စံပြ သူရဲကောင်းရဲ့ ပုံရိပ်
Vol. 18 Ch. 242
အာရန်သည် တောင်ပေါ်မှ ဆင်းလာခဲ့ပြီး သူ၏ လက်များသည် လတ်ဆတ်သော သွေးများဖြင့် စွန်းထင်းနေလေသည်။
သူ၏နံဘေး၌ ယီလန်သည် ထူးဆန်းစွာ သူ့ကို စိုက်ကြည့်နေလေသည်။
ဖီလိုနာသည် အာရန်ကို လုံလောက်စွာ ကူညီပြီးဖြစ်သောကြောင့် ဝိညာဉ်လောကသို့ ပြန်သွားပြီဖြစ်လေသည်။
ဖေး ၏ မိခင်နှင့်ပတ်သက်၍မူ သူမကို နောက်ထပ် မည်သည့်နေရာ၌မျှ မတွေ့ရသေးပေ။
“ရှင် ဒါကိုလုပ်မှာ သေချာ ပါတယ်နော်”
ယီလန်က အာရန်ကို ထပ်မံ အတည်ပြု မေးမြန်းလိုက်သည်။
အာရန်သည် မဖြေဘဲ ခေါင်းညိတ်ပြလိုက်ကာ သူ၏ အကြည့်သည် ခိုင်မာနေခဲ့သည်။
သူသည် မစ္ဆာဂိုဏ်းမှ အကြီးအကဲတစ်ဦး၏ အဝတ်အစားများသို့ ပြောင်းလဲဝတ်ဆင်ထားပြီးဖြစ်သော်လည်း ထိုအဝတ်အစားများတွင် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ သူ၏ သွေးများဖြင့် စွန်းပေနေလေသည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဒဏ်ရာ ဒဏ်ချက်များဖြင့် ပြည့်နှက်လျက်ရှိနေပြီး ထိုဒဏ်ရာအချို့သည် လတ်ဆတ်သော ဒဏ်ရာများဖြစ်နေကာ သူသည် ၎င်းတို့ကို ကုသရန်ပင် မကြိုးစားခဲ့ပေ။
သူ၏ မျက်နှာညာဘက်တွင်ပင် အမာရွတ်တစ်ခုထပ်မံ တည်ရှိနေလေသည်။
ကုသဆေးဖြင့် အလွယ်တကူ ကုသနိုင်သော်လည်း သူသည် ထိုသို့ပင် မပြုလုပ်ခဲ့ပေ။
သူသည် ပုရွက်ဆိတ်ထောင်ပေါင်းများစွာသည် သူ၏ မျက်နှာကို ကိုက်ခဲခံခဲ့ရသကဲ့သို့ စဉ်ဆက်မပြတ် နာကျင်မှုများကို ခံစားနေရသည်။
သူ၏ မျက်နှာ၌ ဤကဲ့သို့ ထိခိုက်ခံရခြင်းသည် ယခုသည် ပထမဆုံးအကြိမ်ဖြစ်ပြီး သူ့အတွက် ၎င်းအတွေ့အကြုံသည် လုံးဝ အသစ်ဖြစ်စေခဲ့သည်။
နာရီဝက်ခန့်ကြာပြီး အာရန်သည် တစ်ခုခုဆီမှ အသက်လုပြေးနေရသကဲ့သို့ တောင်ပေါ်မှ တုန်ယင်စွာ ပြေးဆင်းနေခဲ့ပြီး ကောင်းစွာ ပြေးရန်ပင် ခွန်အားမကျန်တော့သည့်ပုံပေါက်နေလေသည်။
တစ်ခါတစ်ရံ၌ သူသည် မျက်စိကန်းနေသူတစ်ဦးကဲ့သို့ သစ်ပင်အချို့ကိုပင် ဝင်တိုက်မိခဲ့သည်။
အာရန်သည် နောက်ဆုံးသစ်ပင်တစ်ပင်ကို ခွန်အားနည်းစွာဖြင့် ဝင်တိုက်မိပြီး မိနစ်အနည်းငယ်ကြာသောအခါ သူ၏ရှေ့မှ အသံသေးသေးလေးတစ်ခုကို ကြားလိုက်ရသည်။
သူသည် ထိုအသံသည် မည်သူ၏ အသံဖြစ်သည်ကို သိရှိပြီးဖြစ်သောကြောင့် အောက်သို့ ငုံ့မကြည့်ခဲ့ပေ။
သူ၏ လက်များအတွင်း၌ သယ်ဆောင်လာသော အမျိုးသမီးသည် နိုးထစပြုလာခဲ့သည်။
ဖန်းယုသည် မျက်လုံးများဖွင့်ရန်ကျိုးစားလိုက်ပြီး အနည်းငယ် မူးဝေနေသည်ဟု ခံစားလိုက်ရသည်။
သူမသည် ရှေ့သို့ လှမ်းကြည့်လိုက်သောအခါ သူမသည် လူတစ်ဦး၏ ကိုယ်ပေါ်တွင် သယ်ဆောင်ခြင်းခံနေရသည်ကို သတိပြုမိလိုက်သည်။
သူမသည် ထိုသူ၏ မျက်နှာပေါ်ရှိ အမာရွတ်များနှင့် ထိုသူ့ထံမှ လာသော သွေးညှီနံ့များကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ပြီး ထိုသူသည် အလွန်အန္တရာယ်များသော တိုက်ပွဲတစ်ခုကို ဖြတ်သန်းခဲ့ပြီး အသက်မနည်း လွတ်အောင် သေပြေးရှင်ပြေးပြေးလာခဲ့ရပုံရလေသည်။
သူမသည် မင်းသမီးတစ်ပါးကဲ့သို့ ပွေ့ချီသယ်ဆောင်ခြင်းခံနေရစဉ် သူမ၏ လက်များသည် သူ၏ လည်ပင်းကို ရစ်ပတ်ထားသည်ကိုလည်း သတိပြုမိလိုက်သည်။
သူမသည် လက်ထိပ်ခတ်ခံထားရသောကြောင့် သူမ၏ လက်များကို သူ၏ လည်ပင်းမှ ဖယ်ရှား၍ မရပေ။
သူမသည် သူ၏ လက်များဖြင့် ဒီအတိုင်း ပွေ့ချီထားသည့်အတိုင်းသာ နေနိုင်ပြီး သူ၏ ခန္ဓာကိုယ်တွင် သွေးညှီနံ့နှင့်အတူ ရောနှောနေသော ထိုသူ၏ ကိုယ်နံ့တစ်ချို့ကိုလည်း ခံစားမိလိုက်သည်။
သူမသည် သူမတို့ရောက်နေသည့် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ရှုလိုက်သောအခါ တောင်တန်းများကို သတိပြုမိလိုက်သည်။
သူမတွင် အာရုံခံစားမှုအချို့ ပျောက်ဆုံးနေသည်ကိုလည်း သိလိုက်ရသည်။
သူမသည် ပါးစပ်ကို ဖွင့်ရန် ကြိုးစားလိုက်သော်လည်း ကောင်းစွာ စကားပြောနိုင်စွမ်း မရှိတော့ပေ။
သူမ၏ စကားပြောအာရုံသည် အရသာခံအာရုံနှင့်အတူ ပျောက်ဆုံးသွားခဲ့သောကြောင့် ဖြစ်လေသည်။ ကံကောင်းစွာဖြင့် သူမ၌ အမြင်အာရုံမှာ ရှိနေပေသေးသည်။
သူမသည် ယခု သူမ ဘယ်ရောက်နေသည်ကို သဘောပေါက်လိုက်သည်။
၎င်းသည် ဆုံးရှုံးခြင်းတောင်တန်းပင်ဖြစ်သည်။ သူမ မကြာခင်ကာလက ဝင်ရောက်ခဲ့သော နေရာလည်းဖြစ်သည်။
သူမ၏ ဖခင်ကို သတ်ခဲ့သောသူသည် ဆုံးရှုံးခြင်းတောင်တန်းအတွင်း၌ ပုန်းအောင်းနေသည်ဟု သူမ သတင်းရခဲ့သောကြောင့် ဖြစ်သည်။
သူမသည် တစ်ပတ်နီးပါးခန့် ထိုသူကို ဆက်တိုက် ရှာဖွေနေခဲ့ပြီး နေ့စဉ် သူမ၏ အာရုံခံစားမှုများ ဆုံးရှုံးခြင်းကိုပင် ခံခဲ့ရသည်။
နောက်ဆုံး၌ သူမသည် ထိုသူ၏ အစအနကိုပင်ရှာ မတွေ့ခဲ့သောကြောင့် လက်လျော့ကာ ထွက်ခွာရန် ပြင်ဆင်လိုက်စဉ် ဤနေရာတွင် မည်သည့်အရာကို လာရောက် ရှာဖွေမှန်းမသိသည့် သူရဲကောင်းအကယ်ဒမီမှ လူများ၏ ဝိုင်းဝန်း တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။
ထိုတိုက်ပွဲ၏ ဝေဝါးသော အမှတ်တရအချို့ကိုသာ သူမမှန်မိနေခဲ့ပြီး ကျောင်းအုပ် မစ်ထ်ကိုပင် ထိုနေရာ၌ မြင်ခဲ့ရသည်ကို ဝိုးတိုးဝါးတား မှတ်မိနေသေးသည်။
ထိုနေ့၌ သူမ မည်သို့ အိမ်ပြန်ရောက်ခဲ့သည်ကိုပင် သူမ မမှတ်မိတော့ပေ။
သူမသည် ထိုနေရာ၌ တစ်ပတ်နီးပါးခန့် ရှိနေခဲ့သောကြောင့် မစ်ထ်ထက် ပိုမို အားနည်းနေခဲ့သည်။
သူမသည် ရှုံးတော့မည့်အခြေအနေထိရောက်ခဲ့သည်ကို အနည်းငယ် မှတ်မိနေသေးသည်။
သို့သော် ထိုနောက်ပိုင်း အရာအားလုံးသည် သူမ၏ ဦးခေါင်းအတွင်း၌ ဗလာကျင်းဖြစ်နေလေသည်။
အကြောင်းတစ်ခုခုကြောင့် ဖန်းယုသည် သူမနှင့် ရင်းနှီးပုံရသော လူတစ်ယေက်၏ တောင်ပေါ်မှ ပွေ့ဖက် ခေါ်ဆောင်သွားခြင်းကို ခံထားရကြောင်းသိလိုက်ပြီး သေခြာအာရုံစိုက်လိုက်သောအခါ ထိုသူသည် အကြီးအကဲရန် ဆိုသူပင် ဖြစ်နေလေတော့သည်။
သူမသည် ဤခံစားချက်ကို နားမလည်သော်လည်း ယခင်ကလည်း ထိုအနေအထားမျိုး သူတစ်ကြိမ်ရင်ဆိုင်ခဲ့ရဖူးသကဲ့သို့ မှတ်မိလိုက်သည်။
သူမသည် ယခု အလွန်အားနည်းလွန်းနေသောကြောင့် သူမ၏ အလွန်အကျွံ တွေးတောမိခြင်းသာ ဖြစ်မာ်ဟု မှတ်ယူလိုက်သည်။
သူမသည် အာရန်အား သူမကို ချပေးရန် ပြောလိုနေခဲ့သည်။
သူသည် ဒဏ်ရာပြင်းပြင်းထန်ထန် ရထားပြီးဖြစ်သောကြောင့် အခြားသူတစ်ဦးကို သယ်ဆောင်ခြင်းသည် သူ့အတွက် မကောင်းပေ။
ကံမကောင်းစွာဖြင့် သူမသည် နှုတ်ခမ်းများကို ဖွင့်နိုင်ခဲ့သော်လည်း မည်သည့်စကားမှ ထွက်မလာခဲ့ပေ။
သူမ နိုးလာသည်ကို သူ သိပြီးဖြစ်မည်ဟု သူမ ထင်ခဲ့မိသော်လည်း သူ၏ မျက်လုံးများကို မြင်သောအခါ ၎င်းသည် မဖြစ်နိုင်ကြောင်း သဘောပေါက်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် အာရန်၏ မျက်လုံးများသည် လုံးဝ ဗလာကျင်းနေသည်။
သူ ဆုံးရှုံးခဲ့သော အာရုံသည် မည်သည့်အရာဖြစ်သည်ကို သူမ သဘောပေါက်ရန် အချိန်သိပ်မယူလိုက်ရပေ။
သူသည် အနည်းဆုံး တစ်ရက်ထက်မက ဆုံးရှုံးခြင်းတောင်တန်း၌ ရှိနေခဲ့သောကြောင့် သူ၏ အမြင်အာရုံကို ဆုံးရှုံးခဲ့ရခြင်းဖြစ်ပုံရသည်။
ဖြစ်ကောင်းဖြစ်နိုင်သည်မှာ ထို့ထက်ပင်ပို၍ ကြာမြင့်နိုင်သေးသည်။
သူ ဆုံးရှုံးခဲ့သော အခြားအာရုံများသည် မည်သည့်အရာများဖြစ်သည်ကို သူမ တွေးတောနေခဲ့သည်။
သို့သော် အဘယ်ကြောင့် သူမကို သူသည် ထိုသို့ သယ်ဆောင်နေရသနည်း။
အဘယ်ကြောင့် သူသည် ဒဏ်ရာများရနေခဲ့သနည်း။
သူမသည် တွေးရင်းပို၍ ရှုပ်ထွေးလာလေသည်။
ထို့နောက် တအောင့်ကြာသောအခါ သူမ တွေးတောနေစဉ်အတွင်း အမှတ်တရအချို့ ပြန်လည် သတိရလိုက်သည်။
ထိုအချိန်က သူမသည် သူမ၏ နန်းတော်ရှိ ပလ္လင်၌ ထိုင်နေကာ ထိုအချိန်က သူမသည် အနောက်တိုက်အကြောင်းနှင့် သန့်စင် ပုရောဟိတ်မသည် မည်သည့် လှည့်ကွက်များကို ပြုလုပ်ရန် စီစဉ်နေနိုင်သည်ကို တွေးတောနေခဲ့သည်ကို မှတ်မိလိုက်သည်။
ထိုစဥ်ရုတ်တရက် တစ်စုံတစ်ဦးသည် သူမ၏ နန်းတော်၌ ဘွားကနည်း ပေါ်လာခဲ့သည်။
သူမ၏ အစောင့်များ၏ ရှာဖွေတွေ့ရှိခြင်းမခံရဘဲ သူမ၏ နန်းတော်သို့ ဝင်ရောက်ရန် ထိုသူသည် မည်သည့် ရတနာပစ္စည်းများကို အသုံးပြုခဲ့သည်ကို သူမ မသိပေ။
သို့သော် ထိုသူ မည်သို့ ဝင်လာခဲ့သည်မှာ အရေးမပါပေ။ သူမ၏ နန်းတော်အတွင်း ကျူးကျော်ဝင်ရောက်ခြင်းကို တားမြစ်ထားပြီး ထိုသို့ ကြိုးစားသူ မည်သူမဆို သေခြင်းတရားကို ဆုလာဘ်တစ်ခုအဖြစ်သာ ရရှိနိုင်မည်ဖြစ်သည်။
သူမ သူ့ကို သတ်တော့မည့်အချိန်၌ ထိုသူသည် သူမကို ကူညီရန် ဤနေရာသို့ ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ပြောပြခဲ့သည်။
ထိုသူသည် သူမ၏ ဖခင်ကို သတ်ခဲ့သောသူ၏ တည်နေရာကို သူသိထားကြောင်း ပြောခဲ့သည်။
ထိုလူသတ်သမားသည် သူ၏ ရန်သူလည်း ဖြစ်သောကြောင့် သူမအား ထိုသူကို သတ်ပေးရန် ကူညီပေးလိုနေကြောင်း ပြောလာခဲ့သည်။
ဖန်းယုသည် ထိုသူကို သတ်ရန် ခဏတာ တွန့်ဆုတ်သွားခဲ့သည်။
သူမသည် သူမ၏ ဖခင်ကို သတ်ခဲ့သူကို ကြာမြင့်စွာ ရှာဖွေနေခဲ့ပြီး ယခုမှသာ အခွင့်အရေးတစ်ခု ပေါ်လာခဲ့ခြင်းဖြစ်သည်။
၎င်းသည် ထောင်ချောက်တစ်ခုဖြစ်နိုင်ကြောင်း သူမ ရုတ်တရက် သဘောမပေါက်ခဲ့ပေ။
အဖြစ်မှန်ကို သူမ သဘောပေါက်လိုက်သောအခါတွင်မူ အရာအားလုံးသည် ဖြစ်ပျက်ပြီးသွားခဲ့ပြီးဖြစ်သည်။
သူမ မှတ်မိသော နောက်ဆုံးအရာမှာ သူမ ဤနေရာ၌ ရောက်ရှိနေခြင်းပင်ဖြစ်သည်။
သူမသည် အာရန်၏ ပွေ့ဖက်ထားသော လက်များကြား၌ ရှိနေခဲ့သည်။
ယခုအချိန်မတိုင်ခက်စပ်ကြားရှိ ဖြစ်ပျက်အရာအားလုံးမှာမူ သူမခေါင်းထဲ၌ ရှုပ်ထွေးလျက်ရှိနေသည်။
သူ၏ အားနည်းနေသော ခန္ဓာကိုယ်ဖြင့်ပင် အာရန်သည် သူမကို သယ်ဆောင်နေခဲ့ပြီး သူ၏ ဒဏ်ရာများမှ သွေးများသည် တစိမ့်စိမ့် ယိုစိမ့်ထွက်နေလေသည်။
သူမသည် သူမ နိုးနေပြီဖြစ်ကြောင်း အာရန်ကို အသိပေးရန် တွေးတောမိခဲ့သော်လည်း ထိုသို့ မလုပ်နိုင်ခင် လေပြင်းများ စတင်တိုက်ခတ်လာခဲ့သည်။
အဝေးတစ်နေရာ၌ လေပွေလှိုင်းလုံးများ ဝိုင်းရံထားသော အမျိုးသမီးတစ်ဦး ပေါ်လာခဲ့သည်။
“ရှင် သူမကို ခေါ်သွားနိုင်မယ်လို့ ထင်နေခဲ့တာလား”
မျက်နှာကို အနက်ရောင်မျက်နှာဖုံးဖြင့် ဖုံးအုပ်ထားသော အမျိုးသမီးက ပြောလိုက်သည်။
ဖန်းယုသည် ထိုအမျိုးသမီး၏ မျက်နှာကို မမြင်နိုင်သော်လည်း သူမသည် မြောက်ပိုင်းတိုက်မှဖြစ်ကြောင်း ရှင်းလင်းစွာသိလိုက်သည်။
၎င်းသည် သူမကို လှည့်စားခဲ့သော လူနှင့်အတူတူပင်ဖြစ်ပြီး ထိုစဥ်က သူမ မြင်ခဲ့သော အမျိုးသမီးလည်းဖြစ်ကြောင်း အမှတ်ရလိုက်သည်။
“ရှင်က ခုချိန်မှာ အသက်ရှင်ဖို့တောင် ခက်ခဲနေပြီ ဘာလို့ သူ့ကို ကာကွယ်ဖို့ အဲဒီလောက် ဝေးဝေးကို အပင်ပမ်းခံပြီးသွားနေရသေးတာလဲ သူ့ကို ကျွန်မတို့လက်ထဲ ပြန်ပို့လိုက်ရင် ရှင့်ကို အသက်ရှင်ခွင့်ပေးကောင်းပေးနိုင်မယ်” ဟု ထိုအမျိုးသမီးက အထက်စီးမှ လေသံဖြင့် ပြောလိုက်သည်။