← Chapters

ဖရီယာ၏ အတွေးများ

Vol. 20 Ch. 286

ဖရီယာ၏ အတွေးများ

Vol. 20 Ch. 286

နေ့ရက်များ ကုန်ဆုံးသွားလေ၏......

တစ်နေ့၌ ချန်လွေ့သည် သလင်းကျောက်တောင်ကြား ဝင်ပေါက်မှ ဆာဘရီနာနှင့် ဘေးချင်းကပ်လျက် လမ်းလျှောက်ထွက်လာကြသည်။

“ ဒီတစ်ခေါက် ကျုပ်ကို တောင်ကြားကနေ ခေါ်ထုတ်သွားပေးတဲ့အတွက် မဒမ်ကို တကယ်ကျေးဇူးတင်ပါတယ်။ ”

ချန်လွေ့က ပျော်ရွှင်နေသောမျက်နှာဖြင့် ပြောလိုက်သည်။

“ ဆာ-ယာကော့ဗ်ကသာ မှော်စက်ဝိုင်းထဲမှာ အိပ်မောမကျနေရင်၊ ထင်ယောင်မှားနတ်ဆိုးဒိုင်းအတွက် နှင်းဖုံးရွှံ့ဗွက်အိုင်က နဂါးထွင်းစာတွေကို ကျုပ် မှီငြမ်းဖို့ မလိုဘူးဆိုရင်၊ ကျုပ် မဒမ်ကို ခေါ်ထုတ်ပေးဖို့ အကူအညီတောင်းမှာ မဟုတ်ပါဘူး။ဆာ-ယာကော့ဗ်ရဲ့ ထွင်းစာတွေက တကယ့်ကို မယုံနိုင်စရာ ကောင်းနေတာပါ။နှင်းဖုံးရွှံ့ဗွက်အိုင်ကနေ ဒီနေရာကိုလာဖို့က ရိုးရှင်းတဲ့ [ တယ်လီပို့ခုန်ခြင်း ] တစ်ခုပဲ လိုအပ်တယ်။ဒါပေမဲ့ ဒီကနေ နှင်းဖုံးရွှံ့ဗွက်အိုင်‌‌ဆီ သွားဖို့ကတော့ လမ်း‌ကြောင်းတွေ ရှုပ်ထွေးနေတာပဲ။ ”

ဆာဘရီနာ ခေါင်းခါလိုက်သည်။

“ ဒါက အသေးအမွှားလေးပါ။ဆရာသခင် အားနာစရာ မလိုပါဘူး။ဆရာသခင်က အပိုင်ကြံတတ်မယ်ဆိုရင် ကျွန်မ ဆရာသခင်ကို ဘယ်လိုကျေးဇူးတင်ရမှန်း မသိတော့ဘူး။ ”

“ ဒီကနေ ဘယ်တော့များ ထွက်ပြီးတော့ လေကောင်းလေသန့် ရှူခွင့်ရမလဲမသိဘူး။ဒီမှာ ကျုပ်လိုတာမှန်သမျှ တောင်းလို့ရပေမဲ့ လှောင်အိမ်ထဲ ရောက်နေသလိုမျိုး ခံစားရတယ်။ခွင့်လွှတ်ပေးပါ။မဒမ်။ကျုပ်က ခံစားနေရတာကို ပွင့်ပွင့်လင်းလင်း ပြောလိုက်တာပါ။ ”

ဆာဘရီနာ သက်ပြင်းချလိုက်သည်။

“ ဆရာသခင်ပြောတာမှန်ပါတယ်။ဒီနေရာက ဘယ်လောက်ပဲကောင်းကောင်း၊ လှောင်အိမ်တစ်ခုပါပဲ။ဒါပေမဲ့ ကျွန်မတို့ နေနေတဲ့ ဒီလောကကြီးကလည်း ဧရာမ လှောင်အိမ်ကြီးတစ်ခုပဲ။အချိန်နဲ့ နေရာ ချုပ်နှောင်မှုကနေ ဘယ်သူမှ မလွတ်မြောက်နိုင်ကြဘူး။ကျွန်မတို့လုပ်နိုင်တာက ကိုယ့်ရဲ့အတွင်းအကြောက်တရားကို ဖယ်ရှားနိုင်ဖို့အတွက် အခြားသူတွေကို အကျဉ်းချပြီး ပိုပြီးချုပ်နှောင်ဖို့ပဲ ထင်တယ်။ ”

“ မဒမ်ကလည်း ဇာတ်လမ်းနဲ့ သူတစ်ယောက်ပဲ။ ”

ချန်လွေ့က ဆာဘရီနာကို တစ်ချက်ကြည့်လိုက်သည်။

“ တစ်နေ့ကျရင် ကျုပ် မဒမ်ရဲ့ဇာတ်လမ်းကို နားထောင်ဖို့ အရည်အချင်းပြည့်မှီမယ်လို့ မျှော်လင့်ပါတယ်။ ”

“ ဆရာသခင်။အရာအားလုံးအတွက် စိတ်ရှည်ရမယ်လေ။လွယ်လွယ်ရရင် စိတ်ဝင်စားစရာ မကောင်းတော့ဘဲ နေမှာပေါ့။ ”

ခရစ္စတီးနား တခစ်ခစ်ရယ်လိုက်ပြီး စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“ ဒါနဲ့ တောင်ကြားအပြင်ဘက်မှာ ရတနာတွေကို မကြာခင်က တွေ့တယ်ဆိုတဲ့ ကောလာဟလတွေ ထွက်လာတယ်လို့ သတင်းကြားတယ်။လူတော်တော်များများ ရတနာ လာရှာကြတယ်။သလင်းကျောက်တောင်ကြားမှာ ဆာ-ယာကော့ဗ်ရဲ့ [ ဖုံးကွယ် ] ထွင်းစာနဲ့ မှော်စက်ဝိုင်းတွေရှိနေပေမဲ့ တောင်ကြားရဲ့ ခုခံမှုနဲ့ ဖုံးကွယ်ထားမှုကို ပိုပြီးတော့ ဂရုစိုက်ဖို့လိုမယ်။ဒီကောလာဟလတွေကို မေ့သွားဖို့ကိုပဲ ကျွန်မတို့စောင့်ရမှာ။ ”

ထိုရတနာရှာခြင်းသည် မရိုးရှင်းကြောင်း ချန်လွေ့ ခံစားမိခဲ့သည်။၎င်းသည် ခရစ္စတီနားနှင့် သက်ဆိုင်နေနိုင်သည်။သလင်းကျောက်တောင်ကြားသို့ ချန်လွေ့ ရောက်နေသည်မှာ ရက်အတော်ကြာပြီ ဖြစ်သည်။“အသက်ရှင်”နေသေးကြောင်း အချက်ပြရန်အတွက် မှော်ပစ္စည်းသုံးခဲ့သော်လည်း နတ်ဆိုးအရှင်သခင် သုံးယောက်ကဲ့သို့သော အခြားအချက်အလက်များကို မပို့ဆောင်နိုင်ခဲ့ပေ။ထို့ပြင် ထိုအချက်ပြသည် တောင်ကြားအတွင်းရှိ နဂါးထွင်းစာ၏ နှောင့်ယှက်မှုခံရမခံရသည်ကို ချန်လွေ့ သေချာမသိပေ။

ခရစ္စတီးနားသည် ထိုနည်းလမ်းဖြင့် စမ်းသပ်ရန် ပါးပါးနပ်နပ် အသုံးချခဲ့သည်။သူသည် အစီအစဉ်ကို မဆောင်ရွက်ခင် အချက်အလက်များ ပိုမိုရရှိအောင် ကြိုးစားနေဟန်တူသည်။သူသည် အတော်လေး ကောင်းကောင်းမွန်မွန် ပြင်ဆင်ထားပုံရသည်။မည်သို့ပင်ဖြစ်စေ ဤအစီအစဉ် အောင်မြင်မှရပေမည်။ထို့နောက်တွင် သူတို့သည် သလင်းကျောက်တောင်ကြားကို ဖျက်ဆီးနိုင်ရုံသာမက ရန်သူ၏ ဌာနချုပ်ကိုလည်း ဖျက်ဆီးနိုင်ပြီး ပါ့ဂ်လီအို၏ ရန်သူကိုပင် သတ်နိုင်ရန် အခွင့်အရေး ကြီးကြီးမားမား ရှိနိုင်သည်။

သို့သော် ယခုတစ်ခေါက် “သုတေသန” ပြုလုပ်ရန် အပြင်ထွက်ခြင်းသည် အစီအစဉ်ထဲမှ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး အလွန်အရေးကြီးသော ခြေလှမ်းတစ်လှမ်းလည်း ဖြစ်သည်။

“ ကျုပ်က စိတ်ရှည်နေပြီလို့ ထင်တယ်။ ”

ချန်လွေ့က ခါးသက်သက်နှင့်ပြုံးရင်း ခေါင်းခါကာ ထိုအကြောင်း ဆက်မပြောတော့ပေ။

“ ဒါနဲ့ ဆန်းကြယ်တောင်ကြားက ပြဿနာတွေ အခုတလော ပြေလည်သွားတဲ့ပုံပဲ။ဒါပေမဲ့ အီဇိုလာက လွယ်လွယ်နဲ့ လက်လျှော့မှာ မဟုတ်ဘူးလို့ ကျုပ်ခံစားမိနေတယ်။သူက တစ်ခုခု ပိုကြီးတာကို ပြင်ဆင်နေလောက်တယ်။ ”

“ ဟမ့်။သူက နောက်ဆုံးထွက်သက်နဲ့ ရုန်းကန်နေတာပါပဲ။ဒါပေမဲ့.....ဆရာသခင် သတိထားတာ ပိုကောင်းမယ်။အထူးသဖြင့် လုံခြုံရေးကို သေချာဂရုစိုက်ပါ။ ”

“ မဒမ်။ကျုပ်ကို ခင်ဗျားရဲ့ အိမ်ပြာဆီ ဧည့်သည်အနေနဲ့ ဖိတ်ပါလား။ ”

“ ဆရာသခင် ”

ထိုအချိန်၌ ယာကော့ဗ်သည် ပျော်ရွှင်မှု အပြည့်ဖြစ်နေသောမျက်နှာဖြင့် စိတ်လှုပ်ရှားစွာ ရောက်ရှိလာသည်။

“ အဲလိုအခွင့်အရေးမျိုး မရှိတဲ့ပုံပဲ။ ”

ဆာဘရီနာက တမင်တကာပင် နောင်တရဟန်ဖြင့် ရယ်လိုက်သည်။ထို့နောက် ယာကော့ဗ်ကို အရိုအသေပေးကာ ထွက်သွားလိုက်သည်။

“ ဆာ-ယာကော့ဗ်။နိုးလာပြီလား။ ”

ချန်လွေ့၏မျက်လုံးများ အရောင်တောက်သွားသည်။

“ အခြေအနေ ဘယ်လိုရှိလဲ။ ”

“ အာနိသင်က တော်တော်လေး ကောင်းတယ်။ဆရာသခင်က တကယ့်ကို ပါရမီရှင်ပဲ။ဆရာသခင်ကို လူနာ ပေးမယ်ဆိုရင်ကော။ ”

ယာကော့ဗ် မြူးတူးပျော်ရွှင်နေ၏။

ချန်လွေ့၏ အကူအညီဖြင့် မှော်စက်ဝိုင်း၏ တိုးမြှင့်မှု လုံးဝအောင်အောင်မြင်မြင်နှင့် ပြီးစီးသွားကာ သလင်းကျောက်နဂါးလည်း အလွန်ပျော်ရွှင်နေ၏။ယခုတွင် မှော်စက်ဝိုင်းသည် ယာကော့ဗ်၏ ဖြည့်တင်းနှုန်းကို နှစ်ဆတိုးနိုင်ပြီး အသုံးပြုရန် အချိန်အတိုင်းအတာကိုလည်း ၇ရက်မှ ၂ရက်အထိ လျှော့ချနိုင်ခဲ့သည်။သက်ရောက်မှုနှင့် အကျိုးပြုမှုတို့သည် ထင်ထားသည်ထက် ပိုကောင်းနေသည်။သို့သော်လည်း [ အိပ်မောကျခြင်း ] နှင့် [ ဖြည့်တင်းခြင်း ] တို့ပါဝင်သော စုပေါင်းထွင်းစာအစွမ်းအာနိသင်ကြောင့် ယာကော့ဗ်သည် တစ်ရက်လုံး အိပ်မောကျသွားမည်ဖြစ်ပြီး နိုးထရန် ခက်ခဲနိုင်ပေသည်။

၎င်းသည် ပထမဆုံးအကြိမ် စမ်းကြည့်ခြင်းဖြစ်ပြီး အမှန်တကယ်ပင် အောင်မြင်သည်။ယခုတွင် ယာကော့ဗ်၏ အမြန်နှုန်း ကြီးကြီးမားမား မြန်ဆန်သွားသည့်အတွက် ရွှင်ပျနေခဲ့သည်။ထိုစဉ်က သူသည် ပါ့ဂ်လီအိုကြောင့် သေမလိုဖြစ်သွားခဲ့ပြီး ယခုအချိန်အထိ အကြောက်တရား ကျန်ရစ်နေဆဲပင် ဖြစ်သည်။သူ ပြန်မသက်သာခင် သလင်းကျောက်တောင်ကြားမှ အလွယ်ကတူ မထွက်သွားရဲပေ။ယခုတွင် သူသည် ဒဏ်ရာများ ပြန်ကောင်းမည့် ဖြတ်လမ်းနည်းတစ်ခုကို တွေ့သွားသည့်အတွက် ချန်လွေ့ကို အမြင်ပြောင်းသွားခဲ့သည်။ ယာကော့ဗ်သည် ချန်လွေ့သည် သူသဘောအကျဆုံး အိမ်ဖော် လူနာကိုပင် ပေးအပ်ခဲ့သည်။

ချန်လွေ့က ခေါင်းကို လေးလေးနက်နက် ခါရမ်းလိုက်သည်။

“ ဆုလာဒ်တွေ မလိုပါဘူး။ကျုပ်က ခင်ဗျားဆီကနေ အကျိုးအမြတ်တွေ အများကြီး ရထားပြီးပါပြီ။ပြီးတော့ ကျုပ်တစ်ယောက်တည်း နာမည်ယူလို့ မရဘူးလေ။ခင်ဗျားရဲ့ နဂါးထွင်းစာကြောင့်သာ မဟုတ်ရင် ဒီလိုရလာဒ်မျိုး ရလာမှာ မဟုတ်ဘူး။ ”

ထိုမှော်စက်ဝိုင်းသည် အမှန်တကယ်၌ နဂါးကို ထိခိုက်အောင် ပြုလုပ်ရန် အသုံးပြုခဲ့ခြင်းဖြစ်သော်လည်း ချန်လွေ့သည် သလင်းကျောက်နဂါးထံမှ အမှန်တကယ်ပင် ကျေးဇူးတင်ခြင်းကို ရရှိခဲ့သည်။ချန်လွေ့ အနည်းငယ် လိပ်ပြာမလုံသလို ဖြစ်သွား၏။အဓိကကိစ္စမှာ ထို လူနာ ကြောင့်ပင် ဖြစ်သည်။လူနာသည် ခါးတုတ်တုတ်နှင့် နွားတစ်ပိုင်း အိမ်ဖော်ဖြစ်သည်။ထိုကဲ့သို့ ပြင်းထန်လှသော အကြိုက်သည် ချန်လွေ့ကိုင်တွယ်နိုင်သောအရာမျိုး မဟုတ်ပေ။

လူနာသည် သလင်းကျောက်နဂါး၏ သဘောအကျဆုံးအိမ်ဖော်လည်း ဖြစ်သည်။အကယ်၍ သူသာ ချန်လွေ့ကို အမှန်တကပင် လူနာအား ပေးခဲ့လျှင် ပြန်ရယူရန် ရှက်နေပေမည်။ယာကော့ဗ် အနည်းငယ် တုံ့ဆိုင်းနေခဲ့သည်။ယခုတွင် ချန်လွေ့၏ နှိမ့်ချသောစကားကို ကြားသည့်အခါ ယာကော့ဗ်သည် စိတ်ပြောင်းလွယ်သော်လည်း မည်သည်မှ ပြန်မတောင်းသော “ သွေးသောက်ရဲဘော်ကောင်း ”ကို အမြင်ပိုကောင်းသွားခဲ့သည်။

“ အမ်း....ဆရာသခင်က အရင်တုန်းက ရုပ်သေး နှလုံးသားကို စိတ်ဝင်စားတာ မဟုတ်ဘူးလား။ သုံးလေးရက်လောက် ငှားပေးလိုက်မယ်လေ။ ”

ချန်လွေ့၏မျက်လုံးများ အရောင်တောက်သွားသည်။သူသည် ထိုသို့တောင်းဆိုချင်သော်လည်း ယာကော့ဗ် သံသယဝင်သွားမည်ကို စိုးရိမ်နေခဲ့သည်။ယခုတွင် ယာကော့ဗ်က စပြောသည့်အတွက် ချန်လွေ့ ဟန်ဆောင်မနေတော့ပေ။

“ ကောင်းတာပေါ့။ကျေးဇူးတင်ပါတယ်။ဆာ။ ”

ရုပ်သေးနှလုံးသားသည် ဘယ်ဇီဘတ် တော်ဝင်မိသားစု၏ ရတနာဖြစ်သည်။၎င်းသည် ရုပ်သေးဖန်တီးရန်အတွက် ကြီးမားသော သက်ရောက်မှုတစ်ခု ရှိသည်။၎င်းကို ယာကော့ဗ်က အဇ်ဂါလော ထံမှ တောင်းခဲ့ခြင်းဖြစ်သည်။မူလက သလင်းကျောက်လူသားများသည် ယာကော့ဗ်၏ ခန္ဓာကိုယ်မှ ထူးဆန်းသော စွမ်းအားတစ်မျိုးဖြင့် ပြုလုပ်ထားသော ရုပ်သေးများ ဖြစ်ကြသည်။ရုပ်သေးနှလုံးသား၏အကူအညီဖြင့် သူသည် အစွမ်းပိုထက်ပြီး ပိုများသော သလင်းကျောက်လူသားများကို ဖန်တီးနိုင်သည်။ထို့ပြင် သူသည် သလင်းကျောက်လူသားများကို အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်၍ရသည်။ ယာကော့ဗ်က ရုပ်သေးနှလုံးသားကို ကမ်းလှမ်းခဲ့ခြင်းမှာ ချန်လွေ့အား ပို၍သိမ်းသွင်းရန်ပင် ဖြစ်သည်။အကြောင်းမှာ ချန်လွေ့၏ အလားအလာနှင့် မှော်စက်ဝိုင်းများအပေါ် နားလည်သဘောပေါက်ခြင်းအရ ထပ်မံတိုးတက်နိုင်ချေများ ရှိနေသည်။သူသည် “ပေး”မည်ဟု မပြောဘဲ “ငှား”မည်ဟုသာ သေသေချာချာပြောခဲ့သည်။

ထို့ပြင် သလင်းကျောက်လူသား ခေါင်းဆောင်သည် မဟာနတ်ဆိုးဘုရင်အဆင့်သာ ဖြစ်သည်။အဆိုးဆုံး အခြေအနေ၌ပင် သူ၏ နတ်‌ဆိုးအရှင်သခင်အဆင့် စွမ်းအားဖြင့် သလင်းကျောက်လူသားများအား ချန်လွေ့ ထိန်းချုပ်ကာ မကောင်းသည့်အရာများပြုလုပ်မည်ကို စိုးရိမ်စရာ မလိုအပ်ပေ။သို့သော်လည်း ဤလောကတွင် မထင်ထားလောက်သည့် ပို၍ဆိုးဝါးသော အခြေအနေများပင် ရှိနေနိုင်သည်......

“ ရုပ်သေးနှလုံးသားက ခင်ဗျားအတွက် အရမ်းအရေးကြီးတယ်ဆိုတာ ကျုပ်သိတယ်။အဲဒါကြောင့် အကြာကြီး ကျုပ် မငှားရဲပါဘူး။နောက်တစ်ခေါက် မှော်စက်ဝိုင်းကနေ ခင်ဗျားနိုးတဲ့အခါ ပြန်ပေးမယ်လေ။ ”

၎င်းကိုကြားသည့်အခါ သလင်းကျောက်နဂါးသည် သုံးရက်သာဖြစ်မည်ဟု ထင်ခဲ့သည့်အတွက် ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။ထို့နောက် လေဟာနယ်လက်စွပ်ထဲမှ ရုပ်သေနှလုံးသားကို ထုတ်ပြီး ချန်လွေ့ထံ ပေးလိုက်သည်။

ချန်လွေ့သည် ဖောက်ထွင်းမြင်ရသော အဝါရောင် သလင်းကျောက်ကို သေသေချာချာယူပြီး အလွန်အမင်း စိတ်လှုပ်ရှားနေဟန် ပြသလိုက်သည်။

“ ခွင့်လွှတ်ပေးပါ။ဆာ-ယာကော့ဗ်။အခု အချိန်က တော်တော်လေး အရေးကြီးတယ်။ကျုပ် လေ့လာဖို့ မစောင့်နိုင်တော့ဘူး။ကျုပ် အရင်သွားလိုက်ပါဦးမယ်။ ”

သလင်းကျောက်နဂါး စိတ်အလွန်ကြည်နေခဲ့သည်။ထို့ကြောင့် သူသည် လက်ကို ဝှေ့ရမ်းပြီးနောက် သလင်းကျောက်သားရဲတွင်းသို့ ပြန်သွားလိုက်သည်။ချန်လွေ့က အိပ်မက်ဆိုးတောင်ကြားသို့ ရောက်သည့်အခါ ဖရီယာက နှုတ်ဆက်ပြီး သားရေစာအချို့ တည်ခင်းပေးသည်။

“ ဆရာသခင် ပြန်လာပြီပဲ။ဒီမနက်ထွက်သွားတုန်းက ‌ဆရာသခင် ဘာမှမစားခဲ့ဘူး။အခု နေ့လယ်စာ မစားခင် အချိန်နည်းနည်း ရှိနေသေးတယ်။အဲဒါကြောင့် အရင်‌ဆုံး သားရေစာတချို့နဲ့ သစ်သီးတချို့ အရင်စားလိုက်ပါ။ ”

ချန်လွေ့သည် မနက်ပိုင်း၌ ဆာဘရီနာကို အပြင်သွားရန် ဖိတ်ခေါ်နေသည့်အတွက် အလောတကြီး ဖြစ်သွားခဲ့သည်။ယခုတွင် သူသည် အမှန်တကယ် ဗိုက်ဆာနေပြီ ဖြစ်သည်။သူသည် ချက်ချင်းပင် သားရေစာတစ်ခု ယူပြီး စားလိုက်သည်။

“ ဝိုင်ရှိလား။ ”

ထိုနေ့ရက်များတွင် ဟန်ဆောင်နေရန်အတွက် ဝိုင်သောက်ခြင်းသည် ချန်လွေ့၏ ဒုတိယဗီဇကဲ့သို့ ဖြစ်လုနီးပါး ဖြစ်သွားခဲ့သည်။

ဖရီယာ ခေတ္တ တုံ့ဆိုင်းသွားသည်။

“ သခင်။ဒီသားရေစာတွေ အရင်စားလိုက်ပါဦး။မဟုတ်ရင် ဝိုင်က သခင့်ရဲ့ ကျန်းမာရေးကို ထိခိုက်စေလိမ့်မယ်။ ”

ချန်လွေ့က ဖရီယာကို ပြုံးပြလိုက်သည်။

“ ဟုတ်ပါပြီ။ ”

ထိုမဟာနတ်‌ဆိုး၏မျက်နှာသည် အနည်းငယ် ရုပ်ဆိုးသော်လည်း ထိုအပြုံးက ဖရီယာကို ထူးထူးခြားခြား စိတ်ချသွားစေသည်။ထိုစိတ်ချမှုသည် ယခင်နှစ်ပေါင်းများစွာ၌ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသော ကဝေမအတွက် တစ်ခါမျှမခံစားခဲ့ရဖူးသော ခံစားချက်ပင် ဖြစ်သည်။သူ၏ရင်ဘတ်ထဲ၌ ထူးဆန်းသော ခံစားချက်တစ်ခု ရုတ်တရက် တိုးပွားလာသည်။သူ အသာလေး ပြောသည်။

“ သခင်။ကျွန်မရဲ့ ဒဏ်ရာတွေအားလုံး ပြန်ကောင်းသွားပါပြီ။သခင့်ရဲ့ အဆင့်မြင့် ဆေးရည်အတွက် ကျေးဇူးပါပဲ။ ”

“ အိုး။ရပါတယ်။ ”

ဖရီယာသည် ခီရာ၏အမေဖြစ်ပြီး သူ၏ဘဝအတွေ့အကြုံများမှာ အတော်လေး ဆိုးဝါးလှသည်။ထို့ကြောင့် ချန်လွေ့သည် ထိုကဲ့သို့ ဆေးရည်အနည်းငယ်ဖြင့် ကပ်စေးနဲနေမည် မဟုတ်ပေ။ပုံမှန်နေ့ရက်များ၌ ချန်လွေ့သည် ဖရီယာအား ထူးထူးခြားခြား မလုပ်ခိုင်းပေ။ဖရီယာသည် ချန်လွေ့သည် တစ်နေ့တာ စားစရာများကို ပြင်ဆင်ရပြီး မာနူလွှတ်လိုက်သော အစေခံများကို ပြန်ပို့ရသည်။ချန်လွေ့မှာမူ အချိန်အများစုကို စမ်းသပ်ခန်းထဲ၌သာ ကုန်ဆုံးလေသည်။

“ သခင်....ဟိုဟာ... ”

ဖရီယာ တုံ့ဆိုင်းနေပုံရသည်။သို့သော်လည်း အားမွေးပြီး ပြောလိုက်သည်။

“ ဒီည ဖရီယာကို သခင်နဲ့အတူတူ အိပ်စေချင်လား။ ”

ထိုနေ့ရက်များ၌ ဖရီယာထင်ထားခဲ့သော အပြုအမူများ လုံးဝဖြစ်မလာခဲ့ပေ။ဆရာသခင်သည် နေ့စဉ် စမ်းသပ်ခန်းမှပြန်လာသည့်အခါ ပင်ပန်းနေပြီး စားသောက်ပြီးနောက် အိပ်သွားသည်။ထို့ကြောင့် “အခြားအရာများ” ပြုလုပ်ရန် အချိန်မရှိပေ။သို့သော်လည်း နှစ်ပေါင်းများစွာ နှိပ်စက်ခံခဲ့ရသော ဖရီယာက ထိုဆရာသခင်သည် သူထင်ထားသကဲ့သို့ မဟုတ်နိုင်ကြောင်း ခံစားမိသည်။ထိုဆရာသခင်သည် အလွန်ကောင်းသော သခင်တစ်ယောက် ဖြစ်နေသည်။

အဖိုးတန်သော အဆင့်မြင့် ဆေးရည်များကဲ့သို့ပင် အချို့အရာများသည် အမှတ်တမဲ့ဖြစ်သော်လည်း ဖရီယာသည် အချိန်အတော်ကြာ မခံစားခဲ့ရသော နွေးထွေးမှုတစ်ခုကို ခံစားခဲ့ရသည်။

ထိုကဲ့သို့ သခင်ကို အလုပ်အကျွေးပြုရခြင်းသည် မူလသခင်မထက် အဆတစ်ရာ ပိုကောင်းသည်။ထိုသို့ ပိုခံစားရလေလေ၊ ဖရီယာသည် ယခင်နေ့ရက်များသို့ ပြန်သွားရမည်ကို ပိုကြောက်လာလေလေပင် ဖြစ်သည်။ထို့ကြောင့် သူသည် ပို၍အလေးပေးသော အစေခံဖြစ်ရန် မျှော်လင့်ပြီး ဆရာသခင်နှင့် အတူအိပ်ရန် ဆန္ဒပြုခဲ့သည်။ထို့နောက် အစွန့်ပစ်ခံရမည့်အခွင့်အရေး ပို၍နည်းပါးသွားမည် ဖြစ်သည်။

ထိုကဲ့သို့ ဖရီယာတောင်း‌ဆိုမည်ဟု ချန်လွေ့ မထင်ထားသည့်အတွက် သူ၏မျက်လုံးများ ရုတ်တရက် ထူးဆန်းသွား၏။ထို့နောက် ချန်လွေ့ ခေါင်းခါပြီး ပြောလိုက်သည်။

“ မလိုဘူး။ ”

ဖရီယာ အနည်းငယ် ဝမ်းနည်းသွားသည်။

“ ဆရာသခင်က ကျွန်မကို စက်ဆုပ်တာလား။ကျွန်မအရင်က..... ”

“ မဟုတ်ဘူး။ ”

ချန်လွေ့ ခေါင်းခါသည်။ဖရီယာသည် လှပပြီး နူးညံ့ကာ ချစ်စရာကောင်းသော အမျိုးအစားထဲ၌ ပါဝင်သည်။ကံမကောင်းစွာပင် သူသည် ခီရာ၏အမေ ဖြစ်နေသည်။ထိုရှိပြီးသား အယူအဆက ချန်လွေ့ကို အတွေးအမျိုးမျိုး ဝင်ရောက်ခြင်းမှ တားဆီးပေးနေသည်။ထိုကဲ့သို့ကိစ္စများသည် နတ်ဆိုးဘုံ၌ သာမန်သာဖြစ်ပြီး နှစ်ရာပေါင်းများစွာ သက်တမ်းရှိသော နတ်ဆိုးများအဖို့ အမေနှင့်သမီးတို့၏ အသက်နှင့်ရုပ်ရည်သည် ပြဿနာ မဟုတ်သော်လည်း အကျင့်သိက္ခာစွဲနေပြီဖြစ်သော အခြားလောကမှလာသည့် ချန်လွေ့အဖို့ မိန်းမအများအပြား ရှိခြင်းသည် အကန့်အသတ် ဖြစ်နေပြီ ဖြစ်သည်။ထို့ကြောင့် ထိုကဲ့သို့ အမေနှင့်သမီးကို ချစ်ကြိုက်ခြင်းသည် အမှန်တယ် လက်မခံနိုင်စရာပင် ဖြစ်လေသည်။

“ ငါထင်တာ မှန်မယ်‌ဆိုရင် မင်းအခုလို လုပ်နေတာက....ခီရာအကြောင်း သိရဖို့အတွက်ပဲ မဟုတ်လား။ ”

သမီးဖြစ်သူ၏ နာမည်ကို ကြားလိုက်ရသည့်အခါ ဖရီယာ၏အသံ အနည်းငယ် တုန်ခါလာသည်။

“ ခီရာ....အခု သူက... ”

“ ငါသိရသလောက် သူက အဆင်ပြေတယ်။ငါ ဒီလောက်ပဲ ပြောပြနိုင်မယ်။မင်း သူ့အတွက် အကောင်းဆုံးဖြစ်စေချင်ရင် ဘာမှမမေးနဲ့။ဟုတ်ပြီလား။ ”

ချန်လွေ့သည် မည်သည်ကိုမှ ထုတ်မပြောခဲ့ပေ။ဖရီယာသည် ဆာဘရီနာ၏ သူလျှို မဟုတ်နိုင်သော်လည်း အစီအစဉ်၏ အရေးကြီးသော အခိုက်အတန့်သို့ ရောက်ရှိနေပြီဖြစ်သည်။ထို့ကြောင့် မည်သည့်အမှားမျှ မပြုလုပ်နိုင်ပေ။

“ နားလည်ပါပြီ။ကျေးဇူးတင်ပါတယ်။သခင်။ကျွန်မ အခု ပြန်လိုက်ပါဦးမယ်။ ”

ဖရီယာက ချန်လွေ့ကို ခဏစိုက်ကြည့်လိုက်သည်။သူ၏မျက်လုံး၌ ထူးခြားသော အလင်းရောင်တစ်ခု လင်းလက်နေ၏။သူ တံခါးအပြင်သို့ လျှောက်သွားပြီးသည့်အခါ ရုတ်တရက် အသာလေး ပြုံးလိုက်သည်။

“ တကယ်တော့........သခင် ခန့်မှန်းတာ အကုန်လုံး မမှန်ပါဘူး။ ”

ဖရီယာ၏ ရင်ကိုခိုက်စေသော အပြုံးသည် ခီရာနှင့် အတော်လေး ဆင်တူလှသည်။ထိုအခိုက်တွင် ချန်လွေ့သည် ဘာလုပ်ရမှန်း ဘာကိုင်ရမှန်းမသိ ဖြစ်သွားခဲ့သည်။သို့သော်လည်း ခဏအကြာ၌ ပုံမှန်ပြန်ဖြစ်သွားသည်။သူသည် ထူးဆန်းသော အတွေးများ ဝင်မိသွားသည့် မိမိကိုယ်ကို ခေါင်းထုရိုက်လိုက်သည်။နောက်ဆုံးဆောင်ရွက်မှုသည် ဖြစ်အံ့ဆဲဆဲ ဖြစ်နေပြီဖြစ်သည်။ခြေလှမ်းတိုင်း၌ အမှား လုံးဝရှိ၍ မရနိုင်ပေ။ထို့ကြောင့် သူသည် သေသေချာချာ စဉ်းစားရပေမည်။

All Chapters