← Chapters

ရှိခိုးကောင်က ပုစဉ်းရင်ကွဲကို အမဲလိုက်ခြင်း၏ တကယ့်အစ

Vol. 20 Ch. 288

ရှိခိုးကောင်က ပုစဉ်းရင်ကွဲကို အမဲလိုက်ခြင်း၏ တကယ့်အစ

Vol. 20 Ch. 288

ပူးပေါင်းနေသော ပိုင်နက်နှစ်ခု ခွဲခွာသွားပြန်သည်။[ သရုပ်ခွဲမျက်လုံး ] ဖြင့်ပင် အေးစက်သောလေနှင့် အဆိပ်ငွေ့ တိုက်မိသောအချိန်၌ ဆာဘရီနာနှင့် မန်တီကိုးတို့ မည်သို့ဖြစ်သွားသည်ကို ချန်လွေ့ တိတိကျကျ မသိခဲ့ရပေ။သို့သော်လည်း ပိုင်နက်နှစ်ခုလုံး ကြီးကြီးမားမား အားနည်းသွားသည်ကို ကြည့်ခြင်းအားဖြင့် နှစ်ဖက်စလုံး ဒဏ်ရာရနေသော အခြေအနေသို့ ရောက်နေခြင်း ဖြစ်နိုင်သည်။

နှစ်ယောက်စလုံး ဒဏ်ရာရသွားတာလား....။ဒါမှမဟုတ် နောက်တစ်ဆင့်မှာ နှစ်ယောက်စလုံး အသတ်ခံရမှာလား။

ဆာဘရီနာ မသေသေးသော်လည်း အပြင်းအထန် ဒဏ်ရာရထားသည့်အတွက် သလင်းကျောက်လူသားအုပ်စုနှင့် ရူးသွပ်သားရဲ လဖ္ဖာတို့ကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ.....။ယခုသည် သူ့ကို သတ်ရန် အကောင်း‌‌ဆုံးအချိန်ပင် ဖြစ်လေသည်။

သို့သော်လည်း အစီအစဉ်အတိုင်း အချိန်မကျရောက်သေးပေ။ အစီအစဉ်ကို ကြိုတင်ပြီး အကောင်အထည် ဖော်လိုက်ရမှာလား။

ချန်လွေ့သည် စိတ်ထဲ၌ အကျိုးအမြတ်များကို ချင့်တွက်နေစဉ် ဆာဘရီနာ၏ အနီးအနား တစ်ဝိုက်မှ မြူနှင်းပြာတို့သည် မြောက်မြားလှစွာသော ချွန်ထက်သည့် ဓားသွားများအဖြစ် ပြောင်းလဲသွားကာ မန်တီကိုး‌ဆီသို့ ပျံသန်းသွားကြတော့သည်။

ဘရော့ခ်သည် ရေမှော်ပညာ [ အတိုခိုး ] ကိုသုံးကာ မြူနှင်းကို “စစ်တပ်”အဖြစ် ပြောင်းလဲခဲ့သည်ကို အသံတိတ်ညစိမ့်မြေ၌ ချန်လွေ့ မြင်တွေ့ခဲ့ဖူးသည်။လီဗျာသန် တော်ဝင်မိသားစု၌ ရေမှော်‌ပညာနှင့်ပတ်သက်၍ သဘာဝပါရမီ ရှိကြသည်။‌ဆာဘရီနာ၏ [ နတ်မိစ္ဆာမျက်လုံး ] သည် ဘရော့ခ်ကဲ့သို့ အစွမ်းမထက်သော်လည်း [ ရေ မှော်ကျွမ်းကျင်မှု ] ၌ ဘရော့ခ်ထက်သာသည်။ချန်လွေ့အရှေ့၌ မြင်နေရသည်မှာ ရေဒြပ်စင်များမှတစ်ဆင့် နားလည်သဘောပေါက်ခဲ့သော [ မန္တန်ပြာပိုင်နက် ] ပင် ဖြစ်လေသည်။

မန်တီကိုး၏ အဆိပ်စိမ်းပိုင်နက်သည် တိကျမှုနှင့် ပြောင်းလဲမှု၌ ပို၍အားနည်းသည်။သို့သော်လည်း နတ်ဆိုးသားရဲသည် ၎င်း၏အသက်ကို ခြိမ်းခြောက်သော မြောက်မြားလှစွာသည့် ချွန်ထက်သော ဓားသွားများကို လုံးဝကြောက်မနေဘဲ ရက်စက်ကြမ်းကြုတ်မှုကို ထုတ်ပြလိုက်သည်။တစ်ချက်ဟိန်းဟောက်လိုက်ပြီးနောက် အစိမ်းရောင်အလင်းသည် ၎င်း၏ခန္ဓာကိုယ်ထဲသို့ ချက်ချင်းပင် ပြန်ဝင်သွားသည်။၎င်းသည် အလွန်ကြီးမားသော ပါးစပ်ကြီးကို ချက်ချင်းဖွင့်ပြီးနောက် ဇလုံအရွယ်အစားရှိသော စွမ်းအင်ပစ်လွှတ်မှုများ အမှန်တကယ် ထွက်လာသည်။

ထိုစွမ်းအင် ပစ်လွှတ်မှုများသည် အစိမ်းရင့်ရောငိများ ဖစ်ကြပြီး အလွန်ကြီးမားသော ဖျက်ဆီးမှုစွမ်းအား ပါဝင်နေသည်။၎င်းတို့နှင့် ဓားသွားပြာတို့ ဝင်တိုက်သည့်အခါ ပြင်းထန်သော ကွင်းဆက်ပေါက်ကွဲမှုများ ရုတ်တရက် ဖြစ်သွားသည်။ထိုဓားသွားများ တစ်ခုပြီးတစ်ခု ကျိုးပဲ့သွားပြီး အနီးအနားမှ သလင်းကျောက်လူသားတို့၏ ခန္ဓာကိုယ်များသည် “ဓားသွားအကျိုး”များ၏ ထိခိုက်မှုကြောင့် အမှန်တကယ်ပင် အက်ကွဲသွားကြသည်။ဤသည်မှာ ကြောက်မက်ဖွယ်ရာစွမ်းအားကို ဖော်ပြပေးနေသည်။

ထိုအစိမ်းရောင် စွမ်းအင်ပစ်လွှတ်မှုသည် ကွင်းဆက်ပေါက်ကွဲမှုကို ဖြစ်စေသည့်အတွက် ဓားသွားများ၏ ဝိပါက် ဖြစ်နေသည်။ချက်ချင်းပင် မြောက်မြားလှစွာသော ဓားသွားပြာများကို ပြန့်ကျဲအောင်ပြုလုပ်ပြီးနောက် ၎င်းတို့သည် ဆာဘရီနာထံသို့ ပျံသန်းလာကာ ‌ဆာဘရီနာ၏ ခန္ဓာကိုယ်ကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေသည်။

ချန်လွေ့ အော်ပြောလိုက်သည်။

“ မဒမ် ”

ထို“အော်ပြောခြင်း”သည် ဟန်ဆောင်ခြင်း ဆိုသည်မှာ မလွဲမသွေပင် ဖြစ်သည်။ အကြောင်းရင်းမှာ စွမ်းအင်ပစ်လွှတ်မှုများသည် ပုံတူရေခဲရုပ်ထုများကိုသာ ကြေမွအောင် ပြုလုပ်လိုက်၍ဖြစ်သည်။[ သရုပ်ခွဲမျက်လုံး ] ထဲ၌ ‌ဆာဘရီနာသည် မန်တီကိုးအပေါ်တွင် ပေါ်ထွက်လပြီး အမှန်တကယ်ပင် ပုံရိပ်သုံးခု ဖြစ်နေသည်။၎င်းတို့အားလုံးသည် အငွေ့အသက်တစ်ခုတည်းကို ထုတ်လွှတ်ကြပြီး မန်တီကိုးကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ကြတော့သည်။

ထူးဆန်းစွာပင် [ သရုပ်ခွဲမျက်လုံး ] ၌ ဆာဘရီနာ၏ ခန္ဓာကိုယ်အစစ်သည် ထိုပုံရိပ်သုံးခုကြား၌ အလျင်အမြန် ပြောင်းလဲနေကြောင်း ဖော်ပြထားသည်။သူသည် တကယ့်ဆာဘရီနာကို ခဏမျှ မဆုံးဖြတ်နိုင်တော့ပေ။

မန်တီကိုး၌ စဉ်းစားစရာ အချိန်အများအပြား ရှိမနေတော့ပေ။၎င်း၏ဧရာမ ကင်းမြီးကောက်အမြီး ရစ်ပတ်လိုက်ရာ ပုံရိပ်တစ်ခု ကွဲကြေသွားသည်။ဆုံးဖြတ်ချက်မှားသွားသည့်အတွက် အခြားနှစ်ယောက် အနီးကပ်လာသည်။မန်တီကိုး၏ မသိစိတ်တုံ့ပြန်မှုမှာ အလွန်အမင်း မြန်ဆန်လှသည်။၎င်းသည် လက်သီးထိုးချက်တစ်ခုကို ခုခံပြီး လက်သည်းဖြင့် ကုတ်ခြစ်ကာ အခြားတစ်ယောက်ကို ရှင်းပစ်လိုက်သည်။နောက်ဘက်မှပုံရိပ်သည် မန်တီကိုး၏ကျောကို ပြင်းပြင်းထန်ထန် ဆောင့်နင်းလိုက်ရာ သိသာထင်ရှားသော ချိုင့်တစ်ခု ဖြစ်ပေါ်လာသည်။

မန်တီကိုးက နာကျင်မှုကို သည်းခံရင်း အမြီးဖြင့် ထိုးစိုက်လိုက်ပြန်သည်။ချွန်ထက်ပြီး အဆိပ်ပြင်းလှသော အပ်ချောင်းသည် ပုံရိပ်ကို ကြေမွသွားစေပြန်သည်။

ပုံရိပ်သုံးခုနဲ့ စွမ်းအင်ပစ်လွှတ်မှုတွေကြောင့် ပျောက်ကွယ်သွားတဲ့ တစ်ယောက်။ဒါတွေ အားလုံးက ခန္ဓာကိုယ် အစစ်အမှန် မဟုတ်ဘူးလား။ ချန်လွေ့ အံ့အားသင့်သွားသည်။ မဖြစ်နိုင်ဘူး။[ သရုပ်ခွဲမျက်လုံး ] သေသေချာချာကြီးကို ပြနေတယ် .......

မာတီကိုး အားအင်ကုန်ခမ်းသွားသည့်အခါ လေထဲ မျောလွင့်နေသော ရေခဲသလင်းကျောက် အပိုင်းအစများသည် ချက်ချင်းပင် အမျိုးသမီး တစ်ယောက်အသွင်သို့ ပြောင်းလဲသွားကာ ၎င်း၏ခေါင်းပေါ်၌ ပေါ်ထွက်လာပြီး လက်ထဲ၌လည်း လက်နက်တစ်ခု ကိုင်ဆောင်ထားပုံရသည်။

ထိုအခိုက်အတန့် ခဏလေးအတွင်း၌ တောက်ပသော အေးစက်စက် အလင်းရောင်တစ်ခု ထွက်လာသည်။ထို့နောက် သွေးများဖြာထွက်သွားပြီး မန်တီကိုး၏ ဧရာမခေါင်းကြီး လွင့်ထွက်ကာ အဝေးသို့ လိမ့်သွားသည်။တစ်ချိန်တည်းမှာပင် ခေါင်းမရှိတောဘသော ခန္ဓာကိုယ်သည်လည်း မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

ဆာဘရီနာ၏ခန္ဓာကိုယ် မြေပေါ်သို့ ပြုတ်ကျလာပြီး ပြင်းပြင်းထန်ထန် မောဟိုက်နေသည်။သူ၏အဝတ်အစားများတွင် တိုက်စားပြီး အဆိပ်ရှိသောဒဏ်ရာများ ပြည့်နေသည်။ကံကောင်းစွာပင် ၎င်းတို့သည် အေးခဲနေပြီ ဖြစ်သည်။ချန်လွေ့က ဆာဘရီနာ၏ ညာလက်ကို ကြည့်လိုက်ရာ လက်တစ်ချောင်းလုံးက ရေခဲဓားအဖြစ် အေးခဲနေသည်ကို မြင်လိုက်ရသည်။၎င်းသည် နတ်ဆိုးဧကရာဇ်အဆင့်ဖြစ်သော မန်တီကိုး၏ခေါင်းကို ဖြတ်တောက်ခဲ့သော ရေခဲဓားပင် ဖြစ်လေသည်။

နောက်ဆုံး၌ ဆာဘရီနာ၏ပိုက်နက် လျို့ဝှက်ဆန်းကြယ်မှုသည် အပေါ်ယံရှိ မြောက်မြားလှစွာသော ရေခဲဓားသွားများထက် အများကြီးပိုကြောင်း ချန်လွေ့ သဘောပေါက်သွားခဲ့သည်။အမှန်တကယ် အနှိုင်းမဲ့အစွမ်းမှာ ရေခဲသလင်းကျောက်ထဲရှိ သူ၏ကိုယ်ပွား ဖြစ်သည်။၎င်းသည် ရေမှော်ပညာ၏ [ အတုခိုး ] နှင့်ဆင်တူသော လျို့ဝှက်ဆန်းကြယ်သည့် ပါရမီတစ်ခုဖြစ်ကာ ကိုယ်ပွများအကြား၌ ခန္ဓာကိုယ် အစစ်အမှန်ကို ကူးပြောင်း၍ရပြီး ရေခဲသလင်းကျောက်များဖြင့် လူအသွင်ဖြင့်ပင် ပေါင်းစပ်၍ရနေသည်။ကိုယ်ပွားတိုင်းသည် သူဆန္ဒရှိသရွေ့ အတုများပင်ဖြစ်နေပြီး အစစ်လည်း ဖြစ်နိုင်သည်။ထိုပိုင်နက်အတွင်း၌ ကလွှမ်းမိုးသောအားဖြင့် ချေဖျက်ခြင်းမခံရလျှင် သူသည် အခြေခံအားဖြင့် မသေမျိုးပင် ဖြစ်သည်။

သို့သော် ဆာဘရီနာ၏ လက်ရှိအခြေ‌အနေကို ကြည့်ရသည်မှာ ထိုကိုယ်ပွားအစွမ်းသည် အ‌တော်များများ စွမ်းအားသုံးလိုက်ရပုံရသည်။ သူအခု အားကုန်နေတုန်း ငါ အခွင့်အရေး ယူလိုက်ရမလား.....။ ချန်လွေ့စိတ် စတင်လှုပ်ရှားလာပြန်သည်။

ဆာဘရီနာ၏ ပတ်ပတ်လည်မှ မြူနှင်းပြာများ ခန္ဓာကိုယ်ထဲ တဖြည်းဖြည်း ဝင်ရောက်လာပြီးနောက် လက်ပေါ်ရှိ ရေခဲဓားလည်း ပျောက်ကွယ်သွားခဲ့သည်။ဆေးရည် သုံးလေးပုလင်း သောက်ပြီးနောက် သူ အနည်းငယ် ပိုသက်သာသွားသည်။ထို့နောက် ချန်လွေ့၏အသံကို ကြားလိုက်ရသည်။

“ မဒမ် ဆာဘရီနာ။အဆင်ပြေရဲ့လား။ ”

“ ကျွန်မ နည်းနည်း ပင်ပန်းသွားရုံပါ။ ”

ဆာဘရီနာသည် အမှန်တကယ်ပင် ဒဏ်ရာသွားခဲ့သည်။အနီးအနား၌ အခြေအနေတည်ငြိမ်သွားကြောင်း မြင်သည့်အခါ သူက ပြောလိုက်သည်။

“ ဆရာသခင်။ကျွန်မကို ဟိုဘက်မှာ အနားယူဖို့အတွက် ကူညီပေးနိုင်မလား။ ”

ချန်လွေ့ အမြန်လာပြီး ဆာဘရီနာကို ဘေးဘက်ရှိ ကျောက်ပုံပေါ်သို့ ကူညီခေါ်သွားလိုက်သည်။ဆာဘရီနာ၏ ခန္ဓာကိုယ်ကို ထိလိုက်သောအခါ ထူးဆန်းသော မွှေးရနံ့တစ်ခု ထွက်လာပြီး အရေပြားကို ထိတွေ့ခြင်းသည် ချန်လွေ့၏စိတ်ကို ဂယက်ထစေသည်။သို့သော်လည ချန်လွေ့၏ လက်ရှိအတွေးများမှာ ဂယက်ထခြင်းမဟုတ်ဘဲ အမှန်တကယ်ပင် အလျင်အမြန် တွက်ချက်နေခြင်း ဖြစ်သည်။

ဆာဘဂီနာ ခြေနှစ်လမ်းလှမ်းပြီး ရပ်တန့်သွားသည်။

“ ဆရာသခင်ရဲ့ နှလုံးက တော်တော်လေး ခုန်တာ မြန်နေတဲ့ပုံပဲ။ ”

ချန်လွေ့ ရုတ်တရက် သတိရှိသွားသည်။‌ဆာဘရီနာသည် ခရစ္စတီးနားနှင့် မာနူကဲ့သို့ ထိုးထွင်းမသိမြင်နိုင်သော်လည်း သူ၏နည်းလမ်းများနှင့် ခွန်အားကို လျှော့တွက်၍မရပေ။ဆာဘရီနာတွင် တိုက်ခိုက်ရေးစွမ်းအား မည်မျှကျန်နေသေးကြောင်း ချန်လွေ့ သေချာမသိသေးပေ။ထို့ပြင် ချန်လွေ့သည် ဆာဘရီနာကိုသာမက အီဇိုလာနှင့် အခြားသူများကိုလည်း ရင်ဆိုင်ရမည်ဖြစ်သည်။ထို့ကြောင့် အစီအစဉ် အကောင်အထည်ဖော်ရန် အချိန်ကောင်း မဟုတ်သေးပေ။

“ တောင်းပန်ပါတယ်။မဒမ်.... ”

ချန်လွေ့ အမြန်ပြန်ဖြေပြီး ဆာဘရီနာ၏ ဖွံ့ဖြိုးလှသော ရင်သားကြားမှ အကွဲ‌ကြောင်းကို အကြည့်လွှဲဟန်ဆောင်လိုက်သည်။သူသည် ချောင်းကြည့်‌နေ သည်ကို လူမိသွားဟန်ပုံစံ ပေါက်နေသည်။

ဒီလိုအချိန်မှာတောင် သူကဒါကို တွေးနေသေးတာလား။ ဆာဘရီနာသည် စိတ်ရှုပ်သွားသည်။သို့သော်လည်း လူအများကြီး ရှိနေသည့်အတွက် သူ အပြစ်ပြော၍မရပေ။ထို့နောက် ဆာဘရီနာက ခေါင်းကိုသာ ခါလိုက်သည်။

“ ဆရာသခင်။ကျွန်မကို ခဏထိုင်နားဖို့အတွက် ကူညီပေးပါ။ ”

ချန်လွေ့သည် “အိပ်မက်မှနိုးထ”လာသလို ဖြစ်သွားသည်။သူသည် အလျင်အမြန်ပင် ‌ဆာဘရီနာအား ကျောက်ပုံဘေး၌ ထိုင်ရန်ကူညီပေးခဲ့သည်။သို့သော်လည်း ချန်လွေ့သည် ‌ဆာဘရီနာ၏လက်ကို မလွတ်ချင်ပေ။ဆာဘရီနာက သူ့ကို မကျေမနပ် စိုက်ကြည့်သည့်အခါမှ ချန်လွေ့သည် မလွှတ်ချင်ဘဲ လက်လွှတ်လိုက်ရသည်။

ထိုအချိန်၌ ဆန်းကြယ်တောင်ကြားမှ လွတ်မြောက်လာသော နတ်ဆိုးသားရဲအများစုကို အစောင့်များနှင့် သလင်းကျောက်လူများက သတ်ပစ်လိုက်ပြီး ဖြစ်သည်။ကျန်ရှိသော နတ်ဆိုးသားရဲများကို ဖမ်းဆီးပြီး စမ်းသပ်ခန်းသို့ ပြန်ပို့သည်။နောက်ဆုံး၌ ဖရိုဖရဲဖြစ်ခြင်း ရပ်တန့်သွားလေပြီ။

ခဏအကြာတွင် ဆရာသခင်တိုတိုသည် မျက်နှာ မည်းမှောင်လျက် ပြေးလာပြီး ‌ဆာဘရီနာကို စာရင်းတစ်ခု ကမ်းပေးခဲ့သည်။

“ မဒမ်။ဒီတစ်ခေါက် ကျုပ်တို့ဆုံးရှုံးတာတွေ တော်တော်များတယ်။နတ်ဆိုးသားရဲတွေကို ထိန်းချုပ်ထားတဲ့ မှော်စက်ဝိုင်း အစွမ်းပြယ်တဲ့ အကြောင်းရင်းကို မသိရသေးဘူး။ ”

ဆာဘရီနာသည် စာရင်းများကို ဖျပ်ခနဲကြည့်ပြီး ပို၍ပင် မျက်မှောင်ကြုတ်လိုက်သည်။

“ စစ်ဆေးစရာမလို့ဘူး။အဲဒီမိန်းမရဲ့ နည်းလမ်းတွေကို ကျွန်မ ကောင်းကောင်းသိတယ်။ကျွန်မတို့ ဘာမှ ရှာတွေ့မှာ မဟုတ်ဘူး။ ”

ချန်လွေ့သည် အပေါ်ယံ၌ ဒေါသထွက်နေပြီး စိတ်ထဲ၌ သရော်ပြုံးပြုံးလိုက်သည်။

“ ဒါက နည်းနည်းတော့ များသွားပြီ။သူက ဆန်းကြယ်တောင်ကြားကို ဖျက်ဆီးချင်နေတာလား။မဒမ်။ကျုပ်မြင်ရလောက်..... ”

ချန်လွေ့ စကားမဆုံးသေးခင်မှာပင် အဝေးတစ်နေရာမှ ပြိုလဲပျက်စီးသည့်အသံတစ်ခု ထွက်လာသည်။ဧရာမ “စက်ရုပ်ကြီး”၏ ခန္ဓာကိုယ်အပေါ်ပိုင်း ကျိုးသွားပြီး ဘေးဘက်သို့ ပြုတ်ကျကာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားတော့သည်။၎င်းသည် စမ်းသပ်ခန်းတစ်ခုကိုပင် ပိသွားခဲ့သည်။

“ ငါ့ရဲ့ ဧရာမရုပ်သေး..... ”

ဆရာသခင်တိုတိုသည် သတိလစ်လုနီးပါး ဖြစ်သွားခဲ့သည်။ထိုရုပ်သေးသည် သူ၏သွေး၊ချွေးတို့ဖြင့် ပြုလုပ်ထားသော လုပ်ရာဖြစ်သည်။ထိုအရာဖြင့် အနာဂတ်၌ နာမည်ကြီးရန်အတွက်ကိုပင် စိတ်ကူးယဉ်ခဲ့သေးသည်။သို့သော်လည်း ဤကဲ့သို့ “မတော်တဆ” ဖြစ်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။သူ၏ခေါင်းထဲ၌ ပုံကြမ်းရှိနေသော်လည်း ပြင်ဆန်ရန်အတွက် အနည်းဆုံး သုံးလေးလ ကြာမည်ဖြစ်သည်။

ချန်လွေ့လည်း ဒေါသထွက်သွားသည်။မကြာသေးခင်က သူသည် ဆရာသခင်တိုတိုနှင့်အတူ အချိန်ကုန်ပြီး ထို“စက်ရုပ်ကြီး”ကို တိုးမြှင့်ရန်အတွက် အတော်လေး အားထုတ်ခဲ့သည်။သို့သော်လည်း မမျှော်လင့်ဘဲ ၎င်းသည် အခြားသူများကြောင့် ဤကဲ့သို့ ပျက်စီးသွားခဲ့သည်။

“ အဲဒီစောက်ကောင်မတော့... ”

ချန်လွေ့က ဒေါသတကြီး အော်ဟစ်ပြီး လက်သီးကျစ်ကျစ်‌ဆုပ်လိုက်သည်။

“ မဒမ်။ကျုပ်တို့ ဆက်ပြီးသည်းခံလို့ မဖြစ်တော့ဘူး။သူ့ကို မသတ်ရင်တော့ အနည်းဆုံးတော့ ထိန်းချုပ်မှဖြစ်မယ်။ ”

ဆာဘရီနာ၏ မျက်လုံးထဲ၌ ခါးသီးမှုများ ဖျပ်ခနဲ ဖြစ်သွားသည်။အီဇိုလာသည် မိမိထက် ပို၍ရက်စက်လိမ့်မည်ဟု ဆာဘရီနာ မထင်မှတ်ထားခဲ့ပေ။ယနေ့တွင် “အာသာ”က လူလွှတ်ပြီး သူ့ကို သတင်းမပို့ခဲ့လျှင် ဆန်းကြယ်တောင်ကြားမှ လူအများစုသည် နတ်ဆိုးသားရဲများကြောင့် သေဆုံးသွားမည် ဖြစ်သည်။

ဒီမိန်းမက ဟိုလူပြန်လာရင် အပြစ်တင်တာကို ဖြေရှင်းဖို့အတွက် ယုံကြည်ချက် ရှိတာလား။ဒါ‌မှမဟုတ် အဲဒီလူရဲ့ ဘက်လိုက်မှုက ဒီအဆင့်အထိတောင် ရောက်သွားပြီလား။

အဇ်ဂါလောကို တွေးမိပြီးသည့်အခါ ဆာဘရီနာ တည်ငြိမ်သွားပြန်သည်။

“ မဖြစ်ဘူး။အခု ကျွန်မတို့လက်ထဲမှာ ဘာသက်သေမှ မရှိနေဘူး။ကျွန်မတို့ သူ့ကို အပြစ်သွားတင်မယ်ဆိုရင် သူရယ်ပဲ ရယ်နေလိမ့်မယ်။သူက အဲဒါကိုအသုံးချပြီးတော့ ကျွန်မတို့ကို တန်ပြန်လုပ်နိုင်တယ်။ကျွန်မတို့ အခု ဒါကို သည်းခံထားရမယ်။ဆာ-ယာကော့ဗ် မှော်စက်ဝိုင်းက ထွက်လာရင် အီဇိုလာကို သတိပေးဖို့ ဆရာသခင် ကူညီပေးပါလား။ဒါဆိုရင် သူထပ်ပြီးတော့ လုပ်ရဲတော့မှာ မဟုတ်ဘူးဆိုတာ ကျွန်မယုံကြည်တယ်။ ”

ချန်လွေ့သည် စိတ်မပါဆဲပင်ဖြစ်သော်လည်း ယာကော့ဗ်နှင့် ပေးပတ်သက်မည် မဟုတ်သည်မှာ သေချာသည်။ထို့ပြင် ဤကိစ္စကို ယာကော့ဗ် နိုးလာသည်အထိ စောင့်၍မရပေ။

သို့သော် ဆာဘရီနာ၏ အပြုအမူမှာ သူထင်ထားသည့်အတိုင်းပင် ဖြစ်သည်။“ မြစ်တစ်လျှောက် လောင်နေသောမီးကိုကြည့် ” ဆိုသည့် စကားပုံအတိုင်းပင် ဖြစ်သည်။ဤသည်မှာ နိဒါန်းပျိုးခြင်း၏ မီးပွင့် အသေးလေးသာ ဖြစ်ပေသည်။

ဆာဘရီနာကို ဝါးမျိုခြင်းခန်းမရှိ အိမ်ပြာသို့ ချန်လွေ့ ပို့လိုက်သောအချိန်သည် မှောင်စပျိုးနေပြီ ဖြစ်သည်။ဖာတီလုက ချန်လွေ့ကို နှုတ်ဆက် သည်။သူ့အမေ၏ ဒဏ်ရာများနှင့် ပင်ပန်းနွမ်းနယ်နေသည်ကိုမြင်ပြီး အကြောင်းရင်းကို မေးပြီးနောက် ဖာတီလု ဒေါသထွက်သွားခဲ့သည်။သူသည် အီဇိုလာအား လက်စားချေရန်အတွက် သွားရှာရန် ခြိမ်းခြောက်သည်။သို့သော်လည်း ဆာဘရီနာက တားဆီးလိုက်သည်။

ချန်လွေ့သည် စကားအနည်းငယ်ပြောပြီး ဖြောင်းဖျကာ အိမ်ပြာမှ ထွက်သွားလိုက်သည်။အိပ်မက်ဆိုးတောင်ကြားသို့ ပြန်ရောက်ပြီးသည့်အခါ ချန်လွေ့သည် ဗိုက်ပြည့်အောင်စားပြီးနောက် ခပ်စောစော အိပ်ယာဝင်ခဲ့သည်။နောက်တစ်နေ့သည့် အရေးကြီး‌ဆုံး အချိန်ဖြစ်လာမည် ဖြစ်သည်။သူ ကောင်းကောင်း အနားယူရန် လိုအပ်သည်။သို့သော်လည်း ဤညသည် တစ်စုံတစ်ယောက်၏ အိပ်၍မရသော ညတစ်ည ဖြစ်လာရန် ဦးတည်နေ၏။

နောက်တစ်နေ့ မနက်စောစော၌ ချန်လွေ့သည် ဆန်းကြယ်တောင်ကြားသို့ ပြန်ဆင်ရန် သွားရောက်ခဲ့သည်။ထိုအချိန်၌ ဖေး အမြန်ရောက်လာပြီး မဒမ် ဆာဘရီနာက အရေးကြီးကိစ္စ သတင်းပို့ရန် လူတစ်ယောက်လွှတ်လိုက်ကြောင်း သတင်းလာပို့သည်။ဆာဘရီနာသည် ချန်လွေ့အား ဝါးမျိုခြင်းခန်းမသို့ အမြန်လာရန် ပြောခဲ့သည်။

ချန်လွေ့ ခေါင်းညိတ်လိုက်သည်။“မတော်တဆမှုများ” မဖြစ်စေရန်အတွက် ချန်လွေ့သည် မထွက်သွားခင်၌ ရုပ်သေးနှလုံးသားကို အသုံးပြုကာ အရေးကြီးသောနေရာများကို စောင့်ကြပ်ရန်မှ မည်သူမှ အနားမကပ်နိုင်ရန် တင်းတင်းကြပ်ကြပ် တားမြစ်ထားခဲ့သည်။

ဝါးမျိုခြင်းခန်းမအရှေ့ရှိ “ချိုင့်ဝှမ်း”အလယ်တွင် အဖွဲ့နှစ်ဖွဲ့ အချင်းချင်း တိုက်ခိုက် နေကြသည်။

တစ်ဖက်မှာ ဆာဘရီနာဖြစ်ပြီး အခြားတစ်ဖက်မှာ အီဇိုလာဖြစ်သည်။ အီဇိုလာ၏နောက်ဘက်၌ ရုပ်ပိုင်းဆိုင်ရာသန်မာသော ယောက်ျားတစ်ယောက်က အားကုန်နေပုံရသော မိန်းကလေး တစ်ယောက်ကို ကိုင်ထား၏။ထိုမိန်းကလေးမှာ ဆာဘရီနာ၏သမီး ဖာတီလုပင် ဖြစ်လေသည်။

ဖာတီလု၏ ခန္ဓာကိုယ်အပေါ်ပိုင်း အဝတ်တွင် သွေးများဖြင့် စွန်းထင်းကာ နီရဲနေ၏။ထို့ပြင် သူ၏‌သွေးရဲရဲဖြစ်နေသော ဘယ်လက်မှာလည်း တံတောင်ဆစ်အောက်တွင် ဘာမျှမရှိတော့ပေ။သူ၏လက် ပြတ်သွားလေပြီ။

ချန်လွေ့ အလွန်အမင်း ထိတ်လန့်သွား၏။သို့သော်လည်း သူသည် စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်မှုများကို ထိန်းချုပ်ရန် အကောင်းဆုံး ကြိုးစားပြီး ထူးထူးခြားခြား တည်ငြိမ်သွား၏။အကြောင်းမှာ ရှိခိုးကောင်က ပုစဉ်းရင်ကွဲကို အမဲလိုက်သော အဓိကပြပွဲသည် နောက်ဆုံး၌ စတင်နေပြီ ဖြစ်သောကြောင့်ပင်။ထို့ပြင် သူကိုယ်တိုင်ကလည်း စီစဉ်ညွှန်ကြားသူ ဖြစ်သည်။

All Chapters