← Chapters

ထျန်းယို့လမ်းတွင်တွေ့ဆုံခြင်း

Vol. 5 Ch. 121

ထျန်းယို့လမ်းတွင်တွေ့ဆုံခြင်း

Vol. 5 Ch. 121

နန်းမြို့တော်တွင် ထျန်းယို့သည် လူအရှုပ်ဆုံးလမ်းဖြစ်သည်။ ဆိုင်များသည် လမ်း၏ဘေးတစ်ဖက်တစ်ချက်စီတွင် ပူးကပ်နေကြသည်။

ထိုနေ့သည် (၇)ရက်မြောက်နေ့ဖြစ်သော်လည်း လမ်းပေါ်တွင် လှည့်လည်နေသည့်အစောင့်များမရှိတော့ဘဲ ပတ်ဝန်းကျင်သည် လှုပ်ရှားသက်ဝင်နေပြီဖြစ်သည်။ သို့သော်လည်း ဂရုတစိုက် လေ့လာကြည့်လိုက်လျှင်မူ လူများသည် ထောင့်တိုင်းတွင် ထူးဆန့်သည့်အငွေ့အသက်အား ခံစားနိုင်ပေသည်။

မွန်းလွဲပိုင်း စားသောက်ဆိုင်တစ်ခု၏လိုက်ကာနောက်ကွယ်၌

"ဟေ့ လူတွေ... မင်းကြီးက သူ့ဆုံးဖြတ်ချက်ကို နောင်တရနေတယ်လို့မထင်ဘူးလား။ သူက တတိယမင်းသမီးကို ပန်းထိုးဘောလုံးပစ်ပြီး သတို့သားမရွေးချယ်စေချင်ဘူးလေ။ ဒါပေမဲ့ မျက်နှာမပျက်ချင်တာကြောင့်များ သူက..."

"ရှူး...မင်း ခေါင်းပြတ်ချင်ပြီလား။ မင်းကြီးအကြောင်းကို ဒီလိုမျိုးပြောရဲတယ်ပေါ့လေ"

"ငါမှားလို့လား။ မင်းကြီးလည်း လူပဲလေ။ ဘယ်လိုလုပ် သူ့စကားကို မတည်ပဲ နေနိုင်မှာလဲ"

"နန်းတော်က တောင်းပန်ခဲ့တယ်မလား။ သူတို့က ဂရုစိုက်ရမဲ့နိုင်ငံရေးကိစ္စတစ်ခုရှိသေးလို့လို့ ပြောသွားတယ်လေ။ မင်းကြီးက မွေးနေ့ပွဲနဲ့ သတို့သားလောင်ရွေးချယ်ပွဲကို မနေ့က ဖျက်သိမ်းဖို့ ဆုံးဖြတ်တဲ့အချိန်တုန်းက ဝန်လေးနေခဲ့တာ"

"တောင်းပန်ခဲ့တယ်တဲ့လား။ အဟက် သုံးနှစ်သားကလေးနဲ့ မင်းဘဲ လိမ်ရလွယ်လိုက်တာ။ မင်းကြီးက တတိယမင်းသမီးကို ငါတို့လို သာမန်လူတွေနဲ့ လက်မထပ်စေချင်လို့ စဉ်းစားလိုက်တာနေမှာပါ"

"မင်းကြီးက စစ်ရေးပြပွဲတစ်ခု ကျင်းပချင်နေတာလို့ ငါကြားထားတယ်။ ယှဉ်ပြိုင်ပွဲမှာနိုင်တဲ့ဘယ်သူမဆို မင်းသမီးကို လက်ထပ်နိုင်မယ်တဲ့လေ"

"တကယ်လား။ ဘယ်ကကြားခဲ့တာလဲ"

"နန်းတော်ထဲက ဒီမနက်စောစောကပဲ။ ငါ့မိန်းမရဲ့အစ်ကိုမှာ နန်းတော်ထဲမှာ အလုပ်လုပ်နေတဲ့ယောက်ဖတစ်ယောက်ရှိတယ်လေ"

"အဲ့လိုဆိုရင်တောင်မှ ရှစ်ဆယ် ကိုးဆယ်ရာခိုင်နှုန်းလောက် မှန်နိုင်မှာတဲ့လား"

"မှန်တယ်ဆိုရင်ရော ဘာဖြစ်လဲ။ သူတို့ပြောတာတော့ မျှတတဲ့ပြိုင်ပွဲဖြစ်သင့်တယ်လို့ပြောပေမဲ့ ကြိုပြီးတစ်ခုခုစီစဉ်ထားနိုင်မယ်ဆိုတာ ဘယ်သူသိမှာလဲ"

"ကောင်းပြီ။ ရိုးရှင်းတဲ့လေ့ကျင့်ခန်းလောက်ပဲလည်း ဖြစ်နိုင်တယ်လေ။ ငါတောင် ကံကောင်းတဲ့သူဖြစ်နိုင်သေးတာပဲ"

"အင်း မင်းက ပထမအချီမှာတင် ဖယ်ခံရလိမ့်မယ်လို့ ငါထင်တာပဲ"

"ဘာလဲ။ မင်းက ငါ့ကိုအထင်သေးတာလား"

"မဟုတ်ပါဘူး။ ငါမင်းကိုအထင်မသေးပါဘူး။ မင်းအသွင်အပြင်က အရမ်းမသတီစရာကောင်းနေလို့ပါ။ မင်းသမီးရဲ့သားမက်လောင်းဆိုတာ မကြာခဏနန်းမြို့တော်ကို သွားလည်ရမှာပေါ့။ မင်းပုံစံမင်းလည်း ပြန်ကြည့်ပါဦး ဟားဟားဟား..."

"မင်းက အခြားသူတွေကို လက်ညှိုးထိုးနေတာပဲ။ မင်းက အရမ်းတော်နေတယ်လို့ထင်ရင် မင်းစမ်းကြည့်ပါ့လား။ သတ္တိကြောင်တဲ့ကောင်"

"မင်း ကောင်းပြီ။ ငါစမ်းကြည့်တာပေါ့။ ငါက စာပေမှာလည်းထူးချွန်းပြီး သိုင်းလည်းတော်တယ်။ ဘာလို့ ဒီလိုမျိုး အသေးအဖွဲပွဲလိုကို ကြောက်နေရမှာလဲ"

"ဆက်ကြွားနေလိုက်"

"ငါ့ကိုမယုံဘူးလား..."

...

" ဖန်းလော့မြို့ထက် ပိုပြီးလူရှုပ်တာပဲ"

စုရွှေလျန်သည် လက်ဖက်ရည်ဆိုင်၏ဒုတိယအထပ်တွင် ထိုင်နေသည်။ သူမသည် လူရှုပ်လှသောလမ်းမကို ငုံ့ကြည့်နေကာ နူးညံ့သောအပြုံးလေးဖြင့် မှတ်ချက်ပေးလိုက်သည်။

"ဖုန်းချန်မှာ နေတဲ့သူတွေ ပိုများတယ်။ နေတဲ့သူတွေကိုရေတွက်ကြည့်ရင်ကို ဖန်းလော့မြို့ထက် ခုနှစ်ဆ ရှစ်ဆလောက် ပိုများတယ်။ နေ့တိုင်းလာလည်တဲ့ဧည့်သည်တွေမပြောနဲ့ဦး။ နန်းတော်ကို ဖယ်ထားရင်တောင်မှ ဖုန်းချန်က ဖန်းလော့မြို့ လေးငါးမြို့စာရှိတယ်။ တစ်ဝက်လောက်ကို အရာရှိတွေ မင်းမျိုးမင်းနွယ်တွေရဲ့အိမ်တော်တွေက နေရာယူထားလို့ ဒီကအများကြီးပိုပြီးလူစည်နေရတာ"

လျန်အန်းဇိုင်က သူမ၏ဆန့်ကျင်ဘက်တွင် ထိုင်နေသည်။ သူသည် လမ်းကိုငုံ့ကြည့်ကာ အပြုံးလေးဖြင့် ရှင်းပြနေသည်။

ယနေ့တွင် သူသည် ဖခင်ဖြစ်သူဆီမှ ညီမနှင့်ယောက်ဖအား ထျန်းယို့လမ်းသို့ခေါ်သွားရမည်ဟု ဖခင်ဖြစ်သူဆီမှ အမိန့်ရထားသည်။ မနေ့ကဖြစ်ခဲ့သောကိစ္စများကြောင့် ၎င်းတို့အား တစ်နေကုန်ဒုက္ခပေးမိကာ ဝေးလှသောနေရာမှလာသော လင်းစစ်ယောင်တို့အား ကောင်းစွာဧည့်မခံခဲ့ရပေ။

"ကံကောင်းလို့ ရှောင်အာနဲ့ လုံအာကို မခေါ်ခဲ့ရတာ။ ဒီမှာဆူညံနေတာပဲ"

စုရွှေလျန်ကပြုံးကာ ခေါင်းရမ်းလိုက်သည်။ အမွှာလေးများသည် ငါးလသားမျှပင်ရှိကြသေးသည်။ ၎င်းတို့အား ထိုမျှလူရှုပ်ကာ ဆူညံသောနန်းမြို့တော်ဆီသို့ ခေါ်သွားရန် မသင့်လျော်ပါ။ သူမသည် လင်းစစ်ယောင်နှင့်အတူ ကလေးများအား ကြည့်ပေးနေရသော စစ်ထူယွင်ကိုသာ သနားမိသည်။

"အစ်ကိုကြီး မနက်ဖြန်ကျရင် ကျွန်မတို့ ဖန်းဟွာမြို့ကို ပြန်တော့မယ်"

စုရွှေလျန်က မြို့၏အထူးအကောင်းစားလက်ဖက်ရည်အား တစ်ကျိုက်သောက်လိုက်ကာ လျန်အန်းဇိုင်အား ပြောလိုက်သည်။

"မနက်ဖြန်သွားကြတော့မလို့လား။ ဘာလို့ရက်အကြာကြီးမနေကြတာလဲ။ အမေက မင်းကိုအကြာကြီးသတိရနေခဲ့ရတာ။ စံအိမ်က တစ်ယောက်ယောက်ကများ မင်းကိုစော်ကားလို့လား"

လျန်အန်းဇိုင်မျက်မှောင်ကြုတ်ကာမေးလိုက်သည်။

လွန်ခဲ့သောနှစ်နှစ်ခန့်က လူများသည် အန်းရှုမှာ ဦးရီးတော်၏သမီးအရင်းဖြစ်သည်ကို မသိကြသောကြောင့် ကိုယ်လုပ်တော်၏သမီးများကရောက်လာကာ သူမအား အနိုင်ကျင့်ကြသည်။ ယခုတွင် သူမ၏အစစ်အမှန်အား ကြေညာပြီးဖြစ်သော်လည်း အနိုင်ကျင့်မှုများအား ရပ်တန့်နိုင်ပြီဟု မဆိုလိုပါ။ မင်းမျိုးမင်းနွယ်များ၏ ဇနီးများနှင့် ကိုယ်လုပ်တော်ကြားမှတိုက်ပွဲသည် မည်သည့်အခါမျှ ရပ်တန့်လိမ့်မည်မဟုတ်ပေ။

"အဲ့လိုကြောင့်မဟုတ်ပါဘူး။ အိမ်ပြန်ပြီး လုပ်စရာတွေအများကြီးရှိသေးလို့ပါ။ အကြာကြီး အချိန်ဆွဲနေလို့မကောင်းလို့ပါ"

စုရွှေလျန်က ခပ်ရေးရေးလေးပြုံးကာ အစ်ကိုဖြစ်သူ၏ဖိတ်ကြားမှုအား ငြင်းပယ်လိုက်သည်။ အမှန်တွင် သူမနှင့် ဝမ်ရယ်စံအိမ်ကြားမှ ဆက်ဆံရေးသည် မရှုပ်ထွေးပေ။ ၎င်းတို့ကြားမှဆက်ဆံရေးသည် စုရွှေလျန်၏မူလခန္ဓာကိုယ်ပိုင်ရှင်မိန်းကလေးသာဖြစ်သည်။ စံအိမ်ထဲရှိရှုပ်ထွေးလှသောစည်းမျဉ်းစည်းကမ်းများက သူမအား ကလေးများကိုစောင့်ရှောက်ရာတွင် ခဲယဉ်းအောင်လုပ်နေပေသည်။ သူမအား လာ၍စကားပြောကြသောကိုယ်လုပ်တော်များကြောင့်သာမဟုတ်လျှင် အခြားသောညီအစ်မများကလည်း လာ၍စကားပြောကြပေဦးမည်။

"စကားများချဉ်လာသောအခါတွင် ထပ်ပြောသောစကားများက အဓိပ္ပာယ်မရှိဖြစ်လာသည်"ဟူသော ဆိုရိုးစကားရှိသည်။ သို့သော်လည်း ထိုဆိုရိုးသည် ကိုယ်လုပ်တော်များနှင့်ညီအစ်မများအတွက် အသုံးဝင်သည့်ပုံမပေါ်ပါ။ ၎င်းတို့တွင် ပြောစရာမရှိလျှင်ပင် မလိုအပ်သောပုံပြင်များကိုတူးဆွကာ အချိန်ဖြုန်းနေတတ်ကြသည်။ ထိုသို့သောဘဝနေထိုင်မှုပုံစံသည် သူမအား များစွာခေါင်းကိုက်စေသည်။

စုရွှေလျန်သည် စုအိမ်တော်တွင် ထိုသို့သောအခြေအနေမျိုးအား မည်သို့ဖြေရှင်းခဲ့ရသည်ကို မမှတ်မိတော့ပေ။ ထိုအချိန်တွင် သူမတွင် ကိုယ်လုပ်တော်တစ်ယောက်နှင့်ညီအစ်မတစ်ယောက်သာရှိသည်။ ယခုတွင် လက်ထပ်ပြီးသောအစ်မ(၅)အပါအဝင် ကိုယ်လုပ်တော်(၇)ယောက်နှင့် သမီး(၈)ယောက်ရှိနေသည်။

"ဖန်းဟွာမြို့မှာ ဒီလိုကိစ္စမျိုး ဘယ်နှစ်ခုလောက်များဖြစ်နိုင်မှာလဲ။ အဲ့တာအပြင် ရှောင်းဟန်နဲ့သူ့မိန်းမက သူတို့ကို ဖြေရှင်းနိုင်တာပဲ။ စိတ်ပူစရာမလိုပါဘူး"

သူမထွက်သွားလျှင် လင်းစစ်ယောင်ကဲ့သို့ ထူးချွန်လှသောအပေါင်းအဖော်အား မည်သည့်နေရာတွင် သွားရှာရမည်နည်း။

ယမန်နေ့ အိပ်ရာမဝင်ခင်တွင် သူ့တွင် ဘာမျှလုပ်စရာမရှိပေ။ ထို့ကြောင့် လင်းစစ်ယောင်ကို လေ့ကျင့်ရေးကွင်းဆီသို့ဆွဲခေါ်ကာ သူအား အကျိူးရှိစေမည့်သိုင်းပညာများကို လေ့ကျင့်စေသည်။ လျန်အန်းဇိုင်တစ်ယောက် စိတ်လှုပ်ရှားခဲ့ရသည်။ လင်းစစ်ယောင်ထိုတွင်နေစဉ်အတွင်း ပို၍လေ့ကျင့်မည်ဟု စီစဉ်ထားခဲ့သည်။ ၎င်းတို့ထိုမျှမြန်မြန်ပြန်လိမ့်မည်ဟု ထင်မထားခဲ့ပေ။

"အစ်ကိုကြီး ညီမက လက်ထပ်ပြီးပြီ။ ဝမ်ရယ်စံအိမ်က အမေ့အိမ်ဆိုပေမဲ့လို့ ဘယ်လိုလုပ် အကြာကြီးဒီမှာနေနိုင်မှာလဲ"

စုရွှေလျန်က ရယ်လိုက်ကာ စိတ်ပျက်နေသောမျက်နှာပေးဖြင့် လျန်အန်းဇိုင်အား ရှင်းပြနေသည်။

"ကောင်းပြီ။ ငါနားလည်ပါတယ်။ မင်းက မင်းစိတ်ထဲရှိတဲ့အတိုင်းပဲလုပ်တတ်တာ။ မင်းမှာ အဖေ၊ အမေနဲ့ ငါ့အတွက်တော့ အခန်းမလောက်ဘူးမလား"

စုရွှေလျန်တစ်ယောက် ပြောစရာစကားမဲ့သွားသည်။ သူမသိသော လျန်အန်းဇိုင်သည် သိမ်မွေ့ကာ စိတ်သဘောထားကြီးသောသူမျိုးမဟုတ်လော။

"သူ့ကို စိတ်ထဲမထားနဲ့။ ကိုယ်တို့ လမ်းဆင်းလျှောက်ကြမယ်"

လင်းစစ်ယောင်ကခေါင်းမော့ကာ လှေကားပေါ်မှတက်လာရင်း ဇနီးသည်အား အားပေးထောက်ခံလိုက်သည်။

"ဟေး ဟေး ဟေး ဘာပဲဖြစ်ဖြစ် ငါက မင်းအစ်ကိုကြီးလေ။ အကြီးတွေကို မလေးမစားမလုပ်နဲ့"

ကံကောင်းစွာဖြင့် သူသည် လူကြီးလူကောင်းတစ်ယောက်ဖြစ်နေသေးသည်။ သူ၏လက်ရှိအခြေအနေအားလက်ခံခါနီးတွင် ထိုသူအား လင်းစစ်ယောင်က မျက်လုံးထဲတွင်ပင် မထည့်ပေ။ ထိုအချင်းအရာက သူ့အား လွန်စွာဒေါသထွက်စေသော်လည်း စိတ်ထဲတွင်သာသိမ်းထားလိုက်သည်။

ထို့အပြင် သူနှင့်ရန်ဖြစ်တတ်သော လုံရှီရွှယ်သည်လည်း သမားတော်အိုးယန်နှင့်အတူ သွေးတပ်ဖွဲ့ဆီသို့ လိုက်ပါသွားသည်။ ယခုတွင် ညီမဖြစ်သူသည်ပါ နေရပ်သို့ပြန်တော့မည်ဖြစ်သောကြောင့် အကူအညီမဲ့နေရှာပေသည်။ သူသည် ရုတ်တရက် အနာဂတ်နှင့်နန်းမြို့တော်အကြောင့် စိတ်ဝင်စားမှုနည်းပါးသွားသည်။ သူ၏စိတ်အားထက်သန်မှုအား ပိတ်ပင်ထားသကဲ့သို့ ဖြစ်စေသည်။

ယောက်ဖဖြစ်သူသည် စစ်သည်များကိုလည်း ကူကာတိုက်ပေးခဲ့သည်။ ထို့ကြောင့် မနက်ဖြန်တွင်မှ သူသည် သွေးတပ်ဖွဲ့ဆီသို့ထွက်ခွာကာ ထိုမိန်းကလေးအား လိုက်ရှာပြီး သူမနှင့် ရန်သတ်ရပေဦးမည်။ သူ၏တည်ရှိမှုအား သူမအား အတည်ပေးရပေမည်။ သူမသည် ထိုသူ၏အပိုင်ဖြစ်ပါသော်လည်း သူ၏စိတ်ထဲတွင် ထိုအကြောင်းအား စောစီးစွာ ဝန်မခံချင်သေးပေ။

"အားယောင် ဖန်းလော့မြို့မှာမရှိတဲ့ဟာတွေ ဒီမှာရှိတယ်။ အိမ်နီးချင်းတွေနဲ့သူငယ်ချင်းတွေကိုပေးဖို့ နည်းနည်းလောက်ဝယ်သွားသင့်တယ်မလား"

စုရွှေလျန်က ဆိုင်များတွင်ခင်းကျင်းထားသော ပိတ်စများ၊ အလှဆင်ပစ္စည်းများနှင့် အဆင်တန်ဆာများကို မျက်စိကျနေသည်။ ၎င်းတို့သည် လှပပါသော်လည်း ဈေးမကြီးကြပေ။ အမှတ်တရပစ္စည်းအဖြစ်ဝယ်သွားရန် သင့်လျော်ပေသည်။

"ကောင်းပြီ"

လင်းစစ်ယောင်ကခေါင်းညိတ်ပြလိုက်သည်။ သူမသည် ထိုသို့လှပသောလက်မှုပစ္စည်းလေးများအား စုဆောင်းရသည်ကို နှစ်သက်ပေသည်။ မည်သည့်ရည်ရွယ်ချက်ဖြင့် ထိုသို့ပစ္စည်းမျိုးအား စင်ပေါ်တွင်တင်ထားရသည်ကိုမူ သူမသိပေ။

သို့သော်လည်း သူမနှစ်သက်နေလျှင်အဆင်ပြေပေသည်။

သူမက လှပကာထူးခြားသောအဆင်တန်ဆာများရောင်းချသည့်ဆိုင်ရှေ့တွင်ရပ်လိုက်သည်။ သူက သူမ၏လက်ကိုဆွဲခေါ်ကာ သူမစိတ်ကျေနပ်စေမည့်ပစ္စည်းများကို ရွေးယူခွင့်ပေးလေသည်။

"ဒီဆံထိုးလေးက လှလိုက်တာ..ဒီခွက်လေးကရော ချစ်စရာလေး... ဒီအသည်းပုံနားဆွဲလေးကိုလည်းကြည့်ပါဦး..."

စုရွှေလျန်က အဆက်မပြတ်သဘောကျနေရှာသည်။ သူမသည် ဆိုင်တွင်လျှောက်ပတ်ကြည့်နေသည်။ ဆိုင်ရှင်အားခေါ်ခါနီးတွင်ပင် ပစ္စည်းဆယ်မျိုးခန့်ရွေးချယ်ပြီးဖြစ်သည်။ ထိုအချိန်တွင်တစ်ယောက်ယောက်က သူမအားခေါ်လိုက်သည်ကို ကြားလိုက်ရသည်။

“ရွှေလျန်!”

မိန်းကလေးအသံသည် ပြတ်သားကာ သူမနားထဲတွင်ရင်းနှီးနေသည်။

“ရှီရွှယ်!!!”

စုရွှေလျန်က သူမ၏ပါးစပ်ကိုပင် မပိတ်နိုင်ပေ။ လုံရှီရွှယ်ပင်ဖြစ်သည်။ သာမန်ဆိုင်ပိုင်ရှင်ပုံစံဝတ်စားထားသူမှာ လုံရှီရွှယ်ဖြစ်ကာ မနေ့ကပင်နန်းမြို့တော်မှပျောက်သွားသောသူဖြစ်သည်။

"မင်း...မင်း...မင်းကို သွေးတပ်ဖွဲ့က ကယ်သွားတယ်လို့ကြားတာ။ ဘာလို့ ဒီမှာရှိနေရတာလဲ။ ဘာလို့ဆိုင်ရှင်ပုံစံဖြစ်နေရတာလဲ"

"ပြောရရင်အရှည်ကြီးပဲ။ အထဲဝင်ပြီးပြောကြမယ်"

လုံရှီရွှယ်က သူမ၏လက်ထောက် ချင်းလန်ကိုခေါ်ကာ ဆိုင်ကိုစောင့်ကြည့်စေသည်။ စုရွှေလျန်အား ဆိုင်ထဲရှိအခန်းထဲသို့ ဆွဲခေါ်သွားသည်။

"သခင်လေး။ သခင်လေးရဲ့ ဇနီးကိုခဏလောက်ခေါ်သွားလို့ရတယ်မလား။ စိတ်မပူပါနဲ့။ အများဆုံးတစ်နာရီပါပဲ"

လုံရှီရွှယ်က အခန်းထဲသို့ လိုက်ဝင်တော့မည့် လင်းစစ်ယောင်ကိုပြောလိုက်သည်။ ထို့နောက် သူမသည် သူ၏ရှေ့မှလိုက်ကာကိုဆွဲလိုက်ကာ သူမနှင့်စုရွှေလျန်အား သူ၏မြင်ကွင်းမှ ပိတ်ပင်ထားလိုက်သည်။

လင်းစစ်ယောင်က လိုက်ကာအား အချိန်ကြာမြင့်စွာကြည့်နေကာ အမျိုးသမီးနှစ်ဦး၏တီးတိုးရယ်သံအား အတည်ပြုလိုက်သည်။ ထို့နောက်တွင်မှအပြင်သို့ ပြန်သွားကာ အပြင်မှစောင့်ကြည့်နေသည်။ ထိုသို့ဖြင့် အခန်းထဲမှအသံများအား အတည်ပြုနိုင်ပေသည်။

...

"လမ်းပေါ်မှာ ပတ်နေတဲ့အစောင့်တွေမရှိတော့ဘူးလား"

ထိုင်လိုက်မိသောအခါတွင်မှ စုရွှေလျန်က လုံရှီရွှယ်အား မေးလိုက်သည်။ နန်းတွင်းထဲမှပျောက်သွားသောသူသည် မည်သို့ဖြင့် လူရှုပ်သောလမ်းပေါ်တွင် လွတ်လပ်စွာသွားလာနေပါသနည်း။

"အဆင်ပြေပါတယ်။ လုံရှီရွှယ်က သမားတော် အိုးနောက်လိုက်သွားပြီ။ အခုမင်းရှေ့မှာထိုင်နေတဲ့သူက ကျန်းယပွဲ့ကြည့်စင်ရဲ့ ဆိုင်ပိုင်ရှင်ယန်ကျင်းကျီ"

၂၁ရာစုနှစ်က သူ့နာမည်အရင်းဖြစ်သည်။ ၁၀နှစ်ကြာပြီးနောက်တွင် ထိုနာမည်အား ပြန်သုံးရန် အခွင့်အရေးရခဲ့ခြင်းဖြစ်သည်။ ယခုတွင် သူမသည် လုံရှီရွှယ်မဟုတ်တော့ပေ။ နန်းတော်ထဲမှသူသည် သူမအားရှာတွေ့သွားမည်ကို မကြောက်ပေ။

"ဒါပေမဲ့ မင်းနဲ့ ချင်းလန်က ထျန်းယို့လမ်းပေါ်မှာပေါ်လာတော့....။

သူမသည် အခြားနာမည်တစ်ခုဖြင့် နေနိုင်သည်ဆိုလျှင်ပင် တစ်နေရာရာသို့ ပြောင်းရွှေ့နေနိုင်သည်ကု ပိုကောင်းမည်။ မင်းကြီး၏မျက်စိရှေ့တွင်ပင် ဆိုင်ဖွင့်ထားရဲသေးသည်။ လုံရှီရွှယ် သတ္တိရှိလှပေသည်။

"စိတ်မပူပါနဲ့။ အဲ့နေ့တွေတုန်းက မင်းကြီးနဲ့ငါရင်ဆိုင်ဖို့အချိန်မရလိုက်ဘူး။ ဒီမှာလည်းလုပ်ပြီးတာနဲ့ နန်းမြို့တော်ကနေ တန်းထွက်သွားမှာ"

"ဘာကိစ္စဖြစ်တာလဲ။ ငါ့အကူအညီလိုသေးလား"

"အခုတော့ မလိုသေးဘူး။ ဒါပေမဲ့ ထပ်ပြီးတွေ့ကြပြီဆိုတော့ ရေစက်ရှိလို့ပေါ့။ ငါစိတ်ပိုင်းဖြတ်ပြီးပြီ။ ဒီကနေထွက်သွားရင် ဖန်းလော့မြို့မှာလာပြီး အခြေချမယ်။ နင့်အိမ်မှာအခန်းတစ်ခန်းလောက်ပေးရင်တော့ အကောင်းဆုံးပေါ့။ အဲ့လိုဆို ကလေးတွေကို အချိန်မရွေးကြည့်လို့ရတယ်။ ဘာပဲဖြစ်ဖြစ် ငါနင့်ကို ကူညီခဲ့တာပဲ။ ငါက သူတို့ရဲ့ခေါင်းကိုင်အမေလုပ်မယ်။ ဘယ်လိုလဲ"

ယန်ကျင်းကျီ က နှစ်ခွန်းသုံးခွန်းမျှရှင်းပြပြီးနောက်တွင် ခေါင်းစဥ်ပြောင်းသွားလေသည်။ စုရွှေလျန် ကြောင်သွားကာ ရယ်ရမည်ငိုရမည်ကိုပင် မသိတော့ပေ။

"အဲ့လောက်အလောကြီးစရာမလိုပါဘူး။ ဖန်းဟွာမြို့ကိုပြောင်းပြီးမှဆက်ျပြာကြတာပေါ့"

"ငါသိပြီ။ ငါ့ဆရာ...အဲ့လူအိုကြီး...အင်း သူက တဟွေ့ပိုင်နက်ထဲကို သူ့တစ်သက်လုံး ဘယ်တော့မှပြန်လာတော့မှာမဟုတ်ဘူး။ ငါပဲဒီမှာကျန်ခဲ့တာ။ ဆွေမျိုးလည်းမရှိဘူး။ နင်တစ်ယောက်တည်းပဲသိတာ..."

“သမားတော်အိုးယန် သူက…”

“... ရှူပ်သွားပြီ...”

***

All Chapters