← Chapters

အခန်း (၁၃၀)

Vol. 10 Ch. 130

အခန်း (၁၃၀)

Vol. 10 Ch. 130

"မမလေး!"

ဖန်းသယ်ကျန့်လည်း လန့်ဖျပ်သွားကာ မန္တန်တစ်ခုကိုရွတ်ဆိုလိုက်ပြီး သတ္တုဓားစွမ်းအင်ကိုစုစည်း၍ နွယ်ပင်ကို တမုဟုတ်ချင်း ခုတ်ချလိုက်သော်ငြား မည်သည့် ထိခိုက်မှုမှ မဖြစ်ပေါ်ခဲ့ပေ။

ဖန်းသယ်ကျန့်သည် စိုးရိမ်တကြီး ဆက်လက်တိုက်ခိုက်ပါသော်လည်း အခြားအပြာရောင်နွယ်ပင်တစ်ခုက သူ့ရင်ဘတ်ကို ရိုက်ခတ်လာပြီး လျှပ်စီးရောင်များ ဖျတ်ခနဲဝင်းလက်သွားကာ သူကိုယ်တိုင်လည်း ဖရိုဖရဲအနေအထားဖြင့် လွင့်စင်လဲကျသွားတော့၏။

"ဦးလေးဖန်း၊ ကယ်ပါဦး၊ ကျွန်မကို ကယ်ပါဦး!" အန်းမြောင်ယိ သတိပြန်ကပ်လာသည်နှင့် ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

"သောက်ကျိုးနည်း၊ ဘယ်ဆေးပင်က တိုက်ခိုက်နေတာလဲ..." ဖန်းသယ်ကျန့်သည် ရုန်းကန်ထကာ အံကြိတ်လျက် အန်းမြောင်ယိနောက်သို့ အမြန်လိုက်သွားရ၏။

မကြာမီမြင်လိုက်ရသော မြင်ကွင်းကြောင့် ဖန်းသယ်ကျန့်တစ်‌ယောက် ဆွံ့အတောင့်ခဲသွားလျက်။

၎င်းသည် လူဆယ်ယောက်ခန့် ဖက်နိုင်လောက်အောင် ထူထဲကြီးမားသော သစ်ပင်ကြီးတစ်ပင်ဖြစ်ပြီး စိမ်းလန်းစိုပြေသော အကိုင်းအခက်အရွက်များနှင့် အပြာရောင်နွယ်ပင် ဆယ့်နှစ်ပင်ကျော်ဖြင့် ရစ်ပတ်ထားပြီး တစ်ခုနှင့်တစ်ခု ရောယှက်ဆက်နွယ်နေသည်။ နွယ်ပင်များသည် အပြာရောင်အလင်းကို ထုတ်လွှတ်ပြီး အနီးကပ်ကြည့်လိုက်သောအခါ ဆန်းကြယ်သောသဏ္ဍာန်အမျိုးမျိုးဖြင့် ဖုံးအုပ်ထားသေးသောကြောင့် သာမန်ထက်ထူးကဲသောခံစားချက်ကို ပေးစွမ်းနေသည်ပင်။

"ဒါ၊ ဒါ မဟုတ်မှလွဲရော ကပ်ဘေးကိုးသွယ် လျှပ်စီးနွယ်ပင်!?" ဖန်းသယ်ကျန့်သည် အံ့အားသင့်သွားပြီး ကျောရိုးတစ်လျှောက် အေးစိမ့်သွားရ၏။

အကြောင်းမှာ ၎င်းသည် အလယ်အလတ်အဆင့် ဆေးဘုရင်တစ်ပါးဖြစ်သောကြောင့်ပင်။

ဆေးဘုရင်တောင်ကြား၏ အဆင့်ခွဲခြားမှုအရ ၎င်း၏ ကျင့်ကြံဆင့်သည် အခြေတည်ထောင်ခြင်း အလယ်အလတ်အဆင့်သို့ပင် ရောက်ရှိနေခဲ့လေပြီ။

ထို့ကြောင့် တိုက်ခိုက်ရေးအင်အားမှာလည်း ဝိညာဥ်ဆေးပင်များစွာပေါင်းစည်းထားသည်ထက် အဆပေါင်းများစွာပိုမိုသာလွန်သည်အထိ။

ဖန်းသယ်ကျန့်၏ စိတ်ဓာတ်မှာ ဘုန်းဘုန်းပြိုလဲသွားရတော့သည်။ သာမန်ဝိညာဉ်ဆေးပင်များကိုပင် နိုင်အောင်မချနိုင်သောအခြေအနေတွင် ဤကဲ့သို့သော ဆေးဘုရင်ကို သူမည်သို့ ကိုင်တွယ်နိုင်မည်နည်း။

"လွှတ်ပေးပါ၊ ကျွန်မကို လွှတ်ပေးပါ!" အန်းမြောင်ယိ၏ လှပသော မျက်နှာလေးမှာ အကြောက်တရားများပြည့်နှက်လျက် အသည်းအသန်ရုန်းကန်နေသော်ငြား နွယ်ပင်အများအပြားသည် ရေမြွေများကဲ့သို့ အားကောင်းစွာလိမ်ံယှက်၍ သူမကို တင်းတင်းကြပ်ကြပ် ချည်နှောင်ထားသောကြောင့် လွတ်မြောက်ရန်မျှော်လင့်ချက်မရှိလှပေ။

ထို့နောက် လျှပ်စစ်ဓာတ် တဖြောက်ဖြောက်မြည်သံ ထွက်ပေါ်လာသည်။

"အွတ် အား အား အား..." အန်းမြောင်ယိသည် လွန်စွာနာကျင်ခံစားနေရဟန်ပင်။

"မဖြစ်ဘူး!" ဖန်းသယ်ကျန့်သည် စိုးရိမ်တကြီးဖြင့် ဓားကိုဝင့်လျက် တိုက်ကွက်တစ်ခုထုတ်ကာ ဝင်ရောက်တိုက်ခိုက်လာသည်။

ဓားမှထုတ်လွှတ်သော စွမ်းအင်ပမာဏများသည် တဝှစ်ဝှစ်ဖြင့် ရူးသွပ်စွာ လည်ပတ်နေသော်လည်း အလွယ်တကူပင် ပိတ်ဆို့ခံလိုက်ရ၏။ ထို့နောက် ဖန်းသယ်ကျန့်၏ မျက်ဆံများသည် ကျုံ့ဝင်သွားသည်။ အဘယ့်ကြောင့်ဆိုသော် နွယ်ပင်အများအပြား သူ့ဆီသို့ပြေးဝင်လျက် ပြင်းပြင်းထန်ထန်ရိုက်ခတ်လာသည်အား မြင်တွေ့လိုက်ရသောကြောင့်ပင်။

ဖတ် ဖတ် ဖတ် ဖတ်~!

ဖန်းသယ်ကျန့်သည် မည်သည့် ခုခံနိုင်စွမ်းမှမရှိတော့ဘဲ ရိုက်သမျှငြိမ်ခံလိုက်ရတော့သည်ပင်။ နွယ်ပင်တစ်ခုစီ သူ့ကို ရိုက်ခတ်လာတိုင်း လျှပ်စီးလုံးကြီးများ ပေါက်ကွဲထွက်လာသည်အထိ အရှိန်ကပြင်းထန်လှ၏။

"အား!"

ဓားဆင့်ခေါ်ဂိုဏ်း၏ ခန့်ညားထည်ဝါသော မဟာအကြီးအကဲမှာ ဆေးပင်တစ်ပင်၏ ရက်စက်စွာ ညှဉ်းပန်းခြင်းကိုခံရပြီး တောဝက်တစ်ကောင်ကဲ့သို့ ရွှံ့ညွှန်ထဲတွင် လူးလှိမ့်နေရတော့သည်။

"ဟားဟားဟား၊ ပျော်စရာကြီး၊ အရမ်းပျော်စရာကောင်းတာပဲ!" ကပ်ဘေးကိုးသွယ် လျှပ်စီးနွယ်ပင်ထံမှထွက်ပေါ်လာသော စိတ်လှိုင်းမှတစ်ဆင့် သူတို့စိတ်ထဲရောက်လာသောအသံမှာ ဆိုးသွမ်းသောဆယ်ကျော်သက်တစ်ယောက် ထင်ရာစိုင်း၍ လှောင်ပြောင်ရယ်မောနေဟန်ပင်။

ဖန်းသယ်ကျန့်သည် ဆံပင်ဖရိုဖရဲဖြင့် ရှက်စရာကောင်းလောက်အောင် အနှိပ်စက်ခံနေရလေသည်။ သေလုအောင်ဒေါသထွက်နေရသော်ငြား ယခုအချိန်တွင် သူတတ်နိုင်တာ ဘာမှမရှိပေ။ လေသံကိုလျှော့ကာ တောင်းပန်တိုးလျှိုးရုံသာ တတ်နိုင်တော့၏။ "ဆေးဘုရင်ခင်ဗျား၊ ကျေးဇူးပြု၍ သနားညှာတာတော်မူပါ၊ ကျွန်တော်တို့ကို လွှတ်ပေးပါတော့၊ မဟုတ်ရင်လည်း ဒီကလေးကိုပဲလွှတ်ပေးပါ၊ ကျွန်တော်ကသူ့အစား ဒုက္ခခံဖို့ ဆန္ဒရှိပါတယ်!"

"ဦးလေးဖန်း..." အန်းမြောင်ယိသည် တဖြည်းဖြည်း သတိပြန်ဝင်လာပြီး ဦးလေးဖြစ်သူ တောင်းပန်အသနားခံနေရသည့်မြင်ကွင်းကိုမြင်သော် ငိုချင်စိတ်ဖြင့် ဆို့နင့်လာသည်။

"ဟဲဟဲ၊ မင်းတို့တစ်ခါတစ်ခါလာဖို့ လွယ်တာမဟုတ်ဘူး၊ ငါ မင်းတို့ကို လွှတ်ပေးမယ်လို့ ထင်နေတာလား? မင်းတို့ လူသားတွေ ဘာလို့ ဒီလောတုံးအနေရလဲ? ဒီမိန်းမကို ကြည့်စမ်း၊ ငါ့ရဲ့ လျှပ်စစ်ဓာတ်ကိုခံစားပြီး တော်တော်ပျော်မွေ့နေပုံပဲ!"

ကပ်ဘေးကိုးသွယ် လျှပ်စီးနွယ်ပင်သည် ၎င်း၏ စွမ်းအားကို ပိုတိုး၍ပင် အသုံးပြုလိုက်သည်။

တဖြောက်ဖြောက်မြည်သံများဖြင့် အန်းမြောင်ယိကိုယ်ပေါ်တွင် လျှပ်စီးကြောင်းများလက်လက်ထလာပြန်၏။

"အ အား အား!"

"ဟားဟား၊ အရမ်းမိုက်တာပဲကွာ!"

"မင်း!" ဖန်းသယ်ကျန့်သည် ဒေါသတကြီးဖြင့် သွေးများအန်ချကာ ကပ်ဘေးကိုးသွယ် လျှပ်စီးနွယ်ပင်ကို ဒေါသမျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

"ဟိုးဟိုး၊ မင်းကြည့်ရတာ မကျေနပ်နေပုံပဲ!" ကပ်ဘေးကိုးသွယ် လျှပ်စီးနွယ်ပင်သည် ဖန်းသယ်ကျန့်၏ဒေါသမျက်နှာကြောင့် ပို၍ပင်ပျော်မြူးလာကာ နောက်ထပ်နွယ်ပင်များအားလျှပ်စစ်စီး‌စေလျက် ဆန့်တန်းလိုက်သည်။

ဖန်းသယ်ကျန့်သည် နောက်တစ်ကြိမ် အရိုက်ခံလိုက်ရပြီး ဒူးထောက်ချလိုက်ရကာ လျှပ်စီးကြိမ်ဒဏ်ကြောင့် သူ၏ ခန္ဓာကိုယ်မှ မီးခိုးများ တလူလူထွက်ပေါ်လာသည်။

"စိတ်မပူပါနဲ့၊ ငါက စည်းမျဥ်းတွေကို ကောင်းကောင်းနားလည်ပါတယ်၊ မင်းတို့ကို အသက်အန္တရာယ်ရှိတဲ့အထိတော့ မလုပ်ပါဘူး၊ ဒါတွေအားလုံးက အပေါ်ယံ နာကျင်မှုတွေပဲ။ ဒီမိန်းမက မင်းအတွက် တော်တော်အရေးကြီးလောက်တဲ့ပုံဆိုတော့ မင်းမျက်စိရှေ့မှာတင် နှိပ်စက်ပြရသေးတာပေါ့ကွာ!"

"နောက်ပိုင်း မင်းတို့ဒီတောင်ကြားကနေ ပြန်ထွက်သွားနိုင်ခဲ့ရင်တောင် ဒီသခင်ကြီးရဲ့လွှမ်းမိုးမှုကို နှစ်တွေအကြာကြီးသတိရနေပြီး ကြောက်ရွံ့လို့မဆုံးနိုင် ဖြစ်နေကြရလိမ့်မယ်!"

ကပ်ဘေးကိုးသွယ် လျှပ်စီးနွယ်ပင်သည် အလွန်မာန်မာနထောင်လွှားလှပြီး ဤသို့နှိပ်စက်ကလူပြုမှုများဖြင့်လည်း ရင်းနှီးကျွမ်းဝင်နေဟန်ပင်။ လွန်ခဲ့သော နှစ်ပေါင်းများစွာတုန်းကလည်း လူအများအပြားကို ဤနည်းဖြင့် ကစားခဲ့သည်မဟုတ်လော။

"အား အား အား..." အန်းမြောင်ယိသည် နောက်တစ်ကြိမ် လျှပ်စစ်စီးခံရပြီး အသည်းခိုက်မတတ်အော်ဟစ်ကာ သူမ၏ နှလုံးသားသည် နာကျင်မှုများဖြင့် ပင်ပန်းနွမ်းနယ်လို့နေလေပြီ။

"မင်း မင်း..." ဖန်းသယ်ကျန့်သည် တစ်သက်နှင့်တစ်ကိုယ် မကြုံဖူးသည့်မခံချင်စိတ်ကြောင့် ဒေါသဖြင့် တစ်ကိုယ်လုံးတုန်ယင်နေတော့၏။

"ပျော်စရာကြီး၊ အရမ်းပျော်စရာကောင်းတာပဲ! လူသားတွေဟာ အကောင်းဆုံး ကစားစရာတွေပဲ!" ကပ်ဘေးကိုးသွယ် လျှပ်စီးနွယ်ပင်သည် အလွန်အမင်း စိတ်လှုပ်ရှားတက်ကြွလို့နေလေသည်။

ထိုအချိန်၌။

ပုံရိပ်အချို့ သူတို့ဘက်သို့ လျှောက်လှမ်းလာကြသည်။

"ဆရာသခင်၊ အမျိုးသမီးတစ်ယောက်ရဲ့အော်သံ ကြားလိုက်ရတယ်!"

"မေးနေစရာလိုသေးလို့လား? ဆေးပင်တွေရဲ့ညှင်းပန်းမှုကိုခံနေရတာ ဖြစ်မှာပေါ့။"

"အဲ၊ ဟိုမှာ မိန်းကလေးငယ်လေးတစ်ယောက် ချည်နှောင်ခံထားရတယ်ရော၊ တော်တော်လေးနာကျင်နေပုံရတယ်!"

ယဲ့ကျွင်းလင်သည် အသံလာရာသို့ ကြည့်လိုက်ပြီး နေရာတွင်ပင် တောင့်ခဲသွားရတော့၏။

ဘုရားရေ၊ ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ မြင်ကွင်းလဲ!? အဲ ငါက ဘာလို့ စိတ်ကြွလာရတာတုန်း ဝွန်းးး

All Chapters