← Chapters

ဂိုဏ်းချုပ်သစ်

Vol. 18 Ch. 254

ဂိုဏ်းချုပ်သစ်

Vol. 18 Ch. 254

ပလ္လင်ပေါ်ရှိ အမျိုးသမီး၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ဘိုးဘေးအကြီးအကဲများ ထိုင်နေသည်ကို မြင်တွေ့နိုင်လေသည်။

ခန်းမအလယ်၌ အသက်ကင်းမဲ့သော ခန္ဓာကိုယ်တစ်ခု မြေပြင်ပေါ်၌ လဲလျောင်းလျက်ရှိနေပြီး ၎င်းသည် ဗဟိုဧရိယာနယ်မြေ၏ လုံခြုံရေးကို တာဝန်ယူထားသော အစောင့်အရှောက်များ၏ ခေါင်းဆောင်ဖြစ်သူ၏ ခန္ဓာကိုယ်ပင် ဖြစ်လေသည်။

သူ၏ အရည်အချင်းမရှိမှုအတွက် သူ့ကို အလွန်ရက်စက်သော နည်းလမ်းဖြင့် အပြစ်ပေးခြင်းခံခဲ့ရသည်။

အမှန်မူကား ဘိုးဘေးအကြီးအကဲများသည် ၎င်းတို့၏ အင်အားများကို မေ့လျော့သွားမည်ကို စိုးရိမ်မိနေသကဲ့သို့ မဟာအကြီးအကဲများအား ၎င်းတို့၏ အင်အားများကို သတိထားမိသွားကြစေရန် ကြိုးပမ်းမှုတစ်ခုအနေဖြင့် မဟာအကြီးအကဲများအားလုံးရှေ့၌ သတိပေးသည့်အနေဖြင့် ၎င်းအစောင့်ခေါင်းဆောင်အား ကွပ်မျက်ပြလိုက်ခြင်းလည်းဖြစ်သည်။

ဂိုဏ်းချုပ် မရှိသောအခါ ဘိုးဘေးအကြီးအကဲများသည် ဤနေရာ၏ အမြင့်ဆုံး အာဏာပိုင်များဖြစ်လာကြလေသည်။

၎င်းတို့သည် အခြေခံအားဖြင့် ဂိုဏ်းကို တရားဝင် သိမ်းပိုက်လိုက်ခြင်းပင်ဖြစ်သည်။

“မင်းတို့အားလုံး သိကြသည့်အတိုင်းပဲ ကျုပ်တို့ ဂိုဏ်းဟာ ရက်အနည်းငယ်အကြာက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခြင်းတစ်ခုကိုခံခဲ့ရတယ်”

ပလ္လင်ပေါ်ရှိ အမျိုးသမီးဘေး၌ ထိုင်နေသော ဘိုးဘေးအကြီးအကဲတစ်ဦးက ပြောလိုက်သည်။

“ဂိုဏ်းချုပ်ဘယ်ရောက်နေလဲဆိုတာ ခုထိ မသိရသေးပါဘူး”

သူသည် အာရန် မကြာခင်ကာလက တွေ့ဆုံခဲ့သော ဒုတိယ ဘိုးဘေးအကြီးအကဲပင် ဖြစ်ပြီး အာရန်အား တိုက်ရိုက် စကားပြောခဲ့သူလည်း ဖြစ်လေသည်။

“တစ်စုံတစ်ဦးဟာ ဒီနေရာကို ရောက်ရှိလာပြီး ဘယ်သူမှ သတိမထားမိလိုက်ဘဲ ဂိုဏ်းချုပ်ကို တောင်တိုက်ခိုက်နိုင်စွမ်းရှိခဲ့တယ်ဆိုတော့ ဂိုဏ်းချုပ်ဟာ သေဆုံးသွားခဲ့ပြီလို့ ကျုပ်တို့ ယူဆနိုင်တယ် ဒီလိုမှမဟုတ်ရင် ခုချိန်လောက်ဆို သူမပြန်ရောက်နေသင့်ပြီမဟုတ်လား” ဟု သူက ဆက်ပြောသည်။

“ဒ့ါကြောင့် မိစ္ဆာဂိုဏ်းအတွက် ခေါင်းဆောင်သစ်တစ်ယောက်ထပ် ခန့်အပ်ဖို့ အချိန်တန်ပြီ”

မဟာအကြီးအကဲများသည် ဤကဲ့သို့သော အရာတစ်ခုကို ကြိုတင်မျှော်လင့်ထားပြီးဖြစ်သည်။

သို့သော် သူတို့အနေဖြင့် ၎င်းကို ဆန့်ကျင်၍ ဘာမှ မလုပ်နိုင်ပေ။

ဂိုဏ်းချုပ် ပျောက်ဆုံးနေပြီး သူမ၏ တည်နေရာကို အချိန်အတော်ကြာထိ မည်သူမျှ မသိရသေးသည်မှာ အမှန်ပင်ဖြစ်သည်။

၎င်းတို့သည် သူမကို ရှာဖွေရန်အတွက် ကြိုးစားခဲ့ကြကာ ဂိုဏ်း၏ အထူးသီးသန့် ရတနာပစ္စည်းများကိုပင် အသုံးပြုကာ အသဲအသန်ရှာဖွေမှုများ လုပ်ဆောင်ခဲ့ကြသော်လည်း သူမ၏ အသက်ဓာတ်အငွေ့အသက်ကို ဤကမ္ဘာရှိ မည်သည့်နေရာတွင်မှ ရှာဖွေမတွေ့ရှိနိုင်ခဲ့ကြပေ။

၎င်းသည် ဂိုဏ်းချုပ် အသတ်ခံရပြီးဖြစ်သည်ဟု ၎င်းတို့ကို ခံစားမိစေရန် လုံလောက်လေသည်။

သူမ၏ ခန္ဓာကိုယ်နှင့်ပတ်သက်၍မူ ရေခဲနတ်ဆိုး အကြီးအကဲ၏ ခန္ဓာကိုယ် တစ်ခုလုံး ပျောက်ဆုံးသွားသကဲ့သို့ ပျက်စီးသွားခြင်းမျိုးလည်း ဖြစ်နေနိုင်လေသည်။

မဟာအကြီးအကဲများသည် ဤအခြေအနေ၌ သူတို့ ဘာမှ ဆက်မလုပ် မလုပ်နိုင်ကြောင်း သိနေခဲ့ကြသည်။

ဤရွေးချယ်မှုတစ်ခုလုံးသည် လှည့်စားမှုတစ်ခုသာဖြစ်ပြီး နောက်တက်မည့် ဂိုဏ်းချုပ်ကို ဘိုးဘေးအကြီးအကဲများက ကြိုတင်ဆုံးဖြတ်ထားပြီးဖြစ်လေသည်။

၎င်း‌ရွေးချယ်ထားသော ပုဂ္ဂိုလ်မှာ ဖန်းယု ၏ ပလ္လင်ပေါ်၌ အခန့်သား တက်ထိုင်နေခြင်းဖြင့် မလေးမခန့်ပြုမူနေသော ကျားယွင်ဟုအမည်ရသော ထိုအမျိုးသမီးပင် ဖြစ်လေသည်။

၎င်းတို့သည် ထိုအမျိုးသမီး၏ အင်အားအစစ်အမှန်ကိုပင် မခန့်မှန်းနိုင်ကြပေ။

တစ်စုံတစ်ဦးသည် ဖန်းယု၏ အင်အားကို သိရှိရန် ကြိုးစားမိသောအခါ ၎င်းတို့ မြင်နိုင်သည်မှာ အဆုံးမရှိသော သမုဒ္ဒရာကြီးတစ်စင်းပင်ဖြစ်နေလေသည်။

သို့သော် ကျားယွင် ဟု သိထားသော ထိုအမျိုးသမီး၏ အင်အားကို သိရှိရန် ကြိုးစားကြည့်သောအခါ ၎င်းတို့ မြင်နိုင်သည်မှာ လှိုင်းထန်နေသော လေမုန်တိုင်းတစ်ခုကဲ့သို့ပင် ဖြစ်လေသည်။

သူမသည် ဤနေရာတွင် ကိုယ်ထင်လာပြ၍ ရောက်လာကြသော ဘိုးဘေးအကြီးအကဲများအားလုံးအနက် အင်အားအကြီးဆုံးဖြစ်ကြောင်း ရှင်းလင်းနေပေသည်။

“နောက်ထပ် ဂိုဏ်းချုပ်အသစ် အတွက် နာမည်တစ်ခု အဆိုပြုလိုပါတယ် သူမကတော့ ဘိုးဘေးအကြီးအကဲ ကျားယွင် ပဲဖြစ်ပါတယ် သူမကို ထောက်ခံသူတွေအနေနဲ့ ကျေးဇူးပြု၍ သင်တို့ လက်တွေကို မိုးပေါ်မြှောက်ထားပေးကြပါ” ဟု ထိုသူက ဂိုဏ်းချုပ်၏ ပလ္လင်ပေါ်၌ ထိုင်နေသော အမျိုးသမီးကို ညွှန်ပြရင်း ပြောလိုက်သည်။

‘ငါတို့မှာ ရွေးချယ်စရာ ရှိနေတာကျနေတာပဲ လက်မမြှောက်တဲ့သူကို သူတို့က သတ်ပစ်တော့မှာလေ သူတို့ရဲ့ မျက်လုံးတွေထဲမှာကို ဒီလောက်သိသာအောင် မြင်နေရတာကို’

မဟာအကြီးအကဲတစ်ဦးက လက်ကို မြှောက်လိုက်ရင်း တွေးမိလိုက်သည်။

‘ဟူး ငါ သာလက်မမြှောက်ရင် သူတို့ ငါ့ကို သတ်ဖို့ အကြောင်းပြချက် ရှာကြလိမ့်မယ် သူတို့ ငါ့ကို သစ္စာဖောက်လို့တောင် သမုတ်ရင် သမုတ်ကြလိမ့်ဦးမယ်’

နောက်ထပ် မဟာအကြီးအကဲတစ်ဦးက လက်မြှောက်ရင်း တွေးလိုက်ပြန်သည်။

ထို့နောက် မဟာအကြီးအကဲများသည် တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက် လက်မြှောက်ပြ ကြလေသည်။

မကြာမီ ခန်းမရှိ မဟာအကြီးအကဲအားလုံးနီးပါး လက်မြှောက်ပြကြပြီး လက်မမြှောက်သောသူ ဟူ၍ တစ်ဦးတည်းသာ ကျန်ရှိတော့သည်။

လက်မမြှောက်ပဲ ကျန်ရှိသည့် တစ်ဦးတည်းသော မဟာအကြီးအကဲမှာ အခြားသူမဟုတ်ပဲ မိစ္ဆာဂိုဏ်း၏ အကြီးမြတ်ဆုံး အဂ္ဂိရက်ပညာရှင်ဟုလည်း လူသိများသော မဟာအကြီးအကဲ ဇီယာပင်ဖြစ်သည်။

ကျန်မဟာအကြီးအကဲများအားလုံးသည် သူမကို အံ့အားသင့်စွာဖြင့် လှည့်ကြည့်လိုက်ကြသည်။

သူမသည် တကယ်ပင် လက်မမြှောက်ပဲနေမည်လား...။

သူမ၏ လုပ်ဆောင်ချက်များသည် ဘိုးဘေးအကြီးအကဲများအား မထောက်ခံဘူးဟု ဆိုလိုရာရောက်မနေဘူးလား...။

‘ဒီမိုက်မဲတဲ့ မိန်းကလေးကတော့’

အာရန်ကြောင့် သူမနှင့် ပဋိပက္ခဖြစ်ခဲ့မိသော မဟာအကြီးအကဲအဘိုးအိုသည် သူ၏ စိတ်ထဲ၌ ကြိတ်၍ ရယ်မောနေလိုက်သည်။

‘သူမ အဂ္ဂိရက်ပညာရှင်ဖြစ်နေလို့ သူတို့ သူမကို မသတ်ဘူးလို့ တကယ် ထင်နေတာလား’

မဟာအကြီးအကဲ ဇီယာကို မကြိုက်ကြသော မဟာအကြီးအကဲများအားလုံးသည် ၎င်းတို့၏ နှလုံးသား၌ ဝမ်းသာပီတိများဖြစ်သွားကြသည်။

သို့သော် မဟာအကြီးအကဲ အများစုမှာ သနားကြင်နာစိတ် ရှိကြလေသည်။

သူမ ဘာတွေးနေသည်ကို ၎င်းတို့ နားမလည်ကြပေ။

၎င်းတို့ သိထားသည်မှာ ၎င်းတို့၏ အကောင်းဆုံး အဂ္ဂိရက်ပညာရှင်သာ တစ်ခုခု ဖြစ်သွားပါက ဂိုဏ်းအတွက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်လိမ့်မည်ဟူသော အချက်ပင်ဖြစ်သည်။

“အိုး”

ကျားယွင်ဘေး၌ ထိုင်နေသော ဘိုးဘေးအကြီးအကဲယန်သည် မဟာအကြီးအကဲ ဇီယာကို အလွန်စိတ်ဝင်တစားပုံစံဖြင့် ကြည့်ရင်း ပြုံးလိုက်သည်။

“အကြံပြုချက်ကို သဘောမတူတဲ့သူ ရှိနေသေးတာလား”

ကျားယွင်သည် မည်သည့် တုံ့ပြန်မှုကိုမျှ မပြခဲ့ပေ။ သူမသည် ဇီယာကိုသာ စိုက်ကြည့်နေလိုက်ပြီး သူမ၏ အတွေးများကို ဖတ်ရန်မှာ မဖြစ်နိုင်ပေ။

“ဘိုးဘေးအကြီးအကဲတစ်ဦးဟာ နောက်ထပ်ဂိုဏ်းချုပ်သစ်ဖြစ်လာဖို့ မထိုက်တန်ဘူးလို့ မင်းက ထင်နေတာလား”

ဘိုးဘေးအကြီးအကဲယန် လောက် မဖော်ရွေဟန်ရသော အခြားဘိုးဘေးအကြီးအကဲ တစ်ဦးက ကြိမ်းမောင်းသောလေသံဖြင့် ပြောလိုက်သည်။

“မင်းက အဆင့်မြင့် အဂ္ဂိရက်ပညာရှင်တစ်ယောက်ဖြစ်လို့ ငါတို့ကို အထင်သေးချင်တာလား မင်း မမွေးခင်ကတည်းက ငါတို့က ဒီတိုက်ကြီးကို အုပ်စိုးခဲ့ကြတဲ့သူတွေဖြစ်တယ်ဆိုတာ မင်း နားမလည်ဘူးလား”

နောက်တစ်ဦးက ဇီယာအပေါ် ဖိအားပေးရန်အတွက် သူ၏ အော်ရာကို ထုတ်လွှတ်ရင်း ပြောလိုက်သည်။

“ဟွန့် ဘယ်သူသိနိုင်မလဲ သူမက ဂိုဏ်းမှာ ခေါင်းဆောင်မရှိစေချင်တာလဲဖြစ်နိုင်တာပဲ ရန်သူတွေက ငါတို့ကို ပိုလွယ်လွယ်ကူကူ တိုက်ခိုက်နိုင်အောင် လုပ်ချင်နေတာလဲ ဖြစ်နိုင်တယ်”

ဘိုးဘေးအကြီးအကဲများထဲတွင် အဝေးဆုံးတစ်နေရာမှ အမျိုးသမီးတစ်ဦး၏ အသံ ထွက်ပေါ်လာခဲ့သည်။

“ဟုတ်တယ် သူမက သစ္စာဖောက်တစ်ဦးဖြစ်နိုင်တယ် ဘယ်လိုလုပ်ပြီး အကြောင်းမသိတဲ့ တစ်စုံတစ်ယောက်က အဲဒီလောက်လွယ်လွယ်ကူကူနဲ့ ဗဟိုဧရိယာက နယ်မြေတွေထဲကို ခိုးဝင်လာနိုင်မလဲလို့ ငါ တွေးနေမိတာ သူတို့မှာ အတွင်းက အကူအညီတွေ သေချာပေါက် ရှိနေခဲ့တယ်နဲ့တူတယ် ပြီးတော့ ဘယ်သူလဲဆိုတာ ငါတို့ သိလိုက်ပုံရတယ်”

မဟာအကြီးအကဲများသည် ဘိုးဘေးအကြီးအကဲများမှာ ၎င်းတို့နှင့် သဘောမတူသော တစ်ဦးတည်းသောသူကို သတ်ရန် ဖြောင့်မတ်သော အကြောင်းပြချက်များကို ပြင်ဆင်နေကြောင်း သတိထားမိကြလေသည်။

ပလ္လင်ပေါ်ရှိ အမျိုးသမီးသည် ဘာတစ်ခွန်းမှ ဝင် မပြောသေးပေ။

ဒုတိယအာဏာရရှိသူဟု ထင်ရသော ဘိုးဘေးအကြီးအကဲ ယန်သည်လည်း ရယ်မောရင်းသာ ၎င်းကို ပြပွဲတစ်ခုအလား စောင့်ကြည့်နေလေသည်။

ဘိုးဘေးအကြီးအကဲများထဲမှ မည်သူမျှ သူမသည် အဂ္ဂိရက်ပညာရှင် ဖြစ်သည်ဟူသော အချက်ကို အရေးမထားကြပေ။

၎င်းတို့အတွက်မူ ဆေးလုံးများ လိုအပ်ပါက ပို၍ပင် အဆင့်မြင့်သော အဂ္ဂိရက်ပညာရှင်များရှိသော အဂ္ဂိရက်ပညာရှင်အသင်းမှ အချိန်မရွေး ဝယ်ယူရရှိနိုင်လေသည်။

ပို၍ အရေးကြီးသောအရာမှာ ယခုအချိန်၌ ဤဂိုဏ်းတစ်ခုလုံးကို ထိန်းချုပ်နိုင်ရန်သာဖြစ်လေသည်။

“ဘိုးဘေးအကြီးအကဲတွေကို မလေးမခန့်ပြုလိုတာ မဟုတ်ပါဘူး မဟာအကြီးအကဲတစ်ဦး မရှိတဲ့အတွက် မဲပေးဖို့ အချိန်မတန်သေးဘူးလို့ ထင်လိုက်လို့ လက်မမြှောက်ခဲ့တာပါ သူမ မရှိတဲ့အခါ ဂိုဏ်းချုပ်ကို ရွေးချယ်တာ မမှန်ကန်နေဘူးလို့တွေးလိုက်မိလို့လဲပါပါတယ်”

ဇီယာသည် အော်ရာဖြင့် ဖိနှိပ်ခံရသော်လည်း သူမ၏ စိတ်ထဲ၌ ရှိနေသောအရာကို မူ ပြောဖြစ်အောင် ပြောခဲ့လေသည်။

ရှုယင်လည်း ပြန်မလာသေးပေ။ အကယ်၍ တစ်ခုခုဆိုလျှင် ဘိုးဘေးအကြီးအကဲများ အလောတကြီးဖြစ်နေရသည့် အဓိကအကြောင်းအရင်းမှာ ထိုအရာကြောင့်ပင် ဖြစ်ပုံရသည်။

“ဟွန့် ဘာအကြောင်းပြချက်ပေးမလဲလို့ လူတစ်ယောက်ထဲရဲ့ ဆန္ဒက ဘာကိုများ ပြောင်းလဲသွားနိုင်မှာလဲ သူမ သစ္စာဖောက်မဟုတ်ဘူးဆိုရင် သူမလည်း သဘောတူမှာပဲလေ” ဟု ဘိုးဘေးအကြီးအကဲတစ်ဦးက ထပ်မံပြောဆိုလိုက်သည်။

“မင်းကို နောက်ဆုံး အခွင့်အရေးတစ်ခုထပ် ပေးမယ် မင်း ဒီအကြံပြုချက်ကို သဘောတူလား?သဘောတူရင် လက်မြှောက်”

သူမကို အခွင့်အရေးပေးသည်ဟု ဆိုနေသော်လည်း ၎င်းသည် ခြိမ်းခြောက်မှုတစ်ခုသာ ဖြစ်ကြောင်း ရှင်းလင်းနေသည်။

ဖြစ်နိုင်လျှင် ၎င်းတို့သည် အဂ္ဂိရက်ပညာရှင်ကို မသတ်လိုပေ။

သို့သော် သူမသည် ဆက်လက် ခေါင်းမာနေဆဲဖြစ်ပါက ၎င်းတို့သည် သူမကို သတ်ပစ်မည်မှာလည်း ရှင်းလင်းနေသည်။

နောက်ဆုံး၌ ဇီယာသည် ဘာမှ မလုပ်နိုင်တော့ပေ။

သူမ၏ အသက်သည် သူမအတွက် အရေးကြီးဆုံးဖြစ်သောကြောင့် သူမသည်လည်း လက်မြှောက်လိုက်ရသည်။

“ကောင်းတယ် မဟာအကြီးအကဲအားလုံး သဘောတူညီကြပြီဖြစ်တဲ့အတွက် ဆုံးဖြတ်ချက်တစ်ခု ချမှတ်ကြတာပေ့ါ”

ဘိုးဘေးအကြီးအကဲ ယန်က ပြုံးလိုက်သည်။

“ယခုမှစ၍ မိစ္ဆာဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဟာ....”

သူသည် ကြေငြာချက်တစ်ခုကို ထုတ်ပြန်ရန်ပြင်လိုက်စဥ် ကျားယွင်၏ နာမည်ကို ပြောတော့မည့်ဆဲဆဲမှာပင် ခန်းမထဲသို့ လေးလံသော တံခါးရွက်များ ဖွင့်ဟလာ သံတစ်ခုသည် ပျံ့နှံ့သွားခဲ့လေသည်။

All Chapters