← Chapters

ဇာမဏီ။ပေါ်ထွက်လာခြင်း နှင့် သေရေးရှင်ရေး အ‌ခြေအနေ

Vol. 20 Ch. 294

ဇာမဏီ။ပေါ်ထွက်လာခြင်း နှင့် သေရေးရှင်ရေး အ‌ခြေအနေ

Vol. 20 Ch. 294

အဇ်ဂါလောက ထူးဆန်းသလို ခံစားလိုက်ရသော်လည်း သိပ်ပြီး မတွေးခဲ့ပေ။သူ၏ ဦးတည်ချက်မှာ ချန်လွေ့ဖြစ်သည့်အတွက် ရွှေရုပ်သေးနှင့် မတိုက်ခိုက်ချင်ပေ။မမျှော်လင့်ဘဲနှင့် ရွှေရုပ်သေးမှ အဝါရောင်အလင်း စက်ဝိုင်းတစ်ခု လာသည်။ထိုအဝန်းအဝိုင်းအတွင်းရှိ အဇ်ဂါလော၏ ခန္ဓာကိုယ်သည် ကြိုးတုပ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။သူလုံးဝ လှုပ်၍မရတော့ပေ။

[ ရုပ်သေးအစွမ်း ] ။ အဇ်ဂါလော အံ့အားသင့်သွားသည်။အကောင်းဆုံး ရွှေရုပ်သေးများ၌သာ အထူးအစွမ်းများ ရှိကြသည်။ ဒီရွှေရုပ်သေးအဆင့်က အဲဒီလောက်တောင် မြင့်တာလား။

ထိခိုက်မှုမြင့်မားသော ရွှေရုပ်သေး၏ လက်သီးသည် ထိလုနီးပါးဖြစ်နေပြီး ရှောင်တိမ်း၍ မရတော့ပေ။အဇ်ဂါလောင် ကျယ်ကျယ်လောင်လောင် အော်ဟစ်ပြီးနောက် ခန္ဓာကိုယ်မှ အချုပ်အနှောင်များ ရုတ်တရက် ပြေသွားသည်။သူက လက်ကို လျှပ်စီးသဖွယ် ဆန့်ထုတ်ပြီးနောက် ရွှေရုပ်သေး၏ လက်သီးကို ဖမ်း‌ဆုပ်ခဲ့သည်။အားနှစ်ခု ရိုက်ခတ်မိသွားသည့်အခါ မြေပြင်တစ်ခုလုံး ရုတ်တရက် တုန်ခါသွားသည်။သူတို့နှစ်ယောက်ကို ဗဟိုပြု၍ အလွန်ကြီးမားသော တွင်းချိုင့်တစ်ခု အက်ကွဲထွက်ပြီး နဂါးထွင်းစာများပင် မတားဆီးနိုင်ခဲ့ပေ။

ချန်လွေ့တွင် တိုက်ပွဲကိုကြည့်ရန် အချိန်မရှိပေ။သူ့အတွက် ယခုတွင် စက္ကန့်တိုင်း အလွန်အရေးကြီးနေသည်။ရွှေရုပ်သေးအား ပစ်လွှတ်ပြီးသည့်အခိုက်တွင် သူသည် အိပ်မက်ဆိုးတောင်ကြားသို့ အရှိန်ကုန် ပြေးနေပြီ ဖြစ်သည်။

အဇ်ဂါလော၏လက်ထဲ၌ အနီရောင် ‌လျှပ်စီးပွင့်များ ထွက်လာပြီး ပြင်းပြင်းထန်ထန် ဆွဲလိမ်လိုက်သည်။သာမန်ပြိုင်ဘက်သာဆိုလျှင် အကြိမ် မရေတွက်နိုင်အောင် ခန္ဓာကိုယ်လိမ်သွားမည်သည်။သို့သော် ရွှေရုပ်သေးသည် သာမန်ပြိုင်ဘက် မဟုတ်ခဲ့ပေ။၎င်း၏လက်သည် ထူးထူးခြားခြား အနည်းငယ်သာ လိမ်သွားခဲ့ပြီး အရိုးမရှိသကဲ့သို့ပင် ဖြစ်သည်။ထို့နောက် ချက်ချင်းပင် မူလအတိုင်း ပြန်ဖြစ်သွားသည်။ထို့ပြင် ၎င်းသည် ဆန့်ကျုံ့သတ္တိကို အမှီပြုပြီး အဇ်ဂါလော၏လက်ကို ဆွဲခါလိုက်သေးသည်။

အဇ်ဂါလော အလျင်အမြန် တုံ့ပြန်လိုက်သည်။သူ၏လက် ရုတ်တရက် ဆန့်ထုတ်လိုက်ပြီး ရုပ်သေး၏ရင်ဘတ်ကို ခပ်ပြင်းပြင်း ပစ်ထိုးလိုက်သည်။ထိုလက်သီးချက် အလွန်အစွမ်းထက်လှသည့်အတွက် ရွှေရုပ်သေး၏ ခန္ဓာကိုယ်တစ်ဝက်သည် မြေကြီးထဲ ရောက်ရှိသွားသည်။အဇ်ဂါလောက ချန်လွေ့နောက်လိုက်ရန် ပြင်လိုက်စဉ် သူ၏ခြေချင်းဝတ်ကို ရွှေရုပ်သေးက တင်းတင်းကြပ်ကြပ် ဖမ်းဆုပ်ထားလိုက်သည်။အဇ်ဂါလော မလှုပ်ရှားနိုင်တော့ပေ။ထို့နောက် သူသည် အားအင်စုစည်းပြီး ရုတ်တရက်ခုန်လိုက်ကာ ရွှေရုပ်သေးအား လေပေါ်သို့ ခေါ်သွားလိုက်သည်။

အဇ်ဂါလောက လေထဲ၌ ဖျပ်ခနဲ ကြည့်လိုက်သည်။ချန်လွေ့၏ ထွက်ပြေးရာလမ်းကြောင်းမှာ တောင်ကြားအပြင်ဘက်သို့မဟုတ်ဘဲ “ မရဏလူသွားလမ်း” တစ်ခုဖြစ်သော အိပ်မက်ဆိုးတောင်ကြားသို့ ဖြစ်နေသည်။ရုတ်တရက် အဇ်ဂါလော၏ ခြေချင်းဝတ် နာကျင်သွားပြီ။သူ ဒေါသတကြီး အော်ဟစ်လိုက်ပြီး ပြင်းထန်သော ရိုက်ခတ်သံတစ်ခု သေသေချာချာ ထွက်ပေါ်လာသည်။ရွှေရုပ်သေးသည် ပျံနိုင်သည်။သို့သော်လည်း ၎င်းသည် အသေအချာပင် အရေးနိမ့်နေသည်။၎င်းသည် လက်မလျှော့သေးပေ။မျက်စိတစ်မှိတ်အတွင်းမှာပင် အရှိန်ကုန်ပြေးတေသော ချန်လွေ့သည် အိပ်မက်ဆိုးတောင်ကြားသို့ ရောက်ရှိသွားခဲ့သည်။ထို့နောက် စမ်းသပ်ခန်းရှီရာသို့ အမြန်ပြေးလာသည်။တောင်နံဘေး အဝင်ဝတွင် ရူးသွပ်သားရဲ လဖ္ဖာက သူစိမ်းတစ်ယောက် ပြေးလာသည်ကို မြင်သည့်အခါ “ ဝင်လာသောရန်သူ ” အား ဧရာမလက်သည်းကြီးဖြင့် ဝှေ့ရမ်းကာ ဟိန်းဟောက်တော့သည်။

ချန်လွေ့သည် [ သရုပ်ခွဲမျက်လုံး ] ဖြင့် လဖ္ဖာ၏ နာမည်ကို အမြန်ခေါ်လိုက်သည်။လဖ္ဖာရပ်တန့်ပြီး ဇဝေဇဝါ ဖြစ်သွားသည်။သို့သော်လည်း သူ၏ ဧရာမလက်သည်းသည် မညှာတာပဲ တိုက်ခိုက်နေဆဲပင် ဖြစ်သည်။[ မီးသင့်နဂါး ဝင်စီးခြင်း ] အခြေအနေကြောင့်သာ မဟုတ်လျှင် ချန်လွေ့သည် ထိုတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသွားနိုင်ပေသည်။

ချန်လွေ့သည် ချက်ချင်းပင် [ ရုပ်ဖျက်ခြင်း ] အသုံးပြုလိုက်ပြီး မျက်နှာနှင့် အငွေ့အသက်ကို “ အာသာ ” အဖြစ် ပြန်ပြောင်းလိုက်သည်။ထိုအခါမှသာ လဖ္ဖာ၏ ရန်သူသောမျက်လုံးများ လျော့ပါးသွားသည်။

ချန်လွေ့သည် ချက်ချင်းပင် တောင်နံဘေးရှိ စမ်းသပ်ခန်းသို့ ပြေးသွားသည်။သို့သော်လည်း ထူးဆန်းသည့်အရာ တစ်ခုခု ဖြစ်ပျက်သွားသည်။သူပြေးနေစဉ် ဘေးနှစ်ဖက်မှ မြင်ကွင်းများ ပြောင်းလဲသွားသည်ကိုသာ ခံစားခဲ့ရသည်။သို့သော် သူရပ်ပြီး ကြည့်လိုက်သည့်အခါ နဂိုနေရာမှာပင် ရှိနေ‌ဆဲဖြစ်နေသည်။

ချန်လွေ့ အံ့အားသင့်သွားသည်။သူ၏ခန္ဓာကိုယ် အင်အား သိသိသာသာ တိုးတက်လာသည်။ထို့နောက် ခြေဆောင့်ပြီး စမ်းသပ်ခန်းဆီသို့ ခုန်လွှားလိုက်သည်။သို့သော် ပတ်ဝန်းကျင်သည် ထူးထူးဆန်းဆန်း ရုတ်တရက် တွန့်လိမ်သွား၏။ ထိုကဲ့သို့ ချန်လွေ့ အားကုန် ခုန်လိုက်ခြင်းသည် နောက်ဆုတ်ခြင်းနှင့်တူနေပြီး အမှန်တကယ်ပင် အိပ်မက်ဆိုးတောင်ကြားမှ ထူးထူးခြားခြား ခုန်ထွက်သွားခဲ့သည်။

အိပ်မက်ဆိုးတောင်ကြား အပြင်ဘက်ရှိ ‌ကောင်းကင်တိုက်ပွဲ အဆုံးသတ်သွားလေပြီ။ရွှေရုပ်သေး မပျက်စီးသေးပေ။၎င်းသည် မြေပြင်၌ “မတ်မတ်ရပ်နေ”ပြီး သလင်းကျောက်ကဲ့သို့ ဖောက်ထွင်းမြင်ရသော အလွှာတစ်ခုက ဖုံးလွှမ်းထားပြီး ရုပ်ထုကဲ့သို့ ဖြစ်နေသည်။

အဇ်ဂါလောသည် ထိုနေရာ၌ အေးအေးဆေးဆေး မတ်တပ်ရပ်နေပြီး သူ၏ဘေးတွင် အရပ်ပုပု ဆံပင်ဖြူဖြူနှင့် သလင်းကျောက်နဂါး ယာကော့ဗ် ရှိနေသည်။

ချန်လွေ့ လုံးဝစိတ်မောသွားခဲ့သည်။ ယောကော့ဗ်က အိပ်ပျော်နေရမှာ မလား။လမ်းတစ်လျှောက်လုံးမှာ နဂါးထွင်းစာတွေ ထားထားတာ။အဲဒါကြောင့် သူ့ကို နှိုးချင်ရင်တောင် ဘယ်သူမှ နှိုးလို့မရနိုင်ဘူး။သူဘာလို့ ရုတ်တရက် နိုးလာရတာလဲ။

“ ဆရာသခင်။ အ ဆင် ပြေ ရဲ့ လား။ ”

ယာကော့ဗ်သည် တစ်လုံးချင်း နှုတ်ဆက်လိုက်ပြီး ထိုအသံထဲတွင် မုန်းတီးမှုများ ပြည့်နှက်နေ၏။

“ရစ်ချတ်”၏ မျက်နှာ ပြောင်းလဲသွားသည်ကို မြင်သည့်အခါ အဇ်ဂါလော အနည်းငယ် အံ့အားသင့်သွားသည်။

“ သူက သုံးသွယ်-အထူးပြု ဆရာသခင်ပေါ့။သူက တကယ်ပဲ နတ်ဆိုးဧကရာဇ်အဆင့် စွမ်းအား ရှိနေတယ်။ ”

သုံးသွယ်-အထူးပြု ပါရမီရှင် ယန္တရားဆရာသခင်၊ နတ်ဆိုးဧကရာဇ်အဆင့် စွမ်းအား၊ ထူးဆန်းတဲ့ပိုင်နက်နဲ့ သန္ဓေပြောင်းပါရမီ.....။ သူက ဒီနတ်ဆိုးဘုံတစ်ခုလုံးမှာ သေချာပေါက် ထူးခြားတဲ့ ပါရမီရှင်တစ်ယောက်ပဲ။ ထိုအချိန်၌ အဇ်ဂါလော အနည်းငယ် တုံ့ဆိုင်းသွားခဲ့သည်။ တကယ်လို့ ဒီ “ မျိုးနွယ်တူ ”ကို လုံးဝအညံ့ခံအောင် ငါလုပ်နိုင်ရင် ဘယ်ဇီဘတ် တော်ဝင်မိသားစုရဲ့စွမ်းအားက လုံးဝကို အကြီးအကျယ် တိုးမြင့်သွားမှာပဲ.....

ယာကော့ဗ်၏ ဒေါသသည် အဆုံးစွန်အထိ ရောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ သူ နိုးလာသည့်အခါ ပြန်လည်ရှင်သန်ခြင်းရေစင်နှင့် မှော်စက်ဝိုင်း၌ အရေးကြီးဆုံးသော ရှေးမှော်စာပြားများ မရှိတော့သည်ကို တွေ့ခဲ့ရသည်။သူ ရူးသွပ်လုနီးပါး ဖြစ်သွားခဲ့သည်။ထို့ပြင် သူ့ကို ယာယီ အိပ်ပျော်ကျအောင် အစားထိုးခဲ့သောအရာသည် ယာယီ မှော်စက်ဝိုင်းတစ်ခုသာ ဖြစ်သည်။သလင်းကျောက်တောင်ကြားတစ်ခုလုံး၌ ခုခံမှု နဂါးထွင်းစာများကို တိတ်တဆိတ် ဖြတ်‌ကျော်ပြီး ထိုကဲ့သို့ အဆင့်ရှိသော မှော်စက်ဝိုင်းကို ခင်းကျင်းနိုင်သူမှာ တစ်ယောက်တည်းသာ ရှိသည်။ထိုသူမှာ သူတန်ဖိုး အထားရဆုံးဖြစ်သော “ ဆရာသခင် အာသာ ” ပင် ဖြစ်လေသည်။

အမျက်။ဒေါသ။ဒေါသူပုန်ထ။ ထိုစကားလုံးများသည် သလင်းကျောက်နဂါး၏ လက်ရှိခံစားချက်ကို ဖော်ပြရန်အတွက် မလုံလောက်ပေ။ ငါ့လို နတ်ဆိုးအရှင်သခင် တစ်ယောက်က တကယ်ကြီး နိမ့်ကျတဲ့ ပုရွက်ဆိတ်တစ်ကောင် လှည့်စားတာကို ခံခဲ့ရတယ်။

ထိုအချိန်၌ အဝေးမှ ရူးသွပ်သားရဲ လဖ္ဖာသည် ချန်လွေ့ အန္တရာယ်ကျရောက်နေသည်ကိုမြင်ပြီး ဟိန်းဟောက်ကာ ပြေးဝင်လာသည်။သူ အနီးမကပ်နိုင်ခင်မှာပင် ယာကော့ဗ်က အသာအယာ ဆုပ်ကိုင်လိုက်သည်။ထိုဆုပ်ကိုင်ခြင်းသည် အမှန်တကယ်ပင် လေဟာနယ်ကို ကျော်ဖြတ်သွားပြီး လဖ္ဖာ၏ခန္ဓာကိုယ်ကို ဖမ်းဆီးလိုက်သည်။လဖ္ဖာ သည် ယာကော့ဗ်ထက် နှစ်ဆနီးပါး မြင့်မားနေသော်လည်း ယာကော့ဗ်အရှေ့၌ ၎င်းသည် ကလေးတစ်ယောက်ထက်ပင် ပို၍ထိခိုက်လွယ်နေသည်။ပြင်းထန်လှသော ဖိအားအောက်တွင် လဖ္ဖာ၏ ခန္ဓာကိုယ် တုန်ခါနေသော်လည်း ရုန်းကန်ကာ တိုက်ခိုက်ချင်နေဆဲပင် ဖြစ်သည်။

“ မင်းက အဆင်ပြေမှာပါ။ငါတော့ မပြေဘူး။ ”

ယာကော့ဗ်၏ လက်ချောင်းများ ဆတ်ခနဲ လှုပ်ရှားသွားသည်။ချန်လွေ့ စကားမပြောနိုင်ခင်မှာပင် ရူးသွပ်သားရဲ၏ခန္ဓာကိုယ် အပိုင်းပိုင်း ဖြစ်သွားတော့သည်။၎င်း၏ ခန္ဓာကိုယ်အစိတ်အပိုင်းများသည် သလင်းကျောက်များအဖြစ် ပြောင်းလဲသွားကာ မြေပေါ်သို့ကျပြီး ပေါက်ကွဲထွက်ပြီးနောက် ကြေမွသွားခဲ့သည်။

ချန်လွေ့ လက်သီးဆုပ်လိုက်ပြီး သူ၏နှလုံးသား နာကျင်နေ၏။ လဖ္ဖာသည် အပြစ်မဲ့သော စမ်းသပ်ပစ္စည်းတစ်ခု ဖြစ်သည်။သူသည် ရုပ်ဆိုးပြီး ရက်စက်သော မကောင်းဆိုးရွားတစ်ကောင်အဖြစ် ပြောင်းလဲသွားသော်လည်း အသိစိတ် ပြန်ရပြီးသည့်အခါ ချန်လွေ့အား သစ္စာအရှိဆုံးမိတ်ဆွေ အဖြစ် အမြဲသတ်မှတ်ထားခဲ့သည်။ထိုကဲ့သို့ အန္တရာယ်ရှိသော အခိုက်အတန့်မှပင် သူသည် တုံ့ဆိုင်းမှုမရှိဘဲ ပြေးဝင်သွားခဲ့သေးသည်။

ယာကော့ဗ်သည် မနီးမဝေးမှ ဖရီယာကို ကြည့်လိုက်ပြီး ဖရီယာ ခန္ဓာကိုယ် ရုတ်တရက် မြောက်တက်လာသည်။သလင်းကျောက်နဂါးသည် စိတ်ပြောင်းလွယ်ပြီး သတ်ရသည်ကို ကြိုက်ကြောင်း ချန်လွေ့သိသည်။ယခုတွင် သူဒေါသထွက်နေသည့်အတွက် ပို၍ပင်ရက်စက်ပြီး သွေးဆာနေသည်။ချန်လွေ့သည် ဖရီယာအား လဖ္ဖာနောက်သို့ မလိုက်စေချင်ပေ။

“ နေပါဦး။ ”

ဖရီယာ၏ခန္ဓာကိုယ် ရပ်တန့်သွားသည်။သူသည် ရင်းနှီးသောမျက်နှာဖြစ်သွားသည့် “ရစ်ချတ်” ကိုကြည့်ရင်း အံ့အားသင့်သွားသည်။ တကယ်ပဲသူကိုး။သူက ဆာဘရီနာကို သတ်ပြီးတော့ ငါနဲ့ ငါ့သမီးအတွက် [ ဝိညာဉ်လက်ထိပ် ] ကို ဖယ်ရှားပေးခဲ့တယ်။

“ ယာကော့ဗ်။ပြန်လည်ရှင်သန်ခြင်း‌ ရေစင်နဲ့ ရှေးမှော်စာတွေကို ပြန်လိုချင်သေးတယ်ဆိုရင် အဲဒီမိန်းမကို မထိနဲ့။ ”

ချန်လွေ့၏မျက်လုံးများ အဇ်ဂါလောထံ ရောက်ရှိသွားသည်။

“ နတ်ဘုရား-ဝါးမျို မျက်နှာဖုံးအတွက်လည်း အတူတူပဲ။ ”

“ ပြန်လည်ရှင်သန်ခြင်း ရေစင်ကို ပြန်ယူလို့ ရသေးတာလား။ ”

ယာကော့ဗ် စိတ်ကို အတင်းထိန်းလိုက်သည်။ပြန်လည် ရှင်သန်ခြင်း ရေစင်သည် သူပြန်လည် နလန်ထူရန်အတွက် အဓိကဖြစ်သည်။၎င်းသည် လုံးဝပျက်စီးသွားပြီဟု မူလက သူထင်ထားခဲ့သည်။၎င်းကို ပြန်ယူ၍ ရဦးမည်ဟု သူ မထင်ထားခဲ့ပေ။

ချန်လွေ့ လက်ဆန့်ထုတ်လိုက်ပြီး လက်ထဲမှရေများ ထွက်လာကာ အဆုံးမရှိသကဲ့သို့ ဖြစ်နေသည်။ယာကော့ဗ်သည် ပြန်လည်ရှင်သန်ခြင်း ရေစင်၏အငွေ့အသက်နှင့် အတော်လေး ရင်းနှီးသည်။ထို့ကြောင့် ၎င်းသည် ပြန်လည်ရှင်သန်ခြင်း ရေစင်ဖြစ်ကြောင်း သေသေချာချာ ပြောနိုင်သည်။

“ သိပ်ကောင်းတယ်။ ”

ယာကော့ဗ် အံကြိတ်ပြီး ပြောသည်။ထို့နောက် သူသည် စိတ်လိုက်မာန်ပါဖြင့် ဖရီယာအား ချန်လွေ့ဆီ ပစ်ပေးလိုက်သည်။

“ ငါမင်းကို ဒီမိန်းမ ပေးလိုက်မယ်။ ”

ချန်လွေ့ ဖမ်း‌မိတော့မည့်အချိန်၌ ဖရီယာ၏ ခန္ဓာကိုယ် သိမ့်သိမ့်တုန်သွားသည်။သူသည် ချန်လွေ့အား ပြည့်ပြည့်ဝဝ ပြုံးပြပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံး အလျင်အမြန်ပင် သလင်းကျောက် ဖြစ်သွားခဲ့သည်။

“ မဖြစ်ရဘူး။ ”

ဖရီယာ အသံ မထွက်နိုင်တော့ပေ။ချန်လွေ့၏ အသံကိုလည်း မကြားရတော့ပေ။သူသည် သလင်းကျောက်မှတစ်ဆင့် ချန်လွေ့၏ မခံမရပ်နိုင် ဖြစ်နေသော အမူအရာကိုသာ မြင်နိုင်သည်။ထိုမျက်နှာအမူအရာသည် အစေခံဖြစ်သော သူ့အတွက် ဖြစ်နိုင်ပေသည်။အာသာသည် သူ့အတွက် အမှန်တကယ် မခံမရပ်နိုင် ခံစားရသော ပထမဆုံးယောက်ျားဖြစ်သည်။ထို့ပြင် သူသည် နတ်ဆိုးဧကရာဇ် အဆင့်လည်းဖြစ်သလို နတ်ဆိုးဘုံရှိ ထိပ်ဆန်းပါရမီရှင် ယန္တရားဆရာသခင်လည်း ဖြစ်သည်။

အာသာနှင့်ယှဉ်လျှင် ယခင်က သူ့ကို အနိုင်ကျင့်ခဲ့သော ထို“အမျိုးသား”သည် လိုအင်ဆန္ဒများသာရှိသော ယောက်ျားများသာ ဖြစ်သည်။

စိတ်မကောင်းစရာပဲ။ငါ့မှာ အချိန်ပိုရှိရင် ကောင်းမယ်။ဒီလူရဲ့နှလုံးသားကို ငါပိုပြီးတော့ ခံစားလို့ ရနိုင်တယ်။“ ဘာမှမတောင်းဆိုတဲ့ ”အစေခံအနေနဲ့ သူ့ဘေးနားမှာ နေရလည်းဖြစ်တယ်။တကယ်လို့ ခီရာက သူ့အနားမှာ နေနိုင်ပြီးတော့ သူစောင့်ရှောက်တာ ခံရမယ်ဆိုရင် တော်တော်လေး ပျော်ရွှင်ရမှာပဲ.....

ထိုအချိန်၌ ဖရီယာ၏ မျက်လုံးထဲ၌ ထူးထူးခြားခြား ငြိမ်းအေးမှုတစ်ခု ပြသလိုက်သည်။ယခင်က စိတ်ဆင်းရဲမှုများနှင့် ကံဆိုးမှုများကို ထိုထူးဆန်းသော ငြိမ်းအေးမှုက အစားထိုးသွားသည်။ထိုငြိမ်းအေးမှုကို ချန်လွေ့ သတိထားမိသောအချိန်၌ သလင်းကျောက်ရုပ်ထု တစ်ခုလုံး ကွဲကြေသွားခဲ့သည်။

ချန်လွေ့ လက်သီးဆုပ်လိုက်ကာ လက်သည်းသည် အသားကိုဖောက်ဝင်သွားပြီး သွေးအရာများ ကျန်နေခဲ့သည်။သူတို့နှစ်ယောက်လုံးသည် အစအနမကျန်ဘဲ လုံးဝသတ်ဖြတ်ခံလိုက်ရသည်။ထို့ကြောင့် ချန်လွေ့တွင် ပြန်လည်ရှင်သန်ခြင်း ဆေးရည်များရှိသည့်တိုင် သူတို့ အသက်ပြန်ရှင်လာအောင် ပြုလုပ်နိုင်တော့မည် မဟုတ်ပေ။

သလင်းကျောက်နဂါး၏ အေးစက်စက်အသံ ထွက်လာပြန်သည်။

“ မင်းမှာ သတ်မှတ်ချက်တွေအကြောင်း ပြောပိုင်ခွင့်မရှိဘူး။ပြန်လည်ရှင်သန်ခြင်း‌ရေစင်ကို ပြန်ယူလို့ရတယ်ဆိုတော့ ငါ့မှာ အရာအလုံးကို စစ်မေးဖို့အတွက် ငါ့မှာ လျို့ဝှက်နည်းလမ်းတစ်ခု ရှိတယ်။ပြီးတော့ ငါမင်းကို အဆုံးမဲ့ နှိပ်စက်ပြီးတော့ မင်းရဲ့ဝိညာဉ်ကို ထာဝရ အကျဉ်းချထားမယ်။ ”

ချန်လွေ့သည် ရင်ဘတ်ထဲရှိ ပြင်းထန်သောဒေါသကို ဖိနှိပ်ထားလိုက်သည်။ စိတ်လျှော့။စိတ်လျှော့။ငါ အသက်ရှင်အောင်နေရမယ်။ ဖရီယာနဲ့ လဖ္ဖာအတွက် လက်စားချေရမယ်။

“ နဂါး လျို့ဝှက်ပညာရပ်နဲ့လား။အဲဒါက မိုးချီရဲ့ [ တားမြစ်ကျိန်စာ ] လား။ဒါမှမဟုတ် ပန်ခါခါရဲ့ [ စိတ်ဝိညာဉ်နုတ်ယူခြင်း ] လား။ ”

ယာကော့ဗ် တုန်လှုပ်သွား၏။

“ မင်း ဘယ်လိုသိတာလဲ။ ”

“ ကျုပ်ပြောလိုက်မယ်။ကျုပ်က ကြိုက်သလို ကိုယ့်အသက်ကို အဆုံးသတ်လို့ရတယ်။ ”

ချန်လွေ့ သရော်ပြုံးပြုံးလိုက်သည်။

“ ခင်ဗျားမှာ နဂါးပြာ ရာနိုင်းရီရဲ့ ရတနာ ရေခဲဘုတ်ပြားရှိရင်တောင် အသုံးမဝင်ဘူး။ပြီးတော့ အဲဒါကို ဇိုလာက အဲဒီတုန်းက ဖျက်ဆီးခဲ့ပြီးပြီပဲ။ ”

ယာကော့ဗ် ထိတ်လန့်သွားသည်။ထိုလျို့ဝှက်ချက်များကို သူ၏မဟာမိတ်များဖြစ်သော အဇ်ဂါလောနှင့် မာနူတို့ပင် မသိကြပေ။သို့သော် သူ၏အရှေ့မှ ရန်သူသည် အမှန်တကယ်ပင်....

“ မင်းဘယ်လိုလုပ် ဒီလောက်အများကြီး သိတာလဲ။ဒါက မဖြစ်နိုင်ဘူး။ ”

ချန်လွေ့ ရယ်လိုက်သည်။

“ အရင်တုန်းက ခင်ဗျားက ဘယ်သူက ရိုက်ခတ်ပြီးတော့ သနားစရာ ခွေးတစ်ကောင်လို ပြေးရအောင် လုပ်ခဲ့လဲဆိုတာ မေ့သွားပြီလား။ ”

“ ပါ့...ပါ့ဂ်လီအို ”

ယာကော့ဗ်၏အသံ အနည်းငယ် တုန်ခါနေသည်။ထိုထဲတွင် အမုန်းတရားနှင့် အကြောက်တရားတို့ ရောနှောနေသည်။သူ၏ခန္ဓာကိုယ်သည် မှော်ပြီးပြီး နဂါးမှော်အစွမ်းသက်ရောက်မှု အနိမ့်‌ဆုံး ဖြစ်သည်။သို့သော် အဆိပ်နဂါး ပါ့ဂ်လီအို၏ အဆိပ်တိုက်ခိုက်မှုသည် အဆိပ်ပြီးတော့ သူ၏ သလင်းကျောက် ခန္ဓာကိုယ်ကိုပင် အမှန်တကယ် ဖျက်ဆီးနိုင်ခဲ့သည်။ပါ့ဂ်လီအိုသည် သူ၏အကြီးမားဆုံးရန်သူဖြစ်ပြီး အကြီးမားဆုံး ဝိပါက် ဖြစ်သည်။

ဒီ“ဆရာသခင်”က ပါ့ဂ်လီအိုရဲ့ လက်အောက်ခံ ဖြစ်နေတာကိုး။ဒါဆိုရင် ကြောက်စရာအကောင်းဆုံး ရန်သူက ငါ သလင်း‌ကျောက်တောင်ကြားမှာ ပုန်းနေတာကို သိပြီးပြီပေါ့။

ကိစ္စများ ပို၍ပို၍ ရှုပ်ထွေးသွားသည်ကို အဇ်ဂါလော အနည်းငယ် အံ့အားသင့်သွားသည်။ ပါ့ဂ်လီအိုဆိုတဲ့သူက ယာကော့ဗ်ရဲ့ ရန်သူဖြစ်မယ်။အဲဒါက သလင်းကျောက် တောင်ကြားကို “ရစ်ချတ်” ခိုးဝင်ရတဲ့ အကြောင်းရင်း ဖြစ်နိုင်မလား။ဒီမျိုးနွယ်တူ နောက်ကွယ်မှာ သလင်းကျောက်နဂါးကို ယှဉ်နိုင်တဲ့ အင်အားစုတစ်ခု ရှိနေသေးတာပဲ။

အမှန်တကယ်၌ နတ်ဆိုးအရှင်သခင် နှစ်ယောက်သည် အထင်လွဲသွားကြခြင်ဖြစ်သည်။ယာကော့ဗ်သာ ပါ့ဂ်လီအို၏ လက်ရှိစွမ်းအားကိုသိလျှင် လက်စားချေရန် ချက်ချင်း သွားသတ်မည် ဖြစ်သည်။သို့မဟုတ် သူ၏အရှေ့တွင်ရှိသော “ဆရာသခင်”ကို သတ်ပစ်မည်ဖြစ်သည်။ထို့နောက် သဟဇီဝစာချုပ် ချုပ်‌‌ဆိုထားသော သူ၏ရန်သူလည်း သေသွားပေမည်။

အဇ်ဂါလောမှာမူ ပို၍ဆိုးသည်။သူ၏စိတ်ထဲရှိ “မျိုးနွယ်တူ”သည် ဘယ်ဇီဘတ် တော်ဝင်မိသားစု လုံးဝမဟုတ်ပေ။ယခင်ဘဝရော လက်ရှိဘဝတွင်ပါ လူသားတစ်ယောက်သာ ဖြစ်သည်။

အကယ်၍ သူတို့သာ ချန်လွေ့ကို သတ်ပစ်ချင်လျှင် သူ၏နောက်ခံ မည်မျှပင် စွမ်းအားကြီးစေကာမူ ကိစ္စမရှိပေ။ယာကော့ဗ်နှင့် အဇ်ဂါလောတို့တွင် မည်သူမဆို ချန်လွေ့ကို အလွယ်တကူ သတ်ပစ်နိုင်ပေသည်။သို့သော် သူတို့နှစ်ယောက်လုံးသည် ချန်လွေ့တွင်ရှိသောအရာကို စိုးရိမ်ကြသည်။ပြန်လည်ရှင်သန်ခြင်း ရေစင်ကို သိုလှောင်ကိရိယာများထဲ၌ သိမ်းထား၍ မရနိုင်ပေ။အဆောင်ပစ္စည်းများလည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။ပြိုင်ဘက်ဖြစ်သူ သတ်သေရန် ခြိမ်းခြောက်သော အခြေအနေ၌ သူတို့ သတိထားရမည် ဖြစ်သည်။

ချန်လွေ့သည် ယာကော့ဗ်အား အောင်အောင်မြင်မြင် ဟန့်တားလိုက်နိုင်သော်လည်း ထွက်ပြေးရန် နည်းလမ်းမရှိသေးပေ။အထူးသဖြင့် သလင်းကျောက်နဂါး၏ ထူးဆန်းသော လေဟာနယ်စွမ်းအားကြောင့် ထွက်ပြေးရန် လမ်းမရှိပေ။ထို့ကြောင့် ချန်လွေ့သည် စိတ်ထဲ၌ စိုးရိမ်နေ၏။နှစ်ဖက်စလုံး လမ်းဆုံးရောက်နေပြီ ဖြစ်သည်။

ထိုအချိန်၌ ယာကော့ဗ်နှင့် အဇ်ဂါလောတို့က တစ်စုံတစ်ခုကို အာရုံခံလိုက်မိသည်။သူတို့ အပေါ်ကို မော့ကြည့်လိုက်ရာ ကောင်းကင်ပေါ်၌ ကြီးမားသော ဇာမဏီနက်တစ်ကောင် ပေါ်ထွက်လာသည်ကို မြင်လိုက်ရသည်။

ထိုဇာမဏီ၏ တောင်ပံများသည် တိမ်တိုက်များကဲ့သို့ ပျံ့နှံ့သွားပြီး ကောင်းကင် တစ်ခုလုံးကို ဖုံးလွှမ်းသွားကာ ထိတ်လန့်ဖွယ် အငွေ့အသက်တစ်ခုကို ထုတ်ပေးနေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဇာမဏီသည် ပုံရိပ်ယောင်တစ်ခုကဲ့သို့ပင် ‌ပျောက်ကွယ်သွားသည်။၎င်းမှာ ခေါင်းစည်းနှင့် ဝတ်ရုံဝတ်ထားသော ဆံပင်အနက်ရောင် အမျိုးသမီးတစ်ယောက် ဖြစ်နေသည်။

ဇာမျက်နှာလွှားပါသည့်တိုင် ထိုအမျိုးသမီ၏ ပြိုင်စံရှား အလှတရားကို သတိထားမိနိုင်သည်။

ချန်လွေ့သည် သူတို့နှစ်ယောက်၏အကြည့်ကို အာရုံခံမိသွားသည်။ကောင်းကင်ထက်မှ အမျိုးသမီးကို တွေ့လိုက်သည့်အခါ ချန်လွေ့ ထိတ်လန့်သွား၏။

ခရစ္စတီးနား။

ဧကရီ ကတ်သရင်းရဲ့စစ်ကူတွေ နောက်ဆုံးတော့ ရောက်လာပြီ။သူ ခရစ္စတီးနားကို လွှတ်လိုက်မယ်လို့ မထင်ထားခဲ့ဘူး။

နဂိုအစီအစဉ် အောင်မြင်ခဲ့ရင်.... ကိစ္စမရှိဘူး။ဒါပေမဲ့ အခုက ကိစ္စတွေ ပြောင်းလဲသွားပြီ။သလင်းကျောက်တောင်ကြားမှာ အလွန့်အလွန် အန္တရာယ်များတဲ့ နတ်ဆိုးအရှင်သခင်နှစ်ယောက် ရှိနေတယ်။

“ ခရစ္စတီးနား။ပြေးတော့။ ”

ချန်လွေ့သည် ယာကော့ဗ်နှင့် အဇ်ဂါလောတို့အား လျစ်လျူရှုပြီး အော်ပြောလိုက်သည်။

ခရစ္စတီးနားသည် အောက်မှလူသုံးယောက်ကိုကြည့်ပြီး ထွက်မသွားခဲ့ဘဲ တဖြည်းဖြည်း ဆင်းသက်လာလိုက်သည်။

“ ခရစ္စတီးနား လား။ ”

အဇ်ဂါလော မျက်ခုံးပင့်လိုက်သည်။

“ ဒီနာမည်ကို ငါကြားဖူးတယ်။မင်းက အရိပ်နက် တော်ဝင်မိသားစုရဲ့ တော်ဝင်အမျိုးသမီးပဲ။ငါ့ရဲ့ သတင်းအချက်အလက်အရဆိုလျှင် မင်းက ဧကရီလောင်း ဖြစ်လာမယ့်သူပဲ။ ”

သလင်းကျောက်နဂါးသည် ပါ့ဂ်လီအိုအကြောင်း စိတ်ဒဏ်ရာများကို ဖယ်ရှားပြီး သရော်ပြုံးပြုံးလိုက်သည်။

“ ကတ်သရင်းက နတ်ဆိုးဘုံမှာ ဉာဏ်အကောင်းဆုံးလို့ ငါကြားခဲ့ဖူးတယ်။ဒါပေမဲ့ ကံဆိုးချင်တော့ သူ့ရဲ့ဆက်ခံသူက ထွက်မပြေးဘဲနဲ့ နေရဲတယ်။တော်တော် တုံးအတာပဲ။ ”

ခရစ္စတီးနား ဘာမှမပြောခဲ့ပေ။သူက ပတ်ဝန်းကျင်ကိုသာ စစ်ဆေးကြည့်ရှုနေခဲ့သည်။ချန်လွေ့ အလွန်အမင်း စိုးရိမ်နေခဲ့သည်။ တကယ်လို့ ခရစ္စတီးနားစွမ်းအားက နတ်ဆိုးအရှင်သခင်အဆင့် ရောက်သွားရင်တောင် အရင်တစ်ခေါက်တုန်းက အသံတိတ်ညစိမ့်မြေမှာ [ နိဗ္ဗာန် ] ကနေတစ်ဆင့် အဆင့်တက်ခဲ့ရုံပဲ ရှိသေးတယ်။ဒါပေမဲ့ သူတို့နှစ်ယောက်ထဲမှာ တစ်ယောက်က ဘယ်ဇီဘတ် တော်ဝင်မိသားစုရဲ့ ဘုရင်၊ နောက်တစ်ယောက်က နှစ်ထောင်ပေါင်းများစွာ နေလာခဲ့တဲ့ နဂါး။တစ်ယောက်ချင်း တိုက်ခိုက်ဖို့အတွက်တောင် ခက်ခဲနေပြီ။သူတို့နှစ်ယောက်ကို တစ်ယောက်တည်း ရင်ဆိုင်ရရင်တော့ ထွက်ပြေးဖို့တောင် ပြဿနာ ဖြစ်နိုင်တယ်။

“ ဒီမိန်းမက မင်းနဲ့အတူတူပဲ ဖြစ်ရမယ်။ ”

ယာကော့ဗ်က ချန်လွေ့အား အေးစက်စက် ကြည့်လိုက်သည်။

“ မင်းက တော်တော်လေး စိုးရိမ်နေတဲ့ပုံပဲ။မင်းသူ့ကို မသေစေချင်ရင် အခုချက်ချင်း ပြန်ပေးလိုက်။ ”

ခရစ္စတီးနား စကားပြောလိုက်သည်။သူ၏အသံသည် တည်ငြိမ်သော ရေမျက်နှာပြင်ကဲ့သို့ တည်ငြိမ်နေဆဲပင် ဖြစ်သည်။ခရစ္စတီးနား ကြောက်မနေပေ။သို့သော် သူ၏စကားသည် ချန်လွေ့၏ အမူအရာကို ပြောင်းလဲသွားစေပြန်သည်။

“ နောက်တစ်ယောက် ရှိသေးတယ်။ထွက်လာခဲ့။ ”

ကြက်သီးထစရာ ရယ်သံတစ်သံထွက်လာသည်။နောက်ဘက် မနီးမဝေး၌ ဝေဝေဝါးဝါး ပုံရိပ်တစ်ခု တဖြည်းဖြည်း ကြည်လင်လာသည်။

ချန်လွေ့ နှလုံးသား ရုတ်တရက် အေးစက်သွားခဲ့၏။ အဲဒါ မာနူပဲ။မြေခွေးအိုကြီးတောင် ပြန်ရောက်လာပြီ။

သုံးယောက်တစ်ယောက်။ခရစ္စတီးနား လုံးဝ မနိုင်နိုင်ဘူး။

All Chapters