← Chapters

ရှေ့ဘဝတုံးက မင်းမှာထူးခြားတဲ့ဝါသနာမျိုးရှိခဲ့ဘူးလို့လား

Vol. 18 Ch. 249

ရှေ့ဘဝတုံးက မင်းမှာထူးခြားတဲ့ဝါသနာမျိုးရှိခဲ့ဘူးလို့လား

Vol. 18 Ch. 249

[ချစ်သူ လမ်းကြောင်း၏ နှစ်ဆယ်ရာခိုင်နှုန်း ပြီးမြောက်သည့်အတွက် ဂုဏ်ယူပါသည်။]

[သင်သည် အရေးပါသော မှတ်တိုင်တစ်ခုကို ရောက်ရှိနိုင်ခဲ့ပါပြီး တတိယဦးစားပေးရွေးချယ်မှုများကို ဖွင့်လှစ်ပေးလိုက်ပါသည်။]

......

သတိပေးချက်:

- တတိယဦးစားပေး ရွေးချယ်မှုများကို ပြီးမြောက်ရန် သင့်တွင် တစ်လခန့် အချိန်ရရှိသည်။

- တတိယဦးစားပေး ရွေးချယ်မှုများသည် ပထမဦးစားပေး ရွေးချယ်မှုများကို သက်ရောက်မှုမရှိပါ။

- တတိယဦးစားပေး ရွေးချယ်မှုများကို ကျရှုံးခြင်းသည် အန္တရာယ်ရှိသော ပြစ်ဒဏ်များကို ဖြစ်ပေါ်စေမည်မဟုတ်ပါ။

- နောက်ဆယ်မိနစ်အတွင်း ရွေးချယ်စရာလေးခုမှ တစ်ခုကို ရွေးချယ်ပါ။

- သို့သော် ထို ရွေးချယ်လိုက်သော ရွေးချယ်မှုကို ပြီးမြောက်ရန် ပျက်ကွက်ခဲ့ပါက နောင်ရရှိလာမည့် ချစ်သူလမ်းကြောင်းမှတ်တိုင်များ၏ အနာဂတ်ရွေးချယ်မှု အားလုံးဆီမှ ချိတ်ဆက်မှုကို ဖြတ်တောက်ခံရမည် ဖြစ်လေသည်။

- ပထမဦးစားပေး ရွေးချယ်မှုများသည် တတိယဦးစားပေး ရွေးချယ်မှုများကို ပြီးမြောက်သည်ဖြစ်စေ၊ မပြီးမြောက်သည်ဖြစ်စေ ပုံမှန်အတိုင်း ဆက်လက်ပေါ်လာနေဦးမည် ဖြစ်သည်။

......

အာရန်သည် အမျိုးမျိုးသော အသိပေးချက်များဆီမှ မျက်နှာပြင်ပေါ်၌ ပြသထားသော ရွေးချယ်စရာအသစ်များဆီသို့ သူ၏ အာရုံကို ပြောင်းလဲလိုက်သည်။

ဤတစ်ကြိမ်၌ မျက်နှာပြင်သည် အောင်နိုင်သူသူရဲကောင်း၏ လမ်းကြောင်း ရွေးချယ်စရာများတုံးကကဲ့သို့ အနီရောင်ရင့်ရင့် ဒီဇိုင်းကာလာများနှင့် ဆန့်ကျင်ဘက်ဖြစ်နေကာ အလွန်သက်တောင့်သက်သာရှိသော အပြာနုရောင်ဒီဇိုင်းမျိုးဖြစ်နေလေသည်။

ဤရွေးချယ်စရာများသည် ချစ်သူ လမ်းကြောင်းမှ ဖြစ်ပေါ်လာသောကြောင့် ပို၍ နူးညံ့လိမ့်မည်ဟု သူ မျှော်လင့်ထားခဲ့ပြီးဖြစ်သည်။

သို့သော် ၎င်းစာတန်းများကို ဖတ်ပြီးသွားသောအခါတွင်မှသာ သူသည် လုံးဝ မှားခဲ့ကြောင်း သဘောပေါက်လိုက်သည်။

[ရွေးချယ်မှု တစ် : ရှုယင်၏ ရှေ့၌ ဖန်းယုအား ချစ်ခွင့်ပန်ပါ။

ဆုလာဘ်: မင်္ဂလာနှောင်ကြိုး အဆင့်မြှင့်တင်ခြင်း (မသိရသေးသော အဆင့်)]

[ရွေးချယ်မှု နှစ် : ရှုယင်၏ ရှေ့၌ ဖန်းယုအား နမ်းပါ။

ဆုလာဘ်: တတိယမြောက် မှတ်ဉာဏ်အပိုင်းအစ]

[ရွေးချယ်မှု သုံး : သင်၏ အစစ်အမှန်အချက်အလက်ဖြစ်သော ရန်နစ်ခရိုလိုင်းအကြောင်းကို ဖန်းယုအား အမှန်အတိုင်း ပြောပြလိုက်ပါ။

ဆုလာဘ်: အထီးကျန်ဓား (ဒဏ္ဍာရီအဆင့်)]

[ရွေးချယ်မှု လေး : ဖန်းယုအား သင့်ကို ဂိုဏ်းချုပ်တင်မြှောက်ရန် ဆွဲဆောင်ပါ။

ဆုလာဘ်: အဆင့် +၅]

‘ဒါတွေက ပထမမှတ်တိုင် ရောက်ရှိတဲ့အတွက်

ပေါ်လာတဲ့ ရွေးချယ်စရာတွေတဲ့လား...’

အာရန်၏ မျက်နှာအမူအရာသည် ၎င်းတို့ကို ဖတ်ပြီးသောအခါ တည်တန့်သွားခဲ့သည်။

ဖန်းယုသည် သူအား ပွေ့ဖက်ထားခြင်း မရှိနေခဲ့ပါက သူသည် သူ့ကိုယ်သူ လက်ဝါးဖြင့် ရိုက်နှက်ပြီးနေပြီ ဖြစ်သည်။

မည်သည့်ရှုထောင့်မှကြည့်ပါစေ ဤရွေးချယ်စရာများသည် အဘယ့်ကြောင့် နူးညံ့နိုင်ပါမည်နည်း။

တစ်နည်းအားဖြင့် ၎င်းတို့သည် အောင်နိုင်သူသူရဲကောင်း ၏ လမ်းကြောင်းမှတ်တိုင်တုံးက ရွေးချယ်စရာများထက်ပင် ပို၍ ဆိုးရွားနေသည်။

ပထမရွေးချယ်စရာသည် ဖန်းယုအား ချစ်ခွင့်ပန်ရန် တောင်းဆိုထားသည်။

သာမန် ချစ်ခွင့်ပန်ခြင်းကပင် အတော်လေးခက်ခဲနေပြီဖြစ်သည်။

ရှုယင်ရှေ့၌ သူသည် ထိုသို့သာ ပြုမူမိပါက သူသည် အသတ်ခံရနိုင်မည်မှာ သေခြာနေသည့်အပြင် ထိုအရာသည် ဖန်းယု၏ လက်ဖြင့်ပင် မဟုတ်ပေ။

ဒုတိယရွေးချယ်စရာနှင့်ပတ်သက်၍မူ ဖန်းယုကို နမ်းရုံသက်သက်သာဆိုလျှင် ပြီးမြောက်ရန် လွယ်ကူဦးမည်။ သို့သော် သူသည် ရှုယင်ရှေ့၌ သူမကို နမ်းရမည်တဲ့လား...။

‘ဟေ့ စနစ်ရေ မင်း အရင်ဘဝက ဘာတွေများ ထူးထူးခြားခြား ဝါသနာပါခဲ့ဘူးလို့လဲကွာ... ရှုယင်ရှေ့မှာ အရာအားလုံး လုပ်ခိုင်းရအောင် ဘာတွေများဖြစ်နေရတာလဲ မင်းက ငါ့ကို သူမလက်ချက်နဲ့ အသတ်ထွက်သွားဖို့ ကြိုးစားနေတာများလား’

ပထမရွေးချယ်စရာနှစ်ခုကို ဖတ်ပြီးနောက် တတိယရွေးချယ်စရာက ရှုယင်ရှေ့၌ ဖန်းယုနှင့် အိပ်ရန် တိုက်ရိုက်မပြောသောကြောင့်ပင် အံ့အားလိုက်ရသေးသည်။

မည်သို့ပင်ဖြစ်စေ ထိုရွေးချယ်စရာသည်ပင် သူယခုရရှိလိုက်သော တတိယရွေးချယ်စရာထက် ပို၍ ကောင်းပေဦးမည်ဖြစ်လေသည်။

သူသည် သူ၏ အစစ်အမှန်အချက်အလက်ကို ဖန်းယုအား ပြောပြရမည်ဖြစ်သည်။

ဆိုလိုသည်မှာ သူမ သတ်လိုသောသူသည် သူဖြစ်ကြောင်း သူမကို ပြောပြရမည်ပင်မဟုတ်ပါလား....။

သူ၏ အစစ်အမှန်အချက်အလက်ကိုသာ ပြောပြရန်ဆိုပါလျှင် သူသည် မူလကမ္ဘာမှ အာရန်၏ အချက်အလက်များ အကြောင်းကို ပြောပြနိုင်သေးသည်။

၎င်းသည် အန္တရာယ်ရှိနေသေးသော်လည်း ယခုခန္ဓာကိုယ်ပိုင်ရှင် ပိုင်ဆိုင်ထားသော အချက်အလက်ထက်မူ ပို၍ ကောင်းပေသေးသည်။

ကံမကောင်းစွာဖြင့် ထိုရွေးချယ်စရာတွင် သူသည် ရန်နစ်ခရိုလိုင်းအဖြစ် သူ၏ အချက်အလက်ကိုသာ ပြောပြရမည်ဟု ရှင်းရှင်းလင်းလင်း ဆိုထားလေသည်။

သူသည် နောက်ဆုံးအကြိမ် ရွေးချယ်မှုတစ်ခုပြုလုပ်ခဲ့စဥ်က ယိုပေါက်တစ်ခုကို အသုံးချသွားခဲ့သောကြောင့် စနစ်သည် ထိုအရာကို သင်ခန်းစာယူသွားခဲ့သည်မှာ ရှင်းလင်းနေသည်။

(ဘာသာပြန်သူမှတ်ချက်။ ။ အပိုင်း (၁၅၄) တုံးက ဗဟိုဧရိယာက အစောင့်ခေါင်းဆောင်ရဲ့ မေးခွန်းကို လှည့်စားပြီး အောင်မြင်ခဲ့တာကိုဆိုလိုတာပါ။)

ထို့ကြောင့်ပင်ဖြင်နိုင်သည် ယခုအခေါက်တွင်တော့ အရာများကို ပို၍ ရှင်းလင်းစွာဖော်ပြထားပြီး သူသည် အမြတ်ထုတ်ရန်အတွက်ပင် ချို့ယွင်းချက်များ မကျန်ရှိနိုင်တော့ပေ။

သူသည် ငရဲသို့ တိုက်ရိုက်လျှောက်သွားရမည်ဆိုလျှင်ပင် တတိယရွေးချယ်မှုကို ရွေးချယ်ရန် ဆန္ဒရှိမနေပေ။

ထို့အပြင် ထိုရွေးချယ်မှုသည် အချစ်လမ်းကြောင်း၌ မည်သို့ ရောက်ရှိလာသည်ကိုပင် သူသည် နားမလည်နိုင်ခဲ့ပေ။

သူမသည် သူ၏ ဦးခေါင်းခွံကို ဆုတ်ဖြဲကာ သွေးများကို ဖောက်သောက်ချင် လောက်အောင်အထိ မုန်းတီးသွားနိုင်သောကြောင့် ထိုရွေးချယ်မှုသည် အမုန်း၏ လမ်းကြောင်း၌ပင် ရှိသင့်သည် မဟုတ်ပါလော...။

ဤဒုတိယဦးစားပေးလမ်းကြောင်းနှင့် တတိယဦးစားပေးလမ်းကြောင်းနှစ်ခု၏ ရွေးချယ်စရာများကြားတွင် တူညီသော အချက်တစ်ခုသာရှိပြီး ၎င်းသည် ဂိုဏ်းချုပ်ရာထူးပင်ဖြစ်သည်။

အောင်နိုင်သူသူရဲကောင်း၏ လမ်းကြောင်း၌လည်း သူ့ကို ဂိုဏ်းချုပ်ဖြစ်ရန် တောင်းဆိုထားသော ရွေးချယ်မှုတစ်ခုရှိနေခဲ့ပြီး ဤနေရာ၌လည်း တူညီသည့် တောင်းဆိုမှုမျိုးရှိနေသည်။

ဂိုဏ်းချုပ်ရာထူးသည် ဤလမ်းကြောင်းနှစ်ခု၌ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသကဲ့သို့ပင် ဖြစ်နေသည်။

သူသည် ထိုရွေးချယ်မှုကို သူ၏ ဒုတိယဦးစား‌ပေး ရွေးချယ်စရာများမှ ရွေးချယ်ပြီးဖြစ်သည်။

ထိုရွေးချယ်မှုကို ထပ်မံရွေးချယ်ပါက လုပ်ငန်းတစ်ခုတည်းဖြင့်ပင် ရွေးချယ်စရာနှစ်ခုကို တစ်ပြိုင်နက် ပြီးမြောက်နိုင်လေသည်။

သို့သော် ၎င်းသည် ပြောရသည်သာလွယ်ကူခြင်းဖြစ်လေသည်။

ဤနေရာ၌လည်း ထိုရွေးချယ်မှုကို ရွေးချယ်ပါက အကယ်၍ ကျရှုံးခဲ့ပါက သူ၏ လမ်းကြောင်းနှစ်ခုစလုံးကိုပင် ပိတ်ပင်ခံရနိုင်သည်ဟုလည်း ဆိုလိုနေလေသည်။

သူ၏ ကြက်ဥများအားလုံးကို ခြင်းတောင်းတစ်ခုထဲ၌ စုပုံထည့်ထားခြင်းသည် မှန်ကန်သော လုပ်ရပ်တစ်ခုဖြစ်နိုင်ပါမည်လား။ သူသည် ထိုမျှလွယ်ကူမည် မထင်ပေ။

ထိုသို့ဖြစ်စေကာမူ ဆုလာဘ်ကိုယ်တိုင်ကို ဤနေရာ၌ ထိုရွေးချယ်မှုကို ဆွဲဆောင်မှု မရှိစေခဲ့ပါ။

ဆုလာဘ်သည် အဆင့်မြှင့်တင်မှု ငါးဆင့်သာဖြစ်လေသည်။

၎င်းသည် သူ၏ အင်အားကို မြှင့်တင်ရန်အတွက် သင့်လျော်သော ဆုလာဘ်တစ်ခု ဖြစ်နေသော်လည်း အခြားဆုလာဘ်များနှင့် နှိုင်းယှဉ်ပါက အလွန်အမင် နည်းလွန်းနေသည်။

သူနှင့်အတူပါလာသော ရွေးချယ်မှုကြောင့် ဒဏ္ဍာရီအဆင့်ဆုလာဘ်ကို သူ ပယ်ချပြီးဖြစ်သောကြောင့် သူ၏ အာရုံကို ဖမ်းစားနိုင်သော ဆုလာဘ်နှစ်ခုသာ ကျန်ရှိတော့သည်။

သူ စိတ်ဝင်စားသော ပထမဆုလာဘ်မှာ ဖန်းယုနှင့် သူ၏ မင်္ဂလာနှောင်ကြိုးကို အဆင့်မြှင့်တင်ရန်ပင် ဖြစ်သည်။

ယခုအချိန်၌ ၎င်းသည် သူမကို သူ့အား တိုက်ခိုက်လာခြင်းမှ တားဆီးနိုင်မည်ဟု သူ သေချာနေသည်။

သူမသည် သူ့ကို တိုက်ရိုက်ထိခိုက်နာကျင်စေပါက သူမလည်း ထိခိုက်နာကျင်လိမ့်မည်။

ထိုအခါ သူမသည်လည်း တူညီသော နာကျင်မှုကို ခံစားရပေလိမ့်မည်။ အခြားရွေးချယ်စရာများ မရှိပေ။

သို့သော် ၎င်း၌ ကြီးမားသော ယိုပေါက်တစ်ခု ရှိနေသည်။

၎င်းယို‌ပေါက်မှာ သူမအား သူ့ကို သတ်ဖြတ်ခြင်း သို့မဟုတ် ပြင်းထန်စွာ ထိခိုက်နာကျင်စေခြင်းမှသာ တားဆီးပေးနိုင်ခြင်းဖြစ်ပြီး သူမသည် အခြားသူများကို သူ့အား သတ်ခိုင်း၍ရနေသေးသည်။

သို့မဟုတ်သူမသည် သူ့ကို တစ်ယောက်တည်း ဖမ်းဆီးကာ သူ ချည်နှောင်ခံထားရသောအချိန်၌ အခြားသူများကို သူ့အား သတ်ခိုင်းနိုင်သည်။

ဤကန့်သတ်ချက်ဖြင့်ပင် သူမ၌ သူ့ကို သတ်ရန် နည်းလမ်းထောင်ပေါင်းများစွာ ရှိနေသည်ဟု သူ သေချာသည်။

ပို၍ပင် ကြီးမားသော ပြဿနာမှာ သူမ၏ ဒဏ္ဍာရီလာ သားရဲပင်ဖြစ်သည်။

သူမသည် ၎င်းကို အမိန့်ပေးရုံသာလိုအပ်ပြီး ၎င်းသည် သူ့ကို အပိုင်းပိုင်းအစစပင် ဆုတ်ဖြဲပစ်နိုင်စွမ်းရှိလေသည်။

သူမ၏ ဒဏ္ဍာရီလာ ထိုသားရဲသည် သူ၏ ဖီးနစ်ထက် ပိုမိုအသက်ကြီးပြီး ပြီး ခွန်အားအရာ၌လည်း ပို၍ကြီးမားပြီးသန်မာလေသည်။

သူတို့နှစ်ဦးကို ယခုအချိန်၌ နှိုင်းယှဉ်၍ပင် မရနိုင်သေးပေ။

မင်္ဂလာနှောင်ကြိုးသည် အဆင့်မြှင့်တင်ပြီးနောက် မည်သည့် အကျိုးသက်ရောက်မှုများ ဆက်လက် ဖြစ်မည်ကို သူ တွေးလိုက်မိသည်။

၎င်းသည် ဖန်းယုမှာ သူ့အား တိုက်ရိုက်မဟုတ်ဘဲ သွယ်ဝိုက်၍ပင် ထိခိုက်နာကျင်စေနိုင်ခြင်း မရှိဟု ဆိုလိုပါက ၎င်းသည် အကောင်းဆုံးဆုလာဘ်ဖြစ်နိုင်သည်။

သူ့ကို ဆွဲဆောင်နိုင်သော အခြားရွေးချယ်စရာတစ်ခုမှာ တတိယ မှတ်ဉာဏ်အပိုင်းအစပင် ဖြစ်သည်။

အောင်နိုင်သူသူရဲကောင်း၏ လမ်းကြောင်း၌ပင် ဆုလာဘ်အဖြစ် မှတ်ဉာဏ်အပိုင်းအစတစ်ခုပါရှိသော ရွေးချယ်မှုကို သူသည် မရွေးချယ်မိခဲ့သည်။

၎င်းအတွက် ဆုလာဘ်မှာ ဒုတိယ မှတ်ဉာဏ်အပိုင်းအစပင် ဖြစ်နေသည်။

ထိုရွေးချယ်မှု၏ ခက်ခဲမှုနှင့် မေးခွန်းဘောက်ချာကို ရွေးချယ်လိုသော ဆန္ဒကြောင့် ချစ်သူလမ်းကြောင်းမှ ဒုတိယ မှတ်ဉာဏ်အပိုင်းအစကို ရရှိရန် အခွင့်အရေးတစ်ခုကိုမူ သူ ဆုံးရှုံးခဲ့ပြီးသားဖြစ်လေသည်။

နောက်ထပ် မှတ်ဉာဏ်အပိုင်းအစတစ်ခုကိုမူ သူသည် လက်လွှတ်လိုခြင်းမရှိတော့ပေ။

အထူးသဖြင့် မေးခွန်းဘောက်ချာ သို့မဟုတ် လည်ဆွဲစီးရီးကဲ့သို့ ဆုလာဘ်များကဲ့သို့ အခြားထူးခြားသော ဆုလာဘ်များ မရှိသောကြောင့်ဖြစ်သည်။

ပြဿနာမှာ ဆုလာဘ်နှင့်အတူပါလာသော ရွေးချယ်မှုပင်ဖြစ်သည်။ ၎င်းအကြောင်းကို တွေးတောမိရုံဖြင့်ပင် သူသည် ခေါင်းကိုက်လာရသည်။

#Catfoot

Chapter 250: မျက်မမြင်တစ်ဦး၏ အကူအညီ

အာရန်သည် ဤတစ်ကြိမ်၌မူ ရွေးချယ်စရာများနှင့်ပတ်သက်၍ အတော်လေး တိုက်ပွဲဝင်နေခဲ့ရသည်။

တစ်ဖန် အန္တရာယ်နှင့် ဆုလာဘ်ကြား၌ ချိန်ခွင်လျှာညှိရန်မှာလည်း အလွန်ခက်ခဲလာခဲ့သည်။

သူသည် ထိုတာဝန်ကို မည်သို့ ပြီးမြောက်ရမည်ကို မသိသေးသော်လည်း ရွေးချယ်မှုတစ်ခုကိုမူ ပြုလုပ်ခဲ့ရသည်။

သူ ရွေးချယ်လိုက်သည်မှာ မှတ်ဉာဏ်အပိုင်းအစ ဆုလာဘ်ရရှိနိုင်သည့် တစ်ခုတည်းသော ရွေးချယ်မှုပင် ဖြစ်သည်။

သူ၏ နှလုံးသားသည် ဤတစ်ကြိမ်၌ မှတ်ဉာဏ်အပိုင်းအစကို ထပ်မံလက်လွှတ်ရန် ခွင့်မပြုတော့ပေ။

နောက်ဆုံး၌ သူသည် ရန်နစ်ခရိုလိုင်း၏ အတိတ်အကြောင်းကို သိရှိထားရန် လိုအပ်နေလေသည်။

သူသည် ရွေးချယ်မှုများ ပြုလုပ်သူဖြစ်သော်လည်း ဤရွေးချယ်မှုနှင့်ပတ်သက်၍မူ အစိုးရိမ်ဆုံးသူလည်း ဖြစ်နေသည်။

သူသည် ရှုယင်ရှေ့၌ ဖန်းယုကို နမ်းရန် လိုအပ်သော ဒုတိယရွေးချယ်မှုကို ရွေးချယ်ခဲ့လေသည်။

၎င်းအတွက်လည်း သတ်မှတ်ရက်တစ်ခု ရှိနေလေသည်။ ရက်သုံးဆယ်အတွင်း ထိုတာဝန်ကို ပြီးမြောက်ရမည်ဖြစ်သည်။

သူသည် ဖန်းယုကို ငေးကြည့်နေပြီး သူမ၏ နှုတ်ခမ်းများသည် သူနှင့် လက်မအနည်းငယ်သာ ကွာဝေးတော့သည်။

သို့သော် တာဝန်မှာ သူမ နိုးကြားနေချိန်၌ ရှုယင်၏ ရှေ့၌ ထိုအရာကို လုပ်ဆောင်ရန်ဖြစ်နေသည်။

ကံကောင်းစွာဖြင့် ဤပြဿနာအတွက် ဖြေရှင်းနည်းကို တွေးတောရန် သူ့တွင် အချိန်အနည်းငယ် ကျန်ရှိနေသေးသည်။

....

နောက်ထပ် နှစ်နာရီကြာမြင့်ပြီးနောက် ဖန်းယုသည် တဖြည်းဖြည်းချင်း မျက်လုံးများကို ဖွင့်လိုက်ပြီး သူမ သတိမေ့သွားသည်ကိုပင် မသိဘဲ အိပ်ပျော်သွားကြောင်း သဘောပေါက်လိုက်သည်။

အာရန်သည်လည်း နိုးနေပြီဖြစ်ကြောင်းကို သူမ သတိထားမိလိုက်သည်။

သူသည် ကောင်းကင်ဘက်ကို ငေးကြည့်နေဟန်ရပြီး အတွေးအတွင်း၌ နစ်မြောနေပုံရသည်။

သူ၏ မျက်နှာအရောင်သည် ဖြူဖျော့နေသေးသော်လည်း ယခင်ထက် ပို၍ ကောင်းမွန်လာပုံရသည်။

ဖန်းယုသည် ထိုင်လိုက်သောအခါ ယခင်ကကဲ့သို့ အေးစက်သော မျက်နှာအမူအရာများဖြင့်ပင်ပြန်ဖြစ်နေပြီး ရှက်ရွံ့မှုများစွာ မပြသခဲ့ပေ။

သူမ အမှန်တကယ် မရှက်ရွံ့ခြင်းလော သို့မဟုတ် ၎င်းကို မဖော်ပြခြင်းလောဟူ၍တော့ မရှင်းလင်းပေ။

မည်သို့ပင်ဖြစ်စေ အာရန်သည် ယခုအချိန်၌ မျက်မမြင်ဖြစ်နေသင့်သောကြောင့် သူမသည် ထိုအကြောင်းကို များစွာ မတွေးတောခဲ့ခြင်းလည်းဖြစ်နိုင်ပေသည်။

သူသည် သူမ၏ လက်ရှိပုံစံကိုကို မြင်နိုင်မည်မဟုတ်ဟု ထင်ထား‌သောကြောင့်လည်း ဖြစ်နိုင်လေသည်။

“ရှင် အတော်လေး ကောင်းမွန်လာပုံရတယ်” ဟု သူမက အာရန်ကို ပြောပြီး သူအား အတွေးများအတွင်းမှ နိုးထစေကာ သူ၏ဘေး၌ ထိုင်နေသော ဖန်းယုကို သတိပြုမိလိုက်စေသည်။

“ဂိုဏ်းချုပ်...” ဟု သူက အားနည်းစွာ ပြောပြီး ထိုင်ရန် ကြိုးစားလိုက်သော်လည်း သွေးထွက်လွန်ခြင်း ရပ်တန့်သွားသော သူ၏ ရင်ဘတ်သည် ထပ်မံနာကျင်လာသဖြင့် လက်ဖြင့်ပြန်ဖိထားလိုက်ရင်း အနည်းငယ် ညည်းညူလိုက်မိသည်။

ဖန်းယု၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားပြီး ဤအခြေအနေ၌ပင် သူ့ကိုယ်သူ ဂရုမစိုက်သောကြောင့် သူ့ကို ဆူပူလိုစိတ်ပင် ဖြစ်လိုက်သည်။

သို့သော် သူမသည် နှုတ်ခမ်းများကို ကိုက်ထားလိုက်ကာ ဘာမှ မပြောခဲ့ပေ။

“ဘာလို့ ပြန်လာတာလဲ”

အာရန်သည် သူ့မျက်နှာ၌ မိမိကိုယ်ကို မိမိ အထင်သေးသော အပြုံးဖြင့် မေးလိုက်သည်။

“ကျွန်မရဲ့ လက်စွပ် ဒီမှာ ကျကျန်ခဲ့လို့ ပြန်လာယူတာ ဒါကြောင့် အများကြီး မတွေးနဲ့”

ဖန်းယုက သူမ၏ မျက်နှာအမူအရာ အနည်းငယ်မျှပင် မပြောင်းလဲဘဲ ပြောလိုက်သည်။

အာရန်သည် သူမ လိမ်နေကြောင်း သိနေလေသည်။

သူ သူမကို အပြင်သို့ ပစ်လွှတ် လိုက်စဥ်က သူမသည် ထိုလက်စွပ်ကို ဂရုတစိုက် ဆုပ်ကိုင်ထားသည်ကို သူ သတိပြုမိခဲ့သည်။

၎င်းသည် ဘယ်နေရာ၌မျှ ကျကျန်ခဲ့ခြင်း မဟုတ်ပေ။

သူမသည် သူ့ကို ကယ်တင်ရန် ပြန်လာခဲ့သည်ကို လက်မခံလိုသဖြင့် ၎င်းကို အကြောင်းပြချက်တစ်ခုအနေဖြင့် အသုံးပြုနေခြင်းဖြစ်သည်။

သူသည် သူမ၏ လိမ်ညာမှုများကို မဖော်ထုတ်တော့ဘဲ ခေါင်းကိုသာ ငုံ့ထားလိုက်သည်။

သူ မြင်ခဲ့ကြောင်း ပြောနိုင်မည်လည်း မဟုတ်ပေ။ နောက်ဆုံး၌ သူသည် မျက်မမြင်တစ်ဦးသာ ဖြစ်နေသင့်ပေသည်။

သူကဲ့သို့ မျက်မမြင်တစ်ဦးသည် သေခြင်းလက်ဖွဲ့ အဆောင်ကို အသုံးပြုနိုင်ခဲ့လျှက်ပင် ထိုမှော်ဆရာမကို မည်သို့ သတ်နိုင်ခဲ့သည်ကို သူမ မေးခွန်းမထုတ်ခဲ့သည်မှာပင် အံ့ဖွယ်ဖွယ် ကောင်းနေပြီဖြစ်သည်။

သူသည် ထိုသေခြင်းလက်ဖွဲ့ကို အသုံးပြုခဲ့ပြီး မည်သို့ အသက်ရှင်နိုင်ခဲ့သည်ကိုပင် သူမမှာ မေးခွန်းမထုတ်ခဲ့ပေ။

ထို သေခြင်းလက်ဖွဲ့ ကဲ့သိုအစွမ်းသတ္တိရှိသော အဆောင်မျိုးကို အသုံးပြုခဲ့သော်လည်း နောက်ဆုံး၌ အသက်ရှင်ကျန်ရစ်သောသူမှာ အနည်းငယ်သာ ရှိခဲ့ဖူးလေသည်။

ရှားပါးသော်လည်း ဖြစ်တော့ဖြစ်နိုင်ပေသေးသည်။

အာရန်သည် သူမမှာ သူ့အား ကယ်တင်ရန် ပြန်လာခဲ့ခြင်း မဟုတ်ကြောင်း သိလိုက်သဖြင့် အနည်းငယ် ဝမ်းနည်းနေသကဲ့သို့ သူ၏ မျက်နှာအမူအရာမှာ ဖော်ပြနေလေသည်။

“ဒါနဲ့ ဟိုသခင်ဆိုတဲ့တစ်ယောက် ဘယ်မှာလဲ” ဟု သူက မေးပြီး ဤအေးစက်စက် ရာသီဥတု၌ သူ၏ ခန္ဓာကိုယ်ကို ထရပ်ရန် အတင်းအကျပ် ကြိုးစားလိုက်သည်။

သူမသည် သူမ၏ အဝတ်အစားများကိုပင် ပေးဆပ်ကာ သူ၏ ဒဏ်ရာများကို အဘယ်ကြောင့် ကူညီခဲ့သည်ကို သူ မမေးခဲ့ပေ။

“သူ ဆုံးရှုံးခြင်းတောင်က ထွက်သွားပါပြီ ကျွန်မကို လိုက်ရှာနေတာလဲ ဖြစ်နိုင်ပါတယ် သူ ပြန်လာမယ်လို့တော့ ကျွန်မ မထင်ဘူး ဒါကြောင့် ရှင့်ကိုယ်ရှင် အတင်းအကျပ် ဖိအားမပေးပါနဲ့ နည်းနည်းလောက် ထပ်အနားယူလို့ရတယ်”

ဖန်းယုလည်း ထရပ်ကာ လက်များကို ပိုက်ထားလျက် အနည်းငယ် အေးနေသေးဟန်ရလေသည်။

သူမသည် ပုံမှန်အတိုင်း ပြုမူရန် ကြိုးစားနေသော်လည်း သူမ၏ အခြေအနေကို သတိပြုမိရန် ခက်ခဲသည်တော့ မဟုတ်ပေ။

အာရန်သည် ဘာပြောရမှန်းပင် မသိပေ။ ထိုပြဿနာ၏ အဖြေသည် ထိုနေရာ၌ ရှိနေသော်လည်း သူမသည် သတိမပြုမိခဲ့ပေ။

ယခု သူ နိုးလာသောအခါ သူမကို သတိပြုမိစေရန် သူကိုယ်တိုင်သာ ကူညီရတော့မည်ဖြစ်သည်။

သူမသည် အင်အားကြီးဟန်ဆောင်ရင်း တုန်ယင်နေသည်ကိုလည်း သူ မကြည့်ရက်တော့ပေ။

အထူးသဖြင့် သူမသည် သူ့ကို ထိုမျှ ဂရုတစိုက် ရှိနေခဲ့သောကြောင့်ဖြစ်လေသည်။

သူမသည် ဤနေရာ၌ အေးခဲလုနီးပါးဖြစ်နေသော်လည်း ချက်ချင်းထွက်မသွားရန်ပင် သူ့ကို နားချခဲ့သည်။

ယင်းအစား သူ သက်သာလာသည်အထိ အနည်းငယ် ပို၍ အနားယူရန် သူမက ပြောခဲ့သေးသည်။

အာရန်သည် ဖန်းယုမှာ ယခု ဖော်ပြနေသည်ထက် သူ့အားပို၍ ဂရုဏာရှိကြောင်း သူ သတိပြုမိပြီးဖြစ်သော်လည်း ထိုအရာအတွက် အနည်းငယ် အံ့အားသင့်နေဆဲဖြစ်လေသည်။

“သိပြီ သူက ကိုယ်သေပြီလို့ ထင်ခဲ့လို့ပဲနေမယ်ထင်တယ်”

အာရန်က ကြိုတင်ပြင်ဆင်ထားသော အကြောင်းပြချက်ကို ပေးလိုက်သည်။

“ဒါပေမဲ့ ကိုယ်တို့ ထွက်သွားသင့်ပြီ ဒီမှာဆက်နေတာက အရမ်းအန္တရာယ်များတယ်”

အာရန်သည် သူ၏ တတိယမြောက်အာရုံကို ဆုံးရှုံးခြင်းမခံရမီ သူမကို ဤတောင်တန်းမှ သူ့နှင့်အတူ အမြန်ထွက်ခွာရန် ပြောဆိုလိုက်သည်။

ထိုသို့ပြောပြီးသည်နှင့် သူသည် ရှေ့သို့ ထရပ်လိုက်ကာ သူ၏ အမြင်အာရုံပြဿနာများကို ပို၍ ထင်ရှားစေရန် တမင်တကာပင် မှားယွင်းသော ဦးတည်ရာတစ်ခုဆီသို့ လျှောက်သွားပြလိုက်သည်။

“ရှင်သွားတဲ့ဘက်က မှားနေတယ်”

ဖန်းယုသည် အာရန်ဆီသို့ ပို၍ နီးကပ်စွာ လျှောက်လာလိုက်သည်။

သို့သော် သူမသည် သူ့ကို ထိမ်းမထားလိုက်နိုင်ခင်မှာပင် အာရန်သည် တစ်ခုခုကို တိုက်မိသကဲ့သို့ဖြစ်ကာ နှင်းတောထဲတွင် လဲကျသွားခဲ့သည်။

ကံကောင်းစွာဖြင့် သူသည် အားနည်းနေသေးသော်လည်း မျက်နှာကို ဦးတည်၍ မလဲကျခဲ့ပေ။

သူ၏ လက်များသည် နှင်းပေါ်သို့ ထောက်လိုက်မိသောကြောင့် သူ၏ မျက်နှာကို ကာကွယ်နိုင်ခဲ့သည်။

ထက်မြက်သောအရာတစ်ခုက သူ့ကို ထိုးနှက်လိုက်သကဲ့သို့ သူသည် နာကျင်စွာ ညည်းညူလိုက်လေသည်။

“ရှင်”

ဖန်းယုသည် အာရန်ဆီသို့ ပြေးလာပြီး သူ့ကို ထူပေးရန် ကြိုးစားလိုက်စဥ် အာရန်၏ လက်များရှေ့၌ ရှိနေသော လက်စွပ်တစ်ကွင်းကို မြင်လိုက်ရသည်။

တိုက်ဆိုင်စွာပင် ၎င်းသည် အာရန် လဲကျခဲ့သော နေရာအတိအကျ၌ ရှိနေခဲ့ခြင်းဖြစ်ပြီး သူမကို ၎င်းက ကူညီ၍ မြင်စေလိုက်ဟန်ပင် ရလေသည်။

အမှန်မှာမူ အာရန်သည် ထိုအကြောင်းပြချက်အတိအကျအတွက်ပင် ထိုနေရာ၌ လဲကျခဲ့ခြင်းဖြစ်လေသည်။

မျက်မမြင်တစ်ဦးအနေဖြင့် သူသည် လက်စွပ်ကို တိုက်ရိုက်ညွှန်ပြ၍ မရပေ။

“ဒီလက်စွပ်က...”

ဖန်းယုသည် လက်စွပ်ကို ကောက်ယူခြင်းမပြုမီ အာရန်ကို ပြန်လည် နေရာချထားပေးလိုက်သည်။

၎င်းသည် မိစ္ဆာဂိုဏ်း၏ လက်စွပ်မဟုတ်သော်လည်း သိုလှောင်လက်စွပ်တစ်ကွင်းတော့ ဖြစ်နေဆဲဖြစ်သည်။

၎င်း၏ တည်ဆောက်ပုံသည် မြောက်ပိုင်းတိုက်၌သာ တွေ့ရှိနိုင်သော အရာတစ်ခုဖြစ်ပြီး အာရန်နှင့် တိုက်ခိုက်ခဲ့သော လေမှော်ဆရာပိုင်ဆိုင်သော အရာဖြစ်ကြောင်း အတည်ပြုလိုက်နိုင်သည်။

All Chapters