← Chapters

ဖန်းယု၏ ပွေ့ဖက်ခြင်း

Vol. 18 Ch. 246

ဖန်းယု၏ ပွေ့ဖက်ခြင်း

Vol. 18 Ch. 246

“ထွက်ပြေးတော့ နောက်ကို လှည့်မကြည့်နဲ့”

ဖန်းယုသည် မြေပြင်ပေါ်၌ ထိုင်ကာ လက်များကို ဒူးများပတ်လည်၌ ရစ်ပတ်ထားလိုက်သည်။

သူမသည် မျက်လုံးများကို မှိတ်ထားပြီး သူမ၏ မျက်နှာအမူအရာသည် မသက်မသာဟန်ဖြစ်နေကာ ယခင်က အတိတ်တစ်ခုကို ပြန်လည်သတိရနေသကဲ့သို့ ဖြစ်သည်။

“ဒါမျိုး ထပ်ကြုံရပြန်ပြီ...”

သူမသည် သူမ၏ ဖခင် သေဆုံးခဲ့သောထိုနေ့ကို ပြန်လည်သတိရရင်း တိုးတိုးလေး ပြောလိုက်မိသည်။

ထိုနေ့တွင် ကောင်းကင်ကြီးတစ်ခုလုံး နီရဲလျက်ရှိပြီး သွေးမိုးများသည် နေရာတိုင်း၌ အချိန်မရွေး ရွာသွန်းလာနေနိုင်သကဲ့သို့ ဖြစ်နေသည်။

အသက်နှစ်ဆယ်ပင် ပြည့်ဟန်မတူသေးသော လူငယ်တစ်ဦးသည် သူမ၏ ဖခင်ရှေ့၌ ရပ်လျက်ရှိနေသည်။

သို့သော် သူ၏ ခွန်အားရှေ့၌ ဤကမ္ဘာကြီးတစ်ခုလုံးပင် သူနှင့်နှိုင်းယှဉ်ပါက အရောင်မှိန်သွားပုံရနေသည်။

သူမ၏ ဖခင်သည် ထိုနတ်ဆိုးစေတမန်ကောင်ကို ရင်ဆိုင်နိုင်မည်မဟုတ်သည်မှာ ရှင်းလင်းနေလေသည်။

သူမ၏ ဖခင်သည် အခြားသူများကို စွန့်ပယ်ခဲ့ပါက ထွက်ပြေးလွတ်မြောက်ရန် ကိုယ်လွတ်ရုံး ကြိုးစားနိုင်သည်။

ယင်းအစား သူမ၏ဖခင်သည်သည် သူမကို ကာကွယ်ရန်သာ ရွေးချယ်ခဲ့သည်။

သူသည် သူမကို အော်ဟစ်ကာ ထွက်ပြေးရန် ပြောနေခဲ့သည့်မြင်ကွင်းကို သူမ ယခုအချိန်ထိ ကြားယောင် နေဆဲဖြစ်သည်။

သူမဖခင်သည် ထိုအချိန်က ကောင်းမွန်စွာ ပြန်လာမည်ဟု သူမကို ကတိပေးခဲ့သည်။

၎င်းသည် လိမ်လည်မှုတစ်ခုသာ ဖြစ်ကြောင်း သူမ သိနေခဲ့သော်လည်း ၎င်းသည် မျှော်လင့်ချက်အတုအယောင်လေးဖြစ်ခဲ့လျှင်ပင် သူမသည် ထိုအရာကို ယုံကြည်လိုနေသေးလေသည်။

ထို့နောက် သူမသည် အခြားသူများနှင့်အတူ ထွက်ပြေးခဲ့ပြီး သူမ၏ ဖခင်သည် နောက်၌ ကျန်ရစ်ခဲ့လေသည်။

သူမသည် သူမ၏ ဖခင် ပြန်လာမည့်အချိန်ကို မိစ္ဆာဂိုဏ်း၌ နေ့တိုင်း စောင့်ဆိုင်းနေခဲ့ သော်လည်း သူမဖခင်သည် ဘယ်တော့မှ ပြန်မလာနိုင်ခဲ့ပေ။

ထိုနေ့မှစ၍ သူမသည် သူမ၏ နှလုံးသားကို ချိတ်ပိတ်ထားလိုက်သည်။

သူမသည် တစ်ခုတည်းသော အရာကိုသာ လိုချင်နေခဲ့သည်။ ၎င်းသည် နောင်၌ ထွက်ပြေးရန် မလိုလောက်အောင်အထိ အင်အားကြီးမားလာရန်သာ ဖြစ်လေသည်။

သူမသည် ဘုရားသခင်ဆီမှ အထူးအခွင့်အရေးတစ်ခုကိုပင် ရယူနိုင်ခဲ့ပြီး အရှေ့တိုက်၏ အရှင်သခင်တစ်ပါး ဖြစ်လာနိုင်ခဲ့လေသည်။

ထို့နောက် ထိုသူမ၏ဖခင်ဖြစ်သူကို သတ်ဖြတ်ခဲ့သူ လူငယ်နှင့် နီးစပ်သည်ဟု သိထားခဲ့သော နတ်ဆိုးဝါးမြိုသူကိုပင် လိုက်လံမြေလှန် ရှာဖွေခဲ့လေသည်။

လူအများသိထားသော ဇာတ်လမ်း၌ အပြစ်မဲ့သော လူသားများစွာကို သတ်ဖြတ် စားသုံးခဲ့သော နတ်ဆိုးဝါးမြိုသူကို ချေမှုန်းရန်အတွက် အရှင်သခင်လေးဦး အတူတကွ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်လေသည်။

သို့သော် အမှန်တရားမှာမူ အရှင်သခင်များသာ သိသော အရာတစ်ခုဖြစ်လေသည်။

နတ်ဆိုးဝါးမြိုသူ သတ်ဖြတ်ခဲ့သော လူအများစုသည် ရာဇဝတ်သားများ နှင့် သူ့အား လိုက်လံ သတ်ဖြတ်ရန် စေလွှတ်ခံခဲ့ရသော လူများသာဖြစ်သည်။

သူ့ကို သတ်လိုသောသူများကိုသာ သူသည် ပြန်သတ်ခဲ့ခြင်း ဖြစ်သည်။

အရှင်သခင်လေးဦးသည် သူ့ကို အသဲအသန် လိုချင်နေရခြင်း၏ အဓိက အကြောင်းရင်းမှာ လေထဲမှပင် ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပုံ

ရသော ထိုလူငယ်၏ တည်နေရာကို ရှာဖွေလိုသောကြောင့်ဖြစ်လေသည်။

သူမသည် အခြားသူများ၏ ကာကွယ်မှုကို ခံရမည့်နေ့ရက်မျိုး ဘယ်တော့မှ နောက်ထပ် ရောက်လာတော့မည်မဟုတ်ဟု ထင်ထားမိခဲ့သည်။

သူမသည် သူမ ဖခင်နောက်၌ ပုန်းအောင်းနေခဲ့ရသော လွန်ခဲ့သည့် အတိတ်ကာလတစ်ခုက မိန်းမငယ်လေးတစ်ဦး မဟုတ်တော့ပေ။

သူမသည် ဤတိုက်ကြီးတွင်ပင် အင်အားအကြီးမားဆုံးဖြစ်ပြီး သူမကိုယ်ကိုယ် ကာကွယ်နိုင်သူတစ်ဦး ဖြစ်လာခဲ့ပြီဖြစ်လေသည်။

သို့သော် ယခုတစ်ဖန် သူမသည် တစ်စုံတစ်ဦး၏ ကာကွယ်မှုကို ခံရမည့် အခြေအနေသို့ ရောက်ရှိခဲ့လေသည်။

သူမ၏ ဖခင်ပြုလုပ်ခဲ့သကဲ့သို့ သူမအတွက် အသက်ကို စတေးလိုခဲ့သောသူတစ်ဦး၏ ကာကွယ်မှုကို ခံယူခဲ့ရလေသည်။

သူမသည် သူမ၏ နှလုံးသားကို တင်းမာထားသော်လည်း ထိုလူ၏ အေးစက်သည့် သွေးများစွန်းပေနေသော ကျောပြင်ကို တွေးမိလိုက်ချိန်တိုင်းတွင် သူမ၏ နှလုံးသားသည် သူမ၏ ဖခင်နောက်၌ ပုန်းအောင်းနေခဲ့ရသော ကလေးမလေးဘဝသို့ ခဏတာ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

၎င်းသည် သူမ အချိန်ကြာမြင့်စွာ ကတည်းက ပျောက်ဆုံးသွားခဲ့သော စိတ်ခံစားချက်တစ်ခုလည်း ဖြစ်လေသည်။

ဤကဲ့သို့သော ခံစားချက်ကို နောက်ဆုံးခံစားခဲ့ရသော အချိန်ကိုပင် သူမ မမှတ်မိတော့ပေ။

သူမသည် အခြားသူများနှင့် ဝေးဝေးနေရန်သာ

ဆုံးဖြတ်ခဲ့ပြီး သူမကိုယ်တိုင် ဖန်တီးထားသော အကာအကွယ်တစ်ခုအတွင်း၌ သူမ၏ နှလုံးသားကိုပိတ်လှောင်ထားခဲ့ခြင်းဖြစ်ကာ ယခုမူထို‌အကာအကွယ်လွှာ၌ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသကဲ့သို့ပင် ခံစားနေရသည်။

အာရန်သည် သူမကို ထွက်ပြေးနိုင်ရန်ကျိုးစားရင်း ပြောဖို့လုပ်လိုက်သော စကားလုံးများကို သူမ မှတ်မိနေသေးသည်။

သို့သော်အာရန်သည် သူ၏ စကားမဆုံးခင်မှာပင် ရပ်တန့်ခဲ့သောကြောင့် သူ ဘာဆက်ပြောမည်ကို သူမ မကြားခဲ့ရပေ။

ဤသို့ဖြင့် မကြာမီမှာပင် အကာအကွယ်လွှာ၏ အကျိုးသက်ရောက်မှုများ ကုန်ဆုံးသွားခဲ့သည်။

သူမသည် နောက်ဆုံး၌ လက်ထိပ်များ ခပ်ထားလျက်ပင် တဖန်လွတ်လပ်စွာ ရွေ့လျားနိုင်ခဲ့ပြီဖြစ်သည်။

ထို့နောက် သူမသည် ထရပ်လိုက်ကာ သူမ ဘာဆက်လုပ်ရမည်ကို ဆုံးဖြတ်လိုက်သည်။

သူမသည် ဤတောင်တန်းကို စွန့်ခွာကာ သူမ၏ အင်အားကို ပြန်လည်ရရှိရန် ဤသံကြိုးများမှ လွတ်မြောက်ရန် အချိန်ပေးနိုင်သည်။

၎င်းသည် သူမအတွက် ယခုအချိန် လုပ်ဆောင်ရန် အကောင်းဆုံး အသင့်တော်ဆုံး နည်းလမ်းဖြစ်လေသည်။

အခြားရွေးချယ်မှုတစ်ခုမှာမူ ဆန့်ကျင်ဘက်ပင် အလွန် မိုက်မဲကြောင်း သူမ သိနေသော်လည်း သူမသည် ဆုံးဖြတ်ပြီးဖြစ်သည်။

၎င်းသည် မိုက်မဲသော်လည်း သူမသည် အာရန်ကို သည်အိုင်း စွန့်ပစ်ထားခဲ့မည် မဟုတ်ပေ။

အကယ်၍ သူ သေဆုံးသွားခဲ့လျှင်ပင် သူသည် ထိုက်တန်သော သင့်လျော်သည့် မြှုပ်နှံမှုတစ်ခုကို ရရှိနိုင်ရန် သူမသည် သူ၏ ခန္ဓာကိုယ်ကို ပြန်လည်ရယူလိုချင်နေခဲ့သည်။

အကယ်၍ သူ အသက်ရှင်နေပါက သူမ၏ ပခုံးပေါ်၌ သူ့ကို ခေါ်တင်လာရမည် ဆိုလျှင်ပင် သူမ ဆန္ဒရှိနေသည်။

ထို့နောက် အဝေးသို့ ထွက်ပြေးရမည့်အစား သူမသည် သူမ လာခဲ့သော ဦးတည်ရာသို့ ပင် ပြန်လည် လျှောက်ဝင်သွားခဲ့သည်။

တိုက်ပွဲသည် ဆက်လက်ဖြစ်ပွားနေသကဲ့သို့ တောင်တန်းဆီမှ တစ်ခါတစ်ရံတွင် ပေါက်ကွဲသံများကို သူမ ကြားနေရသည်။

သူမသည် ဆယ်မိနစ်ခန့် လျှောက်လှမ်းလာမိသောအခါ တိုက်ပွဲအသံများသည် လုံးဝ ရပ်တန့်သွားခဲ့လေသည်။

သူမ၏ သူမနှင့် အလွန်နီးကပ်သော နေရာတစ်ခုဆီမှ ခြေသံများကို ကြားလိုက်ရသည်။

မ၎င်းသည် အာရန်ဖြစ်နိုင်သည်ဟုပင် သူမ တွေးတောမိလိုက်သေးသည်။

“သူ လွတ်မြောက်နိုင်ခဲ့တာလား”

သူမ၏ မျက်ဝန်းများသည် အကောင်းမြင်စိတ်များပြည့်နှက်နေကာ အပေါ်သို့ မော့ကြည့်လိုက်မိသည်။

သို့သော် ထိုသူ ပို၍ နီးကပ်လာသောအခါ ၎င်းသည် ဖေး ဖြစ်နေကြောင်း သူမ မြင်လိုက်ရသည်။

သူမသည် သစ်ပင်တစ်ပင်နောက်သို့ လျင်မြန်စွာ ဝင်ပုန်းလိုက်ကာ သူမ၏ ငွေ့ငွေ့လေးကျန်နေသော အော်ရာကိုပင် ကျိုးစား၍ ဖုံးကွယ်လိုက်သည်။

လေမျှော်စင်မှ မှော်ဆရာမသည် ပျောက်ဆုံးလျက်ရှိနေပြီး တစ်စုံတစ်ဦးက သူမအား သတ်ဖြတ်သွား သကဲ့သို့ ဖြစ်နေကာ ဖေးသည် တစ်ယောက်တည်းသာ ဖြစ်သည်။

ဖေး ဆိုသူ၌လည်း သွေးစွန်းနေသော နေရာအနည်းငယ်ရှိနေပြီး ကောင်းမွန်သော အခြေအနေတစ်ခု ၌ ရှိနေပုံမပေါ်ပေ။

သူသည် သူ၏ လက်အောက်ငယ်သားတစ်ဦး ဆုံးရှုံးခဲ့လျှက်ပင် ဖန်းယုနောက်သို့ လိုက်နေပုံ ရလေသည်။

ဖေး သည် တောင်တန်းအတွင်း သေချာစွာ ရှာဖွေရန်ပင် မကျိုးစားခဲ့ပဲ ဖန်းယု ပုန်းအောင်းနေသော နေရာကို လျင်မြန်စွာပင် ကျော်ဖြတ်သွားခဲ့သည်။

ဖေးသည် သူမအား ဆုံးရှုံးခြင်းတောင်၌ ရှိနေသေးသည်ဟု မမျှော်လင့်ခဲ့သည်မှာ ရှင်းလင်းနေသောကြောင့် သူမသည် ထိုအကြောင်းကို များစွာ မတွေးတောခဲ့ပေ။

ထို့နောက် သူသည် သူမ၏ မြင်ကွင်းမှ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ကာ ဆုံးရှုံးခြင်းတောင်တန်း အပြင်ဘက်သို့ ထွက်ခွာသွားပုံရလေသည်။

တစ်ချိန်တည်း၌ ဖန်းယုသည်လည်း သူမ၏ အရှိန်ကို တိုးမြှင့်ကာ ဆုံးရှုံးခြင်းတောင်၏ နက်ရှိုင်းသော နေရာများဆီသို့ ထပ်မံ ဦးတည်သွားလိုက်သည်။

လုံလောက်စွာ ဝေးကွာသောနေရာတစ်ခုသို့ရောက်သော် ယီလန်သည် ဖေး၏ ခန္ဓာကိုယ်တွင်းမှ ထွက်လိုက်ကာ ထိုသူ၏ ခန္ဓာကိုယ်အား ဝိညာဉ်လောကသို့ ပို့ဆောင်လိုက်ပြီး အာရန်တည်ရှိရာ ဆုံးရှုံးခြင်းတောင်ဆီသို့ ပြန်လာခဲ့လိုက်လေသည်။

....

ဆုံးရှုံးခြင်းတောင်၏ အလယ်ဗဟို၌ အာရန်သည် ယခင်က မရှိခဲ့သည့် သူ၏ ရင်ဘတ်၌ ပို၍ နက်ရှိုင်းသော ဒဏ်ရာများဖြင့် ချိုင့်ဝှမ်းအလယ်၌ လဲလျောင်းလျက်ရှိနေသည်။

တိုက်ခိုက်မှုသည် သူ့အား ဆံခြည်မျှင်မျှသာ လွဲချော်သွားသကဲ့သို့ ဒဏ်ရာသည် သူ၏ နှလုံးသားနှင့် အလွန်နီးကပ်နေလေသည်။

တောင်၏ တစ်ဝက်ခန့်သည် တိုက်ပွဲ၌ ပျက်စီးသွားပုံရသည်။

သူ၏ မျက်နှာသည် သူ၏ အသက်ဓာတ်စွမ်းအင်အားလုံးနီးပါး ဆုံးရှုံးသွားသကဲ့သို့ ဝိညာဥ်တစ်ဦးသဖွယ် ဖြူဖျော့နေလေသည်။

သူသည် ယခုအချိန်ထိ အသက်ရှင်နေသေးသည်မှာပင် အံ့ဖွယ်တစ်ခုဟု ထင်ရလေသည်။

သူသည် မြေပြင်ပေါ်၌ ဆက်လက်တည်ရှိနေပြီး ဖန်းယု ဘယ်တော့ ပြန်လာမည်ကို တွေးတောနေလေသည်။

သူမ ဤနေရာသို့ လာနေပြီဖြစ်ကြောင်း ယီလန်ထံမှ အချက်ပြမှုတစ်ခုကို သူ ရရှိပြီးဖြစ်သည်။

သူ၏ မျက်လုံးများသည် မှိတ်ထားပြီး သတိလစ်နေသည်ဟု ထင်ရသော်လည်း အမှန်တကယ်မူ သူသည် သတိရှိနေသေးသည်။

မကြာမီ ချိုမြိန်သော ရနံ့လေးတစ်ခုသည် လေထုထဲမှ သူ့ဆီသို့ ရောက်ရှိလာခဲ့လေသည်။

သူ စောင့်မျှော်နေသောသူ ရောက်ရှိလာပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

ဖန်းယုသည် အာရန်အနားသို့ ချဉ်းကပ်လာကာ သူမ၏ ခေါင်းကို သူ၏ ရင်ဘတ်ပေါ်၌ ညင်သာစွာ တင်လိုက်ကာ သူ၏ နှလုံးခုန်သံကို နားထောင်ကြည့်လိုက်သည်။

အာရန်သာ ထိုအရာကို သိမထားခဲ့ပါက သူမသည် သူ့အား ပွေ့ဖက်နေသည်ဟုပင် ထင်ကောင်းထင်လိမ့်မည်ဖြစ်သည်။

All Chapters