လုပ်ကြံခြင်း နှင့် ပေါက်ကွဲခြင်း
Vol. 20 Ch. 289
“ မဒမ် ဆာဘရီနာ။ဘာဖြစ်နေတာလဲ။ ”
ချန်လွေ့က တအံ့တဩနှင့် မေးလိုက်သည်။
“ မစ်-ဖာတီလုက ဘာလို့...... ”
“ ဆရာသခင် လာတာ အချိန်ကိုက်ပဲ။ ”
ဆာဘရီနာက ဒေါသကို ဖိနှိပ်ထားလိုက်သည်။
“ ခုနက ဆာ-ယာကော့ဗ်ကို ဖိတ်ခေါ်ဖို့အတွက် ကျွန်မ လူတစ်ယောက် လွှတ်ခဲ့တယ်။ဒါပေမဲ့ သူက အခု မှော်စက်ဝိုင်းမှာဆိုတော့ ဘယ်သူမှ နှောင့်ယှက်လို့မရဘူး။ဆရာသခင်က ဆာ-မာနူရဲ့ လက်ထောက်ဖြစ်ပြီးတော့ ဆာ-ယာကော့ဗ်ရဲ့ တန်ဖိုးအထားရဆုံးသူလည်း ဟုတ်တယ်။အခု ဆရာသခင်က ကျွန်မတို့ကို ဆုံးဖြတ်ချက် ချပေဖို့ မျှော်လင့်ပါတယ်။ ”
“ သူက ဆုံးဖြတ်ချက် ချပေးမယ်ဟုတ်လား။ ”
အီဇိုလာ သရော်ပြုံး ပြုံးလိုက်သည်။
“ သလင်းကျောက်တောင်ကြားတစ်ခုလုံးမှာ နင်နဲ့သူ့ပတ်သက်မှုကို မသိတဲ့သူ ဘယ်သူရှိလဲ။သူက နဂိုက အိပ်မက်ဆိုးတောင်ကြားကပဲ။ဒါပေမဲ့ သူက နင့်ကိုယ်စား ဆန်းကြယ်တောင်ကြား စိန်ခေါ်ပွဲမှာ ပါဝင်ခဲ့ပြီးတော့ အရာရှိ ဖြစ်လာခဲ့တယ်။ငါထင်တာကတော့ နင်တို့ရဲ့ တကယ့်ပတ်သက်မှုက ပိုပြီးတော့တောင် ရှက်စရာကောင်းနိုင်တယ်။အခုတော့ နင်ကသူ့ကို ဆုံးဖြတ်ချက် ချခိုင်းတယ်လား။ရယ်စရာကောင်းလိုက်တာ။ ”
“ ပါးစပ်ပိတ်ထား။ ”
ဆာဘရီနာ၏ မျက်လုံးထဲ၌ အေးစက်သော အလင်းရောင်များ ဖုံးလွှမ်းသွား၏။
“ ဆရာသခင်နဲ့ငါက မိတ်ဆွေတွေပဲ။နင် ဒီလို မဟုတ်တာတွေ ဆက်ပြောရဲမယ်ဆိုရင် နင့်ရဲ့ပါးစပ်ကို အခုပဲ ဆွဲဖြဲပစ်မယ်။ ”
“ ဟုတ်တယ်။မဒမ် ဆာဘရီနာနဲ့ ကျုပ်က အပြစ်ကင်းတယ်။ ”
ချန်လွေ့လည်း မခံမရပ်နိုင်ဘဲ ပြောလိုက်သည်။သို့သော်လည်း သူပြောသည့်ပုံစံမှာ ပိုဆိုးသွားစေခဲ့သည်။ရဲများ၏ ရုတ်တရက် ဝင်ဖမ်းခြင်းခံရသော ကိုယ်တုံးလုံး စုံတွဲကဲ့သို့ဖြစ်နေပြီး ချန်လွေ့ ဆက်ပြောသည်။
“ ကျုပ်တို့က စကားစမြည် ပြောနေရုံပါ။ ”
“ နင်က ငါ့ကို သတ်ချင်တာမလား။နင် လုပ်လည်း လုပ်ပြီးသွားပြီ။ဘာလို့ အဲဒါကိုပြောဖို့ ကြောက်နေရသေးတာလဲ။ ”
အီဇိုလာက စက်ဆုပ်စွာ ပြုံးသည်။
“ အခုက နင်နဲ့အဲဒီလူအကြောင်း ပြောဖို့အချိန် မဟုတ်ဘူး။နင့်ရဲ့သမီးအကြောင်း ပြောရမှာ.... ”
“ သူဘာလုပ်လုပ် ငါဂရုမစိုက်ဘူး။ဖာတီလုက အမှားအကြီးကြီး လုပ်ခဲ့ရင်တောင် ငါပဲသူ့ကို ဆုံးမမယ်။ယုတ်စွအဆုံး သူက သူ့အဖေက အပြစ်ပေးရမယ်။နင်အပြစ်ပေးရမှာ မဟုတ်ဘူး။ ”
ဆာဘရီနာ၏အသံ အေးစက်သွားသည်။
“ နင်...နင်ကဘာလို့ သူ့ရဲ့လက်ကို ဖြတ်ပစ်လိုက်တာလဲ။ ”
နတ်ဆိုးဘုံ၏ စည်းမျဉ်းမှာ အစွမ်းထက်လေလေ ကလေးရနိုင်ချေ နည်းလေလေပင် ဖြစ်သည်။အထူးသဖြင့် နှစ်ဖက်စလုံး အစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်လျှင် ပို၍ပင် အခွင့်အရေး နည်းပါးလှသည်။ဆာဘရီနာနှင့် အဇ်ဂါလောကြားရှိ အိမ်ထောင်ရေးမှာ အဓိကအားဖြင့် အကျိုးအမြတ်အတွက်သာ ဖြစ်သည့်အတွက် သူ့ကို ဦးစားမပေးသည်မှာ အကြောင်းအကျိုးသင့်သည်။သို့သော်လည်း ထိုသမီးသည် အကြီးမားဆုံး အံ့အားသင့်စရာပင် ဖြစ်သည်။ကံမကောင်းစွာပင် သူသည် ဘယ်ဇီဘတ် တော်ဝင်မိသားစုဝင် မဟုတ်ခဲ့ပေ။သို့သော်လည်း လီဗျာသန်တော်ဝင်မိသားစု ဖြစ်ရခြင်းသည် ကောင်းကောင်း လုံလောက်နေပြီ ဖြစ်သည်။ဦးလေးမာနူသည် ယခုတွင် လီဗျာသန် တော်ဝင်မိသားစုကို ထိန်းချုပ်ထားသည်။အခွင့်အရေး ရှိမည်ဆိုလျှင် သူ၏သမီးသည် အနာဂတ်တွင် လီဗျာသန်တော်ဝင်မိသားစုကို အုပ်စိုးသူပင် ဖြစ်သွားနိုင်ပေသည်။
ဆာဘရီနာသည် သမီးတစ်ယောက် ရရှိရန်အတွက် အတော်လေး ကြိုးစားအားထုတ်လိုက်ရသည်။ထို့ကြောင့် သူသည် ဖာတီလုအား အလိုလိုက်ပြီး ဂရုစိုက်ပေးသည်။မမျှော်လင့်ဘဲနှင့် ယနေ့တွင် သူ့ကို အီဇိုလာက လက်တစ်ဖက် ဖြတ်ပစ်ခဲ့တယ်။၎င်းကို ပြန်ကောင်းအောင် မပြုလုပ်နိုင်လျှင် ဖာတီလု၏ တိုက်ခိုက်ရေးစွမ်းအားနှင့် အလားအလာကို ကြီးကြီးမားမား သက်ရောက်မှု ရှိနိုင်ပေသည်။ဆာဘရီနာ မည်သည့်အတွက်ကြောင့် ဒေါသမထွက်ဘဲ နေရမည်နည်း။
“ နင့်ရဲ့သမီးက မနေ့ညက ငါ့ကိုလုပ်ကြံဖို့ ကြိုးစားခဲ့တယ်။သူ့ကို ဘယ်သူ ညွှန်ကြားခဲ့ပါလိမ့်။ ”
အီဇိုလာက ကြောက်ရွံ့မှုမရှိဘဲ ရန်စောင်လိုက်သည်။
“ သူ့ရဲ့လက်ကတော့........သူ့ဘာသာ မတော်တဆ ပြတ်သွားတာလေ။ ”
ဆာဘရီနာသည် ဒေါသအပြည့်ဖြင့် ကျယ်ကျယ်လောင်လောင် ရယ်လိုက်သည်။
“ သူ့ဘာသာ မတော်တဆ ပြတ်သွားတယ် ဟုတ်လား။နင်ဆိုရင် အဲဒါကိုယုံမှာလား။ ”
အီဇိုလာ သရော်ပြုံး ပြုံးလိုက်သည်။
“ ဘာပဲဖြစ်ဖြစ်ပါ။သူ့ဘာသာ မတော်တဆ ပြတ်သွားတာမပြောနဲ့။ငါတကယ်ပဲ ဖြတ်လိုက်ရင်ကော ဘာဖြစ်လဲ။သူက ငါ့ကို လာသတ်တာလေ။ငါက ဒီအတိုင်းနေပြီးတော့ သူသတ်တာကို ခံရမှာလား။နင်ကငါ့ကို အပြစ်တင်ဖို့အတွက် နင့်ရဲ့သမီးကို တကယ်ပဲ ငါးစာအနေနဲ့ အသုံးချခဲ့တယ်။ ”
“ ပေါက်ကရတွေ။ငါက ဘာလို့ ငါ့အသီးကို ငါးစာအနေနဲ့ အသုံးချရမှာလဲ။ ”
ဆာဘရီနာ ဆက်မရယ်တော့ပေ။သူ၏မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ် ရေးရေးလေး ပေါ်လွင်လာသည်။
“ မနေ့က ဆန်းကြယ်တောင်ကြားမှာ နင်လုပ်ခဲ့တဲ့ ဖရိုဖရဲမှုတွေကြောင့် ငါဒဏ်ရာ ရသွားတာမဟုတ်ရင် ဖာတီလုက ဘာလို့ နင့်ဆီကိုသွားပြီး လက်စားချေမှာလဲ။ ”
ဆာဘရီနာသည် သမီးဖြစ်သူ၏ မဆင်မခြင် စရိုက်ကို သိသည်။ယမန်နေ့က ဆာဘရီနာ ဒဏ်ရာရသွားသည်ကိုတွေ့သောအခါ ဖာတီလုက အီဇိုလာကို လက်စားသွားချေမည်ဟု အမှန်တကယ် ပြောခဲ့သည်။ထိုအချိန်၌ ဆာဘရီနာသည် ဖာတီလုကို ထိန်းထားနိုင်ခဲ့သည်။မမျှော်လင့်ဘဲနှင့် သူသည် ညဘက်၌ ထွက်သွားခဲ့သေးသည်။သို့သော်လည်း ဖာတီလု မည်မျှပင် စိတ်လိုက်မာန်ပါ လုပ်စေကာမူ၊ မသိနားလည်စေကာမူ၊ ၎င်းသည် ဆာဘရီနာနှင့် အိမ်ပြာအတွက်ပင် ဖြစ်လေသည်။
“ ဆန်းကြယ်တောင်ကြားက အခု နင့်ရဲ့ထိန်းချုပ်မှုအောက်မှာလေ။ပြဿနာဖြစ်တာက နင် စွမ်းဆောင်ရည် မရှိလို့ပဲ။အဲဒါကိုများ တခြားသူတွေကို အပြစ်လိုက်တင်နေသေးတယ်။နင့်ကိုယ်နင် ဘာထင်နေတာလဲ။ ”
ထိုသို့ပြောပြီးနောက် အီဇိုလာ စိတ်အေးပြီး အားရကျေနပ်သွားသည်။သူ ယခင်က စီစဉ်ခဲ့သော ပြဿနာများကို ဆာဘရီနာက ဖိနှိပ်နိုင်ခဲ့သည်။မမျှော်လင့်ဘဲနှင့် ယမန်နေ့က အံ့ဩစရာ အကြီးကြီးတစ်ခု ဖြစ်ပွားခဲ့သည်။ ဘယ်သူလျှိုက အဲဒါကို လုပ်ခဲ့လဲဆိုတာတောင် ငါမသိဘူး။နောက်မှ ငါသူ့ကို မြိုးမြိုမြက်မြက် ဆုချရမယ်။
အီဇိုလာ ဟားတိုက်မည်ဖြစ်ကြောင့် မှန်းဆမိသော်လည်း ဆာဘရီနာသည် ဒေါသထွက်နေဆဲပင် ဖြစ်သည်။ထို့ကြောင့် ဆရာသခင် “အာသာ” ပြောသည်ကို သူကြားလိုက်ရသည်။
“ မဒမ် အီဇိုလာ။ဆန်းကြယ်တောင်ကြားမှာ ခင်ဗျားလုပ်ခဲ့တာကို ကျုပ်တို့အခု မစဉ်းစားတော့လို့ရတယ်။ဒါပေမဲ့ မစ်-ဖာတီလုကိုတော့ အရင်လွှတ်ပေးရမယ်။ ”
“ ကျွန်မလုပ်ခဲ့တာကို စဉ်းစားတာလား။ရှင်က အိပ်မက်ဆိုးတောင်ကြားက ဖြစ်ဖြစ်၊ အရာရှိဆိုတဲ့ ဂုဏ်ပုဒ်ပဲရှိရှိ ကျွန်မအရှေ့မှာ လာအူနေဖို့ အရည်အချင်းမရှိဘူး။ အဲဒီမိန်းမကို ကောင်းတယ် ထင်မနေနဲ့။အနှေးနဲ့အမြန် ရှင်က အရိုးပါမကျန် ဝါးမျိုခံလိုက်ရမှာ။ ”
“ အီဇိုလာ။ဖာတီလုကို လွှတ်ပေးဖို့ ငါနင့်ကို အချိန် ၁၀စက္ကန့်ပေးမယ်။ ”
အပူချိန် ရုတ်တရက် လျော့ကျသွားပြီး ဆာဘရီနာ၏ စွမ်းအားသည် ကြောက်မက်ဖွယ်ရာ အဆင့်တစ်ခုအထိ မြင့်တက်သွားတော့သည်။အချိန်မရွေး တိုက်ခိုက်မည့် ပုံစံပေါက်နေသည်။
အီဇိုလာကို လုပ်ကြံသည်မှာ မအောင်မြင်ခဲ့သော်လည်း ဖာတီလု၏စွမ်းအားသည် အီဇိုလာကို မထိခိုက်နိုင်ပေ။အီဇိုလာသည် ဆန်းကြယ်တောင်ကြားကို ထိန်းချုပ်မှုရပြီးသော ဆာဘရီနာ၏ စိတ်ကြီးဝင်နေခြင်းကို ဖိနှိပ်ရန်အတွက် ၎င်းကို အသုံးပြုချင်ခဲ့သည်။ထို့ပြင် ဖာတီလု၏ လက်သည်လည်း အမှန်တကယ်ပင် “မတော်တဆ” ပြတ်သွားခဲ့လေသည်။
“ တိုက်ခိုက်ချင်ရင် အပိုတွေ ပြောမနေနဲ့။ဒါပေမဲ့ ငါက ဓားစာခံထားရလောက်တဲ့အထိ မနိမ့်ကျသေးဘူး။ဒိုတွန်။သူ့ကို လွှတ်လိုက်။ ”
ဒိုတွန်အမည်ရသော ယောက်ျားက ဖာတီလုကို တွန်းလိုက်သည်။ဖာတီလုက ဆာဘရီနာထံသို့ အသာလေး ယိုင်တိယိုင်တိုင်နှင့် လမ်းလျှောက်သွားတော့သည်။
သူ၏လေသံ ခက်ထန်နေသော်လည်း အရှုံးပေးလိုက်သည်။မည်သို့ပင်ဖြစ်ပါစေ ဤကဲ့သို့ ကိစ္စမျိုးအတွက် အသက်ရင်းပြီး တိုက်ခိုက်စရာ မလိုအပ်ပေ။
ဆာဘရီနာ၏ အေးစက်မှုများ အနည်းငယ် ရုပ်သိမ်းသွားသည်။သူက သမီးဖြစ်သူအား ဖမ်းလိုက်သည်။
“ ဖာတီလု။သမီး အဆင်ပြေရဲ့လား။ ”
ဖာတီလု၏မျက်လုံးများ အေးစက်နေပြီး မျက်ရည်များကျနေသည်။သူသည် ဆာဘရီနာအား ဆို့နင့်လျက် စိုက်ကြည့်နေသည်။သူသည် စကားမပြောနိုင်၊ မလှုပ်ရှားနိုင်အောင် ချပ်ပိတ်ခြင်း ခံထားရပုံရသည်။ဆာဘရီနာ မျက်မှောင်ကြုတ်လိုက်သည်။သူ၏လက်ထဲမှ စွမ်းအားတစ်ခု လင်းလက်လာပြီး ဖာတီလု၏ ခန္ဓာကိုယ်မှ ချိပ်ပိတ်ကို ဖယ်ရှားပေးလိုက်သည်။ထို့နောက် ဖာတီလုက ချက်ချင်းပင် အသံကျယ်ကျယ်နှင့် အော်ပြောလိုက်သည်။
“ သမီးရဲ့လက်ကို အဲဒီကောင်မစုတ်က ပြတ်အောင်လုပ်ခဲ့တာ။ ”
“ ကောင်မစုတ် ” ဟူသော စကားလုံးကို ကြားသည့်အခါ အီဇိုလာ၏မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ် လက်ခနဲ ဖြစ်သွားသည်။သို့သော်လည်း ဘာမျှမပြောဘဲ သရော်ပြုံး ပြုံးလိုက်သည်။ ဒီကောင်မလေးက သူလုပ်ထားတဲ့ပစ္စည်းနဲ့ပဲ ဖောက်ခွဲခံလိုက်ရတာ။ဒါပေမဲ့ သူက ငါ့ကို အပြစ်ဖို့နေတယ်။ဒါပေမဲ့ ဒီကိစ္စက ဒီအခြေအနေထိ ရောက်လာမှတော့ ရှင်းပြရန် ပိုဆိုးရုံပဲ ရှိမယ်။
“ စိတ်ချပါ။သမီးရဲ့လက်ကို အမေ ပြန်ကောင်းအောင် လုပ်ပေးမှာပါ။ ”
ဆာဘရီနာက ဖာတီလုအား နှစ်သိမ့်ပေးရင်း သူ၏ စိတ်ထဲရှိ အီဇိုလာပေါ်သို့ အမုန်းတရား ပို၍ပြင်းထန်လာသည်။ ဒီကိစ္စကိုငါ ဒီအတိုင်းမထားလိုက်စေချင်ဘူး။ဒါပေမဲ့ အရင်ဆုံးတော့ ဖာတီလုကို ကုသဖို့အတွက် နည်းလမ်းရှာရမယ်။
ဖာတီလုက ဆာဘရီနာကို ရုတ်တရက် ဆုပ်ကိုင်လိုက်သည်။
“ အမေ။အဲဒီကောင်မစုတ်က ဆန်းကြယ်တောင်ကြားတစ်ခုလုံးကို ဖျက်ဆီးဖို့အတွက် သူ့ရဲ့ လက်အောက်ခံတွေကို ပြောနေတာ သမီး ကြားခဲ့တယ်။ ”
ထိုသို့ပြောလိုက်သည့်အခါ အီဇိုလာနှင့် ဆာဘရီနာတို့၏အမူအရာများ တစ်ပြိုင်နက်တည်း ပြောင်းလဲသွားကြသည်။
ဆာဘရီနာက အီဇိုလာသည် ဤမျှရဲတင်းလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။အီဇိုလာ အမူအရာ ပြောင်းလဲသွားခြင်းမှာ ထိုကဲ့သို သူတစ်ခါမျှ မပြောခဲ့ဖူးသောကြောင့်ပင် ဖြစ်သည်။
ဘေးမှ ချန်လွေ့သည် ပို၍ပင် တုန်လှုပ်သွားသည်။
“ မစ်-ဖာတီလု။ဒါက နောက်စရာ မဟုတ်ဘူးနော်။ဆန်းကြယ်တောင်ကြားမှာ အရေးကြီးတာတွေ အများကြီးရှိတယ်။ ”
ဖာတီလုက အံကြိတ်ရင်း ပြောလိုက်သည်။
“ ဒါကို ကျွန်မ သတိလစ်နေတုန်း ကြားခဲ့တာ။ဒါက အမှန်ပဲ ဖြစ်ရမယ်။ ”
အီဇိုလာ ထိတ်လန့်သွားပြီး လျို့ဝှက်ကြံစည်မှုကြီးတစ်ခုထဲ ကျရောက်သွားသကဲ့သို့ ရေးရေးလေး ခံစားလိုက်ရသည်။ အီဇိုလာ လုပ်ကြံတာနဲ့ စွပ်စွဲတာက ဆာဘရီနာရဲ့ အကြံအစည်တစ်ခုထဲက ဖြစ်ရမယ်။ဧကန္တ.....
“ ဖာတီလု။သေသေချာချာပြော။ ”
ဆာဘရီနာသည် ထိန်းမနိုင်သိမ်းမနိုင် ဖြစ်နေခြင်းမဟုတ်ကြောင်း ဆာဘရီနာ သတိထားမိသည်။သူ၏စိတ်ထဲ၌ နိမိတ်မကောင်းသော ခံစားချက်တစ်ခု တိုးပွားလာတော့သည်။
ချန်လွေ့လည်း မသက်မသာ ဖြစ်လာသည်။
“ မဒမ် နှစ်ယောက်။ဆန်းကြယ်တောင်ကြားဆီ ကျုပ်သွားကြည့်မလို့။အရင် သွားလိုက်ပါဦးမယ်။ ”
ဝါးမျိုခြင်းခန်းမ ဝင်ရောက်သို့ ရောက်သည်နှင့် ချန်လွေ့သည် ဆန်းကြယ်တောင်ကြားဘက်မှ ကျယ်လောင်သောအသံကို ကြားလိုက်ရသည်။မြေပြင်တစ်ခုလုံး တုန်ခါသွားပြီးနောက် ကြောက်မက်ဖွယ်ရာတစ်ခုခု ပေါက်ကွဲနေသကဲ့သို့ အဆက်မပြတ် ဆူညံသံများ ထွက်လာသည်။ထိုပေါက်ကွဲမှုကြောင်း သလင်းကျောက်တောင်ကြားတစ်ခုလုံး နိုးကြားသွားသည်။သူတို့အားလုံးသည် ဆန်းကြယ်တောင်ကြားဘက်သို့ ကြည့်လိုက်ကြသည်။
အနှောင့်အယှက်များ တားဆီးရန်အတွက် သလင်းကျောက်နဂါးကို ချန်လွေ့တိုက်တွန်းကာ နဂါးထွင်းစာများ ခင်းကျင်းထားသော သလင်းကျောက်သားရဲတွင်းတစ်ခုသာ ခြွင်းချက်ဖြစ်သည်။ဆူညံသံဖြစ်စေ၊တုန်ခါမှုဖြစ်စေ၊ ၎င်းတို့အားလုံးကို တသီးတသန့် ဖြစ်စေသည်။ထို့ပြင် ဖြည့်တင်းမှော်စက်ဝိုင်းသို့သွားရာ လမ်းကြောင်း၌ ခုခံမှု ထွင်းစာများပြည့်နှက်နေသည်။ထို့ကြောင့် အပြင်လူများ လုံးဝဝင်လာနိုင်မည် မဟုတ်ပေ။တစ်စုံတစ်ယောက်ကို ကိုးကားမည်ဆိုလျှင် “ ဆာ-ယာကော့ဗ်ရဲ့ အရေးအကြီးဆုံး နလန်ပြန်ထူတာက ဘယ်အရာကမှ သက်ရောက်မှုမရှိနိုင်ဘူး ” ဟူ၍ပင် ဖြစ်လေသည်။
“ မကောင်းတော့ဘူး။ ”
ချန်လွေ့ အော်ပြောလိုက်ပြီး ဆန်းကြယ်တောင်ကြားသို့ အရှိန်“အမြန်ဆုံး” ပြေးသွားသည်။သို့သော် ပုံရိပ်တစ်ခုနှစ်ခုက သူ့ထက် ပိုမြန်နေသည်။သူတို့မှာ အီဇိုလာနှင့် သမီးဖြစ်သူကို သယ်ထားသော ဆာဘရီနာတို့ပင် ဖြစ်သည်။
ဆန်းကြယ်တောင်ကြားမှ ပေါက်ကွဲမှုများ တရပ်စပ် ဖြစ်ပွားနေသည်။ချတ်လွေ့ရောက်သွားသည့်အခါ ဝင်ပေါက်တွင် ဆာဘရီနာ၊အီဇိုလာနှင့် အခြားသူများက မျက်နှာမည်းမှောင်လျက် ရပ်နေသည်ကိုသာ တွေ့လိုက်ရသည်။အထဲမှ ထွက်ပြေးနေသော လူအများအပြား ရှိနေသည်။ပေါက်ကွဲမှု ပြင်းအားလှိုင်းအနီးရှိ လူများမှာလည်း ယိုင်နဲ့နဲ့ သွားနေကြသည်။
နောက်ဆုံး၌ ပေါက်ကွဲမှုများ တဖြည်းဖြည်း ရပ်တန့်သွားတော့သည်။ချန်လွေ့သည် ရင်းနှီးသောသူတစ်ယောက်ကို ဆွဲပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ တိုနီ။ဘာတွေဖြစ်သွားတာလဲ။ ”
တိုနီက မကြည်မသာ မျက်နှာဖြင့် ပြန်ဖြေသည်။
“ အရာရှိ။ခုနက မှော်အမြောက် စမ်းသပ်စခန်းမှာ အမည်မသိ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တယ်။ခုခံမှု မှော်စက်ဝိုင်းတွေ အားလုံးလည်း ချက်ချင်း အစွမ်းပြယ်ကုန်ကြတယ်။အဲဒီစွမ်းအားက တော်တော်လေး ကြောက်စရာကောင်းပြီးတော့ တခြားစမ်းသပ်ခန်းတွေကိုပါ ပျံ့နှံ့သွားတယ်။ခဏကြာတော့ ကျန်တဲ့စမ်းသပ်ခန်းတွေလည်း ပေါက်ကွဲသွားတယ်။အခုတော့ ဆန်းကြယ်တောင်ကြား တစ်ခုလုံး ပျက်စီးသွားပြီ။ ”
မှော်အမြောက်မှ စွမ်းအင်သည် အလွန်ကြီးမားလှပြီး အန္တရာယ်အများဆုံး စမ်းသပ်မှု ဖြစ်သည်။ထို့ကြောင့် ၎င်း၏ ခုခံရေးမှော်စက်ဝိုင်းသည်လည်း အစွမ်းအထက်ဆုံးဖြစ်သည်။တစ်ခေါက်စမ်းသပ်ပြီးတိုင်း ခုခံရေးမှော်စက်ဝိုင်းကို စစ်ဆေးပြီး ပြန်လည်ပြင်ဆင်ရသည်။သို့သော်လည်း ယခုတွင် ၎င်းတို့အားလုံး ပျက်စီးသွားခဲ့လေပြီ။
“ ဘယ်လိုဖြစ်တာလဲ။ငါ့ရဲ့ သုတေသနက အဲဒီမှာပဲ ရှိနေသေးတာ..... ”
ချန်လွေ့သည် တိုနီကို လွှတ်လိုက်ပြီး ဝိညာဉ်ဆုံးရှုံးလိုက်ရသလို ဖြစ်သွားသည်။ထို့နောက် အသံကျယ်ကျယ်နှင့် မေးသည်။
“ ဆရာသခင် တိုတိုကော။ ”
“ ရူးသွပ်သားရဲက လက်မှုပညာဆရာသခင်ကို ထောင့်တစ်နေရာမှာ ကာကွယ်နေတဲ့ပုံပဲ။ကျုပ်လည်း မသိဘူး..... ”
ထိုအချိန်၌ လဖ္ဖာ၏ ကြီးမားသော ခန္ဓာကိုယ်သည် တောင်ကြားဝင်ပေါက်မှ ယိုင်တိယိုင်တိုင် လမ်းလျှောက်လာသည်။ချန်လွေ့ အမြန်ပြေးသွားရာ လဖ္ဖာ၏ပုခုံးပေါ်၌ အမှောင်နတ်ဆိုးကလေး တစ်ယောက်ရှိနေသည်ကို မြင်လိုက်ရသည်။ထိုသူမှာ ဆရာသခင်တိုတို ဖြစ်သည်။သို့သော်လည်း ၎င်းသည် အလောင်းကောင်သာ ဖြစ်သည်ကို လူတိုင်း ပြောနိုင်လေသည်။
“ ဆရာသခင်တိုတို ”
ချန်လွေ့ အော်ဟစ်လိုက်သည်။ရူးသွပ်သားရဲ ကြောက်လန့်သွားပုံရသည်။သူသည် ခေါင်ငုံ့ထားပြီး ချန်လွေ့ကို မကြည့်ရဲတော့ပေ။
ဤပြပွဲ၏ စီစဉ်ညွှန်ကြားသူ တစ်ယောက်အနေဖြင့် ချန်လွေ့သည်လည်း စိတ်ထဲ၌ သက်ပြင်းချနေသည်။အမှန်တကယ်၌ သူသည် ဆရာသခင်တိုတိုအား အဆုံးသတ်ရန်အတွက် အချိန်အတော်ကြာ တုံ့ဆိုင်းနေခဲ့သည်။အမှောင်နတ်ဆိုးကလေးသည် ဆန်းကြယ်တောင်ကြား၏ လက်မှုပညာဆရာသခင် ဖြစ်သည်။သူသည် အလွန်ပါရမီထူးပြီး သုတေသနများစွာ၌ ပါဝင်သည်။သူသည် ကျော်ကြားမှုနှင့် စစ်ပွဲအတွက် ဆန်းသစ်တီထွင်မှုများကိုလည်း အရူးအမူး ဖြစ်သည်။အကယ်၍ သူသည် သလင်းကျောက်တောင်ကြားရှိ အင်အားစုများ၏ လက်ထဲ သို့မဟုတ် ကတ်သရင်း၏လက်ထဲ ရောက်သွားလျှင် ဆိုးသွားပေလိမ့်မည်။ထို့ကြောင့် နောက်ဆုံး၌ ချန်လွေ့သည် မတော်တဆ အဆုံးသတ်ပေးရန် ဆုံးဖြတ်လိုက်သည်။
ဆန်းကြယ်တောင်ကြားရှိ စမ်းသပ်မှုများနှင့် အချက်အလက်များကို ချန်လွေ့သည် [ အထူးစိစစ်မှု ] နှင့် မှတ်ဉာဏ်ကိုသုံးပြီး ကျွမ်းကျင်သွားပြီ ဖြစ်သည်။လိုအပ်သည့်အခါ အချို့ကို သင့်တော်သလို အသုံးပြုနိုင်မည် ဖြစ်သည်။
“ မှော်အမြောက်ရဲ့ မှော်စက်ဝိုင်းကို ဘယ်သူ တာဝန်ယူထားတာလဲ။ငါတို့ ခုခံမှုကို တိုးမြှင့်ပြီးသွားပြီ မဟုတ်လား။ဘယ်လိုလုပ်ပြီး ဒီလိုပြဿနာ ဖြစ်ရတာလဲ။ ”
ချန်လွေ့က ကယောက်ချောက်ချား အော်ဟစ်လိုက်သည်။သူသည် အသေအချာပင် အပြစ်တင်နေခြင်း ဖြစ်သည်။
“ ဆရာသခင်။စုံစမ်းနေစရာ မလိုဘူး။ ”
ဆာဘရီနာက အရိုးစိမ့်သွားသည်အထိ အေးစက်စက် ပြောလိုက်သည်။
“ ဖာတီလုနဲ့ အရင် ထွက်သွားတော့။ ”
အီဇိုလာ သတိရှိသွားပြီး စွမ်းအား ရုတ်တရက် တိုးမြင့်သွားသည်။အကြောင်းမှာ ဆာဘရီနာ၏ ပြင်းထန်သော သတ်ဖြတ်ချင်စိတ်သည် သူ့အပေါ် တင်းတင်းကြပ်ကြပ် အာရုံစိုက်ထားခြင်းကြောင့်ပင် ဖြစ်သည်။၎င်းသည် ပုံမှန်ဖြီးဖြန်းခြင်းမျိုး လုံးဝမဟုတ်ပေ။