← Chapters

ဘယ်ဇီဘတ်ဘုရင် အဇ်ဂါလော

Vol. 20 Ch. 293

ဘယ်ဇီဘတ်ဘုရင် အဇ်ဂါလော

Vol. 20 Ch. 293

ချန်လွေ့ ရင်မောသွား၏။ ဖာတီလုက ဖရီယာကို တောင်ကြားကနေ ခေါ်ထုတ်သွား ပြီးတော့ သွေးရောင်နွယ်မြို့ဆီ သွားလိုက်ပြီ မဟုတ်လား။သူတို့ကဘာလို့ အဇ်ဂါလောရဲ့ လက်ထဲကို ရောက်သွားတာလဲ။

အဇ်ဂါလောက ပတ်ပတ်လည်မှ ဖရိုဖရဲဖြစ်နေသော မြင်ကွင်းကို တစ်ချက်ကြည့်ပြီးနောက် လက်ထဲမှ ဖရီယာနှင့် ဖာတီလုတို့ကို ပစ်ချလိုက်သည်။သူ၏မျက်လုံးထဲမှ ခြိမ်းခြောက်သော အလင်းရောင်သည် အလွန်ပြင်းထန်နေ၏။

“ မင်းက ဘယ်သူလဲ။ ”

ချန်လွေ့ အမြန်စဉ်းစားလိုက်သည်။ ခုနက ငါ အချက်ပြမီးတောက် ပစ်လွှတ်တာကို အဇ်ဂါလော မြင်သွားပြီးတော့ တားဆီးလိုက်တယ်။ငြင်းဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ပြီးတော့လည်း အချက်ပြက အပြည့်အဝ မလွှတ်ခင်မှာပဲ တားဆီးခံလိုက်ရတာ။ကတ်သရင်းက အဲဒါကို သိလားမသိလားတောင် ငါမသိဘူး။အခုတော့ ငါက ထွက်ပြေးဖို့ပဲ နည်းလမ်းရှာရတော့မယ်။

အဇ်ဂါလော၏မျက်လုံးများ အေးစက်စက် အရောင်လက်သွားသည်။

“ ဖြေမလား။သေမလား။ ”

ချန်လွေ့သည် ကြောက်မက်ဖွယ်ရာ ဖိအားတစ်ခုကို ခံစားလိုက်ရသည်။[ မီးသင့်နဂါး ဝင်စီးခြင်း ] အခြေအနေနှင့် ခန္ဓာကိုယ်ပေါ်ရှိ အဆင်တန်ဆာများဖြင့်ပင် ၎င်းကို ချန်လွေ့ မခုခံနိုင်ဘဲ ခန္ဓာကိုယ် စတင်တုန်လှုပ်လာသည်။ထို့ပြင် ထိုဖိအားသည် အဆက်မပြတ် ပြင်းထန်လာသည်။နေရာပေါင်းစုံမှ ပြင်းထန်သော ဖိအားများသည် ချန်လွေ့ကို အသက်ရှူရကြပ်စေသည်။သူသည် အချိန်မရွေး ပြတ်ထွက်သွားနိုင်သည့် ဆွဲဆန့်လွန်းထားသော လေးတစ်ခုကဲ့သို့ ခံစားနေရသည်။

ဒဏ္ဍာရီလာ နတ်ဘုရား နှင့် နတ်ဘုရားတစ်ပိုင်းမှလွဲ၍ နတ်ဆိုးအရှင်သခင်သည် အမှန်တကယ်ပင် နတ်ဆိုးဘုံရှိ အစာကွင်းဆက် ထိပ်ဆုံး၌ဖြစ်သည်။

ဇစ်ဂါလောသည် ချန်လွေ့ ပထမဆုံး ရင်ဆိုင်ရသော နတ်ဆိုးအရှင်သခင် မဟုတ်ပေ။မြေဒြပ်စင်ဘုရင်၊ ဂလော်ဖင်း၊ ခရစ္စတီးနား၊ ကတ်သရင်း၊ ပါ့ဂ်လီအို၊ မာနူနှင့် သလင်းကျောက်နဂါးတို့ကို သူ ယခင်က တွေ့ခဲ့ဖူးသည်။

သို့သော် ဂလော်ဖင်းနှင့် မြေဒြပ်စင်ဘုရင်တို့သည် နှစ်၄၀၀ကျော် ပင်ပန်းနေခဲ့ပြီး အလွန်အမင်း အားနည်းနေပြီဖြစ်သည်။ခရစ္စတီနား၏ [ နိဗ္ဗာန် ] ပါရမီ အဆုံးတွင် ချန်လွေ့ သတိလစ်နေပြီ ဖြစ်သည်။ကတ်သရင်း၏စွမ်းအားကို ချန်လွေ့သည် ယန္တရားပြိုင်ပွဲဖိုင်နယ်၌ ရိပ်ခနဲသာ မြင်ခဲ့ရသည်။ပါ့ဂ်လီအို၏စွမ်းအားသည်လည်း ချိပ်ပိတ် ခံထားရသည်။သလင်းကျောက်နဂါးနှင့် မာနူ တို့မှာမူ စွမ်းအားအစစ်အမှန်ကို ထုတ်မပြသေးပေ။

ယခုမှပင် ချန်လွေ့သည် အမှန်တကယ်ပင် နတ်ဆိုးအရှင်သခင့်အဆင့်ရန်သူ အဇ်ဂါလောကို ရင်ဆိုင်ရခြင်း ဖြစ်ပေသည်။

“ ရစ်ချတ် ”

နောက်‌ဆုံး၌ ချန်လွေ့ပြောလိုက်သည်။စွမ်းအား အလွန်ကွာခြားလှသည့်အတွက် သူသည် ယခုတွင် သေချာပေါက် ယှဉ်နိုင်မည် မဟုတ်ပေ။ထွက်ပြေးဖို့အချိန်ရရန် တိုက်ခိုက်ရပေမည်။ လက်ရှိတွင် ချန်လွေ့သည် ကိုယ့်ကိုယ်ကိုယ် မကယ်တင်နိုင်ပေ။ဖရီယာကိုမူ နောက်မှ လာကယ်၍ ရနိုင်ပေသည်။

ဆန်းကြယ်တောင်ကြားသို့သွားကာ ဆာဘရီနာနှင့် အီဇိုလာတို့ကို မဖြေရှင်းခင် ချန်လွေ့သည် အိပ်မက်ဆိုးတောင်ကြားရှိ စမ်းသပ်ခန်း၌ [ ကြယ်တာရာဂိတ် ] အစွမ်း သုံးထားခဲ့သည်။

[ ကြယ်တာရာဂိတ် ] ( အသုံးချအစွမ်း )

- ကြယ်အမှတ်တစ်ခု မှတ်ထားပြီးနောက် အသုံးပြုသူသည် ကြယ်တာရာကိုဖွင့်ကာ သက်ရောက်မှုရှိသောအဝန်းအဝိုင်းအတွင်း ကြယ်အမှတ်ဆီ ပြန်လာ၍ရ။

- အသုံးပြုသူမှလွဲ၍ အခြားသူများ အသုံးပြု၍မရ။

- ကြယ်အမှတ်သည် တစ်လအထိခံနိုင်ပြီး ပြန်လည်အသုံးပြု၍ရ။

- ကြယ်အမှတ် မှတ်သားလျှင် အရှိန်အဝါ ၁၀၀၀ ကုန်ကျ။

- တစ်ကြိမ်အသုံးပြုလျှင် အရှိန်အဝါ ၅၀၀ ကုန်ကျ။

ကြယ်အမှတ်ကို သလင်းကျောက်တောင်ကြားအပြင်ဘက်ရှိ လျို့ဝှက်နေရာတစ်ခု၌ မှတ်သားထားပြီး ဖြစ်သည်။၎င်းကို လွန်ခဲ့သော သုံးလေးရက်ခန့်၌ ဆာဘရီနာနှင့်အတူ တောင်ကြားအပြင်ထွက်ပြီး နဂါးထွင်းစာ “ သုတေသန ” လုပ်သောအချိန်က မှတ်သားထားခဲ့ခြင်း ဖြစ်သည်။ထိုစဉ်က ချန်လွေ့သည် “သုတေသန” ပြုလုပ်ပြီးနောက် ဆာဘရီနာနှင့်အတူ ချက်ချင်းပြန်လာခဲ့သည့်အတွက် မည်သည်မှ သံသယ မဖြစ်စေခဲ့ပေ။ကံမကောင်းစွာပင် [ ကြယ်တာရာဂိတ် ] ကို အသုံးပြုသူ တစ်ယောက်တည်းသာ အသုံးပြုနိုင်ပေသည်။ထို့ကြောင့် သူသည် ဖရီယာနှင့် ဖာတီလုကို ချန်ထားခဲ့ရမည် ဖြစ်သည်။

၎င်းသည် စမ်းသပ်ခန်းနှင့် သိပ်ပြီး မဝေးလှပေ။အမြန်လမ်းလျှောက်လျှင် ခဏလေးနှင့်ရောက်သည်။သို့သော်လည်း ထိုကဲ့သို့ “နီးကပ်သော” အကွာအဝေးသည် ယခုတွင် အမှန်တကယ်ပင် ကမ္ဘာခြားနေပြီး အဇ်ဂါလောက သူ့ကို အကြိမ်ထောင်ချီသတ်ရန် လုံလောက်သည်။

ထို့ကြောင့် ချန်လွေ့သည် မဆင်မခြင် ပြုလုပ်၍ မရပေ။သူ၏နောက်ဆုံးအားကိုးရာကိုလည်း အဇ်ဂါလော ရှာတွေ့သွား၍ မဖြစ်ပေ။သလင်းကျောက်တောင်ကြားကို နဂါးထွင်းစာများဖြင့် ဖုံးလွှမ်းထားသောကြောင့် “ အမှောင်ဆန္ဒ ” သည် အလွန် အသုံးမဝင်ပေ။ချန်လွေ့ တယ်လီပို့ခုန်နိုင်သော အကွာအဝေးနှင့် တည်နေရာမှာ ကြီးကြီးမားမား ကန့်သတ်ချက်ရှိလေသည်။ထို့ပြင် သူ တယ်လီပို့ခုန်နိုင်သည့်တိုင် နတ်ဆိုးအရှင်သခင်၏ စွမ်းအားကို ရင်ဆိုင်ရာ၌ အလုပ်ဖြစ်မည် မဟုတ်ပေ။

ရှီလန်တောင် မြေအောက်လာက၌ “အမှောင်ဆန္ဒ”သည် ဂလော်ဖင်း၏ ပိုင်နက်ထဲ၌ အလုပ်မလုပ်ကြောင်း ချန်လွေ့ မှတ်မိလိုက်သည်။ဘရော့ခ်တွင်ပင် ထိုလက်စွပ်၏ တယ်လီပို့ခုန်ခြင်းစွမ်းရည်ကို ကန့်သတ်နိုင်သည့် အစွမ်းရှိသည်။

“ ရစ်ချတ်။ဟုတ်လား။ဆန်းကြယ်တောင်ကြား ဖရိုဖရဲဖြစ်အောင် လုပ်ခဲ့တာ မင်းပဲဖြစ်မယ်။ဟုတ်တယ်မလား။ပြီးတော့ မင်းကိုယ်ပေါ်က သွေးက... ဆာဘရီနာရဲ့ သွေးအနံ့လိုပဲ။ ”

အဇ်ဂါလော၏အကြည့်၌ အေးစက်သော သတ်ဖြတ်ချင်စိတ်များ ပါဝင်လာပြီး ချန်လွေ့ကို စူးစိုက်ကြည့်လိုက်သည်။

“ အီဇိုလာနဲ့ ဆာဘရီနာရဲ့ အသက်မီးတောက် ပျောက်ကွယ်သွားတယ်လို့ ခံစားလိုက်ရတာ ဒါကြောင်းကိုး။သူတို့နှစ်ယောက်က မင်းရဲ့လက်ထဲမှာ သေသွားကြတာလား။ ”

ချန်လွေ့ အံ့အားသင့်သွားသည်။အဇ်ဂါလော၌ ထိုကဲ့သို့ လျို့ဝှက် အာရုံခံပညာရပ် ရှိနေလိမ့်မည်ဟု သူလုံးဝ မထင်ထားခဲ့ပေ။ သွားပြီ။သူ့မိန်းမ နှစ်ယောက်လုံးကို ငါသတ်ပစ်လိုက်တာ သိသွားတော့ ငါ့ကိုချက်ချင်း သတ်ပစ်လောက်တယ်။ ချန်လွေ့၏ နောက်တွင်ကွယ်ထားသောလက်ထဲ၌ ရွှေရောင်အရုပ်သေးလေးတစ်ခု ရှိနေပြီဖြစ်သည်။၎င်းသည် ခရစ္စတီးနား ပေးထားခဲ့သော [ စစ်ရုပ်သေး ] ပင် ဖြစ်လေသည်။

ဒီရုပ်သေးက အဇ်ဂါလောရဲ့တိုက်ခိုက်မှုကို ခုခံနိုင်မှာလား။တခြားနည်းလမ်း မရှိတော့ဘူး။ ဒါကိုပဲ ငါလောင်းကြေးထပ်ရတော့မယ်။

ဖာတီလုနှင့် ဖရီယာတို့သည် မြေပြင်၌ မလှုပ်နိုင်ကြသော်လည်း သတိရှိနေကြသေးသည်။ဖာတီလု အဆင်ပြေနေဆဲ ဖြစ်သည်။သို့သော် ဆာဘရီနာ သေဆုံးသွားကြောင်း ကြားလိုက်ရာ ဖရီယာ အလွန်အံ့အားသင့်သွားခဲ့သည်။ ဒါကြောင့် ငါ့ကိုဖိနှိပ်နေတဲ့ [ ဝိညာဉ်လက်ထိပ် ] က ရုတ်တရက် ပျောက်ကွယ်သွားတာကိုး။ ဆရာသခင် “အာသာ”က ခီရာကို ကူညီပြီးတော့ [ ဝိညာဉ်လက်ထိပ် ] ကို ဖယ်ရှားပေးမယ်လို့ အရင်က ပြောခဲ့ဖူးတယ်။ဒါပေမဲ့ ဆာဘရီနာကို သတ်လိုက်မယ်လို့ ငါမထင်ထားခဲ့ဘူး။ဒီသူစိမ်းက ဆာဘရီနာကို သတ်လိုက်တယ်လို့ အဇ်ဂါလော ပြောတယ်ဆိုတော့ ဒီလူနဲ့ ဆရာသခင် “အာသာ”တို့က.....

သို့သော် ထိုသတ်ဖြတ်ချင်စိတ်သည် တဖြည်းဖြည်း ရုပ်သိမ်းသွားသည်။ထို့နောက် အဇ်ဂါလော ပြောသည်ကို ကြားလိုက်ရသည်။

“ ငါမင်းကို အသက်ရှင်ခွင့် ပေးနိုင်တယ်။ ”

ချန်လွေ့သည် ရွှေရုပ်သေးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ သူက သူ့မိန်းမတွေ သေသွားတာကို လက်စားချေဖို့ မရွေးချယ်ဘူးလား။

“ မင်းရဲ့အသက်ကို တန်ဖိုးညီမျှတဲ့ တစ်ခုခုနဲ့ လဲလှယ်ရမယ်။ဥပမာ.... ”

အဇ်ဂါလော၏မျက်လုံးသည် မြေပေါ်သို့ ဖာတီလုပေါ်သို့ ရောက်ရှိသွားသည်။

“ နတ်ဘုရား-ဝါးမျို မျက်နှာဖုံးပေါ့။ ”

နတ်ဘုရား-ဝါးမျို မျက်နှာဖုံးမှ [ ရုပ်သေးပညာ ] ကို အမှန်တကယ်ပင် အဇ်ဂါလောထံမှ မဖုံးကွယ်ထားနိုင်ခဲ့ပေ။သူက [ ရုပ်သေးပညာ ] သည် ပြန်ပြောင်း၍မရကြောင်းကို သိပြီးပြီ ဖြစ်နိုင်သည်။သူသည် မိန်းမနှစ်ယောက်နှင့်သမီး၏ သေဆုံးခြင်းအတွက် လက်စားချေရပေမည်။ချန်လွေ့ အလျင်အမြန်စဉ်းစားပြီး ခေါင်းခါလိုက်သည်။

“ ခင်ဗျားပြောတာ ကျုပ်နားမလည်ဘူး။ ”

ထိုစကားဆုံးသွားသည်နှင့် ချန်လွေ့၏ပတ်လည်မှ ကြောက်မက်ဖွယ်ရာဖိအား ရုတ်တရက် တိုးသွားသည်။ချန်လွေ့သည် ခန္ဓာကိုယ်ထဲမှ သွေးကြောများ ပေါက်ထွက်တော့မတတ် ခံစားနေရသည်။အချိန်အကန့်အသတ်အတွင်း ရှိနေသေးသော [ ကြယ်နက်ပိုင်နက် ] ပြန်ပေါ်ထွက်လာပြန်သည်။ချက်ချင်းပင် ဖိအားသည် သိသိသာသာ လျော့ကျသွားခဲ့သည်။

အဇ်ဂါလော အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ ဒီပိုင်နက်က နည်းနည်းထူးဆန်းတယ်။ငါ့ရဲ့ နတ်ဆိုးအရှင်သခင်အဆင့် စွမ်းအားနဲ့တောင် လုံးဝ မဖိနှိပ်နိုင်ဘူး။နတ်‌ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်း ( တကယ်တော့ အထင်မှားတာ ) လို့ ပြောလို့ရတဲ့ ဒီကောင်မှာ ဒီလိုထူးဆန်းသော ပိုင်နက်ရှိတယ်ဆိုတော့ သူ့ရဲ့အလားအလာ ထူးခြားလောက်တယ်။

“ ငါ [ ရုပ်သေးပညာ ] ကို လေ့လာနေတာ နှစ်ပေါင်း၂၀၀ကျော်ပြီ။ရုပ်သေးတွေ မရေတွက်နိုင်အောင် လုပ်ခဲ့တယ်။ဒါပေမဲ့ အများစုက ကျဆုံးခဲ့တယ်။ အသိစိတ် ရှိနေပြီးတော့ သစ္စာဖောက်နိုင်ချေ လုံးဝမရှိဘဲနဲ့ သခင်ရဲ့အမိန့်အားလုံးကို နာခံတဲ့ ဒီလိုရုပ်သေးမျိုး...... ”

အဇ်ဂါလောက ဖာတီလုကို စိုက်ကြည့်နေသည်။သူ၏ထူးဆန်းသောအကြည့်သည် သမီးဖြစ်သူကို ကြည့်နေသည်နှင့်မတူဘဲ အဖိုးတန်ရုပ်သေးတစ်ရုပ်ကို ကြည့်နေသကဲ့သို့ပင် ဖြစ်သည်။

“ ဒါလိုပြီးပြည့်စုံတဲ့ရုပ်သေးမျိုးကို ဒီလောကမှာ နတ်ဘုရား-ဝါးမျို မျက်နှာဖုံးအပြင် တခြားဘာကမှမလုပ်နိုင်ဘူး။ ”

“ ကျုပ်မှာ နတ်ဘုရား-ဝါးမျို မျက်နှာဖုံး ရှိပြီးတော့ အသုံးပြုနိုင်ရန် ဘယ်ဇီဘတ်တော်ဝင်မိသားစုမှာ ကျုပ်ရဲ့အဆင့်အတန်းကို အတည်ပြုလို့ ရနိုင်မလား။ ”

ချန်လွေ့ အလျင်အမြန် စဉ်းစားလိုက်သည်။ထို့နောက် [ မြေတံတိုင်း ] ၊ [ မြေဆူးချွန် ] ၊ [ မြေဆွဲအား ] စသည့် ‌မှော်အစွမ်းများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။၎င်းတို့ကို မန္တန်မရွတ်ဘဲ အသုံးပြုခဲ့ခြင်းဖြစ်ပြီး အဇ်ဂါလောအား ဘယ်ဇီဘတ်တော်ဝင်မိသားစု၏ ကျွမ်းကျင်မှုတစ်ခုကို သက်သေပြခြင်း ဖြစ်သည်။

“ သေချာတာတော့..... ”

အဇ်ဂါလော၏မျက်လုံးများ၌ အေးစက်မှုနှင့် တယူသန်တက်ကြွမှုများ ရောယှက်သွား၏။

“ ဒါပေမဲ့ အသုံးမဝင်ဘူး။မင်းက ဘယ်သူပဲဖြစ်ဖြစ်၊ မင်းအဖေက ဘယ်သူပဲဖြစ်ဖြစ်၊ မင်းက မျက်နှာဖုံးရဲ့ အသိအမှတ်ပြုတာကို ခံထားရတာပဲဖြစ်ဖြစ်၊ ဘယ်ဇီဘတ်ဘုရင်က အမြဲတမ်းတစ်ယောက်ပဲ ရှိတယ်။အဲဒါကလည်း ငါပဲ။နတ်ဘုရား-ဝါးမျို မျက်နှာဖုံးနဲ့ အညံ့ခံတာအပြင် မင်းအသက်ရှင်ဖို့ တခြားဘာနည်းမှ မရှိဘူး။ ”

“ ဘဝမှာ မျှော်လင့်ချက်ဆိုတာ ရှိတယ်။ ”

ချန်လွေ့က စဉ်းစားနေဟန် ပြုလုပ်လိုက်သည်။

“ ကျုပ်ခင်ဗျားကို ကတိပေးတယ်။ဒါပေမဲ့ မျက်နှာဖုံးက ကျုပ်နဲ့တူတူ ရှိမနေဘူး။အခြေအနေ အသေးစိတ်ကို ကျုပ်တို့ပြောလို့ရမလား။ ”

“ မင်းက လျို့ဝှက်ကြံစည်ရတာ သဘောတူတဲ့သူဆိုတာ ငါသိတယ်။ ”

အဇ်ဂါလော၏လေသံ ပို၍ကြက်သီးထစရာ ကောင်းလာသည်။

“ ဒါပေမဲ့ ငါက အဲဒီလောက် စိတ်မရှည်ဘူး။ပြတ်သားတာကို လုပ်ရပ်နဲ့ သက်သေပြတာကို ငါပိုသဘောကျတယ်။ ”

ထိုသို့ပြောလိုက်သည်နှင့် ဖာတီလုနှင့် ဖရီယာတို့၏ ခန္ဓာကိုယ်များ လေပေါ်သို့ မြောက်တက်လာသည်။ ထို့နောက် ချက်ချင်းပင် ဖာတီလု၏ ခန္ဓာကိုယ် ပြင်းပြင်းထန်ထန် တုန်ခါလာသည်။

“ ဖောင်း ”

ဖာတီလု၏ခန္ဓာကိုယ် ပေါက်ကွဲထွက်သွားပြီး အစအနပင် မကျန်တော့ချေ။

ချန်လွေ့၏မျက်လုံးများ ကျုံ့သွားသည်။ သူက ရုပ်သေးဆိုရင်တောင် ခင်ဗျားရဲ့သမီး ဖြစ်နေတုန်းပဲလေ။အဇ်ဂါလောက တကယ်ကြီးပဲ ဖာတီလုကို မတုံ့ဆိုင်းဘဲ သတ်ပစ်လိုက်တယ်။

“ သူက လီဗျာသန်တော်ဝင်မိသားစုဆိုတော့ ပြောစရာတောင်မလိုဘူး။သူက ဘယ်ဇီဘတ် တော်ဝင်မိသားစုဆိုလည်း အသုံးမဝင်ပါဘူး။သူက မင်းရဲ့ရုပ်သေးဖြစ်သွားပြီ‌ဆိုတော့ ဘာမှတန်ဖိုး မရှိတော့ဘူး.....။ငါရဲ့ပြတ်သားမှုကို ပြသဖို့အတွက်ပဲ သူက တန်ဖိုးရှိတယ်လို့ ပြောရမလားဘဲ။ ”

အဇ်ဂါလော၏မျက်လုံးများ ဖရီယာပေါ်သို့ ကျရောက်သွားသည်။

“ ဒီမိန်းမက ရုပ်သေးမဟုတ်ဘူး။ဒါပေမဲ့ မင်းက သူ့ကိုခေါ်ထုတ်သွားဖို့ ရုပ်သေးကို ခိုင်းခဲ့တယ်။သူက မင်းအတွက် အဖိုးတန်မှာပဲ။ငါ သက်သေပြရဦးမလား။ ”

“ မလိုတော့ဘူး။ ”

ချန်လွေ့ ရင်မောသွားသည်။အဇ်ဂါလော၏ ရက်စက်မှုသည် မျှော်မှန်းထားသည်ထက် ကျော်လွန်နေသည်။သူသည် နတ်ဘုရား-ဝါးမျို မျက်နှာဖုံးအတွက် မိန်းမနှင့်သမီးအတွက် လက်စားချေရန်ကိုပင် လက်လျှော့နိုင်သည်။သူသည် သမီးဖြစ်သူကိုပင် ကိုယ်တိုင်သတ်ပစ်ခဲ့သည်။အကယ်၍ ချန်လွေ့က ဂလော်ဖင်းနှင့် သက်ဆိုင်ကြောင်း လိမ်ညာခဲ့လျှင်ပင် ထွက်ပြေးရန် ခက်ခဲနိုင်သေးသည်။

လက်ရှိအခြေအနေအရ ဖရီယာကို ခေါ်သွားရန်အတွက် နတ်ဘုရား-ဝါးမျို မျက်နှာဖုံးကို အသုံးချခြင်းသည် မဖြစ်နိုင်တော့ပေ။အဇ်ဂါလောသည် မျက်နှာဖုံးရပြီးပြီးချင်း သူတို့ကို သေချာပေါက် သတ်ပစ်မည် ဖြစ်သည်။ထို့ပြင် မျက်နှာဖုံးသည် စူပါစနစ်နှင့် ပေါင်းစပ်နေပြီး မည်သို့ချွတ်ရမည်ကို ချန်လွေ့ မသိသေးပေ။

“ ကျုပ် စဉ်းစားလို့ရမလား။ ”

ချန်လွေ့ တည်ကြည်သွားပြီးနောက် ဖရီယာကို တစ်ချက်ကြည့်လိုက်သည်။

“ ဒီအမျိုးသမီးက တကယ်ပဲ ကျုပ်အတွက် နည်းနည်း တန်ဖိုးရှိတယ်။ဒါပေမဲ့ ကျုပ်ရဲ့အသက်နဲ့ယှဉ်ရင်တော့ သူက အသေးအဖွဲပဲ။ဒါပေမဲ့....နတ်ဘုရား-ဝါးမျို မျက်နှာဖုံး....အဲဒါက ကျုပ်တို့အတွက် ဘာလဲ‌ဆိုတာ ခင်ဗျားလည်း သိပါတယ်။ဒီလိုနေရာမျိုးကို ကျုပ်ယူလာဖို့ မဖြစ်နိုင်ဘူး။ဒါပေမဲ့ အဆောင်ပစ္စည်း ဘယ်မှာရှိလဲဆိုတာ ကျုပ်ခင်ဗျားကို ပြောပြလို့ရတယ်။ ”

“ တစ်မိနစ် ရမယ်။ ”

အဇ်ဂါလောသည် ချန်လွေ့အား စကားပြောကောင်းခြင်းကို အသုံးပြုရန် အချိန်မပေးခဲ့ပေ။

ချန်လွေ့ ကြန့်ကြာနေ၍ မရတော့ပေ။သူ ပင့်သက်ရှိုက်လိုက်သည်။ရုတ်တရက် နောက်ဘက်ရှိ သူ၏လက်ထဲ၌ တစ်စုံတစ်ခု ရှိနေသည်။သလင်းကျောက်လူသား အများအပြားက သူတို့အနားသို့ ချဉ်းကပ်လာကြခြင်း ဖြစ်သည်။

အဇ်ဂါလောက အသာလေး မျက်ခုံးပင့်လိုက်သည်။

“ မင်းရဲ့လက်ထဲမှာ ရုပ်သေးနှလုံးသား ရှိနေလိမ့်မယ်လို့ ငါလုံးဝ မထင်ထားခဲ့ဘူး။မင်းရဲ့အဖြေကို ငါသိပြီးလောက်ပြီ ထင်တယ်။ ”

“ မလောပါနဲ့။တစ်မိနစ်တောင် မပြည့်သေးဘူး။နတ်ဆိုးအရှင်သခင်တစ်ယောက်ရဲ့ စွမ်းအားကို ကျုပ်အရင် စမ်းသပ်ကြည့်ချင်တယ်။ ”

ချန်လွေ့ စိတ်ပိုင်းဖြတ်လိုက်သည်။သလင်းကျောက်လူသားများက အဇ်ဂါလောဆီ ပြေးဝင်သွားကြပြီး ချန်လွေ့က ထွက်ပြေးရန် ပြင်လိုက်သည်။အဇ်ဂါလောသည် သူ့ဆီပြေးဝင်လာသော သလင်းကျောက်လူသားများကိုပင် မကြည့်ခဲ့ပေ။သူသည် လက်တစ်ချောင်း ဆန့်တန်းပြီး စက်ဝိုင်းပုံဆွဲလိုက်သည်။အားတစ်ခု၏ သက်ရောက်မှုအောက်တွင် မြေပေါ်၌ ဖျော့တော့သော အငွေ့လှိုင်းတစ်ခု ပျံ့နှံ့လာသည်။ထိုအားစက်ကွင်းသည် ခြောက်ကပ်ကပ်နှင့် အန္တရာယ်မရှိသလိုပင် ဖြစ်နေသည်။သို့သော်လည်း ထိုအဝန်းအဝိုင်းအတွင်းရှိ သလင်းကျောက်လူသားများ၏ လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့သည်။မျက်စိတစ်မှိတ်နီးပါး အတွင်းမှာပင် သလင်းကျောက်လူသားအားလုံး တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားကြသည်။

ချန်လွေ့ စိတ်ထဲ၌ အံ့အားသင့်သွားသည်။ထိုသလင်းကျောက်လူသားများထဲမှ နှစ်ယောက်သည် ခေါင်းဆောင်အဆင့်ဖြစ်ပြီး မဟာနတ်ဆိုးဘုရင်များ ဖြစ်ကြသည်။သူတို့သည် လက်တစ်ချောင်းတည်းဖြင့် ချက်ချင်း အသတ်ခံလိုက်ရမည်ဟု ချန်လွေ့ မထင်မှတ်ထားခဲ့ပေ။အဇ်ဂါလော၏ မျက်လုံးများသည် ချန်လွေ့ကိုသာ တင်းတင်းကြပ်ကြပ် စိုက်ကြည့်နေခဲ့သည်။ထိုကဲ့သို့ ပုံသဏ္ဍာန်မဲ့ ဖိအားသည် ချန်လွေ့အား အဇ်ဂါလောကို အရှုံးပေးလုနီးပါး ဖြစ်သွားခဲ့သည်။

နတ်ဘုရား-ဝါးမျို မျက်နှာဖုံးသည် အလွန်အရေးကြီးလှပေသည်။ထိုရန်သူသည် နတ်ဆိုးဧကရာဇ်အဆင့်သာ ဖြစ်သော်လည်း ဆန်းကြယ်တောင်ကြား၏ “ရလာဒ်များ”အပါအဝင် နတ်ဆိုးဘုံ၌ ကိုယ့်ကိုယ်ကိုယ် ‌ဖျက်ဆီးသော လျို့ဝှက်ပညာရပ်များစွာရှိသည့်အတွက် အသေခံရန် ဆုံးဖြတ်ထားခဲ့လျှင် အလကား ဖြစ်သွားပေမည်။

ရန်သူ၏ ခေါင်းခါသော ခုခံမှုကိုမြင်ရသည့်အတွက် ချန်လွေ့၏ အတင်းခြိမ်းခြောက်ပြီး အဆောင်ပစ္စည်း၏နေရာကို သိလိုသော အတွေးများ ပျောက်ကွယ်သွားသည်။သူသည် ချန်လွေ့အား အလျင်အမြန်သာ ဖမ်းဆီးရတော့သည်။

အဇ်ဂါလော ဆုံးဖြတ်ချက် ချလိုက်ပြီး မြေပေါ်တွင် လဲကျနေသာ ဖရီယာကို လျစ်လျူရှုလိုက်သည်။သူ၏ခန္ဓာကိုယ် ဖျပ်ခနဲပျောက်သွားပြီး ချန်လွေ့ အရှေ့၌ ချက်ချင်းပေါ်ထွက်လာကာ ချန်လွေ့ကို ဖမ်းဆုပ်လိုက်သည်။ချန်လွေ့က ပတ်ဝန်းကျင်လေဟာနယ် ပျက်ယွင်းသွားကြောင်း ခံစားလိုက်ရပြီး ခန္ဓာကိုယ်ကို လုံးဝလှုပ်ရှား၍မရတော့ပေ။ကံကောင်းစွာပင် ချန်လွေ့သည် ခုနက ဆာဘရီနာနှင့်တိုက်ခိုက်စဉ်က [ တယ်လီပို့ခုန်ခြင်း ] ကို အသုံးမပြုခဲ့ပေ။သူချက်ချင်းပင် စိတ်ပိုင်းဖြတ်ပြီး အဝေးတစ်နေရာသို့ တယ်လီပို့ခုန်လိုက်သည်။

အဇ်ဂါလော အံ့ဩသွားပုံရသည်။ထိုဖမ်းဆီးမှုတွင် လျို့ဝှက်ဆန်းကြယ်သော ဥပဒေသစွမ်းအားတချို့ ပါဝင်သည်။မဟာနတ်ဆိုးမိသားစုများမှ ပါရမီရှင်များပင် ၎င်းကို အသုံးမပြုနိုင်ပေ။သို့သော ဤ“ မျိုးနွယ်တူ ”သည် နတ်‌ဆိုးအရှင်သခင်၏ ဥပဒေသကို ကျော်လွှားပြီး ဘေးကင်းသောနေရာသို့ တယ်လီပို့ခုန်နိုင်သည့် သန္ဓေပြောင်းပါရမီတစ်ခု အမှန်တကယ် ရှိနေသည်။

သူ အံ့ဩသွားသော်လည်း စွမ်းအားကွဲခြားမှုမှာ အလွန်ကြီးမားနေသေးသည်။ အဇ်ဂါလောသည် ရစ်ချတ် ဘယ်ဇီဘတ်အား အလွယ်တကူ ဖမ်း‌ဆီးရန် လုံးဝယုံကြည်ချင် ရှိနေဆဲပင် ဖြစ်သည်။

ဘယ်လိုပဲဖြစ်ဖြစ် အစားကြူးတော်ဝင်မိသားစုမှာ ဘုရင်တစ်ယောက်ပဲရှိရမယ်။ အဆောင်ပစ္စည်းရဲ့ ပိုင်ရှင်ကလည်း အဇ်ဂါလော ဘယ်ဇီဘတ် ဆိုတဲ့ ငါပဲ ဖြစ်ရမယ်။

ချန်လွေ့ တယ်လီပို့ခုန်သွားသော ဦးတည်ဘက်သည် အိပ်မက်ဆိုးတောင်ကြား ဖြစ်သည်။[ မီးသင့်နဂါး ဝင်စီးခြင်း ] အခြေအနေ၌ တယ်လီပို့ခုန်သော အကွာအဝေးမှာ သာမန်အခြေအနေထက် ပိုဝေးသော်လည်း အိပ်မက်ဆိုးတောင်ကြားရှိ စမ်းသပ်ခန်းနှင့် အတော်လေး ဝေးနေသေးသည်။စမ်းသပ်ခန်းထဲရှိ [ ကြယ်တာရာဂိတ် ] ထဲသို့ ချန်လွေ့ ဝင်လိုက်သည်နှင့် အန္တရာယ်မှ လွတ်မြောက်သွားမည်မှာ အသေအချာပင် ဖြစ်သည်။

ယခုအချိန်တွင် ဖရီယာအတွက် ချန်လွေ့ ဘာမျှလုပ်ပေး၍ မရနိုင်ပေ။သို့သော် ချန်လွေ့က ဖရီယာသည် မိမိအတွက် အဖိုးတန်ကြောင်း ပြောခဲ့ပြီးပြီ ဖြစ်သည်။ချန်လွေ့သာ အောင်အောင်မြင်မြင် လွတ်မြောက်သွားခဲ့လျှင် အဇ်ဂါလောသည် နတ်ဘုရား-ဝါးမျို မျက်နှာဖုံးအတွက် ဖရီယာကို အသက်ရှင်ခွင့် ပေးထားမည်မှာ သေချာသည်။

ချန်လွေ့ အဖမ်းခံရလျှင် ဖရီယာ သေသွားနိုင်လောက်သည်။

[ တယ်လီပို့ခုန်ခြင်း ] တစ်ခုတည်းကိုသာ ချန်လွေ့ အမှီပြုရန် ပန်းတိုင်နေရာသို့ သေချာပေါက် အရောက်သွားနိုင်မည် မဟုတ်ပေ။ထိုခရီးသည် အမှန်တကယ်ပင် သေခြင်းတရားနှင့် အပြေးပြိုင်နေခြင်း ဖြစ်ပေသည်။

အဇ်ဂါလောသည် ချန်လွေ့၏ တယ်လီပို့ခုန်သည့် အကွာအဝေးကို ခြေတစ်လှမ်းဖြင့် လိုက်မှီသွားခဲ့သည်။သို့သော် ရန်သူ၏ ဥပဒေသကို ဆန့်ကျင်သော [ တယ်လီပို့ခုန်ခြင်း ] ပြန်လည်ဖြစ်ပေါ်သွားသည်။ထိုသူသည် အဇ်ဂါလော၏လက်ထဲမှ လွတ်မြောက်သွားပြန်သည်။

“ စိတ်ဝင်စားစရာပဲ။ ”

အဇ်ဂါလော တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။သူ၏ရင်ဘတ်ထဲရှိ သတ်ဖြတ်ချင်စိတ်မှာမူ ပို၍ပြင်းထန်လာသည်။ လျို့ဝှက်ဆန်းကြယ်တဲ့အစွမ်းတွေ၊ ကြီးမားတဲ့ အလားအလာနဲ့ ထူးခြားတဲ့ “သရုပ်” တစ်ခု....။ ဒီလူကို အသက်ရှင်ခွင့် ပေးလို့မဖြစ်ဘူး။မဟုတ်ရင် သူက ဘယ်ဇီဘတ် တော်ဝင်မိသားစုကို ငါလွှမ်းမိုးချုပ်ကိုင်ဖို့အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်တယ်။

ချန်လွေ့က မိမိသည် ဘယ်ဇီဘတ်ဘုရင်၏ အကြီးမားဆုံးပစ်မှတ် ဖြစ်သွားကြောင်း မသိခဲ့ပေ။အမှန်တကယ်၌ ချန်လွေ့သည် [ တယ်လီပို့ခုန်ခြင်း ] နှစ်ခုလုံးကို ခပ်မြန်မြန် အသုံးမပြုချင်ခဲ့ပေ။သို့သော် ရန်သူ၏လှုပ်ရှားမှုမှ ဖိအားသည် ကြီးမားလွန်းလှသည့်အတွက် ရွေးစရာမရှိခဲ့ပေ။သူသာ တစ်က္ကန့်နောက်ကျသွားလျှင် အဖမ်းခံရနိုင်ပေသည်။

ယခုတွင် သူ၏ [ တယ်လီပို့ခုန်ခြင်း ] နှစ်ခုစလုံး အသုံးပြီးပြီ ဖြစ်သည်။ချန်လွေ့သည် ချက်ချင်းပင် မစဉ်းစားတော့ဘဲ ခရစ္စတီးနား ပေးထားခဲ့သော ရွှေရောင် [ စစ်ရုပ်သေး ] ထဲသို့ စွမ်းအားအနည်းငယ် ပေါင်းထည့်ကာ အဇ်ဂါလောထံ ပစ်ထည့်လိုက်သည်။

ရွှေရောင်အလင်းတန်း ရောက်လာသည်ကို အဇ်ဂါလော ခံစားမိလိုက်သည်။သူက ၎င်းကို ရိုးရိုးရှင်းရှင်း လက်ဖြင့်ကာရန်ပြင်လိုက်စဉ် ရုတ်တရက် သတိဖြစ်သွားသည်။သူ ချက်ချင်းပျောက်ကွယ်သွားပြီး ရှောင်တိမ်းလိုက်၏။ထို့နောက်တွင် ရွှေရောင်အလင်းတန်းသည် နှစ်မီတာခန့်မြင့်သော လူအသွင်သို့ပြောင်းသွားကာ အဇ်ဂါလောအား တိုက်ခိုက်တော့သည်။

ချန်လွေ့သည် ကြေး [ စစ်ရုပ်သေး ] ကို ကာမတော်ဝင်မိသားစုဝင်များဖြစ်ကြသော ခရစ္စတီးနားနှင့် ကာဆဲလက်စ်တို့ထံမှ တွေ့ခဲ့ရဖူးသည်။၎င်းတို့သည် အရွယ်အစားကြီးမားကာ အနည်းဆုံး ၅မီတာခန့်မြင့်သည်။ထိုရွှေရုပ်သေးသည် အတော်လေး သေးငယ်ပုံရသည်။၎င်းသည် တကယ့်လူပုံ သဏ္ဍာန်နှင့် အတော်လေးဆင်တူသည်။၎င်း၏မျက်လုံးများမှပင် အ‌နီရောင်ဖျော့ဖျော့ လင်းလက်နေသည်။သို့သော် ကျန်ရှိသည့် မျက်နှာအသွင်အပြင်များမှာ အလွန် မထင်ရှားလှပေ။၎င်း၏ခန္ဓာကိုယ်ပေါ်၌ ထူးဆန်းသော ပုံစံကွက်များလည်း ထွင်းထား၏။

“ ရွှေရုပ်သေး။ ”

အဇ်ဂါလော လွှတ်ခနဲ ပြောလိုက်သည်။သူသည် ဗဟုသုတကြွယ်ဝသူတစ်ယောက် ဖြစ်သည်။ရွှေရုပ်သေးသည် အက်စ်မိုဒက်စ် မိသားစုမှ [ စစ်ရုပ်သေး ] ၏ အမြင့်ဆုံးအဆင့်ဖြစ်သည်။၎င်းတွင် နတ်ဆိုးအရှင်သခင်နှင့်ညီမျှသော တိုက်ခိုက်ရေး စွမ်းအားရှိသည်။ထို့ပြင် ၎င်းသည် အသက်မရှိသည့်အပြင် ပင်ပန်းမှုလည်း မရှိသည့်အတွက် ဖြေရှင်းရန် အလွန်အမင်း ခက်ခဲလှသည်။

နတ်ဘုရား-ဝါးမျို မျက်နှာဖုံးရှိတဲ့ ဒီ“ရစ်ချတ်”က ဘယ်ဇီဘတ်တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာကို စွန့်ခွာပြီးတော့ အရိပ်နက်အင်ပါယာဆီကို ပြောင်းသွားတာများလား။

All Chapters