ယန်ကျင်းကျီ
Vol. 5 Ch. 122
"မမျှော်လင့်ထားတာပဲ"
သမားတော်အိုးသည် လုံရှီရွှယ်အား တတိယမင်းသမီးကိုယ်စား ပန်းထိုးဘောလုံးပစ်ရမည်ဆိုသော ဧကရာဇ်၏အကြံအား ငြင်းဆန်ခဲ့သောဖမ်းခံရခြင်းဖြစ်သည်ကို ယန်ကျင်းကျီမှ စုရွှေလျန်အား ရှင်းပြသောကြောင့် နားလည်သွားပေသည်။ သူသည် မင်းကြီးအား ပြင်းထန်သောစကားလုံးများ ကန့်ကွက်ခဲ့သောကြောင့် နေရာတွင်ပင် အပြစ်ပေးခံခဲ့ရပေသည်။
"သူက လုံအိမ်ရဲ့မျိုးဆက်ကို ကာကွယ်ဖို့ လုပ်ခဲ့ရုံတင်ပါ။ ငါက သူမဟုတ်တော့ဘူးဆိုတာတော့ သူမသိရှာဘူး"
ယန်ကျင်းကျီ၏အသံက စူးရှအက်ကွဲနေသည်။
"ရှီရွှယ်... တောင်းပန်ပါတယ် ကျင်းကျီ..."
စုရွှေလျန်သည် သူမအား မည်သို့နှစ်သိမ့်ပေးရမည်ကို မသိတော့ပေ။ သူမသည် လုံရှီရွှယ်၏စိတ်အား ထပ်တူခံစားမိပေသည်။
"ဟ ငါကသက်ပြင်းချမိယုံတင်ပါ။ ဒီလိုဖြစ်လာခဲ့တာနစ်တွေအများကြီးကြာပြီ။ ငါနေသားကျနေပါပြီ"
ယန်ကျင်းကျီက ပုခုံးတွန့်ပြလိုက်ကာ မျက်ဝန်းထဲမှ အထီးကျန်မှုများကို ဖုံးကွယ်ထားလိုက်သည်။
"အဲ့လိုဆို သမားတော်အိုးယန်က နင့်ကိုဒီမှာနေဖို့ခွင့်ပြုခဲ့တယ်ပေါ့"
သူသည် သူမအား ကာကွယ်ချင်ခဲ့သောကြောင့် ယခုနေရာတွင် မည်သို့နေခွင့်ပြုမည်နည်း။
"သွေးတပ်ဖွဲ့ရဲ့မင်းကြီးက သူ့ကို နန်းတွင်းသမားတော်အဖြစ်အလုပ်လုပ်ဖို့ နန်းတော်ကို ပြန်ခေါ်သွားတယ်။ ငါက ဘာလို့ သူ့နောက်ကို လိုက်သွားရမှာလဲ။ အဲ့တာအပြင် ငါက ဒီနန်းတော်ထဲကဘဝဆီကနေ ရုန်းထွက်ချင်နောတ။ ငါ့ဆရာလေ...အိုက်ယား ဒါပေမဲ့လို့ အခုလိုမျိုး ရွှေအခွင့်အရေးနဲ့ဆိုရင် လွတ်လပ်မှုကို ငါရွေးချယ်နိုင်ပြီလေ"
ယန်ကျင်းကျီက ပြုံးကာ ပြောလိုက်သည်။
"နန်းတော်ထဲက လွတ်နိုင်တယ်ဆိုရင်တောင်မှ နင်က ဆရာဝန်တစ်ယောက်ပဲလေ။ ဘာလို့ အသုံးအဆောင်ပစ္စည်းဆိုင်ဖွ့င်ဖို့ ဆုံးဖြတ်ခဲ့ရတာလဲ။ ဘာလို့ ဆေးဆိုင်မဖွင့်တာလဲ"
ဆိုင်ထဲတွင်ရှိသောပစ္စည်းများသည် လှပထူးဆန်းကာ သူမသည်ပင် လက်ထဲကပြန်မချချင်ပါ။ သို့သော်လည်း ထိုအလုပ်သည် လုံရှီရွှယ်အား ပြည့်စုံစေသောအလုပ်မျိုးမဖြစ်သင့်ပေ။
"ငါဒီဆိုင်လေးကို ဖွင့်ထားတာ နှစ်အတော်ကြာပြီ။အဲ့အချိန်တုန်းက ငါက နန်းတော်အပြင်ဘက်မှာ အနားယူမဲ့နေရာလေးတစ်ခုလိုချင်ခဲ့တာ။ ငါသာ ဆေးဆိုင်ဖွင့်ခဲ့ရင် သုံးလေးရက်နေလို့ ပိတ်လိုက်ရင် ဘယ်လိုဖြစ်သွားမလဲ။ အဲ့တာအပြင် နန်းတော်ထဲက တစ်ယောက်ယောက်ကသာ ဒီအကြောင်းသိသွားရင် မကောင်းဘူးလေ။ နင်ယုံမှာမဟုတ်ဘူးဆိုပေမဲ့ ဒီဆိုင်ထဲကပစ္စည်းအားလုံးကို ချင်းလန်နဲ့ ငါလုပ်ထားတာ။ ဒီကြွေထည်ခွက်တွေပန်းကန်တွေကိုလည်း ကြွေထည်အလုပ်ရုံဆီကနေ လုပ်နည်းသင်ထားတာ။ ဒီပုလဲ၊ ငွေနဲ့ ကျောက်စိမ်းလက်ဝတ်လက်စားတွေအားလုံးကိုလည်း နန်းတော်ထဲက လက်မှုပညာသည်တွေဆီကနေသင်ထားတာ။ နင်ဘယ်လိုထင်လဲ။ မလှဘူးလား။ ဒါတွေအားလုံးကို ငါသယ်မသွားနိုင်ဘူး။ အဲ့တာကြောင့် အခု ဈေးလျော့ပြီးရောင်းနေတာ။ ငါ ဖန်းလော့မြို့ကို လာတဲ့အခါကျရင် ဆေးဆိုင်ဖွင့်မယ်စဉ်းစားထားတယ်။ ချင်းလန်ကလည်း ငါနဲ့လိုက်ခဲ့ဖို့သဘောတူတယ်။ အဲ့ထက်ကောင်းတာမရှိတော့ဘူး"
ယန်ကျင်းကျီသည် ယခင်ကတည်းက စီစဉ်ခဲ့ခြင်းဖြစ်သည်။ မင်းကြီးသည် သူမသည် ဆရာဖြစ်သူနောက်သို့လိုက်ကာ သွေးတပ်ဖွဲ့ဆီသို့ ပြန်သွားလိမ့်မည်ဟု ထင်မိသည်။ သူမသည် ထိုနေရာတွင် သက်တောင့်သက်သာနေနေခဲ့ခြင်းဖြစ်သည်။ ဆိုင်ထဲရှိပစ္စည်းအားလုံးကို ရောင်းချကာ ချင်းလန်ကိုလည်း မြို့ထဲမှခေါ်ထုတ်သွားမည်။ မြို့နှင့်အလှမ်းဝေးသော တိတ်ဆိတ်ကာအေးချမ်းသောနေရာလေးအား ရှာဖွေမည်။ ထို့နောက်တွင် သူမသည် အသက်ရှင်နေထိုင်ရန် ဆေးဆိုင်ဖွင့်မည်။ သူမသည် ချင်းလန်နှင့် နှစ်ပေါင်းများစွာအလုပ်လုပ်ခဲ့သည်။ အချင်းချင်းလည်း နားလည်ကြသည်။ နောက်ပိုင်းတွင် မည်သည့်ကိစ္စကမျှ ၎င်းတို့အား ဒုက္ခရောက်စေမည်မဟုတ်ဟု သူမယုံကြည်နေမိသည်။
"လျှော့ဈေးလား"
စုရွှေလျန်တီးတိုးပြောလိုက်သည်။
"အဲ့လိုဆို ဒါတွေအားလုံးကို ငါ့ကိုရောင်း"
မည်သို့ပင်ဖြစ်စေ သူမသည် အိမ်သို့လက်ဆောင်များပြန်သယ်သွားမည်ဟု ဆုံးဖြတ်ခဲ့သည်။ အခြားလက်ဆောင်များဝယ်ရန် အခြားဆိုင်များသို့သွားကြည့်နေစရာလည်းမလိုတော့ပေ။ လျှောက်ပတ်ကြည့်ကာ ဈေးဝယ်ရခြ်ငးက များစွာပင်ပန်းစေသည်။
"နင်က အကုန်လုံးကို ဝယ်ချင်တာလား"
ယန်ကျင်းကျီအံ့ဩသွားရသည်။
"လက်ကျန်စာရင်းက အများကြီးပဲ"
လက်ကျန်စာရင်းထဲတွင် ပစ္စည်းများစွာရှိသေးသောကြောင့် သူမနှင့် ချင်းလန်သည် အားလုံးအား သယ်မသွားနိုင်ပေ။ ထို့ကြောင့်ပင်လျှင် လျှော့ဈေးဖြင့် ရောင်းချနေကြခြင်းဖြစ်သည်။
"ရပါတယ်။ ဘယ်လောက်ကျလဲဆိုတာသာ ပေါင်းပေးပါ။ ဒါတွေသယ်ဖို့ စံအိမ်ကလှည်းကိုခေါ်လိုက်မယ်။ နင်ဘယ်ချိန်သွားမှာလဲ။ ဘာမှလုပ်စရာမရှိတော့ဘူးဆိုရင် ငါတို့နဲ့အတူတူသွားရအောင်။ မနက်ဖြန်ကျရင် အားယောင်က နန်းတော်ထဲသွားပြီး မင်းကြီးကိုတွေ့လိမ့်မယ်။ ကိစ္စအားလုံးအဆင်ပြေရင် နောက်နေ့ကျ ငါတို့ ဖန်းဟွာမြို့ကို ပြန်ကြမှာ"
“တကယ်လား။ ကောင်းလိုက်တာ။ အတူတူသွားကြရအောင်လေ။ တကယ်တော့ ငါတို့အတူတူသွားသင့်တယ်"
ယန်ကျင်းကျီက ဝမ်းသာပီတိဖြစ်ကာ စုရွှေလျန်၏လက်နှစ်ဖက်အား ကိုင်ထားပြီးခေါင်းအဆက်မပြတ်ငြိမ့်နေသည်။ ထိုသို့လုပ်ခြင်းက သူမအား များစွာပို၍အဆင်ပြေစေသောကြောင့် သဘောတူလိုက်ခြင်းဖြစ်သည်။
"ဟားဟား အဲ့လိုဆို ဆုံးဖြတ်ပြီးပြီနော်။ နင်နဲ့ ချင်းလန်က လက်ကျန်စာရင်းကိုဂရုစိုက်လိုက်။ ညနေကျရင် မင်းသားစံအိမ်က လှည်းလွှတ်ပြီး ပစ္စည်းတွေလာယူခိုင်းလိုက်မယ်။ နင့်မှာ သေတ္တာကြီးကြီးရှိတယ်ဆိုရင် အဲ့တာတွေကိုလည်း လှည်းပေါ်တင်ပေးလိုက်။ နင့်ဘာသာ သယ်စရာမလိုတော့ဘူးပေါ့။ သန်ဘက်ခါမွန်းတည့်လောက်ကျရင် ငါတို့ နန်းမြို့တော်ရဲ့ဂိတ်တံခါးမှာတွေ့မယ်။ ဘယ်လိုလဲ"
စုရွှေလျန်က ဂရုတစိုက်စဉ်းစားပြီးနောက်တွင် မေးလိုက်သည်။ နေ့လည်ကျရင် ပစ္စည်းတွေသယ်ဖို့ မင်းသားစံအိမ်ကလှည်းလွှတ်လိုက်မယ်။ နင့်မှာသေတ္တာကြီးရှိရင် သတ္တာပေါ်တင်ပေးလိုက်။ နင်ဘာသာ အများကြီးသယ်နေစရာမလိုတာပေါ့။ သန်ဘက်ခါမွန်းတည့်ကျရင် ငါတို့ နန်းမြို့တော်ရဲ့ဂိတ်ပေါက်မှာတွေ့မယ်။ ဘယ်လိုလဲ"
ဂရုတစိုက်စဉ်းစားပြီးနောက်တွင် စုရွှေလျန်က မေးလိုက်၏။
"ပြဿာနာမရှိဘူး"
ယန်ကျင်းကျီက အဆတ်မပြတ်ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက်တွင် တစ်ခုခုအား စဉ်းစားမိပြီးနောက်တွင် သူမတွ့န်ဆုတ်သွားကာ မျက်နှာပေါ်မှပျော်ရွှင်မှုက ပျောက်ကွယ်သွားရသည်။
"ရွှေလျန် နင်စိတ်မပူဘူးလား။ မင်းကြီးသာသိသွားရင် နင်နဲ့နင့်မိသားစုပါ ပါဝင်ပက်သက်နေရလိမ့်မယ်"
“နင်က ယန်ကျင်းကျီ! မင်းကြီးနဲ့ရော နန်းတွင်းနဲ့ပါ ပက်သက်စရာအကြောင်းမှမရှိတော့တာ"
စုရွှေလျန်က သူမလက်ကိုကိုင်ထားကာ လေးနက်သောမျက်နှာပေးဖြင့် ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။ နင်ကို့သေချာပေါက် နန်းမြို့တော်အပြင်ကို ခေါ်ထုတ်သွားပေးမယ်။ ဖန်းလော့မြို့ဖြစ်ဖြစ် ဖန်းဟွာမြို့ဖြစ်ဖြစ် ဘယ်နေရာဖြစ်ဖြစ် နင်တကယ်နေချင်တဲ့နေရာမှာ နေနိုင်တယ်။ အဲ့ရောက်ရင် ဘေးကင်းအောင်လုပ်ပေးမယ်"
"ရွှေလျန် ကျေးဇူးတင်ပါတယ်"
ယန်ကျင်းကျီကခေါင်းညိတ်ပြလိုက်သည်။
"ငါဖန်းဟွာမြို့ကို သွားမယ်။ နင်နဲ့နင့်ခင်ပွန်းသာစိတ်ထဲမရှိရင် နင့်အိမ်မှာ ငါ့ကိုနေခွင့်ပြုပြီး နင်တို့ရဲ့မိသားစုသမားတော်လုပ်မယ်လေ"
"ဘယ်လိုတောင် သမားရိုးကျမဟုတ်တဲ့အကြုံပြုချက်မျိုးလဲ"
စုရွှေလျန်က ခွက်ထိုးခွက်လန်ရယ်မောလိုက်သည်။ သူမသည် ယန်ကျင်းကျီ၏နဖူးကိုပုတ်ကာပြောလိုက်၏။
"ဘဝနှစ်ခုလုံးမှာ နင်က ငါ့ထက်သက်ကြီးတာပဲ။ ဘယ်လိုလုပ် ဒီလိုမျိုး ကျီစယ်နေရတာလဲ"
"အဲ့တာက နင်နေခဲ့တဲ့အချိန်က အရမ်းကိုပျင်းစရာကောင်းပြီး ရှေးရိုးစွဲဆန်လို့နေမှာပေါ့"
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှမိန်းကလေးများသည် (၂၁)ရာစုမှမိန်းကလေးများနှင့်နှိုင်းစာလျှင် မလွတ်လပ်သကဲသို့ ပွင့်လင်းမှုလည်းမရှိကြပေ။
"ကောင်းပြီ ကောင်းပြီ။ နင်ပြောချင်တာသာပြောတော့။ စုစုပေါင်းကိုပေါင်းလိုက်ဦး။ ဘယ်လောက်ကျလဲဆိုတာ အားယောင်ကို ပြောရဦးမယ်"
စုရွှေလျန်က အတွင်းခန်းထဲရှိ ပစ္စည်းများအား ဂရုတစိုက်ထုတ်ပိုးနေသည်ကို ကြည့်လိုက်သည်။ သူမသည် ကျသင့်ငွေမှာနည်းမည်မဟုတ်ဟု ခန့်မှန်းလိုက်သည်။
"အရင်က အမြတ်ကို ချင်းလန်နဲ့ တစ်ဝက်စီခွဲယူတာ။ ကောင်းပြီလေ။ သူငယ်ချင်းဆီကနေ အမြတ်မယူတော့ပါဘူး။ ဒီသေတ္တာလေးလုံးထဲမှာ ကြွေထည်ခွက်တွေ ပန်းကန်တွေပါတယ်။ ငါတို့အရင်းက ငွေစတစ်ရာ့သုံးဆယ်နီးပါးလောက်ပဲ။ အပြင်ကပစ္စည်းတွေကိုတော့ အစစ်လို့သဘောထားလိုက်ပါ့မယ်။ အဲ့တာကြောင့် ငွေစ တစ်ရာ့နှစ်ဆယ်ကျမယ်"
ပို၍အရေးကြီးသည်မှာ သူမနှင့် ချင်းလန်သည် နောက်ပိုင်းတွင် အသက်ရှင်နေထိုင်ရဦးမည်ဖြစ်သည်။ ဆရာထွက်သွားသည့်အခါတွင် ထိုအကြောင်းအား မစဉ်းစားပိပေ။ နန်းတော်ထဲမှငွေနှင့်ရတနာများသည်လည်း သိမ်းယူခံလိုက်ရသည်။ သူမနှင့် ချင်းလန်၏စုစုပေါင်းပိုင်ဆိုင်မှုအားပေါင်းကြည့်လျှင်ပင် ငွေသား(၁၀)စလောက်သာရှိသည်။ ကံကောင်းစွာဖြင့် ၎င်းတို့သည် ဆိုင်လေးဆိသို့ ပုံမှန်လာရောက်လည်ပတ်ကြသောကြောင့် ဝတ်စရာအဝတ်များနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများရှိနေသေးည်။ ၎င်းတို့မွဲသွားသည်ဟု မခံစားကြရပေ။ မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် သမားတော်များဖြစ်သည်။ ၎င်းတို့ငတ်သေစရာအကြောင်းမရှိပေ။
"အပြင်မှာပြထားတဲ့ပစ္စည်းတွေကိုရော တွက်လိုက်ပါ။ အဲ့လိုဆို စုစုပေါင်း တစ်ရာ့ငါးဆယ်ရှိသွားပြီနော်။ နင့်ရွေးချယ်မှုဆိုတော့ နင့်ကိုထပ်ပြီး မဖျောင်းဖျတော့ပါဘူး။ ညနေကျရင် အားယောင်ကို ပိုက်ဆံပေးလွှတ်လိုက်ပါ့မယ်"
"ကောင်းပြီ။ ဘာပဲဖြစ်ဖြစ် နင်တို့ဆီမှာ ငွေမပြတ်ပါဘူး။ အဲ့လိုဆို ယဉ်ကျေးမနေတော့ဘူးနော်"
ယန်ကျင်းကျီက အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။ ၎င်းတို့တွင် အတူတူနေထိုင်ရန်အခွင့်အရေးရှိသေးသည်။ စုရွှေလျန်၏ရင်းနှီးမြုပ်နှံမှုဟု စဉ်းစားလိုက်ပေသည်။ နောက်တွင်မှ ဆေးဆိုင်ဖွင့်၍ အမြတ်များများရလျှင် သူမအား ငွေစခုနှစ်စရှစ်စပေးမည်ဟု ဆုံးဖြတ်လိုက်သည်။
"ကောင်းပြီ။ အဲ့လိုဆို သဘောတူပြီနော်။ နင်နဲ့ ချင်းလန်တို့ ဆိုင်ပိတ်ပြီး ပစ္စည်းသိမ်းကြလေ"
စုရွှေလျန်က တစ်နာရီကျော်နေပြီဖြစ်ကြောင်း သဘောပေါက်သွားသည်။ သူမသည်ချက်ချင်းပင် ယန်ကျင်းကျီအား အခန်းပြင်သို့ခေါ်ထုတ်လိုက်သည်။ သူမကစကားပြောရင်းဖြင့် ခေါင်းညိတ်ပြကာ အပြင်တွင်ကြာရှည်စွာစောင့်နေရ၍ မျက်မှောင်ကြုတ်ထားသောလင်းစစ်ယောင်အား နှစ်သိမ့်နေရသည်။
"အင်း...."
ယန်ကျင်းကျီက လင်းစစ်ယောင်ဘက်သို့လှည့်ကာ ပြောလိုက်သည်။
"နင်တို့တွေ ငါနဲ့ဘယ်မှာတွေ့ခဲ့တဲ့ဆိုတဲ့အကြောင်းကို ပြန်မပြောဖို့မျှော်လင့်ပါတယ်"
အထူးသဖြင့် လျန်မိသားစုကိုပင်ဖြစ်သည်။
"ငါက အဲ့လိုအချိန်ဖြုန်းတတ်တဲ့သူမျိုးမဟုတ်ဘူး"
လင်းစစ်ယောင်က ခပ်တိုးတိုးဖြေလိုက်သည်။
"ကောင်းပြီ။ အဲ့လိုဆို ငါတိုသွားတော့မယ်။ တစ်ခုခုအပြောင်းအလဲဖြစ်ရင် ငါ့ကိုပြောပါ"
စုရွှေလျန်က ပြုံးကာ ငွေရှင်းသည့်နေရာမှ ချင်းလန်အား လက်ပြပြီး လင်းစစ်ယောင်အားဆိုင်ထဲမှဆွဲမသွားခင် ယန်ကျင်းကျီအား အဓိပ္ပာယ်ရှိသောအပြုံးတစ်ခုဖြင့် ကြည့်လိုက်သည်။
"ကောင်းပြီ။ အတိုချုန်းပြောရရင်တော့..."
စုရွှေလျန်က အခြေအနေအား အတိုချုံးပြောပြလိုက်ကာ သူ့အား ငွေစတစ်ရာ့ငါးဆယ်ပြင်ဆင်ထားရန် တောင်းဆိုလိုက်သည်။
"ခရီးထွက်လာပြီဆိုမှတော့ ဒီလောက်တော့များတယ်မထင်ပါဘူး။ ကျွန်မတို့မှာ ခုချိန်အဲ့လောက်ငွေရှိတယ်မလား"
သူမက ရှက်ရှက်ဖြင့်မေးလိုက်သည်။
"စိတ်မပူပါနဲ့။ ငါ့မှာရှိပါတယ်"
လင်းစစ်ယောင်က ခေါင်းညိတ်ကာ သူမနှာခေါင်းလေးကို ဆွဲဆိတ်ကာပြောလိုက်သည်။
"ကိုယ်တို့မှာမရှိဘူးဆိုရင် ဘယ်လိုလုပ်ကြမလဲ"
"အဲ့လိုဆိုရင်တော့် ကျွန်မက ရှင့်ကို မင်းသားစံအိမ်မှာ ကိုယ်ရံတော်အဖြစ် အလုပ်လုပ်ခိုင်းပြီး အကြွေးတွေဆပ်ခိုင်းရမှာပဲ။ ဟီးဟီး"
စုရွှေလျန်က ခွက်ထိုးခွက်လန်မရယ်ခင်တွင် သူ့အား ခပ်စောင်းစောင်းလေးကြည့်လိုက်သည်။
"မင်း..."
လင်းစစ်ယောင်တစ်ယောက် ခွက်ထိုးခွက်လန်ရယ်မောလိုက်သည်။ သူသည် လမ်းထောင့်တွင်ရပ်ကာ သူမနှုတ်ခမ်းပါးထက်မှ အနမ်းတစ်ပွင့်အား ခိုးယူလိုက်သည်။
"မင်းက ငါ့ကိုမကြောက်တော့ဘူးပေါ့လေ"
"ရှင့်ကိုကြောက်စေချင်သေးတာလား"
စုရွှေလျန်က သူ့ကိုစိတ်ဆိုးနေသောအကြည့်ဖြင့် ကြည့်လိုက်သည်။ အစကတည်းမှပင် သူ့အား မကြောက်ခဲ့ပေ။ မိန်းမတစ်ယောက်ဖြစ်နေသောကြောင့် စိတ်လှုပ်ရှားကာရှက်နေခြင်းသာဖြစ်သည်။ သို့သော် ထိုသို့သူအထင်လွဲသွားသည်လော။
"အင်း ဟုတ်ပါတယ်။ ငါကမင်းလက်ထဲမှာပဲလေ"
လင်းစစ်ယောင်ကသက်ပြင်းချကာ ခေါင်းခါလိုက်မိသည်။ ထို့နောက်တွင် သူမအားဆွဲခေါ်လို်ကပြီး လူရှုပ်သောလမ်းမထက်မှ ထျန်းယို့လမ်းအရှေ့ထောင့်စွန်းရှိ မင်းသားကြီးစံအိမ်သို့ဦးတည်သွားပေသည်။ အမှန်တွင် သူ့အား မကြောက်စေချင်ပေ။ ကလေးများမွေးပြီးနောက်တွင် သူမ၏သဘောထားနှင့် ပြုမူသောနည်းလမ်းသည် ပွင့်လင်းလကာ ပို၍သဘာဝဆန်လာသည်။ ထိုသို့ပြောင်းလဲခြင်းကပင် သူ့အား ဝမ်းသာစေမိသည်။
"ဟေး မင်းတို့နှစ်ယောက်။ မင်းတို့နှစ်ယောက် ပျောက်သွားလို့ ငါ့မှာလိုက်ရှာလိုက်ရတာ။ အကြာကြီးရှာလိုက်ရတယ်။ ထျန်းယို့တစ်လမ်းလုံးကို ပတ်ပြီးပြီ..."
၎င်းတို့ မင်းသားကြီးစံအိမ်တံခါးပေါက်နားသို့ ရောက်ခါနီးတွင် (၂)နာရီကြာမျှပျောက်သွားသော လျန်အန်းဇိုင်က တစ်နေရာမှ ခုန်ထွက်လာသည်။ သူသည် စုရွှေလျန်နှင့်သူမခင်ပွန်းကိုကြည့်ကာ ခါးသက်သောအသံဖြင့် ဆူဆူညံညံပြောဆိုလိုက်သည်။ သူသည် ခေတ္တမျှ ချင့်ချိန်စဉ်းစားနေသည့်အခိုက်တွင် ထိုအတွဲသည် လေထဲတွင်ပျောက်သွားခြင်းဖြစ်သည်။
၎င်းတို့တွင် မိတ်ဆွေအပေါင်းအသင်းမရှိသည်နှင့် နန်းမြို့တော်၏လမ်းများနှင့်မရင်းနှီးသည်ကို သူသိသည်။ ထို့ကြောင့် ဖခင်ဖြစ်သူ၏ကောင်းကင်တုန်လှုပ်သွားစေမည့် စူးစူးဝါးဝါးအော်ဟစ်ခြင်းအား ခံနိုင်ရည်မရှိသောကြောင့် စံအိမ်သို့ မပြန်ရဲပေ။ ထို့ကြောင့် ၎င်းတို့အားရှာရန် ထျန်းယို့လမ်းတွင် အရှေ့လျှောက်အနောက်လျှောက်လုပ်ကာ ထိုလမ်းတွင် အကြိမ်ပေါင်းမရေမတွက်နိုင်အောင်ပတ်ရှာပြီးဖြစ်သည်။
ထိုအတွဲအား ချစ်ခင်စွာဖြင့် ဖက်ထားရင်း ထျန်းယို့လမ်း၏အရှေ့ဘက်ထောင့်စွန်းမှထွက်လာမည်ကို မျှော်လင့်မထားပေ။
"အမ် အစ်ကိုကြီး။ ဘာလို့ အိမ်မပြန်သေးတာလဲ"
စုရွှေလျန်ကလှည့်ကြည့်လိုက်သောအခါတွင် လျန်အန်းဇိုင်၏ ဖျော့တော့နေသောမျက်နှာအား မြင်လိုက်ရသည်။ သူမ မမေးဘဲမနေနိုင်ပေ။
“... ..."
သူမ၏ရိုးသားလှသောမျက်နှာလေးအားကြည့်ပြီး လျန်အန်းဇိုင်တစ်ယောက် မည်သို့လုပ်ရမည်ကို မသိဖြစ်နေသည်။ သူသည် သက်ပြင်းမချခင်တွင် ကောင်းကင်ကို မော့ကြည့်လိုက်သည်။
"ဟုတ်သားပဲ။ အစ်ကိုကြီး။ သူငယ်ချင်းတွေကိုပေးဖို့ လက်ဆောင်အများကြီးဝယ်လာခဲ့တယ်။ မွန်းလွဲပိုင်းကျရင် ပစ္စည်းတွေသယ်ဖို့ မြင်းတစ်စီးလောက် စီစဉ်ပေးနိုင်မလား"
“ကောင်းပြီလေ...”
အစ်ကိုကြီးဖြစ်နေသောကြောင့် မကူညီဘဲ မနေနိုင်ပေ။ လျန်အန်းဇိုင်က စိတ်ထဲတွင် အကြိမ်ပေါင်းများစွာ မိမိဘာသာနှစ်သိမ့်နေရ၏။
"မင်းသွားမယ်ဆိုရင်လည်း တစ်ခုခုတော့ဝယ်ချင်မှာပဲလေ"
လင်းစစ်ယောင်က လျန်အန်းဇိုင်အား မရေရာသောအပြုအမူမျိုးဖြင့် တစ်ချက်ကြည့်ကာပြောလိုက်သည်။ ထို့နောက်တွင် သူနှင့် စုရွှေလျန်က မင်းသားကြီးစံအိမ်ဆီသို့ ပြန်သွားကြလေသည်။
"အဟင်းဟင်း ဘာလို့ ငါကမိန်းမတွေရဲ့အသုံးအဆောင်မျိုးကို လိုအပ်ရမှာလဲ။ ဟာသပဲ"
လျန်အန်းဇိုင်က မျက်ခုံးပင့်ကာ ထိုအတြွနောက်သို့လိုက်သွားပြီး အသက်ပြင်းပြင်းရှုလိုက်မိသည်။
ခြေလှမ်းအနည်းငယ်မျှလျှောက်ပြီးနောက်တွင် ပြန်လှည့်သွားပြီး Xiang မင်းသားစံအိမ်၏တံခါးဝဆီသို့ ဦးတည်သွားပြန်သည်။
၎င်းနှင့် ရန်ဖြစ်မည့် လုံရှီရွှယ် မရှိတော့သောကြောင့် စိတ်ထဲတွင်အတော်လေးထူးဆန်းနေသည်ဟု ခံစားရသည်။ သူ့တွင် မည်သည့်အရာကိုမျှလုပ်ရန် စိတ်ဓာတ်တက်ကြွခြင်းမရှိတော့ပေ။ Xia Erနှင့်အတူ သွားသောက်သည်ကပင် ကောင်းပေမည်။
သူ၏အစီအစဉ်များအား အရှိန်မြင့်သင့်ပေသည်။ ကိစ္စများပြီးမြောက်သည်နှင့် ခရီးထွက်ကာ သွေးတပ်ဖွဲ့ဆီသို့သွားပြီး သူမအားရှာမည်။ သူ၏မျက်နှာအားကြည့်ကာ သူမရယ်လျှင် သူသည်းခံရပေဦးမည်။
သူကျရှုံးတော့မည့်အကြောင်းအား မစဉ်းစားဘဲမနေနိုင်ပေ။ သူဝန်မခံလျှင် သူမအား အနှေးနှင့်အမြန်ဆုံးရှုံးရပေမည်။ ထိုမိန်းကလေးတွင် ကိစ္စအားလုံးအတွက် သဘောထားအမြင်နှင့် အကြံဉာဏ်ရှိတတ်သည်။ သို့သော် လက်ထပ်ရသည့်ကိစ္စဖြစ်သောအခါတွင်မူ မည်သည့်အတွေးမျှမရှိဘဲ အရူးသဖွယ်ဖြစ်လာလိမ့်မည်။ တစ်စုံတစ်ယောက်သည် ထိုအချက်အား အခွင့်ကောင်းယူသွားလျှင် မည်သို့လုပ်ပါမည်နည်း။ ထိုအကြောင်းအားတွေးကာ လျန်အန်းဇိုင်တစ်ယောက် စိတ်ပူပန်နေရတော့၏။
***