← Chapters

သရုပ်ဆောင်ရတာ ပိုခက်ခဲလာသလိုပဲ

Vol. 18 Ch. 245

သရုပ်ဆောင်ရတာ ပိုခက်ခဲလာသလိုပဲ

Vol. 18 Ch. 245

အာရန် သည် ဖန်းယု၏ ပတ်လည်၌လည်း အကာအကွယ်အဆောင် တစ်ခုကို အသုံးပြုကာ သူမကို တစ်ဝိုင်းပုံသဏ္ဍန်အကာအကွယ်လွှာ တစ်ခုအတွင်း ပိတ်လှောင်ထားလိုက်သည်။

ဖန်းယုသည် ထွက်ပြေးတော့မည်မဟုတ်ကြောင်း သူ မြင်ထားသကဲ့သို့ ဖြစ်သည်။

သို့သော် ဤဖျော်ဖြေမှုလေးတစ်ခု အတွက်နှင့် လေမျှော်စင်မှ မှော်ဆရာမလေးကို သတ်ပစ်ရန်အထိတော့ သူ မလိုလားပေ။

သူမကို ထွက်သွားစေမှ ရမည်ဖြစ်သောကြောင့် သူသည် အကာအကွယ်လွှာကိုသာ အသုံးပြုခဲ့သည်။

ထိုအကာအကွယ်သည် ဖန်းယု၏ ဟန်ချက်ကို အတွင်းပိုင်း၌ ထိန်းညှိထားပေးပြီး သူမကို ထိခိုက်မှုများမှလည်း ကာကွယ်ပေးလေသည်။

အကာအကွယ်လွှာသည် လေမျှော်စင်မှ မှော်ဆရာမ၏ တိုက်ခိုက်မှုများကို ကာကွယ်ပေးရန် လုံလောက်အောင် မခိုင်ခန့်သော်လည်း အခြားအရာများမှ ကာကွယ်ရန်မူ လုံလောက်သည်ထက်ပင် ပိုပေသေးသည်။

၎င်းသည် ပွင့်လင်းမြင်သာသော ဖောက်မြင်နိုင်သည့် ရုပ်ပိုင်းဆိုင်ရာ အကာအကွယ်လွှာတစ်ခုနှင့် တူညီလေသည်။

အာရန်သည် ၎င်း အကာအကွယ်လွှာကို ဆုပ်ကိုင်ထားလိုက်သည်။

ထို့နောက် အချိန်မဆိုင်းပဲ သူ၏ အင်အားအလုံးစုံကို အသုံးပြုကာ ထိုစက်ဝိုင်းလုံးသဏ္ဍာန်အကာအကွယ်လွှာကို အဝေးသို့ ပစ်လွှတ်လိုက်လေသည်။

အကာအကွယ်လွှာအတွင်း၌ ဖန်းယုသည် တောင်ထိပ်မှ ပြုပ်ကျလျှင်ပင် ထိခိုက်မည်မဟုတ်သောကြောင့် သူမ၏ ဆန္ဒမပါဘဲ သူမကို လွှင့်ပစ်ရန်မှာ ထိုနည်းလမ်းသည် ဘေးအကင်းဆုံးနှင့် အလွယ်ကူဆုံးပင်ဖြစ်သည်။

တစ်နည်းအားဖြင့် ၎င်းသည် သူမကို ဤနေရာမှ တတ်နိုင်သမျှ ဝေးဝေးရောက်စေရန် သူ၏ နည်းလမ်းတစ်ခုပင် ဖြစ်သည်။

“ရှင်”

ဖန်းယုသည် အော်ဟစ်လိုက်သော်လည်း သူမ ဘာမှ ဆက်ပြောနိုင်ခင်မှာပင် ဆုံးရှုံးခြင်းတောင်၏ အစွန်းသို့ဦးတည်ကာ သူမကို တောင်အောက်ဘက် နေရာတစ်ခုသို့ ဦးတည်ပစ်လွှတ် လိုက်လေသည်။

ဖေးသည် အာရန်မှ သူ့ကို တားဆီးရန် ဘာလုပ်မည်ကို တွေးတောရင်း အလွန်စိတ်ဝင်တစား ကြည့်နေသကဲ့သို့ ဟန်ဆောင်နေလိုက်သည်။

အာရန်သည် သူ့ကို ဘာမှ မလုပ်နိုင်ဟု ထင်နေသောကြောင့် ဝင်ရောက်စွက်ဖက်ခြင်း မပြုသည့်ဟန် ပြုမူနေခြင်းဖြစ်သည်။

သို့သော် အာရန်သည် ဖန်းယုကို အကာအကွယ်အတွင်း၌ လွှင့်ပစ်လိုက်သည်ကို မြင်သောအခါ သူ၏ မျက်ဝန်းများသည် တုန်ယင်သွားသည်။

သူမ လွတ်မြောက်သွားရန်အတွက် သူသည် ခွင့်မပြုပေးနိုင်သောကြောင့် ဖြစ်လေသည်။

“ဟေ့ မင်း ဘယ်မှ သွားလို့ မရဘူး” သူသည် ထိုအကာအကွယ်လွှာ ဆီသို့ ပြေးသွားလိုက်သည်။

ဤနေရာ၌ သူသည မပျံသန်းနိုင်သောကြောင့် တတ်နိုင်သမျှ အမြင့်ဆုံး ခုန်လိုက်ရန် သူ၏ အင်အားအလုံးစုံကို အသုံးပြုလိုက်သည်။

တစ်စက္ကန့်တိုင်းတွင် ဖေး သည် ထိုစက်ဝိုင်းလုံးပုံအကာအကွယ်လွှာ နှင့် တဖြည်းဖြည်း နီးကပ်လာပြီး သူ၏ လက်ချောင်းများသည် ထိုစက်ဝိုင်းလုံးနှင့် ထိတွေ့ရန် ဝက်မီတာသာ ကွာတော့သည်။

ထိုအချိန်မှာပင်...

“မင်းရင်ဆိုင်ရမှာ ငါပဲကွ” ဖေး၏ နောက်မှ အသံတစ်ခု ထွက်လာသည်။

ဖန်းယုသည် အာရန်သည် ဖေး၏ ခြေထောက်များကို ဆွဲဖက်လိုက်ကာ နောက်သို့ ဆွဲချလိုက်သည်ကို မြင်လိုက်သည်။

ထို့နောက်သူတို့နှစ်ဦးသည် ပေတစ်ထောင်ကျော်သော အမြင့်မှ အတူတကွ ပြုပ်ကျသွားကြလေသည်။

(ဘာသာပြန်သူမှတ်ချက်။ ။ အကယ်ဒမီရှော့ခ် အကွက်တွေ )

ဖန်းယုသည် ဤအကာအကွယ်လွှာမှ လွတ်မြောက်ရန် ကြိုးစားသော်လည်း မရပေ။

ထိုအကာအကွယ် အဆောင်၏ အကျိုးသက်ရောက်မှု ကုန်ဆုံးသည်အထိ သူမသည် အကာအကွယ်မှ ထွက်၍ မရပေ။

သူမ၌ အတွင်းမှ ချိုးဖျက်ရန် အင်အားအနည်းငယ်မျှပင် မကျန်ရှိတော့ပေ။

သူမသည် အာရန်၏ သွေးများနှင့်စွန်းပေနေသော ပုံရိပ်သည် ဖေးနှင့်အတူ ကောင်းကင်မှ လဲကျသွားသည်ကိုသာ မြင်နိုင်ခဲ့လေသည်။

ငါးမိနစ်ခန့်အကြာတွင် ဖန်းယုပါဝင်သော စက်ဝိုင်းလုံးသဏ္ဍာန် အကာအကွယ်လွှာသည် အတော်အတန် ဝေးကွာသော ခရီးတစ်ခုကို ဖြတ်သန်းကာ ဆုံးရှုံးခြင်းတောင်၏ အစွန်းတစ်ဖက်သို့ နီးကပ်စွာ ရောက်ရှိသွားကာ မြေပြင်ပေါ်သို့ ပြုပ်ကျသွားခဲ့သည်။

ဖန်းယုသည် အကာအကွယ်အတွင်း၌ ထိုင်လျက်ရှိနေကာ လုံးဝ မထိခိုက်ခဲ့ပေ။

သူမသည် အာရန်မှ ဖေးကို ဆွဲချနေခဲ့သော ပုံရိပ်ကို သူမ၏ မျက်လုံးများအတွင်းမှ မထွက်နိုင်ပဲ ယခုတိုင် မြင်ယောင်နေဆဲဖြစ်‌လေသည်။

သူမသည် အကာအကွယ်လွှာကို ချိုးဖျက်ကာ ထိုနေရာသို့ ပြန်ပြေးရန် ကြိုးစားလိုက်သော်လည်း ထိုအကာအကွယ်သည် ချိုးဖျက်၍ မရပေ။

သူမသည် မြေပြင်ပေါ်၌ ထိုင်ကာ သူမ၏ ဒူးခေါင်းများကို လက်နှစ်ဖက်ဖြင့်ပြန်လည် ပွေ့ဖက်ရင်း ငြိမ်သက်နေမိသည်။

“ရှင်က ငတုံးပဲ... ဘာလို့.....” ဟု သူမက တိုးတိုးလေး ရေရွတ်လိုက်သည်။

အာရန်သာ တစ်ယောက်တည်း ကိုယ်လွတ်ရုံး ထွက်ပြေးခဲ့ပါက လွတ်မြောက်နိုင်လိမ့်မည်ဟု သူမ သေချာသိနေသည်။

....

တစ်ချိန်တည်း၌ အခြားနေရာတစ်ခု၌ အာရန်သည် ဖေးနှင့်အတူ မြေပြင်ပေါ်သို့ ဆင်းသက်ခဲ့သည်။

အကာအကွယ်လွှာနှင့်အတူ ဖန်းယုတစ်ယောက်သည် အဝေးသို့ ပျောက်ကွယ်သွားသောအခါမှသာ သူသည် အနည်းငယ် စိတ်သက်သာရာ ရခဲ့သည်။

သူ၏ ခန္ဓာကိုယ်အတွင်း၌ လောင်ကြွမ်းနေသော အသက်ဓါတ်အချို့နှင့် ပတ်သက်၍ မူ သူသည် ဂရုစိုက်စရာ မလိုပေ။

ယခုအခါတွင် သူ့၌ တော်ဝင်နဂါး၏ သွေးမျိုးဆက်ရှိနေပြီဖြစ်သောကြောင့် အသက်ဓာတ်အဆီအနှစ် အနည်းငယ် ကုန်ဆုံးရခြင်းသည် ဘာအရေးနည်း။

အသက်ဓာတ်အဆီအနှစ်သည် ယခုအချိန်၌ သူ့တွင်အပေါဆုံးအရာတစ်ခုကဲ့သို့ပင် ဖြစ်နေသည်မဟုတ်ပါလော..။

သူသည် သာမန် လူသားတစ်ဦးသာဖြစ်ပါက ထိုစွမ်းအားကြီးမားသော အဆောင်စာရွက်ကို အသုံးပြုခြင်းဖြင့် သေဆုံးသွားနိုင်လေသည်။

သို့မဟုတ် ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်သည်။

သို့သော် သူသည် လူသားတစ်ဦးမျှသာ မကတော့ပေ။

၎င်းသည်လည်း သူ၏ လုပ်ဆောင်ချက်များကို ပို၍ အကျိုးသက်ရောက်မှုရှိစေရန် သေခြင်းလက်ဖွဲ့ကို အသုံးပြုလိုသော အကြောင်းရင်းပင်ဖြစ်သည်။

အာရန်သည် မြေပြင်ပေါ်၌ ပင်ပန်းစွာ ထိုင်နေမိသည်။

အင်အားအလွန်အကျွံ အသုံးပြုခဲ့ရခြင်းသည် အတော်လေး ပင်ပန်းသည်။

အထူးသဖြင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးများ ယိုစီးနေသောအခါ၌ဖြစ်သည်။

ဖေးသည်လည်း သူ၏ဘေး၌ ဆင်းသက်လာခဲ့သည်။ သို့သော် ယီလန်သည် ဖေး၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခြင်းသာ ဖြစ်လေသည်။

လေမျှော်စင်မှ မှော်ဆရာမသည်လည်း အာရန်၏ ရှေ့၌ ဆင်းသက်လာခဲ့ပြီး နောက်ထပ် ရန်လိုမှုများကို မပြသတော့ပေ။

သို့သော် သူမသည် စိတ်ဝင်စားနေဆဲဖြစ်သည်။

အာရန်သည် မိစ္ဆာဂိုဏ်းချုပ် ဖန်းယုအတွက် ထိုမျှလောက် အဘယ်ကြောင့် ကြိုးစားအားထုတ်နေရသနည်း။

သူမ၌ အကြမ်းဖျင်း ခန့်မှန်းချက်တစ်ခု ရှိသည်။ နောက်ဆုံး၌ မည်သည့်ယောက်ျားသည် သူတို့ချစ်သော အမျိုးသမီးရှေ့၌ စံပြ သူရဲကောင်းတစ်ဦးနှင့် တူသော ပုံစံကို မဖော်ပြချင်ပဲနေမည်နည်း။

သူမသည် အာရန်မှာ အချစ်အတွက်သာ လုပ်ဆောင်နေသည်ဟု ယူဆပြီးဖြစ်သည်။

ထို့ထက်ပို၍ မတွေးမိပေ။

အဘယ်ကြောင့်ဆိုသော် ထိုသို့မဟုတ်ပါက သူသည် မိစ္ဆာဂိုဏ်းကို ထိန်းချုပ်နိုင်သည့်အခွင့်အရေးကို လက်လွှတ်ကာ ဖန်းယုကို ကယ်တင်မည်နည်း။

တစ်နည်းအားဖြင့် သူမသည် သူ၏ အပြုအမူကိုပင် အထင်ကြီးနေခဲ့သည်။

သူ၏ ချစ်သူကို ကယ်တင်ရန်အတွက် ဆုံးရှုံးခြင်းတောင်တန်း အတွင်းသို့ပင် ဝင်ရောက်ခဲ့သည်။

ဤတိုက်ပွဲအတွက် သူသည် သူ၏ အသက်ကို စတေးခဲ့ရခြင်းမျိုးမရှိခဲ့သော်လည်း အစောပိုင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲများသည်လည်း အလွန်အန္တရာယ်များပြီး အမှန်တကယ် ဖြစ်ပွားခဲ့ခြင်းပင်ဖြစ်သည်။

တစ်ခုတည်းသော ကွာခြားချက်မှာ ဖန်းယုသည် ၎င်းတို့ကို မြင်ရန် နိုးကြားနေခဲ့ခြင်း မရှိခြင်းပင်။

သူမသည် ဖန်းယုအား ထိုမျှလောက် ဂရုစိုက်သောချစ်သူတစ်ဦး ပိုင်ဆိုင်ထားသည့်အတွက် အနည်းငယ်ပင် မနာလိုဖြစ်မိလိုက်သည်။

အာရန်သည် သူ၏ မျက်နှာမှ သွေးများကို မသုတ်သင်ရသေးပေ။ သူသည် အလွန်ပင်ပန်းသောကြောင့် အိပ်ချင်လာခဲ့သည်။

“အမှန်တကယ်တိုက်ခိုက်တာထက်တောင် သရုပ်ဆောင်ရတာက ပိုခက်ခဲတာပဲ” ဟု သူက နှင်းများကို ခေါင်းအုံးကဲ့သို့ သူ၏ခေါင်းကို မှီချလိုက်ရင်း မှတ်ချက်ပြုလုပ်သည်။

ဖန်းယုသည် နောက်ဘာလုပ်မည်ကို သူ မသေချာပေ။

သူမသည် တုံ့ပြန်မှုအချို့ကို ပြသခဲ့သော်လည်း ထိုအရာသည် ခံစားချက်ကင်းမဲ့သော နတ်ဆိုးမ၏ နှလုံးသားကို လှုပ်ခတ်စေရန် လုံလောက်ပါ့မလားဟု သူ မသေချာပေ။

သူမသည် ဤနေရာသို့ ပြန်လာပါဦးမည်လား သို့မဟုတ် သူ့အား သေပြီဟု မှတ်ယူကာ ဤနေရာက၌ စွန့်ပစ်ထားခဲ့မည်လား။

နောက်ဆုံးတစ်ခုဖြစ်ပါက သူသည် ဂိုဏ်းသို့ အသက်ရှင်လျက် ပြန်လာရန် အကြောင်းပြချက်နှင့် သင့်လျော်သော ဇာတ်လမ်းတစ်ခုကို ဖန်တီးရဦးမည်ဖြစ်သည်။

သူသည် ဝတ္ထုများစွာ ဖတ်ခဲ့သောကြောင့်သာ ထိုသို့ဇာတ်လမ်းဆင်မှုမျိုးကို သူသည် ပိရိစွာလုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်လေသည်။

ထိုအရာမှ သူ့အားကယ်တင်နိုင်ခဲ့ခြင်း လည်းဖြစ်လေသည်။

သို့သော် သူ တပင်တပမ်းကြိုးစားခဲ့ရသည့် အရာများအတွက် ဖန်းယုမှ သူ့ဆီသို့ပြန်လာခဲ့ရန်သာ ပို၍ မျှော်လင့်နေမိခဲ့လေသည်။

“နာရီဝက်လောက် စောင့်ပြီး နောက်အဆင့်ကို ဆက်သွားကြမယ်”

အာရန်သည် တခဏခန့် ငြိမ်းချမ်းသော အခိုက်အတန့်အချို့ကို ရယူပြီးနောက် လေမျှော်စင်မှ မှော်ဆရာမနှင့် ယီလန်ကို မျက်လုံးများ မှိတ်ထားလျက်ပင် ပြောလိုက်သည်။

မကြာမီ နာရီဝက်ခန့်အချိန် ကုန်လွန်သွားပြီးနောက် နောက်ထပ် သရုပ်ဆောင်မှု အပိုင်းကို ပြသရန် အချိန်ရောက်ရှိလာခဲ့လေသည်။

All Chapters