← Chapters

သတင်းအချက်အလက် နှင့် အံ့သြသွားခြင်း

Vol. 20 Ch. 299

သတင်းအချက်အလက် နှင့် အံ့သြသွားခြင်း

Vol. 20 Ch. 299

တွန့်၏ တောင်းဆိုချက်သည် တွန်မီကို စိုးရိမ်သွားစေသည်။သူသည် ဆေးရည်ပညာရှင်၏ နောက်ခံကို မသိရှိသေးပေ။သို့သော်လည်း တွန့်သည် သူ၏ ဝှက်ဖဲကို အရင်ဦးစွာ ကမ်းပေးခဲ့လေပြီ။

တစ်ဖက်လူက ဒူးလေးကို စိတ်ဝင်စားရင် ငါ့တို့နှစ်ယောက်ကို အဲဒီကြောက်စရာအဆိပ်နဲ့ ချက်ချင်းသတ်ပြီးတော့ ဒူးလေးကို လုယူလို့ရတယ်။တကယ်လို့ သူ စိတ်မဝင်စားဘူးဆိုရင် ဘာလို့ အသနားခံနေဦးမှာလဲ။

ချန်လွေ့သည် ထိုဒူးလေးအကြောင်းကို အမှန်တကယ် သိချင်သွားသည်။သူ၏မူလ ကမ္ဘာ၌ ‌နှစ်ပေါင်းသောင်းနှင့်ချီစောသော ဆယ်ချက်ပစ် ယွမ်ရုံ ဒူးလေးရှိသည်။နောက်ပိုင်းတွင် ၎င်းကို အချက်၅၀ပစ် ဒူးလေးအဖြစ် ပြုပြင်ပြောင်းလဲခဲ့သည်ဟု ဆိုကြသည်။ကံဆိုးစွာပင် ပြုလုပ်နည်းမှာ အလွန်ရှုပ်ထွေးလှသည်။မြားကိုပင် သီးသန့် ပြုလုပ်ရသည်။အမြောက်အမြား ထုတ်လုပ်ခြင်းလည်း မရှိသည့်အတွက် နောက်ပိုင်းတွင် ပျောက်ဆုံးသွားခဲ့သည်။

သို့သော် တွန့်၏ဇာတ်လမ်းသည် ချန်လွေ့၏ စိတ်ဝင်စားမှုကို တိုးသွားစေသည်။ထိုဒူးလေးကို တွန့်၏အစ်ကို တိုင်ခီက ပြုလုပ်ခဲ့သည်။ညီအစ်ကို နှစ်ယောက်၏ဖခင် ဘတ်ခ်သည် ဆမ်မြို့မှ ပန်းပဲသမားတစ်ယောက် ဖြစ်သည်။ဘတ်ခ်သည် သားဖြစ်သူအား သူ၏စီးပွားရေးကို ဆက်ခံစေချင်သည်။သို့သော် တိုင်ခီသည် ပန်းပဲပါရမီရှိသော နွားတစ်ပိုင်းဖြစ်သော်လည်း အမှောင်လူပုများကဲ့သို့ပင် အသေးစားကိရိယာများ ပြုလုပ်ရခြင်းကို နှစ်ခြိုက်သည်။ဘတ်ခ်သည် သားဖြစ်သူက စီးပွားရေးလုပ်ငန်းကို ဂရုမစိုက်သည်ကို လွန်စွာ စက်ဆုပ်နေခဲ့သည်။

လွန်ခဲ့သော တစ်လကျော်က တစ်စုံတစ်ခု ဖြစ်ပျက်သွားခဲ့သည်။နယ်စပ်ခံတပ် ကာကွယ်ရေး စစ်တပ်၏ ခေါင်းဆောင်လေး ဒန်ဇဲက ဘတ်ခ် မိသားစုမှ မှော်ဓားတစ်လက်ကို စိတ်ဝင်စားခဲ့သည်။သူသည် ဘတ်ခ်အား ဒဏ်ရာပြင်းပြင်း ထန်ထန်ရအောင် ပြုလုပ်ခဲ့ပြီး မှော်ဓားကို အတင်းလုယူသွားခဲ့သည်။နောက်ပိုင်းတွင် ဘတ်ခ်သည် ပြင်းထန်သောဒဏ်ရာကြောင့် သေဆုံးသွားခဲ့သည်။သို့သော် မြို့တော်အစောင့်များက ဒန်ဇဲကို ကာကွယ်ပေးကြသည်။ထို့ပြင် သူတို့သည် ထိုကိစ္စနောက်သို့ မလိုက်ရုံသာမက ဘတ်ခ်ကိုပါ အပြစ်ရှိသည်ဟု ကြေညာခဲ့သည်။

တိုင်ခီသည် ဖခင်ဖြစ်သူကို သတ်ကာ ရတနာများကို လုယူသွားပြီး ဖခင်၏ဂုဏ်သတင်းကို ပျက်စီးအောင်လုပ်ခဲ့သော အရှက်မရှိသူမျိုးကို သည်းမခံနိုင်ခဲ့ပေ။သူက လက်စားချေရန် သစ္စာဆိုခဲ့သည်။သို့သော် သူ၏စွမ်းအားမှာ အလယ်ဆင့်နတ်ဆိုးသာ ဖြစ်ပြီး ရန်သူ ဒန်ဇဲမှာ အမြင့်ဆင့်နတ်ဆိုး ဖြစ်သည်။တိုင်ခီ၌ ကိုယ်ပိုင်နည်းလမ်း ရှိနေ၏။

သူ၏ဖြေရှင်းချက်မှာ သူ၏ဖခင် စက်ဆုပ်ပြီး မုန်းတီးနေခဲ့သော ထို “ အသေးစား ကိရိယာများ ” ပင် ဖြစ်သည်။ သေစေနိုင်တဲ့အဆိပ် လူးထားတဲ့ မြားတွေပါတဲ့ သုံးချက်ပစ် ဒူးလေး။ ၎င်းသည် ပစ်မှတ်ကို ထိပြီးနောက် ပေါက်ကွဲသွားမည် ဖြစ်သည်။နောက်ဆုံး၌ ထိုဒူးလေးဖြင့် ဒန်ဇဲကို သတ်ပစ်နိုင်ခဲ့သည်။

ဖခင်ဖြစ်သူအတွက် လက်စားချေနိုင်ခဲ့သော တိုင်ခီသည် နယ်စပ်တပ်ဖွဲ့များ၏ လိုက်ဖမ်းမှုမှ မလွတ်မြောက်နိုင်ခဲ့ပေ။သူသည် နေရာတွင်ပင် အဖမ်းခံခဲ့ရပြီး တစ်ခါတည်း သတ်ပစ်ခံရမည် ဖြစ်သည်။သို့သော် အမည်မသိ အကြောင်ရင်း တစ်ခုခုကြောင့် သူ့ကို မိုလင်မြို့သို့ ခေါ်သွားခဲ့သည်။တွန်မီသည် ဘတ်ခ် မွေးစားထားသော မိဘမဲ့တစ်ယောက် ဖြစ်ပြီး တိုင်ခီနှင့် တွန့်တို့ကို ညီအစ်ကိုအရင်းသဖွယ် ရင်းနှီးကြသည်။သူသည် အမြဲပင် ပါးနပ်ပြီး သတိရှိသည်။တိုင်ခီ ပြဿနာ တက်ကြောင်း သိပြီးသည့်အခါ သူက ကာကွယ်ရေး တပ်ဖွဲ့၏ရှာဖွေမှုမှ တွန့်နှင့်အတူ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

တိုင်ခီ၏ နေရာကို ရှာတွေ့ပြီးနောက် တွန်မီသည် ဖြစ်နိုင်သမျှ နည်းလမ်းအကုန်သုံးပြီး တွန့်ကို လှည်းပေါ်သို့ ခေါ်သွားလိုက်သည်။သူတို့သည် မိုလင်မြို့သို့သွားပြီး တိုင်ခီကို ကယ်တင်ရန် အကြံရှိသည်။၎င်းသည် မူလက မျှော်လင်ချက် မရှိလုနီးပါးဖြစ်သော အရာတစ်ခုဖြစ်သော်လည်း သူတို့နှစ်ယောက်က ခရီးကို တုံ့ဆိုင်းမှုမရှိဘဲ စတင်ခဲ့သည်။ “ ဆေးရည်ပညာရှင် ရစ်ချတ် ” ကို သူတို့ တွေ့သွားသည့်အခါ မျှော်လင့်ချက် ပိုမို ကြီးမားလာခဲ့ပုံရသည်။

တွန်မီက ရင်းရင်းနှီးနှီးနေပြီး တပည့်အဖြစ် အကြံပေးရခြင်း၏ ရည်ရွယ်ချက်အမှန်ကို နောက်ဆုံး၌ ချန်လွေ့ သဘောပေါက်သွားခဲ့သည်။အလွန်အစွမ်းထက်‌သော အဆိပ်ရှိသည့် ဆေးရည်ပညာရှင်သည် ဤကိစ္စ၌ အရေးကြီးသော အခန်းကဏ္ဍ၌ ပါဝင်နိုင်ပေသည်။

“ ကံဆိုးချင်တော့ ဒီ ဒူးလေးကို ငါစိတ်မဝင်စားဘူး...... ”

ချန်လွေ့ ခေါင်းခါသည်။

အမှောင်နတ်သူငယ် ကောင်လေးသည် ထိုဆေးရည်ပညာရှင်၏ မျက်နှာအမူအရာကို စောင့်ကြည့်နေခဲ့သော်လည်း မည်သည့် မတည်မငြိမ်ဖြစ်မှုကိုမှ မတွေ့ခဲ့ရပေ။ သူက တော်တော်လေး အေးစက်တဲ့လူတစ်ယောက်ထင်တယ်။အစကတော့ အကူအညီရဖို့အတွက် ဒီ “ အန္တရာယ်ရှိတဲ့သူ ” နဲ့ ရင်းနှီးမှု တည်ဆောက်ချင်ခဲ့တာ။ရင်းနှီးမှု တည်ဆောက်တာက ကိုယ့်အကျိုးကို ဆန့်ကျင်အောင် လုပ်ခိုင်းတာနဲ့ အတူတူပဲ။ငါတို့မှာ သူ့ကို ဆွဲဆောင်နိုင်မယ့် အပေးအယူ မရှိမှတော့ ပို၍ရှုပ်ထွေးမှုတွေ မဖြစ်ရအောင်လုပ်တာ ပိုကောင်းမယ်။

တွန့် စိုးရိမ်နေသည်။

“ ဆာ။ကျွန်တော်ရဲ့ အစ်ကိုအသက်ကို ကယ်တင်ပေးမယ်ဆိုရင် ...... ခင်ဗျားရဲ့ စမ်းသပ်ပစ္စည်း အဖြစ်ခံပါ့မယ်။ ”

“ မလုပ်နဲ့။ ”

တွန်မီ တားဆီးလိုက်သည်။တွန့်သည် တွန်မီ အစိုးရိမ်ဆုံးအရာကို အမှန်တကယ် ပြောခဲ့သည်။

ဆေးရည်ပညာရှင်က အမှန်တကယ်ပင် စိတ်ဝင်စားဟန် ပြသလာသည်။

“ တကယ်လား။ ”

ထိုကဲ့သို့ အမူအရာသည် နွားတစ်ပိုင်း၏ နှလုံးသားကို အေးစက်သွားစေသည်။သို့သော် တွန်မီ ဆန့်ကျင်လျက်ရှိနေသော်လည်း သူက ခေါင်းညိတ်လိုက်သည်။ချန်လွေ့သည် အမှန်တကယ် စမ်းသပ်ပစ္စည်းမလိုချင်ပေ။သို့သော် ထိုဆယ်ကျော်သက် နှစ်ယောက်သည် အတော်လေး စိတ်ဝင်စားစရာ ကောင်းသည်။စနိုးဒင်သည် မိုလင်မြို့တွင် ရှိနေသည့်အတွက် နွားတစ်ပိုင်း၏ ကိစ္စမှာ ပြဿနာ မဟုတ်ပေ။ထို့ပြင်း သုံးချက်ပစ် ဒူးလေးကို ပြုလုပ်နိုင်သော တိုင်ခီကို တွေ့ဆုံရထိုက်တန်ပေသည်။

“ မင်း ငါ့ရဲ့ စမ်းသပ်ပစ္စည်းအနေနဲ့ ၂နှစ်နေလိုက်။မင်း အသက်ရှင်နိုင်ရင် ငါမင်းကို သွားခွင့်ပေးမယ်......”

ချန်လွေ့၏ လက်ထဲ၌ နားမလည်နိုင်သော စာသားများပါသည့် စာလိပ်တစ်ခု ပေါ်ထွက်လာသည်။

“ မင်းတို့ ကတိမဖျက်အောင် လျို့ဝှက် ဝိညာဉ်စာချုပ် ချုပ်ဆိုမယ်။မင်း ဒီစာချုပ်ကို ချိုးဖောက်မယ်ဆိုရင် စည်းမျဉ်းရဲ့ ဖျက်ဆီးမှုစွမ်းအားကြောင့် မင်းနဲ့ မင်းချစ်တဲ့သူတွေ သေမယ်။ ”

လူငယ်နှစ်ယောက်၏ စွမ်းအားမှာ အနိမ့်ဆင့်သာ ဖြစ်ကြသည်။ထို့ကြောင့် သူတို့သည် စာချုပ် အစစ်အမှန်တစ်ခု ဖန်တီးရန် မဖြစ်နိုင်ပေ။ထို့ပြင် သူတို့သည် “ လျို့ဝှက် ဝိညာဉ်စာချုပ် ” ဆိုသည်ကို ယခင်က မမြင်ဖူးပေ။သူတို့ အံ့ဩသွားသည်။

တွန့် အံကြိတ်ပြီး စာချုပ်ချုပ်ရန် ပြင်လိုက်စဉ် တွန်မီက တားဆီးလိုက်သည်။

“ ဆာ။ကျွန်တော်တို့နှစ်ယောက် ခင်ဗျားရဲ့ စမ်းသပ်ပစ္စည်း လုပ်မယ်ဆိုရင် တစ်နှစ်ပဲ ကြာတော့မှာ မဟုတ်လား။ ”

တွန့်က ရင်ထဲထိသွားသော အမူအရာ ပြသလိုက်သည်။

“ တွန်မီ။မင်း..... ”

“ ဒီလူကြီးမင်းနောက် လိုက်တာက အကြံဆိုး မဟုတ်နိုင်ဘူး။အနည်းဆုံးတော့ ငါတို့ လုံလုံလောက်လောက် စားရမယ်။ဒီလိုအကျိုးအမြတ်မျိုးကို မင်းတစ်ယောက်တည်း ခံစားခွင့် မပေးနိုင်ဘူး...... ”

တွန်မီက အားတင်းပြုံးလိုက်သည်။

ထို့နောက် ချန်လွေ့၏ “ လျိုဝှက်ပညာရပ် ” အတိုင်း လူငယ်နှစ်ယောက်က လက်ချောင်းများကို ကိုက်ကာ လျို့ဝှက် ဝိညာဉ်စာချုပ် ဆိုသည့်အပေါ်တွင် သွေးဖြင့် နာမည်ရေးထိုးလိုက်သည်။

“ ဒီစာချုပ်နဲ့ဆိုရင် မင်းတို့ ကတိဖျက်မှာ စိုးရိမ်စရာ မလိုတော့ဘူး။မဟုတ်ရင် ဒီစာချုပ်ကို ငါဆွဲဖြဲလိုက်တာနဲ့ မင်းတို့အားလုံး သေသွားမှာ။ဒီနေ့က စပြီးတော့ ငါပြောတာ မင်းတို့နားထောင်ရမယ်။ခွင့်ပြုချက်မရှိဘဲနဲ့ ငါ့ကို မနှောင့်ယှက်နဲ့... ”

ချန်လွေ့က လက်ဝှေ့ရမ်းလိုက်ရာ စာလိပ် အလိုအလျောက် ပျောက်ကွယ်သွားသည်။လူငယ်နှစ်ယောက် ပို၍ပင် အံ့ဩသွားသည်။ထို့နောက် ချန်လွေ့သည် ပေါင်မုန့်နှင့် အကင်တချို့ ပစ်ပေးလိုက်သည်။

“ အိုး။မင်းတို့က စမ်းသပ်ပစ္စည်းဆိုတော့ ခန္ဓာကိုယ် လုံလုံလောက်လောက် သန်မာပြီးတော့ ကျန်းမာရမယ်။ ”

ပျောက်ဆုံးနေသည်မှာ ကြာပြီဖြစ်သော စားစရာ အနံ့သည် ဗိုက်မပြည့်သည်မှာ ကြာပြီဖြစ်သော တွန်မီနှင့်တွန့်တို့ကို ကြောက်စရာကောင်းသော အနာဂတ်ဘဝအား ယာယီ မေ့လျော့သွားစေသည်။သူတို့သည် အလောတကြီး စားတော့သည်။

နှစ်ရက်ကြာပြီးနောက် သူတို့သုံးယောက်သည် ခရီးပန်းတိုင်ဖြစ်ရာ မိုလင်မြို့သို့ ရောက်ရှိသွားကြသည်။မိုလင်မြို့၏ အဆင့်သည် ချန်လွေ့သည် အံ့ဩသွားစေသည်။ကြွယ်ဝမှုနှင့် အခြေအနေသည် အမှောင်လမြို့ အနောက်ဘက်ရှိ ဇန်ယာမြို့ထက် ပိုမိုသာလွန်သည်။မြို့သည် အစ်ကိုဖြစ်သူ ဂျိုးဆက်ပ်ကို ယှဉ်ပြိုင်ရန်အတွက် အရေးကြီးသည့်အတွက် မိုလင်မြို့အပေါ် ခါနီတာ ကြိုးစားအားထုတ်မှုကို စိတ်ကူးကြည့်၍ ရနိုင်ပေသည်။

ချန်လွေ့သည် ဟိုတယ်တစ်ခုကို ရှာတွေ့ပြီး နေရာချလိုက်သည်။ခဏအကြာတွင် သတင်းသွားစုံစမ်းသော တွန်မီက စနိုးဒင်၏အိမ်မှာ မြို့မြောက်ပိုင်းတွင်ရှိကြောင်း သတင်းပို့လာသည်။ချန်လွေ့သည် တွန်မီနှင့် တွန့်တို့ကို ဟိုတယ်တွင် ချန်ထားခဲ့ပြီး မြောက်ပိုင်းသို့ ထွက်သွားသည်။

သက်ရောက်မှုရှိသော ထိန်းချုပ်မှု အကွာအဝေးအတွင်း ရောက်ရှိသွားသောအခါ ချန်လွေ့သည် ရုပ်သေး၏ တည်ရှိမှုသည် အာရုံခံမိလိုက်သည်။စနိုးဒင်သည် အိမ်ထဲမှထွက်လာပြီး ချန်လွေ့အား အိမ်ထဲသို့ တည့်တည့် ခေါ်သွားသည်။

စနိုးဒင်၏အိမ်သည် စံအိမ်အသေးလေးတစ်ခုနှင့် ညီမျှပြီး ကျယ်ဝန်းသာ သက်တောင့်သက်သာ ရှိသည်။လှပသော အစေခံများလည်း ရှိသည်။ ဒါကြောင့် သူက ရှီလန်တောင်မှာ နေရတာ တော်တော်လေး မသက်မသာ ဖြစ်တာကိုး။သူက မိုလင်မြို့ကို အားလပ်ရက်အတွက် ပြန်လာခဲ့ဖူးသေးတယ်။

“ သခင် ”

အစေခံများသာ စနိုးဒင်က ဆေးရည်ပညာရှင် တစ်ယောက်အား ထိုကဲ့သို့ ခေါ်သည်ကို ကြားရလွန် အလွန်ထိတ်လန့်ပြီး မေးရိုးများပင် ပြုတ်ကျသွားပေမည်။သို့သော်လည်း သူတို့သည် တတိယလူ မရှိသော လျို့ဝှက်အခန်းတစ်ခုထဲ၌ ရှိနေကြသည်။

ယခင်က ဖာတီလု၏ သင်ခန်စာကြောင့် ချန်လွေ့သည် စနိုးဒင်ကို သေသေချာချာ ကြည့်လိုက်ရာ မျက်လုံးထဲတွင်သာ ဝိညာဉ်ကင်းမဲ့ကြောင်း ခံစားလိုက်ရသည်။စနိုးဒင် ရုပ်သေးဖြစ်သည်မှာ တစ်နှစ်မပြည့်သေးပေ။ထို့ပြင် သူသည် မူလက အလွန်ဉာဏ်များသူတစ်ယောက် ဖြစ်ပြီး ခံစားချက် မပြသပေ။မည်သူမှ ဟာကွက်ကို မတွေ့နိုင်ကြပေ။သို့သော်လည်း ရုပ်သေးပညာ ကျွမ်းကျင်သော ဘယ်ဇီဘတ် တော်ဝင်မိသားစုမှ အဇ်ဂါလော ဆိုလျှင်တော့ တစ်မျိုးဖြစ်မည်ဖြစ်သည်။

စနိုးဒင်ပြောသည့် အတိုင်းဆိုလျှင် ရှီလန်တောင်၏ “ တစ္ဆေနီ ” ကျရှုံးပြီးနောက် သူသည် ကောင်းမွန်သော ခေါင်းဆောင်စွမ်းရည်များကို ပြသကာ စစ်တပ်တစ်ခုလုံး သုတ်သင်ခံရမှုကို ရှောင်တိမ်းနိုင်ခဲ့သည်။ထို့ပြင် လိုင်ရာမြို့မှ အရေးကြီးဆုံး ပြောင်းလဲမှုမှာလည်း ဒုတိယခေါင်းဆောင် ဘာနကယ်၏ အမှားဖြစ်သည်။သို့သော်လည်း ခေါင်းဆောင်ဖြစ်သည့်အလျောက် စနိုးဒင်သည် အမှောင်လ အနောက်ဘက်ကို တစ္ဆေနီတို့ ထိန်းချုပ်မှု ကျဆုံးသွားခြင်းအတွက် တာဝန်ယူရမည် ဖြစ်သည်။စနိုးဒင်သည် တာဝန်များမှ “ မတော်မတရား ” ဖယ်ထုတ်ခံခဲ့ရသည်။

စနိုးဒင်သည် အပြစ်ဒဏ် ကိုယ်စားခံရသူ ဖြစ်နိုင်ကြောင်း ခါနီတာ ဖြစ်သည်။ထို့ပြင် စနိုး‌ဒင်၏ စွမ်းအားနှင့် စွန်းဆောင်ရည်မှာ အတော်လေး ထူးချွန်လှသည်။ထို့ကြောင့် ခါနီတာက သူ့ကို နှစ်သိမ့်ပေးခဲ့ပြီး အာရုံစိုက်မှုပြီးဆုံးသွားလဖျင် အရေးကြီးနေရာတစ်ခု ပေးမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။စနိုးဒင်သည် လက်ရှိတွင် မည်သည့်ကိစ္စကိုမှ တာဝန်မယူထားပေ။သို့သော် မိုလင်မြို့မှ အထက်ပိုင်းအဆင့်က စနိုးဒင်သည် ခါနီတာ လက်အောက်မှ အရေးကြီးသူတစ်ယောက် ဖြစ်နေသေးသည်ကို သိကြသည်။အရေးကြီးအစည်းအဝေး ရှိသည့်အခါတိုင်း သူ တက်ရောက်ရသည်။

ဂျိုးဆက်ပ်က တံခါးပိတ် ကျင့်ကြံပြီး နောက်ဆုံး၌ နတ်ဆိုးဘုရင်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။အရှင် ဂျို့ရှ်ကလည်း ဂျိုးဆက်ပ်ကို ပို၍အရေးပေးလာသည်။ဤသည်က ခါနီတာနှင့် ဂျိုးဆက်ပ်ကြား တိုက်ပွဲကို ပိုမိုပြင်းထန်သွားစေခဲ့သည်။မော်ဒိုမြို့၌ ပုန်းလျှိုးနေသော ခါနီတာ၏ အမှောင်တပ်ဖွဲ့သည် ဂျိုးဆက်ပ်၏ လက်ရွေးစင်တစ်ဖွဲ့ကို ရုတ်တရက် သတ်ပစ်ခဲ့သည်။သူတို့သည် လက်ရွေးစင်များ ယူဆောင်လာသော အမှောင်နတ်သူငယ် အမျိုးသမီးတစ်ယောက်ကို ပြန်ပေးဆွဲပြီး မြို့ထဲရှိ လျို့ဝှက်ထောင်ထဲ၌ ဖမ်းထားခဲ့သည်။

“ စိတ်ချရတဲ့ အရင်းအမြစ်တွေအရတော့ ဒီ အမှောင်နတ်သူငယ် အမျိုးသမီးကို ဂျိုးဆက်ပ်က တော်တော်လေး ခက်ခက်ခဲခဲ ကြိုးစားပြီး ရှာဖွေခဲ့တာ။သူက အမှောင်လက အရေးကြီးတဲ့သူ တစ်ယောက်နဲ့ ပတ်သက်နေတယ်လို့ ကြားတယ်။ ”

အမှောင်နတ်သူငယ် အမျိုးသမီးက အမှောင်လက အရေးကြီးတဲ့သူတစ်ယောက်နဲ့ ပတ်သက်နေတယ်တဲ့လား။

ချန်လွေ့သည် တစ်စုံတစ်ခုကို စဉ်းစားနေဟန်တူသည်။ အမှောင်လရဲ့ အရေးကြီးတဲ့ အမှောင်နတ်သူငယ်ဆိုတော့ စကိုင်းလား။မဖြစ်နိုင်ဘူး။ဒါဆိုရင်..... အဲဒက်စ်ပဲ ရှိတော့တယ်။

မဟာဆရာသခင်အဆင့်သို့ တက်ရောက်နိုင်သော ဆရာသခင် အဲဒက်စ်ကို ခေါ်ယူရန်အတွက် ဂျိုးဆက်ပ်သည် အဲဒက်စ်၏ ညီမကို ရှာဖွေရန် အစွမ်းကုန် ကြိုးစားနေခဲ့သည်ကို ရွိုင့်စ် တစ်ခါက ပြောခဲ့ဖူးသည်။သူတို့သည် ကလေးဘဝကတည်းက ကွဲကွာသွားကြခြင်း ဖြစ်သည်။မမျှော်လင့်ဘဲနှင့် ဂျိုးဆက်ပ်အောင်မြင်သွားခဲ့ပြီး မတော်တဆ ကိစ္စများကြောင့် သူသည် မိုလင်မြို့သို့ ပြန်ပေးဆွဲ ခံခဲ့ရသည်။

အဲဒက်စ်သည် သုတသန အရူးအမူးဖြစ်သည်။စမ်းသပ်ချိန်၌ ရံဖန်ရံခါ ဟိန်းဟောက်သော “ ပုံစံ ” ပြသည့်အပြင် သူသည် ခံစားချက်များကို ဖော်ပြရာ၌ မတော်လှပေ။သူသည် တစ်ခါတစ်ရံ၌ အမှောင်သူငယ်ပုံစံ ဉာဏ်များသည်။ချန်လွေ့သည် ထိုအမှောင်နတ်သူငယ်၏ ခေါင်းမာခြင်းကို သိသည်။မြို့တော်သည် အဲဒက်စ်အား ခြိမ်းခြောက်ပြီး အကြိမ်ကြိမ် မျှားခဲ့သည်။သို့သော် သူတို့သည် ရှီရာအပေါ် ကျေးဇူးဆပ်ချင်သော အဲဒက်စ်၏ ပြတ်သားမှုကို မလှုပ်ခါနိုင်ခဲ့ပေ။ထိုနည်းတူစွာပင် အဲဒက်စ်သည် ချန်လွေ့၏ အကူအညီနှင့် ‌ကျေးဇူးတရားကို စိတ်ထဲ၌ အမြဲမှတ်ထားခဲ့သည်။သူသည် ချန်လွေ့အား ဆေးဝါးပညာနှင့်ပတ်သက်၍ အကြိမ်တိုင်း ကူညီပေးခဲ့သည်။မဟာဆရာသခင် ဆေးရည်ကို မသိကြစေရန်အတွက် ဖုံးကွယ်ထားရန်မှလွဲ၍ ချန်လွေ့သည် အဲဒက်စ်၏ အကူအညီကို မလိုအပ်ပေ။သူသည် ယခုတွင် ဆေးရည်မည်းများကို ကြိုက်သလို လဲလှယ်နိုင်ပြီ ဖြစ်သည်။သို့သော် ချန်လွေ့သည် အဲဒက်စ်၏ စေတနာကို အမြဲပင် မှတ်မိနေခဲ့သည်။

ယခုတွင် သူသည် ဤကိစ္စနှင့် ကြုံတွေ့နေလေပြီ။တရားဝင်ဖြစ်စေ၊ ကိုယ်ရေးကိုယ်တာ အကြောင်းကြောင့်ဖြစ်စေ၊ ချန်လွေ့သည် အဲဒက်စ်၏ညီမအား ခြိမ်းခြောက်သည့် အပေးအယူတစ်ခု အနေဖြင့် ဂျိုးဆက်ပ်နှင့် ခါနီတာတို့လက်ထဲသို့ ရောက်သွားခွင့် မပေးနိုင်ပေ။

“ စနိုးဒင်။အဲဒီ အမှောင်နတ်သူငယ် အမျိုးသမီးကို ကယ်တင်ဖို့ ဖြစ်နိုင်လား။ ”

“ ခါနီတာက အရေးကြီးကိစ္စကြောင့် အဝေးကို ရောက်နေတယ်။ကျုပ်ရဲ့ လူယုံ အိုင်ဗန်က လျို့ဝှက်အကျဉ်းထောင်ရဲ့ ခေါင်းဆောင် သုံးယောက်ထဲက တစ်ယောက်ပဲ။သတင်း စုံစမ်းဖို့အတွက်က ပြဿနာ မဟုတ်ဘူး။ဒါပေမဲ့ အဲဒီ အမှောင်နတ်သူငယ် အမျိုးသမီးကို တစ်ခါတည်း ခေါ်ထုတ်သွားဖို့က မဖြစ်နိုင်လောက်ဘူး။ ”

စနိုးဒင်သည် ရုပ်သေးမျက်နှာဖုံး၏ လွှမ်းမိုးမှုကို ခံထားရသည်။ထို့ကြောင့် သူ၏ ဉာဏ်ပညာနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းတို့သည် ရုပ်သေးမဖြစ်ခင်က “အခြေအနေ” ကို ဆက်ခံထားခြင်းသာ ဖြစ်သည်။သူ၏ လိုက်လျောညီထွေခြင်း စွမ်းရည်မှာ သိပ်ပြီးမမြန်ဆန်လှပေ။

သို့သော် ချန်လွေ့က အားပါးတရ ပြုံးနေသည်။ မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောလဲ။ငါတို့မှာ အတွင်းလူ တစ်ယောက်ရှိတော့ လွယ်လွယ်လေးပေါ့။

“ ထောင်ကြပ် ဆမ်မြူရယ်ကို သခင် သတိထားသင့်တယ်။သူက ခါနီတာ ခန့်အပ်ထားတဲ့ မဟာနတ်ဆိုးဘုရင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ် အသစ်တစ်ယောက်ပဲ။ ”

မဟာနတ်ဆိုးဘုရင်လား။ ချန်လွေ့က ခပ်တည်တည် ခေါင်းခါလိုက်သည်။သူသည် ဆာဘရီနာ အလွန်အားနည်းနေသောအချိန်၌ သတ်ပစ်ခဲ့ပြီး အဆောင်ပစ္စည်းနှစ်ခု၏ စွမ်းအားကိုလည်း အသုံးပြုခဲ့သည်။နောက်ဆုံး သေစေနိုင်သော တိုက်ကွက်သည် သူ၏အောင်မြင်လုနီးနီးကို ကျရှုံးမတတ် ဖြစ်သွားစေခဲ့သည်။ချန်လွေ့၏ လက်ရှိစွမ်းအားဖြင့် [ မီးသင့်နဂါး ဝင်စီးခြင်း ] ၊ [ ကြယ်နက် ပိုင်နက် ] နှင့်ပေါင်းလိုက်လျှင် သာမန်အခြေအနေရှိသော နတ်ဆိုးဧကရာဇ်ကို ‌ရင်ဆိုင်ရန် မလုံလောက်သေးပေ။သို့သော် မဟာနတ်ဆိုးဘုရင်အဆင့်မှာ ပြဿနာ မဟုတ်ပေ။

သို့ရာတွင် သူ၏ဒဏ်ရာ အပြည့်အဝ ပြန်ကောင်းမှ ရပေဦးမည်။

ထိုအချိန်၌ စနိုးဒင်၏စကားသည် ချန်လွေ့ကို အံ့အားသင့်သွားစေသည်။

“ လျို့ဝှက်ချက်တစ်ခု ရှိတယ်။ဒီ ဆမ်မြူရယ်က လူသားတစ်ယောက်ပဲ။ ”

All Chapters