← Chapters

ဆမ်မြူရယ်။နတ်ဆိုးဘုံ၌ လူသားတစ်ယောက်နှင့် ပထမဆုံးတွေ့ဆုံခြင်း

Vol. 20 Ch. 300

ဆမ်မြူရယ်။နတ်ဆိုးဘုံ၌ လူသားတစ်ယောက်နှင့် ပထမဆုံးတွေ့ဆုံခြင်း

Vol. 20 Ch. 300

နတ်ဆိုးဘုံ၌ လူသားများရှိနေကြောင်းကို ဂလော်ဖင်းထံမှ ချန်လွေ့ ပထမဆုံး သိခဲ့ရသည်။လူသား အရေအတွက်မှာတော့ အတော်လေး နည်းပါးလှသည်။အများစုမှာ တစ်ဆို့မှု တစ်မျိုးမျိုးကို ချိုးဖောက်ချင်ကြသော အစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ထို့ကြောင့် သူတို့သည် လေ့ကျင့်ရန်အတွက် လျို့ဝှက်ပညာရပ်များ အသုံးပြုကာ နတ်ဆိုးဘုံသို့ လာရောက်လေ့ကျင့်ကြသည်။

လွန်ခဲ့သော နှစ်ပေါင်း၅၀၀ခန့်က တိုက်ပွဲတွင် နတ်ဆိုးများ ရှုံးနိမ့်ခဲ့သော်လည်း လူသားလောက ကပင် နတ်ဆိုးများ စွမ်းအားကြီးကြောင်းကို ငြင်းဆန်ရန် မဖြစ်နိုင်ပေ။လူသားလောကနှင့်ယှဉ်လျှင် နတ်ဆိုးဘုံရှိ အစွမ်းထက်ပုဂ္ဂိုလ်များသည် ပို၍စွမ်းအားကြီးကြသည်။ပတ်ဝန်းကျင်သည် ပို၍ အန္တရာယ်များပြီး သေရေးရှင်ရေး ချိုးဖောက်မှုများအတွက် ပို၍သင့်တော်သည်။သို့သော် လူသားများသည် နတ်ဆိုးတို့၏ရန်သူများ ဖြစ်ကြသည်။နတ်ဆိုးဘုံသို့ လာရောက်လေ့ကျင့်သော လူသားအများအပြားသည် အသက်ရှင်လျက် ပြန်မသွားနိုင်ခဲ့ကြပေ။သို့သော် သူတို့သည် နတ်‌ဆိုးဘုံသို့လာရောက်ရန် စိတ်ပိုင်းဖြတ်ထားသည့်အတွက် သေရေးရှင်ရေးကို လျစ်လျူရှုထားရပေမည်။

နတ်ဆိုးများထံ တစ်စုံတစ်ခုပေးဆပ်ကာ ယာယီခိုလှုံပြီး ဘေးကင်းကင်း လေ့ကျင့်ရန် ရွေးချယ်ကြသော လူသားများလည်း လက်တစ်ဆုပ်စာ ရှိသည်။

ကြယ်ကြွေတမန် မြို့တော်၌ နီရိုအမည်ရှိ လူသား အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ရှိကြောင်း အစ်ဇဘယ်လာ တစ်ခါပြောဖူးသည်။သူသည် မင်းသား အိုဆိုင်ဒန်နှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည်။အရေးကြီးဆုံးအရာမှာ နီရိုသည် လူသားလောကသို့ ပြန်နိုင်သည့်နည်းလမ်းကို တပ်ကျွမ်းထားခြင်း ဖြစ်သည်။

မမျှော်လင့်ဘဲနှင့် မိုလင်မြို့တွင်လည်း လူသားတစ်ယောက် ရှိနေသည်။

ထို့ပြင် ခါနီတာ၏ ခြေလှမ်းများသည် ချန်လွေ့ကို စိတ်ဝင်စားမှု ပိုတိုးသွားစေသည်။ယခုတစ်ခေါက်တွင် ခါနီတာသည် နတ်ဆိုးသားရဲတစ်ကောင်ကို ဖမ်းဆီးရန်အတွက်နှင့် အလွန်ကြီးမားသော ထကြွသောင်းကျန်းမှုတစ်ခု ပြုလုပ်ခဲ့သည်။

နတ်မိစ္ဆာသားရဲ.....

နတ်မိစ္ဆာသားရဲသည် အစွမ်းထက်သော မြင်းနတ်ဆိုးသားရဲတစ်ကောင် ဖြစ်သည်။၎င်းသည် လူသားလောကမှ သက်ကြွေသွားသော သိင်္ဂဿမှ ဆင့်ကဲပြောင်းလဲလာသည်ဟု အများက ယုံကြည်ကြသည်။၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးမှာ မည်းနက်နေပြီး လည်ဆံမွေးနှင့် အမြီးတို့သည် မီးတောက်အရောင်ရှိသည်။၎င်းသည် အရှိန်မြန်စွာ ပြေးလွှားနိုင်ရုံသာမက လေပေါ်လည်းပျံနိုင်ပြီး စိတ်ထိန်းချုပ်မှု အားလုံးကိုလည်း ခုခံနိုင်သည်။သန္ဓေပြောင်းသွေးများဆက် ရှိကြသော နတ်မိစ္ဆာသားရဲသည် သိင်္ဂဿများသာ ထုတ်လွှတ်နိုင်သော လျှပ်စီးကို ထိန်းချုပ်နိုင်ကြသည်။အစွမ်းထက်ဆုံး ပါရမီမှာ [ အထိတ်တလန့် ] ဖြစ်ပြီး တစ်ဖက်၏ တိုက်ခိုက်ရေးစွမ်းအားနှင့် တိုက်ခိုက်ရေးစိတ်ဝိညာဉ်ကို အားနည်းစေသည်။၎င်းကို နတ်ဆိုးဘုံ၌ အစွမ်းထက်ဆုံး မြေပြင် စီးတော်ယာဉ်ဟု သတ်မှတ်ကြသည်။

[ သိင်္ဂဿ = နဖူး၌ ချိုတစ်ချောင်းပေါက်သော ဒဏ္ဍာရီလာမြင်း။ ]

နတ်မိစ္ဆာသားရဲများသည် တစ်ကိုယ်တည်း နတ်ဆိုးသားရဲများ ဖြစ်ကြပြီး အလွန်အမင်း ရှားပါးသည်။သူတို့သည် နတ်ဆိုးဧကရာဇ်အဆင့်အထိ ဆင့်ကဲပြောင်းလဲနိုင်သည်။ထိုနတ်မိစ္ဆာသားရဲသည် သားပေါက်တစ်ကောင်ဖြစ်ပြီး မိုလင်မြို့ အရှေ့ဘက်ရှိ မိုးကြိုးတောင်ကြားတွင် ပေါ်ထွက်လာသည်ဟူ၍ ပြောကြသည်။ခါနီတာသည် ထိုနတ်မိစ္ဆာသားရဲကို ဖမ်းဆီးပြီး ဖခင်ဖြစ်သူ ဂျို့ရှ်အတွက် မွေးနေ့လက်ဆောင်အဖြစ် ပေးချင်နေသည်။

ချန်လွေ့သည် နတ်မိစ္ဆာသားရဲအကြောင်း အလွန်သိချင်နေသည်။သို့သော် ယခုတွင် အဲဒက်စ်၏ ညီမဖြစ်သူကို အရင်ဦးစွာ ကယ်တင်ရမည် ဖြစ်သည်။

လျို့ဝှက်အကျဉ်းထောင်သည် ခါနီတာက အရေးကြီးသော လူများကို လျို့ဝှက်အကျဉ်းချသောနေရာ ဖြစ်သည်။ထိုအင်အားစုမှ လူအများစုသည်ပင် ထိုနေရာ အတိအကျကို မသိပေ။ကံကောင်းစွာပင် အိုင်ဗန်သည် ခါနီတာဘက်မှ ခေါင်းဆောင်ငယ်တစ်ယောက် ဖြစ်နေသည်။ထို့ကြောင့် ချန်လွေ့သည် လျို့ဝှက်အကျဉ်းထောင်၏ အသေးစိတ် အချက်အလက်များကို အလွယ်တကူ ရရှိနိုင်ခဲ့သည်။

လျို့ဝှက်အကျဉ်းထောင်သည် မိုလင်မြို့တော်ဘက်ရှိ ခေါင်ပါးသော ဂိုဒေါင်တစ်ခုအောက်၌ တည်ရှိသည်။လက်ရှိ၌ ထိုအထဲတွင် အကျဉ်းသား အများအပြား မရှိပေ။တိုက်ဆိုင်စွာပင် ဆယ်ကျော်သက်နှစ်ယောက် ရှာချင်သော နွားတစ်ပိုင်း တိုင်ခီသည် ထိုထဲတွင် အဖမ်းခံထားရသည်။တိုင်ခီကို ခါနီတာ၏ စွမ်းဆောင်ရည်ရှိသော လက်ထောက် ဖွန်တိန်က အမှတ်တမဲ့ ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။တိုင်ခီသည် အမြင့်ဆင့် နတ်ဆိုးတစ်ယောက်အား လက်နက်အသုံးပြုကာ သတ်နိုင်သည့်အတွက်ကြောင့် တန်ဖိုးအနည်းငယ် ရှိရမည်ဟု ဖွန်တိန် ခံစားမိခဲ့သည်။ထို့ကြောင့် သူသည် တိုင်ခီကို နယ်စပ်တပ်ဖွဲ့များထံမှ ခေါ်ထုတ်ခဲ့သည်။ဖွန်တိန်သည် သတင်းပို့ရန် အချိန်မရခဲ့ဘဲ ခါနီတာနှင့်အတူ မိုးကြိုးတောင်ကြားသို့ လိုက်သွားခဲ့ရသည်။

ဆမ်မြူရယ်သည် ခါနီတာကို လွန်ခဲ့သော သုံးလေးလက တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။သူသည် ခါနီတာ လက်အောက်မှ ဝါရင့်တစ်ယောက်ဖြစ်သော ဆိုလာနာကို တိုက်ခိုက်ပြီး အလွယ်တကူ အနိုင်ရရှိခဲ့သည်။ခါနီတာက ဆမ်မြူရယ်အား အစွမ်းကုန် ခေါ်ယူရန် ကြိုးစားပြီးနောက် ဆမ်မြူရယ်သည် ခါနီတာနှင့် ယာယီပူးပေါင်းရန် သဘောတူခဲ့သည်။

ဆမ်မြူရယ်ကို လူသားပါရမီရှင်တစ်ယောက်ဟု ပြောကြသည်။သူသည် ငယ်ရွယ်ပြီး သူတော်စင်အဆင့် ( နတ်ဆိုးဘုံရှိ အထက်လွှာများဖြစ်ကြသော နတ်ဆိုးဧကရာဇ်အဆင့်နှင့် နတ်ဆိုးအရှင်အသခင်အဆင့်နှင့်ညီမျှ ) ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။ယခုအကြိမ်တွင် သူသည် သူတော်စင်အဆင့်သို့ တက်ရောက်ရန်အတွက် နတ်ဆိုးဘုံသို့ လျို့ဝှက်နည်းလမ်းအသုံးပြုကာ ရောက်လာခြင်း ဖြစ်သည်။

ဆမ်မြူရယ်သည် ခါနီတာ၏အင်အားစုထဲသို့ ဝင်ရောက်ခဲ့သော်လည်း ပြဿနာကိစ္စများကို မဖြေရှင်းချင်ပေ။သူသည် အမျိုးမျိုးသော အစွမ်းထက်ပုဂ္ဂိုလ်များကိ တိုက်ခိုက်ရန်အတွက် ထက်မြက်သော အသွားတစ်ခုသာ ဖြစ်ချင်သည်။ဆမ်မြူရယ်က ထောင်ကြပ်အနေဖြင့် တာဝန်ထမ်းဆောင်ခဲ့ခြင်းမှာ လျို့ဝှက်အကျဉ်းထောင်ထဲ၌ မဟာနတ်ဆိုးဘုရင်အဆင့် အကျဉ်းသားနှစ်ယောက်ရှိကြောင်း ခါနီတာ ပြောခဲ့ခြင်းကြောင့် ဖြစ်သည်။ဆမ်မြူရယ်သည် ငတုံးတစ်ယောက် မဟုတ်ပေ။သူသည် ခါနီတာ၏ ရည်ရွယ်ချက်ကို သိသည်။သို့သော်လည်း အရင်းအမြစ်အားလုံးကို အသုံးပြု၍ ပို၍အစွမ်းထက်အောင် ပြုလုပ်နိုင်သရွေ့ သူဂရုမစိုက်ပေ။

အိုင်ဗန်ရှိနေသည့်အတွက် အကျဉ်းထောင်ထဲ ဝင်ရောက်ရန် အတော်လေး လွယ်ကူလှသည်။သို့သော် အဓိကပြဿနာမှာ အကျဉ်းထောင်၏ မှော်လှောင်ချိုင့် အလွန်ထူးခြားနေခြင်း ဖြစ်သည်။ထောင်ကြပ်၏ သလင်းကျောက်သော့ဖြင့်သာ ၎င်းကိုဖွင့်နိုင်သည်။သို့မဟုတ်ပါက အတွင်းမီ အကျဉ်းသားများ အသက်အန္တရာယ် ကျရောက်နိုင်ပေသည်။ချန်လွေ့သိသော မှော်စက်ဝိုင်းအများစုမှာ ထိန်းချုပ်ပစ္စည်းများနှင့် သက်ဆိုင်သည်။ “ သော့ဖွင့်ခြင်း ” အမျိုးအစားသည် သူ၏ကျွမ်းကျင်မှု မဟုတ်ပေ။ယခုတွင် တစ်ခုတည်းသော နည်းလမ်းမှာ သလင်းကျောက်သော့ကို ဆမ်မြူရယ်ထံမှ ရရှိရန်သာ ဖြစ်ပေတော့သည်။

ဆမ်မြူရယ်၏ လူသားသရုပ်မှန်ကို လျို့ဝှက်ချက် အနေဖြင့် ထားထားပြီး ခါနီတာ၏ လက်ထောက်များဖြစ်ကြသော ဆိုလာနာနှင့် စနိုးဒင်တို့သာ သိကြသည်။ဆမ်မြူရယ်နှင့် စနိုးဒင်တို့သည် အဆက်အသွယ်များ ရှိခဲ့ပြီး ပတ်သက်မှုမှာ အတော်လေး ရင်းနှီးသည်။တိုက်ဆိုင်စွာပင် ဆမ်မြူရယ်သည်လည်း အရက်သောက်ရခြင်းကို သဘောကျသည်။ချန်လွေ့သည် “ သုံးသွယ်အထူးပြု ” ဆရာသခင်အနေဖြင့် သလင်းကျောက်တောင်ကြား၌ ဟန်ဆောင်ခဲ့စဉ်က ဝိုင်ကောင်းကောင်း အများအပြားကို လိမ်ယူခဲ့သည်။သူသည် စနိုးဒင်အား ဆမ်မြူရယ်ကို အရက်တိုက်ခိုင်းပြီး ထိုလူသား၏နောက်ခံကို ပိုမိုသိရှိရန် ကြံရွယ်ထားသည်။ဖြစ်နိုင်မည်ဆိုလျှင် ချန်လွေ့သည် သလင်းကျောက်သော့ကို ရယူရန် နည်းလမ်းတစ်ခု စဉ်းစားမည်ဖြစ်ပြီး လူကယ်မည် ဖြစ်သည်။

အရာအားလုံး ချောချောမွေ့မွေ့ ဖြစ်သွားခဲ့သည်။ဆမ်မြူရယ်သည် စနိုးဒင်၏ ဖိတ်ကြားမှုကို မငြင်းပယ်ခဲ့ပေ။မကြာမီတွင် လူသားလောကမှ ထိုလူသားသည် စနိုးဒင်အိမ်သို့ ရောက်လာသည်။နတ်ဆိုးဘုံ၌ “ မျိုးနွယ်တူ ” တစ်ယောက်ကို ချန်လွေ့ ယခုမှ ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။

ဆမ်မြူရယ်သည် ဆံပင်အညို၊ မျက်လုံးအပြာရှိသော ကျစ်ကျစ်လစ်လစ်ရှိသည့် လူငယ်တစ်ယောက် ဖြစ်သည်။သူ၏မျက်နှာအသွင်အပြင်မှာ ဖြောင့်မတ်ပြီး သူ၏အကြည့်သည် လွှမ်းမိုးသော အငွေ့အသက် ယဲ့ယဲ့လေး ထုတ်လွှတ်နေ၏။

“ ဆာ-ဆမ်မြူရယ် ”

စနိုးဒင်က ဆမ်မြူရယ်ကို ကိုယ်တိုင် ဝိုင်လောင်းထည့်ပေးလိုက်သည်။

“ ဒါက အရိပ်နက်အင်ပါယာက ခရမ်းဘယ်ရီဝိုင် ပုလင်းအသစ်ပါ။မြည်းကြည့်ပါဦး။ဆာ။ ”

ချန်လွေ့သည် သေရွာပြန်အစေခံ တစ်ယောက် အနေဖြင့် ရုပ်ဖျက်ပြီး စနိုးဒင်နောက်တွင် ရပ်နေ၏။

မျိုးနွယ် - လူသား

စွမ်းအားအကဲဖြတ်မှု - [ C+ ]

ခန္ဓာအမျိုးအစား - [ C ]

ခွန်အား - [ C+ ]

စိတ်ဝိညာဉ် - [ C+ ]

မြန်ဆန်မှု - [ C ]

[ C+ ] သည် နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းနှင့် ညီမျှသည်။၎င်းသည် လူသားလောက၌ ဆရာသခင်အဆင့် ထိပ်သီးပိုင်း ဖြစ်သည်။

“ ဒီဝိုင်ပုလင်းက ကောင်းတယ်ဆိုရုံလောက်ပဲ။ ”

ဆမ်မြူရယ် ခေါင်းညိတ်လိုက်သည်။

“ နတ်ဆိုးဘုံမှာ ဝိုင်ကြန့်ကြာတဲ့သက်ရောက်မှု ရှိနေတုန်းပဲ။ဒါပေမဲ့ အရသာကတော့ ပုံမှန်အားဖြင့် မကောင်းဘူး။ ”

စနိုးဒင် ရယ်လိုက်သည်။

“ ဆာက ဒီလိုပြောမှတော့ လူသားလောကရဲ့ ဝိုင်တွေကို တကယ်ပဲ မြည်းကြည့်ချင်လာပြီ။ ”

“ ဒါက မင်းမှာ ဒီအသက် ရှိမရှိ အပေါ်မှာ မူတည်တယ်။ ”

ဆမ်မြူရယ်၏လက်ထဲ၌ အဖြူရောင်အလင်း ဖျော့ဖျော့ ဖြစ်ပေါ်လာပြီး ဝိုင်ခွက်ကို စက်ဝိုင်းဝိုင်းလိုက်သည်။

“ မင်းက ပါးနပ်သားပဲ။ဝိုင်ထဲမှာ ဘာလှည့်ကွက်မှ မလုပ်ထားဘူး။ ”

“ ဆာက ဘာကိုဆိုလိုတာလဲ။ကျုပ်က ဆာ့ကို ဝိုင်မြည်းကြည့်ဖို့အတွက်ပဲ ဖိတ်လိုက်တာပါ။ ”

စနိုးဒင် မျက်မှောင်ကြုတ်လိုက်သည်။

ဆမ်မြူရယ် အော်ရယ်လိုက်သည်။သူ၏မျက်လုံးများသည် ပတ်ဝန်းကျင်ကို လျှပ်စီးကဲ့သို့ အလျင်အမြန် စစ်ဆေးကြည့်လိုက်သည်။

“ မလိုတဲ့သူတွေကို အရင်ထွက်သွားခိုင်းလိုက်ရအောင်။ ”

စနိုးဒင် အနည်းငယ် ညည်းညူလိုက်ပြီး အစေခံနှင့် အိမ်ဖော်များကို နောက်ဆုတ်ခိုင်းလိုက်သည်။ချန်လွေ့ ထွက်သွားရန် ပြင်လိုက်စဉ် ဆမ်မြူရယ်က ပြောသည်။

“ အဲဒီ သေရွာပြန် နေခဲ့။ ”

ချန်လွေ့၏ နှလုံးသား လှုပ်ရှားသွားပြီး စနိုးဒင်ကို ကြည့်လိုက်သည်။စနိုးဒင်က ခေါင်းညိတ်လိုက်ရာ ချန်လွေ့သည် စနိုးဒင်၏နောက်သို့ ပြန်လာလိုက်သည်။

အစေခံများအားလုံး ထွက်သွားပြီးနောက် ဆမ်မြူရယ်က ပြောသည်။

“ ငါက ဟန်ဆောင်တဲ့သူတွေကို သဘောမကျဘူး။ပြော။မင်းငါ့ကို ဒီခေါ်လာတဲ့ ရည်ရွယ်ချက်ကဘာလဲ။ ”

စနိုးဒင်က ပို၍ပင် မျက်မှောင်ကြုတ်လိုက်သည်။

“ ဆာ-ဆမ်မြူရယ်။ခင်ဗျားတစ်ခုခု အထင်လွဲနေတာလား။ ”

“ အဲဒီလူ ဒီမှာရှိနေရင် မင်းက စကားပြောဖို့ အရည်အချင်း မပြည့်မှီဘူး။ ”

ဆမ်မြူရယ်၏မျက်လုံးများ ချန်လွေ့အပေါ် ရောက်သွားသည်။

“ ငါ့ရဲ့ မွေးရာပါ [ အမှန်တရားမျက်လုံး ] တစ်စုံက သူတော်စင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်ရဲ့ တည်ရှိမှုကို အာရုံခံနိုင်တယ်။မင်းရဲ့စွမ်းအားက မဟာနတ်‌ဆိုးဘုရင်အဆင့် ဖြစ်မယ်။ ”

“ အမှန်တရားမျက်လုံး လား။ ”

နတ်ဆိုးအရှင်သခင်အဆင့်စွမ်းအားကို ဖုံးကွယ်နိုင်သော [ စစ်မှန် အသက်အောင့် ] အစွမ်းကို ထိုလူသား အာရုံခံမိသွားမည်ဟု ချန်လွေ့ မထင်မှတ်ထားခဲ့ပေ။ လောကကြီးသည် အလွန်ကြီးမားသည့်အတွက် မည်သည့်အရာကမျှ အံ့ဩစရာ မဟုတ်တော့ပေ။ကတ်သရင်း၏ အစွမ်းထက်ဆုံး [ စစ်ရုပ်သေး ] သည် မာနူ၏ ထူးခြားဆန်းကြယ်သော ပိုင်နက်နှင့် တွေ့သွားပြီး [ အသက်အောင့် ] အစွမ်းက [ အမှန်တရားမျက်လုံး ] ကဲ့သို့သော ဝိပါက်နှင့် တွေ့ကြုံရသကဲ့သို့ပင် ဖြစ်သည်။

တစ်ဖက်က သိသွားပြီဖြစ်သည့်အတွက် ဟန်ဆောင်နေရစရာ အကြောင်းမရှိတော့ပေ။ချန်လွေ့သည် “ရစ်ချတ်” အသွင်အပြင် ပြန်ပြောင်းပြီး မဟာနတ်ဆိုးဘုရင်အဆင့် အငွေ့အသက်ကို ထုတ်လွှတ်လိုက်သည်။

“ စိတ်ဝင်စားစရာ နတ်ဆိုးပဲ။မင်းရဲ့ ပုံသဏ္ဍာန်ပြောင်းလဲခြင်းအစွမ်းက သင်းကွဲသမ္မ‌ဂရဲ့ အဘိုးကြီးတွေထက်ပို ပိုအဆင့်မြင့်တယ်။ ”

ဆမ်မြူရယ်၏မျက်လုံးများ အရောင်တောက်သွားသည်။

“ မင်းက စနိုးဒင်နောက်ကွယ်ကလူ ဖြစ်မယ်။ငါက ကလေးဘဝကတည်းက သိဒ္ဓိမှော်ကို လေ့ကျင့်ထားခဲ့တာ။စနိုးဒင်က တစ်ခုခုမှားနေတယ်ဆိုတာ ခုနက ငါအာရုံခံမိခဲ့တယ်။ သူ့ရဲ့ စိတ်ကို အမှောင်ထု စွမ်းအားက ထိန်းချုပ်ထားသလိုမျိုးပဲ။ငါထင်ထားသလိုမျိုး ..... ”

ပုံသဏ္ဍာန်ပြောင်းလဲခြင်း နှင့် သင်းကွဲသမ္မဂက လူသားလောကမှအရာများ ဖြစ်ပေမည်။သို့သော် ချန်လွေ့ အလွန်အံ့အားသင့်သွားသည်မှာ နတ်ဘုရား-ဝါးမျို မျက်နှာဖုံး၏ ရုပ်သေးပညာကို ဆမ်မြူရယ်၏ စွမ်းရည်က အမှန်တကယ် မြင်နိုင်ခဲ့ခြင်းကိုပင် ဖြစ်သည်။

“ စိတ်မပူပါနဲ့။ခါနီတာ ဒါကိုမသိဘူး။မင်းတို့ နတ်ဆိုးဘုံတိုက်ပွဲက ငါ့နဲ့ဘာမှ မဆိုင်ဘူး။ငါက ငါလိုချင်တာကိုပဲ ဂရုစိုက်တယ်။ ”

ဆမ်မြူရယ်က ချန်လွေ့ကို စိုက်ကြည့်လိုက်သည်။

“ အဲဒါက သူတော်စင်အဆင့်ရောက်ဖို့နဲ့ ပိုပြီးအစွမ်းထက်ဖို့ပဲ။နားလည်လား။ ”

“ သိပြီ။ ”

ချန်လွေ့ ခေါင်းညိတ်သည်။

“ ဒါပေမဲ့ ဆာ-ဆမ်မြူရယ် အထင်လွဲနေတာလို့ ကျုပ်ထင်တယ်။ကျုပ် ဆာ့ကို ဖိတ်ခေါ်တာက လျို့ဝှက်အကျဉ်းထောင်ထဲက နှစ်ယောက်ကို လိုချင်လို့ပဲ။ကျုပ် ခင်ဗျားကို အင်အားစုတစ်ခုထဲ ခေါ်ယူတာလိုမျိုး ကြံစည်ထားတာ မဟုတ်ဘူး။ ”

“ အကျဉ်းထောင်ထဲက နတ်ဆိုးဘုရင်အဆင့် နှစ်ယောက်လား။သဘောပေါက်ပြီ။ ”

ဆမ်မြူရယ်က တည်တည်ငြိမ်ငြိမ်နှင့် ဝိုင်တစ်ငုံ သောက်လိုက်သည်။

“ အဲဒီနှစ်ယောက် သိပ်ပြီးမစွမ်းမထက်လို့ ငါစိတ်မဝင်စားတော့ဘူး။ဒါပေမဲ့.....မင်းငါ့ကို အနိုင်ယူနိုင်မယ်ဆိုရင် မင်းကြိုက်တဲ့ဘယ်သူ့ကိုမဆို ခေါ်သွားလို့ရတယ်။ ”

ချန်လွေ့က သူ၏ရည်ရွယ်ချက်သည် အခြားအကျဉ်းသားများဖြစ်ကြောင်း မရှင်းပြခဲ့ပေ။မူလ အကြံအစည်ဖြစ်သော သလင်းကျောက်သော့ကို ခိုးယူရန် ကျရှုံးသွားလေပြီ။ဆမ်မြူရယ်၏လေသံအရ တိုက်ပွဲကို ရှောင်လွှဲ၍မရတော့ပေ။ချန်လွေ့ ခေါင်းညိတ်ပြီး ပြောသည်။

“ နေရာပြောင်းရအောင်။စနိုးဒင်ရဲ့ ခြံဝင်းကို ကျုပ် မဖျက်ဆီးချင်ဘူး။ ”

“ မလိုပါဘူး။ ”

ဆမ်မြူရယ်က ထူးဆန်းသော ကုဗတုံးတစ်ခု ထုတ်လိုက်သည်။

“ ဒီပစ္စည်းကို ဟိုရာဒရစ်လို့ ခေါ်တယ်။ဒါက နေရာလွတ် စစ်မြေပြင်တစ်ခုပဲ။ဒီအထဲမှာ ငါတို့ တိုက်ခိုက်မယ်ဆိုရင် အပြင်ကို သက်ရောက်မှုရှိမှာ မဟုတ်ဘူး။ဒီပစ္စည်းက သူတော်စင်အဆင့် ကနဦးပိုင်းတိုက်ပွဲကို ခံနိုင်ရည်ရှိတယ်။အဲဒါက မင်းတို့ နတ်ဆိုးဘုံရဲ့ နတ်ဆိုးဧကရာဇ်အဆင့် စွမ်းအားပဲ။ဒါပေမဲ့ ငါက စွမ်းအားကို ထိန်းထားရတာ မကြိုက်ဘူး။အဲဒါကြောင့် သေရမှာကို မင်းသိထားရမယ်။ ”

ဟိုရာဒရစ်....ကုဗတုံးလား။ ချန်လွေ့ ကြက်သေသေသွားပြီး စိတ်ထဲတွေးလိုက်သည်။ ဒါက အဂ္ဂိရတ် ပေါင်းစည်ပစ္စည်း မဟုတ်ဘဲနဲ့ နေရာလွတ်စစ်မြေပြင် ဆိုတာ သေချာရဲ့လား။

ကုဗတုံး ‌အရောင်တောက်လာပြီးနောက် ဂိတ်တံခါးတစ်ခု ပေါ်ထွက်လာသည်။ဆမ်မြူရယ်က ချန်လွေ့ကို ဖျပ်ခနဲကြည့်ပြီး ဂိတ်တံခါးဆီ လမ်းလျှောက်သွားလိုက်သည်။

“ မင်းရဲ့စွမ်းအားက သူတော်စင်အဆင့် ထိပ်သီးပိုင်းမရောက်သေးရင် ဟိုရာဒရစ်ကို ဖျက်ဆီးဖို့ကြိုးစားတာမျိုး အဓိပ္ပာယ်မရှိတာတွေ မလုပ်နဲ့။ပြီးတော့လည်း မင်းအခု ထွက်ပြေးဖို့ နောက်မကျသေးဘူး။ဒါပေမဲ့ စနိုးဒင်ရဲ့ကိစ္စ‌ကိုတော့ ငါထုတ်ပြောရလိမ့်မယ်။ ”

ချန်လွေ့ အသာလေးပြုံးပြီး မရှင်းပြခဲ့ပေ။သူက ဆမ်မြူရယ် နောက်သို့လိုက်ပြီး အရောင်တောက်နေသော ဂိတ်တံခါးဆီသို့ တည့်တည့်သွားလိုက်သည်။

ဟိုရာဒရစ် ကုဗတုံးဟူသော နာမည်သည် လောက ကူးပြောင်းလာသူတစ်ယောက်အတွက် အနည်းငယ် မှားယွင်းနေသော်လည်း ဆမ်မြူရယ်ပြောသည်မှာ မှန်သည်။၎င်းသည် အတော်လေး ကျယ်ဝန်းသော နေရာလွတ်တစ်ခု ဖြစ်သည်။

“ မင်းက ဘယ်လိုပတ်ဝန်းကျင်မျိုးမှာ တိုက်ခိုက်ရတာ တော်လဲ။ ”

ဆမ်မြူရယ်၏ပုံရိပ် ချန်လွေ့အရှေ့၌ ပေါ်ထွက်လာသည်။

“ အသူရာမီးတောင်လား။အမှောင်ရွှံ့ဗွက်အိုင်လား။ဒါမှမဟုတ် မသေမျိုးအငွေ့အသက်ရှိတဲ့တောင်ကြားလား။ ”

ချန်လွေ့ စိတ်ထဲ၌ အနည်းငယ် အံ့အားသင့်သွားသည်။ ဒီလိုပတ်ဝန်းကျင်ပြောင်းလဲတဲ့ လုပ်ဆောင်ချက်က စူပါစနစ်ရဲ့ လေ့ကျင့်ရေးကွင်းနဲ့ ဆင်တူတယ်။ကြည့်ရတာ ဟိုရာဒရစ်........ အဲ....စစ်မြေပြင် ကုဗတုံးက တကယ့်ကို အံ့ဩလောက်စရာ အဂ္ဂိရတ်လက်ရာတစ်ခုပဲ။ဒါက အနည်းဆုံး ဒဏ္ဍာရီလာအဆင့် ဒါမှမဟုတ် တစ်ဝက်-အဆောင်ပစ္စည်းအဆင့် ဖြစ်နိုင်လောက်တယ်။

“ ဘာမဆိုရတယ်။ ”

မည်သို့ပတ်ဝန်းကျင်မဆို ချန်လွေ့အတွက် အတူတူပင် ဖြစ်သည်။ပင်လယ်နက်နှင့် ပင်လယ်လှိုင်းကြမ်းကဲ့သို့ ကြမ်းတမ်းသော ပတ်ဝန်းကျင်တွင်ပင် အတူတူ ဖြစ်သည်။

ထိုအဖြေသည် ဆမ်မြူရယ်ကို အံ့အားသင့်သွားစေပြီး စက်ဆုပ်စွာ ပြုံးလိုက်သည်။

“ မင်းက ပြိုင်ဘက်ရဲ့စွမ်းအားကို ကောင်းကောင်း သဘောမပေါက်သေးဘူးထင်တယ်။ ငါပြောပြီးပြီလေ။မင်း သေရမှာကို သိထားရမယ်လို့။ ”

“ လူသားတွေရဲ့ စွမ်းအားအဆင့်အရဆိုရင် ခင်ဗျားက ဆရာသခင်အဆင့် ထိပ်သီးပိုင်းကို ရောက်နေပြီ။ ”

ချန်လွေ့ ပြုံးဖြီးဖြီး လုပ်လိုက်သည်။

“ ခင်ဗျားရဲ့စိတ်ဝိညာဉ်နဲ့ စွမ်းအားက တော်တော်လေး အစွမ်းထက်တယ်။ဒီတော့ ခင်ဗျားက သိုင်းပညာရော မှော်ပညာရော လေ့ကျင့်ထားတာ ဖြစ်ရမယ်။ မင်းရဲ့အမြန်နှုန်းလည်း တော်တော်လေး ကောင်းတယ်။ဒါပေမဲ့.... သက်လုံမှာတော့ တော်တော်လေး အားနည်းတယ်။ဟုတ်တယ်မဟုတ်လား။ ”

ယခင် [ အမှန်တရားမျက်လုံး ] သည် ချန်လွေ့ကို အံ့အားသင့်သွားစေခဲ့လျှင် ယခု [ သရုပ်ခွဲမျက်လုံး ] သည် ဆမ်မြူရယ်အား အကြီးအကျယ် ထိတ်လန့်သွားစေခဲ့သည်။ သူ၏အစိမ်းရောင် မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွားပြီး သူ၏မျက်နှာ တည်ကြည်သွားသည်။

“ ငါက လင်းလက်နဂါးအင်ပါယာ ငွေသူရဲကောင်းစစ်သည် ဆမ်မြူရယ်ခမ့်လော့ ပါ။မင်း နာမည်က..... ”

All Chapters