အေးစက်သော နှလုံးသားအတွင်းမှ နွေးထွေးမှု
Vol. 18 Ch. 243
အာရန်သည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး သူ၏ ခန္ဓာကိုယ်သည် အားနည်းမှုကြောင့် အနည်းငယ် ယိမ်းယိုင်နေလေသည်။
သူသည် ဖန်းယုကို သူ၏ လက်များ၌ လုံခြုံကြောင်း သေချာစေရန် ပို၍ တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလိုက်သည်။
သူ၏ မျက်လုံးများသည် ကန်းနေသော်လည်း တစ်စုံတစ်ဦးကို ကာကွယ်ရန် မဆုတ်မနစ်သော ဆန္ဒဖြင့် ပြည့်နှက်နေပုံရသည်။
ဤနေရာ၌ ပေါ်လာသော အမျိုးသမီးကို ကြည့်ရင်း ဖန်းယုသည် အာရန် အဘယ်ကြောင့် ထိုမျှလောက်ထိ ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်ကို နောက်ဆုံး၌ နားလည်လိုက်သည်။
သူမသည် အာရန်အား ကြည့်ရင်း သူ၏ အတွေးများကို နားလည်ရန် မဖြစ်နိုင်ကြောင်းသိလိုက်သည်။
အာရန်သည် သူမကို ကယ်တင်ရန် ကြိုးစားရင်း ဒဏ်ရာရခဲ့ကြောင်း သူမ သဘောပေါက်လိုက်သည်။
တစ်နည်းအားဖြင့် သူသည် သူမကို ကယ်တင်ရန် သူ၏ အသက်ကိုပင် စတေးခဲ့ခြင်းဖြစ်လေသည်။
သူမသည် အရှေ့တိုက်၌ အင်အားအကြီးဆုံး ဖြစ်တည်မှုမျိုး ဖြစ်သောကြောင့် အခြားသူတစ်ဦး၏ ကယ်တင်ခြင်းကို ခံရသည်မှာ သူမ ယခင်က မကြုံတွေ့ခဲ့ဖူးသော အရာတစ်ခုဖြစ်သည်။
အခြားသူများ၏ အကူအညီကို လိုအပ်လောက်အောင် အားနည်းနေခြင်းသည် ထူးဆန်းသော ခံစားချက်တစ်ခုဖြစ်လေသည်။
“ရှင် ထွက်ပြေးဖို့ လမ်းမရှိတော့ဘူး မကြာခင် ကျွန်မတို့ရဲ့ သခင် ရောက်လာလိမ့်မယ် အဲဒါက ရှင့်ရဲ့ အဆုံးပဲ နောက်ဆုံးတစ်ကြိမ် ထပ်ပြောမယ် အဲဒီ အမျိုးသမီးကို ကျွန်မတို့နဲ့ ပြန်ထည့်ပေးလိုက်ပါ ရှင့်ကို အသက်ရှင်ခွင့်ပေးဖို့ သခင့်ဆီမှာတင်ပြပေးမယ်”
အမျိုးသမီးသည် စကားပြောနေစဥ်မှာပင် ပြင်းထန်သော လေစွမ်းအင်များဖြင့် သိပ်သည်းထားသည့် လေပုံရိပ်ယောင် ဓားလေးများသည် အာရန်ဆီသို့ ဦးတည် ချိန်ရွယ်ထားလိုက်သည်။
သူမသည် မည်သည့်အချိန်၌မဆို သူ့အား သတ်ပစ်နိုင်ကြောင်း သတိပေးနေသကဲ့သို့ ဖြစ်သည်။
ဖန်းယုသည် ထိုအမျိုးသမီးမှာ သူမအား တိုက်ခိုက်ခြင်းမပြုဘဲ ပြန်ပေးရန်သာ အဘယ်ကြောင့် တောင်းဆိုနေရသည်ဟူသောအချက်ကိုစဥ့်စားလိုက်ရာ ၎င်းတို့သည် သူမကို ပြန်ပေးဆွဲခဲ့သော ဘာမှန်းမသိရသေးသည့် ရည်ရွယ်ချက်တစ်ခုအတွက်မဆို သူမကို မထိခိုက်စေရန်ချင် ပုံရကြောင်းတွေးမိလိုက်သည်။
“ငါ ဒီကို ရောက်လာကတည်းက လက်လျှော့ဖို့ အစီအစဥ်မရှိဘူး” ဟု အာရန်က သူ၏ နှုတ်ခမ်းထောင့်မှ သွေးများ ယိုစီးကျနေစဉ် ပြောလိုက်သည်။
“သူမကို ကျုပ်နဲ့အတူ ပြန်ခေါ်သွားဖို့ လာခဲ့တာ။”
အမျိုးသမီး၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားပြီး သူမ၏ သည်းခံနိုင်စွမ်းသည် သိသိသာသာ လျော့နည်းသွားပုံရသည်။
“ဒါဆို ရှင်က သေခြင်းကိုပဲ ရွေးချယ်လိုက်တယ်ဆိုပါတော့”
သူမက ခံပြင်းစွာဖြင့် ပြန်ပြောလိုက်သည်။
ထို့နောက် သူမ၏ လက်ကောက်ဝတ်ကို လှုပ်လိုက်သည်နှင့် ထိုလေစွမ်းအင်သုံး ဓားများသည် အာရန်ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားလေတော့သည်။
အာရန်သည် သူ့ကိုယ်သူ တစ်ချက် အားတင်းလိုက်သည်။
သူသည် ချဉ်းကပ်ရောက်ရှိလာသော ထိုလေဓားများ၏ တိုးညင်းသော လေခွင်းသံကို သာ ကြားနိုင်ခဲ့ပြီး လေစီးကြောင်းအတွင်း၌ သိမ်မွေ့သော ပြောင်းလဲမှုကိုလည်း ခံစားမိနိုင်ခဲ့သည်။
လျင်မြန်သော လှုပ်ရှားမှုဖြင့် သူသည် ဖန်းယုကို သူ၏ ခန္ဓာကိုယ်ဖြင့် ကာကွယ်ထားလိုက်ပြီး ထိခိုက်မှုအား အနည်းဆုံးဖြစ်အောင် သူ၏ကိုယ်ဖြင့် ကာပေးလိုက်သည်။
ဓားများသည် အာရန်၏ အဝတ်အစားများကို ဖြတ်တောက်ကာ သူ၏ အသားထဲသို့ နစ်ဝင်သွားကြပြီး သွေးများသည် သူ၏ခန္ဓာကိုယ်မှ ပို၍ပင် ကျဆင်းလာသည်။
အာရန်သည် နာကျင်မှုကို ခံနိုင်ရည်ရှိအောင် သွားများကို အံကြိတ်ထားပြီး အော်ဟစ်ရန် ငြင်းဆန်နေခဲ့သည်။
အာရန်သည် သူ၏ ရန်သူအား သူ၏ နာကျင်မှုကို မြင်ရသောအခါ ဖြစ်သွားမည့် ကျေနပ်မှုကို ပေးမည်မဟုတ်ပေ။
ဖန်းယုသည် အာရန်၏ အမူအရာကို ငေးကြည့်လိုက်မိပြီး သူ၏ သွေးတစ်စက်သည် သူမ၏ ဖြူစင်သော ပါးပြင်ပေါ်သို့ ကျဆင်းလာလေသည်။
သူမသည် ဤကမ္ဘာကြီး၏ ကိုယ်ကျိုးရှာ၊ အတ္တကြီးမှုမျာ ကြားထဲတွင် အချိန်ကြာမြင့်စွာကတည်းက ကျင်လည်ခဲ့ရသူတစ်ဦးဖြစ်လေသည်။
အာရန်ကဲ့သို့သောသူသည် သူမကို ကာကွယ်ရန်အတွက် အဘယ်ကြောင့် ထိုမျှလောက် အသဲအသန် ကျိုးစားနေသည်ကို သူမ နားမလည်နိုင်ပေ။
၎င်းသည် မိစ္ဆာဂိုဏ်းအပေါ် သူ၏ သစ္စာစောင့်သိမှုကြောင့်လား...။
သို့မဟုတ် ထို့ထက်ပိုသော အကြောင်းပြချက်တစ်ခုခု ရှိနေ၍လော...။
သူမသည် ထိုမျှလောက် အကူအညီမဲ့ပြီး အခြားသူတစ်ဦးကို လုံးဝ မှီခိုနေရသည့်အဖြစ်မျိုး မခံစားခဲ့ရသည်မှာ အလွန်ကြာပြီဖြစ်သည်။
အရှေ့တိုက်၌ အင်အားအကြီးဆုံး အရှင်သခင်တစ်ဦးဖြစ်လာပြီးနောက် ယခု သူမသည် သူမအတွက် အရာအားလုံးကို စတေးရန်ပင် ဆန္ဒရှိနေသော မျက်မမြင်တစ်ဦး၏ လက်များအတွင်း၌ ပွေ့ချီထားခြင်းကိုခံနေရသည်တဲ့လား..။
လေစွမ်းအင်ဓားများ ပျောက်ကွယ်သွားသောအခါ အမျိုးသမီး၏ မျက်နှာသည် စိတ်ပျက်စွာဖြင့် ပိုမိုတင်းမာသွားခဲ့သည်။
“ခေါင်းမာလိုက်တဲ့ လူမိုက်တစ်ယောက်ပဲ” ဟု သူမက တိုးညင်းစွာ ရေရွတ်လိုက်သည်။
“ဒါပေမဲ့ အရေးမပါဘူး သခင် ရောက်လာတဲ့အခါကျရင် ရှင်သူမကို ဘယ်လိုမှ ကာကွယ်နိုင်မှာ မဟုတ်ဘူး”
အာရန်သည် ဖန်းယုကို ပို၍ တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်ရင်း.....
“အဲဒါကိုသိရအောင် ငါတို့စောင့် ကြည့်ကြတာပေါ့” ဟု အာရန်က ခိုင်မာသော အသံဖြင့် ပြန်ဖြေလိူက်သည်။
“ဘယ်သူ့ကိုမှ သူမကို ကျုပ်ဆီကနေ ကျုပ်အသက်ရှင်နေသ၍ ခေါ်သွားလို့ မရစေရဘူး”
အမျိုးသမီး၏ မျက်လုံးများသည် ဒေါသကြောင့် အရောင်တောက်သွားသော်လည်း သူမသည် နောက်ထပ် တိုက်ခိုက်မှုတစ်ခုကို မစတင်နိုင်ခင်မှာပင် နက်ရှိုင်း၍ သြဇာသံအပြည့်နှင့် အသံတစ်ခုသည် နေရာတစ်ခုဆီမှ ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။
“တော်လိုက်တော့...”
အရိပ်များထဲမှ ရှည်လျားသောအရပ်အမောင်းနှင့် ခန့်ညားသော ပုံရိပ်တစ်ခုသည် ထွက်ပေါ်လာခဲ့သည်။
သူသည် ဖေး မှတပါး အခြားသူမဟုတ်ပေ။
သို့မဟုတ် ထိုဖေး မှာ ဖေး အစစ်မဟုတ်ပဲ ယီလန်မှာ သူ၏ကိုယ်တွင်းဝင်ရောက်၍ ထိန်းချုပ်နေသော ဖေး ၏ ခန္ဓာကိုယ်သာ ဖြစ်လေသည်။
သူမသည် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို ပြန်လည်ပြုပြင်ထားပြီးဖြစ်ကာ သူ၏ ခန္ဓာကိုယ်၌ ဒဏ်ရာတစ်ခုမျှ မမြင်နိုင်အောင် အဝတ်အစားများကိုလည်း ပြောင်းလဲပေးခဲ့သည်။
လေမျှော်စင်မှ မှော်ဆရာမသည် ချက်ချင်း ဦးညွှတ်လိုက်ပြီး သူမ၏ အမူအရာသည် အလွန်မောက်မာသော အသွင်အပြင်မှ အလွန်ရိုသေသော အသွင်အပြင်သို့ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
“သခင်”
အာရန်၏ မျက်နှာအမူအရာသည် မည်းမှောင်သွားခဲ့သည်။
သူ မမြင်နိုင်သော်လည်း ထိုအသံကို သူ မှတ်မိနေသည်။ ၎င်းသည် ဤအမျိုးသမီး၏ သခင်ဖြစ်သည်။
အာရန်သည် ခေါင်းကို ငုံ့ကာ မိမိကိုယ်ကို အထင်သေးသော အပြုံးဖြင့် ပြုံးလိုက်သည်။
သူသည် ဘာမှ မမြင်နိုင်သော်လည်း ဖန်းယု၏ မျက်နှာရှိရာသို့ မျက်နှာ မူနေဆဲဖြစ်သည်။
သူသည် မျက်စိမမြင်ရပဲနှင့် သူမ၏ မျက်နှာကို ရှာမတွေ့နိုင်သကဲ့သို့ လက်ကို ဖြည်းဖြည်းချင်း ဆန့်တန်းလိုက်ကာ လက်ချောင်းထပ်လေးများဖြင့် သူမ၏ ပါးပြင်ကို ပွတ်သပ်လိုက်သည်။
အနည်းငယ်ကျိုးစားရုန်းကန်ပြီးနောက် အာရန်၏ လက်ချောင်းများသည် သူမ၏ ပါးပြင်ပေါ်သို့ ထိတွေ့နိုင်လိုက်ကာ သူမသည် သူ၏ အသက်ထက်မက ချစ်မြတ်နိုးရသူ တစ်ဦးသကဲ့သို့ ပွတ်သပ်နေမိပြီး သူ၏ မျက်နှာ၌ ဝမ်းနည်းမှုအရိပ်အယောင်များကို မြင်တွေ့နိုင်လေသည်။
သူမကို တစ်သက်လုံး အဝေးမှသာ လှမ်း၍ ကြည့်နေခဲ့ရသူ တစ်ဦးသည် သေခါနီးမှပင် သူနှင့်အလွန်ဝေးကွာသော ထိုမင်းသမီးလေးကို ထိတွေ့ခွင့်ဆိုသော အခွင့်အရေးလေးတစ်ခု ယခုမှ ရရှိလိုက်သူတစ်ဦးပမာပင် ပြုမူနေခြင်း ဖြစ်နေလေသည်။
ဖန်းယုပင် အာရန်၏ ထူးဆန်းသော အမူအရာကြောင့် အံ့အားသင့်သွားရသည်။
သို့သော် အကြောင်းတစ်ခုခုကြောင့် သူခံစားနေရသော ဝမ်းနည်းမှုကို သူမလည်း ခံစားနိုင်နေသည်။
သူသည် သူမကို စကားတစ်ခွန်းမျှ မပြောခဲ့သော်လည်း အကြောင်းတစ်ခုခုကြောင့် သူ ပြောလိုသော အရာကို သူမ ခံစားနိုင်နေသည်။
သူမသည် အဘယ့်ကြောင့် ထိုသို့ခံစားမိနေသည်ကို နားမလည်နိုင်ဖြစ်နေရသည်။
ထို ခံစားချက်များသည် သူမ၏ကိုယ်တွင်း၌ အရှိန်အဟုန်ပြင်းစွာဖြင့် စီးဆင်းလာလျက်ရှိပြီး ယခင်က တစ်ကြိမ်တစ်ခါမျှ မပေါ်ခဲ့ဖူးသော နည်းလမ်းများဖြင့် ပေါ်ပေါက်လာခဲသည်။
၎င်းသည် တစ်စိတ်တစ်ပိုင်းအားဖြင့် မင်္ဂလာနှောင်ကြိုး ၏ အကျိုးသက်ရောက်မှုကြောင့် ဖြစ်ကြောင်းကိုမူ သူမ သဘောမပေါက်ခဲ့ပေ။
အာရန်မှ သူမအား ခံစားစေလိုနေခဲ့သော အရာကို သူမသည် ခံစားနေရပြီဖြစ်ကာ ထို မင်္ဂလာနှောင်ကြိုး ကြောင့်ပင် အကျိုးသက်ရောက်မှုများမှာ ပို၍ အားကောင်းလာခဲ့သည်။
သို့သော် သူမ၏ ယခု အခြေအနေကြောင့်ပင် ယခုအချိန်၌ ရှုပ်ထွေးမှုမှတပါး အခြားမည်သည့်အရာကိုမျှ ခံစားမိရန် အချိန်မရလိုက်ပေ။
“ရှင် သူတို့ကို ဆက်ပြီးတိုက်နေစရာ မလိုတော့ဘူး” ဟု သူမက အေးစက်စွာဖြင့် အာရန်အား စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။
“ကျွန်မကို ဒီမှာထားခဲ့ပြီး ရှင်ထွက်ပြေးတော့ ရှင်က သူတို့ကို ရင်ဆိုင်ဖို့ အရမ်းအားနည်းလွန်းတယ်”
“မင်း နိုးနေပြီပဲ”
အာရန်သည် သူမ၏ လက်များကို သူ၏ လည်ပင်းမှ ဖယ်ရှားလိုက်ကာ သူ၏ နောက်ရှိ မြေပြင်ပေါ်၌ ချပေးလိုက်သည်။
“အခု ပြေးတော့”
သူသည် ဓားကို ဆွဲထုတ်ရင်း သူမကို သူ့နောက်၌ ဖုံးကွယ်ထားလိုက်သည်။
အခြားလက်၌လည်း ဖန်းယုကိုပင် အံ့အားသင့်စေသော တန်ဖိုးမြင့် အဆောင် စာရွက် တစ်ရွက်ကို ထုတ်ယူလိုက်သည်။
ဤ တန်ဖိုးမြင့် အဆောင်စာရွက်ကို သေခြင်းလက်ဖွဲ့ ဟုလည်း ခေါ်သည်။
၎င်းသည် လူတစ်ဦးအား သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ခံနိုင်ရည်အားကို မူရင်းရှိရင်းစွဲထက် များစွာ ကျော်လွန်မြင့်မားသွားစေပြီး ထိုစွမ်းအားများကို ထုတ်ဖော်စေနိုင်ရန် အဖိုးအခအနေဖြင့် အသက်ဓာတ်စွမ်းအင်ကို စတေးရခြင်းဖြစ်လေသည်။
အနှစ်ချုပ်အားဖြင့် ၎င်းသည် လူများအား အချိန်တိုအတွင်း အင်အားကိုတိုးမြင့် အသုံးပြုနိုင်ရန် ၎င်းတို့၏ အသက်ဓာတ်စွမ်းအင်များကို ကုန်ဆုံးစေသည့်အဆောင်တစ်မျိုးပင်ဖြစ်သည်။
၎င်းသည် ဤလူနှစ်ဦးကို အချိန်အနည်းငယ်ခန့် နှောင့်နှေးစေနိုင်သည်မှာ သေချာသော်လည်း ထို သေခြင်းလက်ဖွဲ့ ၏ အကျိုးသက်ရောက်မှု ကုန်ဆုံးသောအခါ အာရန်သည် သေဆုံးသွားရပေလိမ့်မည်ဖြစ်သည်။
ဖန်းယု၏ စိတ်၌ သံသယများ မရှိတော့ပေ။ သူသည် ဤနေရာ၌ အလွန် အလေးအနက်ထား၍ ပြုမူနေခြင်းဖြစ်သည်။
သူမအား ဤနေရာမှ လွတ်မြောက်စေရန် သူသည် ထိုသူနှစ်ဦးအား အလုပ်ရှုပ်စေရန် ကြိုးစားကြည့်ခြင်းလည်းဖြစ်လေသည်။
သို့သော် သူမ၏ မာနသည် သေခြင်းတရားနှင့် ရင်ဆိုင်ရသောအခါ၌ပင် ယခုကဲ့သို့ အချိန်၌ ထွက်ပြေးရန် ခွင့်မပြုနေပေ။
ထို့အပြင် သူမသည် အာရန်အား သူမအတွက် သေဆုံးရန် မလိုလားနေခဲ့ပေ။
အကြောင်းတစ်ခုခုကြောင့် သူသည် သူမအား ထိုကဲ့သို့ သူ၏ ဘဝတစ်ခုလုံးကို စတေး၍ အကာအကွယ်ပေးရန် ကျိုးစားနေသည်ကို မြင်တွေ့ရခြင်းသည် သူမ၏ အလွန် အေးစက်သော နှလုံးသားအတွင်း အချိန် ကြာမြင့်စွာကတည်းက ပျောက်ဆုံးသွားခဲ့သော အရာတစ်ခုကို ပြန်လည် ရရှိလိုက်သကဲ့သို့ ခံစားလိုက်ရသည်။
၎င်းသည် သူမ၏ ဖခင် သေဆုံးခြင်းဖြင့် အေးစက်သွားခဲ့သော နှလုံးသား၌ ပြန်လည် ပေါ်လာသော ထူးဆန်းသည့် နွေးထွေးမှုလေး တစ်ခုပင် ဖြစ်လေသည်။