← Chapters

စိန်ခေါ်မှု နှင့် ဖရီယာ

Vol. 19 Ch. 281

စိန်ခေါ်မှု နှင့် ဖရီယာ

Vol. 19 Ch. 281

ချန်လွေ့ မလှုပ်ခဲ့ပေ။နောက်တွင် ဆာဘရီနာ ရှိသည်ဟူသော [ သရုပ်ခွဲမျက်လုံး ]၏ အသိပေးချက်ကို ချန်လွေ့ အလွန်အံ့အားသင့်သွားပုံရသည်။

အသေအချာပင် အပြာဖျော့ဖျော့ မြူနှင်းတစ်ခု အချိန်မီပေါ်ထွက်လာပြီး အငွေ့မည်းကို တားဆီးလိုက်သည်။ အငွေ့မည်းသည် မြူနှင်းကို အဆက်မပြတ် တိုက်စားနေ သော်လည်း တဖြည်းဖြည်းနှင့် အားနည်းလာကာ ပျောက်ကွယ်သွားတော့သည်။

ချန်လွေ့ ထိုတိုက်မိသော စွမ်းအက်နှစ်ခုထိ ထိတ်လန့်ဖွယ် အငွေ့အသက်များကို ခံစားရသည်။ ၎င်းသည် ချန်လွေ့ ယခုအချိန်တွင် ခုခံနိုင်သောအရာမျိုး မဟုတ်ပေ။ ဆာဘရီနာသည် အနည်းငယ်ပို၍ အစွမ်းထက်ပုံရသော်လည်း အီဇိုလာက စွမ်းအားထိမ်ချန်ထားခြင်း ဖြစ်နိုင်သည်ကိုလည်း မေ့ထား၍မရပေ။

“ ကြမ်းလှချည်လား။အီဇိုလာ။ ”

ဆာဘရီနာ၏ ခပ်တိုးတိုးရယ်သံ ထွက်လာသည်။

“ ပြန်လာတာနဲ့ သတ်ချင်နေတာပဲ။နင်ငါ့ကို ကြွားချင်နေတာလား။ ”

အီဇိုလာက ပြန်မဖြေဘဲ နှာမှုတ်လိုက်သည်။ သူ၏ မာနကြီးသော အမူအရာသည် အောက်ပါအတိုင်း ပြောနေသကဲ့သို့ပင် ဖြစ်သည်။

ကြွားတော့ရော ဘာဖြစ်လဲ။

“ နင်အမှားကြီးကြီး လုပ်မိသွားမှာ စိုးလို့ပါ။ ”

ဆာဘရီနာက ပုံမှန်ပင် ဖြစ်သည်။

“ သူက ဘယ်သူလဲ သိလား။နင် သူ့ကို ထိခိုက်အောင် လုပ်မယ်ဆိုရင် ဆာ-မာနူရော၊ ဆာ-‌ယာကော့ဗ်ရော နင့်ကို အလွတ်ပေးမှာ မဟုတ်ဘူး။ ”

အီဇိုလာ မျက်မှောင်ကြုတ်လိုက်သည်။ ထိုအချိန်၌ ဟောဖို့ဒ် အနားကပ်လာပြီး စကားအနည်းငယ် တီးတိုးပြောလိုက်သည်။ အီဇိုလာ အနည်းငယ် စိတ်လှုပ်ရှားသွားပြီး ချန်လွေ့ကို သုံးလေးခေါက်ကြည့်ကာ ပြောလိုက်သည်။

“ နတ်ဆိုးဘုံရဲ့ ထိပ်တန်း ပါရမီရှင် ဆရာသခင် ဖြစ်နေတာကိုး။ ခုနက အီဇိုလာ ရိုင်းပျမိသွားပါတယ်။ ”

ချန်လွေ့သည် သေရန်လက်တစ်ကမ်းအလိုမှ နိုးထလာခဲ့ပုံရသည်။ သူက ထိတ်လန့်နေသော ပုံစံဖြင့် ဒေါသတကြီး ခေါင်းညိတ်လိုက်သည်။ အီဇိုလာသည် “ဆရာသခင်”အား သူတို့တွေ့တွေ့ချင်း သတ်ချင်လိမ့်မည်ဟု ဆာဘရီနာ လုံးဝ မထင်ထားခဲ့ပေ။ သို့သော်လည်း ၎င်းသည် ချန်လွေ့၏ အစီအစဉ်အတိုင်းပင် ဖြစ်သည်။သူတို့နှစ်ဦးအကြား၌ ရန်လိုမှုပိုများလေလေ၊ ပိုကောင်းလေလေပင် ဖြစ်သည်။

အီဇိုလာသည် သတိလက်လွတ်ဖြစ်သွားကြောင်း သိသော်လည်း ဆာဘရီနာအရှေ့၌ အရှုံးမပေးချင်သည့်အတွက် ပြောလိုက်သည်။

“ ဆရာသခင်ရဲ့ အောင်မြင်မှုတွေကို ကျွန်မကြားတာ ကြာပါပြီ။ ကျွန်မက ဆရာသခင့်ကို ဖိတ်တော့မလို့ပါပဲ။ ဒါပေမဲ့ မမျှော်လင့်ဘဲနဲ့ ဆရာသခင်က ဒီကိုကြိုပြီး ရောက်နှင့်နေတယ်။ ”

ချန်လွေ့ ဖြေသည်ကိုမစောင့်ဘဲ ဆာဘရီနာ ပြောလိုက်သည်။

“ ဒါနဲ့ ဖာတီလု။နင် ဒေါ်လေး အီဇိုလာနဲ့ မတွေ့ရသေးဘူး မဟုတ်လား။ ”

ဖာတီလုက ဆာဘရီနာ၏နောက်မှ ရှေ့ထွက်လာပြီး အီဇိုလာအား ဒေါ်လေးဟုမခေါ်ဘဲ သရော်ပြုံးပြုံးလိုက်သည်။

“ ဒါက အဖေ့ရဲ့ ကိုယ်လုပ်တော်လား။မိန်းမလှ တစ်ယောက် ဖြစ်မယ်လို့ သမီးထင်ခဲ့တာ။ ဒါပေမဲ့ သာမန်ပါပဲ။ ”

“ ဖာတီလု။စကားကို သေချာကြည့်ပြော။ ”

ဆာဘရီနာ ပြုံးလိုက်သည်။

“ ဒါက နင့်အဖေ သဘောအကျဆုံး အဒေါ်ပဲ။ ”

ဖာတီလုက စက်ဆုပ်စွာ ပြောသည်။

“ သူက ယောက်ျားတွေကို မြူဆွယ်တတ်တဲ့ မိန်းမတစ်ယောက်ပါပဲ။ ပြီးတော့ သူက အိပ်ယာထဲမှာ ဘယ်လောက်ပဲကောင်းပါစေ၊ ဥမဥနိုင်တဲ့ နတ်ဆိုးငှက်ထက်အောင် နိမ့်ကျသေးတယ်။ ”

ထိုကဲ့သို့ ကြမ်းတမ်းသော စကားလုံးများသည် အီဇီုလာအား ဒေါသကြောင့် မျက်နှာ ဖြူဖျော့သွားစေသည်။ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်အတွက် ကလေးရနိုင်ရန် ခက်ခဲပေသည်။ သူ့ကို အဇ်ဂါလောက ဦးစားပေးသော်လည်း ကလေးမရသေးခြင်းသည် သူ၏အကြီးမားဆုံး နောင်တတစ်ခု ဖြစ်သည်။ ယခုတွင် ဖာတီလုက သူ့ကို လူပုံအလယ်၌ ထိုကဲ့သို့ ခေါ်သည့်အတွက် သူ၏သတ်ဖြတ်ချင်စိတ်များ ရုတ်တရက် မြင့်တက်လာခဲ့တော့သည်။

“ ဖာတီလု။နင်က တော်တော်ရိုင်းတာပဲ။ ”

ဆာဘရီနာက ဆုံးမဟန်ဆောင်လိုက်သော်လည်း ဆုံးမသည့်အရိပ်အယောင်ပင် မပေါ်ချေ။ သူသည် သမီးဖြစ်သူအရှေ့၌ရပ်ပြီး အားနည်းသည့် လက္ခဏာ လုံးဝမပြသဘဲ အီဇိုလာ၏ သတ်ဖြတ်ချင်စိတ်ကို ရင်ဆိုင်လိုင်သည်။

“ ငါနင့်ကို ပြောဖို့ မေ့သွားတယ်။ဆရာသခင်အာသာက ဖာတီလုရဲ့ ဖိတ်ကြားမှုကို လက်ခံပြီးတော့ သလင်းကျောက်တောင်ကြားနဲ့ ပူးပေါင်းလိုက်ပြီ။အခုလက်ရှိမှာ သူက ဆာ-မာနူ တန်ဖိုးအထားရဆုံး ပါရမီရှင်တစ်ယောက်ပဲ။ ”

အီဇိုလာက ဒေါသကို မျိုသိပ်ပြီး အေးစက်စက် ပြောလိုက်သည်။

“ ဆာဘရီနာ။နင် ဘာပြောချင်နေတာလဲ။ ”

“ မှတ်မိပြီ..... ။ နင်က အရင်လျို့ဝှက်ကြံစည်ပြီးတော့ ငါ့ဆီကနေ ဆန်းကြယ် တောင်ကြားရဲ့ ထိန်းချုပ်မှုကို ယူသွားခဲ့တယ်မလား။ ”

ဆာဘရီနာ၏ မျက်လုံးသည် အီဇိုလာ နောက်ဘက်ရှိ ယန္တရားပညာရှင် တစ်စုထံသို့ ကျရောက်သွားခဲ့သည်။

“ အချိန်တိုင်း နင်က ကြွားလုံးထုတ်ခဲ့တယ်။ ဒါပေမဲ့ ဘာမှ မရှိသေးဘူး။ နင်အခု ပြသနေတာတွေက ငါ့ရဲ့အရင်က ရလာဒ်တွေပဲ။ အခုတော့....အဲဒါကို ပြန်ယူဖို့ အချိန်ရောက်ပြီ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဆာ-မာနူနဲ့ ဆာ-ယာကော့ဗ်ဆီကနေ ခွင့်ပြုချက် ရထားပြီးပြီ။ ”

အီဇိုလာ၏မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသော်လည်း ပို၍စူးရှသွား၏။

“ နင်က စည်းမျဉ်းဟောင်းအတိုင်း ဖြေရှင်းချင်နေတာလား။ ”

“ စည်းမျဉ်းဟောင်းအတိုင်း မသွားလို့ စွမ်းအားချင်းယှဉ်လျှင် နင့်မှာ အခွင့်အရေး ရှိလို့လား။ ”

ဆာဘရီနာ သရော်ပြုံးပြုံးလိုက်သည်။ သူ၏ရွှေရောင်ဆံပင်များ တဖျတ်ဖျတ် ဖြစ်သွားပြီး ကုတ်အင်္ကျီလည်း လေမတိုက်ဘဲ လွင့်နေကာ ခြိမ်းခြောက်သည့် အငွေ့အသက်တစ်ခု ထုတ်လွှတ်လိုက်သည်။ အီဇိုလာ၏မျက်နှာ ပို၍ပင် ဖြူဖျော့သွသည်။ သူသည် နောက်သို့ တစ်လှမ်းပြီးတစ်လှမ်း ဆုတ်သွားရသည်။ သူ၏ခန္ဓာကိုယ်၌ အငွေ့မည်းများ ပြည့်နှက်နေခဲ့သည်။ သေချာသည်မှာ သူသည် ဆာဘရီနာ၏ အငွေ့အသက်ကို ခုခံနိုင်ရန်အတွက် အမှောင်မှော်ပညာအချို့ကို အသုံးပြုနေခြင်း ဖြစ်နိုင်သည်။ [ သရုပ်ခွဲမျက်လုံး ]၌ ဆာဘရီနာ၏ စွမ်းအားအကဲဖြတ်မှုသည် ချန်လွေ့ ထင်ထားသည့်အတိုင်းပင် နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်းသို့ ရောက်ရှိသွားသည်။

ဆာဘရီနာသည် စွမ်းအားထပ်မထုတ်တော့ဘဲ ဖြည်းဖြည်းချင်း ရုပ်သိမ်းလိုက်သည်။

“ အရင်တစ်ခေါက်တုန်းက အဲဒီစည်းမျဉ်းနဲ့ ငါနင့်ကို ရှုံးသွားတယ်ဆိုတော့ အခု အဲဒါကို မထိမရှဘဲ ပြန်ယူမယ်။ ”

အီဇိုလာ ပင့်သက်ရှိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။ထို့နောက် ဆာဘရီနာနောက်မှ ချန်လွေ့ကို ဖျပ်ခနဲကြည့်ပြီး အေးစက်စက် ပြောလိုက်သည်။

“ ပါရမီရှင် ဆိုတဲ့သူ‌ကို ခေါ်လိုက်ရုံနဲ့ နော်ရစ်ကို အနိုင်ရမယ်လို့ ထင်တာလား။ ”

“ တော်လိုက်တော့။ ”

ဆာဘရီနာက အသာလေး ရယ်လိုက်သည်။

“ စွမ်းဆောင်ရည်က အရာအားလုံးပဲ။ဆာ-ယာကော့ဗ်ကို ဒိုင်လူကြီးအနေနဲ့ ဖိတ်မယ်ဆိုရင်ကော။ အချိန်ကို နောက်၇ရက်မှာ ထားလိုက်မယ်။ ”

“ ကောင်းပြီ။ငါရှုံးရင် ဆန်းကြယ်တောင်ကြားရဲ့ ထိန်းချုပ်မှုကို နင့်ဆီပြန်ပေးမယ်။ ”

အီဇိုလာက သရော်ပြုံးပြုံးလိုက်သည်။

“ နင်ထပ်ပြီးတော့ ရှုံးရင်ကော။ ”

“ ဒါဆိုရင် ဆန်းကြယ်တောင်ကြားက ထာဝရ နင့်အပိုင်ဖြစ်ပြီ။ငါနင့်နဲ့ ထပ်ပြီးတော့ တိုက်ခိုက်မှာ မဟုတ်တော့ဘူး။ ”

“ အဲလောက်နဲ့ မရဘူး။နင်ရှုံးရင် ဝါးမျိုခြင်းခန်းမရဲ့ အိမ်ပြာကနေ ထွက်သွားရမယ်။ ”

အီဇိုလာက အေးစက်သောမျက်နှာဖြင့် ပြောလိုက်သည်။

ဆာဘရီနာက အပြစ်တင်တော့မည့် ဖာတီလုကို တားဆီးပြီး အေးအေးဆေးဆေး ပြန်ဖြေသည်။

“ ကောင်းပြီလေ။ ”

“ ဆာဘရီနာ။နင်ကိုယ်တိုင် ပြောတာနော်။နောင်တမရစေနဲ့။ ”

ထိုသို့ပြောပြီးနောက် အီဇိုလာ ထွက်သွားမည် ပြင်လိုက်စဉ် ဆာဘရီနာ၏ အေးစက်စက်အသံ ထွက်လာသည်။

“ မရီယာ။နင့်ရဲ့လက်ကဒဏ်ရာ ပျောက်သွားပြီလား။ဒီတစ်ခေါက် အီဇိုလာနဲ့ အပြင်ထွက်ပြီး ရှုခင်းကြည်ရတာ ပျော်စရာကောင်းရဲ့လား။ ”

ခီရာ၏အမေ ဖရီယာက ရုတ်တရက် သိမ့်သိမ့်တုန်သွားသည်။အီဇိုလာ ရုတ်တရက် ပြန်လှည့်ပြီး သရော်ပြုံးပြုံးလိုက်သည်။

“ သူ့ကို ဒဏ်ရာကုသပေးခဲ့တာငါပဲ။သူ့ကို အပြင်ခေါ်ထုတ်သွားတာလည်းငါပဲ။ဘာဖြစ်ချင်လဲ။ ”

ထို့နောက် ‌ဆာဘရီနာက ပြုံးရင်း ပြောလိုက်သည်။

“ သူက နိမ့်ကျတဲ့ကျွန်တစ်ယောက်ပါပဲ။ ငါ သိပ်ပြီးတော့လည်း ဂရုမစိုက်ဘူး။ ဒါပေမဲ့ ဒီတစ်ခေါက် နင်နဲ့အတူတူ အပြင်သွားခဲ့တယ်ဆိုတော့ သတင်းအချက်အလက် အများကြီး ရခဲ့မှာပဲ။ ငါသူ့ကို နောက်မှ ကောင်းကောင်းကြီး ‌ဆုချရမယ်။ ”

အီဇိုလာ၏မျက်လုံးထဲ၌ အေးစက်စက် အလင်းရောင် ဖျပ်ခနဲ လက်သွားသည်။ ထို့နောက်တွင် ဖရီယာသည် လက်ဝါးရုတ်တရက် အကြောဆွဲသွားသည့်အတွက် ညည်းညူလိုက်ပြီး လက်ဆယ်ချောင်းလုံး လုံးဝကျိုးသွားခဲ့သည်။

“ ဟမ့်။ငါနင့်ကို နဂိုအတိုင်း ပြန်ပေးမယ်။ ”

ထိုလုပ်ရပ်ကြောင့် ချန်လွေ့၏ အီဇိုလာအပေါ် အကောင်းမြင်စိတ်သည် ရွံရှာမှုအဖြစ် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ လက်ချောင်းများသည် နှလုံးသားနှင့် ဆက်နွှယ် နေသော်လည်း ဖရီယာကို အံကိုတင်းတင်းကြိတ်ကာ နာကျင်စွာ မအော်ရဲပေ။ သူသည် ထိုကဲ့သို့ လူမဆန်သော နှိပ်စက်မှုများကို မကြာခဏ ခံစားခဲ့ရသည်မှာ အသိအသာပင် ဖြစ်သည်။

ဖရီယာသည် ထိုမိန်းမနှစ်ယောက်ကြားရှိ ဒုက္ခသည် သို့မဟုတ် အပန်းဖြေစရာ ကစားစရာဖြစ်ကြောင်း ချန်လွေ့ ပြောနိုင်သည်။ တစ်ယောက်သည် ဖရီယာကို တမင်ဆက်ဆံပြီး ကျန်တစ်ယောက်က ‌ဆိုးဆိုးဝါးဝါး ဆက်ဆံသည်။ ဖရီယာ၏ ဒဏ်ရာများကို အီဇိုလာ ကုသပေးခဲ့ခြင်းမှာ စာနာသနား၍မဟုတ်ဘဲ ဤကဲ့သို့ အခြေအနေ၌ ထပ်မံချိုးရန် ဖြစ်သည်။

အီဇိုသည် ခရစ္စတီနားနှင့် ခဏကြာသည်အထိ ရန်ဖြစ်ခဲ့သည်။ သို့သော်လည်း ပျင်းလာသည့်အတွက် လူတစ်စုနှင့်အတူ ထွက်သွားလိုက်သည်။

“ တော်တော်လေး ရက်စက်တဲ့မိန်းမပဲ။ ”

ဆာဘရီနာက အသာလေး ရယ်လိုက်သည်။

“ လာခဲ့ပါဦး။ဖရီယာ။အိမ်ပြန်ရောက်ရင် ငါနင့်ကို ကုသပေးမယ်။ ”

“ ကုသပေးမယ်” ဟူသော စကားသည် ချန်လွေ့ကို သိမ့်သိမ့်တုန်သွားစေသည်။ သူသည် ထိုမိန်းမနှစ်ယောက်၏ ရက်စက်မှုကို ပို၍နက်နက်ရှိုင်းရှိုင်း သဘောပေါက် သွားခဲ့သည်။ ဖရီယာသည် ကတုန်ကယင်ဖြင့် ရောက်လာပြီး ဆာဘရီနာကို မော့မကြည့်ရဲပေ။

“ ဆရာသခင်။ဒီမိန်းမကို နည်းနည်း ရင်းနှီးတယ်လို့ မထင်ဘူးလား။ ”

ဖာတီလုက ပြောသည်။

“ မြင်သာမြင်ရပြီးတော့ ထိကိုင်လို့မရတဲ့ ခီရာကို မှတ်မိလား။ဒါက အဲဒီကောင်မရဲ့ အမေပဲ။ ”

ခီရာ၏နာမည်ကို ကြားလိုက်သည့်အခါ ဖရီယာ အနည်းငယ် ကြက်သီးထသွား၏။

“ အိုး ”

ချန်လွေ့က စိတ်ဝင်စားဟန် ပြသလိုက်သည်။ဖာတီလုပြောသောစကားများသည် သူ၏ထိန်းချုပ်မှုကြောင့်သာ ဖြစ်လေသည်။

“ ဖာတီလု ပြောတာမှန်တယ်။ဆရာသခင် စိတ်ဝင်စားတယ်ဆိုရင် ကျွန်မသူ့ကို ပေးမယ်လေ။ ”

ဆာဘရီနာက ပြောသည်။ဖရီယာသည် သူပျင်းသည့်အခါ နှိပ်စက်သော ပမွှား တစ်ယောက်သာ ဖြစ်သည်။ ယခုတွင် သူသည် ဆရာသခင်အာသာကို သိမ်းသွင်းရန်အတွက် ထိုအမှိုက်ကို အသုံးချနိုင်သည့်အတွက် ထိုက်တန်ပေသည်။

“ ခီရာရဲ့အမေလား။ဒါက ကျုပ်ကို ပိုပြီးတော့ စိတ်ဝင်စားသွားစေတယ်။ ”

ချန်လွေ့သည် လူယုတ်မာအပြုံးပြုံးရန် ကြိုးစားလိုက်သည်။ထို့နောက် ဖရီယာ၏ မေးစေ့ကို ကိုင်လိုက်၏။

“ ကြည့်ကောင်းသားပဲ။ဒါပေမဲ့ ဒီမိန်းမမှာရော အဲဒီစိတ်ရှုပ်စရာ ဝါးမျိုခြင်းခန္ဓာအမျိုးအစား ရှိလား။ ”

“ မရှိပါဘူး။အဲလိုဆိုရင် ကျွန်မကဘာလို့ ဆရာသခင်ကို ပေးရမှာလဲ။ ”

ဆာဘရီနာက ဟန်လုပ်ပြုံးလိုက်သည်။

“ ဆရာသခင်က လက်ခံတယ်ဆိုတော့ ကျွန်မ သူ့လက်တွေကို အရင်ပြင်ပေးလိုက်မယ်။ ”

“ မလုပ်နဲ့။ဒီလိုက........ဒါကို ကျုပ်ပိုပြီး သဘောကျတယ်။ ”

ချန်လွေ့က ထူးဆန်းသောမျက်နှာ ပြသလိုက်သည်။ အမှန်တကယ်၌ သူလည်း မကောင်းသလို ခံစားခဲ့ရသည်။ သို့သော်လည်း သူပို၍မကောင်းသည့်ပုံစံဖြစ်လေလေ ဖရီယာကို ပို၍ကာကွယ်နိုင်လေလေပင် ဖြစ်သည်။ သူ တအားဂရုစိုက်နေလျှင်၊ သို့မဟုတ် စိုးရိမ်နေလျှင် ‌ဆာဘရီနာ သံသယ ဝင်သွားနိုင်ပေသည်။ မည်သို့ပင် ဆိုစေကာမူ [ ဝိညာဉ်လက်ထိပ် ] ရှိနေသေးသည့်အတွက် ဖရီယာ၏ အသက် စိတ်မချရသေးပေ။

ဆာဘရီနာ ရယ်လိုက်သည်။

“ ဆရာသခင်က တကယ့်ကို စိတ်ဝင်စားစရာ ကောင်းတာပဲ....။ ဖရီယာ။ အခုကစပြီးတော့ နင်က ဒီဆရာသခင်ရဲ့မိန်းမ ဖြစ်သွားပြီ။ ဒေါ်လီ။ ဖရီယာကို အိပ်မက်ဆိုးတောင်ကြား‌ဆီ အခုချက်ချင်း ခေါ်သွားလိုက်။ မှတ်ထား။ သူ့ကို ဘာကုသဆေးရည်မှ မပေးနဲ့။ ”

အစေခံ ဒေါ်လီက တုံ့ပြန်ပြီး ဖရီယာကို ခေါ်သွားခဲ့သည်။ ဖရီယာ၏ [ ဝိညာဉ်လက်ထိပ် ] ကို မဖယ်ရှားရသေးသော်လည်း ဆာဘရီနာ၏ အနိုင်ကျင့်များမှ ယာယီလွတ်မြောက် သွားနိုင်သည်။ ထို့ပြင် ယခုအချိန်၌လည်း [ ဝိညာဉ်လက်ထိပ် ] ဖြင့်လည်း နှိပ်စက် ခံရတော့မည် မဟုတ်ပေ။ ချန်လွေ့က စိတ်ထဲ၌ သက်သာရာ ရသွားပြီး ပြောလိုက်သည်။

“ ကောင်းပြီ။မဒမ်။လုပ်ငန်းအကြောင်း ပြောရအောင်။ဆန်းကြယ်တောင်ကြားထဲမှာ ဘာတွေဖြစ်နေတာလဲ။ ”

ဆာဘရီနာ ခေါင်းခါလိုက်သည်။

“ ကျွန်မက အဲဒီမိန်းမကို သတိပေးဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမဲ့ သူက ဆရာသခင်ကို တိုက်ခိုက်မယ်လို့ မထင်ထားခဲ့ဘူး။ ကျွန်မရဲ့ဒေါသကို ဖြေဖျောက်ဖို့အတွက် ဆရာသခင်နဲ့ အရင်မတိုင်ပင်ဘဲ ဆန်းကြယ်တောင်ကြားမှာ သူ့ကိုစိန်ခေါ်ခဲ့တယ်။ ကျွန်မ ဆရာသခင်ကို မတောင်းပန်ရသေးဘူး။ ”

“ ကိစ္စမရှိပါဘူး။ဒီနေ့ ကျုပ်က ဘာအကြောင်းရင်းမှ မရှိဘဲနဲ့ အဲဒီရက်စက်တဲ့ မိန်းမ သတ်တာကို ခံရတော့မလို့။ကျုပ် သူ့ကို နောင်တရအောင် လုပ်ရမယ်။ ”

ချန်လွေ့၏ မုန်းတီးသောမျက်နှာကို ကြည့်ရင်း ဆာဘရီနာက မိမိ၏အကြံအစည် အလုပ်ဖြစ်သွားကြောင်း တွေးလိုက်ပြီး ဆန်းကြယ်တောင်ကြား ဇာတ်လမ်းကို ပြောပြလိုက်သည်။

ဆန်းကြယ်တောင်ကြားသည် သလင်းကျောက်တောင်ကြားရှိ အကြီးမား‌ဆုံး တားမြစ်နယ်မြေ ဖြစ်သည်။ ထိုထဲတွင် တားမြစ်ထားသော သို့မဟုတ် လျို့ဝှက်လက်နက် စက်ရုံများရှိသည်။ ထို့ပြင် သူတို့သည် ယန္တားပညာရှင်များ၊ ကျွမ်းကျင်သူများ အများအပြားကို ခန့်အပ်ထားခဲ့သည်။ တစ်ခါတစ်ရံ ချန်လွေ့တွေ့ခဲ့သော ယန္တရားပညာရှင်များမှာ ရေခဲတုံး၏ ထိပ်ပိုင်းသာ ဖြစ်၏။

မူလက ထိန်းချုပ်မှုသည် အဇ်ဂါလော၏ မယားကြီး ဆာဘရီနာ လက်ထဲ၌ရှိပြီး အဇ်ဂါလော ကပင် သူ့ကို အနည်းငယ် ကြောက်ရသည်။ ထို့နောက် အီဇိုလာသည် ဆန်းကြယ်တောင်ကြား၏ လက်မှုပညာ ဆရာသခင် တိုတို၏ ချီးမွမ်းခြင်းကို ရရှိခဲ့သော အမှောင်နတ်သူငယ် ယန္တရားဆရာသခင် နော်ရစ်ကို ခေါ်ယူနိုင်ခဲ့သည်။ သူသည် ဆာဘရီနာ၏ ညာလက်ရုံး၊ ဆန်းကြယ်တောင်ကြားခေါင်းဆောင် စပန်ဒါကို စိန်ခေါ်ခဲ့သည်။ နောက်ဆုံး၌ စပန်ဒါ သေဆုံးသွားခဲ့ပြီး နော်ရစ်က ခေါင်းဆောင်အသစ် ဖြစ်သွားကာ ဆန်းကြယ်တောင်ကြားကို အီဇိုလာ သိမ်းပိုက်နိုင်ခဲ့သည်။ ထိုအချိန်မှစ၍ အီဇိုလာသည် အဇ်ဂါလော၏ အရေးပေးခြင်း ပို၍ခံရလာသည်။

၎င်းသည် ဆာဘရီနာ၏စိတ်ထဲ၌ အမြဲပင် ရှိနေခဲ့သည်။ယခုအချိန်၌ သူသည် ချန်လွေ့က်ု နော်ရစ်နှင့် စိန်ခေါ်စေကာ ဆန်းကြယ်တောင်ကြားကို ပြန်လည် ထိန်းချုပ်ချင်နေသည်။ ချန်လွေ့ကို ဆာဘရီနာ တန်ဖိုးထားသည်မှာ “ပါရမီ ” ရှိခြင်းကြောင့်သာမဟုတ်ဘဲ ဆန်းကြယ်တောင်ကြား စိန်ခေါ်မှုအတွက်လည်း ဖြစ်သည်။ ၎င်းသည် ယန္တရားပညာရပ် တစ်ခုတည်းသာမဟုတ်ဘဲ အခြား လျို့ဝှက်ဆန်းကြယ်သောအရာများလည်း ရှိသည်။ အလွန်ထူးချွန်သော ပါရမီရှင်သည်ပင် အနိုင်ရရန် မသေချာပေ။ ဆာဘရီနာ၏ လောင်းကြေး အဓိကသော့ချက်မှာ ‌ယာကော့ဗ်၏ ဆုံးဖြတ်ချက်ဖြစ်သည်။ သလင်းကျောက်နဂါးသည် ပုံမှန်အတိုင်း လုပ်ဆောင်တတ်သူ မဟုတ်ပေ။ သူသည် ချန်လွေ့နှင့် အတော်လေး ရင်းနှီးသဖြင့် ချန်လွေ့ရှုံးနိမ့်သွားခဲ့လျှင်ပင် “ ဆရာသခင် အာသာ အနိုင်ရတယ် ” ဟူ၍ ပြောလျှင် မည်သူမှ ဆန့်ကျင်နိုင်မည် မဟုတ်ပေ။၎င်းသည် အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက်ရဲ့ စွမ်းအားပင်ဖြစ်၏။

မာနူ၏တံဆိပ်ပြားဖြင့်ပင် ဝင်၍မရသော တားမြစ်နယ်မြေ၌ ထိုကဲ့သို့ လျို့ဝှက်ချက် တစ်ခု ဝှက်ထားသည်ကို ချန်လွေ့ ယခုမှ သိရှိသွားခဲ့သည်။ အထဲတွင် မည်သည့်အရာရှိကြောင့် ချန်လွေ့ ပို၍ပင် သိချင်သွားသည်။ သူသည် သူလျှိုတစ်ယောက် ဖြစ်သည့်အတွက် သလင်းကျောက်တောင်ကြား၏ စွမ်းအားကို အမြင့်ဆုံးအတိုင်းအတာအထိ ဖျက်ဆီးပစ်ရမည် ဖြစ်သည်။ ဒီတစ်ခေါက်တော့ ငါထပ်ပြီး ရေပန်းစားဦးမှာပဲ။

“ အရင်စိန်ခေါ်ပွဲက ဘယ်လိုလဲဆိုတာ မေးကြည့်လို့ရမလား။မဒမ်။ ”

“ တစ်ခါတည်း ရှင်းပြဖို့ခက်တယ်။ ”

ဆာဘရီနာ ညည်းညူလိုက်သည်။

“ မနက်ဖြန်ကျရင် ကျွန်မ ဆရာသခင်ကို ဆန်းကြယ်တောင်ကြား‌ဆီ ခေါ်သွားမယ်လေ။ အခု အဲဒီနေရာကို အီဇိုလာက တာဝန်ယူထားပေမဲ့ ဝင်ကြည့်တာကတော့ ဘာမှမဖြစ်ပါဘူး။ ဆာ-ယာကော့ဗ်ကို အရင်ကြိုပြောထားရင် ကောင်းမယ်။ ဆရာသခင်ရဲ့ စွမ်းဆောင်ရည်ကို ကျွန်မ မယုံတာ မဟုတ်ပါဘူး။ တစ်ဖက်လူက လှည့်စားမှာကို ကြိုတင်ကာကွယ်ဖို့အတွက်ပါ။ ကျွန်မပြောတာ သဘောပေါက်လား။ ဆရာသခင်။ ”

ချန်လွေ့ ခေါင်းညိတ်သည်ကို မြင်သည့်အခါ ဆာဘရီနာပြုံးပြီး ပြောလိုက်သည်။

“ ဒါဆိုလည်း ဆရာသခင်ကို အားကိုးပါတယ်။ ဆာ-ယာ‌ကော့ဗ်ဆီကို နည်းနည်း နောက်ကျမှသွားလည်း ကိစ္စမရှိပါဘူး။ဆရာသခင် အရင်ဆုံးပြန်ပြီး နားသင့်တယ်။ ဆရာသခင့်ကို စောင့်နေတဲ့ စားသောက်ပွဲ တစ်ခုရှိနေတာပဲ။ ရက်ပေါင်းများစွာ ဆာလောင်ပြီးတဲ့နောက် အခုက တစ်ဝကြီးစားဖို့ အချိန်ရောက်ပြီလေ။ ”

ဖာတီလုက မကျေမနပ်ဖြင့် နှာမှုတ်လိုက်သည်။ချန်လွေ့က ဟန်လုပ်ပြုံးရင် အိပ်မက်ဆိုး တောင်ကြားသို့ လမ်းလျှောက်သွားတော့သည်။

အိပ်မက်ဆိုးတောင်ကြားရှိ ချန်လွေ့၏အိမ်၌ ဖရီယာ စောင့်ဆိုင်းနေ၏။ သူ၏ကျိုး နေသော လက်ဆယ်ချောင်းကို မကုသရသေးသည့် အတွက် နာကျင်မှုကြောင့် နဖူးပေါ်၌ ချွေးစေးများပင် စို့နေသည်။ သို့သော်လည်း ဖရီယာသည် ၎င်းကို အံကြိတ်ခံပြီး အသံမထွက်ရဲပေ။

“ မင်းတို့အားလုံး သွားလို့ရပြီ။ ”

ချန်လွေ့ ပြောလိုက်သည်။ထို့နောက် အစေခံများလည်း တံခါးပိတ်ကာ ထွက်သွားကြသည်။

အမှန်အတိုင်းပြောရလျှင် ဖရီယာ၏ အသွင်အပြင်မှာ ခီရာလောက် မကောင်းသော်လည်း အတော်လေး ဆွဲဆောင်မှုရှိသည်မှာ သေချာသည်။ သူသည် ကဝေမများထဲ၌ အကောင်း‌ဆုံးထဲမှ တစ်ယောက် ဖြစ်နိုင်ပေသည်။ နတ်‌ဆိုးဘုံ၌ အသက်နှင့် ဝါစဉ် အယူအဆသည် ကမောက်ကမ ဖြစ်နေသည်။ ဖရီယာသည် ခီရာထက် သိပ်ပြီး အသက်ကြီးပုံမရပေ။ ထို့ပြင် သူ၏ ကျိုးနွံသောပုံစံကလည်း လူအများကို အနိုင်ကျင့်ချင်စိတ် ဖြစ်စေ၏။

ဤလောကတွင် “ အမေနှင့်သမီးကို လက်ထပ်ခြင်း ” သည် နတ်ဆိုးဘုံ၌ရော၊ လူ့ဘုံ၌ပါ တားမြစ်ချက်တစ်ခု မဟုတ်ပေ။ နတ်ဆိုးများ၏ သက်တမ်း ရှည်လျားမှုကြောင့် တော်ဝင်မျိုးနွယ် အများအပြားသည် သားအမိကို ကိုယ်လုပ်တော် အဖြစ် ထားခြင်းအား ဂုဏ်ယူကြသည်။ပို၍ပင် ရှုပ်ထွေးပြီး ပိုမြင့်ကာ ဝါစဉ်ကြီးသော ဆက်ဆံရေး များပင် ရှိကြလေသည်။

ချန်လွေ့သည် ခီရာအတွက် ခံစားချက်များရှိသော်လည်း ဖရီယာအတွက် ထိုကဲ့သို့ခံစားချက်များ မရှိပေ။ ချန်လွေ့သည် ဤလောကနှင့် ပေါင်းစပ်နေပြီး ဖရီယာအား စိတ်ရှိသလို လုပ်နိုင်သော်လည်း ကံမကောင်းစွာပင် သူ၏အကြိုက်သည် ထိုစွမ်းအားကြီးသော “အဆင့်”အထိ မရောက်ရှိသေးပေ။

ဖရီယာက မိမိသည် နှိပ်စက်ပြီး အနိုင်ကျင့်ခံရခြင်းမှ မလွတ်မြောက်နိုင်ကြောင်းကိုသာ သိသည်။ နှစ်ပေါင်းများစွာ ကြာသည့်အခါ သူသည် ထုံထိုင်းလုနီးပါး ဖြစ်နေခဲ့သည်။ ခီရာ၏နာမည်ကို ကြားသည့်အခါမှသာ သူ၏ရင်ဘတ်ထဲရှိ မျှော်လင့်ချက် သေးသေးလေး တောက်ပလာခဲ့ပြန်သည်။ မည်မျှပင် ပေးဆပ်စေရကာမူ သူ၏သမီးအကြောင်း သိနိုင်သရွေ့ ထိုက်တန်ပေသည်။

ထိုမဟာနတ်ဆိုး ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။ ဖရီယာသည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း ခန္ဓာကိုယ် တင်းကြပ်နေဆဲပင် ဖြစ်သည်။ ဖရီယာက ခပ်တောင့်တောင့် ဦးညွှတ်လိုက်သည်။ ထူးဆန်းစွာပင် ထိုလူသည် ဖရီယာ ထင်ထားသကဲ့သို့ မပြုလုပ်ခဲ့ပေ။ ထိုသူသည် ဆေးရည်တစ်ပုလင်းထုတ်ပြီး အဖုံးဖွင့်ကာ ဖရီယာ၏မျက်နှာအရှေ့သို့ ကမ်းပေးလိုက်သည်။

“ သောက်လိုက်။ ”

ဒါက ကာမအားတိုးဆေးလား။ဒါမှမဟုတ် စိတ်ကိုလှည့်စားတဲ့ဆေးလား .....။ ဖရီယာ၏စိတ်ထဲ၌ ဇဝေဇဝါဖြစ်သွားသေည်လည်း မဆန့်ကျင်ရဲပေ။ ၎င်းကို သောက်ပြီးနောက် ဖရီယာသည် နွေးထွေးသော စီးကြောင်းတစ်ခုကို ခံစားလိုက်ရသည်။ သူ၏လက်မှ နာကျင်မှုသည် ချက်ချင်းပင် ထက်ဝက် လျှော့ကျသွားခဲ့သည်။ ဒါက သေချာပေါက် ကုသဆေးရည်ပဲ။ပြီးတော့ ဒီအာနိသင်က အီဇိုလာပေးခဲ့တာထက် ဆယ်ဆမက ပိုကောင်းတယ်။မဟုတ်ဘူး။အဲဒီထက်ပိုတယ်။

ထို့နောက် ချက်ချင်းပင် ဖရီယာ၏လက်ဝါးကို မဟာနတ်ဆိုးက ကိုင်လိုက်သည်။ ပြင်းထန်သော နာကျင်မှုလှိုင်းများ ပြီးသွားပြီးနောက်တွင် ဖရီယာ၏ ကျိုးနေသော လက်ချောင်းများ အမှန်တကယ် ပြန်ဆက်သွားခဲ့သည်။ ကုသဆေးရည်၏ အာနိသင်ကြောင့် သူ၏ဒဏ်ရာများမှာလည်း အလျင်အမြန် ပြန်ကောင်းလာနေသည်။

“ ကျေးဇူးတင်ပါတယ်။ဆာ။ ”

တစ်ဖက်လူက မည်သည့်အရာကို လိုချင်မှန်းမသိသော်လည်း ဖရီယာက ကျေးဇူးတင်ကာ ဦးညွှတ်လိုက်ပြန်သည်။

“ ဒီနေ့ကစပြီးတော့ မင်းကငါ့ရဲ့ အစေခံ ဖြစ်သွားပြီ။အခု အခန်းတစ်ခန်းရွေးပြီးတော့ သွားနားလိုက်။ငါ့ခွင့်ပြုချက်မရှိဘဲနဲ့ ဘယ်သူ့ကိုမှ မနှောင့်ယှက်နဲ့။ မလိုအပ်ဘဲနဲ့ ဘယ်သူ့ကိုမှ စကားမပြောနဲ့။တစ်ယောက်ယောက်မေးရင် ငါ့ရဲ့အမိန့်လို့ ပြောလိုက်။ ”

ချန်လွေ့၏စကားများသည် ဖရီယာ လုံးဝမထင်ထားသည်များပင် ဖြစ်လေသည်။

“ ဘာလို့လဲ မမေးနဲ့။ပြောတဲ့အတိုင်းသာလုပ်။ ”

ဖရီယာသည် အိပ်မက်မက်နေသကဲ့သို့ ခံစားလိုက်ရသည်။ နောက်ဆုံး၌ သူအချိန်မီ တုံ့ပြန်ပြီးနောက် ဦးညွှတ်ကာ ထွက်သွားတော့သည်။

All Chapters