအရှင်သခင်တစ်ယောက်၏ မယားကြီး ဖြစ်ကြောင်းကို ချန်လွေ့သိသည့်အတွက်ကြောင့် ဖြစ်သည်။ ထို့ကြောင့် ဆာဘရီနာသည် မိမိကိုယ်ကိုစတေးပြီး အပေးအယူလုပ်ရန် မဖြစ်နိုင်ပေ။ ချန်လွေ့သည် ၎င်းကို အသုံးချကာ တဏှာကြီးသော သဘာဝကိုလည်း ရှင်းပြ၍ရသည်။ မမျှော်လင့်ဘဲနှင့်....

“ ဆရာသခင်က နည်းနည်းကြောက်နေသလိုပဲ။ ”

ယခုအကွာအဝေးဖြင့် ချန်လွေ့သည် ဆာဘရီနာထံမှ ရနံ့ကို သေသေချာချာ ခံစားမိသည်။ နတ်ဆိုးဘုံတွင် ရေမွှေးမရှိပေ။ သို့သော် ၎င်းနှင့်ဆင်တူသော အစားထိုးများ ရှိကြသည်။ ချန်လွေ့သည် ဆာဘရီနာ ဝိုင်လောင်းထည့်ပေးစဉ်က ၎င်းကို သတိမထားမိခဲ့ပေ။ သို့သော် ယခုတွင် ထိုရနံ့သည် ပို၍ပြင်းထန်လာပြီး ဆာဘရီနာ၏ ခန္ဓာကိုယ်သည်လည်း ပူနွေးလာသယောင် ညွှန်ပြနေပေသည်။

“ မဒမ်။ကျုပ် မကြောက်ဘူးပြောရင် လိမ်ရာကျမှာပေါ့။ မဒမ်လိုမျိုး အသက်ရှူ မှားလောက်စရာ မိန်းမလှတစ်‌ယောက်နဲ့ ရင်ဆိုင်ရတော့ ကျုပ် တည်တည်ငြိမ်ငြိမ် မနေနိုင်ဘူး။ ”

ကိုယ့်ကိုယ်ကိုယ် ထောင်ခြောက်ထဲ ထည့်နေခြင်းဖြစ်ကြောင်း ခံစားမိသော်လည်း ချန်လွေ့သည် ဆက်လက် သရုပ်ဆောင်ရဦးမည် ဖြစ်သည်။ထို့ကြောင့် ချန်လွေ့သည် ဆာဘရီနာ၏ ခန္ဓာကိုယ်ကို စိုက်ကြည့်နေတော့သည်။

ဆာဘရီနာက ပြုံးရင်းပြောသည်။

“ ဆရာသခင်က ကျွန်မရဲ့မျက်နှာကို တစ်ခါမှ မမြင်ဖူးဘဲနဲ့ ကျွန်မက အသက်ရှူမှားလောက်တဲ့ မိန်းမလှ တစ်ယောက်ဆိုတာ ဘယ်လိုသိတာလဲ။ ”

“ ကျုပ်က ဘယ်အချိန် နောက်ဆုံးရမလဲဆိုတာ မသိတဲ့ ငတုံးတစ်ယောက် မဟုတ်ပါဘူး။ ကျုပ်က မဒမ်ရဲ့ စွမ်းအားမဲ့ အဆင့်အတန်းကို မော်ကြည့်လို့ပဲ ရတယ်ဆိုတာ သိပါတယ်။ ”

ချန်လွေ့ပါးစပ်ထဲ၌ စားစရာမရှိသော်လည်း ဗလုံးဗထွေးလေသံနှင့် ပြောလိုက် သေးသည်။

“ ကျုပ်က မဒမ်ရဲ့ မျက်နှာကို တစ်ချက်ကြည့်ခွင့် ပေးဖို့ပဲ တောင်းဆိုနေတာပါ။ကျုပ် ဘာမှထပ်ပြီး မလိုချင်ပါဘူး။ ”

“ ကျုပ်ဘာမှ ထပ်ပြီးမလိုချင်ပါဘူး ” ဟူသော စကားကို နောက်‌ဆုတ်ရန်အတွက် ရှေ့တစ်လှမ်းတိုးသည်ဟု မှတ်ယူ၍ရသည်။ တကယ်လို့ ရှောင်မရတော့ဘူးဆိုရင်တော့ ငါ့ရဲ့သူလျှိုဆိုတဲ့ သရုပ်ကို မပေါ်အောင်လို့ ငါ အပေးအယူ လုပ်ပြီးတောာ့ အကျိုးအမြတ်ကိုခံစား...မဟုတ်ဘူး....ကြီးကြီးမားမား စတေးရမယ်။

ဆာဘရီနာ၏ မျက်လုံးများ အရောင်လက်သွား၏။

“ ဆရာသခင်က ဖာတီလုကို ဒီနည်းလမ်း သုံးခဲ့တာလား။ဖာတီလုက အခုတလော စိတ်နဲ့လူနဲ့ မကပ်ဖြစ်နေတယ်။ ကြည့်ရတာ သူ့ရဲ့နှလုံးသားကို ဆရာသခင်က တကယ် ခိုးယူသွားတဲ့ပုံပဲ။ ”

ချန်လွေ့ တိတ်တဆိတ် သတိထားလိုက်သည်။ နတ်‌ဘုရား-ဝါးမျို မျက်နှာဖုံးက ထိန်းချုပ်ထားသော ရုပ်သေးသည် ပုံမှန်အားဖြင့် ကနဦးအခြေအနေ၌ မည်သည့်လက္ခဏာမျှ မပြပေ။ သို့သော်လည်း ရံဖန်ရံခါ၌ မသိမသာလက္ခဏာများ ပေါ်လာတတ်သည်။ ဆာဘရီနာ၏ လေသံကို ကြည့်ရသည်မှာ သူသည် အမှန်တရားကို ရှာတွေ့ပုံ မရသေးပေ။ ဖာတီလုက ချန်လွေ့အား စိတ်ဝင်စားနေသည်ဟူ၍သာ ဆာဘရီနာ အထင်မှားနေ၏။

ရုပ်သေးပညာရပ်သည် ဘယ်ဇီဘတ် တော်ဝင်မိသားစု၏ သွေးမျိုးဆက်ပါရမီ မဟုတ်သော်လည်း အဆောင်ပစ္စည်းများကို နှစ်ပေါင်းများစွာ အသုံးပြုခြင်းကြောင့် လျို့ဝှက်ရုပ်သေး ပညာရပ်တစ်ခု ဆင်းသက်လာခဲ့သည်။ သေချာသည်မှာ ၎င်းကို နတ်ဘုရား-ဝါးမျို မျက်နှာဖုံး၏အစွမ်းနှင့် လုံးဝယှဉ်၍မရနိုင်ပေ။ ဆာဘရီနာနှင့် အဆင်ပြေသေးသော်လည်း ဘယ်ဇီဘတ် ‌တော်ဝင်မိသားစု၏ လျို့ဝှက်ပညာရပ်များကို ကျွမ်းကျင်ထားသော အဇ်ဂါလောသာဆိုလျှင် ဖာတီလု၏ ဟာကွက်များကို မြင်တွေ့သွားနိုင်ချေ များသည်။ ထို့ကြောင့် ဖာတီလုကို သလင်းကျောက်တောင်ကြားမှ ထွက်သွားခိုင်းခြင်းဖြစ်စေ၊ အဇ်ဂါလော ပြန်မလာခင် လှုပ်ရှားခြင်းဖြစ်စေ ပြုလုပ်ရပေမည်။ လက်ရှိအခြေအနေအရ ဒုတိယနည်းလမ်းမှာ ပို၍ဖြစ်နိုင်ချေရှိသည်။

“ ကျုပ် အမှန်အတိုင်းပဲ ပြောပါ့မယ်။မဒမ်။တကယ်တော့ မစ်-ဖာတီလုအပေါ် ကျုပ်ရဲ့ ပထမဆုံးအမြင်က တော်တော်လေး ကောင်းတယ်။ ”

ချန်လွေ့ ခေါင်းခါလိုက်သည်။

“ ဒါပေမဲ့ သူရဲ့ အချိန်ခဏ အတူတူနေပြီးတော့ သူ့စရိုက်က ကိုင်တွယ်ရခက်ခဲတာကို သိလာခဲ့တယ်။တစ်ဖက်မှာလည်း မဒမ်ရဲ့ စိတ်နေစိတ်ထားနဲ့ စာနာစိတ်ကို ကျုပ်ကိုယ်ကျုပ် ထိန်းချုပ်ရတာ ခက်ခဲစေတယ်။ ကျုပ်ရဲ့ ဆန္ဒသေးသေးလေးကို ဖြည်းဆည်းပေးနိုင်မလား။ ”

ဆာဘရီနာသည် သမီးဖြစ်သူ၏စရိုက်ကို သိသော်လည်း သဘောမတူသေးပေ။သူ မူနေဆဲပင် ဖြစ်သည်။

“ တကယ်‌တော့ အိပ်မက်ဆိုးတောင်ကြားမှာ ဆရာသခင် တောင်းဆိုလိုက်တာနဲ့ မိန်းမမျိုးစုံကို ရနိုင်တာပဲ။ ကျွန်မထက် ပိုငယ်ပြီးတော့ ပိုလှတဲ့မိန်းကလေးတွ အများကြီးပါပဲ။ ”

“ သူတို့ထဲက တစ်ယောက်မှ မဒမ်၏ တစ်သန်းပုံတစ်ပုံလောက်တောင် မကောင်းဘူး။ ”

ချန်လွေ့က ဆာဘရီနာ၏ မျက်နှာကို စိုက်ကြည့်လိုက်သည်။

“ ဘာလို့လဲ မသိဘူး။ကျုပ် ခင်ဗျားကို တွေ့ပြီးကတည်းက တခြားမိန်းမတွေကို တွေ့တဲ့အခါ အမြဲတမ်း ငြီးငွေ့သွားခဲ့တယ်။ ကျုပ် အိပ်မက်တိုင်း ခင်ဗျားပါတယ်။ အိပ်မက်ထဲမှာ ခင်ဗျားရဲ့ ဇာမျက်နှာလွှားကို ဖယ်တော့မယ့်အချိန်တိုင်း ကျုပ် နိုးလာခဲ့တယ်။ မဒမ်....။ ကျုပ် တစ်ချက်လောက် ကြည့်လို့ ရမလား။ ”

ဆာဘရီနာ၏ စိတ်ထဲ၌ မပျော်ရွှင်သွားဘူးဆိုလျှင် လိမ်ရာကျပေလိမ့်မည်။ သို့သော်လည်း ချန်လွေ့ကို ဖိတ်ကြားရခြင်းမှာ ဆာဘရီနာ၌ ရည်ရွယ်ချက် ရှိသည်။ ယခုတွင် အရှိန်အဟုန်သည် ထိုနေရာသို့ ရောက်လုနေပြီ ဖြစ်သည့်အတွက် သူ ဖြည်းညင်းစွာ သက်ပြင်းချလိုက်သည်။

“ ဆရာသခင် တောင်းဆိုမှတော့..... ”

ထိုသို့ပြောပြီးနောက် ဆာဘရီနာသည် ဇာမျက်နှာလွှားကို ဖြည်းဖြည်းချင်း ဖယ်ရှားလိုက်သည်။ ထို“ဖြည်းဖြည်းချင်းလှုပ်ရှားမှု”သည် အလွန် ပညာရပ် ဆန်လှသည်။ ဆာဘရီနာသည် အရင်ဦးစွာ နူးညံ့သောနှာခေါင်းကိုပြသသည်။ ထို့နောက် ဆွဲဆောင်မှုရှိသော အနီရောင်နှုတ်ခမ်း၊ ထို့နောက် ဝိုင်းဝန်းသောမေးစေ့ကို ပြသသည်။ ဆာဘရီနာသည် အမှန်တကယ်ပင် အသက်ရှူမှားလောက်စရာ ရုပ်ရည်ရှိလေသည်။

ချန်လွေ့၏နှလုံးသား တုန်လှုပ်သွားခဲ့သည်။ ၎င်းမှာ ဆာဘရီနာ၏ အလှအပကြောင့် မဟုတ်ဘဲ သူ၏ မျက်နှာသည် ကြယ်ကြွေတမန်အင်ပါယာ မြို့တော်မှ အစ်ဇဘယ်လာနှင့် ဆင်တူသောကြောင့်ပင် ဖြစ်လေသည်။

အစ်ဇဘယ်လာက ဘယ်ဖီဂေါ တော်ဝင်မိသားစု ဖြစ်ပြီးတော့ ဆာဘရီနာက လီဗျာသန် တော်ဝင်မိသားစု ဖြစ်နေတယ်။ဒါက တိုက်ဆိုင်မှုတစ်ခု သက်သက်ပဲလား။

အစ်ဇဘယ်လာက သူ့ရဲ့ အမေမတူတဲ့ အစ်မ ဖြစ်မယ်လို့ ရိုမန်ပြောခဲ့ဖူးတယ်။ ပြီးတော့လည်း သူ့ရဲ့အဖေက ဘရော့ခ် လက်ထဲမှာ သေသွားခဲ့တာ။ဆာဘရီနာက ဘရော့ခ်ရဲ့ညီမ။ ဒီကြားထဲမှာ ဆက်နွှယ်မှုတစ်ခုခု ရှိနေတာလား။

ချန်လွေ့၏အတွေးများသည် ထိုအချိန်၌ ဖရိုဖရဲ ဖြစ်နေခဲ့သည်။ ချန်လွေ့၏ အံ့ဩသင့်မှုသည် ဆာဘရီနာထံမှ မလွတ်မြောက်ခဲ့ပေ။ သူ အသာလေး ပြုံးလိုက်သည်။

“ ကျွန်မ ဆရာသခင်ကို စိတ်ပျက်သွားစေမိခဲ့တာလား။ ”

ချန်လွေ့၏စိတ်ထဲ၌ အတွေးပေါင်းစုံရှိနေပြီး ဆာဘရီနာ၏ မျက်နှာကို စိုက်ကြည့်ကာ ပြောသည်။

“ မဒမ်ရဲ့ရုပ်ရည်က ပြိုင်ဘက်ကင်းပါပဲ။ဒါပေမဲ့ ကျုပ်ကို စိတ်အနှောင့်အယှက် ဖြစ်စေတာ တစ်ခုရှိတယ်။ကျုပ် အဖြေရမှ ဖြစ်မယ်။ခင်ဗျား ကြယ်ကြွေတမန် မြို့တော်ကို ရောက်ဖူးလား။မဒမ်။ ”

ချန်လွေ့ ယနေ့ ဤနေရာသို လာရခြင်း၏ ရည်ရွယ်ချက်မှာ မြူဆွယ်ရန် နှင့် မြူဆွယ်ခြင်းကို လက်ခံရန်မဟုတ်ဘဲ ဆာဘရီနာ၏ အသေးစိတ် အချက်အလက်ကို အဖြေရှာရန်ဖြစ်သည်။ ထို့ကြောင့် သူသည် အခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်ပေ။

ဆာဘရီနာ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။သူ၏မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ဖြတ်သွားပြီးနောက် ချက်ချင်းပင် ပုံမှန်ပြန်ဖြစ်သွားသည်။

“ ဆရာသခင် ဘာကိုပြောချင်တာလဲ။ ”

ဆာဘရီနာ၏ အနည်းငယ်ပြောင်းလဲမှုများကို ချန်လွေ့ မြင်သွားခဲ့ပြီး အစ်ဇဘယ်လာနှင့် ဆာဘရီနာ ဆက်နွှယ်နိုင်ကြောင့် စိတ်ထဲ၌ ယူဆလိုက်သည်။ ထို့နောက် ချန်လွေ့ အကြံတစ်ခု ရသွားသည်။ သူ အံကြိတ်ကာ အရဲစွန့်ပြီး ပြောလိုက်သည်။

“ ကျုပ် အခုလိုမျိုး မအောင်မြင်လာခင်တုန်းက ကြယ်ကြွေတမန်မြို့‌တော်ထဲ လျှောက်သွားခဲ့ဖူးတယ်။ အဲဒီနေရာမှာ ကျုပ် တစ်သက်လုံး မေ့မရတဲ့ အရှက်ကွဲမှုဖြစ်ခဲ့ရတယ်။ အဲဒီမိန်းမက..... ”

ချန်လွေ့၏ အရှက်ကွဲမှုသည် အရှုံးသမားများကို သူတို့သဘောကျသူများနှင့် ချောမောလှပသော လူချမ်းသာများက အရှက်ခွဲသည့် ဇာတ်လမ်းများကဲ့သို့ပင် ဖြစ်သည်။ ထိုကဲ့သို့ကုန်ကြမ်းများသည် ချန်လွေ့၏ယခင်ဘဝ၌ အလျှံပယ်ပင် ဖြစ်သည်။ ထို့ကြောင့် ယုတ္တိမရှိမည်ကို စိုးရိမ်စရာမလိုပေ။ထိုအကြောင်းပြချက်ကြောင့် ဇာတ်လိုက်ဖြစ်သူက ဆရာသခင်ဖြစ်နိုင်သည့်စွမ်းရည် ပိုင်ဆိုင်သွားသည့်အခါ ကြယ်ကြွေတမန် မြို့တော်၌ မနေချင်တော့ပေ။သူသည် ဆက်လက်၍ လျှောက်သွားပြီး အမှောင်လကို ဖြတ်ကျော်ကာ နောက်ဆုံး၌ အရိပ်နက်အင်ပါယာသို့ ရောက်ရှိသွားခဲ့သည်။

“ မျက်လုံးနဲ့ ဆံပင်အရောင်ကလွဲရင် မဒမ်ရဲ့ ရုပ်ရည်က အဲဒီမိန်းမနဲ့ တစ်ပုံစံတည်းပဲ။ ဒါက တိုက်ဆိုင်တာ ဖြစ်မှာပါ။ဒါပေမဲ့ မဒမ် ကျုပ်ကို အမှန်အတိုင်း ပြန်ဖြေမယ်လို့ မျှော်လင့်ပါတယ်။ ”

ချန်လွေ့သည် မျက်နှာတည်တည်ဖြင့် ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်သည်။

ဆာဘရီနာက စိတ်အနှောင့်အယှက် ဖြစ်သွားသည်။ သူ့ရဲ့ယန္တရားပညာက ဘယ်လောက်ပဲမြင့်မြင့်၊ သူ့စွမ်းအားက နတ်ဆိုးဘုရင်အဆင့်လေးပဲ။ သူက ငါ့ကို ဒီလိုလေသံနဲ့ ပြောရဲတယ်ပေါ့။ ဒါက ခုနကတုန်းက သူ့ရဲ့ လေးစားအားကျတာနဲ့ ပရောပရည်လုပ်တာ‌ထက် ပိုပြီး စိတ်ရှုပ်စရာကောင်းတယ်။

ဒါပေမဲ့ ဒီလူကို မာနူနဲ့ သလင်းကျောက်နဂါးတို့က လေးစားကြတယ်။ငါအခု သူ့ကို အသုံးချစရာ ရှိသေးတယ်။ အဲဒါကြောင့် မျက်နှာလွှဲလို့ မဖြစ်ဘူး။

“ အမှန်အတိုင်းပြောရရင် အဲဒီမိန်းက ကျွန်မနဲ့ နည်းနည်း သက်ဆိုင်တယ်။ ”

ဆာဘရီနာ သက်ပြင်းချလိုက်သည်။ ချန်လွေ့ မျက်မှောင်ကြုတ်သွားသည်ကို မြင်ပြီးနောက် ဆာဘရီနာ ချက်ချင်း ရှင်းပြသည်။

“ ဒါပေမဲ့ စိတ်ချပါ။ဆရာသခင်။အဲဒီမိန်းမက ကျွန်မရဲ့ ပြိုင်ဘက်ပါ။သူ့ရဲ့အစ်ကိုတောင် ကျွန်မရဲ့ အကြံအစည်ကြောင့် အသတ်ခံလိုက်ရတာ။အခွင့်အ‌ရေးရမယ်ဆိုရင် ကျွန်မ ဆရာသခင်အတွက် သူ့ကို ကူညီကိုင်တွယ်ပေးမှာပါ။ ”

ချန်လွေ့၏မျက်နှာပေါ်ရှိ ရန်လိုမှု တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ သို့သော်လည်း သူ၏စိတ် မတည်ငြိမ်နိုင်သေးပေ။ ဒီရုပ်ဆင်တူတဲ့ မိန်းမနှစ်ယောက်က တကယ်ပဲ ဆက်နွှယ်နေတယ်။ ပြိုင်ဘက်ဆိုတာကလည်း အဖွဲ့တူတူ မဟုတ်ဘူးလို့ ဆိုလိုတာမဟုတ်ဘူး။ဆာဘရီနာနဲ့ အီဇိုလာ တို့လိုမျိုးပေါ့။

တစ်နည်းပြောရရင် အစ်ဇဘယ်လာက ဒီအဖွဲ့အစည်းထဲကပေါ့။ ရိုမန်ရဲ့အဖေနဲ့ အစ်ဇဘယ်လာက တကယ်ပဲ မောင်နှမတွေသာဆိုရင် ရိုမန်ရဲ့ အဖေကို ဘရော့ခ် သတ်လိုက်တာ ဆာဘရီနာရဲ့ အကြံအစည်လား။ ဒီကိစ္စတွေက တော်တော်လေး ရှုပ်ထွေးတဲ့ပုံပဲ။

“ ဆရာသခင်။ဒီမျက်နှာက ဆရာသခင်ကို မကောင်းတာတွေ ပြန်သတိရ စေခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်။ ”

ဆာဘရီနာက ဇာမျက်နှာလွှားကို ဝမ်းနည်းစွာ ပြန်ဝတ်လိုက်သည်။

“ တောင်းပန်ရမှာက ကျုပ်ပါ။ ”

ချန်လွေ့က ခေါင်းကို ခပ်မြန်မြန် ခါလိုက်သည်။

“ ရိုင်းပျမိသွားတာ ကျုပ်ပါ။ရုပ်ရည်ဆင်တူပေမဲ့ ခင်ဗျားက အဲဒီမကောင်းတဲ့မိန်းမနဲ့ လုံးဝမတူဘူး။ခင်ဗျားက ကျုပ်ရဲ့နှလုံးသားထဲမှာ အလှပဆုံး မိန်းမ တစ်ယောက်ပဲ။ခင်ဗျားတစ်ခုခု တောင်းဆိုမယ်ဆိုရင် ကျုပ်ငြင်းမှာ မဟုတ်ပါဘူး။ ”

“ တကယ်ပြောတာလား။ ”

ချန်လွေ့၏ တည်တံ့သော မျက်နှာကိုကြည့်ရင်း ဆာဘရီနာ သက်ပြင်းချလိုက်သည်။

“ တကယ်တော့ ကျွန်မက ဒီနေ့ ဖာတီလုကို ‌ဆရာသခင်‌ဆီ အပ်နှင်းချင်တာ။ ဒါပေမဲ့ ဆရာသခင်က ဖာတီလုကို စိတ်မဝင်စားတာ ဝမ်းနည်းစရာပဲ။ကျွန်မရဲ့ ကြိုးစား အားထုတ်မှုတွေ အလကား ဖြစ်သွားခဲ့ရပြီ။ ”

“ ဘာလို့ အပ်နှင်းမှာလဲ။ဘာဖြစ်လို့လဲ။ ”

ချန်လွေ့က ဆာဘရီနာ၏ လေသံကိုလိုက်ပြီး ပြန်မေးသည်။

ဆာဘရီနာ ဝမ်းနည်းသွားပြီး ညာမျက်လုံးမှ စွမ်းအား ယဲ့ယဲ့လေးကို ဖုံးကွယ်ရန် အတွက် ခေါင်းငုံ့လိုက်သည်။သူ ပို၍ နာကျင်သွားဟန်ရသည်။

“ ကျွန်မရဲ့ယောက်ျား အဇ်ဂါလောက အီဇိုလာဆိုတဲ့ မိန်းမကို သဘောကျတယ်ဆိုတာ ဖာတီလုဆီကနေ ဆရာသခင် သိပြီးလောက်ပါပြီ။ အဲဒီမိန်းမက မန်မွန် တော်ဝင်မိသားစုဝင် ဖြစ်ပြီးတော့ သူ့ရဲ့စွမ်းအားက ကျွန်မကို ယှဉ်နိုင်တယ်။ ပြီးတော့ သူက အကောက်ကြံတတ်တယ်။ သူက ကျွန်မနေရာကို အစားထိုးဖို့အတွက် တစ်ကြိမ်မက လျို့ဝှက်ကြံစည်ခဲ့တယ်။ ”

“ ဆာ-အဇ်ဂါလောက သူ့ကို ဒီလိုလုပ်ခွင့်ပေးတာလား။ ”

“ သူက နှလုံးသားမရှိဘူး။အီဇိုလာကိုပဲ အမြဲဦးစားပေးတယ်။ သလင်းကျောက် တောင်ကြားမှာရှိတဲ့ ကျွန်မရဲ့ အရေးကြီးတဲ့တာဝန်တစ်ခုကိုတောင် သူက အဲဒီမိန်းမဆီ ပေးချင်နေခဲ့တာ။ အခြေအနေက ကျွန်မအတွက် ပိုဆိုးလာပြီ။သူက သလင်းကျောက် တောင်ကြားကို ၃ရက်အတွင်း ပြန်ရောက်မယ်လို့ သတင်းရထားတယ်။ အဲဒီမိန်းမရဲ့ စရိုက်အရတော့ ကျွန်မကို ထပ်ပြီးထိခိုက်အောင် လုပ်မှာပဲ။ကျွန်မက ကိုယ့်အသက်ကို စိတ်ထဲမထည့်ထားတော့ဘူး။ ဒါပေမဲ့ ဖာတီလုကို လက်မလွှတ်နိုင်ဘူး။အဲဒါကြောင့် ဖာတီလုက ဆရာသခင်ဆီ အပ်ထားချင်တယ်။ဆရာသခင်ရဲ့ လက်ရှိဂုဏ်ဩဇာနဲ့ဆိုရင် ဖာတီလုကို အဲဒီမိန်းမ အန္တရာယ်ပြုမှာကို ကာကွယ်ပေးနိုင်မှာပါ။ ”

သုံးရက်အတွင်း ပြန်လာမှာလား။ဒါဆို ခီရာ့အမေ ဖရီယာရော အတူတူ ပြန်လာမှာပေါ့။ ချန်လွေ့က တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။၎င်းကို ပြောသည့်အခါ ဆာဘရီနာက [ နတ်မိစ္ဆာမျက်လုံး ]ကို အသုံးပြုခဲ့ကြောင့် ချန်လွေ့ ခံစားမိခဲ့သည်။ ထိုစွမ်းအားသည် အားနည်းပြီး သိမ်မွေ့ကာ ခံစားချက်များကို ပိုပြင်းထန်လာစေသည်။ ချန်လွေ့သည် ချက်ချင်းပင် စားပွဲကို ဒေါသတကြီး ထုရိုက်လိုက်သည်။

“ ဘယ်လို။ မဒမ်။ ကျုပ်ကို ယုံကြည်တယ်ဆိုရင် ကြိုက်တာ အကူအညီတောင်းလို့ ရပါတယ်။ ”

“ ကျွန်မ ဆရာသခင်ကို ယုံကြည်ပါတယ်။ ”

ဆာဘရီနာ၏ ရွှေရောင်မျက်လုံးများ အရောင်တောက် သွားပြီးနောက် ပြန်မှိန်သွားပြန်၏။

“ ဆရာသခင်က ကူညီမယ်ဆိုရင် ကျွန်မတို့ သေချာပေါက် အနိုင်ရမှာပါ။ဒါပေမဲ့ ကျွန်မအတွက်နဲ့ အဲဒီရက်စက်တဲ့မိန်းမကို တိုက်ခိုက်ဖို့ မလိုအပ်ပါဘူး။ ”

“ ကျုပ်က အိပ်မက်ဆိုးတောင်ကြားရဲ့ တစ်စိတ်တစ်ပိုငိးပဲ။ဆာ-ယာကော့ဗ်ကလည်း ကျုပ်ကို အလေးအနက်ထားတယ်။အဲဒါကြောင့် အဲဒီမိန်းမ ကျုပ်ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ဒါပေမဲ့ ကျုပ် တောင်းဆိုစရာ တစ်ခုရှိတယ်။ ”

ချန်လွေ့က ဆာဘရီနာကို သဲကြီးမဲကြီး ကြည့်ပြီးနောက် ဆုံးဖြတ်ချက်ချကာ လေသံပြောင်းလိုက်သည်။

“ ကြယ်ကြွေတမန်မြို့တော်က အဲဒီမိန်းမကို ကျုပ်လိုချင်တယ်။ ”

လိုလိုလားလားနဲ့ ကူညီပေးရန် သံသယဝင်နိုင်တယ်။အဲဒါကြောင့် ငါတစ်ခုခု တောင်းဆိုရမယ်။ ဒါပေမဲ့ ဒီမိန်းမက ကတိအလွတ်ကြီး ပေးနေတာ သေချာတယ်။ သူက တကယ်“ပေးဖို့” စဉ်းစားနေတာ မဟုတ်ဘူး။အများဆုံး သူ့ရဲ့သမီး ကိုပဲ အပေးအယူအနေနဲ့ အသုံးချမှာ။

အမှန်တွင် ချန်လွေ့လည်း သရုပ်ဆောင်နေခြင်း ဖြစ်သည်။ထို့ကြောင့်ပင် သူသည် အစ်ဇဘယ်လာကို ရရှိရန် တောင်းဆိုခဲ့ခြင်းဖြစ်၏။ မည်သို့ပင် ဖြစ်စေ ၎င်းသည် ကတိအလွတ်သာ ဖြစ်သည်။

ထိုတောင်းဆိုချက်သည် ဆာဘရီနာကို စိတ်ချသွားစေပြီး တစ်ချိန်တည်းမှာပင် ထူးထူးဆန်းဆန်း မကျေမနပ် ခံစားလိုက်ရသည်။ မိမိကို “လိုက်ပိုးပန်းနေသော”သူကို စိတ်မဝင်စားသော်လည်း ထိုသူသည် အခြားမိန်းမတစ်ယောက်ဆီ ရောက်သွား သကဲ့သို့ပင် ဖြစ်သည်။

ဒါပေမဲ့ ဆရာသခင်ရဲ့ အမုန်းတရားကို ကြည့်ရတာ အစ်ဇဘယ်လာကို လိုချင်တာက လက်စား‌ချေဖို့ပဲဖြစ်ရမယ်။ ဆရာသခင်က ရက်စက်ခြင်းမှာ သာယာတဲ့သူ ဖြစ်ဖို့များတယ်။ ပြီးတော့လည်း သူက ငါ့မျက်နှာနဲ့ဆင်တူတဲ့ သူကိုအသုံးချပြီး ငါ့အတွက် လိုအင်ဆန္ဒတွေကို ပုံချနိုင်တာကိုလည်း မေ့ထားလို့မရဘူး။ ထိုသို့ စဉ်းစားပြီးနောက် ဆာဘရီနာ၏ မောင်ပိုင်စီထားလိုစိတ်နှင့် မနာလိုစိတ်တို့သည် တစ်နည်းတစ်ဖုံ ကျေနပ်သွားခဲ့သည်။

“ ကျွန်မ ကတိပေးပါတယ်။ ဒါပေမဲ့ အခုတော့ မဖြစ်နိုင်သေးဘူး။ အဲဒီမိန်းမ တန်ဖိုးမရှိတော့တဲ့ အခါကျရင် သူက ဆရာသခင်ရဲ့ ကျေနပ်စရာ အကောင်းဆုံး ကစားစရာ ဖြစ်လာစေရမယ်လို့ လီဗျာသန်တော်ဝင်မိသားစုရဲ့ မျိုးရိုးနာမည်နဲ့ ကျွန်မ ကျိန်ဆိုပါတယ်။ ”

ချန်လွေ့က အစ်ဇဘယ်လာသည် ဤအင်အားစုမှ အဖွဲ့ဝင်တစ်ယောက်ဖြစ်ကြောင်းကို အတည်ပြုလိုက်နိုင်သည်။ အမှန်တကယ်၌ ချန်လွေ့သည် ဆာဘရီနာနှင့် အီဇိုလာကြားရှိ တိုက်ခိုက်မှုကို သဘောကျသည်။ သူ တမင်တကာပင် စဉ်းစားဟန် ဆောင်ပြီး နောက်ဆုံး၌ သဘောတူလိုက်တော့သည်။

All Chapters