ဇာတ်လိုက်အတွက် သီးသန့်မဟုတ်လား
Vol. 18 Ch. 252
“မင်း အတွေးလွန်နေတာကို ရပ်လို့ရမလား”
အာရန်သည် ယီလန်ကို စိတ်ဖြင့်လှမ်းဆက်သွယ်၍ ပြောလိုက်ပြီး သူမ၏ စူးရှသောအကြည့်သည် သူ့ထံမှ ဖုံးကွယ်ထား၍မရနိုင်ပေ။
အာရန်၏ ဒဏ်ရာများလည်း တဖြည်းဖြည်း ပြန်သက်သာလာစဉ် ဖန်းယုသည် ထို လေမှော်ဆရာမ၏ အဝတ်အစားများကို ဝတ်ဆင်ပြီးစီးသွားခဲ့သည်။
သို့သော် ကုသဆေးလုံးနှင့်ပင် သေခြင်းလက်ဖွဲ့ ကဲ့သို့သော သက်ရောက်မှုရှိသည့် အဆောင်ပစ္စည်းကြောင့် ကုန်ဆုံးသွားသော အသက်ဓာတ် အဆီအနှစ်များကိုမူ ပြန်လည်ရရှိစေနိုင်ခြင်း မရှိပေ။
အာရန်သည် ပို၍ ကောင်းမွန်လာပုံရသော်လည်း သူသည် အားနည်းနေဆဲပင်ဖြစ်သည်။
သူသည် သူ၏ အသက်ဓာတ်အဆီအနှစ်ကို ပြန်လည်ရရှိရန် နဂါးလျှာအစွမ်းကို အသုံးပြု၍ သူ၏ အားနည်းချက်ကို အလွယ်တကူ ဖယ်ရှားပစ်နိုင်သော်လည်း ယခုအချိန်သည် ထိုသို့ပြုလုပ်ရန် အချိန်ကောင်း မဟုတ်သေးပေ။
သူသည် သွေးများ စွန်းထင်းနေသော သူ၏ ခန္ဓာကိုယ်ပတ်လည်၌ ရစ်ပတ်ထားသော သွေးစွန်း အဝတ်အစားများကိုလည်း ဖယ်ရှားလိုက်သည်။
သူသည် ရင်ဘတ်ဗလာဖြင့်သာ မတ်တတ်ထရပ်လိုက်ကာ သူ၏ ဒဏ်ရာများသည် လုံးဝ သက်သာသွားပုံရနေသည်။
သူ၏ ခန္ဓာကိုယ်၌ သွေးများ စွန်းပေနေခြင်းမျိုးသာ မရှိတော့ပါက သူသည် အစောပိုင်းက ဒဏ်ရာရခဲ့ခြင်း ရှိမရှိကိုပင် သိရှိရန် မဖြစ်နိုင်ပေ။
“ဆေးလုံးရဲ့ အာနိသင်က အရမ်းကောင်းတယ်”
ဖန်းယုက အာရန်ကို ပြောပြီး သူ၏ အခြေအနေကို သိရန် တစ်ချက်ပြန်လည်စစ်ဆေး ကြည့်လိုက်သည်။
“ဟုတ်တယ်”
အာရန်သည် အသံ၏ အရင်းအမြစ်ဆီသို့ မှန်းဆကာ ဖြေလိုက်သည်။
သူသည် အနည်းငယ် သက်သာလာပြီဖြစ်သဖြင့် ဤတောင်၏ ကျိန်စာများ အသက်ဝင်နေဆဲဖြစ်ကြောင်း သတိပေးရင်း ယခုအချိန် ထွက်ခွာသင့်သလားဟု သူမကို မေးလိုက်သည်။
ဖန်းယုလည်း ထပ်မံစောဒက မတတ်တော့ပေ။
သူမသည်လည်း သူ၏အဆိုကို သဘောတူလေသည်။
ယခု သူတို့၏ ပထမပြဿနာကို ဖြေရှင်းပြီးသွားသောအခါ ဒုတိယပြဿနာမှာ ဤနေရာမှ ထွက်ခွာရန်ပင်ဖြစ်သည်။
သို့သော် ၎င်းသည် ပြောရသည်သာ လွယ်ကူခြင်းဖြစ်သည်။
ဆုံးရှုံးခြင်းတောင်၏ တစ်ခုတည်းသော ပြဿနာမှာ အာရုံများ ဆုံးရှုံးခြင်းသာဖြစ်ပါက ၎င်းကို တားမြစ်နယ်မြေဟု ခေါ်ဆိုကြမည်မဟုတ်ပေ။
ဆုံးရှုံးခြင်းတောင်သို့ ဝင်ရောက်သောသူများသည် ကံကောင်းမှသာ ပြန်ထွက်နိုင်ကြသည်ဟု ဆိုကြသည်။
အကြောင်းမှာ တောင်၏ ပတ်ဝန်းကျင်သည် လှည့်စားမှုများဖြင့် ၎င်းတို့၏ ဦးတည်ရာ အာရုံများကို ဝေဝါးသွားစေနိုင်သောကြောင့်ဖြစ်လေသည်။
တောင်၏ ထွက်ပေါက်နှင့် တူသော နေရာများသည် တောင်၏ နက်ရှိုင်းသော နေရာများသို့ သွားသော လမ်းကြောင်းများဖြစ်နေနိုင်သည်။
အာရန် ဤနေရာသို့ ရောက်လာသောအခါ လမ်းညွှန်အဖြစ် မင်္ဂလာနှောင်ကြိုး၏ အကူအညီကို ရယူခဲ့သည်။
သို့သော် ယခု ၎င်းတို့နှစ်ဦးစလုံး ဤနေရာ၌ ရှိနေသောကြောင့် ထိုမင်္ဂလာနှောင်ကြိုး သည် ၎င်းတို့အား ထွက်ပေါက်ဆီသို့ မပို့ဆောင်ပေးနိုင်တော့ပေ။
အကယ်၍ ကံကောင်းပြီး မှန်ကန်သော လမ်းကြောင်းကို ရွေးချယ်နိုင်ခဲ့လျှင်ပင် ဤနေရာမှ ထွက်ခွာရန် နှစ်ရက်သုံးရက်ခန့် ကြာလိမ့်မည်ဖြစ်လေသည်။
တောင်ပေါ်သို့တက်၍ အောက်သို့ခုန်ချသည့်နည်းလမ်းကို အသုံးပြုရန်မှာလည်း သူတို့နှစ်ဦးစလုံးသည် ယခုအချိန်တွင် အားအနည်းဆုံးအခြေအနေတွင် ရှိနေကြလေသည်။
အာရန်သည် ထွက်ပေါက်သို့ သွားသော လမ်းကြောင်းအကြောင်း တွေးတောနေစဉ် အေးစက်သော်လည်း နူးညံ့နေသည့် လက်တစ်စုံသည် သူ၏ လက်ကို လာရောက် ဆုပ်ကိုင်ထားသည်ကို ခံစားလိုက်ရသည်။
အာရန်၏ လက်ကို ဆုတ်ကိုင်ထားရင်း ဖန်းယုသည် တောင်အောက်သို့ စတင်ဆင်းသက်လိုက်လေသည်။
သူမသည် မှန်ကန်သော လမ်းကြောင်းကို မသိနေသော်လည်း ဘာမှ မလုပ်ခြင်းထက် မူ ရှေ့ဆက်တိုးခြင်းက ပို၍ ကောင်းမွန်ကြောင်း ယူဆထားဟန်ရသည်။
ထို့အပြင် ဖန်းယုသည် သူမ၏ လက်ပေါ်ရှိ လက်ထိပ်များသည် ဖြည်းဖြည်းချင်းချင်း ပို၍ အားနည်းလာသည်ကို ခံစားသိနိုင်လေသည်။
ဤအရှိန်ဖြင့်ဆိုပါက သူမတို့ ဤနေရာမှ လွတ်မြောက်ရန် အများဆုံး ခုနစ်ရက်ခန့်ထိပင် ကြာသွားနိုင်လေသည်။
ထိုအချိန်အတွင်း ဤနေရာမှ ထွက်ခွာနိုင်ခြင်း မရှိလျှင်ပင် သူမ၏ ခွန်အား များကို ပြန်လည်ရရှိမည်ဖြစ်သဖြင့် သူမသည် ထိုနေရာမှ ခွန်အားသုံး၍ အတင်းအကျပ် ထွက်ခွာခြင်းမျိုး ပြုလုပ်နိုင်မည်ဖြစ်သည်။
ဖန်းယုသည် အောင်မြင်စွာဖြင့် ထွက်ပေါက်ကို ရှာတွေ့နိုင်လိမ့်မည်ဟု အာရန် မထင်ထားပေ။
နောက်ဆုံး၌ သူမသည် ဤကမ္ဘာ၏ ကောင်းချီးပေးမှု များကိုရရှိထားသော ဇာတ်လိုက်တစ်ဦး မဟုတ်ပေ။ ထို့အတူ သူသည်လည်း မဟုတ်ပေ။
သို့တိုင် ဤအေးစက်သော ရာသီဥတု၌ ငြိမ်သက်စွာ စောင့်ဆိုင်းနေရခြင်းထက် ထိုသို့ဆက်လက်သွားလာခြင်းသည် ပို၍ ကောင်းမွန်လေသည်။
လက်စွပ်ကြောင့် စားနပ်ရိက္ခာအတွက်လည်း စိုးရိမ်စရာ မလိုတော့သောကြောင့် ၎င်းတို့သည် ထွက်ပေါက်ကိုသာ ရှာဖွေရန် အာရုံစိုက်ထားနိုင်လေသည်။
သို့မဟုတ်လည်း သူသည် မျက်မမြင်ဖြစ်သင့်သောကြောင့် သူမခေါ်ဆောင်သည့် နောက်သို့ သာ အသာတကြည် လိုက်သွားရုံသာ တတ်နိုင်မည်ဖြစ်သည်။
ထို့နောက် အာရန်သည် ယီလန်အား ထွက်ပေါက်အကြောင်းမေးမြန်းကြည့်ရင်ကောင်းမလားဟု စဉ့်စားမိလိုက်စဉ်မှာပင် ရုတ်တရက် ....
‘ဟင်’
အာရန်သည် လုံးဝ မယုံနိုင်ဖွယ် အံ့အားသင့်စရာဖြစ်ရပ်တစ်ခုနှင့် ကြုံတွေ့လိုက်ရလေသည်။
.....
၎င်းတို့သည် တောင်အောက်သို့ ဆင်းစပြုပြီး နာရီဝက်ခန့်သာ ကြာသေးသည်မှာ မှန်သည့်အပြင် မှန်ကန်သော ဦးတည်ရာသို့ သွားနေသည်လားပင် မသေချာသေးပေ။
ထိုအချိန်မျိုး၌ သူသည် တစ်ဖန် ထပ်မံ ချော်လဲသွားပြီး ဤတစ်ကြိမ်၌မူ သူ၏ ခြေထောက်များသည် ကျောက်တုံးတစ်ခုကို တိုက်မိသောကြောင့် အမှန်တကယ် မတော်တဆဖြစ်ခဲ့ခြင်းဖြစ်သည်။
နောက်ထပ် ဘာဆက်ဖြစ်မည်ကို တွေးတောနေစဥ်မှာပင် သူသည် အလွန် အံ့အားသင့်စရာ ဖြစ်ရပ်တစ်ခုနှင့် ကြုံတွေ့လိုက်ရသည်။
သူတို့၏နှစ်ဦး၏ ခြေအောက် အောက်ခြေ
တည့်တည့်၌ ကြီးမားသော ဖွဲ့စည်းတည်ဆောက်ပုံဖြင့် ပုံစံကွက်တစ်ခု ပေါ်ပေါက်လာပြီး သူသည် မတော်တဆ ဖြစ်ကာ ထောင်ချောက်တစ်ခုကို ဖွင့်လိုက်မိသလားဟုပင် စိုးရိမ်သွားမိသည်။
ထို့နောက်အလျှင်အမြန်ပင် အာရန်သည် ဖန်းယုနှင့်အတူ ထိုပုံစံကွက်အတွင်းမှ ထွက်ခွာရန် ကြိုးစားလိုက်သော်လည်း ထိုအရာသည် အလွန်မြန်ဆန်စွာလှုပ်ရှားခဲ့လေသည်။
ထိုပုံစံကွက်ဆီမှ အလင်းရောင်တစ်ခုသည် ၎င်းတို့ကို ဝန်းရံသွားလိုက်သည်။
ထိုထိုပုံစံကွက်သည် ၎င်းတို့ကို လုံးဝ မသတ်ဖြတ်နိုင်လျှင်ပင် အနည်းဆုံး ပြင်းထန်စွာ ထိခိုက်စေလိမ့်မည်ဟု သူ ထင်လိုက်သည်။
သို့သော် အမှန်တရားက သူ့ကို ပို၍ပင် အံ့အားသင့်စေခဲ့သည်။
အာရန်၏ ပတ်ဝန်းကျင်ရှိ အလင်းရောင်များ ပျောက်ကွယ်သွားသောအခါ သူ၏ အမြင်အာရုံသည် ပြန်လည်ကောင်းမွန်သွားပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။
ဆုံးရှုံးခြင်းတောင်၏ ကျိန်စာအားလုံးသည် ယခုအချိန်တွင် လုံးဝ ပျောက်ကွယ်သွားခဲ့ပြီးဖြစ်သည်။
အာရန်သည် သူ၏ အာရုံများကို ပြန်လည်ရရှိခဲ့ပြီးဖြစ်သည်။
ထိုအရာသာမက သူသည် ဆုံးရှုံးခြင်းတောင်မှ လွတ်မြောက်လာနိုင်ခဲ့ပြီး ဖန်းယု၏ လက်ကို ဆုပ်ကိုင်ထားဆဲဖြစ်နေကြောင်းလည်း တွေ့လိုက်ရသည်။
သူသည် မယုံနိုင်စွာဖြင့် နောက်ဘက်ရှိ ဆုံးရှုံးခြင်းတောင်ဆီသို့ လှည့်ကြည့်လိုက်မိသည်။
သူသည် ဆုံးရှုံးခြင်းတောင်၌ နေရာကူးပြောင်းသည့် ဂိတ်တံခါးပေါက်များ နှင့် ပုံစံကွက် ဝင်္ဘာများကို အသုံးပြု၍ မရနိုင်ဟု ထင်မှတ်ထားခဲ့သည်။
ဝိညာဉ်လောကဆီမှ ဖီလိုနာကိုပင် ဆင့်ခေါ်ရန် အလွန် မလွယ်ကူခဲ့ဘဲ အပြင်ဘက် အစစ်အမှန်ကမ္ဘာနှင့် ချိတ်ဆက်ရန်မူ လုံးဝ မဖြစ်နိုင်သလောက်ပင်ဖြစ်လေသည်။
သို့သော် ဤထူးဆန်းသည့် ပုံစံကွက်ဝင်္ကဘာသည် ၎င်းတို့ကို ဆုံးရှုံးခြင်းတောင်၏ အပြင်ဘက်သို့ ခေါ်ဆောင်သွားနိုင်ခဲ့သည်။
ဆုံးရှုံးခြင်းတောင်၌ ထိုကဲ့သို့သော ပုံစံကွက်ဝင်္ကဘာမျိုးရှိသည်ဟု အာရန်သည် ဘယ်တုန်းကမျှ မကြားခဲ့ဘူးပေ။
၎င်းပုံစံကွက်ဝင်္ကဘာ တည်ရှိရာနေရာကို နောက်တစ်ကြိမ် ထပ်မံရှာဖွေမည်ဆိုပါကပင် သူသည် ရှာတွေ့နိုင်မည်ဟု မသေချာပေ။
‘ငါ တကယ်ကြီး ကံကောင်းခဲ့တာလား’
ဘာဖြစ်သွားသည်ကို သူ နားမလည်လိုက်ပေ။
ထိုကဲ့သို့သော အရာများနှင့်ပတ်သက်၍ သူ၏ ကံသည် အတိတ်၌ အလွန်ဆိုးရွားခဲ့သည်ဟု သူ သေချာသိနေလေသည်။
အကယ်၍ ယခင်ကကဲ့သို့ကြုံတွေ့ရပါက ထိုပုံစံကွက်ဝင်္ကဘာကြောင့် သူသည် မတော်တဆ ငရဲသို့ပင် ရောက်သွားနိုင်သည်။
ဆန့်ကျင်ဘက်အနေဖြင့် ဖန်းယုမှသူ့အား သူမအစွမ်းများပြန်ရလာသည်အထိ အချိန်အတော်ကြာ လှည့်ပတ်သွားလာရန် အတင်းအကျပ် ခိုင်းစေခြင်းခံရမည့်အစား သူသည် ဆုံးရှုံးခြင်းတောင်မှ ဘေးကင်းစွာပင် အပြင်ဘက်သို့ ပြန်လည်ရောက်ရှိနိုင်ခဲ့ပြီဖြစ်သည်။
‘ဒါက ဇာတ်လိုက်တွေအတွက် သီးသန့်ထားတဲ့ ကံကောင်းတဲ့ ဇာတ်ညွှန်းအကာအကွယ်နဲ့ မတူဘူးလား ဒါပေမဲ့ ငါက ဇာတ်လိုက်မှ မဟုတ်တာ ဒါဆို ဘာလို့လဲ’
အာရန်သည် အတော်လေး ရှုပ်ထွေးနေပြီး တစ်ခုခု မှားနေသကဲ့သို့ အမှန်တကယ် ခံစားလိုက်ရသည်။
ဤတိုက်ကြီး၏ ဇာတ်လိုက်ဖြစ်သူ ရဲ့လန်ကို သူ သတ်ဖြတ်ခဲ့ပြီးနောက် အရာများစွာ သည် ချက်ချင်းဆိုသလို ဖြစ်ပျက်သွားခဲ့သည်မှာ တိုက်ဆိုင်မှုတစ်ခုသက်သက်ပင်လား...။
သူ့ကို ဂိုဏ်းချုပ်ဖြစ်ခွင့်ရစေနိုင်သော အခွင့်အရေးကိုပင် ပေးအပ်ခဲ့ပြီး ဂိုဏ်းချုပ်နှင့် နီးစပ်ခွင့်ရရန် အခွင့်အရေးကိုလည်း ရရှိနိုင်ခဲ့သည့်အပြင် ကံကောင်းစွာဖြင့် ဤနေရာ၏ ထွက်ပေါက်ကိုပင် ဆက်တိုက်တွေ့ရှိနိုင်ခဲ့သည်။
သူသည် သူ၏ ကိုယ်ပိုင်အချက်အလက်များကိုသာ မသိနေခဲ့ပါက ယခုဖြစ်ရပ်များသည် လှပသောမိန်းမပျိုလေးကို ကယ်တင်ရန် အခွင့်အရေးရရှိကာ လမ်းတစ်လျှောက် ကံကောင်းခြင်းများစွာဖြင့် ဇာတ်လိုက်များအတွက်သာ ဖြစ်ပျက်နိုင်သော အရာများဖြစ်ကြောင်း သေခြာနေလိမ့်မည်ဖြစ်သည်။
‘ဒါက ဒီတိုက်ကြီးရဲ့ ဇာတ်လိုက်ဆီက ခိုးယူခဲ့တဲ့ ကံကြမ္မာခန္ဓာကြောင့်များလား’
အာရန်သည် ထိုအရာကို တစ်ချက် တွေးတောလိုက်မိရင်း သူ၏ ဖီးနစ်ငှက်ကို ပြန်လည် ဆင့်ခေါ်လိုက်သည်။
“ကိုယ်တို့ ဂိုဏ်းကို ပြန်မယ်” ဟု ဖန်းယုကို ပြောပြီး သူ၏ ဖီးနစ်သည် သူ၏ ရှေ့၌ ဆင်းသက်ပေးလိုက်ကာ သူ၏ မျက်လုံးများသည်လည်း ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်လာပြီဖြစ်သည်။
ယခု သူသည် သူ၏ သတ္တမအာရုံကိုပင် အားကိုးရန်မလိုဘဲ သူမကို ကောင်းစွာ မြင်နိုင်နေပြီဖြစ်သည်။
“နေဦး ဒါကို အရင်ယူလိုက်”
ဖန်းယုက အာရန်ကို ထိုသို့ပြောပြီး တစ်စုံတစ်ခုကို သူ့ဆီသို့ ပစ်ပေးလိုက်သည်။
ထို့နောက်မှသာ သူမသည် သူ၏ ဖီးနစ်ငှက်ပေါ်သို့ တက်လိုက်လေသည်။
“ဒါက...”
အာရန်သည် သူရရှိခဲ့သော အရာကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
“ဒါက ဘာလို့...”