ဒီကောင်စုတ်တော့
Vol. 20 Ch. 297
ထိုနတ်ဆိုးအရှင်သခင်များ တိုက်ပွဲစတင်သောအခါ သလင်းကျောက်တောင်ကြားထဲတွင် လူမရှိသလောက်ပင် ဖြစ်သည်။ပိုင်နက်ကြောင့်သာ မဟုတ်လျှင် ထိုတိုက်ပွဲစွမ်းအား အပြည့်အဝ ထုတ်လွှတ်လိုက်သည့်အခါ တောင်ကြားတစ်ခုလုံး ပျက်စီးသွားမည် ဖြစ်သည်။
“ ခရစ္စတီးနား ”က မြေပြင်ပေါ်ရှိ “ ရစ်ချတ် ” မျက်နှာသို့ ပြန်ပြောင်းသွားပြီဖြစ်သော ချန်လွေ့ကို တိတ်ဆိတ်စွာ ကြည့်နေလိုက်သည်။တိုက်ဆိုင်စွာပင် နောက်ဆုံးတစ်ခေါက် ထိုမျက်နှာကို သူတွေ့ခဲ့သောအချိန်တွင်လည်း ချန်လွေ့သည် သေလုနီးပါး ဖြစ်နေခဲ့သည်။
“ ကိုယ်....မလိုအပ်တာတွေ လုပ်ခဲ့တဲ့ပုံပဲ။ ”
ထိုလူက ခါးသက်သက်နှင့် ပြုံးလိုက်သည်။သူ၏ အားနည်းသောအသံက သူ၏အသက် အဆုံးသတ်တော့မည်ကို ညွှန်ပြနေပေသည်။
“ အဲလိုလည်း မဟုတ်ဘူး။ ”
အမျိုးသမီးသည် တည်ငြိမ်နေဆဲပင် ဖြစ်သည်။
“ သူတို့သုံးယောက်က နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းတွေပဲ။အထူးသဖြင့် နဂါးက တော်တော်လေး အစွမ်းထက်တယ်။မာနူက နှောင်ပိုင်းကို အဆင့်တက်ခါစ ဖြစ်ပေမဲ့ သူ့ရဲ့ပိုင်နက်က [ စစ်ရုပ်သေး ] ကို ချုပ်တည်းနိုင်တယ်။သူက ကျွန်မအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုပဲ။ရှင့်ကြောင့်သာမဟုတ်ရင် ကျွန် အနိုင်ရနိုင်ချေ သိပ်ပြီး မများလှဘူး။[ စစ်ရုပ်သေး ] ကို သုံးလို့ မရဘူးလေ။ကျွန်မ တော်တော်လေး ပေးဆပ်ရလောက်တယ်။ ”
“ ဒီလိုဆိုမှတော့..... မာနူရဲ့ အကြံအစည်က မင်းထင်ထားတဲ့အတိုင်းပဲပေါ့။ ”
ထိုလူ၏အပြုံးတွင် ကိုယ့်ကိုယ်ကိုယ် လှောင်သော အရိပ်အယောင် ရှိနေ၏။
“ ဟုတ်တယ်။သူရဲ့လက်ရွေးစင်တပ်ဖွဲ့က အခုဆို ရှင်းပစ်ခံလိုက်ရလောက်ပြီ။ကျွန်မရဲ့စစ်တပ်က ဒီကို မကြာခင် ရောက်လာမှာ။ခုနကတုန်းက မာနူက ကျွန်မရဲ့ ဇာမနီနက်အားနဲ့ တိုက်ခိုက်တာကို ခံခဲ့ရတယ်။သူက လဝက်အတွက် သေချာပေါက် သေသွားလိမ့်မယ်။ရိုင်ဇန်က သူ့ကိုကယ်ဖို့ ကြိုးစားရင်တောင် အသုံးမဝင်ဘူး။ ”
အမျိုးသမီး၏အသံတွင် ယုံကြည်ချက်များ ပြည့်နှက်နေသည်။
“ အားလုံးက မင်းရဲ့ထိန်းချုပ်မှု အောက်မှာပဲကိုး။ကိုယ်ကရော။ကိုယ်က မင်းရဲ့အကြီးမားဆုံး လျို့ဝှက်ချက်ကို သိပြီးပြီ။ ”
ထိုလူသည် ခါးသက်သက် ပြုံးနေသေးသည်။
“ မင်း ကိုယ့်ရဲ့အလောင်းကို တစ်စစီ ဆွဲဖြဲချင်ရင်တောင် ကိုယ့်ခေါင်းကိုတော့ ချန်ထားပေးပါ။ဒါက ကိုယ် နောက်ဆုံးတောင်းဆိုတာပါ။ ”
“ ပါ့ဂ်လီအိုက ဘယ်သူလဲ။ဘာလို့ အဲဒီ သလင်းကျောက်နဂါးက သူ့ကို ကြောက်ရတာလဲ။ပြီးတော့ ရှင်က မာန တော်ဝင်မိသားစုဝင်လား။ဒါမှမဟုတ် အစားကြူး တော်ဝင်မိသားစုဝင်လား။ ”
“ ပါ့ဂ်လီအိုက ကိုယ့်ရဲ့မိတ်ဆွေ တစ်ယောက်ပါ။သူက အရိပ်နက်အင်ပါယာကို ခြိမ်းခြောက်မှာ မဟုတ်ဘူးဆိုတာ အာမခံတယ်။ကိုယ့်နောက်ကွယ်မှာ ဘာမှကြောက်စရာကောင်းတဲ့ အင်အားစုတွေ မရှိဘူး။ကိုယ့်ရဲ့သရုပ်မှန်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီလူတွေနဲ့ မတူဘူး။ ”
အမျိုးသမီးက အသာလေး ခေါင်းညိတ်လိုက်သည်။ သူက တကယ်ပဲ မတူဘူး။
“ ကိုယ့်မှာ အချိန်သိပ်မရှိတော့ဘူး.... ”
ထိုလူက ထိုစကားများကိုပြောရန်အတွက် နောက်ဆုံးအသက် ကုန်ခမ်းနေဟန်တူသည်။
“ ကိုယ်မင်းကို ပြောဖို့ မေ့သွားတယ်။ကိုယ်က... ပြန်လည်ရှင်သန်ခြင်းဆေးရည်ကို တစ်ခါသုံးပြီးသွားပြီ။ ”
ထိုစကား ပြောလိုက်သည့်အခါ အမျိုးသမီး၏ လက်ထဲ၌ ဆေးရည်မည်းတစ်ပုလင်း ရှိနေ၏။
ထိုစကားကို ကြားသည့်အခါ မူလက ယုံကြည်ချက် ရှိနေသော အမျိုးသမီး၏ခန္ဓာကိုယ် ရုတ်တရက် တောင့်တင်းသွားသည်။ကြေကွဲလွယ်သော ဖန်ပုလင်းသည်လည်း ပြုတ်ကျသွားပြီး သူ၏နှလုံးထဲရှိ တစ်စုံတစ်ခုကဲ့သို့ပင် ကွဲကြေသွားခဲ့သည်။
နတ်ဆိုးဘုံတစ်ခုလုံးကို ရူးခါသွားစေနိုင်သော ဆေးရည်သည် မြေပြင်တစ်လျှောက် ဖိတ်စင်သွားခဲ့သည်။၎င်းသည် ရွှံ့ထဲစီးဆင်းသွားပြီးနောက် ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
ပြန်လည်ရှင်သန်ခြင်းဆေးရည်သည် နိဗ္ဗာန်သွေး ကဲ့သို့ပင် လူတစ်ယောက်အပေါ်၌ တစ်သက်လုံးတွင် တစ်ကြိမ်သာ အသုံးပြု၍ရပေသည်။
ဒီလူရဲ့ကိစ္စတွေက ငါထိန်းချုပ်နိုင်တာတွေရဲ့ အပြင်ဘက်မှာပဲ။ဒီတစ်ခေါက်ရော။ အရင်တစ်ခေါက်ရော။
“ ကိုယ့်ရဲ့အမြင် လုံးဝမဝေဝါးသွားခင် မင်းရဲ့မျက်နှာကို ထပ်ပြီး ကြည့်လို့ရမလား.... ”
အမျိုးသမီး၏လက် တုန်ခါသွားပြီး ချက်ချင်း ထိုင်ချသည်။သူသည် ချန်လွေ့၏ သွေးစွန်းနေသော ခန္ဓာကိုယ်ကို ညင်ညင်သာသာ ပွေ့ဖက်ပြီး သူ၏ မျက်နှာပေါ်မှ ဇာမျက်နှာလွှားကို မတင်လိုက်သည်။ရင်သပ်ရှုမောဖွယ် လှပသေမျက်နှာ ဖြစ်နေဆဲပင် ဖြစ်သည်။၎င်းသည် အသံတိတ်စိမ့်မြေမှ ခရစ္စတီးနားထက် ပို၍ရင့်ကျက်ပြီး ပို၍ဆွဲဆောင်မှုရှိသည်။
ဒါက သူပွေ့ဖက်တာလား။နူးညံ့တယ်။ရနံ့သင်းတယ်။နွေးထွေးတယ်......
အလှအပချင်းယှဉ်လျှင် ရှီရာနှင့် အစ်ဇဘယ်လာတို့ပင် သူ့ထက် နိမ့်ကျသည်။ဤသည်မှာ နတ်ဆိုးဘုံရှိ ထိပ်ဆုံး မိန်းမလှပင် ဖြစ်လေသည်။၎င်းသည် အတော်လေးထိုက်တန်သော ဂုဏ်သတင်းတစ်ခု ဖြစ်သည်။သို့သော် သူ၏ကြယ်ပွင့်များကဲ့သို့ မျက်လုံးများထဲတွင် ဝမ်းနည်းမှုအရိပ်အယောင်တစ်ခု ရှိနေသည်။
“ ရှင့်မှာ ဟိုးခရတ်စ် ရှိတယ်မလား။ဟိုးခရတ်စ် မကွယ်ပျောက်သေးသရွေ့ ရှင်သေမှာ မဟုတ်ဘူး။ ”
“ အဲဒီဇာတ်လမ်းကို မင်းမှတ်မိနေသေးတာပဲ။ကံဆိုးချင်တော့ မင်းကို ဇာတ်လမ်းအဆုံးအထိ ပြောပြဖို့အတွက် ကိုယ့်မှာ အခွင့်အရေး မရှိတော့ဘူး.... ”
ထိုလူ၏ အသက်ရှူသံ တဖြည်းဖြည်း အားနည်းလာသည်။
“ တကယ်တော့ အဲဒီကိစ္စတင် မဟုတ်ဘူး။မင်းဆီကနေကိုယ် ကွယ်ဝှက်ထားတာတွေ အများကြီး ရှိတယ်။ကိုယ် မင်းကို လိမ်ညာခဲ့တယ်။မင်းကိုယ့်ကို အပြစ်တင်မှာလား။ ”
ကျောက်စိမ်းကဲ့သို့ နူးညံ့သောလက်ချောင်းများသည် ချန်လွေ့၏ သွေးစွန်းနေသော ဆံပင်ကို အသာအယာ ပွတ်သပ်လိုက်သည်။
“ ဟင့်အင်း ”
မင်းရဲ့ ကြံ့ကြံ့ခံမှုက အားလုံးကို ကာကွယ်ဖို့အတွက်ဆိုရင် ကိုယ့်ရဲ့ ကြံ့ကြံ့ခံမှုက မင်းကို ကာကွယ်ဖို့အတွက်ပဲ။
လုပ်ရပ်က အကောင်းဆုံး ဘာသာစကားပဲ။
သူက အဲဒီစကားကို မလိမ်ညာခဲ့ဘူး။ဒါက လုံလောက်နေပါပြီ။
လေအေးအေး တိုက်လာပြီး အမျိုးသမီး၏ တွန့်လိမ်နေသော ဆံနွယ်များကို အသာအယာ တိုက်ခတ်သွားသည်။
“ မင်းကို ခရစ္စတီးနားလို့ ခေါ်ရမှာလား။ကတ်သရင်းလို့ ခေါ်ရမှာလား။ ”
“ ခရစ္စတီးနားက ရှင်နဲ့အတူ အမြဲရှိနေမှာပါ။ဒီနေ့ပြီးသွားရင် သူက ဒီလောကမှာ ရှိတော့မှာ မဟုတ်ဘူး။ကတ်သရင်းကတော့ သူ့ရဲ့ဘဝကို သူမပိုင်ဘူး။အဲဒါကြောင့် သူက ဒီလိုမျိုး ဆုံးဖြတ်ချက် ချလို့မရဘူး။ ”
ခရစ္စတီးနား ပြောချင်သည်ကို ချန်လွေ့သဘောပေါက်သည်။ခရစ္စတီးနားသည် သူနှင့်အတူ မြှုပ်နှံခံရမည်ဖြစ်ပြီး ထိုချစ်စိတ်များကို ခရစ္စတီးနား၏ နှလုံးသားထဲ၌ ထာဝရ မြှုပ်နှံလိုက်မည် ဖြစ်သည်။
ခရစ္စတီးနားသည် နောက်ဆုံး၌ ချန်လွေ့အပေါ် ကြွေဆင်းသွားလေပြီ။
“ ကိုယ်သေသွားရင် ဟိုနေရမှာ မြှုပ်ပေးပါ။ ”
ချန်လွေ့သည် လက်ချောင်း မမနိုင်သည့်အတွက် မျက်လုံးကိုပင် လွှဲလိုက်သည်။
“ အဲဒီတောင်ခါးပန်းကို ကိုယ်သဘောကျတယ်။ညတိုင်း ကိုယ် အဲဒီနေရာမှာ ကောင်းကင်ကကြယ်တွေကို ကြည့်ပြီးတော့ မင်းရဲ့မျက်လုံးတွေကို တွေးနေမိတာ.... ”
ထို့နောက် ချန်လွေ့သည် သလင်းကျောက်နဂါး၏ သားရဲတွင်းအောက်ရှိ အလွန်ကြီးမားသော သလင်းကျောက်ကြောများနှင့် အခြားကိစ္စအချို့ကို ပြတ်တောင်းပြတ်တောင်း ပြောပြသည်။သားရဲတွင်းထဲရှိ အလိုအလျောက် ဖောက်ခွဲသော မှော်စက်ဝိုင်းကိုလည်း အမြန်ဆုံးဖယ်ရှားရန် ပြောခဲ့သည်။
ထိုနောက်ဆုံး စကားများကို ရှင်းပြပြီးနောက် ချန်လွေ့၏မျက်လုံးများ ပို၍ပို၍ဝေဝါးလာသည်။
“ ကိုယ်.... မင်းရဲ့အပြုံးကို တစ်ခါမှ မမြင်ဖူးဘူး။မင်း..... ”
ခရစ္စတီးနား ပြုံးပြလိုက်ပြီး မျက်လုံးထဲမှ မျက်ရည်များ ကျလာသည်။သူသည် မျက်ရည်များကို မထိန်းထားခဲ့ပေ။သူ ခေါင်းငုံ့ပြီး ချန်လွေ့၏နှုတ်ခမ်းကို ညင်သာစွာ နမ်းရှိုက်လိုက်သည်။သူ၏ နွေးထွေးသော မျက်ရည်စက်များသည် ချန်လွေ့၏ မျက်နှာပေါ်သို့ ကျဆင်းသွားသည်။
ကတ်သရင်း၏လက်ထဲရှိ ထိုလူ၏ ဝင်သက်ထွက်သက် လုံးဝ ပျောက်ကွယ်သွားလေပြီ။ သူသည် ထိုနေရာ၌ အချိန်အတော်ကြာ ထိုင်နေခဲ့သည်။သူ၏မျက်နှာသည် အထီးကျန်ခြင်းနှင့် ဝမ်းနည်းခြင်းအကြား ပြောင်းလဲနေ၏။ဇာမျက်နှာလွှားကို ပြန်ချလိုက်သည့်အခါ တည်ငြိမ်မှု ပြန်လည် ရရှိသွားသည်။သူက ချန်လွေ့၏အလောင်းကိုချီပြီး တောင်ခါးသန်းဆီသို့ တစ်လှမ်းချင်း လမ်းလျှောက်သွားလိုက်သည်။
ကတ်သရင်းသည် ချန်လွေ့ ပြောခဲ့သည်များကို မှတ်ထားခဲ့သည်။ချန်လွေ့ကို မြှုပ်ပြီးနောက် ကတ်သရင်းသည် သလင်းကျောက်နဂါး၏ သားရဲတွင်းသို့ အမြန်သွားလိုက်ရာ ထူးဖော်ထားသော မိုင်းတွင်းများနှင့် သလင်းကျောက်ရိုင်များကို တွေ့ရှိသွားခဲ့ရသည်။သလင်းကျောက်မိုင်းတွင်းသည် အင်ပါယာအတွက် ကြွယ်ဝချမ်းသာမှု မြောက်မြားစွာ ပေးစွမ်းနိုင်လေသည်။
အဝေးတစ်နေရာ တောင်ကြားမှ တိုက်ခိုက်နေသောအသံတစ်ခု ရှိနေသည်။စစ်တပ်သည် မာနူ၏ လက်ရွေးစင်တပ်ဖွဲ့ကို ရှင်းပစ်ပြီး အမြန်လာနေပုံရသည်။
ထူးဆန်းသည်မှာ အချိန်အတော်ကြာ ရှာပြီးသည်အထိ အလိုအလျောက် ဖောက်ခွဲသော မှော်စက်ဝိုင်းကို ရှာမတွေ့ခဲ့ခြင်းပင်။ကတ်သရင်းသည် မူလက အလွန်ပါးနပ်သူတစ်ယောက် ဖြစ်သည်။သူ စိတ်အေးအေးထားပြီး ပြန်စဉ်းစားကြည့်လိုက်သည့်အခါ တစ်စုံတစ်ခုလွဲနေကြောင်း ခံစားလိုက်ရသည်။
သူ၏ပုံရိပ် ဖျပ်ခနဲပျောက်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ချန်လွေ့၏ “အလောင်း” ကို မြှုပ်ထးသော တောင်ခါးပန်းဆီသို့ ရောက်သွားသည်။အမှန်တကယ်ပင် တစ်စုံတစ်ယောက်က “မြေပုံ”ကို တူးဆွထားလေပြီ။မဟုတ်ပေ။၎င်းသည် အတွင်းထဲမှ တူးထုတ်ခဲ့ခြင်း ဖြစ်သည်။မြေပေါ်တွင်လည်း သွေးစက်များရှိနေပြီး တံခါးပွင့်နေသော အိမ်အကြီးကြီးဆီသို့ တည့်တည့် ဦးတည်နေလေသည်။
ကတ်သရင်း၏မျက်လုံးများ အရောင်တောက်သွားပြီး အိမ်ကြီးထဲသို့ အမြန်ဝင်သွားလိုက်သည်။၎င်းသည် စမ်းသပ်ခန်းတစ်ခု ဖြစ်ပုံရသည်။ခိုင်ခံ့ပြီး ကျယ်ဝန်းလှသည်။သွေးစက်များသည် အခန်းတစ်ခန်းတွင် ပျောက်ကွယ်သွားပြီး ကြမ်းပြင်ပေါ်၌ စာနှစ်ကြောင်း ရှိနေ၏။
“ အချစ်လေး။ကိုယ့်ကို အပြစ်မတင်ဘူးလို့ မင်း ကတိပေးခဲ့တယ်နော်။ ”
“ ကိုယ်အလျင်လိုနေလို့ အများကြီး ရေးလို့မရဘူး။ဒါပေမဲ့ ကိုယ် သေချာပေါက် ပြန်လာမှာပါ။ ”
ကတ်သရင်း၏ ဝမ်းနည်းမှုသည် ရုတ်တရက် ဒေါသအဖြစ် ပြောင်းလဲသွားသည်။ ဒီသူတောင်းစားတော့။သူက တကယ်ကြီး ငါ့ကိုလိမ်ညာပြီးတော့ သေဟန်ဆောင်သွားတယ်။
ငါက ထိပ်ဆုံးပဏ္ဍိတပဲ။ဒါပေမဲ့ ငါက တကယ်ကြီး..... ဒီလို လှည့်စားတာကို ခံခဲ့ရတယ်။
အဲဒီအချိန်တုန်းက ငါ့ရဲ့ ထိန်းချုပ်လို့မရတဲ့ ခံစားချက်တွေကြောင့် အမြင်ကွယ်သွားတာလား။ဒါမှမဟုတ် ငါ့ကို သူ့ရဲ့တုံးအမှုတွေ ကူးစက်သွားတာလား။
ဒီလူက ငါ့ရဲ့ထိန်းချုပ်မှုထဲမှာ မဟုတ်ပြန်ဘူး။
စိတ်ရှုပ်စရာ အကောင်းဆုံးကတော့ ငါ့ရဲ့ အပြုံးနဲ့ အနမ်းကို သူလိမ်ညာယူသွားတာပဲ။
ဒါနဲ့ အနမ်းက ငါအရင် ဦးဆောင်ခဲ့တဲ့ပုံပဲ......။ ထိုအကြောင်းတွေးရင်း ပုံမှန်တွင် တည်ငြိမ်လှသော ကတ်သရင်းသည် အရှက်ရမိသွားပြီး ဒေါသထွက်သွားခဲ့သည်။ မည်သို့ပင်ဆိုစေကာမူသည် သူသည် နှလုံးသား နက်နက်ရှိုင်းရှိုင်းထဲ၌ ပျော်ရွှင်ပြီး စိတ်သက်သာရာ ရသွားခဲ့သည်။သို့သော် သူသည် အရှက်ရခြင်းကို ဒေါသကိုသာ ပို၍ဖော်ပြခဲ့သည်။
“ ဒီကောင်စုတ်တော့။ ”
ခံစားချက်များ၏ ဒုက္ခသည်ဖြစ်သော အပြစ်မဲ့ စမ်းသပ်ခန်းလေးသည် ချက်ချင်းပင် အမှုန့်ဖြစ်သွားတော့သည်။
တစ်ချိန်တည်းမှာ ထိုကောင်စုတ်၏ ပုံရိပ်သည် မြူဖုံးရွှံ့ဗွက်အိုင်ရှိ လျို့ဝှက်နေရာ တစ်ခုတွင် ပေါ်ထွက်လာသည်။
[ ကြယ်တာရာဂိတ် ] ။ မြူဖုံးရွှံ့ဗွက်အိုင်ရှိ ထို တယ်လီပို့အမှတ်ကို ယခင်တစ်ခေါက် သူနှင့် ဆာဘရီနာတို့ အပြင်ထွက်လာစဉ်က ခင်းကျင်းခဲ့ခြင်း ဖြစ်သည်။ရုတ်တရက် ပြောင်းလဲမှုများကြောင်း ထွက်ပြေးမည့်အကြံအစည် အဆင့်များကို ယာယီပြောင်းလဲခဲ့ရသော်လည်း နောက်ဆုံး၌ အောင်မြင်သွားခဲ့သည်။
ယခုတွင် ချန်လွေ့သည် အမှန်တကယ် ဖွတ်ဖွတ်ကြေနေပြီ ဖြစ်သည်။သူ့တစ်ကိုယ်လုံး သွေးနှင့် မြေကြီးများ ဖုံးလွှမ်းနေပြီး ရင်ဘတ်ထဲ၌ အပေါက်ကြီးတစ်ပေါက် ရှိနေသည်။ “အသစ်ပြန်ဖြစ်ခြင်း” ဝိသေသလက္ခဏာကြောင့် သူသည် ခေါင်းကျန်နေသေးသရွေ့ အမှန်တကယ် သေဆုံးနိုင်မည် မဟုတ်ပေ။
နှလုံးသား မရှိတော့သည့်အတွက် ကံကောင်းစွာပင် နှလုံးခုန်ခြင်း မရှိခဲ့ပေ။ [အသက်အောင့်] အစွမ်းနှင့်ပါ ထပ်ပေါင်းလိုက်ရာ သူသည် ကတ်သရင်းအရှေ့တွင် အောင်အောင်မြင်မြင်နှင့် သေဟန်ဆောင်နိုင်ခဲ့သည်။
ခရစ္စတီးနားကို ကတ်သရင်းဖြစ်နိုင်သည်ဟု ရံဖန်ရံခါ သူတွေးမိခဲ့သော်လည်း သူကိုယ်ပိုင်ပင် ထိုအတွေးကို အလျင်အမြန် ပယ်ချခဲ့သည်။ယခုတွင် အမှန်တရား ပေါ်လာပြီ ဖြစ်သည့်အတွက် ၎င်းသည် အိပ်မက်တစ်ခု ကဲ့သို့ပင် ခံစားနေရသည်။ နတ်ဆိုးဘုံ၏ အလှပဆုံးအမျိုးသမီးနှင့် ထိပ်ဆုံးပဏ္ဍိတသည် မိမိကဲ့သို့ သေးငယ်သော လူတစ်ယောက်နှင့် ကိစ္စများ အမှန်တကယ် ရှိနေသည်လား။မိမိသည်လည်း ကတ်သရင်း၏ ပထမဆုံးယောက်ျား ဖြစ်ခဲ့ပုံရသည်။
ခုနက အနမ်းကို တွေးမိပြီးနောက် ချန်လွေ့သည် စိတ်လှုပ်ရှားမိသွားသည်။ထိုခံစားချပ်သည် သူ၏ရင်ဘတ်မှ ဒဏ်ရာကို အလွန်အမင်း ပြေလျော့စေခဲ့သည်။သူ သေဟန်ဆောင်ခဲ့သော်လည်း ဒဏ်ရာများမှ အမှန်တကယ်ပင် ဖြစ်သည်။ယခုတစ်ခေါက်တွင် သူ၏နှလုံးသား လုံးဝ ကွဲကြေသွားခဲ့သည်။လုံးဝအသစ်ပြန်ဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းအား ပြန်လည်ရရှိရန်အတွက် ၁၀ရက်မှ လဝက်ခန့်အတွက် လိုအပ်နိုင်ပေသည်။ကံကောင်းစွာပင် သူ၏နှလုံးသား ပျက်စီးသွားသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ကုသဆေးရည် သောက်ပြီးနောက် ဒဏ်ရာပြန်ကောင်းနှုန်း အတော်လေး မြန်ဆန်သွားခဲ့သည်။
ဒါနဲ့ ငါအမြန်ပြေးလာရလို့ သူ့ကိုငါ လူသေးသေးလေးပေးဖို့ မေ့သွားတယ်။နောက်တစ်ခေါက်အထိ စောင့်လိုက်တာပေါ့။ဒါကို ပြန်ဆုံဖို့အတွက် ဆင်ခြေတစ်ခုအနေနဲ့ သုံးလို့ရချင်ရမှာ။
ချန်လွေ့သည် ကတ်သရင်း၏ သရုပ်မှန် လျို့ဝှက်ချက်အကြောင်းကို အသီနာ အပါအဝင် မည်သူ့ကိုမှ ပြောပြရန် မရည်ရွယ်ထားပေ။၎င်းသည် လေးစားသမှုအရ ဖြစ်သည်။ဘရော့ခ်၊အဇ်ဂါလောနှင့် အခြားသူများသည် “ ခရစ္စတီးနား ” ၏ သရုပ်မှန်ကို ခန့်မှန်းမိလောက်ပြီးဖြစ်သည်။ကတ်သရင်း၏ ဉာဏ်ပညာဖြင့်ဆိုလျှင် ခရစ္စတီးနား၏ မျက်နှာလုံးဝမဖော်ပြသော အထူးဝိသေသ လက္ခဏာကို အသုံးချပြီး အကယ့် တော်ဝင်အမျိုးသမီးတစ်ယောက်နှင့် ဧကရီတို့ တစ်ချိန်တည်း ထွက်ပေါ်လာကြောင်း အထင်မြင်မှားစေနိုင်သည့် သတင်းအချက်အလက်များကို ဖန်တီးနိုင်ပေသည်။
မိမိအပေါ် ကတ်သရင်း၏ ချင်စိတ်ကို အတည်ပြုပြီးပြီဖြစ်သော်လည်း ကတ်သရင်းသည် အရိပ်နက်အင်ပါယာကို အုပ်စိုးသူ ဖြစ်နေသေးသည်။တစ်ချိန်တည်းမှာပင် သူသည် အကြီးမားဆုံး အစားထိုး၍မရသော ကြံ့ကြံ့ခံမှု ရှိသည့် အမျိုးသမီးတစ်ယောက် ဖြစ်သည်။သူ့ကို “အမှန်တရား” ဘက်တော်သား ဟူ၍ပင် ခေါ်၍ရနိုင်သည်။
ထိုချစ်စိတ်သည် သူကြံ့ကြံ့ခံထားသော ရွေးချယ်မှုကို လွှမ်းမိုးနိုင်မည် မဟုတ်ပေ။အုပ်စိုးသူ တစ်ယောက်အတွက် ဘယ်ဇီဘတ် တော်ဝင်မိသားစု၏ အဆောင်ပစွစည်းကဲ့သို့သော လျို့ဝှက်ချက်များကို ပိုင်ဆိုင်ထားပြီး သူ၏အကြီးမားဆုံးလျို့ဝှက်ချက်ကို ရှာတွေ့ထားသော ချန်လွေ့သည် မှန်းဆ၍မရသော အဆုံးသတ်တစ်ခု ရောက်ရှိနိုင်သည်။သေဟန်ဆောင်ပြီး ထွက်ပြေးမည့်အကြံအစည်မှာ သူ၏သရုပ်မှန်ကို ရှာတွေ့သွားပြီးနောက်မှ လက်မတင်လေး ရရှိခဲ့သော အကြံဖြစ်သည်။သို့သော်လည်း ၎င်းသည် အကောင်းဆုံး ရွေးချယ်မှု ဖြစ်ခဲ့သည်။
ထိုအမှန်တရားကို ရှာတွေ့သွားခြင်းသည် ချန်လွေ့အား မိမိနှင့် “ခရစ္စတီးနား” အကြား ပို၍ဝေးကွာသွားသည်ဟု ခံစားရစေသည်။အရိပ်နက်အင်ပါယာ အုပ်စိုးသူသည် နတ်ဆိုးဘုံရှိ အစွမ်းထက်ပုဂ္ဂိုလ်များ၏ ထိပ်ဆုံးတွင်ရှိသော ရိုင်ဇန်ပြီးလျှင် ဒုတိယ ဖြစ်သည်။သို့သော် နောက်ဆုံးအချိန် သူ၏အပြုအမူအရ ချန်လွေ့သည် လုံးဝ မျှော်လင့်ချက် မမဲ့သေးပေ။
သူက ကတ်သရင်းဆိုရင်တောင် မျှော်လင့်ချက် ရှိသေးတယ်။
ဒါက စွမ်းအားနဲ့ဆိုင်တာပါပဲ။ယုတ်စွအဆုံး ငါ့မှာ သူနဲ့ညီမျှတဲ့စွမ်းမား ရှိရတယ်။အဲဒါမှ တခြားကိစ္စတွေကို ငါပြောနိုင်မယ်။အဲဒီမတိုင်ခင်တော့ “ ကိုယ် သေချာပေါက် ပြန်လာခဲ့မယ် ” ဆိုတာက လက်တွေ့မလုပ်နိုင်သေးတဲ့ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ခြင်းတစ်ခုပါပဲ။
ကြိုးစားထား။ငါ့ကောင်ရေ။