← Chapters

ဆိုင်းဘုတ်ခပ်ကြီးကြီးတစ်ခု

Vol. 18 Ch. 251

ဆိုင်းဘုတ်ခပ်ကြီးကြီးတစ်ခု

Vol. 18 Ch. 251

ဖန်းယုက လက်စွပ်သည် သူမနှင့် အလွန်နီးကပ်သောနေရာတစ်ခုတွင် ရှိနေခဲ့သည်ဆိုသည့်အချက်ကို မယုံကြည်နိုင်သေးပေ။

ဤနေရာ၌ နီးကပ်စွာပင် လဲလျောင်းနေခဲ့မိသော်လည်း သူမသည် ထိုအရာကို မမြင်နိုင်ခဲ့ပေ။

သူမသည် အစောပိုင်းကသာ ၎င်းကို သတိပြုမိခဲ့ပါက သူမ၏ အဝတ်အစားများကို ထိုသို့ဆုတ်ဖြဲခဲ့ရန်ပင် မလိုပေ။

အာရန်ကို ကုသရန် အထောက်အကူဖြစ်စေမည့် အရာတစ်ခုခု အတွင်း၌ ရှိမရှိ သူမ တွေးတောမိလိုက်သည်။ မည်သည့် အဝတ်အစားမဆို အဆင်ပြေနေပေလိမ့်မည်။

သို့သော် ဖန်းယုသည် သူမ၏ စွမ်းရည်များနှင့် သိစိတ်ပင်လယ်ကို ချိတ်ပိတ်ခံထားသောကြောင့် ဤသိုလှောင်လက်စွပ်လေးကိုပင် သူမသည် ဖွင့်၍ မရနိုင်ပေ။ သို့သော် အာရန်မှာမူ ကွဲပြားလေသည်။

သေခြင်းလက်ဖွဲ့ ကဲ့သို့သော အဆောင်စာရွက်ကို အသုံးပြုပြီး အသက်ရှင်ကျန်ရစ်ခဲ့သောသူဖြစ်သောကြောင့် သူသည် မတ်တတ်ရပ်ရန်ပင် အားနည်းနေသော်လည်း သိစိတ်ပင်လယ်အစွမ်းကို အသုံးပြုကာ ထို သိုလှောင်လက်စွပ်ကို ဖွင့်လှစ်နိုင်ပေသေးသည်။

ပိုင်ရှင်သည် သေဆုံးသွားပြီဟု ယူဆရသောကြောင့် ၎င်းကို ဖွင့်ရန် မည်သည့် ကန့်သတ်ချက်မျှ မရှိနိုင်ပေ။

“ဒါက သင့်တော်တဲ့ လက်စွပ်တစ်ကွင်းပဲ လေမှော်ဆရာမ သေဆုံးသွားတုံး ဒီမှာ ကျကျန်ခဲ့တာနဲ့ တူတယ်” ဟု သူမက အာရန်ကို ပြောလိုက်သည်။

သူမ၏ ဘယ်ဘက်လက်ဖြင့် အာရန်၏ လက်ကို တွဲကိုင်ထားရင်း သူမ၏ အခြားလက်တစ်ဖက်ဖြင့် လက်စွပ်ကို အာရန်၏ လက်ထဲသို့ ထည့်ပေး

လိုက်ကာ အသုံးဝင်နိုင်မည့် အရာတစ်ခုခု ရှိမရှိ ကြည့်ရှုရန် သူ့အား ပြောလိုက်သည်။

အာရန်သည် လက်စွပ်အတွင်း၌ မည်သည့်အရာများရှိသည်ကို အမှန်တကယ် သိထားပြီးဖြစ်သောကြောင့် ကြည့်ရှုရန်ပင် မလိုပေ။

နောက်ဆုံး၌ သူသည် အခြားအရာအားလုံးကို သူ့အတွက် ထုတ်ယူပြီးဖြစ်ကာ လိုအပ်သည့် အရာများကိုသာ လက်စွပ်၌ ချန်ထားခဲ့သူသည် သူကိုယ်တိုင်ပင်မဟုတ်ပါလော...။

သို့တိုင် သူသည် သူ၏ အသိစိတ်ပင်လယ်ကို အသုံးပြု၍ လက်စွပ်အတွင်းသို့ ကြည့်နေဟန်ဆောင်လိုက်လေသည်။

“ကုသဆေးအနည်းငယ်နဲ့ အဝတ်အစားအချို့ ရှိနေပုံရတယ် တန်ဖိုးရှိတဲ့ အဆောင်စာရွက်အချို့လည်း ရှိနေတယ် ဒါပေမဲ့ အဲဒါတွေက ကိုယ်တို့ ဒီမှာ သုံးနေတဲ့ အဆောင်ပစ္စည်းတွေနဲ့ မတူဘူး အဲဒါတွေက မြောက်ပိုင်းတိုက်မှာ ဖန်တီးခဲ့တာတွေလို့ ထင်တယ် ဒါပေမဲ့ ကိုယ် တပ်အပ်တော့မပြောနိုင်ဘူး”

အာရန်သည် လက်စွပ်အတွင်း၌ ရှိနေသော အရာအားလုံးကို သူမကို ပြောပြလိုက်သည်။

သူသည် ပစ္စည်းတစ်ခုစီကို အလွန်တိကျစွာ မပြောဘဲ ဖန်းယုသည် ၎င်းတို့အကြောင်းကို သူ အဘယ်ကြောင့် ထိုမျှလောက် သိထားသည်ဟု တွေးတောမိသွားစေလိုခြင်း မရှိပေ။

ထို့ပြင် ပိုမိုယုတ္တိရှိစေရန် သူသည် မှားယွင်းသောအချက်အလက်များကိုပင် တမင်တကာ ယူဆမိဟန်ဖြင့် တစ်ခါတစ်ရံ၌ မှားယွင်းသော ယူဆချက်များကိုပင် ပေးခဲ့သည်။

သူ စကားပြောပြီးသောအခါ လက်စွပ်တွင်းမှ အရာအားလုံးကို ထုတ်ယူကာ ဖန်းယုအား ကိုယ်တိုင် ကြည့်ရှုစေခဲ့သည်။

ဖန်းယုသည် ဆေးလုံးအတော်များများကို တွေ့လိုက်ရသည်။

အများစုမှာ မာနာကို ပြန်လည်စုဆောင်းရန် အားဖြည့်ပေးသော ဆေးလုံးများ ဖြစ်နေပြီး ဤလက်စွပ်သည် မြောက်ပိုင်းတိုက်မှဖြစ်ကြောင်း သူမ၏ သံသယများကို အတည်ပြုနိုင်ခဲ့သည်။

လက်စွပ်ကို ဝတ်ဆင်သူသည် မှော်ဆရာမတစ်ဦးဖြစ်သောကြောင့် သူမအတွက် ၎င်းသည် အံ့အားသင့်စရာတော့ မဟုတ်ခဲ့ပေ။

သူမသည်လည်း မြောက်ပိုင်းမှ တစ်စုံတစ်ဦးသာ ဖြစ်နိုင်သည်။

ဖေးသည် မည်သည့် မှော်အတတ်ကိုမျှ အသုံးပြုသည်ကို သူမ မမြင်ခဲ့ပေ။

သူသည် အမျိုးအမည် မသိရသော ထူးဆန်းသည့် ရှေးဟောင်းပစ္စည်းများကဲ့သို့အရာများကိုသာ အသုံးပြုခဲ့သည်။

သို့သော် သူသည်လည်း မြောက်ပိုင်းမှလူတစ်ဦး ဖြစ်မည်ဟု သူမ ယူဆထားခဲ့သည်။

“ဒါ ကုသဆေးဖြစ်သင့်တယ် ရှင့်ရဲ့ ဒဏ်ရာတွေကို သက်သာစေလိမ့်မယ်”

ဖန်းယုသည် ကုသဆေးတစ်လုံးကို ကောက်ယူလိုက်သည်။

၎င်း၌ အဆိပ်မရှိကြောင်း သေချာစေပြီးနောက် အာရန်ကို ပါးစပ်ဖွင့်ရန် ပြောလိုက်သည်။

သူမ၏ လက်ချောင်းများဖြင့် ထိုဆေးလုံးကို သူ၏ ပါးစပ်အတွင်းသို့ ညင်သာစွာ ထည့်ပေးလိုက်ပြီး ထိုလုပ်ငန်းစဉ်အတွင်း သူ၏ လျှာကိုပင် သူမလက်ဖြင့် မတော်တဆ ထိမိသွားခဲ့သည်။

အာရန်သည် ဆေးလုံးကို မျိုချလိုက်ပြီး နောက်ဆုံး၌ စိတ်သက်သာရာ ရသွားခဲ့သည်။

သူသည် သူ၏ ကျန်းမာရေးနှင့်ပတ်သက်၍ အတော်ကြာ စိုးရိမ်နေခဲ့ရသည်။

ကုသနိုင်ခြင်းမရှိဘဲ ဤဒဏ်ရာများနှင့် ထိုမျှလောက်ထိ ကြာရှည်စွာ နေခဲ့ရလိမ့်မည်ဟု သူပင် မထင်ထားခဲ့ပေ။

နောက်တစ်ကြိမ် ထိုကဲ့သို့သော အရာတစ်ခုကို ထပ်မံလုပ်ဆောင်ရပါက ဖန်းယု သတိပြုမိစေရန် သိုလှောင်လက်စွပ်ဘေး၌ ကြီးမားသော ဆိုင်းဘုတ်တစ်ခု ထောင်ထားသင့်သလားဟုပင် သူ တွေးတောမိလိုက်သည်။

အနည်းငယ် နောက်ကျခဲ့သော်လည်း နောက်ဆုံး၌ ကုသဆေးကို အသုံးပြုနိုင်ခဲ့သည်။

သွေးထွက်လွန်ခြင်း လုံးဝ ရပ်တန့်သွားသော သူ၏ ဒဏ်ရာများကြောင့် လက်စွပ်အတွင်းရှိ ကုသဆေးဝါးများသည် အလွန်အဆင့်မြင့်ကြောင်း သိသာစေခဲ့သည်။

၎င်းသည် နောက်ဆုံး၌ သူကိုယ်တိုင် ပြုလုပ်ခဲ့သော ကုသဆေးများပင် ဖြစ်လေသည်။

သတ္တမအဆင့် အဆင့်မြင့် အဂ္ဂိရက်ပညာရှင်တစ်ဦးအနေဖြင့် သူ၏ ဆေးဝါးများသည် မိစ္ဆာဂိုဏ်း၌ လက်ရှိအသုံးပြုနေသော ဆေးဝါးများထက်ပင် ပို၍ ကောင်းမွန်လေသည်။

သို့သော် ပြဿနာတစ်ခုမှာ ဤဆေးဝါးများကို ဖော်စပ်ရာ၌ အသုံးပြုသော ပစ္စည်းများသည်လည်း အဆင့်မြင့်ပြီး အလွန်ရှားပါးခြင်းဖြစ်လေသည်။

အာရန်သည် ကုသခြင်း၏ အကျိုးသက်ရောက်မှုများ သူ၏ ခန္ဓာကိုယ်ကို ပြန်လည်ကုစားနေစဥ်မှာပင် တစ်ဖက်၌ ဖန်းယုသည်လည်း လက်စွပ်ထဲ၌ သိမ်းဆည်းထားသော အဝတ်အစားများကို ထုတ်ယူနေသည်ကို သူ သတိပြုမိလိုက်သည်။

၎င်းတို့သည် အမျိုးသမီးတစ်ဦးဖြစ်သော လေမှော်ဆရာမ၏ အဝတ်အစားများဖြစ်လေသည်။

သူသည် ထိုအဝတ်အစားများကို လက်စွပ်ထဲ၌ ထည့်ထားခဲ့သောအခါ ဖန်းယုသည် ၎င်းတို့ကို ဝတ်ဆင်မည့်သူဖြစ်လာလိမ့်မည်ဟု သူ မထင်မိခဲ့ပေ။

ထိုအဝတ်အစားများသည် ဤလက်စွပ်အား အမျိုးသမီးတစ်ဦးပိုင်ဆိုင်ကြောင်း သက်သေပြနိုင်ရန်အတွက်သာ သူသည် ၎င်းတို့ကို မထုတ်ယူဘဲ ထားခဲ့ခြင်းဖြစ်သည်။

ဖန်းယုသည် အာရန်၏ သွေးများဖြင့် စွန်းပေနေသော သူမ၏ ကျန်ရှိသော အဝတ်အစားအနည်းငယ်ကို ချွတ်လိုက်ကာ ထိုအချိန်တွင် သူမသည် လုံးဝ ကိုယ်ဗလာဖြင့် ဖြစ်သွားလေသည်။

သို့သော်သူမသည် စိတ်အနှောက်အယှက်ဖြစ်ပုံမရခဲ့ပေ။

ထိုနေရာ၌ အာရန်တစ်ဦးတည်းသာရှိပြီး သူသည် လည်းမျက်စိ မမြင်နိုင်သောလူတစ်ယောက် ဖြစ်နေသည်မဟုတ်ပါလော...။

ဒါကြောင့် သူမသည် ထိုအကြောင်းကို များစွာ မတွေးတောခဲ့ပေ။

အာရန်သည် သူ၏ ပတ်ဝန်းကျင်၌ ဖြစ်ပျက်နေသော အရာအားလုံးကို အမှန်တကယ် မြင်နိုင်နေကြောင်း သူမ သဘောမပေါက်ခဲ့ပေ။

၎င်းသည် အာရန်အတွက် ဖန်းယုအား အဝတ်အစားမပါဘဲ မြင်ရသော ပထမဆုံးအကြိမ် မဟုတ်နေခဲ့သော်လည်း ဤရှုထောင့်မှ သူမကို ထင်ရှားစွာ မြင်ခွင့်ရသော ပထမဆုံးအကြိမ်တော့ ဖြစ်နေခဲ့လေသည်။

“ရှင့်အတွက် အတော်လေး ကျေနပ်စရာကောင်းတဲ့မြင်ကွင်းတစ်ခုဖြစ်နေမှာပေ့ါနော်”

အမျိုးသမီးတစ်ဦး၏ အသံသည် အာရန်၏ နားထဲသို့ ရုတ်တရက် ဝင်ရောက်လာပြီး နောက် သူ့ကို ချောင်းတစ်ချက် ဆိုးစေလိုက်သည်။

ယီလန် ပြန်လာပြီး သူ့ကို စောင့်ကြည့်နေလိမ့်မည်ဟု သူအမှန်တကယ် မထင်ထားခဲ့ပေ။

၎င်းသည် သူ၏ တစ်ဖက်သက် မှားယွင်းသော အယူအဆသာဖြစ်နေမလား မသေချာသော်လည်း ယီလန်သည် အနည်းငယ် မနာလိုဖြစ်နေသကဲ့သို့ ခံစားမိလိုက်သည်။

သူသည် အခြားအမျိုးသမီးတစ်ဦးကို အမှန်တကယ် တန်ဖိုးထားနေပုံရသောကြောင့် သူမသည် တကယ်ပင် စိတ်ဆိုးနေခဲ့ခြင်းလော။

သူမသည် အဘယ်ကြောင့် မကျေမနပ်ဖြစ်နေရနည်း။

“ရှင်အဆင်ပြေရဲ့လား ဆေးလုံးမှာပဲ တစ်ခုခု မှားနေတာလား”

အာရန်၏ ချောင်းဆိုးသံကို ကြားလိုက်ရသောအချိန်သည် ဖန်းယုမှ ထို အဝတ်အစားအသစ်များကို ဝတ်ဆင်တော့မည့်ဆဲဆဲအချိန်လည်း ဖြစ်လေသည်။

သူမသည် သူ့ဆီသို့ ပို၍ နီးကပ်စွာ လျှောက်လာလိုက်ပြီး ဒူးထောက်လိုက်ကာ လုံးဝ ပွင့်လင်းမြင်သာသော ပုံစံဖြင့် အာရန်ရှေ့၌ ဆောင့်ကြောင့်ထိုင်လိုက်သည်။

အာရန် ပြန်လည် ကောင်းမွန်လာမှု ရှိမရှိကို သေချာစေရန် စစ်ဆေးကြည့်လို၍လည်း ဖြစ်လေသည်။

“ဘာမှ မဖြစ်ပါဘူး အဆင်ပြေပါတယ်”

အာရန်က အနေရခက်စွာ ပြောလိုက်ပြီး ဖန်းယုအား သူသည် သူမအား အမှန်တကယ် မြင်နိုင်နေကြောင်း မသိရှိစေရန် အတတ်နိုင်ဆုံး ကြိုးစားလိုက်ရသည်။

ဖန်းယုသည် သူ၏ ဒဏ်ရာများ အမှန်တကယ်ပင် သက်သာလာကြောင်း အတည်ပြုနိုင်ခဲ့သည်။

ထိုပြန်လည်ကောင်းမွန်လာသော အရှိန်အဟုန်သည် သူမကိုပင် အံ့အားသင့်စေခဲ့ပြီး ထိုဆေးလုံးကို မည်သူ ဖန်တီးခဲ့သည်ကိုပင် တွေးတောနေမိခဲ့သည်။

မြောက်ပိုင်းတိုက်၌လည်း ဤကဲ့သို့အဆင့်ရှိ အဂ္ဂိရက်ပညာရှင်များ ရှိနေပါ၏လော...။

သို့မဟုတ် ၎င်းတို့သည် အဂ္ဂိရက်ပညာရှင်အသင်းမှ ဝယ်ယူထားခဲ့ခြင်းများလား။

စိတ်ဝင်စားစွာဖြင့် သူမသည် ထရပ်ကာ လေမျှော်စင်မှ မှော်ဆရာမ၏ အဝတ်အစားများကို ဝတ်ဆင်လိုက်လေသည်။

သို့သော် ထိုအဝတ်အစားများသည် သူမအတွက် အနည်းငယ် တင်းကျပ်နေလေသည်။

ဖေး၏ မိခင်သည် အသက်အနည်းငယ်ကြီးရင့်ပြီ ဖြစ်သော်လည်း သူမ၏ ကိုယ်လုံးကိုယ်ပေါက်သည် အရမ်းကြီးမဖွင့်ဖြိုးနေခဲ့ပေ။

ထို့ကြောင့် သူမ၏ အဝတ်အစားများသည် ဖန်းယုနှင့် အံဝင်ခွင်ကျဖြစ်နေသော်လည်း အချို့နေရာများ အထူးသဖြင့် သူမ၏ ရင်သားဝန်းကျင်တွင်မူ တင်းတင်းကျပ်ကျပ် ရစ်ပတ်ထားသကဲ့သို့ ဖြစ်နေလေသည်။

“ဟွန့်”

ယီလန်သည် ထိုမြင်ကွင်းကို မျက်လုံး လှန်ကြည့်လိုက်မိသောအခါ ဖန်းယု၏ ပုံရိပ်ကို မြင်လိုက်မိပြီး အနည်းငယ် ကသိကအောက်ဖြစ်သည့် ဘာမှန်းမသိသော ခံစားချက်တစ်ချို့ကို ခံစားမိလိုက်သည်။

ဖန်းယုသည် အရပ်ရှည်ရုံသာမက အရေးပါသော နေရာများ၌လည်း သူမထက်ပို၍ ဖွင့်ထွားနေလေသည်။

အာရန်သည် ဖန်းယုကို လှည့်ကြည့်မနေသော်လည်း ယီလန်မှာမူ ထိုသကောင့်သားမှာ သူ၏ သတ္တမအာရုံဖြင့် ဖန်းယုကို နှာဗူးတစ်ယောက်ကဲ့သို့ စောင့်ကြည့်နေမည်ဖြစ်မှန်း သေချာစွာသိနေလေသည်။

တစ်ခါတစ်ရံ သူမသည် အာရန်၏ မျက်နှာတွင် ဖြစ်ပေါ်သွားသော အမှတ်တမဲ့ အမူအရာလေးများကိုပင် သတိပြုမိထားလေသည်။

All Chapters