ဘော့စ်အဆင့် ဇာတ်ကောင်
Vol. 18 Ch. 241
ဖေး သည် သူ၏ အားနည်းနေသော ခန္ဓာကိုယ်ကို နံရံဖြင့် အားပြုထားရင်း နှုတ်ခမ်းမှ သွေးများကို သုတ်လိုက်ကာ ထိုလှိုဏ်ဂူအတွင်းမှ ထွက်လာခဲ့သည်။
ဖေး သည် သူ၏ အစစ်အမှန် ခန္ဓာကိုယ်သို့ ပြန်လည်ရောက်ရှိနိုင်ခဲ့ပြီး ဖြစ်သော်လည်း သူ၏ ဝိညာဉ်မှာမူ ဒဏ်ရာရနေဆဲဖြစ်သည်။
အကြောင်းတစ်ခုခုကြောင့် မူလအတိုင်းထိမ်းသိမ်းထားနိုင်သည့် ထို အကျိုးသက်ရောက်မှုသည် အာရန်၏ တိုက်ခိုက်မှုရှေ့၌ ကောင်းစွာ အလုပ်မဖြစ်ခဲ့ပေ။
ဖေးသည် အသက်ဘေးမှ လွတ်မြောက်နိုင်ခဲ့သော်လည်း သူသည် မတ်တပ်ပင် ကောင်းစွာ မရပ်နိုင်လောက်အောင်ထိ ချိနဲ့နေလေသည်။
သူ၏ လက်ချောင်းလေးများကို နံရံပေါ်၌ တင်ကာ အားပြုရင်း လှိုဏ်ဂူမှ ဖြေးညင်းစွာ ထွက်လာခဲ့ရပြီး သူ၏ မျက်နှာအမူအရာသည် မည်းမှောင်လျက်ရှိသည်။
ထိုသူ သည် သူ၏ စနစ်သိုလှောခန်း အကြောင်း ပြောပြခဲ့ပုံကို သူ မှတ်မိနေသေးသည်။
သူ၏ စနစ်သိုလှောခန်းအကြောင်းကို ထိုသူ မည်သို့ သိသည်ကို သူ နားမလည်နိုင်သေးပေ။
ထိုသူ၌လည်း သူ့ကဲ့သို့ စနစ်တစ်ခုရှိနေခဲ့၍လော...။
ထိုသူသည် ဤကမ္ဘာ၏ အဓိက ဇာတ်လိုက်နှင့် တူသော တစ်စုံတစ်ဦးပင်လော...။
“အဲဒါ မဖြစ်နိုင်ဘူး ငါ ဖတ်ထားခဲ့တဲ့ စာအုပ်ထဲမှာ အဓိက ဇာတ်လိုက်က တခြားသူတစ်ယောက်ပါ ငါ သိထားတာမမှားဘူးဆိုရင် အဓိက ဇာတ်လိုက်က အခုထိ ပေါ်လာသေးတာ မဟုတ်ဘူး ငရဲ တံခါးဖွင့်တဲ့ အချိန်မှသာ သူက ပေါ်လာသင့်တာလေ ဒါဆို ခုကဘယ်လိုလုပ်ပြီး...”
အဓိက ဇာတ်ကောင်တွေက တစ်ယောက်ထက် ပိုပြီးရှိနေကြတာလား ဟု တွေးတောမိလိုက်သည်။
“ငရဲမှ ပြန်လာသော နီခရိုမန်ဆာ” ဟူသော စာအုပ်ကို ဖတ်ခဲ့ဘူးသောကြောင့် ဤကမ္ဘာအကြောင်း သိသင့်သမျှ အရေးကြီးသည့်ကိစ္စများကို သူ သိထားပြီးဟု ယူဆထားခဲ့ခြင်းသည် မှားယွင်းခဲ့သလော ဟူ၍ပင် တွေးမိလိုက်သည်။
ဖြစ်နိုင်လျှင် သူသည် စာရေးဆရာဆိုသူကို နောက်တစ်ကြိမ် မေးခွန်းတစ်ခု ထပ်မံ မေးမြန်းလိုနေခဲ့သည်။
ယခုကြုံတွေ့ခဲ့ရသောအကြောင်းအရာများသည် သူ့အတွက် အတော်လေး ခေါင်းခဲစရာများ ဖြစ်ခဲ့သောကြောင့်ဖြစ်သည်။
သို့သော် သူ၌ မေးခွန်းဘောက်ချာနောက်တစ်ခု မရှိတော့ပေ။
သူသည် ထိုပုဂ္ဂိုလ်နှင့် နောက်တစ်ကြိမ် ထပ်မံတွေ့ဆုံရန်ပင် မတောင်းဆိုနိုင်တော့ပေ။
မူလအတိုင်းထိမ်းသိမ်းထားနိုင်သည့် ထိုအစွမ်းသာ မေးခွန်းဘောက်ချာအပေါ်၌ ဒုတိယအကြိမ် ထပ်မံအလုပ်ဖြစ်ခဲ့ပါက သူသည် ဘာကိုမျှ စိုးရိမ်စရာ မလိုတော့ပေ။
သူသည် စာရေးဆရာဆိုသူအကြောင်း တွေးတောနေစဉ် နဂိုအချိန်စီးချောင်းအတိုင်း ပြန်မရောက်နိုင်ခင် သတိပေးချက်နှင့် ဆင်တူသော စကားလုံးများကို ထိုပုဂ္ဂိုလ်မှ သူ့အား သတိပေးခဲ့သည်ကို အမှတ်ရနေဆဲဖြစ်သည်။
တစ်ခုခု ဖြစ်လာတော့မည်ကို ထိုသူသည်ကြိုတင် သိနေသကဲ့သို့ ပင်ဖြစ်သည်။
“သူက အဓိက ဇာတ်လိုက် မဟုတ်ဘူးဆိုရင် စနစ်အကြောင်း သိနေရတဲ့ အကြောင်းပြချက် တစ်ခုပဲ ရှိတယ် သူလည်း ငါ့လိုပဲ... တခြားကမ္ဘာက လာတဲ့ လူတစ်ယောက်ပဲ ဖြစ်ရမယ်...”
ဖေးသည် ထိုဖြစ်နိုင်ခြေကို တွေးတောမိလိုက်သဖြင့် သူသည် ဒေါသကြောင့် တုန်ရင် သွားခဲ့သည်။
သူသည် များစွာသော အရာများကို ဆက်စပ်၍ သဘောပေါက်လိုက်ပြီးဖြစ်သည်။
အထူးသဖြင့် ဤကမ္ဘာ၌ ကမ္ဘာကူးပြောင်းရောက်ရှိလာသူမှာ သူ တစ်ယောက်တည်း မဟုတ်ကြောင်း သဘောပေါက်သွားပြီဖြစ်သည်။
“အဲဒီ လူယုတ်မာ စာရေးဆရာက ငါ့ကို သတိပေးခဲ့တာ အံ့သြစရာ မဟုတ်တော့ပါဘူး သူက သိထားပေမယ့် ဒီအကြောင်းကို နဲနဲလေးတောင်အရိပ်အမွက် မပြောပြခဲ့ဘူး”
ဖေးသည် ဒေါသထွက်လွန်း၍ နံရံကို လက်သီးဖြင့်ထိုးလိုက်ပြီး သူ၏ ခန္ဓာကိုယ်သည် အလွန်အားနည်းနေသေးသည်ကိုပင် မေ့လျော့သွားခဲ့သည်။
သူသည် နံရံမှ လက်ကို ဖယ်လိုက်သည်နှင့် မြေပြင်ပေါ်သို့ ပစ်လဲကျသွားခဲ့ပြီး ဦးခေါင်းကို နံရံနှင့် ဝင်တိုက်မိရန်ပင် အနည်းငယ်သာ လိုလိုက်သည်။
ဤနေရာ၌ အခြားကမ္ဘာမှ လူများ တစ်ဦးထက်မက ရှိနေနိုင်သည်ဟု သဘောပေါက်လိုက်သောအခါ သူ အဘယ်ကြောင့် ထိုမျှ ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့သည်ကို နားလည်သွားခဲ့သည်။
တစ်ခုတည်းသော ပြဿနာမှာ သူသည် အာရန်၏ အစစ်အမှန်အချက်အလက်များကို မသိနေခဲ့သည့်အပြင် ဖန်းယုကို ကယ်တင်ရန် ရောက်လာခဲ့သည် ဆိုသည့်အချက်ကိုပင် သိမနေခဲ့ခြင်းဖြစ်လေသည်။
သူသည် အခြားကမ္ဘာမှ လူဖြစ်သော အာရန်သည် သူ့အားရှာဖွေရန် သူ၏ တည်နေရာကို ကြိုတင်သိထားခြင်းမျိုးလည်း ဖြစ်နိုင်သည်ဟု တွေးမိလိုက်သည်။
“သူက ငါ့ ရဲ့တည်နေရာကို အရင်ကတည်းက သိနေတာမျိုးလည်း ဖြစ်နေနိုင်တယ် ဒါမှမဟုတ် အဲဒီ လူယုတ်မာ စာရေးဆရာက ငါ့အကြောင်းကို အဲ့ဒီလူဆီမှာ ဖောက်သည်ချလိုက်တာမျိုးလဲ ဖြစ်နိုင်သေးတယ် ပထမတစ်ခု ကဖြစ်နိုင်ချေနည်းတယ် အဲဒီလိုဆိုရင် သူက ငါ့ဆီကို အစောကြီးကတည်းက ရောက်လာလိမ့်မှာပေါ့”
သူသည် ထိုသူမှာလည်း သူ့ကဲ့သို့ မေးခွန်းဘောက်ချာကို အသုံးပြုခဲ့သည်ဟု ထင်မှတ်လိုက်သည်။
ထိုသူ အာရန် ၌ မေးခွန်းဘောက်ချာ ဘယ်နှစ်ခုရှိနေနိုင်မည်နည်းဟု ခန့်မှန်း ကြည့်လိုက်သည်။
သူ့ကဲ့သို့ပင် ထိုသူ၌ ထိုမေးခွန်းဘောက်ချာများ ကုန်သွားခြင်းဖြစ်ပါက အဆင်ပြေပေလိမ့်မည်။
ထိုသို့ မဟုတ်ပါက ထိုသူသည် နောက်တစ်ကြိမ် သူ့ဆီရောက်လာရန် အချိန်တစ်ခုသာ လိုအပ်မည် ဖြစ်လေသည်။
သူအား အမြဲတစေ ခြိမ်းခြောက်မှုများ ရှိနေနိုင်သောကြောင့် တစ်နေရာတည်း၌ ကြာရှည်စွာ မနေသင့်ကြောင်း သူသဘောပေါက်လိုက်သည်။
ဤတစ်ကြိမ်၌ သူသည် ရှုံးနိမ့်ခဲ့သော်လည်း နောက်တစ်ကြိမ် ထပ်မံ၍ သူသည် အရှုံးနှင့် ရင်မဆိုင်လိုခဲ့ပေ။
“မင်းကိုငါက သာမန် အန်ပီစီ တစ်ယောက်လို့ ထင်မိခဲ့တာ င့ါအမှားပဲ ဒါပေမဲ့ မင်းက ဘော့စ်အဆင့် ဇာတ်ကောင်တစ်ကောင် ဖြစ်နေတာကိုး အခု မင်းအကြောင်းကို ငါသိသွားပြီဆိုတော့ နောက်တစ်ခါ ဒီလိုတူညီတဲ့ အမှားမျိုး ထပ်လုပ်တော့မှာ မဟုတ်ဘူး”
ဖေးသည် ရင်ဘတ်ကို လက်ဖြင့် ဖိထားရင်း သူ၏ အားနည်းနေသော ခန္ဓာကိုယ်ကို နံရံနှင့် အားပြုကာ လှိုဏ်ဂူအတွင်းမှ ထွက်လာခဲ့သည်။
ထိုသူသည် သူ၏ ယခုတည်နေရာကို ရောက်လာရန်မလွယ်ကူသော်လည်း သူ၏ မိခင်သည် ယခု ထိုသူနှင့် အတူရှိနေလေသည်။
သူမသည် ဤနေရာအကြောင်း ထိုသူကို ပြောပြရန်မှာ အချိန်တစ်ခုသာ လိုအပ်တော့သည်။
ထိုမျိုးမစစ်ကောင် ရောက်မလာခင်တွင် သူသည် ဤနေရာမှ ရွှေ့ပြောင်းရမည်ဖြစ်သည်။
“ငါက အရှင်သခင်အဆင့် ဇာတ်ကောင်တစ်ယောက်ကိုတောင် အနိုင်ယူနိုင်ဖို့ အတော်လေးနီးစပ်ခဲ့တယ် ဒါပေမဲ့ မင်းကြောင့် အရာ အားလုံး အလဟဿ ဖြစ်သွားခဲ့ရတယ် နောက်တစ်ခါ တွေ့တဲ့အခါ မင်းကို ဒီအတွက် ကောင်းကောင်းလေး ပြန် ပေးဆပ်ခိုင်းရမယ်”
ဖေး သည် ယခင်က ထိုသူ အာရန်မှ သတ်ပစ်ခဲ့သောအခြားကျွန်များ၏ နေရာ၌ အစားထိုးရန် သူ့ကို ကျွန်အဖြစ် ပြောင်းလဲပစ်မည်ဟု စဥ့်စားထားခဲ့သည်။
သို့သော် ယခုမူ သူသည် ၎င်းနှင့်ပတ်သက်၍ များစွာပို၍ အလေးအနက်ထားနေပြီဖြစ်သည်။
ယခုအချိန်တွင် အခြားကမ္ဘာမှကူးပြောင်းလာသော ထိုသူကို အောင်နိုင်ခြင်းသည် အခြားအရာများထက် ပို၍ အရေးကြီးနေသည်။
“မင်းရဲ့ အစစ်အမှန်အချက်အလက်တွေကို ငါ ရအောင်ရှာမယ် မင်းရဲ့ စိတ်ရင်းနဲ့ မင်းကို င့ါ ကျွန်အဖြစ် ပြောင်းလဲပေးဖို့ တောင်းပန်လာရတဲ့အထိ မင်းရဲ့စိတ်ဓာတ်တွေကို တစ်စစီ ရိုက်ချိုးပြမယ်”
ဖေးသည် တုန်ယင်သော ခြေလှမ်းများဖြင့် ဒယီးဒယိုင် လျှောက်သွားရင်း လက်သီးကို တင်းတင်း ကျပ်ကျပ် ဆုပ်ထားလိုက်သည်။
သူ၏ လက်ရှိ ဦးတည်ရာမှာ အနောက်ဘက်အရပ်သို့ ဖြစ်လေသည်။
ပထမဦးဆုံး အရှင်သခင်တစ်ဦးကို အောင်နိုင်ရန် အစီအစဉ်မှာ ပျက်ပြားသွား ခဲ့သော်လည်း ဒုတိယအရှင်သခင်တစ်ဦးကို အောင်နိုင်ရန် အစီအစဉ်တစ်ခု သူ၌ ရှိနေပြီဖြစ်သည်။
ဆုံးရှုံးခြင်းတောင်၌ သူ၏ မေးခွန်းဘောက်ချာကို အသုံးပြုခဲ့ခြင်းဖြင့် သူ သိ
ရှိနိုင်ခဲ့သော အရာလည်းဖြစ်လေသည်။
သူ၏ ဒုတိယပစ်မှတ်သည် အနောက်ဘက်တိုက်ကြီး၏ အရှင်သခင်ဖြစ်သော သန့်စင် ပုရောဟိတ်မပင် ဖြစ်သည်။
သို့သော် ထိုအရာကို မစတင်မှီ သူသည် ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာရန်နှင့် သူ့ကို ကူညီရန် ကျွန်များစွာ ပို၍ ဖန်တီးရဦးမည်လည်းဖြစ်လေသည်။
သူသည် ထိုသူ အာရန်နှင့် နောက်တစ်ကြိမ် တွေ့ဆုံမည့်အချိန်ကို မျှော်လင့်နေလေသည်။
ထိုအချိန်၌ သူသည် ယခုကဲ့သို့ ထပ်မံအဖြစ်ခံရန် အစီအစဉ်မရှိပေ။
ဤသို့ဖြင့် ဖေးသည် မကြာမီ အဝေးရှိ အနီရောင် နေမင်းကြီး၏ နေဝင်ရီတရောရောင်ခြည် ဖျော့ဖျော့ အောက်၌ စွန့်ပစ်ထားသော ထိုလှိုဏ်ဂူအဟောင်းကြီးကို ချန်ထားရစ်ကာ ပျောက်ကွယ်သွားလေတော့သည်။
သို့သော် ထိုသို့ ထွက်ခွာခြင်းမပြုမီ သူသည် လှိုဏ်ဂူအနီး၌ အဆောင်စာရွက် တစ်ခုကို အသက်သွင်းထားခဲ့ရန် မမေ့ခဲ့ပေ။
နောက်ထပ်နေ့တစ်ဝက်အတွင်း ထိုအဆောင်စာရွက်သည် နစ်ခရိုမန်ဆာမျှော်စင်သို့ အချက်ပြမှုတစ်ခု ပေးပို့လိမ့်မည်ဖြစ်သည်။
ထိုသူသည် သူ့ကို လိုက်လံဖမ်းဆီးရန် အမြန်ဆုံးနည်းလမ်းတစ်ခုခုဖြင့် ဤနေရာသို့ ရောက်လာခဲ့မည်ဆိုပါက သူ့အတွက် ထောင်ချောက်တစ်ခု အဆင်သင့် ပြင်ဆင်ထားပေးခဲ့ရပေလိမ့်မည် ဖြစ်သည်။
“သူ တကယ် ရောက်လာပါစေလို့ မျှော်လင့်ပါတယ်”
“ ငါ့ရဲ့ ချစ်လှစွာသော မေမေရေ အဲ့ဒီလူကို သားရဲ့ တည်နေရာကို ပြောပြခဲ့မယ်လို့ မျှော်လင့်တယ် ဒီတစ်ခါ တော့ သားကို စိတ်ပျက်အောင် ထပ်မလုပ်နဲ့နော်...”
“ရှင် သူ့ကို သတ်မလို့လား”
ယီလန်သည် အာရန်အား ထိုမေးခွန်းကိုမေးရင်း အာရန်၏ လက်များသည် ဖန်းယုဆီသို့ ဖြည်းဖြည်းချင်း တိုးဝင်သွားသည်ကို စိုက်ကြည့်နေခဲ့သည်။
အာရန်သည် အဖြေပြန်မပေးဘဲ သူ ဘာလုပ်တော့မည်ကို သူ ဆုံးဖြတ်ချက်ချလိုက် ပြီးဖြစ်သည်။
၎င်းသည် အန္တရာယ်များသည့် နည်းလမ်းတစ်ခုဖြစ်နေသော်လည်း သူ၏ ပန်းတိုင်များအတွက် သူမဖြစ်မနေ ရင်ဆိုင်ရမည့် အန္တရာယ်တစ်ခုလည်း ဖြစ်လေသည်။
ယီလန်သည် နောက်ထပ် မေးခွန်းများ ထပ်မံ မေးမနေတော့ပေ။
အရှင်သခင်တစ်ဦးသည် ဤကဲ့သို့ ဤနေရာတွင် ရုတ်တရက် ပျောက်ကွယ်သွားမည် ဆိုပါက ဖြစ်လာမည့်အကျိုးဆက်များကို သူမသည် တွေးကြည့်နေရုံသာတတ်နိုင်လေသည်။
ထိုသို့သာဆိုပါက ကမ္ဘာသည် အမှန်တကယ်ပင် ကြီးမားသော ရိုက်ခပ်မှုတစ်ခုကို ခံရတော့မည် ဖြစ်လေသည်။