တစ်ဦးတည်းသောသူ
Vol. 18 Ch. 253
“ဘာလို့ ကိုယ့်ကို ပေးတာလဲ”
အာရန်သည် သူ့ဆီသို့ ပစ်ပေးလိုက်သော လက်စွပ်ကို ကြည့်လိုက်မိသည်။
ဖန်းယုသည် သူ့အား အဘယ့်ကြောင့် ထိုလက်စွပ်ကို ပေးလိုက်သည်ကို သူ နားမလည်ပေ။
အထူးသဖြင့် သူမပေးသော လက်စွပ်သည် သိုလှောင်လက်စွပ် မဟုတ်သောကြောင့်ဖြစ်လေသည်။
သူမသည် သူအား ဂိုဏ်းချုပ်၏ လက်စွပ်ကို ပေးခဲ့ခြင်းဖြစ်သည်။
သူမသည် မကြာခင်ကလည်း ထိုလက်စွပ်ကို သူ့အား ကမ်းလှမ်းခဲ့သော်လည်း သူမ အသက်ရှင်လျက် ပြန်လာနိုင်မည်မဟုတ်ဟု ထင်သောအချိန်၌သာ ဖြစ်လေသည်။
ယခုအခါတွင်မူ ၎င်းတို့သည် လွတ်မြောက်သွားပြီဖြစ်သောကြောင့် သူမသည် သူ့အား ထို လက်စွပ်ပေးခြင်းသည် အဓိပ္ပာယ်မရှိပေ။
သူမ ယခု ဘာစီစဉ်နေသည်ကို သူ နားမလည်နိုင်တော့ပေ။
‘ဒါ စမ်းသပ်မှုတစ်ခုများလား’ ဟု အာရန်သည် တွေးလိုက်မိသဖြင့် ဖန်းယု၏ တုံ့ပြန်မှုကို သာ စောင့်ကြည့်နေလိုက်သည်။
“ဟိုအရိုးဆွေးနေတဲ့သူတွေ သူတို့ပုန်းနေတဲ့နေရာတွေကနေ ထွက်လာကြပြီ မဟုတ်လား”
ဖန်းယုက အဖြေပြန်မပေးဘဲ မေးခွန်းတစ်ခုကိုသာထပ်မံ၍ မေးလိုက်သည်။
“ဘိုးဘေးအကြီးအကဲတွေအကြောင်း ပြောနေတာလား”
အာရန်သည်လည်း ဖီးနစ်ပေါ်သို့ တက်လိုက်ကာ သူတို့သည် လေထဲသို့ တက်ခါ စတင်ထွက်ခွာနေပြီဖြစ်သည်။
“ကျွန်မက ဘယ်သူတွေကို အရိုးဆွေးနေတဲ့သူတွေလို့ ခေါ်တယ်ထင်လို့လဲ”
ဖန်းယုက များစွာ ဆက်လက်မပြောခဲ့ပေ။
သူမ ပျောက်ကွယ်သွားသောအခါ ဂိုဏ်း၌ ဘာတွေဖြစ်ပျက်နေမည်ကို သူမ ကြိုတင်မှန်းဆထားပြီးသကဲ့သို့ပင် ခံစားလိုက်ရသည်။
သူမသည် ၎င်းတို့ကို အဘယ်ကြောင့် အရိုးဆွေးနေသူများဟု ခေါ်ကြောင်း အာရန် သဘောပေါက်ထားသည်။
၎င်းတို့သည် သူမ၏ ဖခင်ခေတ်မှ ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည်။ ၎င်းတို့သည် ယခင်မျိုးဆက်၏ မဟာအကြီးအကဲများလည်း ဖြစ်လေသည်။
၎င်းတို့သည် အလွန်ငယ်ရွယ်နေသေးပုံရသော်လည်း ရာစုနှစ်ပေါင်းများစွာ အသက်ရှင်သန်ခဲ့ကြသူများဖြစ်လေသည်။
အထူးသဖြင့် သူ မကြာခင်ကာလက မြင်ခဲ့ရသော အမျိုးသမီးပင်ဖြစ်သည်။
၎င်းတို့၏ ခွန်အားနှင့်ပတ်သက်၍လည်း အတော်လေး ကြောက်စရာကောင်းသည့်ပုံ ရလေသည်။
သူမသည် အရှင်သခင်အဆင့်သို့ ရောက်ရှိသွားသော ဖန်းယုထက်မူ အားနည်းမည်ဖြစ်ကြောင်း ခန့်မှန်းနိုင်သော်လည်း ၎င်းတို့သည် ထိုလွန်ခဲ့သော အချိန်ကာလများစွာမှပင် တံခါးပိတ်ကျင့်ကြံနေခဲ့ကြသူများဖြစ်လေသည်။
၎င်းတို့၏ အင်အား မည်မျှ တိုးလာနိုင်သည်ကို မည်သူမျှမခန့်မှန်းနိုင်ကြပေ။
ထိုအချိန်၌ပင် ဖန်းယု ဂိုဏ်း၌ ရှိနေသမျှကာလပတ်လုံးတွင် ၎င်းတို့သည် တံခါးပိတ်ကျင့်ကြံနေရာမှ တစ်ဖဝါးမှ ထွက်ခွာမလာခဲ့ကြဘူးပေ။
ဖန်းယု ပျောက်ကွယ်သွားသောအခါမှသာ ထိုဘိုးဘေးအကြီးအကဲ အတော်များများ သည် ကျင့်ကြံနေရာမှ ထွက်လာခဲ့ကြခြင်းဖြစ်လေသည်။
ဘိုးဘေးအကြီးအကဲ မည်မျှလောက်များ ဆက်လက်၍ တံခါးပိတ်ကျင့်ကြံ နေသေးသည်ကို သူ မသိနိုင်ပေ။
ဖန်းယု၏ လေသံမှ ခန့်မှန်းကြည့်ချက်အရ သူမသည် ဘိုးဘေးအကြီးအကဲများအပေါ် ကောင်းမွန်သော ခံယူချက်များ ရှိပုံမပေါ်ကြောင်း ခံစားမိနိုင်သည်။
၎င်းတို့အတွက်လည်း ထိုအရာသည် ဖြစ်နိုင်ခြေ အများဆုံးဖြစ်သည်။
အာရန်သည် ဘိုးဘေးအကြီးအကဲများအကြောင်း တွေးတောမိကာ လက်စွပ်ကို ကြည့်လိုက်သောအခါ တစ်ခုခုကို တွေးလိုက်မိသောကြောင့် သူ၏ မျက်နှာအမူအရာသည် မှောင်မိုက်သွားသည်။
ဖန်းယု ဘာစီစဉ်နေသည်ကို သူ မှန်းဆနိုင်လိုက်သည်။
“မင်း ကိုယ့်ကို အသုံးချဖို့ ကြိုးစားနေတာလား”
သူမ၏ ရည်ရွယ်ချက်များကို သဘောပေါက်လိုက်သဖြင့် အာရန်က မေးလိုက်သည်။
နောက်ရက်အနည်းငယ်အထိပင် ဖန်းယုသည် သူမ၏ စွမ်းရည်များကို လုံးဝ အသုံးပြုနိုင်ဦးမည်မဟုတ်ပေ။
သူမသည် ဤကဲ့သို့အခြေအနေမျိုးဖြင့် ပြန်ပေါ်လာပါက ဘိုးဘေးအကြီးအကဲများသည် သူမနှင့် ဂိုဏ်းတစ်ခုလုံးကို အန္တရာယ်ဖြစ်စေနိုင်သော အရာများကို ကြိုးစားကြနိုင်လေသည်။
၎င်းတို့ထဲမှအချို့သည် ပွင့်ပွင့်လင်းလင်း မဖော်ထုတ်ကြသော်လည်း သူမအပေါ် ရန်လိုမှုများရှိနေဆဲဖြစ်ကြောင်းသိထားခဲ့ပြီးဖြစ်သည်။
သူမကို နောက်ကွယ်မှ ဓားဖြင့်ထိုးရန် စောင့်ဆိုင်းနေသူ မည်မျှရှိသည်ကိုပင် သူမ မသေချာနေပေ။
အတိတ်၌ သူမသည် အနာဂတ်အတွက်အန္တရာယ်ကို လျှော့ချပစ်ရန် ၎င်းတို့အားလုံးကို သတ်ပစ်လိုနေခဲ့သည်။
သို့သော် ၎င်းတို့သည် သူမကို ပေါ်တင် ဆန့်ကျင်ခဲ့ကြသော ဘိုးဘေးအကြီးအကဲများနှင့် မတူဘဲ ၎င်းတို့ကို သုတ်သင်ရန် သူမကို မည်သည့် အကြောင်းပြချက်မျှ မပေးခဲ့ကြပေ။
၎င်းတို့သည် ဂိုဏ်းတွင် သူမဦးဆောင်နေသမျှကာလပတ်လုံးတွင် ၎င်းတို့၏ အဆိပ်ရှိသော အစွယ်များကို အမြဲတမ်း ဖုံးကွယ်ထားခဲ့ကြပြီး သူမ၏ အားနည်းဆုံးအချိန်ကို အရိပ်ထဲမှနေ၍ စောင့်ဆိုင်းနေလိမ့်မည်ဟုလည်း သိထားလေသည်။
“အသုံးချခံ... အဲဒီလောက်ထိတော့ မဟုတ်ပါဘူး ဒါပေမဲ့ ကျွန်မ ယုံကြည်နိုင်တဲ့ သူတစ်ယောက်အနေနဲ့ပါ...”
ဖန်းယုသည် အာရန်ကိုလှည့်ပင် မကြည့်ဘဲ ပြန်ဖြေလိုက်သည်။
သူမ ယခုအချိန်ထိ လုံးဝ ယုံကြည်ပေးခဲ့သောသူ တစ်ဦးတည်းသာ ရှိလေသည်။
ထိုသူမှာ ရှုယင်ပင်ဖြစ်သည်။ သို့သော် အာရန်၏ မကြာသေးမီက လုပ်ဆောင်ချက်များသည် သူမကို သူ့အားလည်း ယုံကြည်လိုစိတ်များ ဖြစ်ပေါ်လာစေခဲ့သည်။
ထို့ကြောင့်လည်း သူမသည် စွန့်စားကြည့်ရန် ယခုကဲ့သို့ ဆန္ဒရှိနေခြင်းဖြစ်လေသည်။
“ဒါက ကွန်မတို့ဂိုဏ်းထဲမှာပုန်းအောင်းနေတဲ့ မြွေတွေကို ဖယ်ရှားဖို့ တစ်ခုတည်းသော အခွင့်အရေးလည်း ဖြစ်နိုင်တယ်” ဟု အာရန် တိတ်ဆိတ်သွားစဉ် သူမက ဆက်ပြောလိုက်သည်။
“တကယ်လို့ရှင်သာ အောင်မြင်ခဲ့ရင် ရှင့်ကို မဟာအကြီးအကဲအဖြစ် ရာထူးတိုးပေးမယ်...”
“ရှုယင်ကို ဘာလို့ မခိုင်းတာလဲ”
အာရန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
သူအတွက်လည်း အန္တရာယ်ရှိသောအရာဖြစ်သဖြင့် ရှုယင်အား လုပ်စေလိုသည်ဟု မဆိုလိုပေ။
မည်သို့ပင်ဖြစ်စေ ရှုယင်သည်လည်း ဂိုဏ်း၌ ရှိမနေပေ။
ရှုယင်မှာ အင်အားကြီးသည် မှန်သော်လည်း ဘိုးဘေးအကြီးအကဲများလောက်ထိတော့ အင်အားမကြီးနိုင်ပေ။
တစ်ခုခု မှားယွင်းသွားပါက သူမ၏ အသက်ပင် အန္တရာယ်ရှိနိုင်လေသည်။
“ကွန်မမှာ အဲဒီလောက်ထိ အချိန်မရဘူး ရှုယင်ဆိုရင် သူတို့ လှုပ်ရှားဖို့ကို အချိန်အတော်ကြာ စဉ်းစားနေလိမ့်မယ် လအနည်းငယ်အထိတောင် ကြာသွားနိုင်တယ် ပြီးတော့ ငါ တစ်လလုံး မရှိဘူးဆိုရင် ကျန်တိုက်ကြီးတွေကလည်း ပါဝင်လာကြလိမ့်မယ်” ဟု ဖန်းယုက ရှင်းပြလိုက်သည်။
သူမသည် ၎င်းကို အမြန်ဆုံး အဆုံးသတ်လိုကြောင်း ရှင်းရှင်းလင်းလင်း ပြောခဲ့သည်။
ဤ အစီအစဉ်တစ်ခုလုံးကိုပင် သူ့အား ပြောပြလိုက်ခြင်းကိုကြည့်ခြင်းအားဖြင့် သူမသည် သူ့အား အမှန်တကယ် ယုံကြည်လာကြောင်း ပြသခဲ့သည်။
အာရန်သည် သူမကို သစ္စာဖောက်ကာ ဤသတင်းအချက်အလက်များအား ဘိုးဘေးအကြီးအကဲများထံ ယူဆောင်သွားခဲ့ပါက ဘိုးဘေးအကြီးအကဲများသည် သူ့အား မဟာအကြီးအကဲရာထူးကို ပေးနိုင်လေသည်။
ပို၍ပင် မြင့်မားသောနေရာတစ်ခု လည်းကမ်းလှမ်းခံရနိုင်သေးသည်။
သူမသည်သာ ယခုအချိန် အလွန်အားနည်းနေကြောင်း ၎င်းတို့သိပါက ၎င်းတို့သည် သူမကို အလွယ်တကူ ချေမှုန်းပစ်ဖို့ ကြိုးစားကြမည်ဖြစ်လေသည်။
သူမသည် သူမ၏ အသက်ကို အာရန်၏ လက်ထဲ၌ ထည့်ထားလိုက်သကဲ့သို့ဖြစ်နေသည်။
ထိုအသက်ကို သူ မည်သို့ ကိုင်တွယ်မည်ကို သူမကိုယ်တိုင် မြင်လိုနေခဲ့သည်။
အကြောင်းတစ်ခုခုကြောင့် သူမသည် အာရန်မှာ ထိုယုံကြည်မှုကို ချိုးဖောက်မည်မဟုတ်ဟု အမှန်တကယ် မျှော်လင့်နေမိခဲ့သည်။
သူမသည် တစ်စုံတစ်ဦးကို နောက်တစ်ကြိမ် ထပ်မံယုံကြည်ရန် အတော်လေး ကြိုးစားမိခဲ့လေသည်။
အာရန်သည် တိတ်တဆိတ်ပင် ဖန်းယု၏ ကျောပြင်ကို ငေးကြည့်နေမိပြီး သူ၏ အကြည့်သည် တစ်ခါတစ်ရံ ဂိုဏ်းချုပ်၏ လက်စွပ်ပေါ်သို့ ကျရောက်သွားလေ့ရှိသည်။
နောက်ဆုံး၌ သူသည် သက်ပြင်းချကာ လက်စွပ်ကို သူ၏ လက်ချောင်းအတွင်း၌ ဝတ်ဆင်လိုက်လေသည်။
.....
မိစ္ဆာဂိုဏ်းအတွင်း၌ မကြာသေးမီက အတော်လေး ရှုပ်ထွေးမှုများဖြစ်ပွားခဲ့လေသည်။
ဂိုဏ်းချုပ် ပျောက်ဆုံးသွားသည်မှာ ရက်အနည်းငယ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။
ရေခဲနတ်ဆိုးနှင့် သူ၏ တပည့်သည်လည်း ပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး သူ၏ ရေခဲတောင် ၌ မြှုပ်နှံထားသော အလောင်းများ အတော်များများကိုလည်း တွေ့ရှိခဲ့ရသည်။
ထို့နောက် မကြာမီမှာပင် ရှေ့ဆင့်နောက်ဆင့်ပင် အကြီးအကဲရန် သည်လည်း ပျောက်ဆုံးသွားခဲ့သည်။
ဂိုဏ်းချုပ်၏ အယုံကြည်ရဆုံးဖြစ်သူ မဟာအကြီးအကဲရှုယင်ပင် ဂိုဏ်း၌ မရှိတော့သဖြင့် မိစ္ဆာဂိုဏ်းအား ဦးဆောင်မည့်သူ မည်သူမျှ မကျန်တော့ပေ။
ပို၍ပင် ဆိုးရွားသည်မှာ ဘိုးဘေးအကြီးအကဲများသည် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာကြပြီး ဖန်းယု သေဆုံးကြောင်း ကြေညာခဲ့ကြခြင်းပင်ဖြစ်သည်။
ဤသတင်းသည် အကြီးအကဲအားလုံးကြား၌ ပျံ့နှံ့သွားခဲ့ပြီး ၎င်းတို့သည် အလွန် အံ့အားသင့်သွားကြသည်။
တစ်စုံတစ်ဦးသည် ဂိုဏ်းထဲသို့ ခိုးဝင်နိုင်ခဲ့ရုံသာမက ဂိုဏ်းချုပ်နှင့် ရေခဲနတ်ဆိုးကိုပင် ချေမှုန်းပစ်ခဲ့သည်တဲ့လား....။
အကြီးအကဲများစွာမှာ ထိုသတင်းကို မယုံကြည်နိုင်ဖြစ်ခဲ့ကြပြီး မဟာအကြီးအကဲများသည်လည်း ထိုနည်းတူပင်ဖြစ်သည်။
ထိုသတင်းကို တပည့်များထံမှ အနည်းဆုံး ယနေ့အချိန်အထိ ဖုံးကွယ်ထားနိုင်ခဲ့ဆဲဖြစ်သော်လည်း ဂိုဏ်းတပည့်များသည် ဂိုဏ်း၌ တစ်ခုခု ဖြစ်ပျက်နေသည်ကိုမူ ခန့်မှန်းမိကြပြီးဖြစ်လေသည်။
ယခုအချိန်၌ မဟာအကြီးအကဲအားလုံးသည် မိစ္ဆာဂိုဏ်း၏ အဓိကနန်းတော်၌ စုဝေးရောက်ရှိနေကြလေသည်။
၎င်းတို့ရှေ့၌ ဂိုဏ်းချုပ်၏ ရာဇပလ္လင်တစ်ခုရှိနေသည်။
သို့သော် ယခုအချိန်၌ ထိုပလ္လင်ပေါ်၌ အမျိုးသမီးတစ်ဦး ထိုင်နေကာ ၎င်းသည် အာရန် မကြာခင်က မြင်တွေ့ခဲ့ရသော ဘိုးဘေးအကြီးအကဲပင် ဖြစ်လေသည်။