← Chapters

စိန်ခေါ်ပွဲ

Vol. 19 Ch. 283

စိန်ခေါ်ပွဲ

Vol. 19 Ch. 283

ချန်လွေ့သည် ဆရာသခင်တိုတို၏ အပြုအမူကို ပြောင်းလဲရန်အတွက် “ ဆန်းသစ် ပြောင်းလဲခြင်း ” သုံးမျိုးကိုသာ ပြောခဲ့သည်။

“ အရင်ဆုံးအနေနဲ့ ဒီစက်ရုပ်ကြီး....အာ...ရုပ်သေး။ဒါကို လုပ်ဆောင်ချက်အတိုင်း သီးခြားစမ်းသပ်ပြီး ဒီဇိုင်းဆွဲဖို့ စဉ်းစားလို့ရလား။ ဥပမာပြောရရင် ခုခံရေး၊ တိုက်ခိုက်ရေးနဲ့ အမြန် အမျိုးအစားတွေပေါ့။ ပြီးတော့လည်း ဒါကို တိုက်ခိုက်ဖို့နဲ့ ချီတက်ဖို့ အဆင်ပြေစေဖို့အတွက် နတ်ဆိုးသားရဲအဖြစ် အသွင်ပြောင်းလို့ရလား။ ”

“ ဒုတိယက အဲဒီဒုံးကျည်....မဟုတ်ဘူး။ မှော်အမြောက် ပစ်လွှတ်မှုမှာ ပစ်မှတ် အသေမှတ်ဖို့အတွက် ထောက်လှမ်းရေးလုပ်ဆောင်ချက် ထပ်ထည့်လို့ရလား။ ”

“ တတိယအနေနဲ့ကတော့ မှော်အမြောက်မှာ ပဲ့ကိုင်စွမ်းရည် အားနည်းတယ်။ ဒါပေမဲ့ မြင်းလှည်းလိုမျိုး လွယ်လွယ်ကူကူ ရွေ့လျားလို့ရတဲ့ ခုခံရေးပစ္စည်းတစ်ခုကို ဒီဇိုင်းဆွဲပြီးတော့ မှော်အမြောက်မှာ တပ်ဆင်လို့ရတယ်။ ဒါဆိုရင် ရွှေ့ပြောင်းလို့ရတဲ့ တိုက်ခိုက်ရေးခံတပ်တစ်ခု ဖြစ်သွားပြီ။ ဒါနဲ့ အဲဒါကို တင့်ကားလို့ ခေါ်ရအောင်... ”

ဆရာသခင်တိုတိုသည် နည်းပညာသမား သက်သက်သာဖြစ်သည်။ထို့ကြောင့် သူသည် မေးခွန်းမေးရမည်ကို မရှက်ပေ။ သူသည် ကလောင်‌တစ်ချောင်းထုတ်ပြီး မေးမြန်းနေသော သတင်းသမားတစ်ယောက်ကဲ့သို့ပင် မေးမြန်းရင်း ရေးချနေ လေသည်။ ချန်လွေ့သည် စက်ယန္တရားပိုင်း၌ သာမန်သာဖြစ်သော်လည်း “ ဖန်တီးမှု ” များမှာ ဆရာသခင်တိုတိုပင် အံ့ဩလောက်သည်အထိ ထိတ်လန့်ဖွယ်ကောင်းလှသည်။ စွမ်းရည်မရှိခြင်းကို လေ့ကျင့်၍ရသည်။ သို့သော်လည်း ဖန်တီးမှုများမှာ သဘာဝအလျောက် ဉာဏ်ကွန့်မြူးမှုများသာ ဖြစ်သည်။ ၎င်းကို ခိုးချ၍မရနိုင်ပေ။ ( တစ်ယောက်တော့ လိပ်ပြာမလုံဖြစ်နေပြီ။ )

အနည်းငယ်ဆွေးနွေးပြီးနောက် ချန်လွေ့၏ ဖန်တီးမှု “အကျိုးပြုမှုများ” နှင့် ရူပဗေဒ အသိပညာတချို့ကြောင့် မျက်လုံးများ အရောင်တောက်နေသော ဆရာသခင် တိုတိုသည် ပါရမီရှင်ဟူသောဂုဏ်ပုဒ်ကို မေးခွန်းမဟုတ်တော့ပေ။ အာသာသည် မည်သည့်နယ်ပယ်၌မဆို ပါရမီရှင် တစ်ယောင်ပင် ဖြစ်လေသည်။

မူလက ဆာဘရီသည် သလင်းကျောက်နဂါးနှင့် ချန်လွေ့အကြားရှိ ပတ်သက်မှုကို အသုံးချပြီး စိန်ခေါ်ပွဲကို အနိုင်ရချင်ခဲ့သည်။ မမျှော်လင့်ဘဲနှင့် ချန်လွေ့သည် ကိုယ်ပိုင်အစွမ်းအစဖြင့် ဆန်းကြယ်တောင်ကြားမှ ဂုဏ်သိက္ခာအရှိဆုံး လက်မှုပညာ ဆရာသခင်၏ လက်ခံမှုကို ရရှိခဲ့သည်။ ချန်လွေ့သည် အမှန်တကယ် အနိုင်ရလောက်ပေသည်။ ဆာဘရီနာသည် ချန်လွေ့အား တိတ်‌တိတ်လေး လက်မထောင်ပြလိုက်သည်။ သူတို့နှစ်ဦး စကားပြောနေသည်ကိုမြင်ပြီး ဆာဘရီနာသည် အနှောင့်အယှက်မဖြစ်စေရန်အတွက် အဝေးသို့ လမ်းလျှောက် သွားလိုက်သည်။

ချန်လွေ့သည် “ နာမည်ကြီးဆရာသခင် ” တစ်ယောက်၏ တပည့်မဟုတ်ဘဲ မထင်မရှား မွေးလာခဲ့ကြောင်းကို သိရပြီးနောက် တောမှလာသော ဆရာသခင်တိုတိုသည် ချန်လွေ့ကို ပို၍အကောင်းမြင်သွားသည်။ သို့သော်လည်း အကောင်းမြင်သည်မှာ တစ်ကြောင်း။ စိန်ခေါ်ပွဲမှာ တစ်ကြောင်းပင် ဖြစ်လေသည်။

ချန်လွေ့၏ပြိုင်ဘက်မှာ တပ်မှူးဟောင်း စပန်ဒါကို သတ်ပစ်ခဲ့သော ဆန်းကြယ်တောင်ကြား၏ လက်ရှိတပ်မှူး နော်ရစ်ပင် ဖြစ်သည်။ စိန်ခေါ်ပွဲမှာ တိုက်ခိုက်ရေးစွမ်းအားအကြောင်း မဟုတ်ဘဲ သုတေသနတစ်ခုနှင့် သက်ဆိုင်သည့် အရာ ဖြစ်သည်။

ယခင်တပ်မှူး စပန်ဒါ၏ “ကျွမ်းကျင်မှု”မှာ သားရဲထိန်းကျောင်းခြင်းနှင့် စိတ်ထိန်းချုပ်မှု လျို့ဝှက်ပညာရပ်တစ်ခုဖြစ်သည့်အတွက် “ဇီဝနည်းပညာ”၌ လူတော်တစ်ယောက် ဖြစ်သည်။ နော်ရစ်သည် စပန်ဒါ၏ အစွမ်းထက်ဆုံးနယ်ပယ်၌ အနိုင်ယူခဲ့ပြီး နောက်ဆုံး၌ စပန်ဒါလည်း သေဆုံးသွားသည်။ ထို့နောက်တွင် နော်ရစ်သည် အငြင်းပွားမှု မရှိဘဲ တပ်မှူးပုလ္လင်ပေါ်သို့ တက်ရောက်ခဲ့သည်။

“ ဆရာသခင်တိုတို။ စိန်ခေါ်ပွဲက တကယ်တမ်း ဘယ်လိုလဲဆိုတာ ကျုပ်ကို ပြောပြနိုင်မလား။ ”

တိုတို၏အဖြေသည် ချန်လွေ့ကို အံ့ဩသွားစေသည်။နယ်ပယ်များမှာ “စက်ယန္တရား” သို့မဟုတ် “ဇီဝဗေဒ” သုတေသန ဖြစ်နိုင်သည်။ အကြောင်းအရာများ အကန့်အသတ်မရှိပေ။ ယခင် စိန်ခေါ်ပွဲအရ ၎င်းကို စိန်ခေါ်သူက ဆုံးဖြတ်ရသည်။ နော်ရစ်အနိုင်ရရှိသွားသောအခါက နှစ်ယောက်စလုံးကို ရူးသွပ်သားရဲနှင့်အတူ ချိပ်ပိတ်ထားသော မှော်စက်ဝိုင်းအတွင်း ချိပ်ပိတ်ထားခဲ့ခြင်း ဖြစ်သည်။ သူတို့သည် ရူးသွပ်သားရဲကို ထိန်းချုပ်ပြီး အချင်းချင်းတိုက်ခိုက်ရန်အတွက် စိတ်ထိန်းချုပ်ခြင်း၊ စိတ်ဝိညာဉ်၊အမျိုးမျိုးသော မှော်ပညာနှင့် လျို့ဝှက်ပညာရပ်များကို အသုံးပြုကြ ရလေသည်။

စည်းကမ်းများမှာ ယှဉ်ပြိုင်သူသည် ရူးသွပ်သားရဲကို သတ်၍မရပေ။ပြိုင်ဘက်ကိုလည်း တိုက်ခိုက်၍မရပေ။အရင်ဆုံးသေသူသည် အရှုံးဖြစ်သည်။ထို့ကြောင့် ထိုစိန်ခေါ်ပွဲကို မရဏပြိုင်ပွဲဟူ၍ ခေါ်ကြသည်။

ရူးသွပ်သားရဲသည် ဆန်းကြယ်တောင်ကြားရှိ အမြင့်မားဆုံး သုတေသန အောင်မြင်မှုဖြစ်သည်။ ၎င်းသည် ပြုပြင်ပြောင်းလဲထားသော ကြောက်မက်ဖွယ်ရာ နတ်ဆိုးတစ်ပိုင်း သားရဲတစ်ပိုင်းကောင် ဖြစ်သည်။ ၎င်းသည် သွေးဆာပြီး ကြမ်းကြုတ်ကာ တိုက်ခိုက်ရေးစွမ်းအား အတော်လေး မြင့်မားလှသည်။ လက်ရှိ၌ ၎င်းသည် တစ်ဝက်သာပြီးသေးသော ထုတ်ကုန်တစ်ခု ဖြစ်သည်။ ထို့ကြောင့် ၎င်းကိုထိန်းချုပ်ရန် အလွန်ခက်ခဲလှသည်။ အဆင့်အမြင့်ဆုံး သားရဲထိန်းကျောင်း စွမ်းရည် သို့မဟုတ် ထိန်းချုပ်စွမ်းရည်ဖြင့်ပင် ၎င်းကိုထိန်းချုပ်ရန် ခက်ခဲနေသေးသည်။

ထိုပြိုင်ပွဲ၌ နော်ရစ်နှင့် စပန်ဒါတို့သည် စွမ်းအားအကုန် အသုံးပြုခဲ့ကြသည့်အတွက် အတော်လေး စိတ်လှုပ်ရှားစရာကောင်းသည်။ နောက်ဆုံး၌ နော်ရစ်၏ ထိန်းချုပ်မှုအောက်တွင် ရူးသွပ်သားရဲသည် စပန်ဒါအား အစိတ်စိတ်ဖြစ်အောင် ဆွဲဖြဲခဲ့ပြီးနောက် နော်ရစ်လည်း အနိုင်ရရှိသွားခဲ့သည်။

ချန်လွေ့ စိတ်ထဲ၌ ထိတ်လန့်သွား၏။ ဒီစိန်ခေါ်ပွဲက လူနှစ်ယောက်ကြားက ရုပ်ပိုင်းဆိုင်ရာ တိုက်ပွဲတစ်ခု မဟုတ်ပေမဲ့ ရက်စက်မှုကတော့ ပိုပြီးတော့ မြင့်မားတယ်။ နယ်ပယ်တိုင်းမှာ အတူတူပါပဲ။ အနိုင်ရတဲ့သူက ကျန်ရစ်ပြီးတော့ အရှုံးသမားက သေဆုံးရတယ်။

“ နော်ရစ်က အမှောင်မှော်ပညာ၊ ကျိန်စာနဲ့ စိတ်ထိန်းချုပ်ခြင်း လျို့ဝှက်ပညာရပ်တွေ ကျွမ်းကျင်တယ်။ အရင်တစ်ခေါက် ပြိုင်သလိုပဲ ဒီပြိုင်ပွဲမှာလည်း အသုံးပြုနိုင်တယ်။ မင်းက မဟာဆရာသခင်ဖြစ်ဖို့အတွက် အလားအလာ ကြီးမားတယ်။ဒါပေမဲ့လည်း နယ်ပယ်တိုင်းမှာ အထူးပြုဆိုတာ ရှိတယ်။ဒီနေရာမှာ မင်းက သူ့ပြိုင်ဘက် မဟုတ်ဘူး။ဒီပြိုင်ပွဲမှာ မပြိုင်ဖို့ ငါမင်းကို အကြံပေးတယ်။ဆန်းကြယ်တောင်ကြားကို မင်းတစ်ခါတည်း တိုက်ရိုက်လာလို့ရတယ်။ ငါမင်းကို လက်ထောက် လက်မှုပညာ ဆရာသခင်အဖြစ် ခန့်အပ်ပေးမယ်။ ”

ဆရာသခင်တိုတို၌ စိတ်ကောင်းအချို့ရှိသည်။ ၎င်းမှာ အဓိကအားဖြင့် သူသည် မဟာဆရာသခင် ဖြစ်လာနိုင်သော ပါရမီရှင် တစ်ယောက်ကို မမွေးထုတ်နိုင်ခြင်းနှင့် “သိပ္ပံသုတေသန” ၌ သေနိုင်သော အလားအလာ ရှိသောကြောင့် ဖြစ်သည်။ လက်ထောက် လက်မှုပညာ ဆရာသခင်နေရာကို လူအများက လိုချင်နေကြသည်။ အီဇိုလာ ခေါ်လာခဲ့သော နှစ်သွယ်-အထူးပြု ယန္တရားဆရာသခင် ဟောဖို့ဒ်သည် သာမန်အဆင့်သာဖြစ်သော “ စီမံကိန်းခေါင်းဆောင် ” တစ်ယောက်သာ ဖြစ်သည်။ ယခုမှရောက်လာသော ချန်လွေ့အဖို့ အထက်တွင် တစ်ယောက်သာရှိပြီး အောက်တွင် လူအများရှိနေမည့်ရာထူး ရသွားနိုင်ခြင်းမှာ မကြုံစဖူးပင် ဖြစ်လေသည်။

ချန်လွေ့သည် ဤနေရာ၌ အရူးသိပ္ပံပညာရှင် တစ်ယောက်အနေဖြင့် မနေနိုင်ပေ။ ထို့ကြောင့် ထိုကဲ့သို့ စေတနာမျိုးကို သူလက်ခံမည် မဟုတ်ပေ။ ထို့ကြောင့် ချန်လွေ့က ပုံမှန်အတိုင်း ပြောသည်။

“ ဆရာသခင်။ဒီစမ်းသပ်ချက်တွေသာ အောင်မြင်သွားမယ်ဆိုရင် နတ်ဆိုးဘုံတစ်ခုလုံး ပြောင်းပြန်ဖြစ်သွားမှာပဲ။အဲဒီအချိန်ကျရင် စစ်ပွဲ ဖြစ်လာမယ်...... ”

“ အင်း ”

ဆရာသခင်တိုတို၏မျက်လုံးများ အရောင်တောက်သွားသည်။

“ ဟုတ်တယ်။အဲဒီအချိန်ကျရင် လက်နက်အသစ်တွေက အသုံးဝင်လာမယ်။ဒါက မမျှော်လင့်ထားတဲ့ သေကြေပျက်စီးမှုတွေကို ဖြစ်စေမှာပဲ။ နတ်‌ဆိုး အရှင်သခင်တွေတောင် အားအင်ကုန်ခမ်းသွားနိုင်တယ်။ဒါက သေချာပေါက် ကြီးကျယ် ခမ်းနားတဲ့ အောင်မြင်မှုတစ်ခုဖြစ်မှာပဲ။ငါ့ရဲ့နာမည် တိုတိုက နတ်ဆိုးသမိုင်းကြောင်းမှာ မှတ်တမ်းတင်ခံရလိမ့်မယ်။ဟားဟား.... ”

ချန်လွေ့က မေးခွန်းအနည်းငယ် ထပ်ပြီးအစ်အောက်ကြည့်လိုက်သည်။ သို့သော်လည်း ၎င်းသည် ဆရာသခင်တိုတိုကို ပို၍ပင် စိတ်လှုပ်ရှားသွားစေသည်။ သူသည် အနာဂတ်မျိုးဆက်သစ်များ ၏ ကိုးကွယ်ခြင်းကိုခံလိုသော ကြီးမားသည့် လိုအင် ဆန္ဒထဲ၌ လုံးဝနစ်ဝင်နေခဲ့သည်။ ဆရာသခင်တိုတိုသည် အယူသည်းသူ တစ်ယောက် ဖြစ်ကြောင်း ချန်လွေ့ နောက်ဆုံး၌ သိသွားခဲ့သည်။ “ သိပ္ပံသမိုင်းကြောင်း ”၌ နာမည်ကျော်လိုသော သူ၏အကြံအစည်ကို ပြောင်းလဲရန် နားချခြင်းသည် နတ်ဆိုး ကျားတစ်ယောက်ကို အသီးအရွက်စားခိုင်းရန် နားချသည်ထက် ပို၍ခက်ပေသည်။ ငါ နာမည်ကျော်ရင်ရပြီ။ကောင်းကောင်း၊ မကောင်းကောင်း ဂရုမစိုက်ဘူး။စကြဝဠာ ငြိမ်းချမ်းအောင် ထိန်းသိမ်းတာဘာညာလည်း ဂရုမစိုက်ဘူး။

ထို“သတိပေးချက်”ကြောင့် ဆရာသခင်တိုတိုသည် လက်ထောက် လက်မှုပညာ ဆရာသခင်ကို ပို၍ပင် သဘောကျသွားသည်။ သူသည် ချန်လွေ့အား အတော်ကြာ လိုက်ပြခဲ့သည်။ နောက်ဆုံး၌ ဆာဘရီနာသည် ချန်လွေ့အား ကျေနပ်စွာဖြင့် ဆန်းကြယ် တောင်ကြားမှ ခေါ်ထုတ်သွားတော့သည်။

လမ်းတစ်လျှောက်၌ ချန်လွေ့ တိတ်ဆိတ်နေသည်ကို မြင်သည့်အခါ စပန်ဒါ၏ သေဆုံးခြင်းအကြောင်းကို သိရပြီးနောက် ကြောက်ရွံ့နေသည်ဟူ၍ ဆာဘရီနာ ထင်သွားပြီး နှစ်သိမ့်လိုက်သည်။

“ ဆရာသခင်။စိတ်မပူပါနဲ့။ဒီနေ့ ကျွန်မတို့က ဆရာသခင်ကို အကြံဉာဏ် အကြမ်းဖျဉ်း ပေးဖို့ကြိုးစားတာပါ။ဆရာသခင်က ဧရာမရုပ်သေးအကြောင်းကို ဆွေးနွေးနေတာ မြင်လိုက်လို့ပါ။ ဒါနဲ့ပတ်သက်ပြီးတော့ ဆာ-ယာကော့ဗ်ကို အကူအညီတောင်းမယ် ဆိုရင် ဆရာသခင် အန္တရာယ်ကင်းကင်းနဲ့ အနိုင်ရမှာပါ။ ”

“ မဒမ်။ပြိုင်ရမှာတွေက မပြောင်းလဲဘူး.... ”

ချန်လွေ့ ခေါင်းခါလိုက်သည်။ ထိုရုပ်သေးများ၊အခြားအရာများနှင့်ပတ်သက်၍ ချန်လွေ့သည် ကြွားလုံးထုတ်၍ ရသေးသည်။ သို့သော်လည်း အမှန်တကယ် ယှဉ်ပြိုင်သည့်အခါ သူ အောင်မြင်နိုင်မည် မဟုတ်ပေ။ သက်ဆိုင်ရာ အချက်အလက် အများအပြားကို [ အထူးစိစစ်မှု ] သုံးပြီး မှတ်ထားခဲ့သော်လည်း ဇီဝဗဒနှင့် စက်ယန္တရားဆိုသည်မှာ သူတော်သောအရာများ မဟုတ်ပေ။ [ အထူးစိစစ်မှု ] ဖြင့်ပင် ချန်လွေ့သည် ၎င်းတို့ကို ချက်ချင်း မနားလည်နိုင်ပေ။ ထို့ကြောင့် သူသည် ၎င်းကို မယှဉ်ပြိုင်နိုင်သည်မှာ သေချာသည်။

သို့သော် အဖြစ်နိုင်ဆုံး စိန်ခေါ်ပွဲကို အနည်းငယ်မျှော်လင့်၍ ရနိုင်သည်။ ရူးသွပ်သားရဲအား [ သရုပ်ခွဲမျက်လုံး ] ဖြင့် ဆက်သွယ်စကားပြော၍ ရမရကို ချန်လွေ့ မသိပေ။ သို့သော်လည်း ဆရာသခင်တိုတို ဖော်ပြသော အခြေအနေအရ ၎င်းသည် သတ်ဖြတ်ချင်စိတ်သာရှိသော တိုက်ခိုက်ရေးစက်တစ်ခု ဖြစ်သည်။ ထို့ကြောင့် ဆက်သွယ်စကားပြောနိုင်မည့် ဖြစ်နိုင်ချေ အလွန်နည်းပါးသည်။ နတ်ဘုရား-ဝါးမျို မျက်နှာဖုံးသည် ရူးသွပ်သားရဲကို ရုပ်သေးပြုလုပ်နိုင်သည်။ သို့သော်လည်း ရုပ်သေး အရေအတွက်သည် အကန့်အသတ် ၂ယောက်ပြည့်သွားပြီဖြစ်သည်။ ဖာတီလုကို သေချာပေါက် ဖယ်ရှား၍မရပေ။ ထို့ကြောင့် ချန်လွေ့သည် လိပ်ပြာနီနယ်မြေ အဝေး၌ရှိသော စနိုးဒင်ကိုသာ ဖယ်ရှရမည် ဖြစ်သည်။ သို့သော်လည်း ထိုသို့ပြုလုပ်ရန်အတွက် ချန်လွေ့သည် မျက်နှာဖုံး ဝတ်ဆင်ရမည် ဖြစ်သည်။ ထိုသို့ဆိုလျှင် နတ်ဘုရား-ဝါးမျို မျက်နှာဖုံး ပေါ်သွားပေမည်။ ယခုတွင် စိတ်ချရသော နည်းလမ်းတစ်ခုသာ ရှိတော့သည်။ ၎င်းမှာ ထိန်းချုပ်ခြင်းနှင့် စိတ်ရှုပ်ထွေးခြင်းတို့ ပါဝင်သည့် ခြယ်လှယ်ခြင်း လက္ခဏာများ ပါဝင်သော အသူရာထံမှ အနက်ရောင် ပိုင်နက်၏စွမ်းအားကို နားလည်သဘောပေါက်ရန်ပင် ဖြစ်သည်။

“ ပြိုင်ရမှာတွေ မပြောင်းလဲဘူးလား။ ”

ဆာဘရီနာ ထိတ်လန့်သွား၏။ ချန်လွေ့သည် အိပ်မက်ဆိုးတောင်ကြားမှဖြစ်ပြီး ဦးလေးမာနူ၏ ကြီးကြီးမားမား တန်ဖိုးထားခြင်းကို ခံရသည်။ အကယ်၍ မိမိကြောင့် ဆန်းကြယ်တောင်ကြား၌ ချန်လွေ့ သေသွားမည်ဆိုလျှင် မာနူ သူ့ကို အလွတ်ပေးမည် မဟုတ်ပေ။

“ ဒီနေ့ရက်‌တွေကို ကျုပ် စိတ်ငြိမ်အောင်ထားပြီးတော့ ခင်ဗျားကို ဒီစိန်ခေါ်ပွဲမှာ အနိုင်ရဖို့အတွက် သေချာစဉ်စားပေးမယ်။ ”

ချန်လွေ့သည် ရိုးရိုးပြောနေခြင်းမဟုတ်ကြောင်း ဆာဘရီနာ သတိထားမိသည်။ ၎င်းသည် သေရေးရှင်ရေးအခြေအနေဖြစ်ပြီး ကလေးကစားစရာအဖြစ် မှတ်ယူ၍မရပေ။ ဆာဘရီနာ စိတ်ထဲ၌ တွေးလိုက်သည်။ ဆရာသခင်အာသာမှာ အစွမ်းထက်တဲ့ စိတ်ထိန်းချုပ် ပညာရပ်တစ်ခု ရှိနေသေးတာများလား။

ဆာဘရီနာ ခဏတွေးပြီး ပြောလိုက်သည်။

“ ကောင်းပြီလေ။ကျုပ်မ အများကြီး ဝင်မရှုပ်တော့ပါဘူး။အားလုံးကို ဆရာသခင့်ဆီ လွှဲလိုက်ပါပြီ။တစ်ခုခုလိုရင် ကျွန်မကို ပြောလိုက်ပါ။ ”

“ မဒမ်ကို ကျုပ် ကုန်ကြမ်းအချို့ စုဆောင်းပေးဖို့ အကူအညီ တောင်းချင်ပါတယ်။ ပိုများလေ ပိုကောင်းလေ။ပိုမြန်လေ ပိုကောင်းလေပဲ။ နောက်လာမယ့်၆ရက်မှာ စိန်ခေါ်ပွဲကို ရင်ဆိုင်ဖို့အတွက် ပစ္စည်းတစ်ခု ကျုပ်လုပ်ဖို့လိုတယ်။ ”

ချန်လွေ့ စာရင်းပေးခဲ့သော ကုန်ကြမ်းများမှာ အများအားဖြင့် မိုးခြိမ်းသံပြုလုပ်ရန် ရှားပါးကုန်ကြမ်းများ ဖြစ်ကြသည်။ ၎င်းသည် အပွားအများအပြား ပြုလုပ်ရန် အတွက်ပင် လုံလောက်သည်။ အချို့မှာ [ အရှိန်အဝါ ကူးပြောင်းခြင်း ] အတွက် ကုန်ကြမ်းများ ဖြစ်ကြသည်။မည်သို့ပင် ‌ဆိုစေကာမူ ထိုကဲ့သို အရေးကြီးသော အခိုက် အတန့်၌ ချန်လွေ့သည် အခွင့်အရေး ပိုယူရပေမည်။

ထိုကုန်ကြမ်းများ၏နာမည်ကို ကြားသည့်အခါ ဆာဘရီနာ မျက်မှောင်ကြုတ်လိုက်သည်။ သို့သော်လည်း စိန်ခေါ်ပွဲသည် ချန်လွေ့၏အသက်နှင့် သက်ဆိုင်သည့်အတွက် သူ သံသယမဝင်ရဲပေ။ သူ ခဏစဉ်းစားပြီးနောက် စုဆောင်း၍မရသော ပစ္စည်းသုံးလေးခုကို ထောက်ပြသည်။ ၎င်းသည် ချန်လွေ့ မျှော်မှန်းထားသည်ထက် ပို၍ကောင်းပေသည်။ယခုအချိန်၌ ဆာဘရီနာသည် မိမိကို ပေါ့ပေါ့တွေးမည်မဟုတ်ကြောင်း ချန်လွေ့ ယုံကြည်သည်။

ထို့နောက် ချန်လွေ့သည် အိပ်မက်ဆိုး တောင်ကြားသို့ ပြန်ရောက်လာသည်။ မဟာဆရာသခင်အဆင့် ကုသဆေးရည်၏ အာနိသင်မှာ အမှန်တကယ်ပင် ထူးခြားလှသည်။ ဖရီယာ၏ လက်သည် လုံးဝနီးပါး ပြန်ကောင်းသွားခဲ့သည်။ သို့သော်လည်း ချန်လွေ့ကိုတွေ့သည့်အခါ သူ သတိထားနေဆဲပင် ဖြစ်သည်။ ချန်လွေ့က စကားအနည်းငယ်ပြောကာ နှစ်သိမ့်ပေးပြီး စမ်းသပ်ခန်း၌ စတင်လေ့ကျင့်တော့သည်။

အလျင်အမြန်ပင် ခုနစ်ရက် ကုန်ဆုံးသွားခဲ့သည်။နောက်ဆုံး၌ ဆန်းကြယ် တောင်ကြားရှိ စိန်ခေါ်ပွဲနေ့ရက်သို့ ရောက်ရှိလာလေပြီ။

ချန်လွေ့ ထင်ထားသည့်အတိုင်းပင် တပ်မှူး နော်ရစ်သည် ယခင်စိန်ခေါ်ပွဲမှ ယှဉ်ပြိုင်ခြင်းကိုသာ ရွေးချယ်ခဲ့သည်။ ၎င်းမှာ ရူးသွပ်သားရဲကို ထိန်းချုပ်သော မရဏပြိုင်ပွဲပင် ဖြစ်လေသည်။

ဆန်းကြယ်တောင်ကြား၌ သလင်းကျောက်နဂါး ယာကော့ဗ်သည် ဒိုင်လူကြီးအဖြစ် ကိုယ်တိုင် ရောက်ရှိလာခဲ့သည်။ နှစ်ဖက်မှာ ‌ဆာဘရီနာနှင့် အီဇိုလာတို့ အသီးသီး ဖြစ်ကြသည်။ ဆန်းကြယ်တောင်ကြားမှ လူများသည် အလုပ်၌သာ အာရုံစိုက် ထားလေ့ရှိကြသည်။ လမ်းမလျှောက်သွားနိုင်သောသူများမှလွဲ၍ အများစုသည် ရှားရှားပါးပါး ဖြစ်သော ထိုစိတ်လှုပ်ရှားဖွယ် စိန်ခေါ်ပွဲကို လာကြည့်ကြသည်။

နော်ရစ်သည် အီဇိုလာ၏ ‌လက်ထောက်ဖြစ်ပြီး သန္ဓေပြောင်း သွေးမျိုးဆက်ရှိသည့် အမှောင်နတ်သူငယ်တစ်‌ယောက် ဖြစ်သည်။သူ၏စွမ်းအားသည် မဟာနတ်ဆိုးအဆင့် ကနဦးပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။သူ၏ စွမ်းအားအကဲဖြတ်မှုအရ သူသည် မှော်ဆရာတစ်ယောက် ဖြစ်သည်။၎င်းသည် ချန်လွေ့အား အမှောင်လမှ နောက်ထပ်မဟာနတ်ဆိုးဘုရင်တစ်ယောက်ဖြစ်သော စကိုင်းကို သတိရသွားစေသည်။

တစ်ယောက်ချင်း တိုက်ရိုက်တိုက်ခိုက်မည်ဆိုလျှင် ချန်လွေ့၏ တိုက်ခိုက်ရေး စွမ်းအားနှင့် [ မှော်-ဆန့်ကျင် ] လက္ခဏာများဖြင့် နော်ရစ် အလွယ်တကူ အသတ်ခံရမည် ဖြစ်သည်။သို့သော် ယနေ့စိန်ခေါ်ပွဲမှာ တိုက်ရိုက် တိုက်ခိုက်ရန် မဟုတ်ပေ။ သူတို့သည် အချင်းချင်း တိုက်ခိုက်ရန်အတွက် အရူးသားရဲကို ထိန်းချုပ်ရမည် ဖြစ်သည်။တစ်ယောက် ရှုံးနိမ့်သွားသည်နှင့် အရှုံးသမားသည် အသက်အန္တရာယ် စိုးရိမ်ရပေမည်။

စွမ်းအားအရ “အာသာ”သည် နတ်ဆိုးဘုရင်အဆင့် ကနဦးပိုင်းသာ ရှိသေးပြီး နော်ရစ်သည် မဟာနတ်‌ဆိုးအဆင့် ကနဦးပိုင်း ဖြစ်သည်။ထို့ပြင် နော်ရစ်သည် စိတ်ထိန်းချုပ်မှု၌ ကျွမ်းကျင်ပြီး တပ်မှူးဟောင်း စပန်ဒါကို အနိုင်ယူထားသော မှတ်တမ်းရှိသည်။ထို့ကြောင့် သူအနိုင်ရရှိနိုင်ချေ မြင့်မားလှသည်။လူတိုင်းနီးပါးက နော်ရစ်ကိုသာ ယုံကြည်မှုရှိကြသည်။

နော်ရစ်သည် ချန်လွေ့အား ရက်စက်သည့်အပြုံးဖြင့် ဖျပ်ခနဲကြည့်လိုက်သည်။

“ နတ်ဆိုးဘုံရဲ့ ထိပ်တန်း ယန္တရားဆရာသခင် ဟုတ်လား။မဟာဆရာသခင်ဖြစ်ဖို့ အလားအလာ အရှိဆုံးသူ ဟုတ်လား။ မင်းက သေကြောင်းကြံစည်နေတာပဲ။ ရူးသွပ်သားရဲက အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဆွဲဖြဲပြီးရင် မင်းဘယ်လို မဟာဆရာသခင် ဖြစ်မလဲ ကြည့်ရသေးတာပေါ့။ ”

ချန်လွေ့ မချေပခင်မှာပင် တင်းမာသော အသံတစ်သံ ထွက်လာသည်။

“ ဆရာသခင်အာသာ။ အကောင်း‌ဆုံး ကြိုးစားပါ။ရှုံးရှုံးနိုင်နိုင် ကျုပ်ဒီမှာရှိနေလို့ ဆရာသခင် ဘာမှဖြစ်မှာ မဟုတ်ပါဘူး။ ”

နော်ရစ်၏အပြုံး အေးခဲသွားသည်။ခုနကစကားပြောလိုက်သူမှာ သလင်းကျောက် တောင်ကြား၌ အစွမ်းထက်ဆုံး နတ်ဆိုးအရှင်သခင် ဖြစ်ပြီး ယနေ့၏ဒိုင်ဖြစ်သော သလင်းကျောက်နဂါး ယာကော့ဗ်ပင် ဖြစ်သည်။

ဒါက ဒိုင်ရောဟုတ်ရဲ့လား။သူက မစခင်မှာတောင် ညစ်နေပြီ။

ယာကော့ဗ်သည် ထိုအရာများကို ဂရုမစိုက်ပေ။ ဆရာသခင်အာသာသည် သူ၏ ဖြည့်တင်းမှော်စက်ဝိုင်း တိုးတက်စေရန်အတွက် အဓိကသော့ချက်ဖြစ်သည်။ ထို့ပြင် အာသာသည် အနာဂတ်၌ သူ၏အရေးကြီးသော အစေခံတစ်ယောက် ဖြစ်လာမည် ဖြစ်သည့်အတွက် မည်သည်မှဖြစ်၍မရပေ။ ထိုမိန်းမနှစ်ယောက်ကြားရှိ တိုက်ခိုက်မှုမှာမူ သူနှင့်လုံးဝ မသက်ဆိုင်ပေ။

All Chapters