← Chapters

မမျှော်လင့်ထားသော အန္တရာယ်

Vol. 20 Ch. 292

မမျှော်လင့်ထားသော အန္တရာယ်

Vol. 20 Ch. 292

ထိုသို့တွေးပြီးနောက်တွင် ဆာဘရီနာက တိတ်တဆိတ် အင်အားစုစည်းလိုက်သည်။ချန်လွေ့၏ [ အရှိန်အဝါဓားသွား ] အချိန်ကုန်တော့မည် ဖြစ်သည်။ထို့ပြင် သူသည် တိုက်ပွဲကို အမြန် အဆုံးသတ်ချင်နေသည်။ထို့ကြောင့် သူသည် အလျင်အမြန် စတင်တိုက်ခိုက်ပြီး ဆာဘရီနာကို ချောင်ပိတ်မိစေသည်။ ဆာဘရီနာ၏ခန္ဓာကိုယ်ရှိ ဒဏ်ရာများလည်း အဆက်မပြတ် တိုးပွားလာခဲ့သည်။

ဆာဘရီနာ မရှောင်တိမ်းခဲ့ပေ။အနိုင်မရှိသော အခြေအနေပြုလုပ်ရန် စဉ်းစားရင်း သူသည် အမှန်တကယ်ပင် မရှောင်တိမ်းဘဲ ချန်လွေ့၏နှလုံးသားကို လက်ထဲရှိ ရေခဲဓားသွားဖြင့် ထိုးစိုက်လိုက်သည်။ချန်လွေ့၏မျက်လုံးထဲ၌ အေးစက်စက် အလင်းရောင်တစ်ခု ဖျပ်ခနဲ လက်သွား၏။သူ၏ လက်ရှိ [ အရှိန်အဝါဓားသွား ] သည် ဆာဘရီနာ၏ လည်ပင်းဆီသို့ ခုတ်ပိုင်းရန် ဆက်လက်သွားနေလေသည်။

၎င်းသာ ထိသွားမည်ဆိုလျှင် ဆာဘရီနာ အမှန်တကယ် ခေါင်းပြတ်သွားမည် ဖြစ်သည်။

အသေအချာပင် ထိုတိုက်ခိုက်မှုသည် အတားအဆီး မရှိဘဲ ဆာဘရီနာ၏ လည်ပင်းထံသို့ ရောက်ရှိလာခဲ့သည်။သို့သော်လည်း ချန်လွေ့ မျက်မှောင်ကြုတ်လိုက်၏။ထို့နောက်တွင် ဆာဘရီနာ၏ ခန္ဓာကိုယ်သည် အငွေ့မည်းအဖြစ် ပြောင်းလဲသွားကာ ချန်လွေ့အား လွဲချော်သွားစေသည်။ကံကောင်းစွာပင် သားရေချပ်ကာသည် ခုခံမှု မြင့်မားသည့်အတွက် ရေခဲဓားသွားသည် ဖောက်ထွင်းရုံမျှသာ ဖောက်ထွင်းနိုင်ခဲ့သည်။သို့သော် အန္တရာယ်ရှိသော နိမိတ်တစ်ခုသည် ချန်လွေ့အား ရင်ဘတ်ပေါ်ရှိ ဒဏ်ရာကို ဂရုစိုက်ချိန် မပေးခဲ့ပေ။ချန်လွေ့ကို ခြေထောက်ကို အသာအယာပုတ်ပြီး ချက်ချင်း နောက်ဆုတ်လိုက်သည်။

အငွေ့မည်းသည် အလျင်အမြန်ပင် ဆာဘရီနာ၏ ခန္ဓာကိုယ်အဖြစ် ပြန်ပြောင်းသွားသည်။သူ၏ ညာမျက်လုံးမှ သွေးများ ယိုစီး‌ကျနေသော်လည်း ကြက်သီးထစရာ အနက်ရောင်အလင်း တောက်ပနေသည်။လျို့ဝှက်ပညာရပ်အချို့၏ သက်ရောက်မှုအောက်တွင် ဆာဘရီနာ၏စွမ်းအားသည် ရုတ်တရက် အဆုံးစွန်အထိ တိုးမြင့်သွားခဲ့သည်။သူသည် ဒဏ်ရာများရှိမနေသော အထွတ်အထိပ် အခြေအနေကဲ့သို့ ဖြစ်နေသည်။ကျယ်လောင်စွာ အော်ဟစ်ပြီးနောက် အချင်းတစ်မီတာရှိ အပြာနက်ရောင် အလင်းတန်းသည် ဆာရီနာ၏ ညာလက်မှ ပစ်လွှတ်လိုက်ကာ နောက်ဆုတ်နေသော ချန်လွေ့ကို တည့်တည့် ထိသွားတော့သည်။

ထိုတိုက်ကွက်သည် ဖျက်ဆီးမှုစွမ်းအား အတော်များများ ပါဝင်ပြီး ဆာဘရီနာ၏ လက်ကျန်အင်အားများကို ကုန်ဆုံးသွားစေသည်။သူသာ ရန်သူကို မဖျက်ဆီးနိုင်ခဲ့လျှင် သေရမည်ကို ထိုင်စောင့်နေရုံသာ ရှိတော့သည်။သို့သော်လည်း သူ၏ အထွတ်အထိပ်အခြေအနေ စွမ်းအားဖြင့်ဆိုလျှင် ပြိုင်ဘက်ဖြစ်သူက ဒဏ္ဍာရီလာအဆင့်ချပ်ကာ ဝတ်ထားသည့်တိုင် အတွင်းထဲမှ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို လုံးဝဖျက်ဆီးနိုင်မည်ဟု ‌ဆာဘရီနာ ယုံကြည်နေသည်။

ကံဆိုးစွာပင် ဆာဘရီနာသည် ပြိုင်ဘက်ဖြစ်သူ၌ ဒဏ္ဍာရီလာအဆင့် ချပ်ကာ တစ်ခုထက် ပို၍ရှိကြောင်းကို မသိခဲ့ပေ။

ဆာဘရီနာ၏ အစွမ်းထက်ဆုံး တိုက်ကွက်သည် ချန်လွေ့ကို တည့်တည့် ထိသွားခဲ့သည်။အတိအကျ ပြောရလျှင် ဆာဘရီနာသည် ချန်လွေ့၏ ခန္ဓာကိုယ် အပြင်ဘက်ရှိ ဒိုင်းကာအပြာအလွှာကို ထိသွားခြင်း ဖြစ်သည်။ဒိုင်းကာအပြာ ချက်ချင်း ပြိုလဲသွားသော်လည်း ချန်လွေ့အတွက် အဖိုးတန်အချိန်တချို့ ဆွဲပေးနိုင်ခဲ့သည်။ သူ၏လက်ထဲ၌ နောက်ထပ်ပစ္စည်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

အလင်းတန်းသည် ထိုအရာကို ထိသွားသည်။ချနိလွေ့ နောက်သို့ဆုတ်သွားသော်လည်း ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့သည်။

အပြာရောင် ဖျက်ဆီးမှု အလင်းတန်းသည် တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ ဆာဘရီနာ၏ မျက်နှာတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။သူ၏ပတ်ပတ်လည်၌ ထူးဆန်းသောကြယ်ပိုင်နက်က တောက်ပလျက် ရှိနေသေးသည်။

အားအင်ကုန်ခမ်းသွားသော ဆာဘရီနာသည် သွေးအားလုံး စုပ်ယူခံလိုက်ရသကဲ့သို့ ဖြစ်သွားကာ မြေပြင်ပေါ်သို့ ဖြည်းဖြည်းချင်း လဲကျသွားသည်။သို့သော်လည်း သူ၏မျက်လုံးများသည် မျက်နှာချင်းဆိုင်ရှိ ချန်လွေ့၏လက်ထဲ၌ရှိသော ပစ္စည်းကိုသာ စိုက်ကြည့်နေ၏။

၎င်းသည် ရိုးရှင်းပြီး ကြော့ရှင်းသည့် ပုံစံကွက်များရှိသော ရွှေနက်ရောင် ဒိုင်းကာတစ်ခု ဖြစ်သည်။လီဗျာသန် တော်ဝင်မိသားစု၏ အရေးကြီးအဖွဲ့ဝင် တစ်ယောက်အနေဖြင့် ဆာဘရီနာသည် ထိုဒိုင်းကို သေချာပေါက်သိသည်။၎င်းမှာ လီဗျာသန်တော်ဝင်မိသားစု၏ အကြီးမားဆုံး အဆောင်ပစ္စည်းဖြစ်သော ‌ထင်ယောင်မှား နတ်ဆိုးဒိုင်း ဖြစ်သည်။အတိအကျပြောရလျှင် ၎င်းမှာ နတ်ဆိုးဒိုင်းပင် ဖြစ်လေသည်။

ဒီလူက နတ်ဆိုးဒိုင်းကို ပျောက်ကွယ်သွားအောင် ဘယ်လိုလုပ်လိုက်တာလဲ။ အဆောင်ပစ္စည်းကို ဘယ်သိုလှောင်ကိရိယာထဲမှာမှ ထည့်ထားလို့ မရနိုင်ဘူး။သူဘယ်လို လုပ်လိုက်တာလဲ။ပြီးတော့ နတ်ဆိုးဒိုင်းကနေ အရောင်တောက်နေတယ်။ဒီလူက ဒီဒိုင်းကာရဲ့စွမ်းအားကို တကယ် အသုံးချနိုင်တဲ့ပုံစံပဲ။မဟုတ်ရင် ငါ့ရဲ့ အထွတ်အထိပ် အခြေအနေနဲ့ညီမျှတဲ့ အစွမ်းထက်ဆုံးတိုက်ကွက် [ ကြောက်မက်ဖွယ်ရောင်ခြည် ] ကို တည့်တည့် ခုခံနိုင်မှာ မဟုတ်ဘူး။

နတ်ဆိုးဒိုင်းရဲ့ အသိအမှတ်ပြု ခံရတာ ဘရော့ခ်၏ ညီမ ဒေလီယာတစ်ယောက်ပဲရှိတာ မဟုတ်လား။ဒီ အက်စ်မို‌ဒက်စ် တော်ဝင်မိသားစုဝင်က ဘာလို့.....

ပြီးတော့လည်း ငါ့ရဲ့ပိုင်နက်စွမ်းအားကို ဝါးမျိုခဲ့တဲ့ အဲဒီကြောက်မက်ဖွယ်ရာ မျက်နှာဖုံးက....

အရေးကြီးဆုံးကတော့ ဆရာသခင် “အာသာ” ဆီမှာ နတ်ဆိုးဒိုင်း ရှိနေရမှာ မဟုတ်ဘူး။ဖာတီလုက အတုအယောင်ဆိုတော့ ဆရာသခင် အသတ်ခံလိုက်ရတယ်ဆိုတာကလည်း.....

ထိုလူ ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။သေရေးရှင်ရေးအခြေအနေ၏ ဆာဘရီနာ၏စိတ် ချက်ချင်း နိုးထသွားသည်။ယခင်အဖြစ်အပျက် အားလုံးသည် အဓိက သော့ချက် ရှာတွေ့မှုတစ်ခုဖြင့် ချိတ်ဆက်သွာတော့သည်။ ဆန်းကြယ်တောင်ကြားရဲ့ မတော်တဆဖြစ်ရပ်......၊ ဖာတီလု လုပ်ကြံတာ......၊ အီဇိုလာ ဒေါသထွက်တာ.........၊ ဒီလူပေါ်ထွက်လာတဲ့အချိန်......၊ သူ့ရဲ့ အဆင်တန်ဆာတွေနဲ့ ထင်ယောင်မှား နတ်ဆိုးဒိုင်း......

ဆာဘရီနာ၏ နှလုံးသား ပို၍ပို၍ အေးစက်သွား၏။သူ၏ဉာဏ်ပညာဖြင့် ရေးရေးလေး သဘောပေါက်သွားခဲ့သည်။ အစကတည်းကနေ ငါက ကြောက်စရာကောင်းတဲ့ ထောင်ခြောက်တစ်ခုထဲသို့ ကျသွားခဲ့တာပဲ။ငါ တစ်ယောက်တည်းမဟုတ်ဘူး။ သလင်းကျောက် တောင်ကြားတစ်ခုလုံး ထောင်ခြောက်ထဲ ကျရောက်သွားတာ။ ကိုယ့်ကိုယ်ကိုယ် လှည့်ဖြားတတ်တယ်လို့ အမြဲထင်နေတဲ့ မာနူတောင် ဒီလူ လှည့်စားတာ ခံလိုက်ရတယ်။တကယ်တော့ မာနူတင် မဟုတ်ဘူး။ယာကော့ဗ်၊အီဇိုလာနဲ့ ငါကိုယ်တိုင်ရော ပါတယ်......

“ ရှင် ဖြစ်နေမယ်လို့ ကျွန်မ လုံးဝမထင်ထားခဲ့မိဘူး...... ”

ဆာဘရီနာ၏ တောင့်တင်းနေသော ခန္ဓာကိုယ် ပြေလျော့သွားပြီး ခုခံရန် လုံးဝလက်လျှော့လိုက်သလို ဖြစ်သွားသည်။အမှန်တကယ်၌ ဆာဘရီနာတွင် ခုခံရန်အင်အား မရှိတော့ပေ။

ချန်လွေ့ မဖြေခဲ့ပေ။သူသည် ဆာဘရီနာ၏ ခန္ဓာကိုယ်အရှေ့၌ ရပ်တန့်လိုက်သည်။သူ၏ လက်‌ထဲရှိ ဖျော့တော့သောအလင်းရောင်သည် မရဏစာအုပ်ကဲ့သို့ ဖြစ်နေဟန်တူသည်။

“ ကျွန်မကို မသတ်ပါနဲ့။ ”

ဆာဘရီနာသည် အသနားခံနေပုံရသည်။ထိုကဲ့သို့ပုံစံသည် သူ့ကို သနားချင်စိတ် ဖြစ်စေသည်။

“ ကျွန်မမှာ ဉာဏ်ပညာနဲ့ အင်အားရှိတယ်။ကျွန်မရဲ့ တန်ဖိုးနဲ့ဆိုရင် အနာဂတ်မှာ ကျွန်မက ရှင့်ရဲ့ အရေးပါဆုံး လက်ထောက် ဖြစ်လာနိုင်တယ်။ ”

ပြိုင်ဘက်ဖြစ်သူ၏ မြင့်တက်လာသောစွမ်းအား ရပ်တန့်သွားသည်ကို ခံစားမိပြီး ‌ဆာဘရီနာသည် အတွင်းအင်္ကျီကို မတုံ့ဆိုင်းဘဲ ဆွဲဖြဲလိုက်ကာ ဖွံ့ဖွံ့ဖြိုးဖြိုး ရင်သားများကို ပေါ်လွင်စေလိုက်သည်။သူ၏ နို့သီးခေါင်းများသည်ပင် ကြောက်ရွံ့မှုနှင့် စိုးရိမ်မှုများကြောင့် မာတောင်နေ၏။ထို့နောက် သူသည် ချန်လွေ့ထံသို့ တွားသွားလိုက်သည်။

“ ရှင်က ကျွန်မရဲ့အလှအပနဲ့ ခန္ဓာကိုယ်ကို စိတ်ဝင်စားတာ မဟုတ်လား။ကျွန်မ ရှင့်ရဲ့မိန်းမ ဖြစ်နိုင်တယ်။အခုပဲ လုပ်လို့ရတယ်....။ရှင်ကျွန်မကို ကြိုက်သလို လုပ်လို့ရတယ်....။ကျွန်မရှင့်ကို ဖာတီလုနဲ့တူတူ ပြုစုပေးလို့ရတယ်။ ”

သူ၏ပြိုင်ဘက် ခေတ္တ တုံ့ဆိုင်းသွားပုံရသည်။သူ၏လက်သည် ဆာဘရီနာ၏ ရင်သားဆီသို့ တဖြည်းဖြည်း ရွေ့လာသည်။ဆာဘရီနာ တိတ်တဆိတ် စိတ်သက်သာရာ ရသွားသည်။ သူငါ့ကို တန်ဖိုးထားမယ်ဆိုရင် ငါအသက်ရှင်နေဦးမယ်။ ဝိညာဉ်စာချုပ်ကလွဲရင် ငါ့ရဲ့ခန္ဓာကိုယ်၊ ငါ့ရဲ့အင်အားကို ဘယ်လိုပဲလုပ်လုပ်၊ ငါသဘောတူမယ်။ငါ့ရဲ့စွမ်းအား ပြန်ရသွားတာနဲ့.....

ထိုအချိန်၌ ဆာဘရီနာ၏မျက်လုံးများ ရုတ်တရက် ကျုံ့သွားသည်။သူ၏ရင်ဘတ်ဆီသို့ ဆန့်တန်းနေသော လက်သည် ရုတ်တရက် လက်သီးဆုပ်သွားပြီး အပေါ်သို့တက်လာသည်ကို မြင်လိုက်ရသည်။ထက်မြက်လှသောချီက ဆာဘရီနာ၏ လည်ပင်းကို ဖြတ်သန်းသွားခဲ့သည်။

သွေးများ လတ်လတ်ဆတ်ဆတ် ပန်းထွက်လာပြီး ဆာဘရီနာလှပသောဦးခေါင်း ပြတ်ထွက်သွားကာ မျက်နှာပေါ်၌ မယုံကြည်နိုင်ဖြစ်နေ၏။

သူမေးရန်ပင် အချိန်မရခဲ့ပေ။ ဘာလို့လဲ။ငါက အရေးပါတယ်လို့ ထင်ခဲ့တာ။

ဆာဘရီနာ မလိုမလား မသေသွားခင် မေးချင်သည့်အရာကို ချန်လွေ့သိသည်။ထို့ကြောင့် ရုပ်ရှင်တစ်ခုမှ ဂန္တဝင်စကားတစ်ခွန်းအတိုင်း တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။

“ ခင်ဗျား သေတာက ကျုပ်အတွက် တော်တော်လေး အရေးပါတယ်။ ”

ဆာဘရီနာ သေဆုံးသွားလေပြီ။

မြေပွေးကဲ့သို့ နှလုံးသားရှိသော ထိုလုံကြီးပေါက်လှ မိန်းမတွင် မရေမတွက်နိုင်သော ရည်ရွယ်ချက်များစွာ ရှိနိုင်ပေသည်။သို့သော်လည်း ၎င်းမှာ လက်တွေ့ဘဝပင် ဖြစ်လေသည်။ဘဝအဆုံးသတ်ဆိုသည်မှာ အရာအားလုံး၏ အဆုံးသတ်လည်း ဖြစ်ပေသည်။

ရှုထောင့်တစ်ခုမှကြည့်လျှင် သေရေးရှင်ရေးနှင့် ရင်ဆိုင်ရာ၌ အာဏာနှင့် အကျိုးအမြတ်တို့သည် လှပသော ပူဖောင်းများသာ ဖြစ်၏။

ချန်လွေ့ တုံ့ဆိုင်းမနေခဲ့ပေ။သူသည် သတိလစ်နေသော အီဇိုလာဆီသို့ လွှားခနဲသွားပြီး ညှာတာမှု မရှိဘဲ သတ်ပစ်ခဲ့သည်။

ထိုအချိန်တွင် မိန်းမလှဟူ၍ မရှိတော့ဘဲ ရန်သူဟူ၍သာ ရှိတော့သည်။ရန်သူကို ညှာတာခြင်းသည် မိမိကိုယ်ကို ရက်စက်ခြင်းသာ ဖြစ်သည်။

ထိုမိန်းမနှစ်ယောက်၏ လက်ထဲတွင် အစွမ်းထက်သောအင်အားနှင့် အာဏာများ ရှိသည်။သူတို့၏ သေဆုံးခြင်းသည် အဇ်ဂါလော၏ လက်မောင်း နှစ်ဖက်ကို ဖြတ်တောက်လိုက်ခြင်းနှင့် ညီမျှသည်။မာနူ၏ စွမ်းအားမှာ မသေချာသေးသော်လည်း ဆာဘရီနာသည် သေချာပေါက် ဘရော့ခ်နှင့် ချိတ်ဆက်မှု ရှိသည်။ကြယ်ကြွေတမန်မြို့တော်မှ အစ်ဇဘယ်လာနှင့်ပင် အချိတ်အဆက်ရှိသည်။

သလင်းကျောက်နဂါးအတွက်မူ သလင်းကျောက်လူသားများကို ထိန်းချုပ်သော ရုပ်သေးနှလုံးသားသည် သူ၏လက်ထဲ ရောက်နေပြီ ဖြစ်သည်။ရုပ်သေးနှလုံးသားမရှိဘဲ အနာဂတ်၌ သလင်းကျောက်နဂါးက သလင်းကျောက်လူသားများကို ဆက်လက်ဖန်တီးမည်ဆိုလျှင် အရေအတွက်ရော အ‌ရည်အသွေးပါ ကြီးကြီးမားမား လျော့ကျသွားပေလိမ့်မည်။ထို့ပြင် သလင်းကျောက်နဂါးသည် ယခုတွင် ဖြည့်တင်းစက်ဝိုင်းထဲ၌ ရှိနေသည်။ထိုအချိန်အတွင်း ကတ်သရင်း၏လူများ အချိန်မီ ရောက်လာနိုင်လျှင် သလင်းကျောက်နဂါး၌ “အနာဂတ် ” ရှိနိုင်တော့မည် မဟုတ်ပေ။

ပေါက်ကွဲမှုများနှင့် တိုက်ပွဲကြောင့် ဆန်းကြယ်တောင်ကြား လုံးဝပျက်စီးသွားသည်။အတွင်းမှလူများအားလုံး ထွက်ပြေးလွတ်မြောက်သွားကြသည်။ချန်လွေ့ ချက်ချင်း ထွက်မသွားခဲ့ပေ။အရာရှိ ဖြစ်စဉ်က ရရှိခဲ့သော ဆန်းကြယ်တောင်ကြား၏ မြေပုံကို အသုံးချကာ စမ်းသပ်ခန်းများဆီသွားပြီး ယူ၍ရသော သလင်းအချက်အလက်များနှင့် ပစ္စည်းများကို သိုလှောင်ခန်းထဲ ထည့်သိမ်းထားတော့သည်။၎င်းတို့သည် ယခုတွင် အသုံးမဝင်သော်လည်း အနာဂတ်တွင် အသုံးဝင်လာနိုင်ပေသည်။

ယူ၍မရသောအရာများနှင့် မပျက်စီးသေးသော စမ်းသပ်ခန်းများကို ချန်လွေ့ကိုယ်တိုင် ဖျက်ဆီးခဲ့သည်။အချို့ရှင်ကျန်သော သုတေသနသမားများ၌ အသိပညာတချို့ ကျန်နေသေးမည်မှာ သေချာသည်။သို့သော်လည်း ယခုတွင် ဆန်းကြယ်တောင်ကြားနှင့် စမ်းသပ်အချက်အလက်အားလုံး ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည်။ထိုစီမံကိန်း တစ်ပိုင်းတစ်စများသည် များများစားစား ဖြစ်စေနိုင်မည် မဟုတ်ပေ။

ချန်လွေ့သည် ဆာဘရီအား မတုံ့မဆိုင်းဘဲ သတ်ပစ်နိုင်သော်လည်း လူတိုင်းကို သတ်သည်အထိ သွေးမဆာနေပေ။ဆရာသခင်တိုတို၏ သေဆုံးခြင်းကိုပင် အကြိမ်ကြိမ် စဉ်းစားပြီးမှသာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဆန်းကြယ်တောင်ကြား ပျက်စီးခြင်းနှင့် ဝါးမျိုခြင်းခန်းမှ မဒမ်နှစ်ယောက်တိုက်ပွဲသည် သလင်းကျောက်တောင်ကြားကို ဖရိုဖရဲ ဖြစ်သွားစေသည်။သလင်းကျောက်သားရဲတွင်းတစ်ခုသာ အတော်လေး တည်ငြိမ်နေ၏။အကြောင်းရင်းမှာ အိပ်မောကျရင်း နလန်ပြန်ထူနေသော ယာကော့ဗ်ဆီသို့ ထိုသတင်း မရောက်‌နိုင်သောကြောင့်ပင်။

ခဏကြာပြီးနောက် ချန်လွေ့၏ တစ္ဆေသဖွယ် ပုံရိပ်သည် “တည်ငြိမ်နေသော” သလင်းကျောက် သားရဲတွင်းမှ ဖျက်ခနဲ ထွက်လာခဲ့သည်။သူသည် အရေးကြီးဆုံးအရာများကို ရယူပြီးပြီ ဖြစ်သည်။သလင်းကျောက်နဂါး၏ လျို့ဝှက်အခန်း၌ ဆရာသခင် “အာသာ” မလေ့လာရ‌သေးသော နဂါးထွင်းစာများစွာ ရှိနေသော်လည်း သလင်းကျောက်နဂါးထက် နဂါးထွင်းစွာ အသိပညာ ပိုကြွယ်ဝသော ချန်လွေ့အဖို့ မခက်ခဲလှပေ။

ပြန်လည်ရှင်သန်ခြင်းရေစင်နှင့် ရှေးမှော်စာများအတွက် ချန်လွေ့သည် အပြောင်းအလဲများကို သေသေချာချာ ပြင်ဆင်ထားခဲ့ပြီးပြီ ဖြစ်သည်။၎င်းမှာ သလင်းကျောက်နဂါး၏ “ ချိုမြိန်သောအိပ်မက် ”ကို မနှောင့်ယှက်ဘဲ သလင်းကျောက်များမှ အထွက်နှုန်းကို ထိန်းထားနိုင်သည့် အမြုတေအဖြစ် မှော်သလင်းကျောက်ဖြင့် ပြုလုပ်ထားသော မှော်စက်ဝိုင်းတစ်ခု ဖြစ်သည်။

ချန်လွေ့၏လက်ထဲ၌ စက်လုံးသဏ္ဍာန် မှော်ပစ္စည်းတစ်ခု ပေါ်ထွကိလာသည်။၎င်းကို ယခင်က ခရစ္စတီးနာ ပေးခဲ့ခြင်း ဖြစ်သည်။ဆာဘရီနာ၏ အဖော်ပြုမှုဖြင့် တောင်ကြားအပြင်ဘက်သို့ ချန်လွေ့ထွက်သွားခဲ့စဉ်က “ ရတနာမုဆိုးများ ” ပိုများလာကြောင်း ချန်လွေ့ သိလိုက်ရသည်။၎င်းမှာ ဧကရီ ကတ်သရင်းက စီစဉ်ပေးလိုက်ခြင်း ဖြစ်နိုင်ပေသည်။သူသည် အတော်လေး ကောင်းကောင်းမွန်မွန် ပြင်ဆင်ထားခဲ့ပုံရသည်။

သလင်းကျောက်တောင်ကြားကို ဖုံးကွယ်ပေးသော နဂါးထွင်းစာများ ပတ်ပတ်လည်၌ ရှိကြသည်။ချန်လွေ့သည် အားအနည်းဆုံး နေရာသို့ လမ်းလျှောက်သွားလိုက်ပြီး မှော်ပစ္စည်းကို ကြေမွအောင်ပြုလုပ်ကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ထို့နောက် ကောင်းကင်ပေါ်သို့ ထိုးတက်နေသာ ရွှေရောင်အလင်းတန်းကို မြင်လိုက်ရသည်။၎င်းသည် မီးပန်းကဲ့သို့ကင် တလက်လက် တောက်ပနေခဲ့သည်။ခရစ္စတီးနား ပြောသည့်အတိုင်းဆိုလျှင် ထိုအချက်ပြသည် အဆက်မပြတ် ပေါက်ကွဲပြီး ဆယ်မိနစ်ခန့် ပျံ့နှံ့သွားပြီ ဖြစ်သည်။၎င်းကို ကီလိုမီတာ ရာနှင့်ချီမှ မြင်နိုင်ပေသည်။

သို့သော် ထိုအချိန်၌ ရုတ်တရက် ပြောင်းလဲမှုတစ်ခု ဖြစ်သွားသည်။ရွှေရောင်အလင်းတန်းအပေါ်၌ တိမ်တိုက်တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။“ မီးပန်း ” သည် တစ်ကြိမ်သာ ပေါက်ကွဲရပြီး ထိုတိမ်တိုက်၏ ရစ်ပတ်မှု ခံလိုက်ရကာ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

ရွှေရောင်အချက်ပြကို ဝါးမျိုပြီးနောက် ထိုထူးဆန်းသော တိမ်တိုက်သည် လူသားအသွင် အလျင်အမြန် ပြောင်းလဲသွားသည်။ထင်ယောင်ထင်မှား ဖြစ်နေသကဲ့သို့ပင် ထိုပုံရိပ်သည် ချန်လွေ့ မျက်တောင်ခပ်ပြီးသည်နှင့် အရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။

၎င်းသည် အရပ်မြင့်မြင့် ယောက်ျားတစ်ယောက် ဖြစ်ပြီး ခရမ်းဖျော့ရောင် ဆံပင်တိုတို ရှိသည်။ခန္ဓာကိုယ်အပြည့်အစုံ ရွှေရောင်ချပ်ကာ ဝတ်ဆငိထားပြီး နောက်ဘက်၌ ကြက်သွေးရောင် ဝတ်ရုံတစ်ခု ရှိနေကာ ခန့်ညားနေသည်။

ထိုသူသည် အသက်၃၀ခန့် ရှိနေပုံရသည်။ထိုသူသည် နှစ်မီတာခန့်မြင့်ပြီး မျက်နှာမှာ ဓားသွားကဲ့သို့ ထက်လှသည်။နဖူးရိုး အလွန်သိသာလှပြီး ဖျော့တော့သော ရွှေရောင်မျက်လုံးများသည် လျှပ်စစ်ကဲ့သို့ ကြောက်မက်ဖွယ် အရောင်တောက်မှုကို ပေါ်လွင်စေသည်။

[ သရုပ်ခွဲမျက်လုံး ] ၌ အောက်ပါအတိုင်း ပြသသည်။

မျိုးနွယ် - အစားကြူတော်ဝင်မိသားစု။

စွမ်းအားအကဲဖြတ်မှု - မဆုံးဖြတ်နိုင်။

ဘယ်ဇီဘတ် တော်ဝင်မိသားစု။ ဒီလောက်စွမ်းအားဆိုတော့။ မဟုတ်မှလွဲရော.... အဇ်ဂါလောများလား။

အဇ်ဂါလောက သလင်းကျောက်တောင်ကြား‌ဆီ ဘာလို့ပြန်လာရတာလဲ။ ဆာဘရီနာတောင် ဒီသတင်းကို မသိဘူး။

နတ်ဆိုးဧကရာဇ်အဆင့်ကို ရင်ဆိုင်ရာ၌ လက်ရှိ [ မီးသင့်နဂါး ဝင်စီးခြင်း ] အခြေအနေဖြင့် ထွက်ပြေးရန် အခွင့်အရေး ရှိနိုင်သေးသည်။သို့သော် နတ်‌ဆိုးဧကရာဇ်တစ်ယောက်ကို ရင်ဆိုင်သည့်အခါ အခွင့်အရေး လုံးဝမရှိနိုင်ပေ။ယခုတွင် ချန်လွေ့သည် ယခင်ကမဖြစ်ခဲ့ဖူးသော ကပ်ဘေးတစ်ခုထဲ ရောက်ရှိနေပြီ ဖြစ်သည်။

ချန်လွေ့၏ မျက်နှာအမူအရာ ကြီးကြီးမားမား ပြောင်းလဲသွားခဲ့သည်။၎င်းမှာ နတ်ဆိုးအရှင်သခင်အဆင့် အဇ်ဂါလော ပေါ်ထွက်လာခြင်းကြောင့်သာ မဟုတ်ဘဲ သူ၏လက်ထဲရှိ ဖရီယာနှင့် ဖာတီလု တို့ကြောင့်လည်း ဖြစ်ပေသည်။

All Chapters