← Chapters

လမ်းတစ်လျှောက် ကြားကာလ

Vol. 20 Ch. 298

လမ်းတစ်လျှောက် ကြားကာလ

Vol. 20 Ch. 298

ယခုတွင် သလင်းကျောက်တောင်ကြားရှိ ချန်လွေ့၏ ဆိုးဝါးသောကိစ္စများ အတော်အောင်မြင်ခဲ့သည်ဟု ယူဆ၍ရနိုင်ပေသည်။ရရှိမှုများမှာလည်း အလျှံပယ် ဖြစ်သည်။

အရေးကြီးဆုံးမှာ လီဗျာသန် တော်ဝင်မိသားစု၏ အဆောင်ပစ္စည်းဖြစ်သော ထင်ယောင်မှား နတ်ဆိုးဒိုင်း၏ နတ်ဆိုဒိုင်း ဖြစ်သည်။ဒေလီယာဆီမှ ထင်ယောင်မှားဒိုင်းနှင့် ပေါင်းလိုက်လျှင် ထိုအဆောင်ပစ္စည်းသည် ပြီးပြည့်စုံသွားမည် ဖြစ်သည်။ထိုနည်းတူစွာပင် ရှေးမှော်စာ ကျောက်ပြား၏ အရေးပါမှုမှာလည်း မသေးလှပေ။ထိုထဲမှ နက်ရှိုင်းလှသော လျို့ဝှက်ချက်များကို သဘောပေါက် နားလည်နိုင်လျှင် ပါ့ဂ်လီအို၏ ချိပ်ပိတ်ကို ဖယ်ရှားနိုင်မည့်သော့ချက် ရရှိနိုင်သည်။ယုတ်စွအဆုံး ၎င်းသည် ဇိုလာအတွက် အပေးအယူတစ်ခုအနေဖြင့် အသုံးပြု၍ရနိုင်သည်။

ထိုအချိန်ကာလအတွင်း ချန်လွေ့သည် မာနူ၊ သလင်းကျောက်နဂါးနှင့် ဆာဘရီနာတို့ဆီမှ အဖိုးတန် ကုန်ကြမ်းအမြောက်အမြား “ လိမ်ညာယူထား ” ခဲ့သည်။လိုနေသေးသော ကုန်ကြမ်း တစ်ခုနှစ်ခုကို ရမည်ဆိုလျှင် ချန်လွေ့သည် “ မိုးခြိမ်းသံ ” ကို ထပ်မံပြုလုပ်နိုင်မည် ဖြစ်သည်။သို့သော် ယခုအချိန်တွင် သူသည် ယန္တရားအစည်းအရုံးသို့ သွား၍မရနိုင်ပေ။ထို့ပြင် မည်သည့်နေရာ သုံးရမှန်းမသိသော ပြန်လည်ရှင်သန်ခြင်း ရေစင်နှင့် ဖြည့်တင်းမှော်စက်ဝိုင်းအတွက် သလင်းကျောက်နဂါး တူးဖော်ထားခဲ့သော သန့်စင်မှုမြင့် မှော်သလင်းကျောက်များလည်း ရှိနေသည်။၎င်းသည် သလင်းကျောက်ကြောထဲမှ အစိတ်အပိုင်း အသေးလေးတစ်ခုသာ ဖြစ်သော်လည်း ထိပ်တန်း ရွှေသလင်းကျောက်နှင့် သွေးသလင်းကျောက်တို့သည် အချီကြီးပင် ဖြစ်သည်။ကံဆိုးစွာပင် ပစ္စည်းဥစ္စာများ စုဆောင်းရသည်ကို နှစ်ခြိုက်သော နဂါးဖြစ်သည့်အလျောက် သလင်းကျောက်နဂါး၏ ရတနာသိုက်မှာ သလင်းကျောက်တောင်ကြား၌ ရှိနေဟန်မတူပေ။သတိရှိသော သလင်းကျောက်နဂါးသည် ၎င်းနှင့်ပတ်သက်၍လည်း နှုတ်ဆိတ်နေခဲ့သည်။( သလင်းကျောက်နဂါးက ဒေါသနဲ့ ဝမ်းနည်းခြင်းနဲ့အတူ အော်ဟစ်လိုက်တယ်။မင်းက တော်တော်လွန်သွားပြီ။မင်းက ငါ့လူတွေကို သတ်ပစ်ခဲ့တယ်။ငါ့ပစ္စည်းတွေကိုလည်း ယူသွားခဲ့တယ်။ပြီးတော့လည်း ငါ့ရဲ့မိသားစု ပိုင်ဆိုင်မှုတွေကို သိမ်းယူချင်နေသေးတာလား။ )

သလင်းကျောက်တောင်ကြား၏ အခြေစိုက်စခန်း လုံးဝပျက်စီးသွားလောက်လေပြီ။မာနူလည်း သေချာပေါက် သေမည်ဖြစ်သည်။အဇ်ဂါလောနှင့် သလင်း‌ကျောက်နဂါးတို့လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားကြသည်။အထူးသဖြင့် သလင်းကျောက်နဂါး ဖြစ်သည်။သူသည် ဖြည့်တင်းမှော်စက်ဝိုင်းကို ဆုံးရှုံးခဲ့ရသည့်အတွက် ဒဏ်ရာပြန်ကောင်းမှုများမှာ အလွန်နှေးကွေးမည် ဖြစ်သည်။ခေါင်းဆောင်သုံးယောက်ထဲတွင် တစ်ယောက် အဆုံးသတ်သွားလေပြီ။သို့သော်လည်း နောက်ကွယ်တွင် ပို၍အစွမ်းထက်သူတစ်ယောက် ရှိမရှိ သေချာမသိသေးပေ။

အဖွဲ့အစည်းဟောင်းများသည် အဆုံးသတ်ရ ခက်ခဲသည်။ယခုတစ်ခေါက်တွင် အဖွဲ့အစည်းအတွက် ကြီးကြီးမားမား ဆုံးရှုံးခဲ့သော်လည်း အမြစ်လှန်သည့် အဆင့်အထိ မရောက်သေးပေ။ဆာဘရီနာ ပြောသည့်သတင်းများအရ ကြယ်ကြွေတမန် အင်ပါယာမှ အစ်ဇဘယ်လာသည်လည်း ထိုအင်အားစု အတွင်းမှဖြစ်သည်။ချန်လွေ့သည် အနာဂတ်တွင် ထို “မိတ်ဆွေ”ဟောင်းများနှင့်အတူ ပြန်လည်တွေ့ဆုံရနိုင်လောက်သည်။

ချန်လွေ့အတွက် စိတ်‌ဓာတ်အကျစေဆုံးမှာ ဖရီယာနှင့် လဖ္ဖာတို့ ဖြစ်ကြသည်။ချန်လွေ့သည် ဖရီယာကို ဘေးကင်းကင်းနှင့် လွတ်လိုက်နိုင်ပြီဟု ထင်မှတ်နေခဲ့သည်။သို့သော်လည်း မထင်မှတ်ထားသည်များ ဖြစ်ပျက်ခဲ့သည်။ခီရာအား မည်ကဲ့သို့ ရှင်းပြရမည်ကို သူ မသိပေ။

ချန်လွေ့ သက်ပြင်းချလိုက်သည်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ငါ အမှောင်လ‌ဆီ အရင်ပြန်လိုက်မယ်။မြို့တော်ကနေ လိုင်ရာမြို့ဆီသွားမယ်‌ဆိုရင် ပိုကြာမှာပဲ။သွေးရောင်နွယ် နယ်မြေရဲ့ အရှေ့တောက်ဘက်မှာ လိပ်ပြာနီနယ်မြေ ရှိတယ်။ငါ အဲဒီလမ်းကနေ သွားလိုက်မယ်။

နှလုံသား ပြန်လည်အသစ်ဖြစ်ခြင်းနှင့် ပြန်ကောင်းခြင်းမှာ ချန်လွေ့ ထင်ထားသည်ထက် ပို၍နှေးလှသည်။ချန်လွေ့သည် ယခင်တစ်ယောက် အသံတိတ်ညစိမ့်မြေရှိ ပါ့ဂ်လီအို၏ ရတနာသိုက်ထဲ၌ ကာဆဲလက်စ်နှင့် “အတူတူသေဆုံးသွားကြရန် ” အတွက် နှလုံး အဖောက်ခံခဲ့ရသည်။သို့သော် ၎င်းသည် ဖောက်ထွင်း သွားခဲ့ခြင်းသာ ဖြစ်သည်။အပိုင်းပိုင်း ဖြစ်သွားခြင်း မဟုတ်ပေ။

ပြန်လည်ပြင်ဆင်ခြင်းနှင့် အသစ်ပြန်ဖြစ်ခြင်းမှာ လုံးဝကွဲပြားသည်။ယခုတွင် ချန်လွေ့သည် ပြတ်တောင်းပြတ်‌တောင်း နာကျင်မှုနှင့် ပိုတိုးလာသော ယားယံမှုကို နေ့စဉ်ခံစားနေရသည်။ချန်လွေ့ စိတ်ထဲ၌ ကျိန်ဆိုလိုက်သည်။ ငါ ဒီလိုမျိုး ရူးကြောင်ကြောင် လုပ်ရပ်မျိုး နောက်ထပ် မလုပ်တော့ဘူး။....အဲ.....ငါ့မိန်းမအတွက် မဟုတ်ရင်ပေါ့။...အဲ...ပြီးတော့လည်း အဆိပ်အတောက် မိတ်ဆွေအချို့အတွက်ရော မဟုတ်ရင်ပေါ့။

ချန်လွေ့သည် သေရွာပြန် ဆေးရည်ပညာရှင် တစ်ယောက်ဖြစ်ရန် ရုပ်ဖျက်လိုက်သည်။၎င်းမှာ သိသာစေရန်အတွက်မဟုတ်ဘဲ ဆေးရည်ပညာရှင်၏ အဆင့်အတန်းမှာ လေးစားပြီး ကြောက်ရွံ့ခံရသောကြောင့် ဖြစ်သည်။ထိုလုပ်ငန်းဝတ်ရုံကို အမှောင်လနယ်မြေမှာကတည်းက ပြင်ဆင်ထားပြီး ဖြစ်သည်။၎င်းမှာ ထွက်ပြေးရန်အတွက် ကိုယ်ယောင်ဖျောက်ရန် ရည်ရွယ်ချက် တစ်ခုတည်း အတွက်သာ ဖြစ်သည်။

ဆေးရည်ပညာရှင်သည် ယန္တရားပညာရှင်ကဲ့သို့ တန်ဖိုးထားခြင်း မခံရသော်လည်း ‌ဆေးဝါး အသုံးပြုခြင်းနှင့် နာမည်ကျော်ကြားမှုမှာ အဆင်တန်ဆာများထက် မနိမ့်ကျပေ။ချန်လွေ့၏ ဆေးပညာ ဗဟုသုတမှာလည်း ထိုအတွက် လုံလောက်နေပြီ ဖြစ်သည်။

အင်ပါယာ သုံးခုသည် အပေါ်ယံငြိမ်းချမ်းရေးကို ထိန်းသိမ်းထားကြဆဲ ဖြစ်သည့်အတွက် ချန်လွေ့သည် နယ်စပ်ကိုဖြတ်သန်းပြီး အခက်အခဲမရှိဘဲ ကြယ်ကြွေတမန် အင်ပါယာရှိ လိပ်ပြာနီနယ်မြေသို့ ဝင်ရောက်နိုင်ခဲ့သည်။

လိပ်ပြာနီနယ်မြေသည် ကြယ်ကြွေတမန် အင်ပါယာ၏ အကြီးမားဆုံး နယ်မြေသုံးလေးခုမှ တစ်ခုဖြစ်သည်။ဧရိယာမှာ အမှောင်လထက် အနည်းငယ် သေးသည်။နယ်မြေသည် လခြမ်းပုံသဏ္ဍာန်ဖြစ်ပြီး အမှောင်လ၏ အရှေ့မြောက်ဘက်နှင့် ကပ်လျက်ရှိနေသည်။မြောက်ပိုင်းကို ကြယ်ကြွေတမန်မြို့တော်၏ တိုက်ရိုက်ချိတ်ဆက်ထား၏။

အလှည့်အပြောင်း အကွေ့အကောက်များစွာ ပြုလုပ်ပြီးနောက် ချန်လွေ့သည် လိပ်ပြာနီနယ်မြေ၏ နယ်စပ်မြို့လေးတစ်ခုဖြစ်သော ဆမ်မြို့တွင် လှည်းတစ်စီး ငှားခဲ့သည်။ရှီလန်တောင်၌ ရှိခဲ့စဉ်က ချန်လွေ့သည် ရုပ်သေး စနိုးဒင်ထံမှ လိပ်ပြာနီနယ်မြေကို အဓိကအပိုင်းသုံးပိုင်း ပိုင်းခြားထားကြောင်း သိခဲ့ရသည်။လိပ်ပြာနီ အုပ်စိုးသူ ဂျို့ရှ်သည် အလယ်ပိုင်းအကျဆုံးနှင့် အရေးကြီးဆုံးသော လိပ်ပြာနီမြို့ကို ထိန်းချုပ်သည်။ကျန်အပိုင်းနှစ်ခုကို သူ၏ သားနှစ်ယောက်အား အုပ်ချုပ်စေသည်။တိုင်းပြည်အသေးလေး တစ်ခုတွင် မြို့တော်တစ်ခုနှင့် နယ်မြေနှစ်ခု ပိုင်းခြားထားသကဲ့သို့ပင် ဖြစ်သည်။

အနောက်မြောက်ပိုင်းရှိ မိုလင်မြို့ကို သားအငယ်ဆုံးဖြစ်သော ခါနီတာက အုပ်ချုပ်သည်။အမှောင်လနယ်မြေနှင့် ကပ်လျက်ရှိသော မော်ဒိုမြို့သည် ဂျိုးဆက်ပ်၏ တာဝန်ဖြစ်သည်။သို့သော်လည်း နယ်စပ်နှစ်ခုအနီးရှိ စစ်တပ်အာဏာကို ဂျို့ရှ်က လိုရမယ်ရ ကိုယ်တိုင်ချုပ်ကိုင်ထား၏။

အရှင် ဂျိုးဆက်ပ်သည် သားနှစ်ယောက်အား ပိုကောင်းအောင် လေ့ကျင့်စေချင်သည်။တစ်ဖက်တွင်လည်း သူသည် နှစ်ယောက် အလွန်ကောင်းလာခြင်းကိုလည်း သတိထားရပေမည်။နတ်ဆိုးဘုံ၌ ဖြစ်စေ လူ့ဘုံ၌ဖြစ်စေ၊ အဖေနှင့်သား နှင့် ညီအစ်ကိုအချင်းချင်းကြားရှိ အာဏာ လုယက်မှုများမှာ အဆန်းမဟုတ်ပေ။

ချန်လွေ့သည် ခါနီတာ ရှိနေသော မိုလင်မြို့‌ဆီ သွားနေသည်။စနိုးဒင်သည် ထိုမြို့တွင် ရှိနေနိုင်ပြီး အချက်အလက်အချို့နှင့် အဆင်ပြေစေရန် ထောက်ပံ့ပေးနိုင်လောက်သည်။

ဆမ်မြို့တွင် လှည်းအနည်းငယ်သာ ရှိသည့်အတွက် ချန်လွေ့ ထိုသို့ရောက်သွားချိန်၌ လှည်းအလွတ်တစ်စီးကိုမျှ ရှာမတွေ့ခဲ့ပေ။ဆေးရည်ပညာရှင်ဟူသော သရုပ်ကြောင့် သူသည် အတော်လေး လွတ်သောလှည်းတစ်စီးသို့ ဖျစ်ညှစ်ဝင်ရောက်သွားခဲ့ရသည်။လှည်းထဲတွင် နွားတစ်ပိုင်း တစ်ယောက်နှင့် အမှောင်နတ်သူငယ် တစ်ယောက်ရှိသည်။သူတို့နှစ်ယောက်လုံးသည် ဆယ်ကျော်သက်များဖြစ်ကြပြီး ၁၃နှစ် ၁၄နှစ်ခန့် ဖြစ်မည်ထင်ရသည်။

လှည်းသည် လမ်းတစ်လျှောက်၌ ခုန်နေပြီး ချန်လွေ့သည် တစ်ခါတစ်ရံ၌ နာကျင်စွာ မျက်နှာမဲ့သွားသည်။သို့သော်လည်း သူ၏မျက်နှာကို ဝတ်ရုံဖြင့် ဖုံးကွယ်ထားလေသည်။ဆေးရည်ပညာရှင်၏ ဝတ်ရုံသည် မျက်နှာချင်းဆိုင်မှ သူတို့နှစ်ယောက်အား ရိုသေလေးစားသွားစေသည်။သူတို့သည် အချင်းချင်း တိုးတိုးလေးသာ ပြောရဲသည်။

ချန်လွေ့၏ အကြားစွမ်းရည်ဖြင့် ထိုလူငယ်နှစ်ယောက် ပြောနေကြသည်ကို ကြားရသည်။၎င်းမှာ “ ဒီကြောက်စရာ ဆေးရည်ပညာရှင်က မင်းကို စမ်းသပ်ပစ္စည်းအနေနဲ့ ဖမ်းပြီးတော့ အဆိပ်ကျွေးမှာ ” စသဖြင့် ဖြစ်သည်။နတ်ဆိုးဘုံ၌ ဆေးရည်ပညာရှင် ဖွံ့ဖြိုးတိုးတက်ခြင်းသည် “ အဆိပ် ဆေးရည်ပညာရှင် ” သို့ ကျဆင်းသွားခဲ့သည်။မြောက်မြားလှစွာသော ဆေးရည်ဆရာသခင်များသည် မဟာဆရာသခင် ဖြစ်ချင်ကြသော်လည်း မဟာဆရာသခင်အဆင့် ဆေးရည်မည်းများတွင် အဆိပ်တစ်ခုမျှ မပါဝင်ကြပေ။၎င်းတို့အားလုံးသည် တိုးမြှင့်ဆေးရည်များ ဖြစ်သည်။

လှည်းအမြန်နှုန်းမှာ သိပ်မမြန်လှပေ။လမ်းတစ်လျှောက် လမ်းအခြေအနေမှာ လေထန်ပြီး မတ်စောက်သည်။မိုလင်မြို့သို့ရောက်ရန် ၅ရက် ၆ရက်ခန့် ကြာမည်ဟု ခန့်မှန်းရသည်။တတိယမြောက်နေ့၌ အဖြစ်အပျက်တစ်ခု ဖြစ်လာတော့သည်။၎င်းမှာ ဓားပြများပင် ဖြစ်၏။

ဓားပြဆိုသည်မှာ ပိုင်ဆိုင်မှုများကို လုယက် ခိုးယူသောသူများကို ပြောခြင်းဖြစ်သည်။သို့သော် ဤလောက၌ ဓားပြအားလုံးသည် ပညာရပ်မပါသော လုယက်သူများ ဖြစ်ကြသည်။ခိုးယူသူများကို သူခိုး သို့မဟုတ် ‌ဖောက်ထွင်းသူခိုးဟု ခေါ်ကြသည်။

ချန်လွေ့သည် လိပ်ပြာနီနယ်မြေက အမှောင်လမြို့သို့ ပို့လိုက်သော အကြီးမားဆုံး ဓားပြဂိုဏ်းကို ဖျက်ဆီးခဲ့ဖူးသည်။သို့သော် ယခုသည် သူ ပြန်လည်မွေးဖွားလာပြီး ကတည်းက ပထမဆုံး ပိတ်ဆို့ခံရပြီး ဓားပြတိုက်ခံရခြင်းပင် ဖြစ်သည်။

ဓားပြ ဒါဇင်ခန့်သာ ရှိသည်။စွမ်းအားအမြင့်ဆုံးမှာ အမြင့်ဆင့်နတ်ဆိုး ကနဦးပိုင်းသာ ဖြစ်သည်။ကျိုးပဲ့နေသော ပစ္စည်းများနှင့် လှည်းကိုတားကာ ကျိုးတိုးကျဲတဲ တိုက်ခိုက်မှုကိုကြည့်ရလျှင် ထိုဓားပြများ၏ ဂုဏ်ပုဒ်ကို “ အသုံးမကျ ” ဟူ၍ ‌ထပ်ပေါင်းရပေမည်။

ပြင်းပြင်းထန်ထန် လှည်းခုန်မှုကြောင့် ပွင့်သွားသော လှည်းလိုက်ကာမှတစ်ဆင့် သူတို့ကို ချန်လွေ့ တွေ့ခဲ့ခြင်း ဖြစ်သည်။လှည်းသည် ထိန်းချုပ်မှု ကင်းလွတ်နီးပါး ဖြစ်နေပြီး အတွင်းမှ လူအားလုံး ယိမ်းယိုင်နေကြသော်လည်း စက္ကန့်အနည်းငယ်ပင် ဖြစ်စေကာမူ ချန်လွေ့၏ လေ့လာစောင့်ကြည့်မှုကို မနှောင့်နှေးစေခဲ့ပေ။

“ လှည်းထဲက သူတွေအားလုံး ပါလာတဲ့ပစ္စည်းအကုန်ယူလာပြီးတော့ ချက်ချင်းထွက်ခဲ့။မဟုတ်ရင် မင်းတို့အားလုံးကို သတ်ပစ်မယ်။ ”

နတ်ဆိုးဘုံရှိ ဓားပြများမှာ ကြမ်းတမ်းလှသည်။ဓားပြတိုက်ခံရသူသည် ပစ္စည်းများကို မပေးလျှင် သို့မဟုတ် ပိုက်ဆံမရှိလျှင် အသတ်ခံရသည်။တစ်ခါတစ်ရံ၌ ပစ္စည်းများ ပေးသည့်တိုင် အသက်ရှင်ရန် အာမ မခံနိုင်ပေ။သူတို့ အများစုသည် မြင်းကို မလိုက်မီနိုင်ကြပေ။

လှည်းသမားက ကြောက်လန့်ပြီး သိမ့်သိမ့်တုန်သွားသည်။ဤလမ်းတွင် ဓားပြများ ပေါ်လာတတ်သော်လည်း အခွင်အရေးနည်းလှသည်။မိမိသည် မည်သည့်အတွက်ကြောင့် ကံအလွန်ဆိုးပြီး ထိုသူများနှင့် ကြုံတွေ့လာသည်ကို သူ မသိခဲ့ပေ။

လှည်းထဲမှ ဆယ်ကျော်သက်နှစ်ယောက်လည်း အလွန်ကြောက်လန့်နေကြသည်။

“ တွန်မီ။ငါတို့ ဘာလုပ်ကြမလဲ။ငါတို့မှာ ပိုက်ဆံလည်း မရှိဘူး။ငါတို့ကို ဓားပြတွေ သတ်ပစ်ကြမှာ။သူတို့ကို တိုက်ခိုက်ကြရအောင်။ ”

“ စိတ်လိုက်မာန်ပါ မလုပ်နဲ့။အဲဒီဟာနဲ့တောင် မင်း အများဆုံး နှစ်ယောက်လောက်ပဲ သတ်နိုင်မယ်။ ”

အမှောင်နတ်သူငယ် တွန်မီက စိုးရိမ်တကြီးနှင့် ခေါင်းခါလိုက်သည်။

“ သူတို့မှာ လူဒါဇင်လောက်ရှိတယ်။ငါတို့ သေချာပေါက် ယှဉ်နိုင်မှာ မဟုတ်ဘူး။ ”

ထိုသို့ပြောပြီးနောက် တွန်မီသည် မျက်နှာချင်းဆိုင်ဘက်မှ ဆေးရည်ပညာရှင်ကို ကြည့်လိုက်သည်။

“ ဆေးရည်ပညာရှင် လူကြီးမင်း။ဆာကပဲ အခု ကျုပ်တို့အားလုံးကို ကူညီနိုင်တော့မယ်။ဆာ့ရဲ့ အဆိပ်အဟန့်အတားက သူတို့ကို ခြောက်လွှတ်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ”

သို့သော် “ ဆေးရည်ပညာရှင်လူကြီးမင်း ” သည် ဘာဖြစ်မှန်းမသိဘဲ အိပ်ပျော်နေသကဲ့သို့ပင် ဖြစ်နေသည်။အလွန်အရေးကြီးသော အခိုက်အတန့် ရောက်နေပြီဖြစ်ကြောင်း တွန့်သိသည်။ထို့ကြောင့် သူသည် တွန်မီ၏ ဆွေးနွေးမှုများကို ဂရုမစိုက်ဘဲ ထိုကြောက်စရာ ဆေးရည်ပညာရှင်ကို သွားတွန်းသည်။မမျှော်လင့်ဘဲနှင့် ထိုဆေးရည်ပညာရှင် လူကြီးမင်းသည် အမှန်တကယ်ပင် မေ့လဲသွားခဲ့သည်။၎င်းမှာ ထိတ်လန့်မှုကြောင့်လား၊ တိုက်မိမှုကြောင့်လား ဆိုသည်ကို သူတို့ မသိကြပေ။

အပြင်ဘက်မှ ဓားပြများ၏အသံ ထွက်ပေါ်လာပြန်သည်။

“ တစ်ဆယ်အထိ ရေမယ်။မင်းတို့ ထွက်မလာဘူးဆိုရင် သေချာပေါက် သတ်ပစ်မယ်။ ”

“ ငါတို့တော့သွားပြီ။ ”

တွန့် အံကြိတ်ပြီး ကျောပိုးအိတ်ထဲမှ တစ်စုံတစ်ခု ထုတ်လိုက်သည်။

“ အသေခံပြီးတော့ တိုက်ခိုက်ရုံပဲ ရှိတော့တယ်။ ”

တွန်မီ အသက်ပြင်းပြင်းရှူပြီး ဓားတိုးတစ်လက်ကို ခါးကြားမှ ထုတ်လိုက်သည်။သူက ဆေးရည်ပညာရှင် လူကြီးမင်း၏ ရင်ဘတ်ကို ဖျပ်ခနဲကြည့်ပြီး မျက်လုံးများ ရုတ်တရက် အရောင်တောက်သွား၏။

“ နေဦး။

တွန်မီသည် အနည်းငယ် တုန်နေသော လက်တစ်ဖက်ဖြင့် တွန်၏လက်ကို အသာအယာ ဆုပ်ကိုင်လိုက်သည်။

“ ငါ့မှာ နည်းလမ်းတစ်ခု ရှိတယ်။အဲဒါ အဆင်မပြေဘူးဆိုရင် ငါတို့ သေတဲ့အထိ တိုက်ခိုက်ကြမယ်။ ”

တွန့် ‌စိတ်ရှုပ်ထွေးသွားသည်။သို့သော် တွန်မီသည် မိမိထက် ဉာဏ်ကောင်းကြောင်း သိသည့်အတွက် တွန့်က ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။

အမြင့်ဆင့်နတ်ဆိုး စွမ်းအားရှိသော မဟာနတ်ဆိုး ဓားပြခေါင်းဆောင်သည် ရှစ်အထိ ရေတွက်ပြီးသွားပြီ ဖြစ်သည်။ဓားပြများက လှည်းကို ဖြည်းဖြည်းချင်း ဝိုင်းရံလိုက်သည်။လှည်းသမား၏ စွပ်ကျယ် ချွေးများရွှဲနေ၏။ထိုအချိန်၌ လှည်းထဲမှ တစ်စုံတစ်ယောက် ထွက်လာခဲ့သည်။၎င်းမှာ အမှောင်နတ်သူငယ် ကောင်လေး ဖြစ်သည်။

“ ဘယ်သူ တိုက်ခိုက်ရဲလဲ။ ”

အမှောင်နတ်သူငယ် ကောင်လေးက အနီးအနားမှ သူခိုးဓားပြများကို အေးစက်စက်နှင့် ကြည့်လိုက်ပြီး လွှမ်းမိုးသော အမူအရာကို ဖော်ထုတ်ပြလိုက်သည်။

“ မဟာ ဆေးရည်ပညာရှင် မစ္စတာ ရိုးလ်ရိုင့်စ်က ဒီအထဲမှာ ရှိနေတယ်။အရိုးပဲကျန်တဲ့အထိ အဆိပ်မမိချင်ဘူးဆိုရင်တော့ မြန်မြန်ထွက်သွားလိုက်ကြတော့။ ”

သတိလစ်နေဟန် ဆောင်ထားသော ချန်လွေ့၏ မျက်နှာ အနည်းငယ် တွန့်သွားသည်။ ရိုးလ်ရွိုင့်စ် ဟုတ်လား။ဖရာရီတို့၊ ပေါရှာတို့ မဟုတ်တာ သေချာရဲ့လား။

သို့သော် လှည်းထဲမှတွန့်သည် ထိုအသေးစိတ်ကို သတိမထားမိသည်မှာ သေချာသည်။နွားတစ်ပိုင်း၏ လက်ထဲ၌ ပစ္စည်းတစ်ခုကို တင်းတင်းကြပ်ကြပ် ကိုင်ထား၏။၎င်းသည် ဒူးလေးတစ်လက် ဖြစ်နေသည်။ထိုဒူးလေးသည် ခေါက်ချိုး၍ရသော အမျိုးအစားဖြစ်ပုံရသည်။ဖြန့်လိုက်သည့်အခါ အတော်လေး ကြီးမားသွားသည်။

ဆေးရည်ပညာရှင်တဲ့လား။ သူခိုးဓားပြများက အချင်းချင်း ကြောက်ရွံ့နေကြသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။သို့သော် ခေါင်းဆောင် ဖြစ်သူက မျက်မှောင်ကြုတ်လိုက်သည်။

“ ကောင်လေး။မင်းက ငါတို့ကို စကားတစ်ခွန်းလေးနဲ့ ခြောက်လွှတ်ချင်တာလား။ ”

တွန်မီက ငွေနက်ရောင် တံဆိပ်ပြားတစ်ခု ထုတ်လိုက်သည်။

“ ဒီမှာကြည့်။ဒါ ဘာလဲ။ ”

မဟာနတ်ဆိုးနောက်မှ တစ်စုံတစ်ယောက်က အလန့်တကြား ပြောလိုက်သည်။

“ ဆေးရည်ပညာရှင် တံဆိပ်ပြား။ ”

“ ရက်စက်ပြီး ဆိုးယုတ်သည် ” ဟူသော ဆေးရည်ပညာရှင်များ၏ ဂုဏ်သတင်းသည် လူအများ၏ နှလုံးသားထဲ၌ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့ပြီ ဖြစ်သည်။ထိုတံဆိပ်ပြား ပေါ်ထွက်လာခြင်းသည် သူခိုးဓားပြများ၏ မျက်နှာအမူအရာများကို ပြောင်းလဲသွားစေသည်။ခေါင်းဆောင် မဟာနတ်ဆိုးပင် ခြွင်းချက်မဟုတ်ခဲ့ပေ။သို့သော် ထိုခေါင်းဆောင်သည် အမြော်အမြင် အနည်းငယ် ပိုရှိသည်။တံဆိပ်ပြားကို ကြည်ပြီးနောက် သူ၏မျက်လုံးသည် အမှောင်နတ်သူငယ် ကောင်လေးဆီသို့ ပြန်ရောက်သွားသည်။

“ မင်းရဲ့လက်တွေ တုန်နေတာပဲ။မင်းက ကြောက်နေတာလား။ဒါမှမဟုတ်..... ဒီတံဆိပ်ပြားကို ခိုးထားတာလား။ ”

အမှောင်နတ်သူငယ်၏ နှလုံးသား တင်းကြပ်သွား၏။

“ မဟုတ်ဘူး။လှည်းထဲမှာ တကယ်ပဲ ဆေးရည်ပညာရှင်တစ်ယောက် ရှိနေတယ်။ ”

တွန်မီ ကြောက်လန့်နေသည်ကို မြင်သွားပြီး မဟာနတ်ဆိုးက ပို၍ပင် သေချာသွားသည်။

“ ဒါဆိုရင် အဲဒီလူကြီးမင်းကို ထွက်လာခိုင်းလိုက်။ဒီလိုအရမ်းမိုက်တဲ့ ဆေးရည်ပညာရှင်ကို ငါတို့လည်း တွေ့ချင်တယ်။ ”

တွန်မီ၏ နဖူးပေါ်ရှိ ချွေးများ ကျလာသည်။သူက ခံပြောလိုက်သည်။

“ ဟုတ်မဟုတ်ဘလှည်းမောင်းသမားကို မေးကြည့်လေ..... ”

သူ စကားမဆုံးခင်မှာပင် မဟာနတ်ဆိုးက သူ့အရှေ့သို့ တစ်ပြိုင်နက်တည်း ရောက်ရှိလာသည်။မဟာနတ်ဆိုးက တွန်မီ၏ လည်ပင်းကို ဆွဲကိုင်လိုက်သည်။

“ အသုံးမကျတဲ့ကောင်။မင်းက ငါ့ကို လိမ်ညာရဲတယ်ပေါ့။ငါမင်းကို အစိတ်စိတ် အမွှာမွှာဖြစ်အောင် ဆွဲဖြဲပစ်မယ်။ ”

တွန့် စိုးရိမ်သွားပြီး တွန်မီကို ကယ်တင်ရန် အပြေးသွားလိုက်စဉ် မဟာနတ်ဆိုး၏ လှုပ်ရှားမှုများ ရုတ်တရက် ရပ်တန့်သွားသည်ကို မြင်လိုက်ရသည်။သူ၏ခန္ဓာကိုယ် စတင်တုန်လှုပ်လာပြီး။ တွန်မီကို ဆက်လက် မကိုင်ထားနိုင်တော့ပေ။ထို့နောက် အော်ဟစ်ရင်း ခန္ဓာကိုယ်ကို ကုတ်ခြစ်တော့သည်။သွေးစွန်းနေသော လက်သည်းရာများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသော်လည်း သူ မရပ်တန့်သေးပေ။ခဏအကြာတွင် သူ၏ မြေပြင်ပေါ်၌ လှိမ့်နေပြီး ကြွက်သားများ တဖြည်းဖြည်း ခြောက်သွေ့လာသည်။နောက်ဆုံး၌ ကြောက်လန့်နေကြသော သူခိုးဓားပြများ၏ မျက်လုံးအောက်တွင် မဟာနတ်ဆိုးသည် အရိုးစုအဖြစ် ပြောင်းလဲသွားတော့သည်။

တော်တော်လေး အစွမ်းထက်တဲ့အဆိပ်ပဲ။လှည်းထဲမှာ တကယ်ပဲ ဆေးရည်ပညာရှင်တစ်ယောက် ရှိနေတယ်။ ခေါင်းဆောင်ဖြစ်သူက အရိုးစုအဖြစ် ပြောင်းလဲသွားသည်ကို မြင်သွားကြသော သူခိုးဓားပြများလည်း ဆက်မနေရဲတော့ပေ။သူတို့သည် ထိုအသံတိတ်အဆိပ်မိသွားမည်ကို စိုးရိမ်ကြပြီး နေရာအနှံ့သို့ အစွမ်းကုန် ပြေးထွက်သွားကြတော့သည်။

တွန်မီသည်လည်း ထိုအရိုးများကြောင့် တုန်လှုပ်သွားသည်။ကံကောင်းစွာပင် နောက်ဆုံး၌ သူသတိပြန်ဝင်လာပြီး လှည်းဆီသို့ အမြန်သွားလိုက်ရာ တွန့်သည် အလွန်ကြီးမားသော ဒူးလေးကို ကိုင်ဆောင်ထားပြီး နိုးလာသည့် ကြောက်စရာ ဆေးရည်ပညာရှင်ကို ချိန်ရွယ်ထားကြောင်း တွေ့လိုက်ရသည်။

“ မင်းရဲ့လက်နက်ကို ဖယ်ထားလိုက်စမ်းပါ။နွားတစ်ပိုင်းကောင်လေး။ ”

သေရွာပြန်မျက်နှာနှင့် ကိုက်ညီရန်အတွက် ချန်လွေ့က ရှေးဆန်ဆန် ပြောလိုက်သည်။

“ အမှောင်နတ်သူငယ် ကောင်လေး။မင်း ခုနက ပြသခဲ့တဲ့ ပါးနပ်မှုနဲ့ဆို ငါ့ကိုထိခိုက်ရန် မင်းလည်း အပြင်က သူခိုးဓားပြတွေလိုမျိုး အရိုးစုတွေ ဖြစ်သွားမယ်ဆိုတာ သိမှာပါ။ပြီးတော့.....ငါ့ကို အဲဒီ တံဆိပ်ပြား ပြန်ပေး။ ”

အမှောင်နတ်သူငယ် ကောင်လေးက သူ၏အဖော်ဖြစ်သူအား ဒူးလေး ဘေးဖယ်ထားရန် ရုတ်ခနဲ အချက်ပြလိုက်သည်။

“ ဆာ- ရိုးလ်ရွိုင့်စ်.... ”

“ ငါ့ကို အဲဒီကြောင်တောင်တောင်နာမည်‌တွေ မခေါ်နဲ့။ ”

ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။

“ ငါ့နာမည်က ရစ်ချတ်လဖ္ဖာ။ ”

အမှောင် နတ်သူငယ်နှင့် နွားတစ်ပိုင်းတို့က ပို၍ပင် အံ့အားသင့်သွားကြသည်။ မိသားစုနာမည်ရှိတဲ့ ဆေးရည်ပညာရှင် တစ်ယောက်ပဲ။ငါတို့က ဒီလို လူကြီးမင်းနဲ့ လှည်းတစ်ခုတည်းမှာ အတူတူ‌ရှိနေတာကို မယုံနိုင်ဘူး။

လှည်းမောင်းသွားသည် စိတ်သက်သာရာရပြီး ပျော်ရွှင်သော အမူအရာဖြင့် ခရီးဆက်တော့သည်။ထိုအဖြစ်အပျက်ပြီးနောက်တွင် အမှောင်နတ်သူငယ်သည် ပို၍ရဲတင်းလာပုံရသည်။သူသည် ရင်းနှီးသောအမူအရာဖြင့် “ ဆာ-ရစ်ချတ် ” ဟူ၍ ခဏခဏခေါ်ပြောသည်။လမ်းတစ်လျှောက်၌ သူသည် ဆေးဝါးအသုံးအနှုန်း တစ်ခုနှစ်ခုကို ရံဖန်ရံခါ ပြောခဲ့သည်။သို့သော် ချန်လွေ့က ထိုအသုံးအနှုန်းများသည် ကူးယူပြီး ပြုပြင်ပြောင်းလဲ၍မရကြောင်း သိသည်။အကယ်၍ “ ဆာ-ရစ်ချတ် ” ၏ ဆေးဝါးအသိပညာသည် ရေစည် တစ်ဝက်သာဆိုလျှင် တွန်မီကို ရေတစ်စက်အနေဖြင့်သာ သတ်မှတ်၍ ရနိုင်ပေသည်။

သူခိုးဓားပြများအရှေ့၌ တွန်မီ၏အကြံအစည် ပေါ်သွားသော်လည်း ချန်လွေ့သည် တွန်မီ၏သတ္တိကို အသိအမှတ်ပြုခဲ့သည်။ ဒီအမှောင်နတ်သူငယ်က အခု ကြိုးကြိုးစားစားနဲ့ ငါ့နားကို ကပ်နေတယ်။ဒါက ကပ်ဖားတာထက်ကို ပိုလိမ့်မယ်။သူ့မှာ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တစ်ခု ရှိရမယ်။

“ အဲဒီ ဒူးလေးကို ကြည့်လို့ရမလား။ ”

ချန်လွေ့က တွန်မီကို လျစ်လျူရှုပြီး တွန့်ကို ပြောလိုက်သည်။

တွန့်သည် ရုတ်တရက် စိုးရိမ်သွားပုံပြလိုက်ပြီး လက်ထဲမှာအိတ်ကို ကျစ်ကျစ်ဆုပ်ထားသည်။တွန်မီ စကားပြောရန်ပြင်လိုက်စဉ် ချန်လွေ့ ပြောသည်ကို ကြားလိုက်ရသည်။

“ အဲဒီ ဒူးလေးက မျှားသုံးချောင်းကို တစ်ပြိုင်နက်တည်း ပစ်နိုင်တဲ့ပုံပဲ။ ”

ရှေးကတည်းက နတ်ဆိုးဘုံတွင် ဒူးလေးများ ရှိခဲ့သည်။ပစ်နှုန်း မြန်ဆန်သော်လည်း မြားပြန်ဖြည့်ရန် နှေးလှသည်။ထို့ကြောင့် တကယ့်စစ်တပ်တွင် ၎င်းကို အသုံးပြုခဲ၏။စစ်တပ်ကို ပုံမှန်တွင် မြားသမားများဖြင့် ဖွဲ့စည်းထားသည်။နတ်ဆိုးဘုံ၌ နတ်ဆိုးမြားတပ်သားများ ကဲ့သို့သော ဇာတ်လမ်းများမှာ ရှိသော်လည်း နတ်ဆိုးဒူးလေးသမားဟူ၍ တစ်ခါမျှ မရှိခဲ့ဖူးပေ။

တွန့်၏ ဒူးလေးသည် သုံးချက်ပစ် ဒူးလေးဖြစ်ကြောင်း ချန်လွေ့ သေသေချာချာ မြင်ခဲ့ရသည်။နတ်ဆိုးဘုံတစ်ခုလုံးတွင် ချန်လွေ့သည် ၎င်းကို ပထမဆုံးအကြိမ်အဖြစ် ယခုမှ မြင်ဖူး‌သည်။ထို့ကြောင့် ချန်လွေ့ မေးခဲ့ခြင်း ဖြစ်သည်။

တွန့် ခဏတုံ့ဆိုင်းသွားပြီးနောက် ရုတ်တရက်ပင် ဒုတ်ခနဲ ဒူးထောက်ချလိုက်သည်။

“ ဆာ။ကျုပ်ရဲ့ အစ်ကို တိုင်ခီကို ကယ်တင်ပေးပါ။ဆာ့ကို ဒီဒူးလေး ပေးနိုင်ပါတယ်။ ”

All Chapters