မရဏပြိုင်ပွဲ
Vol. 19 Ch. 284
သိပ်မကြာခင်၌ သူတို့နှစ်ယောက်သည် စိန်ခေါ်ပွဲကျင်းပရာ နေရာသို့သွားပြီး မှော်စက်ဝိုင်းတစ်ခု အရှေ့ ရပ်နေလိုက်ကြသည်။
မှော်လှောင်အိမ်တစ်ခု တွန်းလား၏။ထိုမှော်လှောင်အိမ်ထဲတွင် သုံးမီတာခန့်မြင့်သော အလွန်ကြီးမားသည့် မကောင်းဆိုးဝါးတစ်ကောင် ဖြစ်သည်။ ၎င်းသည် ကြောက်မက်ဖွယ်ရာ အသွင်အပြင်ရှိပြီး ကြွက်သားကြီးမားကာ ခေါင်းပေါ်၌ ချွန်ထက်သော ချိုနှစ်ချောင်းရှိသည်။ သွေးနီရောင်မျက်လုံးများရှိပြီး ထက်မြက်သော အစွယ်များရှိကာ ခရမ်းရောင်သားရေဖြင့် ဖုံးလွှမ်းထားသည်။
၎င်း၏ ပုခုံး၊ရင်ဘတ်၊ဝမ်းဗိုက်နှင့် ပေါင်အပြင်ဘက်တို့၌ ချပ်ကာကဲ့သို့ ကြေးခွံများရှိသည်။ ၎င်း၏ အမြီးသည် ထူထဲပြီး ရှည်လျားကာ ဆူးချွန်များရှိသည်။ ကြောက်စရာ အကောင်းဆုံးမှာ ၎င်း၏ ညာလက်မောင်းပင် ဖြစ်သည်။၎င်းသည် အလွန်ကြီးမားလှပြီး လက်ဖဝါးသည် ဧရာမလက်သည်းကြီးဖြစ်နေသည်။
၎င်းသည် ရူးသွပ်သားရဲ၌ ဖြစ်သည်။[ သရုပ်ခွဲမျက်လုံး ]၌ မျိုးနွယ်ကို “ အမည်မသိ ”ဟု ဖော်ပြထားသည်။စွမ်းအားအကဲဖြတ်မှုမှာ မဟာနတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်း [B+] ဖြစ်သည်။၎င်း၏ အချက်အလက်များမှာ ခန္ဓာအမျိုးအစား - [ B+ ] ၊ ခွန်အား - [ A- ] ၊ စိတ်ဝိညာဉ် - [ C ] နှင့် မြန်ဆန်မှု - [ B ] တို့ ဖြစ်ကြသည်။
ထိုကြောက်မက်ဖွယ်ရာ မကောင်းဆိုးဝါး၌ ခွန်အား၌ [ A- ]အဆင့် ရှိနေပုံရသည်။ တစ်ခုတည်းသော အားနည်းချက်မှာ ၎င်း၏ စိတ်ဝိညာဉ်ဖြစ်ပြီး ထို့ကြောင့်ပင် အထိန်းချုပ်ခံရခြင်း ဖြစ်ပေမည်။ ထိုမကောင်းဆိုးဝါး၏ ခွန်အားကို နော်ရစ်ပင် ခံနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ရှုထောင့်တစ်ခုမှ ကြည့်လျှင် နှစ်ဖက်စလုံးမှ သတ်မှတ်ချက်များမှာ ညီမျှပေသည်။
“ နေပါဦး။ ”
နော်ရစ်က ပြောသည်။
“ အာသာက ယန္တရားဆရာသခင်လေ။သူ့မှာ မှော်ပစ္စည်းတွေ အများကြီး ရှိမှာပေါ့။ မျှတစေဖို့အတွက် ဒီမရဏပြိုင်ပွဲမှာ ဘာပစ္စည်းမှ မသုံးဖို့ ပြောချင်ပါတယ်။ ”
ဆာဘရီနာ သရော်ပြုံးပြုံးလိုက်သည်။
“ ရှင်က မျှတမှု လိုချင်တယ်ဆိုရင် ရှင့်ရဲ့စွမ်းအားကို နတ်ဆိုးဘုရင်အဆင့်အထိ ချုပ်တည်းထားလိုက်လေ။ ”
အီဇိုလာ သဘောတူမည် မဟုတ်သည်မှာ အသေအချာပင် ဖြစ်သည်။သူ ချက်ချင်း ချေပလိုက်သည်။
“ မဖြစ်နိုင်ဘူး။ဒီစိန်ခေါ်ပွဲက နင်က စတာလေ။အဲဒါကြောင့် နော်ရစ်က စည်းမျဉ်းတွေကို ဆုံးဖြတ်သင့်တယ်။ ”
“ သူက ရူးသွပ်သားရဲ စည်းမျဉ်းကို ဆုံးဖြတ်ပြီးပြီ မဟုတ်လား။ဒါဆို ပြိုင်ရမှာ ပြောင်းလိုက်မယ်လေ။မှော်စက်ဝိုင်း ဆိုရင်ကော။ ”
ချန်လွေ့သည် စိန်ခေါ်ပဲအတွက် “မှော်ပစ္စည်း” တစ်ခု အထူးဖန်တီးထားကြောင်း ဆာဘရီနာ သိသည်။ သူ လက်လွတ်လိုက်လျှင် ပြင်ဆင်ထားမှုများ အလကားဖြစ်သွားမည် ဖြစ်သည်။ ထို့ကြောင့် ဆာဘရီနာသည် ထိုအခွင့်အရေးကို သေချာပေါက် လက်လွတ်ခံမည် မဟုတ်ပေ။
“ တော်တော့်။ ”
ဒိုင်လူကြီးဖြစ်သော သလင်းကျောက်နဂါးက ပြောလိုက်သည်။
“ နှစ်ဖက်စလုံးက မှော်အဆင်တန်ဆာတွေရော၊ မှော်ပစ္စည်းတွေရော သုံးလို့ရတယ်။ အခုပဲ စတော့။မြန်မြန်လုပ်။ ”
ယာကော့ဗ် ပြောလိုက်သည့်အတွက် မည်သူမှ မကန့်ကွက်ရဲတော့ပေ။အခြားနည်းလမ်း မရှိပေ။စွမ်းအားသည် အကြီးမားဆုံး စည်းမျဉ်းပင် ဖြစ်လေသည်။
နော်ရစ်သည် မပြင်ဆင်ထားဘဲ မနေပေ။သူ၏ တောင်းဆိုချက် ပယ်ဖျက်ခံလိုက် ရသည့်အခါ သူသည် လက်စွပ်တစ်ကွင်းနှင့် လည်ဆွဲတစ်ခု ဝတ်ပြီး အရိုးခေါင်းသဏ္ဍာန် တုတ်တံတစ်ချောင်း ထုတ်လိုက်သည်။ ၎င်းတို့သည် သူ၏စိတ်ထိန်းချုပ်မှုကို ပိုမိုအစွမ်းထက်သွားစေနိုင်မည်ဟု စိတ်ထဲ၌ တွေးလိုက်သည်။
သို့သော်လည်း ချန်လွေ့၏ အဆင်တန်ဆာများကို မြင်လိုက်ရသည့်အခါ နော်ရစ်၏ သာလွန်စိတ် ရုတ်တရက် ပျောက်ကွယ်သွားသည်။ ချန်လွေ့သည် သတ္တုချပ်ကာ၊ ခေါင်းစွပ်၊ ညို့သကျည်းကာ၊ သားရေလက်အိပ်၊လက်စွပ်နှင့် အပေါ်ရုံဝတ်ရုံရှည်တို့ တစ်စုံလုံး ဝတ်ဆင်ထား၏။ ချန်လွေ့သည် ခေါင်းအစ ခြေအဆုံး ချပ်ဝပ်တပ်ဆင် ထားလေသည်။ စိတ်ရှုပ်စရာ အကောင်းဆုံးမှာ သူသည် အလွန်ကြီးမားသော ဒိုင်းအငယ်စားတစ်ခုကို ကိုင်ထားခြင်းပင် ဖြစ်သည်။ ချန်လွေ့သည် ရွှေ့ပြောင်း၍ ရသော ချပ်ဝတ်တန်ဆာ ဂိုဒေါင်တစ်ခုကဲ့သို့ ဖြစ်နေ၏။
ယန္တရားဆရာသခင် အများအပြား ရှိနေသည်။ ထို့ကြောင့် သူတို့သည် ထိုအဆင်တန်ဆာများ၏ အရည်အသွေးမှာ ထူးခြားကြောင်းကို သိကြသည်။ ၎င်းတို့သည် တစ်ဝက်-ဒဏ္ဍာရီလာအဆင့် သို့မဟုတ် ဒဏ္ဍာရီလာအဆင့်များပင် ဖြစ်နိုင်သည်။ ဒါတွေအားလုံးကို သူ လုပ်ထားတာလား။ သုံးသွယ်-အထူးပြု။ ဒါက တကယ့်ကို မနာလိုချင်စရာပဲ။
အမှန်တကယ်၌ ထိုပစ္စည်းအများစုမှာ ပါ့ဂ်လီအို၏ ရတနာများထဲမှ ဖြစ်သည်။ အဆင်တန်ဆာများ ယှဉ်တွဲခြင်းအတွက်လည်း နက်နဲသော အသိပညာများ လိုအပ်သည်။ ဝတ်ဆင်သူ၏ နောက်ဆုံး ဂုဏ်သတ္တိများမှာ အဆင်တန်ဆာတစ်ခုချင်း ပေါင်းထည့်သကဲ့သို့ မရိုးရှင်းလှပေ။ အချို့အဆင်တန်ဆာများသည် အချင်းချင်း ဖြည့်ဖက်များဖြစ်ကြပြီး အချို့မှာ အချင်းချင်း တွန်းကန်သည့်အတွက် တွဲစပ်၍မရနိုင်ပေ။ ချန်လွေ့၏ လက်ရှိ အဆင်တန်ဆာများမှာ အားလုံး ဒဏ္ဍာရီလာအဆင့် မဟုတ်ကြသော်လည်း အကြမ်းဖျဉ်းအားဖြင့် အတော်လေး ကောင်းမွန်သည်။ အထူးသဖြင့် သူ၏ခုခံမှုသည် အတော်လေး မြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုအဆင်တန်ဆာ တစ်စုံလုံး၏ အဓိကလုပ်ဆောင်ချက်မှာ ဖုံးကွယ်ရန်အတွက်သာ ဖြစ်လေသည်။
“ ဆရာသခင်အာသာမှာ တကယ်ကြီး ဒီလိုမျိုး အဆင်တန်ဆာတွေ ရှိနေတာပဲ။ ”
ယာကော့ဗ်၏ မျက်လုံးများ အရောင်တောက်သွားသည်။ ထို့နောက် သူ၏မျက်လုံးသား ဒိုင်အငယ်စားပေါ်သို့ ရောက်သွားသည်။ သူ၏လွှမ်းမိုးနေသော လောဘသည် မျက်နှာပေါ်၌ ပေါ်နေ၏။
“ အဲဒီဒိုင်းကာ.....အဲဒါက အဆောင်ပစ္စည်းလား။ ”
အဆောင်ပစ္စည်း တဲ့လား။ ထိုသို့ သလင်းကျောက်နဂါး ပြောလိုက်သည်နှင့် ရုတ်တရက် ပွက်လောရိုက်သွားတော့သည်။ နော်ရစ် ငိုချင်သွား၏။ ဒါက အနိုင်ကျင့်နေတာပဲ။ ဒဏ္ဍာရီလာအဆင့် အဆင်တန်ဆာဆိုရင်တောင် အဆင်ပြေသေးတယ်။အခုတော့ သူ့မှာ.... အဆောင်ပစ္စည်းတောင် ရှိတယ်တဲ့လား။
အီဇိုလာနှင့် ဆာဘရီနာတို့ နှစ်ယောက်စလုံး အံ့ဩသွားကြသည်။ဆာဘရီနာသည် ထိုဒိုင်းကို မှတ်မိသွားပြီ စိတ်လှုပ်တရှား ပြောလိုက်သည်။
“ ထင်ယောင်မှားနတ်ဆိုးဒိုင်း...နတ်ဆိုးဒိုင်းလား။ ”
အနီးအနားတစ်ဝိုက်၌ တီးတိုးပြောသံများ ပိုထွက်လာတော့သည်။ ထင်ယောင်မှား နတ်ဆိုးဒိုင်းလား။ နတ်ဆိုးဘုံရဲ့ အဆောင်ပစ္စည်း(၇)ခုထဲက တစ်ခုလား။ အစွမ်းထက်ဆုံး ဒိုင်းကာလား။
ဒါက လီဗျာသန် တော်ဝင်မိသားစုရဲ့ အဆောင်ပစ္စည်း မဟုတ်လား။ဘာလို့ အာသာဆီမှာ ရှိနေရတာလဲ။မဒမ် ဆာဘရီနာက သူ့ကို ပေးခဲ့တာလား။
“ ဒါကို လွန်ခဲ့တဲ့ သုံးလေးရက်တုန်းက သုတေသန လုပ်ဖို့အတွက် ဆာ-မာနူက ငှားခဲ့တာပါ။ ”
ချန်လွေ့ ဖြေလိုက်သည်။
“ ကံမကောင်းတာကတော့ ကျုပ်အခုထိ ဘာသဲလွန်စမှ မတွေ့ရသေးဘူး။ကျုပ်က အဆောင်ပစ္စည်းရဲ့စွမ်းအားကို အသုံးမချနိုင်ပေမဲ့ ပုံမှန်ဒိုင်း အနေနဲ့တော့ ကာလို့ အဆင်ပြေမှာပါ။မပျက်စီးလောက်ဘူးလို့ မျှော်လင့်ပါတယ်။ ”
လူအများအပြားသည် လူချမ်းသာများကို မကျေနပ်ကြောင်း ပြသလိုက်ကြသည်။ နတ်ဆိုးဘုံရဲ့ အစွမ်းထက်ဆုံးချပ်ကာကို ချိုးဖျက်ဖို့လား။ ရူးသွပ်သားရဲ မပြောနဲ့။ နတ်ဆိုးအရှင်သခင်တွေတောင် မချိုးဖျက်နိုင်ဘူး။
အီဇိုလာ၏မျက်နှာ ရုတ်တရက် မည်းမှောင်သွားပြီး စိတ်ဓာတ်ကျသွား၏။၎င်းမှာ ချန်လွေ့၏ အဆင်တန်ဆာများ သို့မဟုတ် ထင်ယောင်မှား နတ်ဆိုးဒိုင်းကြောင့် မဟုတ်ပေ။ ( အပြင်လူများသည် ထင်ယောင်မှား နတ်ဆိုးဒိုင်း အနေဖြင့်သာ သိကြသည်။ထင်ယောင်မှားဒိုင်းနှင့် နတ်ဆိုးဒိုင်းအဖြစ် ခွဲခြမ်း၍ရသည်ကို မသိကြပေ)။ မာနူက “အာသာ”ကို ထင်ယောင်မှား နတ်ဆိုးဒိုင်း အမှန်တကယ် ပေးလိုက်သည့် အတွက်ကြောင့် ဖြစ်သည်။၎င်းသည် အာသာ၏ အရေးပါပုံ အတိုင်းအတာကို ဖော်ပြနေသည်။ အကယ်၍ ဤနေရာ၌ “အာသာ” သေသွားခဲ့လျှင် မာနူသည် သေချာပေါက် လက်တုံ့ပြန်မည် ဖြစ်သည်။
စိတ်အခြေအနေ အဆိုးဆုံးမှာ အီဇိုလာ မဟုတ်ဘဲ နော်ရစ်သာ ဖြစ်သည်။ သူ၏ပိုင်ဆိုင်မှုအားလုံးကို ထုတ်လျှင်ပင် ထိုဒိုင်း၏တန်ဖိုးနှင့် မယှဉ်နိုင်ပေ။အာသာတွင် ထိပ်တန်း အဆင်တန်ဆာ တစ်စုံရှိပြီး ဆာ-ယာကော့ဗ် နှင့် ဆာ-မာနူတို့၏ ထောက်ခံမှု ရရှိထားသည်။ ငါက ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။
ယခုတွင် ရော်ရစ်သည် နိုင်ရမည်လား၊ ရှုံးရမည်လား သေချာမသိတော့ပေ။သို့သော် မရဏပြိုင်ပွဲ၌ ရှုံးခြင်းသည် သတ်သေခြင်းပင် ဖြစ်သည့်အတွက် ၎င်းသည် မဖြစ်နိုင်ပေ။သလင်းကျောက်နဂါးက။ “ အာသာ ” ကို အချိန်မီကယ်သွားပြီး မိမိကို အနိုင်ရသူအဖြစ် အဆုံးဖြတ်ပေးရန်ကိုသာ နော်ရစ် မျှော်လင့်နေတော့သည်။
စိတ်ပိုင်းဖြတ်ပြီးနောက် နော်ရစ်သည် စိတ်ကို တည်ငြိမ်အောင် ပြုလုပ်ပြီး အနှောင့်အယှက်များကို ဘေးဖယ်ထားလိုက်သည်။ သူသည် မှော်စက်ဝိုင်းထဲသို့ ဝင်သွားလိုက်သည်။ထို့နောက် ချန်လွေ့သည် ချပ်ဝပ်တန်ဆာအပြည့်ဖြင့် သူ့နောက် လိုက်သွားသည်။
သူတို့နှစ်ယောက် ဝင်ပြီးသွားသည့်အခါ မှော်စက်ဝိုင်း လင်းလက်လာသည်။ မှော်စက်ဝိုင်းသည် ချိပ်ပိတ်တစ်ခုကဲ့သို့ပင်ဖြစ်ပြီး အဝင်အထွက်ကို တားမြစ်ကာ ပရိသတ်များ မထိခိုက်စေရန်အတွက် တားဆီးပေးသည်။
မှော်လှောင်အိမ်တံခါး ဖြည်းဖြည်းချင်း ပွင့်လာသည်။ လှောင်အိမ်ဖြင့် သီးသန့်ခွဲခံထားရသော ရူးသွပ်သားရဲသည် သွေးနှင့် အပုပ်နံ့များ ရောထွေးနေသည့် ကြောင်မက်ဖွယ်ရာ အငွေ့အသက်ကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။၎င်းသည် သူတို့ကို ကြက်သီးတဖြန်းဖြန်း ထသွားစေသည်။ချန်လွေ့သည် [ သရုပ်ခွဲမျက်လုံး ] ဖြင့် ဆက်သွယ်ရန် ကြိုးစားကြည့်သည့်အခါ ရူးသွပ်မှုနှင့် ပြင်းထန်သော သတ်ဖြတ်ချင်စိတ်များကိုသာ ခံစားရသည်။ ဆင်ခြင်တုံတရားရှိသော အသိစိတ် လုံးဝမရှိပေ။ ၎င်းသည် ရှီလန်တောင်၌ ချန်လွေ့ တွေ့ကြုံခဲ့သော နတ်ဆိုးယင်ကောင်များနှင့် ဆင်တူသည်။ သို့သော်လည်း ထိုနတ်ဆိုး ယင်ကောင်များသည် ဘယ်ဇီဘတ် တော်ဝင်မိသားစု၏ သွေးမျိုးဆက် ပါရမီဖြင့် ဖန်တီးထားခြင်းဖြစ်ပြီး ရူးသွပ်သားရဲ၌မူ ကိုယ်ပိုင်အသိစိတ် ရှိသည်။သို့ရာတွင် ထိုအသိစိတ်ကို ရိုးရိုးရှင်းရှင်း ထိန်းချုပ်၍မရ၊ ဆက်သွယ်၍ မရနိုင်ပေ။
ရူးသွပ်သားရဲသည် အကျဉ်းကျခံထားရပြီး အစမ်းသပ်ခံထားရသည်။ယခုတွင် ၎င်းသည် လှောင်အိမ်ထဲမှ လွတ်မြောက်သွားသည့်အတွက် ဒေါသကို အပြင်ဘက်မှ လူနှစ်ယောက်ထံ ပုံချလိုက်သည်။ ၎င်းသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး အနီးဆုံးရှိ နော်ရစ်ထံသို့ ခုန်အုပ်လိုက်သည်။ရူးသွပ်သားရဲ၏ အမြန်နှုန်းသည် [ B ] အဆင့်ဖြစ်ပြီး ခွန်အားနှင့် ခန္ဓာကိုယ်တို့နှင့်ယှဉ်လျှင် အတော်လေး အားနည်းသည်။ သို့သော်လည်း ၎င်းသည် မဟာနတ်ဆိုးဘုရင်အဆင့်ပင် ဖြစ်နေသေးသည်။၎င်းသည် အတော်လေး ကြောက်စရာ ကောင်းလှသည်။ သားရဲအနားသို့ နော်ရစ် ကပ်သွားရခြင်းမှာ သတ်သေရန်မဟုတ်ဘဲ စိတ်ထိန်းချုပ်မှု သုံး၍ရသော အဝန်းအဝိုင်း အတွင်း၌ ထိန်းချုပ်ရန်ပင် ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ သူသည် အတွေ့အကြုံရှိသည့်အတွက် စိတ်တည်ငြိမ်နေပုံရသည်။
ရူးသွပ်သားရဲ ခုန်ဝင်သောအချိန်၌ နော်ရစ်၏ မျက်လုံးများ အရောက်လက်သွားပြီး အစွမ်းထက် စိတ်ဝိညာဉ်များ လှိုင်းထလာသည်။သားရဲ၏ အလွန်ကြီးမားသော ခန္ဓာကိုယ် ရုတ်တရက် တံ့သွား၏။ နော်ရစ်နှင့် နှစ်မီတာခန့်အကွာတွင် ၎င်း၏လှုပ်ရှားမှုသည် လေထဲ၌ ရပ်တန့်သွားခဲ့သည်။
ချန်လွေ့သည် ထိုကဲ့သို့ [ တယ်လီပသီ ] မျိုးကို စနိုးဒင်ထံမှ မြင်ခဲ့ရဖူးသည်။၎င်းသည် တိုက်ခိုက်၍လည်းရ၊ ခုခံ၍လည်းရပြီး စိတ်ရှိသလို အသုံးပြုနိုင်ပေသည်။၎င်းသည် အတော်လေး ကောင်းမွန်လှသည်။ နော်ရစ်၏ [ တယ်လီပသီ ] သည် စနိုးဒင်ထက် သိသိသာသာပင် ပိုကောင်းပြီး မဟာနတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်း ရူးသွပ်နတ်ဆိုးကို အမှန်တကယ်ပင် ချုပ်တည်းနိုင်နေသည်။
ရူးသွပ်သားရဲ၏ခွန်အား ပေါက်ကွဲထွက်သွားပြီး [ တယ်လီပသီ ] ဖြင့် ချုပ်တည်းထားမှုမှ လွတ်မြောက်သွားခဲ့သည်။ သို့သော်လည်း ၎င်းသည် ရှေ့မှ နော်ရစ်ကို မတိုက်ခိုက်ဘဲ အဝေးမှ ချန်လွေ့ကို သွေးရောင်မျက်လုံးများဖြင့် ကြည့်နေလိုက်သည်။နော်ရစ်သည် ရူးသွပ်သားရဲအား အချိန်အတော်ကြာ ထိန်းချုပ်နိုင်မည်မဟုတ်ကြောင်း သိသည့်အတွက် ချက်ချင်းပင် စိတ်ဝိညာဉ်စွမ်းအားကို ဖွင့်လိုက်သည်။သူသည် [ အမုန်းကူးပြောင်း ] ဟုခေါ်သော အမှောင်မှော်အစွမ်းတစ်ခု အသုံးပြုကာ သားရဲ၏ အမုန်တရားကို ချန်လွေ့ထံ ကူးပြောင်းပေးလိုက်သည်။
ချန်လွေ့သည် ၎င်းကို ပြင်ဆင်ထားသည်မှာ ကြာပြီဖြစ်သည်။သားရဲ မတိုက်ခိုက်ခင်မှာပင် ချန်လွေ့သည် ပစ္စည်းတစ်ခုထုတ်ပြီး မြေပြင်ပေါ်သို့ ပစ်ထုတ်လိုက်သည်။၎င်းထံမှ ပြင်းထန်သော တလက်လက် အလင်းရောင်များ ထွက်လာသည်။မှော်စက်ဝိုင်းအပြင်ဘက်မှ ပရိသတ်များလည်း ထိုပြင်းထန်သော အလင်းရောင်ကြောင့် မျက်စိကျိန်းသွားပြီး မျက်လုံးမဖွင့်နိုင်တော့ပေ။ မသက်ရောက် ခံရသူမှာ သလင်းကျောက်နဂါး ယာကော့ဗ် တစ်ယောက်တည်းသာဖြစ်ပြီး ဆာဘရီနာနှင့် အီဇိုလာတို့သည် စိတ်ဝိညာဉ်အားကောင်းသည့်အတွက် ရုတ်တရက် ပြောင်းလဲမှုကို အလျင်အမြန် ချိန်ညှိလိုက်နိုင်သည်။ကွင်းထဲမှ အခြေအနေကို သေသေချာချာ မမြင်ရသည့်အတွက် ထွက်သွားသော လူအနည်းငယ်လည်း ရှိကြသည်။
အထိခိုက်ဆုံးမှာ မှော်စက်ဝိုင်းထဲရှိ ရူးသွပ်သားရဲနှင့် နော်ရစ်တို့ပင် ဖြစ်ကြသည်။ သူတို့၏ မျက်လုံးများသည် အပ်နှင့်အစိုက်ခံရသကဲ့သို့ ယားယံသွားကြပြီး မည်သည်ကိုမှ ကောင်းကောင်း မမြင်နိုင်တော့ပေ။
မျက်လုံးကျိန်းသွားသော ရူးသွပ်သားရဲ ဒေါသထွက်သွားသည်။၎င်းသည် ရန်သူ(ချန်လွေ့)၏ အငွေ့အသက် ချက်ချင်း ပျောက်ကွယ်သွားကြောင်း ခံစားလိုက်ရသည်။အနံ့ပင် ပျောက်ကွယ်သွားလေသည်။ သူသည် ဤနေရာမှ ထွက်သွားသကဲ့သို့ပင် ဖြစ်လေသည်။ဒေါသထွက်ပြီး မျက်လုံးကွယ်သွားခြင်းကြောင့် ရူးသွပ်သားရဲသည် ဒေါသူပုန်ထပြီး ဧရာမလက်သည်းကြီးဖြင့် လိုက်ရမ်းတော့သည်။
နော်ရစ် မျက်လုံးကွယ်သွားသည့်အချိန်၌ တစ်ခုခု လွဲနေကြောင်း သိလိုက်သည်။ သူသည် အလျင်အမြန်ပင် လိုရမယ်ရ ပြင်ဆင်ထားသော ခုခံမှုမှော်အစွမ်း [ မှော်ဒိုင်းကာ ] ကို ထုတ်သုံးလိုက်သည်။သူ၏ဆုံးဖြတ်ချက် မှန်ကန်သွား၏။သူ မှော်ဒိုင်းကာကို ထုတ်လိုက်သည်နှင့် ပြင်းထန်သော တုန်ခါမှုတစ်ခုကို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး လွင့်ထွက်သွားတော့သည်။ ကံကောင်းစွာပင် မှော်ဒိုင်းကာ ရှိနေသည့် အတွက် သူ မထိခိုက်သွားပေ။သို့သော် သူ၏မျက်နှာ ဖြူဖျော့သွားခဲ့သည်။
ချပ်ဝပ်တန်ဆာဖြင့် စိတ်ဝိညာဉ် တိုးမြှင့်ထားပြီး မှော်ဒိုင်းကာ၏ မြင့်မာသော ခုခံမှုရှိသော်လည်း ၎င်းသည် ကြောက်မက်ဖွယ်ရော ထိုရိုက်ချက် တစ်ခုကိုသာ ခုခံနိုင်ခဲ့သည်။ ပြုတ်ကျသွားပြီးနောက် ခုခံမှုမှော်အစွမ်း ရုတ်တရက် ပျက်သွား၏။ ပြုတ်ကျသံကြောင့် ရူးသွပ်သားရဲ အပြေးရောက်လာပြန်သည်။ထိုအချိန်၌ နော်ရစ်သည် အမြင်အချို့ ပြန်ရရှိရန်အတွက် စိတ်ဝိညာဉ်အချို့ကို အသည်းအသန် သုံးလိုက်ရတော့သည်။သူသည် ပြေးဝင်လာသော ရူးသွပ်သားရဲကို ရေးရေးလေး မြင်လိုက်ရပြီး ရုတ်တရက် ထိန်လန့်သွား၏။ မှော်ဒိုင်းကာကို အသုံးပြုရန် နောက်ကျသွားပြီ ဖြစ်သည့်အတွက် သူသည် ရူးသွပ်သားရဲ၏ လှုပ်ရှားမှုကို ထိန်းချုပ်ရန်အတွက် [ တယ်လီပသီ ]ကို အသုံးပြုလိုက်ပြန်သည်။
ထို[ တယ်လီပသီ ] သည် အလွန်အားကုန်သည်။ အထူးသဖြင့် ပစ်မှတ်က ပိုအစွမ်းထက်လျှင် အားပိုကုန်သည်။ ခက်ခဲမှု မြင့်မားလှ၏။ နော်ရစ်၏ မျက်နှာတွင်လည်း ချွေးများ ပြည့်နှက်နေသည်။သို့သော်လည်း သူ၏နည်းလမ်းများမှာ ထိုထက်ပိုသည်။ သူ၏မျက်လုံးမှ စွမ်းအင်လှိုင်းများ ထွက်လာပြီးနောက် သားရဲ၏ တင်းတင်းကြပ်ကြပ် ပိတ်ထားသော မျက်လုံးများ အလိုအလျောက် ပွင့်သွားတော့သည်။ ၎င်း၏ သွေးရောင်မျက်လုံးသည် တဖြည်းဖြည်းချင်း ထံထိုင်းသွားပြီး မျက်လုံးကွယ်သော သက်ရောက်မှုကို မခံရတော့ဘဲ ချန်လွေ့ထံ ခေါင်းလှည့်လာတော့သည်။
ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။သားရဲသည် စိတ်ညှို့ခံလိုက်ရပုံရသည်။ ဤသို့ဆိုလျှင် “အလင်းဗုံး”ကို ထပ်သုံး၍ အသုံးမဝင်တော့ပေ။
ချန်လွေ့ အကြံတစ်ခု မစဉ်းစားနိုင်ခင်မှာပင် သားရဲသည် ရုတ်တရက် အရှိန်မြန်သွားသည်။ ၎င်းသည် ချန်လွေ့အရှေ့၌ ချက်ချင်း ထွက်ပေါ်လာပြီး လက်သည်းများဖြင့် ရမ်းလိုက်သည်။ ချန်လွေ့သည် စဉ်းစားရန်အချိန်မရတာ့ဘဲ နတ်ဆိုးဒိုင်းကိုသာ ခုခံရန် မြှောက်လိုက်ရသည်။ လက်ရှိ၌ ချန်လွေ့သည် နတ်ဆိုးဘုရင်အဆင့် စွမ်းအားကိုသာ အသုံးပြုနိုင်သည်။ ထို့ပြင် ရူးသွပ်သားရဲသည် ထူးထူးခြားခြား ကြောက်မက်ဖွယ်ကောင်းလှသည်။ ချွမ်းခနဲ အသံမြည်သွားပြီး ချန်လွေ့သည် နောက်သို့ ၇မီတာ၊ ၈မီတာ လွင့်ထွက်သွားသည်။ နတ်ဆိုးဒိုင်းလည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ကြေးမုံကဲ့သို့ ဒိုင်းအသေးစားသည် ထိခိုက်မှု လုံးဝမရှိသော်လည်း ချန်လွေ့သည် ၎င်းကို ထပ်မံ မမနိုင်တော့ပုံရသည်။
သားရဲသည် အရှိန်ဖြင့် ရောက်လာပြန်သည်။သလင်းကျောက်နဂါး ယာကော့ဗ် မျက်မှောင်ကြုတ်လိုက်သည်။သူသည် အချိန်မရွေး ကယ်တင်ရန် အသင့်ဖြစ်နေခဲ့သည်။ ချန်လွေ့၏ မျက်လုံးများ လက်ခနဲဖြစ်သွားပြီး သားရဲ၏အဟုန် ရုတ်တရက် နှေးကွေးသွားသည်။ တစ်ပြိုင်နက်တည်းမှာပင် ကြီးမားသော မြေတံတိုင်းများ ပေါ်ထွက်လာပြီး ရူးသွပ်သားရဲ၏ လမ်းကြောင်းကို တားဆီးထားလိုက်သည်။
မြေမှော်ပညာ - [ အရှိန်လျှော့ ] [ မြေတံတိုင်း ]
သလင်းကျောက်နဂါး တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ချန်လွေ့ အချိန်အတော် ယူခဲ့ရသော်လည်း မတူညီသော မှော်အစွမ်းနှစ်ခုကို တစ်ပြိုင်နက်တည်း အသုံးပြုနိုင်ခြင်းသည် အလားအလာ အတော်လေး ကောင်းမွန်ကြောင်း ပြသနေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မြေတံတိုင်းပေါ်၌ အက်ကြောင်းကြီးကြီးမားမား ပေါ်ထွက်လာသည်။ထို့နောက် ချက်ချင်းပင် ရူးသွပ်သားရဲ၏ ဧရာမလက်သည်းကြီး ဖောက်ထွင်းသွားပြီး မြေတံတိုင်းလည်း ပြိုလဲသွားတော့သည်။ထိုအချိန်၌ ချန်လွေ့သည် နောက်ဆုတ်သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း မြေပေါ်မှ နတ်ဆိုးဒိုင်းကို ကောက်ယူရန် အချိန်မရခဲ့ပေ။
ချန်လွေ့သည် နော်ရစ်ဘက်သို့ ပြေးသွားလိုက်သည်။[ မြေတံတိုင်း ]ကို ဆွဲဖြဲခဲ့သော ရူးသွပ်သားရဲလည်း သူ့ဘက်သို့ ပြေးလာသည်။ချန်လွေ့သည် မန္တန်ရွတ်ဟန်ဆောင်ပြီး ရုတ်တရက် လက်ဝှေ့ရမ်းလိုက်သည်။ရူးသွပ်သားရဲ၏ အမြန်နှုန်း ရုတ်တရက် နှေးကွေးသွား၏။တစ်ချိန်တည်းမှာပင် နော်ရစ်လည်း မိမိ၏အလေးချိန် အဆများစွာ လေးလံသွားကြောင်း ခံစားလိုက်ရသည်။၎င်းသည် ခဏမျှ မလှုပ်ရှားနိုင်တော့ပေ။
[ မြေဆွဲအား ]
ချန်လွေ့သည် ရူးသွပ်သားရဲထံသို့ လက်ဝှေ့ရမ်းလိုင်ပြီး [ မြေဆွဲအား ] သည် နေရာပြန့် မှော်အစွမ်း ဖြစ်လေသည်။ထို့ကြောင့် ၎င်းသည် ညစ်ပတ်ခြင်း မဟုတ်ပေ။နော်ရစ်သည် မှော်ဆရာ ဖြစ်သည့်အတွက် မြေဆွဲအားနယ်မြေ၌ အလွန်အမင်း ရုန်းကန်နေရသည်။ သူသည် ပြိုင်ဘက် ဖြစ်သူအား ဉာဏ်များလှသည့်အတွက် အပြစ်တင်လိုက်သည်။သူ အတွေးတစ်ခု ရသွားပြီး တုတ်တံကို ခက်ခက်ခဲခဲ မြှောက်လိုက်သည်။သူ၏ ပစ်မှတ်သည်လည်း ရူးသွပ်သားရဲပင် ဖြစ်သည်။တဖြည်းဖြည်းနှင့် အငွေ့မည်း ပျံ့နှံ့လာခဲ့သည်။
“ [ အမှောင်ကောင်းကင် ] ”
၎င်းသည် ရန်သူ၏ အမြင်ကို ရှုပ်ထွေးစေသော ကြီးမားသော နေရာပြန့် အမှောင်မှော်အစွမ်း ဖြစ်သည်။စင်ပေါ်၌ အငွေ့မည်းများ ရုတ်တရက် ဖုံးလွှမ်းသွားကာ အပြင်ဘက် ပရိသတ်များ၏ အမြင်များ ပြတ်တောက်သွားပြန်သည်။သူတို့သည် အတွင်းမှ မြင်ကွင်းများကို မမြင်နိုင်တော့ပေ။
နော်ရစ်သည် ကြက်သီးထစရာကောင်းအောင် ပြုံးလိုက်ပြီးနောက် နောက်ထပ် မှော်အစွမ်းတစ်ခု သုံးလိုက်သည်။မြေပြင်မှ လက်အများအပြား ထွက်လာပြီး ရူးသွပ်သားရဲကို လှုပ်ရှား၍မရအောင် ဖမ်းချုပ်ထားလိုက်သည်။ ၎င်းတို့သည် ထိတ်လန့်စရာကောင်းပြီး ကြောက်စရာလည်း ကောင်းလှသည်။ သားရဲသာမဟုတ်ဘဲ ချန်လွေ့ပါ အဖမ်းခံလိုက်ရကာ မလှုပ်ရှားနိုင်တော့ပေ။
နော်ရစ်က [ အမှောင်ကောင်းကင် ] သည် သလင်းကျောက်နဂါးနှင့် ဆာဘရီနာကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်များ၏ အမြင်ကို ကာနိုင်မည်မဟုတ်ကြောင်း သိသည့်အတွက် စည်းကမ်းမဖောက်ရဲပေ။ သူသည် ချန်လွေ့ကဲ့သို့ပင် အစွန်း၌နေပြီး နေရာပြန့် မှော်အစွမ်း နှစ်ခုသုံးကာ ရူးသွပ်သားရဲကို တားဆီးပြီး တစ်ချိန်တည်းမှာပင် ချန်လွေ့၏ လုပ်ရှားမှုနှင့် အမြင်များကို ကန့်သတ်နေ၏။
ထိုအမှော်အစွမ်းသည် ခန္ဓာကိုယ်ကို တိုက်ရိုက်သက်ရောက်ခြင်း မဟုတ်သည့်အတွက် [ မှော်-ဆန့်ကျင် ] အစွမ်း အသက်မဝင်သွားပေ။ ထို့ပြင် ချန်လွေ့သည် နတ်ဆိုးဘုရင်အဆင့်သာ ဖြစ်သည့်အတွက် ထို“တစ္ဆေလက်များ”မှ မလွတ်မြောက် နိုင်သေးပေ။ ထိုမြင်ကွင်းသည် သဲထိတ်ရင်ဖိုဇာတ်ကား ကဲ့သို့ပင် ဖြစ်သည်။ ချန်လွေ့ ချက်ချင်းပင် ကြက်သီးများ ထသွားခဲ့သည်။
ကွင်းအပြင်ဘက်၌ သလင်းကျောက်နဂါး၏ မျက်လုံးမှ ကြည်လင်သော အလင်းရောင်များ တောက်ပနေသည်။ သူသည် [ အမှောင်ကောင်းကင် ] ကို ထွင်းဖောက် ကြည့်လိုက်သည်။ရူးသွပ်သားရဲသည် မြေပြင်မှ ချိုးဖောက် ထွက်သွားပြီးနောက် ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။ယခုတွင် ချန်လွေ့နှင့် နော်ရစ်တို့ လှုပ်ရှား၍ မရတော့သည့်အတွက် အနိုင်အရှုံး ဆုံးဖြတ်ပေးမည့် နောက်ဆုံးအခိုက်အတန့် ရောက်ရှိနေပြီဖြစ်သည်။
ထိုကဲ့သို့ မရဏတိုက်ပွဲမျိုး၌ စိတ်ဝိညာဉ်ဖြစ်စေ၊ ပစ္စည်းဖြစ်စေ၊ မဆင်မခြင် အသုံးပြု၍မရနိုင်ပေ။ခြေလှမ်းတစ်လှမ်းမှားသည်နှင့် သေသွားနိုင်ပေသည်။ သို့သော်လည်း “ဆရာသခင်အာသာ”၏ ပစ္စည်းကိရိယာဖြင့်ဆိုလျှင် မတော်တဆ အကြီးကြီး မဖြစ်သရွေ့ သူရှုံးနိမ့်သွားသည့်တိုင် သလင်းကျောက်နဂါးက သူ့ကို ကယ်တင်နိုင်မည် ဖြစ်သည်။
နော်ရစ်နှင့် ချန်လွေ့တို့၏ အကွာအဝေးမှာ အလွန်နီးကပ်နေပြီး နှစ်မီတာပင် မပြည့်ပေ။ မှော်ဆရာ တစ်ယောက်ဖြစ်သည့်အလျောက် နော်ရစ်သည် အမှောင် ကောင်းကင်၏ သက်ရောက်မှုကို မခံရပေ။ထို့ကြောင့် သူ ချဉ်းကပ်လာရင်း ရူးသွပ်သားရဲကို ထိန်းချုပ်လိုက်သည်။သူ၏ပစ်မှတ်မှာ ဘေးနားရှိ ချန်လွေ့ကို ဖြစ်သည်မှာ သေချာသည်။
ချန်လွေ့သည် [ သရုပ်ခွဲမျက်လုံး ] ဖြင့် ရူးသွပ်သားရဲ၏ လှုပ်ရှားမှုများကို သိရှိနေခဲ့သည်။ နောက်ဆုံး အခိုက်အတန့် ရောက်နေပြီ ဖြစ်သည့်အတွက် ချန်လွေ့သည် ထပ်ပြီး မဖုံးကွယ်ထားနိုင်တော့ပေ။ သူ၏လက်ထဲမှလက်စွပ်သည် ရုတ်တရက် အပြာနက်ရောင် တောက်သွားပြီး လက်ချောင်းထိပ်များမှ ပေါ်ထွက်လာသော အငွေ့မည်းများကို ဖုံးကွယ်လိုက်သည်။ အငွေ့မည်းသည် [ အမှောင်ကောင်းကင် ] နှင့် ရောနှောသွားပြီး သားရဲဆီသို့ ရွေ့သွားသည်။၎င်းသည် အမှန်တကယ်ပင် သားရဲ၏ခေါင်းကို ဖောက်ထွင်းသွားပြီး သားရဲလည်း ရုတ်တရက် ရပ်တန့်သွားသည်။ထို့နောက် ၎င်းသည် နော်ရစ်ထံသို့ ဦးတည်ဘက် ပြောင်းသွား၏။
နော်ရစ် အံ့အားသင့်သွားသည်။ ချန်လွေ့သည် [ အမှောင်ကောင်းကင် ]၏ သက်ရောက်မှုကို မခံရဘဲ တန်ပြန်တိုက်ခိုက်ရန် ပစ္စည်းကိုပင် အသုံးပြုနိုင်မည်ဟု နော်ရစ် မထင်ထားခဲ့ပေ။သားရဲကို ထိန်းချုပ်ထားသော သူ၏စိတ်ဝိညာဉ်သည် နွံအိုင်ထဲ ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။သူသည် ချက်ချင်းပင် လျို့ဝှက်ပညာရပ်ကို အသက်သွင်းပြီး စိတ်ထိန်းချုပ် ပါရမီနှင့်အတူ စိတ်ဝိညာဉ်ကို တိုးပွားအောင် ပြုလုပ်လိုက်သည်။သူသည် ချန်လွေ့နှင့် လွန်ဆွဲနေသကဲ့သို့ ဖြစ်နေပြီး မတိုးသာမဆုတ်သာ အခြေအနေသို့ ရောက်နေတော့သည်။
ရူးသွပ်သားရဲသည် အင်အားကြီးသော်လည်း စိတ်ဝိညာဉ် အားနည်းသည်။ထိန်းချုပ်သူ နှစ်ယောက်က တစ်ချိန်တည်းမှာပင် ဆန့်ကျင်ဘက် အမိန့်များ ပေးနေသည့်အတွက် ၎င်း၏ဦးနှောက် ရုတ်တရက် ရှုပ်ထွေးသွားတော့သည်။၎င်းသည် မည်သူ့ကို နာခံရမှန်း မသိတော့ပေ။
ဆာဘရီနာနှင့် အီဇိုလာတို့ တစ်ပြိုင်နက်တည်း အလေးအနက် ဖြစ်သွားကြသည်။ ထိုလွန်ဆွဲပွဲ၏ နောက်ဆုံးအောင်နိုင်မှုကို ရရှိလျှင် ဤမရဏပြိုင်ပွဲကို အနိုင်ရရှိသူ ဖြစ်လာမည်ဖြစ်သည်။