သားရဲများ ပရမ်းပတာဖြစ်ခြင်း
Vol. 20 Ch. 287
ခဏခဏ ဖြစ်ခဲ့ဖူးသော ပရမ်းပတာ ဖြစ်ရပ်များနှင့်ယှဉ်လျှင် ဆန်းကြယ်တောင်ကြား၌ ယခင်နှစ်ရက်တွင် အတော်လေး တိတ်ဆိတ်နေပုံရသည်။တမင်တကာ ပြဿနာရှာသောသူများကို ပြင်ဆင်ထားသော ဆာဘရီနာကို ရှာတွေ့သွားခဲ့ပြီး ရာထူးအဆင့်အတန်း မည်သို့ပင်ဖြစ်စေကာမူ ညှာတာမှု မရှိဘဲ သတ်ပစ်ခဲ့သည်။
ဆာဘရီနာ အသုံးပြုခဲ့သော ထိုကဲ့သို့ ညှာတာမှု မရှိသည့်နည်းလမ်းသဘ် အတော်လေး သက်ရောက်မှု ရှိလှသည်။၎င်းသည် ဆန်းကြယ်တောင်ကြားအား အီဇိုလာ လက်လွှဲယူစဉ်ကထက် ပို၍ ချောမွေ့ပြီး ပြတ်သားသည်။ယခုတွင် ဆန်းကြယ်တောင်ကြားမှ လူအားလုံးသည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် ကြိုးစားနေကြပြီး ပါဝင်ပတ်သက်မည်ကို အမြဲပင် စိုးရိမ်နေကြသည်။သူတို့သည် အရာရှိအသစ်ဖြစ်သည့် နောက်ခံအင်အားကောင်းသော “အာသာ”ကိုလည်း အတော်လေး လေးစားကြသည်။
ဆာ-ယာကော့ဗ်နှင့် ဆာ-မာနူတို့နှင့်ယှဉ်လျှင် မဒမ် ဆာဘရီနာသည် အရာရှိနောက်၌ ရပ်နေသော သေးငယ်သည့်ဇာတ်ကောင်တစ်ခုသာ ဖြစ်သည်။ဆာဘရီနာက အဇ်ဂါလောကို ကိုယ်စားပြုနိုင်လျှင် အရာရှိ “အာသာ”ကို သလင်းကျောက်တောင်ကြားမှ ဆရာသခင်သုံးယောက်တို့က တညီတညွတ်တည်း ထောက်ခံကြပေသည်။စွမ်းဆောင်ရည်ကို ကြည့်မည်ဆိုလျှင် သူသည် နတ်ဆိုးဘုံရှိ ထိပ်တန်း ပါရမီရှင်ဆရာသခင် တစ်ယောက် ဖြစ်ရုံသာမက မဟာနတ်ဆိုးဘုရင် နော်ရစ်ကိုလည်း မရဏပြိုင်ပွဲ၌ အနိုင်ယူခဲ့သည်။သူ၏ ပါရမီများနှင့် တီထွင်ဖန်တီးမှု စွမ်းရည်များမှာလည်း လက်မှုပညာ ဆရာသခင်တိုတို၏ ချီးမွမ်းမှုကို ခံထားရသည်။ဂုဏ်သိက္ခာ၌ဖြစ်စေ၊စွမ်းဆောင်ရည်၌ဖြစ်စေ၊နောက်ခံ၌ဖြစ်စေ၊ သူသည် အကောင်းဆုံး ဖြစ်သည်။ထို့ကြောင့် သူ၏ လုပ်ပိုင်ခွင့်ကို စိန်ခေါ်ရဲသည့်သူ တစ်ယောက်မျှ မရှိကြပေ။
အကယ်၍ ချန်လွေ့သာ သာမန်ယန္တရားဆရာသခင်ဆိုလျှင် လက်ရှိအဆင့်အတန်းနှင့် အခွင့်အရေးကို ကျေနပ်သင့်ပြီဖြစ်သည်။ကံမကောင်းစွာပင် သူသည် သူလျှိုတစ်ယောက် ဖြစ်နေသည်။
ချန်လွေ့သည် ဆန်းကြယ်တောင်ကြားရှိ အမြင့်ဆုံး ရုံးခန်း၌ ဆရာသခင်တိုတိုနှင့်အတူ ဆန်းကြယ်တောင်ကြားမြေပုံကို ကြည့်ရှုနေ၏။သူတို့၏ ဆွေးနွေးမှုများ ဆက်လက် ဖြစ်ပွားနေသည်။မကြာသေးမီက ချန်လွေ့သည် ဆန်းကြယ်တောင်ကြားကို မူလမြေပုံအတိုင်း လျှောက်သွားခဲ့ပြီး မတော်တဆမှုများနှင့် ရှုပ်ထွေးမှုများကို ရှောင်ရှားနိုင်ရန်အတွက် သုတေသနအသင်းအမျိုးမျိုး စီမံခန့်ခွဲပြီး ဆန်းကြယ်တောင်ကြား၏ အပြင်အဆင်ကို ပြန်ပြင်ဆင်ရန် အကြံပြုခဲ့ခြင်းဖြစ်သည်။ဆရာသခင်တိုတိုသည် ထိုအကြံကို သဘောတူသည်။သူသည် ဤအရာရှိအသစ်အား ကြည့်ပျော်ရှုပျော်ရှိသည်ဟု ထင်လာသည်။ဆရာသခင်တိုတိုလည်း ထင်မြင်ချက်တချို့ ပေးခဲ့သည်။ထိုအချိန်၌ တံခါးအပြင်ဘက်မှ တစ်စုံတစ်ယောက်က အသံကျယ်ကျယ်နှင့် သတင်းပို့လာသည်။
“ အရာရှိ။မကောင်းတော့ဘူး။ ”
“ မင်း ဘာတွေအော်နေတာလဲ။ ”
ချန်လွေ့ နှာမှုတ်လိုက်သည်။
“ တိုနီ။လက်မှုပညာ ဆရာသခင်ရဲ့ အတွေးတွေကို မနှောင့်ယှက်နဲ့။ ”
ဝင်ပေါက်ကို ရူးသွပ်သားရဲ လဖ္ဖာကို စောင့်ကြပ်နေသည့်အတွက် ထိုသူလည်း အနီးမကပ်ရဲပေ။သူသည် အဝေးမှသာ အော်ပြောနေ၏။
“ တစ်ခုခုဖြစ်သွားတယ်။အရာရှိ။နတ်ဆိုးသားရဲ စမ်းသပ်ခန်းမှာရှိတဲ့ လှောင်အိမ်တွေပေါ်က မှော်စက်ဝိုင်းတွေ ရုတ်တရက် အစွမ်းပြယ်ကုန်တယ်။နတ်ဆိုးသားရဲတွေအားလုံး လွတ်ကုန်ပြီ။ ”
“ ဘာပြောတယ်။ ”
ဆရာသခင်တိုတို ထိတ်လန့်သွားသည်။စမ်းသပ်ခန်း၌ အသုံးပြုသော နတ်ဆိုးသားရဲ အများစုမှာ သန္ဓေပြောင်းများ ဖြစ်ကြသည်။အချို့၏ တိုက်ခိုက်ရေးစွမ်းအားများမှာ အတော်လေး မြင့်မားလှသည်။ယခုတွင် သူတို့အားလုံး လွတ်မြောက်သွားသည့်အတွက် အသေအကြေ အပျက်အစီး တော်တော်များများ ဖြစ်နိုင်ပေသည်။
အီဇိုလာနှင့် ဆာဘရီနာတို့ကြားရှိ ပဋိပက္ခကို သလင်းကျောက်တောင်ကြားတစ်ခုလုံး သိကြသည်။ဆန်းကြယ်တောင်ကြားကို အီဇိုလာ ထိန်းချုပ်စဉ်က ဆာဘရီနာသည် မထိမ်ချန်ဘဲ အရှုပ်ထုတ်ဖြစ်အောင် ပြုလုပ်ခဲ့သည်။ယခုတစ်ခေါက်သည် ထိုနေ့ရက်များနှင့် ဆင်တူလှသည်။၎င်းသည် အီဇိုလာ၏ လက်စားချေခြင်းပင် ဖြစ်လေသည်။
အထက်ပိုင်းများကြားရှိ ထိုတိုက်ပွဲများကို ဆရာသခင်တိုတို အပါအဝင် အောက်မှလူများ မပါဝင်ရဲကြပေ။သို့သော် ယခုတွင် အစမ်းသပ်ခံ နတ်ဆိုးသားရဲများ “လွတ်မြောက်”သွားသည့် အတွက် ဖရိုဖရဲ ကြီးကြီးမားမား ဖြစ်လာမည်မှာ သေချာသည်။၎င်းကို လျစ်လျူရှု၍ မရနိုင်ပေ။
ချန်လွေ့လည်း ထိတ်လန့်သွားသည်။
“ သွားကြည့်ရအောင်။ဆရာသခင်တိုတို။ ”
ဆရာသခင်တိုတို စိုးရိမ်သည့်အတိုင်းပင် ဆန်းကြယ်တောင်းကြားသည် ပရမ်းပတာ ဖြစ်နေခဲ့သည်။နတ်ဆိုးသားရဲများသည် နေရာအနှံ့၌ ဖရိုဖရဲဖြစ်နေကြသည်။အများစုမှာ တောင်ကြားထဲရှိ လူများကို စတင်တိုက်ခိုက်ကြသည်။ဆန်းကြယ်တောင်ကြားအပြင်ဘက်ရှိ အကာအကွယ်သည် လုံခြုံပြီး အစွမ်းထက်သည်။သို့သော်လည်း သူတို့အများစုမှာ နည်းပညာသမားများဖြစ်သည့်အတွက် တိုက်ခိုက်ရေးစွမ်းအား၌ သိပ်ပြီး မထူးချွန်ကြပေ။ထို့ပြင် ထိုနတ်ဆိုးသားရဲများ၌ စွမ်းအားကြီးမားသော ဟိုက်ဒြာနှင့် မန်တီကိုးတို့လည်း ပါဝင်နေကြသည့်အတွက် ပျက်စီးမှုများ တစ်ပြိုင်နက် ဖြစ်နေကြသည်။
“ လဖ္ဖာ။ငါနဲ့ ဆရာသခင်တိုတိုကို ကာကွယ်ထားပေး။တိုနီ။တောင်ကြားကနေ ချက်ချင်းထွက်ပြီးတော့ မဒမ် ဆာဘရီနာကို အရေးပေါ် သတင်းပို့လိုက်။မင်း ဂိတ်ကိုဖြတ်သွားတဲ့အခါ ဂူလီနဲ့ ဖေးတို့ကို သလင်းကျောက်လူသားတွေနဲ့ လာကူညီခိုင်းလိုက်။ ”
ချန်လွေ့၏ ဆုံးဖြတ်ချက်ပြတ်သားမှုသည် ဆရာသခင်တိုတိုကို ကျေးဇူးတင်စိတ် ဖြစ်စေပြီး စိတ်ထဲ၌ လေးစားသွားစေသည်။
အမိန့်ကို ကြားပြီးနောက် တိုလီသည် အလျင်အမြန် ပြေးသွားတော့သည်။ခဏအကြာတွင် ဂူလီနှင့်ဖေးတို့သည် သလင်းကျောက်လူသားများနှင့်အတူ ဝင်ပေါက်မှ အမြန်ရောက်လာပြီး နတ်ဆိုးသားရဲများကို သတ်ပစ်ကြတော့သည်။ထိုထဲတွင် အလွန်အစွမ်းထက်သော မန်တီကိုး တစ်ကောင် ရှိနေသည်။ဂူလီသည် ၎င်း၏အမြီးဖြင့် မတော်တဆ ထိမိပြီးတော့ တစ်ကိုယ်လုံး ချက်ချင်းပင် ခရမ်းစိမ်းရောင် ဖြစ်သွားသည်။သူ၏ နတ်ဆိုးဘုရင်အဆင့် စွမ်းအားဖြင့်ပင် အဆိပ်ပျံ့နှံ့ခြင်းကို မတားဆီးနိုင်ခဲ့ပေ။သူ၏လှုပ်ရှားမှု နှေးကွေးသွားသည့်အတွက် သူသည် မန်တီကိုး၏ အစိတ်စိတ်အမွှာမွှာ ဆွဲဖြဲခြင်းကို ခံလိုက်ရသည်။
ကျန်ရှိသော ဖေးသည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရုံသာရှိသည့်အတွက် သလင်းကျောက်လူသားများကို အမိန့်ပေးရန် ပို၍ခက်ခဲသွားသည်။အရေးကြီးသောအချိန်၌ အရာရှိ အော်ပြောသည်ကို သူကြားလိုက်ရသည်။
“ ဖေး။မန်တီကိုးကို မှော်ပညာနဲ့ ထိန်းထားလိုက်။သလင်းကျောက်လူသားတွေကို ငါအမိန့်ပေးလိုက်မယ်။ ”
ထိုသို့ပြောပြီးနောက် ချန်လွေ့သည် ဝါညိုညို သလင်းကျောက်တစ်ခု ထုတ်ပြီး စိတ်ဝိညာဉ်ကို ထည့်သွင်းလိုက်သည်။ရုတ်တရက် ချန်လွေ့သည် အနီးအနားရှိ သလင်းကျောက်လူသားများအားလုံးနှင့် မြောက်မြားလှစွာသော ကြိုးမျှင်များဖြင့် ဆက်သွယ်သွားသလို ခံစားလိုက်ရကာ သူတို့၏ လှုပ်ရှားမှုများကို ထိန်းချုပ်နိုင်သွားသည်။သလင်းကျောက်လူသားများသည် သလင်းကျောက်တောင်ကြား၏ အဓိက တိုက်ခိုက်ရေးစွမ်းအား ဖြစ်သည်။သူတို့သည် သလင်းကျောက်နဂါး၏ စွမ်းအားနှင့် ရုပ်သေးနှလုံးသားတို့ ပေါင်းစပ်ပြီး ဖန်တီးထားသော ရုပ်သေးများ ဖြစ်ကြသည်။သူတို့တွင် အလိုအလျောက် လှုပ်ရှားမှုများ ရှိကြသော်လည်း အသိစိတ်မရှိကြပေ။ထို့ကြောင့် သူတို့သည် ထိန်းချပ်သူ၏ အမိန့်အတိုင်း မလွဲမသွေ ဆောင်ရွက်ကြခြင်း ဖြစ်သည်။
သလင်းကျောက်တောင်ကြားမှ အစောင့်များသည် သလင်းကျောက်နဂါး ပေးထားသော သလင်းကျောက်တစ်ခုဖြင့် သလင်းကျောက်လူသားများကို ထိန်းချုပ်ရသည်။သို့သော ထိုသလင်းကျောက်၏ “ လုပ်ပိုင်ခွင့် ” မှာ သိပ်ပြီး မကြီးမားလှပေ။ထိန်းချုပ်၍ရသော သလင်းကျောက်လူသား အရေအတွက် အကန့်အသတ်ရှိသည်။သို့သော်လည်း ရုပ်သေးနှလုံးသားသည် အမြင့်မားဆုံး လုပ်ပိုင်ခွင့် ရှိလေသည်။
ချန်လွေ့ စိတ်ဖြင့်တွေးလိုက်ပြီး စက္ကန့်ပိုင်းမှာပင် သလင်းကျောက်လူသားများကို မန်တီကိုးကို ဝိုင်းရံပြီး လမ်းပိတ်ထားလိုက်ကြသည်။
မန်တီကိုးသည် အစွမ်းထက်သော နတ်ဆိုးသားရဲတစ်ကောင် ဖြစ်သည်။ခြင်္သေ့ခန္ဓာကိုယ်၊ ကင်းမြီးကောက်အမြီး ရှိပြီး ကျောဘက်၌ တောင်ပံများ ရှိသည်။၎င်းသည် အလွန်လျင်မြန်လှပြီး အမြီးနှင့် လက်သည်းတို့တွင် အဆိပ်ရှိသည်။ထိုသန္ဓေပြောင်း မန်တီကိုးသည် နတ်ဆိုးဧကရာဇ်အဆင့် ရောက်ရှိနေလေပြီ။ကံကောင်းစွာပင် စမ်းသပ်မှုတစ်ခုကြောင့် ၎င်း၏တောင်ပံ ထိခိုက်ထားသည့်အတွက် ပျံသန်းနိုင်သောစွမ်းရည် ယာယီပျောက်ဆုံးနေ၏။သို့မဟုတ်ပါက ၎င်းကို ထိန်းချုပ်ရ ပို၍ခက်ပေမည်။မန်တီကိုးသည် မပျံသန်းနိုင်သော်လည်း ၎င်းတစ်ဝိုက်၌ ပိုင်နက်ကဲ့သို့ အစိမ်းရောင်စွမ်းအား ရှိသည်။ကံကောင်းသည်မှာ ၎င်းတို့သည် သလင်းကျောက်လူသားများကို ရင်ဆိုင်ရာ၌ အသုံးမဝင်ပေ။
သို့သော် မန်တီကိုး၏ အမြန်နှုန်းနှင့် ခွန်အားမှာမူ လုံးဝအရေးသာနေသည်။၎င်းသည် နတ်ဆိုးဘုရင်အဆင့် ခေါင်းဆောင်သုံးလေးယောက်ကိုပင် ဖျက်ဆီခဲ့သည်။ကျန်ရှိသော သလင်းကျောက်လူသားများသည် ချန်လွေ့၏ထိန်းချုပ်မှုဖြင့် ဆက်လက်ဝိုင်းရံထားဆဲပင် ဖြစ်သည်။လက်အားသွားသော ဖေးသည် မှော်အစွမ်း စတင်အသုံးပြုပြီး အခြေအနေကို တည်ငြိမ်အောင် ပြုလုပ်သည်။သို့သော်လည်း ၎င်းသည် ယာယီသာဖြစ်သည်။ထို့ပြင် မနီးမဝေး၌ နတ်ဆိုးဧကရာဇ်အဆင့် ဟိုက်ဒြာတစ်ကောင် ရှိနေသည်။အကယ်၍ ဤအတိုင်းသာ ဆက်သွားမည်ဆိုလျှင် သူတို့တောင့်ခံနိုင်တော့မည် မဟုတ်ပေ။
သုတေသနလုပ်နေသာ “စီမံကိန်း”အများအပြားသည် နတ်ဆိုးသားရဲများ ထွက်လာခြင်းကြောင့် ပြိုလဲပျက်စီးကုန်သည်။ဆရာသခင်တိုတိုသည် ကြောက်လန့်ပြီး ဒေါသထွက်သွားကာ သူ၏ နှလုံးသား၌ သွေးများယိုစီးနေ၏။သူ မြန်မြန် ပြောလိုက်သည်။
“ ဆရာသခင် အာသာ။ဆာ-ယာကော့ဗ်ကို အကူအညီ သွားတောင်းပေးပါ။မဟုတ်ရင် ဆန်းကြယ်တောင်ကြား ပျက်စီးသွားလိမ့်မယ်။ ”
“ မရဘူး။ဆာ-ယာကော့ဗ်က အခု မှော်စက်ဝိုင်းမှာ ရှိနေလောက်တယ်။ဘယ်သူမှသူ့ကို နှောင့်ယှက်လို့မရဘူး။အနည်းဆုံး သူထွက်လာဖို့ တစ်ရက်လုံးနီးပါး လိုလိမ့်မယ်။ ”
ချန်လွေ့လည်း စိုးရိမ်နေပုံရသည်။
“ မဒမ် ဆာဘရီနာကိုခေါ်ဖို့ ကျုပ် လူလွှတ်ထားပြီးပြီ။သူဘာလို့..... ”
ထိုအချိန်၌ ကြည်လင်သောအသံတစ်သံ ထွက်လာသည်။၎င်းမှာ ဆာဘရီနာ၏အသံပင် ဖြစ်လေသည်။
လူတိုင်းသည် ရုတ်တရက် အပူချိန် လျော့ကျသွားကြောင်း ရုတ်တရက် ခံစားရလိုက်ပြီး ကြက်သီးများ ထလာတော့သည်။ဟိုက်ဒြာ၏ လှုပ်ရှားမှု ရုတ်တရက် နှေးကွေးသွားပြီး ၎င်း၏ခန္ဓာကိုယ်သည် တဖြည်းဖြည်း အေးခဲလာသည်။သို့သော်လည်း ဟိုက်ဒြာ၏စွမ်းအားသည် မသေးလှပေ။ခဏအကြာတွင် ရေခဲများ တဖြည်းဖြည်းအက်သွားတော့သည်။ဟိုင်ဒြာလည်း ကျယ်လောင်တကြား အော်ဟစ်လိုက်သည်။၎င်းသည် အလွန်အမင်း စူးရှလှသည်။ချန်လွေ့အပါအဝင် အနီးအနားမှလူများ မသက်မသာ ခံစားလိုက်ရပြီး နားကို ဖုံးအုပ်ထားလိုက်ကြသည်။ထိုဟိုက်ဒြာမှာ သန္ဓေပြောင်းဖြစ်သည်။ချန်လွေ့သည် တစ်ခါက ဟိုက်ဒြာကို အသုံးချပြီး အသံတိတ်ညစိမ့်မြေ၌ ဘရော့ခ်ကို ရင်ဆိုင်ခဲ့သည်။ထိုစဉ်က ဟိုက်ဒြာအမ၏ သန္ဓေပြောင်းအစွမ်းမှာ အဆိပ် အငွေ့အသက်ဖြစ်ပြီး ယခုသူ၏အရှေ့ရှိ ဟိုက်ဒြာ၏ သန္ဓေပြောင်းအစွမ်းမှာ အသံတိုက်ခိုက်မှု ဖြစ်လေသည်။
သို့သော် ထိုထူးဆန်းသောအသံသည် နားမှတစ်ဆင့် ပျံ့နှံ့သွားခြင်းမဟုတ်ဘဲ အာရုံငါးပါးလုံးမှ ဖြစ်နေသည်။မဟာနတ်ဆိုးအဆင့် ထိပ်သီးပိုင်းဖြစ်သော ရူးသွပ်သားရ လဖ္ဖာသည်ပင် စိတ်ဝိညာဉ် အားနည်းမှုကြောင့် ထိုကဲ့သို့ အထူးတိုက်ခိုက်မှုကို မခံနိုင်တော့ပေ။လဖ္ဖာ နာကျင်စွာ အော်ဟစ်လိုက်ပြီး နားနှင့်နှာခေါင်းမှ သွေးများ စီးကျလာသည်။အချို့အားပို၍နည်းသူများသည် နေရာ၌ပင် သေဆုံးသွားကြသည်။သို့သော် အစွမ်းထက်သော မန်တီကိုးသည် ကြီးကြီးမားမား သက်ရောက်မှု မခံရပေ။
ဟိုက်ဒြာ၏ပစ်မှတ်မှာ အခြားသူများ မဟုတ်ဘဲ ဆာဘရီနာ ဖြစ်သည်။ကျန်သည့်အရာများမှာ ပြင်းထန်သော သက်ရောက်မှု၏ နောက်ဆက်တွဲမျှသာ ဖြစ်သည်။ဆာဘရီနာမှာ ထိခိုက်မှု အရှိဆုံး ဖြစ်သည်။သူ၏ပိုးဇာလွှား၌ အနီရောင်များ စွန်းထင်းသွား၏။သူ အငိုက်မိသွားသည်မှာ သေချာသည်။ဆာဘရီနာ၏မျက်လုံးများသည် အေးစက်သော အလင်းရောင်တောက်ပသွားပြီး အငွေ့အသက်လည်း မြင့်တက်လာခဲ့သည်။အပြာရောင် မြူနှင့်တစ်ခုက ဟိုက်ဒြာကို ဖုံးလွှမ်းထားသည်။ထိုမြူနှင်းအတွင်း၌ ဟိုက်ဒြာကို အော်သံများနှင့် ပြတ်သားသော ဖြတ်တောက်သံများကို ကြားနေရသည်။သို့သော် ယခုအချိန်၌ ထိုအော်ဟစ်သံသည် သန္ဓေပြောင်းအစွမ်း မဟုတ်တော့ဘဲ သနားစရာအသံများ ဖြစ်နေသည်။
အော်သံများ ရပ်တန့်သွားပြီးနောက် မြူနှင်းလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။သူတို့ အရှေ့၌ ပေါ်ထွက်လာသည်မှာ ရေခဲကျောက်ရုပ်စစ်စစ်တစ်ခု ဖြစ်သည်။အသက်ရှိသော လက္ခဏာ လုံးဝမရှိတော့ဘဲ ခေါင်း၉လုံးစလုံးလည်း မရှိတော့ပေ။မြေပြင်ပေါ်၌ ၎င်း၏အေးခဲနေသာ ခြေလက်အစိတ်အပိုင်းများပင် ရှိနေသည်။
ဟိုက်ဒြာကို ဖြေရှင်းပြီးနောက် ဆာဘရီနာသည် မန်တီကိုး၏ တိုက်ပွဲမြေပြင်ကို ကြည့်လိုက်သည်။ထွက်ပြေးသွားသော နတ်ဆိုးသားရဲများသည် အကျဉ်းချခံထားခဲ့ရပြီး အဆက်မပြတ် စမ်းသပ်ခံထားရသည်။ထို့ကြောင့် သူတို့သည် အကောင်းဆုံးအခြေအနေ၌ မဟုတ်သော်လည်း လျှော့မတွက်သင့်ပေ။
မန်တီကိုးသည် နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်း ဖြစ်သည်။စွမ်းအားအဆင့်တူတူချင်း၌ နတ်ဆိုးသားရဲများသည် သာမန်နတ်ဆိုးများထက် ပို၍သာလွန်သည်။ခုနက ဆာဘရီနာသည် မန်တီကိုးအပေါ်၌သာ လုံးဝအာရုံစိုက်နေသည့်အတွက် ရန်သူများကို လျှော့တွက်ခဲ့မိသည်။ထို့ကြောင့် သူသည် ဟိုက်ဒြာ၏ သန္ဓေပြောင်းတိုက်ခိုက်မှုကို ခံလိုက်ရပြီး အတွင်းဒဏ်ရာ အတော်များများ ရရှိသွားသည်။ယခုတွင် ဆန်းကြယ်တောင်ကြားသည် ဖရိုဖရဲဖြစ်နေပြီး အသေအကြေ အပျက်အစီးများမှာလည်း များပြားလှသည်။သလင်းကျောက်လူသားများ မထိန်းနိုင်တော့ကြောင်း မြင်သည့်အခါ ဆာဘရီနာ ပင့်သက်ရှိုက်ပြီး ဒဏ်ရာများကို ကြိတ်မှိတ်ခံစားကာ မန်တီကိုးဆီသို့ ပြေးဝင်သွားလိုက်သည်။
မန်တီကိုးသည် လေထဲရှိ ရန်သူထံမှ ခြိမ်းခြောက်သည့် အငွေ့အသက်ကို ခံစားလိုက်ရပြီးနောက် ချဉ်းကပ်လာသော သလင်းကျောက်လူသားများကို တွန်းထုတ်ပစ်ကာ ခြေထောက်ကိုအားပြုပြီး ဆာဘရီနာ ဆီသို့ ပြေးဝင်သွား၏။
နတ်ဆိုးနှင့် သားရဲတို့သည် လျှပ်စီးကဲ့သို့ပင် အချင်းချင်း ဖြတ်သန်းသွားကြသည်။ဆာဘရီနာ၏ ပုခုံး၌ ထိတ်လန့်ဖွယ်ရာ ကုတ်ခြစ်ရာတချို့ ဖြစ်သွားပြီး သွေးများမှာ စိမ်းနေ၏။ထို့နောက် သူ၏ခန္ဓာကိုယ်မှ ဖျော့တော့တော့ အဖြူရောင်အငွေ့များ ထွက်လာပြီး အဆိပ်ပျံ့နှံ့ခြင်းကို တားဆီးပေးလိုက်သည်။မန်တီကိုးလည်း မသက်သာပေ။၎င်း၏မျက်လုံးတစ်ဖက်မှ သွေးများထွက်နေပြီး ဖွင့်၍မရတော့ချေ။
ဆာဘရီနာက အန္တရာယ်အရှိဆုံးဖြစ်သော နတ်ဆိုးအရှင်သခင်အဆင့် သားရဲကို ရှင်းပစ်ရမည်ဖြစ်ကြောင်း သိသည်။သူ၏လက်ထဲ၌ ပါးလွှာသာ လက်အိပ်တစ်စုံ ပေါ်ထွက်လာကာ ခန္ဓာကိုယ်မှ အေးစက်သောအငွေ့အသက်များ ပို၍ပြင်းထန်လာသည်။ထိုအပြာရောင်မြူနှင်းသည် တဖျပ်ဖျပ် လက်နေသော သလင်းကျောက်များနှင့်အတူ စတင်ပျံ့နှံ့လာသည်။၎င်းသည် အသေချာပင် ပိုင်နက်-အတု၏စွမ်းအား ဖြစ်သည်။
မန်တီကိုး၏ အနီးအနား၌လည်း အစိမ်းရောင်ဖျော့ဖျော့ အလင်းရောင်များ ထွက်လာသည်။သူတို့နှစ်ယောက်သည် တိုက်ရိုက် မထိတွေ့ကြသော်လည်း ပိုက်နက်စွမ်းအားနှစ်ခု စတင်ပြိုင်ဆိုင်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အစိမ်းရောင်အလင်းနှင့် အပြာရောင်မြှူနှင်းတို့ ရောယှက်သွားသည်။အတွင်းထဲ၌ အလွန်မြန်ဆန်စွာ ရွေ့လျားနေသော လူသားနှင့်သားရဲ ပုံရိပ်များ ရှိနေကြသည်။ထိုကဲ့သို့စွမ်းအားကြောင့် သလင်းကျောက်နဂါး၏ ထွင်းစာဖြင့် အားဖြည့်ထားသော မြေပြင်ပင် နေရာအကျယ်ကြီး စတင်အက်ကွဲလာတော့သည်။
ချန်လွေ့လည်း နှေးကွေးမနေပေ။သူသည် ဖေးအား သလင်းကျောက်လူသားအချို့ကို ထိန်းချုပ်ကာ ကျန်ရှိသော နတ်ဆိုးသားရဲတို့အား အမြန် သတ်ပစ်ရန် အမိန့်ပေးခဲ့သည်။လဖ္ဖာသည် ဆရာသခင်တိုတိုကို ကာကွယ်ထားသည်။ချန်လွေ့သည် ရုပ်သေးနှလုံးသားကို အသုံးပြုကာ ကျန်ရှိသော သလင်းကျောက်လူသားများအား ကြီးမားသောစက်ဝိုင်းပုံစံဖွဲ့ခိုင်းပြီး မန်တီကိုးနှင့် ဆာဘရီနာကြားရှိ တိုက်ပွဲမြေပြင်ကို ဝန်းရံထားလိုက်သည်။
ချန်လွေ့သည် ဆာဘရီနာ၏ လှုပ်ရှားမှုများကို [ သလင်းကျောက်နှလုံးသား ] ဖြင့်သာမက [ အထူးစိစစ်မှု ] ဖြင့်လည်း သေသေချာချာ ကြည့်နေသည်။ထိုကဲ့သို့ ပိုက်နက်-အတုရှိသော နတ်ဆိုးဧကရာဇ် နှစ်ယောက်ကြားရှိ တိုက်ပွဲသည် ရှားပါးလှသည်။ပိုက်နက်-အတုသည် စစ်မှန်သောပိုင်နက် မဟုတ်သော်လည်း နတ်ဆိုးအရှင်သခင် ပိုင်နက်၏ ရှေးပြေးပုံစံတစ်ခု ဖြစ်သည်။ထို့ကြောင့် ၎င်းသည် ချန်လွေ့၏လက်ရှိ မယ်ဂရီဇ် အခြေအနေအတွက် အရေးကြီးသော အကိုးအကား တစ်ခုကို ထောက်ပံ့ပေးနိုင်ပေသည်။
မူလက မန်တီကိုး၏ စွမ်းအားသည် အနည်းငယ် ပိုသာသည်။သို့သော်လည်း စမ်းသပ်မှုများကြောင့် ၎င်း၏စွမ်းအား ယိုယွင်းသွားခဲ့သည်။ထို့ကြောင့် သူတို့နှစ်ယောက်လုံး လက်ရည်ညီနေသည်။တစ်ယောက်မျှ အလွယ်တကူ အနိုင်မရနိင်ပေ။
“ ကျားတစ်ကောင် တိုက်ခိုက်သည့်တစ်ခါ တစ်ကောင်ကောင် ဒဏ်ရာရရမည် ” ဟူသော စကားပုံအတိုင်းပင် ဖြစ်တော့ပေမည်။လက်ရှိ တိုက်ပွဲအခြေအနေသည် ချန်လွေ့ မမျှော်လင့်ထားခဲ့ပေ။ယခုတွင် သလင်းကျောက်နဂါးသည် ဖြည့်တင်းမှော်စက်ဝိုင်းသို့ ဝင်သွားပြီး အိပ်ပျော်နေပြီ ဖြစ်သည်။ထို့ပြင် သလင်းကျောက်လူသားများကို ထိန်းချုပ်နိုင်သော ရုပ်သေးနှလုံးသားသည်လည်း ချန်လွေ့နှင့်အတူ ရှိနေသည်.....။ထို့သို့ တွေးမိပြီးနောက် ချန်လွေ့၏ နှလုံးသား စတင် လှုပ်ရှားလာတော့သည်။