← Chapters

ဆန်းကြယ်တောင်ကြား

Vol. 19 Ch. 282

ဆန်းကြယ်တောင်ကြား

Vol. 19 Ch. 282

ဖရီယာကိစ္စ ဖြေရှင်းပြီးနောက် ချန်လွေ့သည် အိပ်ခန်းသို့ပြန်ကာ လေ့ကျင့်ရေးကွင်း၌ စတင်လေ့ကျင့်တော့သည်။ ဖရီယာသည် [ ဝိညာဉ်လက်ထိပ် ] ထိန်းချုပ်မှု အောက်တွင်သာ ရှိနေသေးသည့်အတွက် ချန်လွေ့ ပြောပြ၍မရသော အရာများစွာ ရှိနေသည်။ ၎င်းသည် သူကိုယ်တိုင်အတွက်သာမက ဖရီယာကို ကာကွယ်ရန် အတွက်လည်း ဖြစ်ပေသည်။

ဖရီယာနှင့် ခီရာအား အမှန်တကယ် လွတ်လပ်မှု ရရှိစေရန်အတွက် ချန်လွေ့သည် [ ဝိညာဉ်လက်ထိပ် ] ကို ဖယ်ရှားရပေမည်။ ဆာဘရီနာ ကိုယ်တိုင် ၎င်းကို ဖယ်ရှားပေးနိုင်ချေမှာ သုညသာ ဖြစ်သည်။ သူ့ကို ဖယ်ရှားခိုင်းလျှင် ပို၍ပင် ခက်ခဲမည်ဖြစ်ပြီး သံသယပင် အဝင်ခံရနိုင်သည်။အကောင်းဆုံးနည်းလမ်းမှာ ဆာဘရီနာကို သတ်ပစ်ရန်ပင် ဖြစ်၏။ သို့သော်လည်း ၎င်းသည် အလွန်ခက်ခဲလှသည်။ ချန်လွေ့၏ လက်ရှိစွမ်းအားဖြင့် အခြားသူများကို သတိမထားမိစေဘဲ ထိပ်တိုက်ရင်ဆိုင် ရလျှင်ပင် အနိုင်ရရှိမည် မဟုတ်ပေ။

ယခုတွင် အဇ်ဂါလောနှင့် မာနူတို့ ပြန်မလာသေးပေ။ ထို့ကြောင့် ချန်လွေ့သည် ဆာဘရီနာနှင့် အီဇိုလာတို့၏ အလောင်းအစားကို ကောင်းကောင်း အသုံးချပြီး အတိုက်အခံဖြစ်အောင် လုပ်ရမည် ဖြစ်သည်။ ထိန်းချုပ်ခံထားရသော ဖာတီလုသည် အဓိက ဝင်ခွင့်အမှတ်တစ်ခု ဖြစ်နိုင်သည်။

နောက်တစ်နေ့၌ ချန်လွေ့သည် ဝါးမျိုခြင်းခန်းမရှိ အိမ်ပြာသို့ ရောက်လာသည်။ ထိုနေရာ၌ ဆာဘရီနာ စောင့်နေသည်မှာ အတော်ကြာပြီ ဖြစ်သည်။

ဆာဘရီနာ အပိုမပြောတော့ဘဲ ချန်လွေ့ကို သလင်းကျောက်တောင်ကြားအစွန်း‌ဆီ ခေါ်သွားသည်။ လမ်းသည် ပို၍ကျဉ်းမြောင်းလာပြီး အထက်ကောင်းကင်မှာလည်း မျဉ်းတစ်ကြောင်းကဲ့သို့ ဖြစ်သွားသည်။ထိုနေရာသည် အလွန်အန္တရာယ် များလောက်အောင် မတ်စောက်သည်။ ထိုလမ်းကြောင်းကို ဖြတ်သွားပြီးနောက် သူတို့၏ရှေ့တွင် လိုဏ်ဂူတစ်ခု ‌ထွက်ပေါ်လာသည်။

လမ်းတစ်လျှောက်၌ ဆာဘရီနာကို မည်သူမှ မတားဆီးရဲပေ။ သို့သော်လည်း ဆာဘရီနာသည် လိုဏ်ဂူအဝင်ဝ၌ အတားခံလိုက်ရသည်။ ထိုသူနှစ်ယောက်မှာ ဘယ်ဇီဘတ်တော်ဝင်မိသားစုဝင်ဖြစ်ပြီး နှစ်ယောက်စလုံးမှာ မဟာနတ်ဆိုး ဘုရင်အဆင့် အလတ်ပိုင်းများ ဖြစ်ကြသည်။ သူတို့အပြင် သလင်းကျောက် လူသားတစ်ဖွဲ့လည်း ရှိသည်။ သူတို့အားလုံးမှာ ခေါင်းဆောင်အဆင့်ဖြစ်သော မဟာနတ်ဆိုးဘုရင်များ ဖြစ်ကြသည်။ ဤနေရာကို တင်းတင်းကြပ်ကြပ် စောင့်ကြပ်ထားပုံရသည်။

နယ်မြေတစ်ခု၌ပင် မဟာနတ်ဆိုး သုံးလေးယောက်သာ ရှိကြသည်။ဥပမာပြောရလျှင် အမှောင်လနယ်မြေ၌ ရှီရာတစ်ယောက်တည်းသာ ထိုအဆင့်ရှိသည်။

ဆာဘရီနာ နှာမှုတ်လိုက်သည်။

“ ဂူလီ။ဖေး။နင်တို့နှစ်ယောက် ငါ့ကို တားရဲတာလား။ ”

ဂူလီ မျက်မှောင်ကြုတ်လိုက်သည်။

“ မဒမ် ဆာဘရီနာ။ကျုပ်တို့ကို ခွင့်လွှတ်ပေးပါ။ မဒမ် အီဇိုလာက အပြင်လူတွေကို ဝင်ခွင့်မပေးဖို့ အမိန့်ပေးထားပါတယ်။ ”

“ အပြင်လူတွေ ဟုတ်လား။ ”

ဆာဘရီနာ၏မျက်လုံးများ အေးစက်သွား၏။ ပတ်ဝန်းကျင်အပူချိန် ရုတ်တရက် ကျဆင်းသွားပြီး မြေပြင်မှရေများ စတင်အေးခဲလာတော့သည်။

ဖေး အလျင်အမြန် ပြောလိုက်သည်။

“ အထင်မလွဲပါနဲ့။အပြင်လူဆိုတာက မဒမ်အနောက်က မဟာနတ်‌ဆိုးကို ပြောတာပါ။ ဒါက ကျုပ်တို့ရဲ့တာဝန်‌ဆိုတာက မဒမ်လည်း သိမယ် ထင်ပါတယ်။ မဒမ်က ထိန်းချုပ်မှုရှိမယ်ဆိုရင် ကျုပ်တို့က ဒီအမိန့်ကို သစ္စာရှိရှိ ဆောင်ရွက်နေဦးမှာပါ။ ”

ဆာဘရီနာ၏ခန္ဓာကိုယ်မှ အေးစက်မှုများ အနည်းငယ် လျော့ကျသွားပြီး အေးစက်စက် ပြောလိုက်သည်။

“ အီဇိုလာနဲ့ငါက စိန်ခေါ်ပွဲတစ်ခု သတ်မှတ်ထားတာရှိတယ်။ ဒါက စိန်ခေါ်သူပဲ။ အခြေအနေ ကြည့်ရအောင် ဒီနေ့ သူ့ကို ငါခေါ်လာတာ။ ဒါက ပြဿနာ မရှိလောက်ဘူး မဟုတ်လား။ ”

ဂူလီက အတင်းအကျပ် ပြောနေဆဲပင် ဖြစ်သည်။

“ ဒါကို လိုက်လျောလို့မရပါဘူး။ မဒမ်။ သူက စိန်ခေါ်သူ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ဆန်းကြယ်တောင်ကြားထဲ ဝင်လို့မရပါဘူး။ ”

“ မဒမ် သွားချင်တယ်ဆိုရင် လွတ်လွတ်လပ်လပ် ဝင်သွားလို့ရပါတယ်။ ဒီမဟာနတ်ဆိုးက မဒမ်-အီဇိုလာကနေပဲဖြစ်ဖြစ်၊ ဆရာသခင်တိုတို ဆီကနေပဲဖြစ်ဖြစ် ခွင့်ပြုချက်ရမယ်ဆိုရင် အဆင်ပြေပါတယ်။ ဒါပေမဲ့ ခွင့်ပြုချက်မရှိရင်တော့ ကျုပ်တို့အတွက် ခက်ခဲအောင် မလုပ်ပါနဲ့။ ”

ဖေးက ယဉ်ယဉ်ကျေးကျေးပြောလိုက်သည်။ သို့သော်လည်း သူသည် တစ်ပုံစံတည်းကိုပင် ဆိုလိုနေခြင်း ဖြစ်သည်။

ဆာဘရီနာသည် တံခါးဝ၌ အတားခံရမည်ဟု မထင်မှတ်ထားခဲ့ပေ။ သူသည် ချန်လွေ့အရှေ့၌ အရှက်ရသွားခဲ့သည်။ သူ၏မျက်နှာပေါ်မှ သတ်ဖြတ်ချင်စိတ်ကို ဇာမျက်နှာလွှားပေါ်မှပင် ခံစား၍ရနိုင်လေသည်။

ဖေးနှင့် ဂူလီတို့ အချင်းချင်းကြည့်လိုက်ကြပြီး တစ်ယောက်နှင့်တစ်ယောက် မျက်လုံး၌ ကူကယ်ရာမဲ့နေမှုကို မြင်တွေ့လိုက်သည်။ သို့သော်လည်း လက်ရှိ၌ ဆန်းကြယ်တောင်ကြားကို ထိန်းချုပ်ထားသူမှာ အီဇိုလာဖြစ်သည်။ သူတို့ နှစ်ယောက်ကို ပေးဝင်လိုက်လျှင် ဖေးနှင့် ဂူလီတို့၏ အဆုံးသတ် ပိုဆိုးသွားနိုင်သည်။ သူတို့သည် ဖြည်းဖြည်းချင်း နောက်ဆုတ်ပြီး လက်ဝှေ့ရမ်းလိုက်ရာ ငြိမ်သက်နေသော သလင်းကျောက်လူများ စတင်လှုပ်ရှားပြီး ချဉ်းကပ်လာတော့သည်။

သလင်းကျောက်လူသားများ၏ အမြန်နှုန်းနှင့် ခွန်အားမှာ အတော်လေး အားနည်းလှသည်။ သို့သော်လည်း သူတို့၏ခုခံမှုသည် အလွန့်အလွန် မြင့်မားလှသည်။ အထူးသဖြင့် မှော်ခုခံမှု ဖြစ်သည်။ ထို့ပြင် သူတို့သည် သေရမည်ကို မကြောက်ပေ။ တိုက်ခိုက်ရေးစွမ်းအား အတော်လေး အားနည်းလှသည့်အတွက် ကာမတော်ဝင် မိသားစုမှ [ စစ်ရုပ်သေး ] နှင့် မယှဉ်နိုင်ပေ။ ဂူလီနှင့် ဖေးတို့သည် ဆာဘရီနာကို အမှန်တကယ် မတိုက်ခိုက်ချင်ပေ။ သူတို့သည် တာဝန်ရှိသူတစ်ယောက်ယောက်က ပြဿနာ လာဖြေရှင်းသည်အထိသာ အချိန်ဆွဲချင် နေကြသည်။

ဂူလီနှင့် ဖေးတို့ပေါ်၌ မှော်သံမဏိချပ်ကာ တစ်ပြိုင်နက်တည်း ပေါ်ထွက်လာသည်။ ဂူလီသည် မှော်ပညာရှင် တစ်ယောက်ဖြစ်ပုံရပြီး ပါးစပ်ဖြင့် အလျင်အမြန် ဂါထာရွှတ်ဖတ်လိုက်သည်။ ထို့နောက်တွင် သူနှင့်ဖေးအရှေ့၌ ဖောက်ထွင်းမြင်ရသည့် ကြီးမားသော ဒိုင်းကာတစ်ခု ပေါ်ထွက်လာသည်။ သူတို့သည် တိုက်ခိုက်ရန်မဟုတ်ဘဲ ခုခံရန်အတွက် လုပ်နေကြသည်မှာ သေချာနေသည်။

ဆာဘရီနာသည် ဩဇာပြသချင်သည့်အတွက် အလောတကြီး မတိုက်ခိုက်ဘဲ သူတို့အားလုံး ပြီးစီးအောင် စောင့်ဆိုင်းလိုက်သည်။ ထို့နောက် သူ၏ပုံရိပ်သည် သူတို့အရှေ့၌ ချက်ချင်း ပေါ်ထွက်လာခဲ့သည်။ ဆာဘရီနာ၏ပုံရိပ်သည် လေးကိုယ်၊ငါးကိုယ် ဖြစ်သွားကြောင်း ချန်လွေ့ ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သလင်းကျောက်လူသားများ၏ ခန္ဓာကိုယ်မှ မြန်နှုန်းဆင့် ထိုးနှက်သံများ ထွက်လာသည်။ လေဒိုင်းကာသည် ပြင်းပြင်းထန်ထန် တုန်ခါနေပြီး စက္ကန့်ပိုင်းသာခံကာ ပျက်စီးသွားခဲ့သည်။ နတ်ဆိုးဧကရာဇ်နှင့် မဟာနတ်ဆိုးဘုရင် အကြားရှိ ခြားနားချက်မှာ အမှန်တကယ်ပင် ကြီးမားလှပေသည်။

ချန်လွေ့သည် အမြင် အစွမ်းကုန်ဖြင့်ပင် ဆာဘရီနာ၏ လှုပ်ရှားမှုများကို ရေးရေးလေးသာ မြင်နိုင်သည်။ တစ်ခါတစ်ရံ၌ သူသည် [ သရုပ်ခွဲမျက်လုံး ]ကို အမှီပြုပြီး ဆာဘရီနာ၏ တည်နေရာကို ခန့်မှန်းရသည်။ ချန်လွေ့ ထိတ်လန့်သွားသည်။ ဂူလီနှင့် ဖေးတို့ အခက်အခဲကြုံနေစဉ် တစ်စုံတစ်ယောက်က ရုတ်ရတက် အော်ပြောလိုက်သည်။

“ တော်တော့။ ”

ပြင်းထန်သော ရိုက်ခတ်မှုများ ရပ်တန့်သွားပြီးနောက် ဆာဘရီနာ၏ပုံရိပ်လည်း တစ်ခုတည်း ပြန်ဖြစ်သွားသည်။ ချန်လွေ့ ဘေးနားသို့ ပြန်ရောက်သည့်အခါ ဆာဘရီနာ၏မျက်နှာ မနီသလို မောလည်းမမောနေပေ။ သူဘာမှ မဖြစ်ခဲ့သလိုပင် ဖြစ်သည်။ ထိုမာကြောလှသော သလင်းကျောက်လူသားများ၏ ခန္ဓာကိုယ်မှာမူ အက်ကြောင်း အများအပြား ဖြစ်နေ၏။ သလင်းကျောက်လူသားများသည် သလင်းကျောက်နဂါးနှင့် ဆင်တူပြီး ထိခိုက်ပြီးနောက် ပြန်ကောင်းရန် အလွန်ကြာသည်။ ထိုကဲ့သို့ ထိခိုက်မှုအဆင့်သည် ပြန်ကောင်းရန်အတွက် အချိန်အတော်ကြာ လိုအပ်မည် ဖြစ်ပေသည်။

အသက်ကြီးပုံရသော ဆံပင်ငွေရောင်နှင့် အမှောင်နတ်ဆိုးကလေး တစ်ယောက် အထဲမှထွက်လာသည်။ ထိုသူသည် အမြင့်ဆင့်နတ်ဆိုးသာ ဖြစ်သော်လည်း ဆာဘရီနာက အတော်လေး လေးစားသမှုပြုသည်။ဆာဘရီနာ ခေါင်းညိတ်လိုက်သည်။

“ ဆရာသခင်တိုတို။မတွေ့ရတာ တော်တော်ကြာပြီပဲ။ ”

ထိုအမှောင်နတ်ဆိုးကလေးသည် ဆန်းကြယ်တောင်ကြားရှိ လက်မှုပညာ ဆရာသခင်ဖြစ်ကြောင်း သိရှိသွားသည်။ အမှောင်နတ်သူငယ် တပ်မှူးနော်ရစ်က အလုပ်အမှုဆောင်အရာရှိနှင့် တူညီသည်ဆိုလျှင် ဆရာသခင်တိုတိုသည် နည်းပညာ ညွှန်ကြားရေးမှူပင် ဖြစ်သည် ။ထို့ပြင် ဆန်းကြယ်တောင်ကြား၌ နည်းပညာ ညွှန်ကြားရေးမှူးသည် အလုပ်အမှုဆောင်အရာရှိထက် အဆင့်အတန်း ပိုမြင့်သည်။

“ မဒမ်-ဆာဘရီနာ။ဂူလီနဲ့ဖေးတို့အတွက် အခက်တွေ့အောင် မလုပ်ပါနဲ့။ သူတို့ကို အလုပ်လုပ်နေကြတာပါ။ ပြီးတော့လည်း အပြင်လူပေးမဝင်တဲ့ စည်းမျဉ်းက မဒမ်ကိုယ်တိုင် အရင်ကချမှတ်ထားတာပဲလေ။ ”

တိုတိုက ဆာဘရီနာကို အသာလေး ဦးညွှတ်ပြီး ချန်လွေ့ကို ဖျပ်ခနဲကြည့်လိုက်သည်။

“ မဒမ်နှစ်ယောက်ကြားက အဖြစ်အပျက်ကို ကျုပ်ကြားပြီးပါပြီ။သူက နောက်ခုနစ် ရက်နေရင် ယှဉ်ပြိုင်မယ့်သူလား။ ”

“ ဟုတ်ပါတယ်။ဆရာသခင်။ ”

ဆာဘရီနာ ရယ်လိုက်သည်။

“ ဆရာသခင်အာသာက မဟာဆရာသခင် ဖြစ်လာဖို့ အလားအလာအရှိဆုံးသူပဲ။ ”

“ သုံးသွယ်-အထူးပြု၊မှော်စက်ဝိုင်းပါရမီရှင်လား။ ”

တိုတို၏လေသံသည် ပုံမှန်သာ ဖြစ်သည်။

“ ဆန်းကြယ်တောင်ကြားက ယန္တရားအစည်းအရုံးနဲ့ မတူဘူး။ ဒီပါရမီရှင်က သိပ်ပြီး အသုံးမဝင်လောက်ဘူး။ ပြီးတော့လည်း ပြိုင်ပွဲမှာ သူရှုံးသွားရင် အသတ်ခံရနိုင်တယ်။ အဲဒါဆိုရင် သူ့မှာ ဘယ်လောက်ပဲ အလားအလာရှိရှိ အသုံးဝင်တော့မှာ မဟုတ်ဘူး... ”

“ ဒါပေမယ့် ယှဉ်ပြိုင်ချင်တယ်ဆိုရင်တော့ အထဲကို လာကြည့်ကြပါ။ ”

ဆရာသခင်တိုတိုက ခွင့်ပြုလိုက်သည့်အတွက် ဂူလီနှင့် ဖေးတို့လည်း မတားဆီးတော့ပေ။ အမှန်တကယ်၌ ခုနက ဆာဘရီနာ သက်ညှာထား၍ သာမဟုတ်လျှင် သူတို့သည် ဆာဘရီနာအား သလင်းကျောက်လူသားများဖြင့်ပင် တားဆီးနိုင်မည် မဟုတ်ပေ။

ဆာဘရီနာနှင့် ချန်လွေ့တို့လည်း ဆရာသခင်တိုတိုနှင့်အတူ လိုဏ်ဂူထဲသို့ လိုက်သွားသည်။ မှိန်ပျပြီး ရှုပ်ထွေးသော လမ်းများကို ဖြတ်သန်းပြီးနောက် ရှေ့မှမြင်ကွင်းသည် ရုတ်တရက် လင်းလက်သွားကြောင်း ချန်လွေ့ ခံစားလိုက်ရသည်။ မြင်ကွင်းများ လုံးဝပြောင်းလဲသွားခဲ့သည်။ လိုဏ်ဂူသည် ဝင်ပေါက်တစ်ခုသာ ဖြစ်သည်။ ၎င်းကို ကျော်ဖြတ်ပြီးနောက်တွင် အလွန်ကျယ်ဝန်းသော “ နေရာလွတ် ” တစ်ခု ရှိနေလေသည်။

၎င်းသည် ချန်လွေ့ထင်ထားသော လျို့ဝှက်ဆန်းကြယ်မှုနှင့် လုံးဝခြားနားနေသည်။ ထိုနေရာသည် လူများယောက်ယက်ခတ်နေသော စက်ရုံကြီးတစ်ခုကဲ့သို့ ဖြစ်နေသည်။ ချန်လွေ့ကို အံ့ဩသွားစေသည်မှာ အဝေးတစ်နေရာမှ ငြမ်းစင်ထားသော ဧရာမပစ္စည်းတစ်ခု ဖြစ်သည်။ ၎င်းသည် အနီရင့်ရောင်အခွံရှိသော လူပုံသဏ္ဍာန်တစ်ခုနှင့် ဆင်တူပေသည်။

ဒါက စက်ရုပ်ကြီး(ဂန်းဒမ်း)လား။ ငါ အမြင်မှားနေတာလား။ အနီရောင်။ ဂျို။ အမြန်နှုန်း၃ဆ......။ ဒီခေါင်းဆောင်ကလည်း လောက ကူးပြောင်းလာတာများလား။

ချန်လွေ့ မျက်လုံးကွယ်လုနီးပါး ဖြစ်သွားခဲ့သည်။ သူသည် မျက်လုံးကိုပွတ်ပြီး သေသေချာချာကြည့်လိုက်သည်။ ထိုလူပုံသဏ္ဍာန်သည် စက်ရုပ်ကြီးနှင့် အတော်လေးကွဲပြားလှသည်။ ဆရာသခင်တိုတိုက ချန်လွေ့ အံ့အားသင့်နေသည်ကို မြင်ပြီး ဂုဏ်ယူစွာ ပြောလိုက်သည်။

“ အဲဒါက အခုစမ်းသပ်နေတဲ့ ဧရာမရုပ်သေးပဲ။ဒါကို အက်စ်မိုဒက်စ် တော်ဝင်မိသားစုရဲ့ [ စစ်ရုပ်သေး ] ကို အခြေခံပြီးတော့ တည်ဆောက်ထားတာ။စမ်းသပ်တာ အောင်မြင်မယ်ဆိုရင် သာမန်နတ်ဆိုးတွေတောင် ဒီရုပ်သေးကို အသုံးပြုနိုင်လိမ့်မယ်။ ”

ထိုအချိန်၌ မသဲမကွဲအသံတစ်သံ ထွက်လာပြီး မြေပြင်အနည်းငယ် တုန်ခါသွား၏။ ဆရာသခင် တိုတိုက မျက်မှောင်ကြုတ်လိုက်သည်။

“ အဲဒါက စွမ်းအင် မှော်အမြောက် စမ်းသပ်တာ ဖြစ်မယ်။ ထိန်းချုပ်မှုနဲ့ပတ်သက်ပြီးတော့ ပြဿနာ ရှိနေတုန်းပဲ။ ဒါပေမဲ့ စွမ်းအားကတော့ တော်တော်လေး ပြင်းထန်တယ်။ စမ်းသပ်နယ်မြေတစ်ဝိုက်က ခုခံမှု မှော်စက်ဝိုင်းတွေကို ပြန်တည်ဆောက်ရမယ် ထင်တယ်။ ”

၎င်းကို မြင်တွေ့ရပြီးနောက် မည်သည့်လောက၌ဖြစ်စေ တီထွင်ဖန်တီးခြင်း စွဲလမ်းမှုသည် ဘယ်သောအခါမှ ကုန်ခမ်းမသွားနိုင်ကြောင်း ချန်လွေ့ သဘောပေါက်သွားသည်။ ဆန်းကြယ်တောင်ကြားသည် နတ်ဆိုးဘုံ၌ စုစည်းထားသော “ သိပ္ပံပညာရှင် ”တစ်စု၏ သုသေသန ဌာနချုပ် ဖြစ်နေသည်မှာ အသေအချာပင် ဖြစ်သည်။ သူတို့၏ အဓိကရည်ရွယ်ချက်မှာ စစ်ပွဲအတွက်ပင် ဖြစ်လေ၏။

ဆရာသခင်တိုတိုက သူတို့နှစ်ယောက်ကို နောက်ထပ်စမ်းသပ်‌နယ်မြေသို့ ခေါ်သွားပြီး ယန္တရားပညာနှင့်သက်ဆိုင်သော ယခင် စက်ရုပ်ကြီး၊ အမြောက်၊ ဒုံးကျည် စသောရလာဒ် အမျိုးမျိုးကို ဂုဏ်ယူစွာဖြင့် မိတ်ဆက်ပေးခဲ့သည်။ ယခုတွင် ဇီဝနည်းပညာအကြောင်း ရောက်လာလေပြီ။

ထိုရူးသွပ်သော “ သိပ္ပံပညာရှင်များ ”က နာရီရှည်ကြာသော သုတေသနများကို ရှောင်ရှားရန် ကြိုးပမ်းနေသည်ကို တွေ့သည့်အခါ ချန်လွေ့ သိမ့်သိမ့်တုန်သွားသည်။ သူတို့သည် ဆေးရည်များ၊ မှော်စက်ဝိုင်းများနှင့် နတ်ဆိုးသားရဲဖြင့် သားဖောက်ခြင်းဖြင့်ပင် နတ်ဆိုးများအပေါ်၌ တိုက်ရိုက်သန္ဓေပြောင်းခြင်းကို ပြုလုပ်ကြသည်။ သန္ဓေပြောင်းသွားသော နတ်ဆိုးများသည် နာကျင်မှု၊ ကြောက်ရွံ့မှု မရှိတော့ဘဲ သတ်ဖြတ်ချင်စိတ်သာ ရှိတော့‌ကာ တိုက်ခိုက်ရေးစွမ်းအားလည်း ဆယ်ဆမက တိုးမြင့်သွားတော့သည်။

ထိုသန္ဓေပြောင်းစမ်းသပ်ချက်သည် လက်ရှိ၌ ထိန်းချုပ်မှုနှုန်းနှင့် အသက်ရှင်ကျန်နှုန်းမှာ မမြင့်လှသည့်အတွက် အလွန်မအောင်မြင်သေးပေ။ ထို့ပြင် အစမ်းသပ်ခံများမှာလည်း တိုက်ခိုက်ရန်စွမ်းအင် ကုန်ခမ်းပြီးနောက် အချိန် အနည်းငယ်မှာပင် သေဆုံးသွားကြသည်။ ထိုကဲ့သို့ စမ်းသပ်မှုမျိုးသည် အတိုင်းအတာ တစ်ခုအထိ အောင်မြင်သွားလျှင် ကြောက်မက်ဖွယ်ရာ တိုက်ခိုက်‌ရေးစွမ်းအား ပိုင်ဆိုင်သော စစ်တပ်တစ်ခုကို တည်ထောင်နိုင်မည် ဖြစ်သည်။

ဒီလိုမျိုး သန္ဓေပြောင်းစစ်တပ်ရဲ့ တိုက်ခိုက်ရေးစွမ်းအားနဲ့ဆို သာမန်အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက်က စွမ်းအား အထွတ်အထိပ်အထိ ရောက်မနေဘူးဆိုရင် အထိအခိုက် မရှိဘဲ နောက်ဆုတ်ဖို့ တော်တော် ခဲယဉ်းမှာပဲ။

မည်သို့ပင်ဆိုစေကာမူ ၎င်းသည် အတော်လေး ကြောက်မက်ဖွယ်ကောင်းသော စမ်းသပ်မှုတစ်ခု ဖြစ်သည်။ထိုစမ်းသပ်ခန်း၌ ချန်လွေ့သည် အတော်လေးရင်းနှီးသော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။အစမ်းသပ်ခံရသူသည် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲသော ဆေးရည်တစ်ခု ရရှိသည်။၎င်းကို သောက်သုံးပြီးနောက် မျက်လုံး၊နား၊ နှာခေါင်းနှင့် ပါးစပ်များမှ ငွေရောင်အလင်းတန်းများ ထွက်လာ၏။ ထို့နောက်တွင် တစ်ကိုယ်လုံး ပေါက်ကွဲထွက်သွားသည်။ ထိုကဲ့သို့ဆေးရည်ကို အသေခံ‌ဗုံးခွဲခြင်း၌ အသုံးပြု၍ရပြီး သူလျှိုများ လျို့ဝှက်ချက်မပြောမိ စေရန်အတွက်လည်း အသုံးပြု၍ရသည်။

ထိုကဲ့သို့ ဆင်တူသော အခြေအနေတစ်ခုကို ရှီလန်တောင်၌ မြင်ခဲ့ဖူးကြောင်း ချန်လွေ့ သတိရလိုက်သည်။ သရုပ်ပြသူမှာ မိုင်းတွင်းရုံးခန်း၏ လက်ထောက်ခေါင်းဆောင် ကော်နာ ဖြစ်သည်။ သူသည် ပမွှားကဏ္ဍသာ ဖြစ်သော်လည်း အသီနာအား အဓိကတွင်းရှိ အန္တရာယ်ထဲ ကျစေခဲ့ပြီး ချန်လွေ့ကို သွားကယ်အောင် ဆွဲဆောင်နိုင်ခဲ့သည်။ သူသည် မှော်အကာအရံကိုပင် ဖျက်ဆီးခဲ့ပြီး နောက်ဆုံး၌ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခဲ့သည်။ သူသည် ထိုအစမ်းသပ်ခံ နတ်ဆိုးများနှင့် လုံးဝ အတူတူပင် ဖြစ်သော်လည်း စွမ်းအားမှာ သိပ်မကောင်းလှပေ။ သူသည် ပြီးခဲ့သော အစမ်းသပ်ခံ အသုတ်မှဖြစ်နိုင်ပေသည်။ ကော်နာသည် ဤအင်အားစုမှဖြစ်ကြောင်း ချန်လွေ့ ယခုမှ သိရှိသွားခဲ့လေသည်။

ဆရာသခင်ပြောသည်မှာ မှန်ပေသည်။ ချန်လွေ့သည် ယန္တရားပါရမီရှင်တစ်ယောက် ဖြစ်သော်လည်း ဤကဲ့သို့ “ သုတေသနအသင်း ” အတွက် သိပ်ပြီး တန်ဖိုးမရှိလှပေ။

ထိုကြီးမားသော အင်အားစုတွင် ထိပ်တန်းအဆင့် တိုက်ခိုက်ရေးသမားများ ဖြစ်နေပြီ ဖြစ်သည်။အကယ်၍ ဆန်းကြယ်တောင်ကြားရှိ သုတေသနများသာ အောင်မြင်ပြီး လက်တွေ့အသုံးချနိုင်မည်ဆိုလျှင် အဆင့်တစ်ခု ရောက်သွားသည်နှင့် အပြည့်အဝ ပေါက်ကွဲထွက်သွားမည်မှာ သေချာသည်။ ထို့နောက်တွင် နတ်ဆိုးဘုံ အခြေအနေသည်လည်း ဘုံတစ်ခုလုံး တုန်ခါစေလောက်သော ပြောင်းလဲမှုများ ဖြစ်လာနိုင်ပေသည်။

ကျရှုံးသွားခဲ့သော ဘယ်ဇီဘတ် နှင့် လီဗျာသန် တော်ဝင်မိသားစုတို့ ပြန်လည်ဦးမော့လာမလာကို ချန်လွေ့ သေချာမသိပေ။ သို့သော်လည်း နတ်ဆိုးဘုံတစ်ခုလုံး၌ ကြောက်မက်ဖွယ်ရာစစ်ပွဲတစ်ခု ဖြစ်လာမည်မှာ အသေအချာပင် ဖြစ်သည်။ ငါက ဒီကိုရောက်နေပြီဆိုတော့ ငါ့ကိုယ်ငါအတွက်၊ ငါချစ်ရတဲ့သူတွေအတွက်၊ ငါ့မိတ်ဆွေတွေအတွက်၊ ခက်ခက်ခဲခဲရထားတဲ့ ငြိမ်းချမ်းရေးကို ကာကွယ်နေတဲ့ မိန်းကလေး တစ်ယောက်အတွက်၊ တစ်ခုခုတော့ လုပ်ရမယ်။

သလင်းကျောက်တောင်ကြား မစ်ရှင်က ထင်ထားတာထက် ပိုရုပ်ထွေးပြီး ခက်ခဲမယ့်ပုံပဲ။

All Chapters