← Chapters

နတ်ဆိုးဘုံရှိ အစွမ်းထက်ဆုံး အမျိုးသမီး

Vol. 20 Ch. 296

နတ်ဆိုးဘုံရှိ အစွမ်းထက်ဆုံး အမျိုးသမီး

Vol. 20 Ch. 296

ခရစ္စတီးနား၏ အသွင်အပြင် သိသိသာသာ ပြောင်းလဲသွားခြင်း မရှိသော်လည်း သူမျက်လုံးဖွင့်လိုက်သည့်အချိန်တွင် ပိုင်နက်တစ်ခုလုံး စတင်တုန်ခါလာကြောင်း မာနူ ခံစားလိုက်ရပြီး တုန်လှုပ်သွားတော့သည်။

“ ဘုန်း ”

အဇ်ဂါလော၏ [ ထိမ်းမရသိမ်းမရ ] စွမ်းအားပါဝင်သော လက်သီးချက်ကို ခရစ္စတီးနားက ကျောက်စိမ်းကဲ့သို့ ကောင်းမွန်သောလက်များဖြင့် ခုခံလိုက်သည်။ယခုတစ်ခေါက်တွင်မူ ယခင်ကကဲ့သို့ မရှောင်တိမ်းတော့ဘဲ အားဖြင့်ခုခံလိုက်သည်။

အဇ်ဂါလော၏ခန္ဓာကိုယ် သိမ့်သိမ့်တုန်သွား၏။သူ၏လက်သီးပေါ်ရှိ အနီရောင် လျှပ်စီးပွင့်များသည် အလွန်ကြီးမားပြီး ရပ်တန့်၍မရသော အားတစ်ခုကြောင့် နောက်သို့တန်ပြန်သွားပြီး သူ၏အတွင်းအင်္ဂါများကို တည့်တည့်ထိသွားသည်။ အဇ်ဂါလော ညည်းညူလိုက်ပြီး နောက်သို့ ခြေလှမ်း ၇လှမ်း ၈လှမ်း ဆုတ်ခွာသွားရသည်။သူ၏မျက်နှာမှ သွေးများထွက်သွားသည်။ထို အပြည့်အဝ လက်သီးချက်ကို သူ၏ပြိုင်ဘက်ဖြစ်သူက အားဖြင့် တန်ပြန်ခဲ့ခြင်း ဖြစ်ပေသည်။

တစ်ချိန်တည်းမှာပင် လေထဲမှ သလင်းကျောက်နဂါးလည်း ရောက်ရှိလာသည်။ခရစ္စတီးနားက လက်ချောင်းများဖြန့်ပြီး လေထဲသို့ ဆတ်ခနဲဝှေ့ရမ်းလိုက်သည်။ယာကော့ဗ်က လေထဲမှ ရိုးရိုးပင် တိုက်ခိုက်သည်။အဇ်ဂါလောကိုပင် မနိုင်သော မိန်းမကို ကိုယ်တွယ်ရသည်မှာ လွယ်ကူလှသည်ဟု သူ၏စိတ်ထဲ၌ ထင်နေခဲ့သည်။

သို့သော် သလင်းကျောက်နဂါးက “ ဆတ်ခနဲ ဝှေ့ရမ်းခြင်း ” ၏ စွမ်းအားကို ခံစားလိုက်မိသည့်အခါ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားတော့သည်။သူသည် လက်နှစ်ဖက်ဖြင့် ခုခံခဲ့သော်လည်း ပြင်းပြင်းထန်ထန် လွင့်စင်သွားခဲ့ရသည်။သုံးလေးကြိမ်ခန့် ကျွမ်းပစ်သွားပြီးမှသာ ထိုအားကို လမ်းကြောင်းပြောင်းလိုက်နိုင်သည်။

အဇ်ဂါလော၏ မျက်လုံးထဲတွင် တည်ကြည်မှုနှင့် အံ့အားသင့်မှုများ ရောယှက်နေခဲ့သည်။သူ၏ တိုက်ခိုက်ချင်စိတ်များ သိသိသာသာ တိုးပွားသွားပြီး ခန္ဓာကိုယ်တွင်လည်း အနီရောင်အလင်းများ ရဲရဲတောက်နေတော့သည်။သူ၏လက်သီးတွင်လည်း ပို၍ပြင်းထန်သော ဖျက်ဆီးမှု အလင်းလုံး တစ်ခုက ရစ်ပတ်နေသည်။ထို့နောက် သူ၏လက်ကို ရုတ်တရက် ဆန့်တန်းပြီး လျှပ်စီးကဲ့သို့ပင် ခရစ္စတီးနားနောက်ဘက်သို့ ထိုးနှက်လိုက်သည်။

ခရစ္စတီးနားသည် ကျောဘက်၌ မျက်လုံးများ ရှိနေသကဲ့သို့ပင် လက်ကို အသာအယာ ဝှေ့ရမ်းလိုက်သည်။လက်သီးသည် ခရစ္စတီးနားနှင့် စင်တီမီတာ ၃၀ အကွာတွင် ရပ်တန့်သွားပြီး ရှေ့ဆက်မတိုးနိုင်တော့ပေ။ထို့နောက် ခရစ္စတီးနားက သွယ်လျသော လက်ချောင်း၅ချောင်းကို လက်သီးဆုပ် ပြုလုပ်လိုက်ရာ အဇ်ဂါလော၏ လက်သီးပေါ်ရှိ ဖျက်ဆီးမှု အလင်းလုံး ရုတ်တရက် ပေါက်ကွဲထွက်သွားသည်။သူ၏ခန္ဓာကိုယ်သည် ထိန်းချုပ်မှုမရသော တုန်ခါမှုကြောင့် နောက်သို့ ယိမ်းယိုင်သွား၏။

ယာကော့ဗ်၏ စွမ်းအားသည် သုံးယောက်ထဲတွင် အစွမ်းဆုံးဖြစ်သည်။ခုနက သူသည် လျှော့တွက်သွားခဲ့မိခြင်းသာ ဖြစ်သည်။သူ၏ပုံရိပ်သည် မြေပေါ်သို့ မကျသေးခင်မှာပင် ပျောက်ကွယ်သွားသည်။ခရစ္စတီးနားက အဇ်ဂါလောနောက် လိုက်ရင်ပြင်လိုက်စဉ် ပတ်ပတ်လည်မှ ထူးဆန်းသော မတည်ငြိမ်မှုတစ်ခုကို ရုတ်တရက် သတိထားမိသွားပြီး အလျားလိုက် လက်စောင်းခုတ်လိုက်သည်။၄င်းသည် ယာကော့ဗ်၏ လက်သီးနှင့် ထိသွားပြီး နှစ်ယောက်စလုံး တုန်ခါသွားကြသည်။

ယခုတစ်ခေါက်တွင် ယာကော့ဗ်သည် နည်းနည်းလေးမျှ လျှော့မတွက်ရဲတော့ပေ။သူ၏ မျက်လုံးများသည် သလင်းကျောက်ကဲ့သို့ ကြည်လင်သွားပြီး သူ၏လက်များသည်လည်း ရာပေါင်းများစွာသော သလင်းကျောက်တစ္ဆေများအဖြစ် ပြောင်းလဲသွားကာ ခရစ္စတီးနားကို ရစ်ပတ်လိုက်သည်။

ခရစ္စတီးနား၏ လှုပ်ရှားမှုများမှာ ယာကော့ဗ်ထက် ပို၍ရုပ်ထွေးပြီး ပို၍ခန့်မှန်းရ ခက်ခဲနေသည်။သူသည် ပြောင်းလဲမှုများကို အပြောင်းအလဲနှင့်အတူ ဖိနှိပ်သည်။ ရံဖန်ရံခါတွင် ယာကော့ဗ် တိုက်ကွက်များကို ပြောင်းလဲပြီးမှ နောက်ထပ် တိုက်ကွက်များကို အသုံးပြုရသည်။ယာကော့ဗ်သည် စွမ်းအားကို အဆုံးစွန်အထိ အသုံးမချနိုင်သကဲ့သို့ ခံစားနေရသည်။

သို့သော် သလင်းကျောက်နဂါး၏ ပါရမီစွမ်းအားသည်လည်း ရင်ဆိုင်ရမလွယ်ကူပေ။ စိတ်ရှုပ်စရာ သလင်းကျောက်များသည် တိုက်ပွဲအတွင်း ခရစ္စတီးနား၏ လက်ထဲတွင် ရံဖန်ရံခါ ဖြစ်ပေါ်လာသည်။အချိန်မီ မဖယ်ရှားနိုင်လျှင် သူ၏စွမ်းအား အသုံးချမှုကို အကြီးအကျယ် ထိခိုက်စေနိုင်မည် ဖြစ်သည်။

ပုံရိပ်နှစ်ခုသည် အရှိန်မြင့် ရွေ့လျားနေကြပြီး ပျင်းရိဖွယ် ရိုက်ခတ်သံများ ဆက်လက်ထွက်ပေါ်နေသည်။ထိုအချိန်၌ အဇ်ဂါလောသည် တိုက်ပွဲထဲကို မဝင်ရောက်နိုင်ခဲ့ပေ။ထိုကဲ့သို့ ကြီးမားသော ရိုက်ခတ်မှုကြောင့် မာနူ၏ အားနည်းနေပြီဖြစ်သော ပိုင်နက်သည် ပြိုလဲတော့မည့် လက္ခဏာများ ပြသနေလေသည်။

ထိုမိန်းမ ရုတ်တရက် ကြမ်းတမ်းလာလိမ့်မည်ဟု မာနူ မထင်မှတ်ထားခဲ့ပေ။၄င်းသည် လျို့ဝှက်ပညာရပ်အချို့ကြောင့်သာ ဖြစ်လိမ့်မည်ဟု သူထင်မှတ်နေသည်။မာနူသည် ရင်ဘတ်ထဲမှ နာကျင်မှုကို ပြင်းပြင်းထန်ထန် ဖိနှိပ်ရင်း ပိုက်နက်စွမ်းအား အတွက်နှုန်းကို တိုးမြှင့်လိုက်သည်။သို့သော် ယာကော့ဗ်နှင့် အနီးကပ် တိုက်ခိုက်နေသော ခရစ္စတီးနားက သူ၏အရှေ့၌ မျက်စိတစ်မှိတ်အတွင်း ပေါ်ထွက်လာခဲ့သည်။ခရစ္စတီးနားသည် လက်ချောင်းများဖြင့် မာနူ၏ရင်ဘတ်ထဲသို့ ဓားများသဖွယ် ထိုးသွင်းလိုက်လေ၏။

တိုက်ခိုက်မှုသည် တိတ်ဆိတ်ပြီး စွမ်းအားမဲ့သည့်ပုံစံပေါက်နေသော်လည်း မာနူသည် ဖော်ပြ၍မရသော စွမ်းအားကို ခံစားမိနေသည်။အကယ်၍ သူသာ အထိုးခံရလျှင် အသက်ရှင်နိုင်သည့်တိုင် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိပေလိမ့်မည်။

အလျင်အမြန်ပင် သလင်းကျောက်ကဲ့သို့ အကာအကွယ် တံတိုင်းတစ်ခုက မာနူပတ်ပတ်လည်၌ ချက်ခင်းပေါ်ထွက်လာခဲ့သည်။သို့သော်လည်း ထို “ဓားများ”ကို မရပ်တန့်နိုင်ပေ။၄င်းတို့သည် [ သလင်းကျောက်တံတိုင်း ]ကို တစ်ဝက်ခန့် ဖောက်ထွင်းသွားပြီးမှ ရပ်တန့်သွားသည်။၄င်းသည် အစွမ်းထက်ဆုံး အကာအကွယ် ‌ရေ မှော်ပညာသာ မဟုတ်ခဲ့လျှင် မာနူ၏နှလုံးသားကို ဖောက်ထွင်းသွားလောက်လေပြီ။

[ သလင်းကျောက်တံတိုင်း ] ကို ရေဒြပ်စင်တွင် အစွမ်းအထက်ဆုံး အကာအကွယ် မှော်ပညာဟု သမုတ်ကြသော်လည်း အက်စ်မိုဒက်စ်၏ [ ဒြင်စင်အားနည်းခြင်း ] သည် မှော်ပညာ၏ ဝိပါက်ဖြစ်သည်ကို မမေ့သင့်ပေ။[ သလင်းကျောက်တံတိုင်း ] ထဲတွင် အေးခဲသွားသော ခရစ္စတီးနား၏ လက်ချောင်းများသည် လက်သီးအဖြစ် ရုတ်တရက် ပြောင်းလဲသွားသည်။သူက ထိတ်လန့်ဖွယ်ရာအားတစ်ခု ထုတ်လိုက်ပြီးနောက် [ သလင်းကျောက်တံတိုင်း ] အဆက်မပြတ် အက်ကွဲသွားခဲ့သည်။ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ ပြင်းအားကြောင့် မာနူ၏ခန္ဓာကိုယ်လည်း ကြေမွကွဲထွက်သွားတော့သည်။

ကွဲကြေသွားသည်မှာ မာနူ၏ခန္ဓာကိုယ် အစစ်အမှန် မဟုတ်ဘဲ အတုအယောင်ပြုလုပ်ရန် အတွက် အချိန်မီပြုလုပ်ခဲ့သော အစားထိုးတစ်ခုပင် ဖြစ်လေသည်။မည်သို့ပင်ဆိုစေကာမူ မာနူ ခြေတစ်လှမ်း နောက်ကျသွားခဲ့သည်။သူသည် နောက်ကျလှိုင်းတစ်ခု၏ ရိုက်ခတ်မှုကို ခံရပြီး ခန္ဓာကိုယ်ထဲရှိ ရေဒြပ်စင်စွမ်းအားများ ဖရိုဖရဲ ဖြစ်သွားပုံရသည်။ သူ၏ နှလုံးသားသည် မခံမရပ်နိုင်အောင် နာကျင်နေပြီး ပို၍ပင် တုန်လှုပ်သွားတော့သည်။

ဒီ‌လောက်အစွမ်းထက်တဲ့ မူလစွမ်းအား ဘယ်လိုမှ လျို့ဝှက်ပညာရပ်တစ်ခု မဟုတ်နိုင်ဘူး။ ဒါက စွမ်းအားအစစ်အမှန်ပဲ။

လက်စသတ်တော့ ဒီတော်ဝင်အမျိုးသမီးက တစ်ချိန်လုံး စွမ်းအားလျှိုထားတာကိုး။သူ့ရဲ့ အားနည်းချက်ကို ပြခဲ့တဲ့ တကယ့်ရည်ရွယ်ချက်က တစ်ခါတည်း သုံးယောက်လုံးကို သတ်ပစ်ဖို့ပဲ။သူ့ရဲ့စွမ်အား အစစ်အမှန်ကို မသုံးခဲ့တဲ့ အကြောင်းရင်းက ခုနက ယာကော့ဗ်ရဲ့စွမ်းအားကို သေချာ မသိသေးလို့ပဲ။

ခရစ္စတီးနားသည် မာနူကို အသက်ရှူခွင့်မပေးဘဲ ပစ်ထိုးလိုက်ပြန်သည်။မာနူသည် တစ်ကြိမ် ရှုံးနိမ့်သွားခဲ့သော်လည်း ငနုံတစ်ယောက် မဟုတ်ပေ။သူ၏ မှော်စွမ်းအားသည် လျို့ဝှက်ဆန်းကြယ်သော ဥပဒေသ ပါဝင်သည့် လှိုင်းဂယက် စက်ဝိုင်းများအဖြစ် သိပ်သည်းသွားကာ လေထုထဲသို့ ပျံ့နှံ့သွားပြီး ထိုလက်သီးအားကို ပျက်ပျယ်အောင် ပြုလုပ်သည်။ခရစ္စတီးနား၏ စွမ်းအင် ကုန်ခမ်းသွားသည်နှင့် လှိုင်းဂယက်သည် သူ့ကို ချက်ချင်း ရစ်ပတ်လိုက်မည်ဖြစ်စည်။

သို့သော်လည်း ထိုကြောက်မက်ဖွယ်ရာ လက်သီးချက်သည် အားအင်မကုန်ခမ်းနိုင်ပုံရသည်။အဆက်မပြတ် ရိုက်ခတ်မှုကို လျို့ဝှက်ဆန်းကြယ်သော လှိုင်းဂယက်က ပျက်ပျယ်အောင် ပြုလုပ်ရန် မဖြစ်နိုင်ပေ။ရေကဲသို့ လှိုင်းဂယက်ပေါ်၌ အမှန်တကယ်ပင် ထူးထူးခြားခြား အက်ကြောင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

မာနူ၏ ညာမျက်လုံး အနက်ရောင်ပြောင်းသွားသော်လည်း အက်ကြောင်း ကျယ်ပြန့်လာခြင်းကို မတားဆီးနိုင်သေးပေ။ထိုအချိန်၌ သူ၏ရင်ဘတ်မှဒဏ်ရာ ပွင့်ထွက်လာပြန်သည်။အပြင်အားနှင့် အပြင်းဒဏ်ရာတို့ တစ်ပြိုင်နက် ဖြစ်လာခြင်းကြောင့် သူသည် သွေးတစ်လုပ် အန်လိုက်သည်။

ကံကောင်းစွာပင် သလင်းကျောက်နဂါး အချိန်မီ ရောက်လာပြီး မာနူကိုဆွဲကိုင်လာ လေထဲပစ်ထည့်လိုက်ပြီး ပျောက်ကွယ်သွား၏။၎င်းသည် သလင်းကျောက်နဂါး၏ ထူးဆန်းသောပိုင်နက်၏ စွမ်းအားပင် ဖြစ်လေသည်။

ခရစ္စတီးနားသည် မာနူကို အရင်ရှင်းပစ်ရန် ကြံစည်ထားခဲ့သည်။သူ၏မျက်လုံးများ ဝင်းလက်နေ၏။ပိုင်နက်ထဲရှိ လေဟာနယ်ကို ပိုင်းခြားသည့် မြောက်မြားလှစွာသော “ချည်မျှင်များ” တဖြည်းဖြည်း အနက်ရောင် ပြောင်းလာသည်။ထို့နောက်တွင် ချည်မျှင်များသည် ဝီးခနဲ မီးတောက်များ လောင်ကျွမ်းသွား၏။ထိုအနက်ရောင် မီးတောက်သည် အသက်နှင့်စွမ်းအင်များ ပြည့်နေပြီး လောကကြီးတစ်ခုလုံးကိုပင် လှုပ်ခါနိုင်သော ပြိုင်ဘက်ကင်း အဟန့်အတားတစ်ခုကို ထုတ်လွှတ်နေလေသည်။

အနက်ရောင်မီးတောက်များ ဖုံးလွှမ်းနေသော လူတစ်ယောက်သည် ကောင်းကင်မှ ပြုတ်ကျလာပြီး ဆိုးဆိုးဝါးဝါး အော်ဟစ်လိုက်သည်။၎င်းမှာ မာနူ ဖြစ်သည်။သူ၏ပိုင်နက်ကို ခရစ္စတီးနားက လုံးဝဖိနှိပ်ထားခဲ့ပြီ ဖြစ်သည်။ထိုမီးတောက်သည် သာမန် မီးဒြပ်စင် မီးတောက် မဟုတ်ပေ။သူ၏ ခန္ဓာကိုယ်မှ ရေဒြပ်စင်များ အမှန်တကယ် လောင်ကျွမ်းသွားပြီး အငွေ့ပျံလုနီးပါး ဖြစ်သွားခဲ့သည်။၎င်းမှာ ရိုးရိုးရှင်းရှင်းပင် မယုံနိုင်စရာ ဖြစ်လေသည်။

အမှန်တကယ်၌ ထိုကဲ့သို့ စွမ်းအင်မီးတောက်သည် ရေဒြပ်စင်ကို မချုပ်တည်းနိုင်ပေ။သို့သော် ၎င်းသည် ရေဒြပ်စင်စွမ်းအားကို စုပ်ယူနိုင်ပြီး သဟဇာတဖြစ်စေနိုင်သည်။ရေဒြပ်စင်တစ်ခုတည်းသာမဟုတ်ဘဲ ထိုပိုင်နက်အတွင်းရှိ ဒြပ်စင်အားလုံး၏ စွမ်းအားကို စုပ်ယူကာ ခရစ္စတီးနား၏ စွမ်းအားအဖြစ် ပြောင်းလဲနိုင်သည်။ထို့ပြင် သူသည် မီးတောက်ထဲတွင် ပြန်လည်ရှင်သန် လာနိုင်သည်။မသေနိုင်သော ပုဂ္ဂိုလ်တစ်ယောက်ကဲ့သို့ပင် ဖြစ်သည်။၎င်းသည် [ ဇာမဏီနက် ပိုင်နက် ] ဖြစ်လေသည်။

မာနူ၏ပိုင်နက် တစ်စစီဖြစ်သွားပြီး တစ်ချိန်တည်းမှာပင် ရွှေရောင်အလင်းလေးခု ပေါ်ထွက်လာကာ ယာကော့ဗ်နှင့် အခြားနှစ်ယောက်ကို ဝိုင်းရံထားလိုက်သည်။ရွှေရုပ်သေး လေးကောင် ရှိနေခြင်း ဖြစ်သည်။

အဇ်ဂါလောက ရွှေရုပ်သေးနှစ်ရုပ်နှင့် စတင်တိုက်ခိုက်သည့်အခါ အထူးသဖြင့် အားအင်စိတ်ထုတ်ရသလို ခံစားရသည်။ယခင်က ရွှေရုပ်သေး၏ စွမ်းအားသည် ခရစ္စတီးနား၏လက်ထဲ ရောက်သွားသည့်အခါ ချန်လွေ့နှင့် လုံးဝကွဲပြားနေသည်။စွမ်းအားသည် နှစ်ဆမကပေ။

မူလက မာနူသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရနေခဲ့သော်လည်း ယခုတွင် သူ၏စွမ်းအင်များလည်း ယိုယွင်းနေပြီ ဖြစ်သည်။အဇ်ဂါလောနှင့် ‌ယာကော့ဗ်တို့ ဖိနှိပ်ခံနေရသော အခြေအနေကို ကြည့်ရင်း မာနူစိတ်ထဲ၌ တွေးမိလိုက်သည်။ ပြိုင်ဘက်ဖြစ်သူက ရွှေရုပ်သေး မပါတာတောင် သုံးယောက် တစ်ယောက်မှာ အသာစီး ရခဲ့တယ်။။အဲဒီရွှေရုပ်သေးတွေ အခုပါလာပြီဆိုတော့ ငါတို့ သေချာပေါက် ရှုံးနိမ့်မှာပဲ။ဒါတွေအားလုံးက အဲဒီအရူးကောင်ရဲ့ အပြစ်တွေပဲ။သူက အဲဒီအရူးနည်းလမ်းနဲ့ ငါ့ကို ဒဏ်ရာရအောင်လုပ်ပြီးတော့ [ ဝိညာဉ်လက်ထိပ် ] ကို တန်ပြန်ထိအောင် လုပ်ခဲ့တယ်။အဲဒါက ငါ့ရဲ့။ စိတ်ဝိညာဉ်စွမ်းအားကို ကြီးကြီးမားမား အားနည်းစေခဲ့တယ်။အဲလိုမဟုတ်ရင် အနိုင်အရှုံး ဆုံးဖြတ်ဖို့အတွက် ခက်ခဲနေဦးမှာပဲ...…

ဒီလိုဆို‌ရင်တောင် အက်စ်မိုဒက်စ် တော်ဝင်မိသားစုက ဒီအမျိုးသမီး တော်တော်လေး ကြောက်စရာကောင်းတယ်။သူက ထိပ်တန်း ရွှေရုပ်သေးတွေကိုတောင် တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်တယ်။အရိပ်နက်အင်ပါယာ တစ်ခုလုံးမှာနဲ့ နတ်ဆိုးဘုံတစ်ခုလုံးမှာတောင် ဒီလိုလုပ်နိုင်တဲ့သူ တစ်ယောက်ပဲ ရှိလောက်မယ်။

သူ့ကို နတ်ဆိုးဘုံတစ်ခုလုံးက အလှဆုံး၊ဉာဏ်အကောင်းဆုံးနဲ့ အစွမ်းအထက်ဆုံး အမျိုးသမီးလို့ အသိအမှတ်ပြုထားကြတယ်။

အသိအမှတ်ပြုခံရထားတဲ့ ထိပ်ဆုံးအစွမ်းထက်ပုဂ္ဂိုလ်ပဲ သူ့ကို နည်းနည်းလေး အနိုင်ယူနိုင်မယ်။

တကယ်လို့ သူက အဲဒီပုဂ္ဂိုလ်သာဆိုရင်တော့.....။ မာနူ ကြက်သီးထသွားပြီး ရုတ်တရက် နောက်ဆုတ်ပြေးချက်စိတ် ဖြစ်လာသည်။သို့သော်လည်း ပိုင်နက်ထဲမှ ထွက်သွားရန် မလွယ်ကူလှပေ။အထူးသဖြင့် မှော်ဒြပ်စင်များကို သဟဇာတဖြစ်စေနိုင်သော ထူးဆန်းသည့် ပိုင်နက်မျိုးမှ ပို၍ပင် လွတ်မြောက်ရန် ခက်ခဲသည်။

မာနူ၏ စွမ်းအင်ကုန်ခမ်းမှုကို ဂရုမစိုက်တော့ဘဲ ရွှေရုပ်သေးနှစ်ကောင်ကို ရစ်ပတ်ရန် မှော်ပညာ အသုံးပြုကာ [ နတ်မိစ္ဆာမျက်လုံး ] ကို အသက်သွင်းလိုက်သည်။သူက လျှာထိပ်ကိုကိုင်ပြီး သွေးတစ်လုပ်အန်လိုက်ရာ မယုံနိုင်စရာ ကောင်းလောက်အောင်ပင် အပြာရောင်ဖြစ်နေသည်။ထို့နောက် သူသည် လက်တစ်ဖက်ကိုသုံးပြီး လေထဲ၌ သွေးဖြင့် အမြန်ရေးဆွဲလိုက်သည်။ထူးဆန်းသော မှော်စာများ ပေါ်ထွက်လာခဲ့သည်။သူသည် မှော်စာတစ်ခုစီအတွက် သွေးတစ်လုပ်အန်ရသည်။ထို့နောက် ထူးခြားဆန်းကြယ်သော လေဟာနယ်ဂိတ်တစ်ခု ပေါ်ထွက်လာခဲ့သည်။

မာနူက ခိုးထွက်ရန် ပြင်လိုက်သည်။သို့သော် ယာကော့ဗ်ကို တိုက်ခိုက်နေသော ခရစ္စတီးနားသည် သူ၏လှုပ်ရှားမှုကို ရှာတွေ့သွားခဲ့သည်။သူသည် ယာကော့ဗ်အား နောက်ဆုတ်အောင်လုက်ပြီး လေထဲသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

မာနူ၏စွမ်းအားသည် ( ခရစ္စတီးနားအတွက် ) အစွမ်းမထက်သော်လည်း သူ၏ထူးခြားသော ပိုင်နက်သည် [ စစ်ရုပ်သေး ] ကို ချုပ်တည်းနိုင်၏။သူသည် [ ဇာမဏီနက် ပိုင်နက် ] ထဲ၌ ထိုလျို့ဝှက် မှော်ပညာကိုပင် အသုံးပြုနိုင်သည်။သူသည် အက်စ်မိုဒက်စ် တော်ဝင်မိသားစုအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်။ထို့ကြောင့် သူ့ကို အရင်ဦးစွာ သတ်ပစ်ရမည်ဖြစ်သည်။

ထိုလက်သီးသည် လွှမ်းမိုးနေပြီး တစ်လောကလုံးမှ မီးတောက်များ မာနူဆီသို့ အတူတကွ လိမ့်ဆင်းလာကြသည်။မာနူ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားခဲ့သည်။သူ၏ခန္ဓာကိုယ်သည် ဂိတ်တံခါးဆီသို့ ဖျပ်ခနဲ ပျောက်ပြီး ဝင်ရောက်သွားခဲ့သည်။ဂိတ်တံခါးထဲ ဝင်ရောက်စဉ်အချိန်၌ သူ၏ခန္ဓာကိုယ် တုန်ခါသွားဟန်တူသည်။ထို့နောက် ချက်ချင်းပင် မီးတောက်အများအပြား တိုးဝင်လာတော့သည်။ခဏအကြာ မာနူ၏ ကြောက်လန့်ဖွယ်ရာ အော်ဟစ်သံများ ထွက်လာပြီး လေဟာနယ် ဂိတ်တံခါးလည်း ပျောက်ကွယ်သွား၏။သူ သေသည် ရှင်သည်ကို မသိရပေ။

မာနူ ထွက်ပြေးသွားပြီး အဖော်နှစ်ယောက်ကို ချန်ရစ်ခဲ့သည်။အဇ်ဂါလောနှင့် ယာကော့ဗ်တို့အပေါ်ရှိ ဖိအားသည် ရုတ်တရက်ပင် သိသိသာသာ တိုးလာခဲ့သည်။အဇ်ဂါလောကို ရွှေရုပ်သေး လေးကောင် ဝိုင်းရံလိုက်သည်။အစားကြူး တော်ဝင်မိသားစု၏ ဝါးမျိုခြင်း ပါရမီသည် အသက်မဲ့သော [ စစ်ရုပ်သေး ] ကို ရင်ဆိုင်ရာ၌ အသုံးမဝင်ပေ။ထို့ပြင် [ မြေမှော်ကျွမ်းကျင်မှု ] သည် ထိုပိုင်နက်ကြောင့် ကြီးကြီးမားမား ဖိနှိပ်ခံနေရသည့်အတွက် အခြေအနေကို မဖြေရှင်းနိုင်ပေ။သူ့ကို အန္တရာယ်များ ဝိုင်းရံနေတော့သည်။

ယာကော့ဗ်သည် သလင်းကျောက်နဂါးဖြစ်ပြီး [ ဇာမဏီနက် ပိုင်နက် ] ၏ စွမ်းအားသဟဇာတ ဖြစ်ခြင်းသည် သူ့အပေါ် သက်ရောက်မှု မရှိပေ။သို့သော်လည်း အမြဲပင် ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိနေသော သူ့ကို စိတ်ပျက်သွားစေသည်မှာ ထိုမိန်းမသည် သူ့ကို စွမ်းအားချည်းသပ်သက်ဖြင့် ဖိနှိပ်နေနိုင်ခြင်းပင် ဖြစ်သည်။မာနူသာ ရှိနေသေးလျှင် ရုပ်သေးများကို ချုပ်တည်းနိုင်သော စိတ်ဝိညာဉ်ပိုင်နက်ကို အသုံးပြုနိုင်မည်ဖြစ်သည်။ထိုသို့ဆိုလျှင် သုံးယောက် တစ်ယောက် တိုက်ပွဲသည် အနိုင်ရရှိနိုင်ချေ ရှိနေသေးသည်။

ယခုတွင် မာနူ ထွက်ပြေးသွားပြီဖြစ်သည့်အတွက် ရှုံးနိမ့်ရန်မှာ အနှေးနှင့်အမြန်ပင် ဖြစ်သည်။ဤသို့ ဆက်သွား၍ မဖြစ်နိုင်ပေ။

ထိုသို့တွေးပြီးနောက် ယာကော့ဗ်သည် သံရှည်ဆွဲကာ ဟိန်းလိုက်သည်။ပါရမီရှင်နဂါး၏ အင်အား ရောင်ခြည်တောက်ပသွားခဲ့သည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်းပင် စတင်ပြောင်းလဲလာပြီး ခန္ဓာကိုယ် အစစ်အမှန် ပေါ်လွင်လာသည်။ဆယ်မီတာခန့် ရှည်လျားသော ဧရာမနဂါးတစ်ကောင်ဖြစ်ပြီး ကျောဘက်တွင် တောင်ပံပါရှိသည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် သလင်းကျောက် အသွင်အပြင်ဖြစ်နေပြီး ဖောက်ထွင်းမြင်ရသော အနုပညာလက်ရာတစ်ခုအသွင် ဖြစ်နေ၏။

သလင်းကျောက်နဂါးက ကြေးခွံများကို လှုပ်ရမ်းလိုက်ရာ [ ဇာမဏီနက် ပိုင်နက် ] အတွင်း၌ မရေမတွက်နိုင်သော သလင်းကျောက်တိုင်လုံးများ ပေါ်ထွက်လာခဲ့သည်။ အဝေးမှကြည့်လျှင် ၎င်းသည် ကောင်းကင်နှင့်မြေကြီးအကြား အနက်ရောင်မီးတောက်ကို ချိတ်ဆက်ထားသော ကောင်းကင်ဘုံ တိုင်လုံးကဲ့သို့ပင် ဖြစ်နေသည်။ထိုအရာသည် သူ၏ [ သလင်းကျောက်ပိုင်နက် ] ပင် ဖြစ်လေသည်။

ထိုကဲ့သို့ သလင်းကျောက်တိုင်လုံးများတွင် လေဟာနယ်နှင့် အလင်းယိုင်ခြင်းတို့၏ အထူးစွမ်းအားများ ရှိနေဟန်တူသည်။အနက်ရောင် မီးတောက်များက သလင်းကျောက်တိုင်များကို ထိသွားသည့်အခါ အလင်းယိုင်သွားသည်။၎င်းသည် မူလက နေရာတစ်ခုလုံးကို ဖုံးလွှမ်းနေသော ပိုင်နက်အတွင်း ဟာကွက် အရိပ်အယောင်တစ်ခု ဖြစ်သွားစေသည်။

ရွှေရုပ်သေးများ၏ တင်းတင်းကြပ်ကြပ် ဖိနှိပ်ခြင်းကို ခံထားရသော အဇ်ဂါလောသည်လည်း ဉာဏ်ပြေးလှသည်။သူသည် ပိုင်နက်ကို အသုံးမပြုရသေးသော်လည်း ထိုအချိန်၌ နှစ်ဖက်စလုံး၏ စွမ်းအားခြားနားချက်မှာ သိသာနေပြီဖြစ်သည်။သူ အကောင်းဆုံးကြိုးစားသည့်တိုင် ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ မိန်းမမျိုးကို ယှဉ်နိုင်မည်မဟုတ်ပေ။

ဒီနေ့တိုက်ပွဲက လုံးဝအရှုံးပဲ။သလင်းကျောက်တောင်ကြားလည်း မရှိတော့ဘူး။ဆာဘရီနာနဲ့ အီဇိုလာလည်း သေပြီ။နတ်ဘုရား-ဝါးမျို မျက်နှာဖုံးကိုလည်း ငါထပ်ပြီး တပ်မက်လို့ မရတော့ဘူး။ဘယ်လိုပဲဖြစ်ဖြစ် အခုအချိန်က ငါ့အသက်ကို ကယ်နိုင်ဖို့ အရေးကြီးဆုံးပဲ။မဟုတ်ရင် အရာအားလုံးက အလကားဖြစ်သွားမယ်။

ထိုသို့စဉ်းစားပြီးနောက် အဇ်ဂါလော တုံ့ဆိုင်းမနေတော့ပေ။မီးတောက်ပိုင်နက် ထပ်မံချိပ်ပိတ် ခံရတော့မည့်အချိန်၌ သူသည် အစွမ်းကုန် ပြေးထွက်သွားခဲ့သည်။သူသည် ဒဏ်ရာပြင်းပြင်းထန်ထန် ရနေခဲ့ပြီး ရွှေရုပ်သေးများထံမှ ရိုက်နှက်မှုခံရကာနောက်ဆုံး၌ ပိုင်နက်ထဲမှ သီသီကလေးနှင့် လွတ်မြောက်သွားခဲ့သည်။သူဆက်ပြီး မနေရဲပေ။အတက်အကျများနှင့်အတူ သူသည် ထိုနေရာမှ ထွက်သွားခဲ့သည်။

သလင်းကျောက်နဂါး၏အခြေအနေ အတော်လေး ဆိုးလှသည်။သူသည် ခန္ဓာကိုယ်အစစ်အမှန်သို့ အသွင်ပြောင်းလဲပြီးနောက် ပို၍စွမ်းအားကြီးလာသော်လည်း ခရစ္စတီးနား၏ ပြင်းထန်သော တိုက်ခိုက်မှုကို မခုခံနိုင်သေးပေ။ယခင်က ပါ့ဂ်လီအို‌ကြောင့် ပြင်းပြင်းထန်ထန် ရရှိခဲ့သော ဒဏ်ရာသည် စတင်ကျယ်ပြန်လာခဲ့သည်။အလွန်နာကျင်လှသည့်အတွက်ကြောင့် ယာကော့ဗ် ထပ်ကာထပ်ကာ အော်ဟစ်နေတော့သည်။ပို၍ဆိုးသည်မှာ အဇ်ဂါလော အမှန်တကယ် ထွက်ပြေးသွားခဲ့ခြင်းပင် ဖြစ်သည်။သူသည် နောက်ဆုံးကျန်သူ ဖြစ်ပြီး စိတ်ထဲ၌ ဆဲလိုက်မိတော့သည်။

သူ၏ [ သလင်းကျောက်ပိုင်နက် ] သည် မှော်ဒြပ်စင်အားလုံး ချိုးဖျက်နိုင်သော်လည်း ထိုပိုင်နက်ကို ဒြပ်စင်စွမ်းအားဖြင့် ထောက်ပံ့ထားခြင်း မဟုတ်ပေ။ခဏအကြာ ထိုရွှေရုပ်သေးများ သူ့ကို ဝိုင်းရံလာသည်။ထို့ကြောင့် သူဆက်လက် တိုက်ခိုက်၍ မဖြစ်တော့ပေ။သို့သော် သလင်းကျောက်နဂါးသည် အတွေးတစ်ခုကို လက်မလျှော့သေးပေ။ ဟိုကောင် ရစ်ချတ်မှာ ဘယ်ဇီဘတ်မိသားစုရဲ့ အဆောင်ပစ္စည်းရှိတယ်။ကြည့်ရတာ ‌နတ်ဆိုးဒိုင်းလည်း သူ့လက်ထဲမှာပဲ။အရေးကြီးဆုံးကတော့ ပြန်လည်ရှင်သန်ခြင်း ‌ရေစင်နဲ့ ရှေးမှော်စာ ကျောက်ပြားတွေပဲ။ခုနက သလင်းကျောက် တိုင်လုံးတွေ မီးတောက်ကို အလင်းယိုင်တုန်းက အဲဒီကောင် ရှိနေတာကို ငါရှာတွေ့ထားပြီးပြီ။သူက အသက်ရှင်နေသေးတဲ့ပုံ။ငါ ဘာလို့ .....

သလင်းကျောက်နဂါးသည် ခရစ္စတီးနားအား အဆက်မပြတ် နဂါးအာငွေ့ မှုတ်ထုတ်လိုက်သည်။ထိုအာငွေ့သည် ဖောက်ထွင်းမြင်ပြီး သလင်းကျောက်ဖြစ်တည်ခြင်းနှင့် ဖျက်ဆီးခြင်းစွမ်းအား ပါဝင်နေသည်။တစ်စုံတစ်ယောက်သာ နှစ်ဝင်သွားလျှင် သလင်းကျောက်အဖြစ် ခဲသွားပြီး ပေါက်ကွဲထွက်သွားမည် ဖြစ်သည်။ခရစ္စတီးနားသည်ပင် ထိပ်တိုက် မရင်ဆိုင်ရဲပေ။

ပြိုင်ဘက်ဖြစ်သူ ရှောင်တိမ်းနေစဉ် သလင်းကျောက်နဂါးသည် တောင်ပံဖြန့်ကာ ချန်လွေ့ဆီသို့ အရှိန်ကုန် ပျံသန်းသွားခဲ့သည်။သူသည် ချန်လွေ့ကို ဖမ်းပြီး ထွက်ပြေးရန် ကြိုးစားခဲ့သည်။ခရစ္စတီးနားသည် ၎င်းကိုရှာတွေ့သွားပြီး မျက်လုံးများ အေးစက်သွား၏။ပိုင်နက်စွမ်းအား မိုးထိအောင် မြင့်တက်သွားကာ မီးတောက်စွမ်းအားလည်း သိပ်သည်းသွားသည်။သူ၏ခန္ဓာကိုယ်သည် ရုတ်တရက်ပင် အလွန်ကြီးမားသော ဇာမဏီငှက် အနက်ရောင်အဖြစ် ပြောင်းလဲကာ ရွှေရုပ်သေးများသည် သူ၏ပတ်ပတ်လည်ရှိ ရွှေရောင်အလင်း လေးခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ခရစ္စတီးနား ခြေတစ်လှမ်း နောက်ကျသွားခဲ့သော်လည်း သလင်းကျောက်နဂါးကို လိုက်မီသွားခဲ့သည်။

အနက်ရောင်မီးတောက်နှင့် သလင်းကျောက်အလင်း တုန်ခါမှုအလယ်တွင် သလင်းကျောက်နဂါးက ပြိုင်ဘက်ဖြစ်သူ၏ တိုက်ခိုက်ရေးစွမ်းအားသည် နှစ်ဆခန့် ပိုမိုကြမ်းတမ်းသွားကြောင်း ခံစားလိုက်ရသည်။အရှုပ်အယှက်များကြားထဲရှိ သူ၏ခေါင်းပေါ်ရှိ ရှည်လျားသော ချိုသုံးချောင်းတွင် နှစ်ချောင်း ကျိုးသွားပြီး တောင်ပံတွင်လည်း ကြီးမားသော အက်ကြောင်းများ ရှိနေ၏။ဖောက်ထွင်းမြင်ရသော ကြေးခွံများနှင့် အက်ကွဲနေသော အရေပြားများ ဆက်လက်ကွာကျနေသည်။မြေပြင်ပေါ်ရှိ သလင်းကျောက် တိုင်လုံးများလည်း အက်ကွဲကာ တစ်ခုပြီးတစ်ခု ကြေမွသွားတော့သည်။မည်သည့်အတွက်ကြောင့် ယာကော့ဗ် အပိုအတွေးများ ထပ်တွေးရဲမည်နည်း။သလင်းကျောက်တံတိုင်း မပြိုလဲခင်မှာပင် သူသည် အားကုန်သုံးကာ [ ဇာမဏီနက် ပိုင်နက် ] ထဲမှ တဖျပ်ဖျပ်ခတ်ပြီး ပျံထွက်သွားခဲ့သည်။သူသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ထဲသို့ ပျောက်ကွယ်သွားခဲ့သည်။

သလင်းကျောက်နဂါး ထွက်ပြေးရာလမ်းကြောင်းအတိုင်း ကောင်းကင်တစ်ခုလုံးမှ မီးတောက်များသည် ဧရာမ ဇာမဏီငှက် ခန္ဓာကိုယ်အဖြစ် စုစည်းသွားသည်။ဇာမဏီသည် တဖြည်းဖြည်း ဆင်းလာပြီး အရွယ်အစား ဖြည်းဖြည်းချင်း ကျုံ့လာသည်။မြေပေါ်သို့ ရောက်ရှိသည့်အခါ ၄င်းသည် လူသားအသွင် ပြောင်းလဲသွားခဲ့သည်။

ဇာမျက်နှာလွှားနောက်ကွယ်၌ ကြယ်ပွင့်များကဲ့သို့ မျက်လုံးများသည် မြေပေါ်တွင်လဲနေသော လူသားထံသို့ ရောက်ရှိသွားသည်။ချန်လွေ့သည် ခရစ္စတီးနား၏ အနက်ရောင်မီးတောက် အထူးစွမ်းအားဖြင့် လျို့ဝှက်ပြီး ကာကွယ်ထားခြင်း ခံခဲ့ရသည်။ကြီးမားလှသော မီးတောက်သည် ချန်လွေ့၏ခန္ဓာကိုယ်ထဲရှိ နိဗ္ဗာန်စွမ်းအားနှင့် လိုက်ဖက်ညီ ဖြစ်သွားခဲ့သည်။သူသည် အပြည့်အဝ “ပြန်လည်ရှင်သန်ခြင်း” မဖြစ်လာခဲ့သော်လည်း သူ၏အသက်ကို ဆွဲဆန့်နိုင်ခဲ့သည်။ထို့ကြောင့်ပင် သူ၏အငွေ့အသက် “ပြတ်တောက်” မသွားခဲ့ခြင်း ဖြစ်သည်။

သူသည်လည်း ပိုင်နက်ထဲ၌ ရှိနေသည့်အတွက် ခုနက တိုက်ပွဲကို သေသေချာချာ မြင်တွေ့ခဲ့ရသည်။

မူလက ခရစ္စတီးနားသည် သုံးယောက်တစ်ယောက် တိုက်ခိုက်ရင်း ရှုံးနိမ့်သွားလိမ့်မည်ဟု ချန်လွေ့ ထင်မှတ်နေခဲ့သည်။သို့သော်လည်း ခရစ္စတီးနား အနိုင်ရသွားပြီး ရန်သူသုံးယောက်ကိုပင် ပြင်းပြင်းထန်ထန် ဒဏ်ရာရစေနိုင်ခဲ့သော ရလာဒ်မျိုးကို သူ မြင်တွေ့ခဲ့ရလေသည်။

ပါ့ဂ်လီအိုရဲ့ အထွတ်အထိပ် အခြေအနေမှာတောင် ဒီစွမ်းအားကို ယှဉ်နိုင်မှာ မဟုတ်ဘူး။

သူက တကယ်ပဲ.....

ချန်လွေ့၏ [ မီးသင့်နဂါး ဝင်စီးခြင်း ] အခြေအနေ ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သည်။သူ၏ ခန္ဓာကိုယ်ကြောင့်ဖြစ်သွားခဲ့သော ဒဏ်ရာများ ပေါက်ကွဲထွက်သွားပြီး နှလုံးသား ပျက်စီးသွားခြင်းကြောင့် ချန်လွေ့တွင် ခါးသက်သက်သာ ပြုံးနိုင်သော အားအင်သာ ကျန်တော့သည်။

ထို့ကြောင့် သူက ခရစ္စတီးနားကို ခါးသက်သက် ပြုံးပြလိုက်သည်။

မဟုတ်ဘူး။သူ့နာမည်က ကတ်သရင်း ဖြစ်ရမှာ။

ကတ်သရင်း အက်စ်မိုဒက်စ်။

ယခုအထိသာ ၎င်းကိုမမြင်နိုင်သေးလျှင် သူသည် ချန်လွေ့ မဟုတ်တော့ပေ။

All Chapters