← Chapters

ဇာတ်သိမ်းပိုင်း (အဆုံးသတ်)

Vol. 5 Ch. 160

ဇာတ်သိမ်းပိုင်း (အဆုံးသတ်)

Vol. 5 Ch. 160

တစ်လပိုင်းကုန်ခါနီးသည် ယွဲ့ရုန်တည်းခိုခန်းတွင် ဧည့်သည်အနည်းဆုံးအချိန်ဖြစ်သည်။ ဦးစွာ ပထမဆုံးလသည် မဆုံးသေးသောကြောင့်ဖြစ်ကာ စီးပွားရေးသမားများနှင့်ခရီးသွားများသည် အိမ်တွင်ရှိနေကြဆဲဖြစ်သည်။ ဒုတိယအနေ့ဖြင့် မီးထွန်းပွဲတော်ပြီးဆုံးသွားကာ နွေဦးကောက်ပဲသီးနှံများရောက်မလာကြသေးသောကြောင့် လယ်သမားများ အေးအေးဆေးဆေးအနားယူနေကြချိန်ဖြစ်သောကြောင့်ဖြစ်၏။

ထို့ကြောင့် စားပွဲထိုးသည် အားလပ်နေကာ တစ်ယောက်ယောက် တည်းခိုခန်းထဲသို့ဝင်လာကာမှနိုးလေသည်။ သူက ချက်ချင်းပင်လှည့်ကြည့်လိုက်ကာ

"ဧည့်သည် အစားသုံးဆောင်ချင်ပါသလား။ ဒါမှမဟုတ် ဒီမှာနေမှာများလား"

စုံတွဲဖြစ်သည်ကိုမြင်လိုက်ရကာ လှပသောဇနီးသည်နှင့် ခန့်ညားသောခင်ပွန်းပင်ဖြစ်သည်။ စားပွဲထိုးက ပို၍အာရုံစိုက်မိသွားသည်။

"အကောင်းဆုံးအခန်းပေး"

လင်းစစ်ယောင်က ငွေတုံးတစ်တုံးပစ်ပေးလိုက်ကာ အသံခပ်တိုးတိုးဖြင့် ပြောလိုက်သည်။

"ဟုတ်ကဲ့ အခုပဲ အပေါ်ထပ်မှာကြည့်ပေးပါ့မယ်"

စားပွဲထိုးသည် ငွေတုံးကိုလက်ခံလိုက်ကာ ပျော်ရွှင်စွာဖြင့် ပြန်ဖြေလိုက်၏။ ထို့နောက် ပြန်လှည့်လာပြီး ဧည့်သည်ကြိုသည့်နေရာအား အော်ပြောလိုက်၏။

"အခန်းထျန်း နံပါတ်တစ်"

"ကျွန်တော်တို့ ချီယွင်တောင်ကို နေထွက်တဲ့ရှုခင်းကြည့်ပြီး ဘုရားက မျှော်စင်ဆီသွားဖို့ လာတာပါလား"

စားပွဲထိုးက ချီယွင်မြို့၏အကောင်းဆုံးရှုခင်းများဖြင့် အလျင်စလိုမိတ်ဆက်လိုက်၏။

"ကျေးဇူးတင်ပါတယ်"

အခန်းထဲသို့ ဝင်သွားပြီးနောက်တွင် စုရွှေလျန်လှည့်ကာ စားပွဲထိုးအား ပြုံးပြလိုက်သည်။

"ဒီကိုလာတာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ခုကတော့ တည်းခိုခန်းရဲ့ ဧည့်လမ်းညွှန်တစ်ယောက်လိုအပ်တယ်"

သူမက တောင်ပေါ်သို့၎င်းတို့နှင့်အတူသွားချင်နေသောစားပွဲထိုးအား ဂရုတစိုက် ငြင်းဆန်လိုက်သည်။ သူမက တံခါးကိုပိတ်ကာ ခေါင်းခါလိုက်၏။

"သူတို့ဘယ်လိုစီးပွားရေးလုပ်ရမလဲဆိုတာ သေချာသိတာပဲ"

"မင်းသူ့ကိုပဲ အာရုံစိုက်သင့်တယ်"

လင်းစစ်ယောင်က လက်ထဲရှိ အထုတ်နှစ်ထုပ်ကိုချကာ သန့်ရှင်းသောပဝါတစ်ထည်ကို ကောက်ယူလိုက်သည်။ သူမကိုလက်ပြရင်း မှန်တင်ခုံရှေ့တွင်ထိုင်စေကာ ဆံထိုးဖြေလိုက်သည်။ ထို့နောက်တွင် မိုးရေကြောင့် စိုစွတ်လာသော သူမ၏နက်မှောင်သောဆံကေသာကိုခြောက်သွေ့ရန် ကူညီပေးလိုက်သည်။

မိုးသည်သာ သည်းမလာပါလျှင် သူသည် တောင်ပေါ်သို့တန်းတက်ကာ ကျယ်ရှို့ဆီသွားလည်မည်ဖြစ်သည်။

တရှီမှထွက်ခွာလာပြီး ပထမဆုံးပစ်မှတ်မှာ ချီယွင်တောင်ဖြစ်သည်။ ၎င်းတို့ခရီးထွက်လာသည်မှာ လဝက်ခန့်ရှိပြီဖြစ်၏။

ခရီးတစ်လျှောက်တွင် ဆွဲဆောင်မှုရှိသောမြင်ကွင်းများနှင့် စိတ်ဝင်စားစရာများစွာတို့ကို မြင်တွေ့ခဲ့ရသည်။ ရပ်ကာဖြင့် ထိုအရာများကို နှစ်သက်ခံစားခဲ့သည်။ မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် တဟွေ့နှင့်ဆယ်နိုင်ငံအနှံ့သွားရောက်လည်ပတ်ရန် တစ်နှစ်အချိန်ရှိပေသည်။

စုရွှေလျန်က လျန်အန်းဇိုင်သည် ၎င်းတို့နှစ်ယောက် တစ်နှစ်ခန့်ခရီးသွားရန် ဆုံးဖြတ်ချက်ချလိုက်ကြောင်း သိသောအခါတွင် မျက်နှာကြီးမည်းမှောင်သွားသည်ကို အမှတ်ရသွား၏။ သူမ မရယ်ဘဲ မနေနိုင်ပေ။

ကံကောင်းစွာဖြင့် ယမန်နှစ် နဂါးလှေပွဲတော်ပြီးနောက် စုရွှေလျန်နှင့်ဆွေးနွေးပြီးသောအခါတွင် လင်းစစ်ယောင်သည် သူ၏လက်ထောက်များကိုလေ့ကျင့်ပေးကာ သူနှင့်ဇနီးဖြစ်သူ၏တာဝန်များကိုထမ်းဆောင်ရန် ဖြစ်သည်။ နှစ်သစ်ကူး စုပေါင်းညစာစားပွဲတွင် လင်းစစ်ယောင်က လျန်အန်းဇိုင်ကို အသိပေးခဲ့သည်။ ထို့နောက် သူတုံ့ပြန်သည်ကို စောင့်မနေဘဲ သူမကို တရှီမှခေါ်ထုတ်သွားခဲ့၏။

"ကျွန်မအစ်ကိုတော့ ဒေါသထွက်လို့သေနေလောက်ပြီဆိုတာသေချာတယ်"

စုရွှေလျန်က တခစ်ခစ်ရယ်မောလိုက်၏။

လင်းစစ်ယောင်က မျက်ခုံးပင့်ပြလိုက်သည်။

"သူဘာလို့ဒေါသထွက်ရမှာလဲ။ ကိုယ်တို့ထွက်မလာခင် အားလုံးစီစဉ်ထားခဲ့တာပဲကိုး။ နှစ်ကုန်ကျရင် ပြန်ကြမှာလေ။ ကိုယ်တို့မသွားခင် သူ့ကို ပြောခဲ့တာကို ကျေးဇူးတင်ရဦးမယ်"

သူမကိုခေါ်ကာခရီးထွက်နိုင်သည့် လွန်ခဲ့သောဆယ်နှစ်ကို တမ်းတမိ၏။ သူသည် လျန်အန်းဇိုင်အား အတော်လေးမျက်နှာသာပေးပြီးဖြစ်၏။

"သူက ကျွန်မတို့နဲ့အတူမသွားနိုင်လို့ ဒေါသထွက်နေမှာ"

သူမက ပြုံးကာ ရှင်းပြလိုက်၏။

"အရင်တုန်းက ကျင်းကျီက နိုင်ငံတစ်ဝှမ်းက လှတဲ့နေရာတွေကို လျှောက်ပြီးလည်ချင်ခဲ့တာ။ ဆေးတွေ၊ ဆေးဖက်ဝင်အပင်တွေလည်း လိုက်စုဆောင်းချင်ခဲ့တာ။ အစ်ကိုက သူ့ကို ကတိပေးထားတယ်လေ။ ဒါပေမဲ့ ဆယ်နှစ်သာရှိသွားတယ်။ ကျင်းကျီဆန္ဒက ခုထိဖြစ်မလာသေးဘူး။ သူတို့ ပိုပိုလို့တောင် အလုပ်များလာတယ်"

တစ်ယောက်သည် တရှီကိုတည်ထောင်ရင်း အလုပ်များနေကာ တစ်ယောက်သည် ဆေးခန်းများကိုစောင့်ရှောက်ရင်း အလုပ်ရှုပ်နေသည်။ ၎င်းတို့သည် သူမတို့ကဲ့သို့ အားလပ်မနေကြပေ။

"သူတောင်းဆိုထားပါတယ်"

လင်းစစ်ယောင်က နှာခေါင်းရှုတ်လိုက်၏။ လျန်အန်းဇိုင်သည်သာ တရှီကို ထိုသို့ပြန်လည်မထူထောင်လျှင် သူနှင့် ရွှေလျန်တို့သည်လည်း လပေါင်းများစွာတိုင်း အစီအစဉ်နှောင့်နှေးကာ အလုပ်များခဲ့မည်မဟုတ်ပေ။ သူသည်သာ သွားရန် မဆုံးဖြတ်ခဲ့လျှင် အသက်ကြီးသည်အထိ သွားရန် အချိန်မအားဖြစ်နေပေမည်။

"ဘုရားမှာ အမွှေးတိုင်ပူဇော်ပြီးရင် ကျွန်မတို့ ဘယ်ကိုဆက်သွားကြမလဲ"

သူကမခေါင်းမော့ကာ ပြုံးပြလျက်မေးလိုက်သည်။

"မင်းစိတ်ထဲမှာ သွားချင်တဲ့နေရာရှိလား"

သူက အဝတ်အစားများကိုချွတ်ကာ သူမ၏နှုတ်ခမ်းလေးကိုနမ်းရန် ငုံ့လိုက်ပြီး အသံခပ်တိုးတိုးဖြင့်မေးလိုက်သည်။ သူစီစဉ်ထားသောနေရာများသည် ယခင်တာဝန်ထမ်းဆောင်စဉ်က ဖြတ်သွား၍တွေ့ခဲ့ရသည့် လှပသောမြင်ကွင်းများရှိသည့်နေရာဖြစ်သည်။ သူ၏စွဲလမ်းမှုက သူမကိုထိုနေရာသို့ခေါ်သွားချင်ကာ လှပသောရှုခင်းများကို ခံစားစေချင်သည်။ အမှန်တွင် သူမသဘောတူလျှင် ထိုအခန်းထဲတွင်ပင်ပတ်သွားကာ သူမနှင့်ချစ်ကြည်နူးရလျှင်ပင် ကိစ္စမရှိပေ။

"ဘယ်နေရာဖြစ်ဖြစ် အဆင်ပြေပါတယ်"

အဖြေက ရိုးရှင်းလှ၏။ ၎င်းတို့ဘယ်နေရာသွားသွား ဘာကိုပင် မြင်ရမြင်ရ ကိစ္စမရှိပေ။ ကမ္ဘာကြီးသည် မည်မျှပင်ကျယ်ပြောပါစေ သူနှင့်အတူရှိရလျှင် မည်သည့်နေရာကိုမဆို သူမသွားနိုင်ပေသည်။

သူမအဖြေကိုကြားသောအခါတွင် သူကရယ်မောလိုက်ပြီး အိပ်ရာဆီသို့ သူမအား သယ်သွားသည်။ နှစ်ယောက်လုံးအဝတ်များချွတ်လိုက်ကာ သူမပေါ်တွင် သူက အုပ်မိုးလိုက်သည်။

“အားယောင်…”

သူသည် သူမထဲသို့ဝင်ရောက်လာသောအခါတွင် ပို၍သက်တောင့်သက်သာညဉ်းညူမိ၏။ တဖြည်းဖြည်းဖြင့် သူ၏လှုပ်ရှားမှုများနှင့်အတူ သူမက ကခုန်နေပေသည်။

တရှီနှင့်အိမ်မှထွက်လာပြီးနောက်ပိုင်း ၎င်းတို့ကို အချို့သောကိုယ်ရေးကိုယ်တာများက အနှောင့်အယှက်ပေးနေကြသောကြောင့် သူ၏စိတ်ဆန္ဒသည် အထိန်းအချုပ်မဲ့သောနေရာအထိ ကြီးထွားလာခဲ့သည်။ နှစ်ဦးသား တည်ခိုးခန်းတွင်နေလျှင်နေချင်းပင် သူမကို အပိုင်သိမ်းလိုက်ပြီဖြစ်၏။ တစ်ကြိမ်ဖြင့် မလုံလောက်လျှင် နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်ထိ လုပ်မိလိမ့်မည်ဖြစ်သည်။ သူမသည် မောပန်းကာ သူ၏ရင်ခွင်ထဲတွင် ငိုကြွေးသည့်အခါမှသာ သူ၏သနားညှာတာခြင်းကို ပြသမည်ဖြစ်သည်။

"နေထွက်တာကြည့်ဖို့လား"

ကျယ်ရှို့က ရိုးရှင်းသော်လည်း တောက်တောက်ပြောင်ပြောင်ဖြစ်နေသည့်စုံတွဲကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။ နောက်ဆုံးတွင် လက်ခုပ်လက်ဝါးတီး၍ မေးလိုက်၏။

"ဘာလို့ ဒီဘုရားမှာ တစ်ညမအိပ်ရတာလဲ။ မနက်ငါးနာရီလောက်ထလို့ရတယ်လေ။ ပြီးတော့မှ နေထွက်တာကြည့်ဖို့ ကမ်းပါးဆီသွားပေါ့"

၎င်းတို့မနက်အစောကြီးထကာ တည်းခိုခန်းမှ တောင်ပေါ်ထိ တက်စရာမလိုတော့ပေ။

ကျယ်ရှို့၏အကြံပေးချက်က စုရွှေလျန်အား ရှက်သွေးဖြာသွားစေသည်။ ဘုန်းကြီးကျယ်ရှို့သည် သူမနှင့် အားယောင်တို့ ညဉ့်နက်သည်အထိ လုပ်ကြသည်ကိုသိလျှင် ထိုသို့အကြံပြုချက်မျိုးကို မည်သို့ပေးမည်နည်း။ ဘုရားသည် မြင့်မြတ်သောနေရာဖြစ်သည်။ သို့သော်လည်း အားယောင်သည် ဘုရားရိပ်တွင် သူ၏ပြင်းပြသောဆန္ဒအား ခုခံနိုင်လိမ့်မည်ဟု အာမမခံနိုင်ပေ။

လင်းစစ်ယောင်က ရှက်သွေးဖြာနေသောဇနီးကိုကြည့်ကာ ကျယ်ရှို့အား စောင်းကြည့်လိုက်သည်။

"ဒီနေရာက မသင့်လျော်ပါဘူး"

"အော်မီထော်ဖော်၊ ဒီနေရာကို မင်းပိုင်တာပဲ။ ကျယ်ရှို့က ကျီးကန်းတစ်ကောင်ရဲ့အသိုက်ကိုနေရာယူထားတဲ့ ချိုးဌက်တစ်ကောင်ပါပဲ"

ကျယ်ရှို့ လက်များကိုစုစည်းကာ သူအမြဲတမ်းယုံကြည်ထားသည်မှာ အမှန်တရားသာဖြစ်ကြောင်း ပြောပြသည်။ သို့သော်လည်း လင်းစစ်ယောင်က တစ်ချက်ကြည့်လိုက်ကာ

"နှစ်တွေအများကြီးကြာနေပြီပဲ။ ဒီအကြောင်းကိုပြောနေသေးတယ်။ မပင်ပန်းဘူးလား"

သူသည်လည်း ပင်ပန်းသည်ဟု ခံစားရသောကြောင့်ဖြစ်သည်။

"လမ်းလျှောက်ကြရအောင်"

သူသည် စုရွှေလျန်ကို ထိုနားတစ်ဝိုက်တွင် လမ်းလျှောက်ရန် တွဲပေးလိုက်သည်။ ထိုနေရာတွင်မနေချင်ကာ ကျယ်ရှို့အား နားကိုအဆိပ်ခတ်ခွင့်မပြုနိုင်ပေ။

စုရွှေလျန်ကပြုံးကာ ကျယ်ရှို့ကိုခေါင်းညိတ်ပြလိုက်သည်။

"ဘုန်းဘုန်း တပည့်တော်တို့ကိုအဖော်ပြုပေးစရာမလိုပါဘူး။ ဘုန်းဘုန်းလုပ်စရာရှိတာကိုပဲ လွတ်လွတ်လပ်လပ်လုပ်ပါ"

ကျယ်ရှို့က ရွတ်လိုက်၏။

"အော်မီထော်ဖော်"

ထို့နောက် သူသည် ခန်းမထဲမှထွက်ခွာသွားသောထိုနှစ်ယောက်အား ကြည့်နေမိသည်။ မူလက အေးစက်ကာခန့်မှန်း၍မရခဲ့သောလူသတ်နတ်ဘုရားသည် ယခုတွင် ဇနီးဖြစ်သူကို မည်သို့စောင့်ရှောက်ပေးရမည်ကိုသိသော နူးညံ့သည့်ခင်ပွန်းတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။ ကျယ်ရှို့စိတ်လှုပ်ရှားမိ၏။ သူ၏အတွင်းစိတ်မိစ္ဆာများကိုအောင်နိုင်ခဲ့သည့်ပုံပေါ်သည်။ ထိုဘုန်းကြီးသည် အောင်မြင်မှုအသီးအပွင့်ကို မြင်နိုင်ပြီဖြစ်သည်။

"ဘုန်းဘုန်းကျယ်ရှို့က လယ်စိုက်တဲ့နေရာမှာတော်မယ်လို့မထင်ထားဘူး"

စုရွှေလျန်ကပြုံးကာ ဘုရားနောက်မှစိုက်ခင်းကိုကြည့်ပြီး ပြုံးကာ ချီးကျူးလိုက်သည်။

"ဘုရားက ဒီရက်ပိုင်း လာလည်သူတွေအများကြီးရှိတယ်။ သူအားလုံးကို ကိုင်တွယ်နိုင်ပါ့မလား"

"သူက ဘုရားကို သန့်သန့်ရှင်းရှင်းနဲ့ မြင့်မြတ်အောင် ထိန်းသိမ်းထားဖို့ပဲလိုတာ။ ကျန်တာကို ဂရုစိုက်စရာမှမလိုတာ။ အဖေက ရွှယ်ယင်းရဲ့ ကျန်တဲ့လက်အောက်ငယ်သားတွေကိုရှင်းလင်းပြီးနောက်ပိုင်း ဒီနေရာကပိုပြီးငြိမ်းချမ်းလာတာ ကောင်းပါတယ်။ ရုန်မြို့စားနဲ့ ကန်းမင်မြို့စားကိုလည်း ပြန်အစားထိုးပြီးပြီ။ တော်ဝင်အမိန့်အောက်မှာ ဘယ်သူက ဒီနေရာကို ပြဿနာလာမရှာရဲတော့ဘူး"

လင်းစစ်ယောင်က သူမကိုဖက်ကာ ခြံထဲကိုဖြတ်ကာလျှောက်သွားသည်။ ဖြည်းညင်းစွာဖြင့် သူမက ဆယ်နှစ်အတွင်း ယွင်လော့ဘုရား၏ပြောင်းလဲမှုများကို ပြောပြနေသည်။ ၎င်းတို့ ဉယျာဉ်အဆုံးရှိ တစ်ထပ်အိမ်လေးသို့ရောက်သောအခါတွင် ကမ်းပါးသို့ရောက်ပြီဖြစ်၏။ ထိုနေရာမှ ရုန်မြို့တစ်မြို့လုံးကို မြင်နိုင်သည်။ မူလဘုန်းကြီး၏အုတ်ဂူဖြစ်သောကျောက်တိုင်ကိုလည်း ကမ်းပါးတွင် စိုက်ထူးထားသည်။

စုရွှေလျန်က ပေါင်းပင်များမရှိဘဲ ရှင်းလင်းနေသောဂူကိုကြည့်ကာ စိတ်ရှုပ်သွားသည်။

မူလဘုန်းကြီးသည် အားယောင်ကို မကယ်ခဲ့ပါလျှင် အရာအားလုံးသည် ယခုနှင့်ခြားနားနေမည်လော။

"မင်းခေါင်းထဲမှာ ဘာတွေတွေးနေတာလဲ"

သူ၏မျက်ဝန်းနက်တို့က သူမကိုကြည့်သောအချိန်တွင် တောက်ပနေကာ လက်များက သူမနားတွင်ရစ်ပတ်ထား၏။

"မူလဘုန်းကြီးက ရှင့်ကိုကယ်ခဲ့တဲ့အကြောင်းတွေးမိပြီး သူ့ကိုကျေးဇူးတင်နေတာပါ"

သူမကပြုံးလိုက်ပြီး သူ့ကိုကြည့်ရန် ခေါင်းလှည့်လိုက်ကာ ကျယ်ပြန့်ကာနွေးထွေးသောသူ၏လက်ကို ကိုင်ထားလိုက်သည်။

"ဟုတ်တယ်။ ကိုယ့်ကိုကယ်ခဲ့လို့ ကိုယ်လည်း သူ့ကိုကျေးဇူးတင်သင့်တယ်"

သူ၏နှုတ်ခမ်းများကွေးသွားသည်။ သူမအား ရင်ခုန်သွားစေသောအပြုံးတစ်ပွင့်က သူမရှေ့တွင် ထွက်ပေါ်လာသည်။ ဆယ်နှစ်ရှိပြီဖြစ်သော်လည်း သူမ၏နှလုံးသားသည် သူ၏အပြုံးနှင့်ရင်ဆိုင်ရတိုင်း ခုန်မြဲခုန်လျက်ပင်။

"တကယ်တော့ အဲ့အချိန်တုန်းက ကျွန်မမှာ ကိုယ်ပိုင်တွက်ချက်ထားတာရှိပြီးသား"

သူမက မျက်ခွံကိုအောက်ငုံ့လိုက်ကာ ရှက်ရှက်ဖြင့် ဝန်ခံလိုက်သည်။

"ကျွန်မအကြိမ်ပေါင်းများစွာပင်ပန်းခဲ့ပေမဲ့လည်း တရှီတောင်ကနေမထွက်နိုင်ဘူး။ ရှင့်ကိုကယ်ခဲ့တော့ ပထမဆုံးခေါင်းထဲပေါ်လာတဲ့အတွေးက အသက်တစ်သက်ကိုကယ်တာက မျှော်စင်ခုနှစ်ခုဆောက်တာထက် ပိုပြီးတန်ဖိုးရှိတယ်လို့ တွေးနေမိတာမဟုတ်ဘူး။ ကျွန်မသာရှင့်ကိုကယ်နိုင်ရင် ဒီတောင်ကနေထွက်သွားဖို့လမ်းပြခိုင်းရမယ်ဆိုပြီး တွေးနေခဲ့တာ။ ကျွန်မသာတောင်ကနေထွက်လာခဲ့ရင်...ကျွန်မတောင်းပန်ပါတယ်။...ကျွန်မက ကြင်နာတတ်တဲ့သူမဟုတ်ဘူး။ မြတ်စွာဘုရား...ကျွန်မကိုခွင့်လွှတ်ပေးပါ"

စုရွှေလျန်က ခေါင်းငုံ့ကာ လက်အုပ်ချီလိုက်ပြီး ခပ်လှမ်းလှမ်းကိုဦးညွှတ်လိုက်သည်။

"ဟားဟားဟား..."

လင်းစစ်ယောင်က ခေါင်းမော့ကာ ရယ်လိုက်သည်။ သူသည် ထိုသို့သက်တောင့်သက်သာဖြင့်ရယ်မောနိုင်သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ အရာအားလုံးကြောင့်မဟုတ်ပေ။ ဇနီးဖြစ်သူက နောင်တရနေသောကြောင့်ဖြစ်သည်။

“အားယောင်…”

စုရွှေလျန်က ရှက်ရှက်ဖြင့် သူ့ကိုငေးနေသည်။ သူမတောင်းပန်နေသည်ကို သူကရယ်နေခြင်းဖြစ်သည်ကို ရိပ်မိ၏။

"တောင်းပန်ပါတယ်..."

သူက အရယ်ရပ်လိုက်၏။ မျက်လုံးထောင့်မှမျက်ရည်များကိုသုတ်လိုက်သည်။

"ကိုယ်တကယ်ကံကောင်းတာလား"

သူမကိုဖက်ထားလိုက်ပြီး ပို၍ခံစားကောင်းသွား၏။ ထိုအခိုက်အတန့်မှစ၍ သူသည် အမှန်ပင် ပြန်၍ရှင်သန်လာသော လင်းစစ်ယောင်ဖြစ်သည်။

မြတ်စွာဘုရားရှေ့တွင်ရပ်ကာ နေထွက်လာသည်ကိုကြည့်ရင်း နှလုံးသားထဲတွင် နှစ်ပေါင်းများစွာ လေးလံနေခဲ့သောဝန်ထုပ်ဝန်ပိုးအားလုံးသည် နောက်ဆုံးတွင် လွင့်ပါးပျောက်ကွယ်သွားခဲ့လေသည်။

"သွားကြမယ်။ ဘုန်းဘုန်းကျယ်ရှို့ကို ကိုယ်တို့သွားတော့မယ်လို့ သွားပြောရအောင်။ ပြီးရင် မင်းကို ကန်းမင်မြို့ကိုခေါ်သွားမယ်"

လင်းစစ်ယောင်အသက်ရှုထုတ်လိုက်၏။ သူကလှည့်ကာ သူမကိုကြည့်လိုက်ပြီး နှုတ်ခမ်းထက်မှအနမ်းတစ်ပွင့်အား ခိုးယူလိုက်၏။ သူမကိုဖက်ကာ ယွင်လော့ဘုရားဆီသို့ ပြန်သွားကြ၏။

"ကောင်းပြီ။ အားယောင် ကျွန်မတို့ အိမ်ပြန်ရောက်တာနဲ့ တရှီတောင်ကိုသွားလည်ကြမယ်။ ရှောင်ချွမ်၊ ရှောင်ရွှယ်နဲ့ သူတို့ဝံပုလွေပေါက်လေးတွေကို သွားတွေ့ချင်တယ်..."

"ထပ်ပြီး သူတို့စာပဲလား။ သူတို့ဘယ်အချိန်အိမ်ပြန်လာမယ်လို့ပြောလဲ"

ယန်ကျင်းကျီကဆေးခန်းမှအလုပ်များပြီးသည်နှင့် နန်းတော်သို့ပြန်လာသည်။ ချစ်ခင်ပွန်းသည် စားပွဲပေါ်ရှိစာကိုမျက်မှောင်ကြုပ်၍ကြည့်နေသည်ကိုတွေ့လျှင် စုရွှေလျန်နှင့်သူ၏ယောင်္ကျားဆီမှစာဖြစ်ကြောင်း ခန့်မှန်းလိုက်၏။ ထိုအတွဲသည် နေရာမှ ထွက်ခွာသွားကြသည်။ လပေါင်းများစွာကြပြီးနောက်တွင် ပြန်လာမည်ဟု ထင်ခဲ့မိသည်။ မမျှော်လင့်ထားသည်မှာ ၎င်းတို့သွားသည်မှာ နှစ်ဝက်ထက်ပင် ပိုကြာနေပြီဖြစ်သည်။ ၎င်းတို့မြို့တစ်မြို့သို့သွားလည်တိုင်း ကွမ်းချီ အိမ်တော် သို့မဟုတ် ဖုန်းယောင်တရားရုံးသို့ စာပို့တတ်သည်။ သဝန်တို၍သည်မှာလွဲ၍ ၎င်းတို့ကို သူမအားကျမိ၏။ သို့သော် သူမတွင်ရွေးချယ်စရာမရှိပေ။ သူမသည် ဆေးခန်းနှင့်အလုပ်များနေကာ လျန်အိုင်းဇိုင်သည် နန်းတွင်းထဲတွင် အလုပ်ရှုပ်နေရသည်။

"နှစ်သစ်ကူး။ သူတို့ပြောတာတော့ နှစ်သစ်ကူးပြီးရင် အိမ်ပြန်လာမယ်ပြောတယ်။ သူတို့ကို ငါတို့က စိတ်ပူစရာမလိုဘူးတဲ့လေ"

လျန်အန်းဇိုင်ကနှုတ်ခမ်းစူကာ ထိုစကားကို အံကြိတ်ပြီးပြောလိုက်၏။ သူသည်ထိုနှစ်ယောက်အား အနည်းငယ်မျှပင် စိတ်မပူပေ။ သူသည် ဟဲယွမ်၊ ရှီလော့နှင့် ၎င်းတို့ချန်ထားခဲ့သောအလုပ်များကိုသာစိတ်ပူခြင်းဖြစ်သည်။ ၎င်းတို့တာဝန်များကိုထမ်းဆောင်ရန် လက်ထောက်များကိုလေ့ကျင့်ပေးခဲ့ပါသော်လည်း သူသည် တစ်နှစ်ခန့်စိတ်ပူစရာမလိုခဲ့ကာ ၎င်းတို့သည် တစ်နှစ်လုံး ထိုသို့ခရီးထွက်နေသည်မှာမူ မည်သို့ဖြစ်နိုင်မည်နည်း။ သူသည် တရှီတွင်နေခဲ့ရကာ မပြီးဆုံးနိုင်သောအလုပ်များကို အပြီးသတ်နေရသည်မဟုတ်လော? အဘယ့်ကြောင့်ပါသနည်း။

"နှစ်သစ်ကူးမှပဲ သူတို့ကိုတွေ့နိုင်တော့မဲ့ပုံပဲ"

ယန်ကျင်းကျီခေါင်းရမ်းကာ သက်ပြင်းချလိုက်၏။

"ယောင်္ကျား ကျွန်မတို့ရော သူတို့နောက် လိုက်လို့ရလား"

သူမက သူ့ပေါင်ပေါ်တွင်ထိုင်ကာ ခေါင်းကို ရင်ခွင်ကျယ်ကြီးထဲတွင်မှီရင်းဖြင့် သူမ၏မွှေးကြိုင်သောအသက်ရှုငွေ့လေးကို မှုတ်ထုတ်လိုက်သည်။

"နှစ်နှစ်လောက်ထပ်စောင့်ပါဦး။ ရှီအာ အသက်(၁၅)နှစ်ရောက်ရင် ငါတို့သွားကြမယ်။ အင်း။ သူတို့သားကို အလုပ်ပိုကြိုးစားခိုင်းရမယ်"

လျန်အန်းဇိုင်က နှာခေါင်းရှုတ်လိုက်သည်။ သူသည် သူမကို ရယ်မောစေကာ ရင်ခွင်ထဲတွင် ထည့်ထားလိုက်၏။

"သူက ရှင့်တူလေ"

"အဲ့လိုဆို တစ်ယောက်က ငါ့ညီမ နောက်တစ်ယောက်က ငါ့ယောက်ဖပဲလေ"

လျန်အန်းဇိုင်က ဒေါသတကြီးဖြင့် ညီးတွားလိုက်သည်။ သူသည် ထိုအခွင့်အရေးကိုယူကာ သူမ၏အင်္ကျီကို ခပ်ကျယ်ကျယ်ဖွင့်လိုက်ပြီး သူ၏မျက်နှာအား သူမ၏ပြည့်ဖြိုးနေသောရင်လွှာထဲသို့ တိုးဝင်လိုက်သည်။

"မိန်းမ ငါတို့လုပ်ပြီးတာ ရက်အတော်တောင်ကြာပြီ။ ဒီညတော့ မင်းငါ့ကို တားဖို့ ခွင့်မပြုနိုင်တော့ဘူး..."

"ကောင်းပါပြီ..."

သူမက ချိုသာစွာ ပြုံးပြလိုက်၏။ သူမအတွေးသည်လည်း အတူတူပင် မဟုတ်ပါလော...?

Main Story ပြီးပါပြီ။ အချပ်ပို ဆက်လာပါမယ်။

အဆုံးထိလိုက်ပါအားပေးခဲ့ကြတဲ့ စာဖတ်သူတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

BLACK PEARL TRANSLATION

All Chapters