← Chapters

ဧကရာဇ်နှင့်တွေ့ဆုံခြင်း

Vol. 5 Ch. 123

ဧကရာဇ်နှင့်တွေ့ဆုံခြင်း

Vol. 5 Ch. 123

လပြက္ခဒိန် သုံးလပိုင်းမြောက် (၈)ရက်မြောက်နေ့၏ တတိမြောက်ယင်းရှစ်အချိန်အခါ(၃-၅နာရီ)တွင် လင်းစစ်ယောင်သည် လျန်အန်းဇိုင်တို့နောက်သို့လိုက်ကာ မင်းကြီးအားတွေ့ရန် နန်းတွင်းသို့ဝင်ခဲ့သည်။

လင်းရှောင်တစ်ယောက် စောစီးစွာနိုးနေသော်လည်း နို့တိုက်ပြီးနောက်တွင် ပြန်အိပ်ပျော်သွားသည်။ ခန္ဓာကိုယ်လှည့်တတ်နေပြီဖြစ်သော လင်းလုံသည်မူ အိပ်ရာပေါ်တွင် တွားသွားကာ ပျော်ရွှင်စွာဖြင့် စစ်ထူယွင်နှင့် ဆော့ကစားနေသည်။

စုရွှေလျန်က ပိုင်ဟယ်နှင့် ကလေးများအား ကြည့်ထားရန် အချက်ပြလိုက်သည်။ ထို့နောက်တွင် သူမသည် ကြာပန်းခြံဝန်းဝရံတာဆီသို့လျှောက်သွားကာ အတွေးများက နက်နဲနေသည်။ ဝရံတာအဆုံးသို့ရောက်သောအခါတွင် သူမက ခုံတန်းရှည်တစ်ခုကိုရွေးချယ်ကာ ကြာကန်၏တတ်သစ်စကြာပန်းရွက်များကို သတိကင်းမဲ့စွာ ကြည့်နေမိသည်။

လျန်အန်းဇိုင်သည် သူမအား ခင်ပွန်းဖြစ်သူနန်းတော်သို့ဝင်သည့်အခါတွင် မမျှော်လင့်ထားသောကိစ္စများဖြစ်လာမည်မဟုတ်ကြောင်း အကြိမ်ကြိမ်အာမခံခဲ့သည်။ မင်းကြီးသည် သူ့အား ချီးမွန်းချင်ယုံသာဖြစ်သည်။ လင်းစစ်ယောင်သည် တဟွေ့အား ခြိမ်းခြောက်နေသော သွေးတပ်ဖွဲ့၏ သွေးစစ်သည်(၁၂)ယောက်အား ဖယ်ရှားရန် တော်ဝင်မိသားစုကို ကူညီပေးခဲ့သည်။

သို့သော်လည်း သူမသည် အဘယ့်ကြောင့် အတော်လေးစိုးရိမ်ပူပန်နေသည်ကို မသိပေ။

မင်းကြီးနှင့်တွေ့ဆုံခြင်းမှာ ရိုးရှင်းသောကိစ္စမဟုတ်ပါ။

မင်းကြီး၏အသက်ကိုကယ်ကာ တဟွေ့တော်ဝင်မိသားစုတစ်ခုလုံးဆီတွင် နစ်မြုပ်ထားခဲ့သော သမားတော်အိုးယန်ကို သူမမှတ်မိနေသေးသည်။ သို့သော်လည်း သူ၏ ပွင့်လင်းသောငြင်းဆန်မှုကြောင့် သံတိုင်များကြားတွင် အဆုံးသတ်သွားရသည်။

လုံရှီရွှယ်တစ်ယောက်လည်းရှိသေးသည်။ သူမသည်လည်း သမားတော်အိုးယန်ကိုကူညီကာ မရေမတွက်နိုင်သောလူများကို ကယ်ဆယ်ခဲ့သည်။ မင်းကြီး၏ကိုယ်လုပ်တော်များနှင့် ဇနီးများမွေးဖွာရာတွင်လည်း ကူညီပေးခဲ့သည်။ အဆုံးသတ်တွင် သူမရလဒ်သည် မည်သို့ဖြစ်သွားခဲ့ပါသနည်း။

သွေးတပ်ဖွဲ့သည်သာ မလှုပ်ရှားလျှင် သူမသည် စွန်လွှတ်အနစ်နာခံရပေမည်။ သူမ၏ဒုတိယဘဝအား ပန်းထိုးဘောလုံးတစ်လုံးဖြင့် စွန့်လွှတ်ရန် ဖိအားပေးခံရပေမည်။ ပန်းထိုးဘောလုံးသည် အရည်အချင်းရှိကာ ချောမောသောခင်ပွန်းအား ရွေးချယ်မိသွားလျှင် သူမက နောက်ဆုတ်ကာ တတိယမင်းသမီးအတွက် လက်ထပ်ပွဲဝတ်စုံချုပ်ပေးရပေမည်။ ပန်းထိုးဘောလုံးအား ဈေးထဲတွင်အဆင့်နိမ့်သောလူယုတ်မာတစ်ဦး သို့မဟုတ် သာမန်ယောင်္ကျားတစ်ယောက်ကသာဖမ်းမိသွားလျှင် သူမက မင်္ဂလာဝတ်စုံဝတ်ဆင်ကာ သူမ၏ဘဝအား မင်းကြီး၏နာမည်ကောင်းရရန်အတွက် စွန့်လွှတ်ရပေမည်။ ဖြစ်ချင်တိုင်းဖြစ်မည်မဟုတ်ပါလော။

ကံကောင်းစွာဖြင့် သွေးတပ်ဖွဲ့ရောက်လာကာ ၎င်းတို့အား ကယ်တင်သွားသည်။ သမားသောအိုးယန်အား သွေးတပ်ဖွဲ့ကခေါ်သွားကာ ထို့ကြောင့်ပင်လျှင် သူသည် တဟွေ့ပိုင်နက်တွင် နောက်ထပ်ခြေချနိုင်မည့်အခွင့်အရေးမရှိတော့ပေ။ လုံရှီရွှယ်သည်မူလည်း....။ သူမသည်လည်း သမားတော် အိုးယန်နောက် လိုက်သွားပါလျှင် သို့မဟုတ် သူမသည် အသွင်ပြောင်းကာ တစ်စုံတစ်ယောက်အဖြစ်နေထိုင်ရပေမည်။

ထိုအတွေးများဖြင့် စုရွှေလျန်တစ်ယောက် အသံခပ်ကျယ်ကျယ်သက်ပြင်းချမိသည်။ သူမသည် ထိုလောကကြီးတွင် ရောက်ရှိနေသည်မှာ နှစ်နှစ်ခန့်ရှိပြီဖြစ်ကာ သူမ၏ဘဝသည် လက်ရှိတော်ဝင်မိသားစုဖြင့် ရှုပ်ထွေးသောပက်သက်ဆက်နွယ်မှုရှိနေလိမ့်မည်ဟု မည်သည့်အခါမျှမစည်းစားဖူးပေ။

သူမသည် အားယောင်နှင့်အတူ စိမ်းလန်းစိုပြေသောတောင်ကုန်းများနှင့် ကြည်လင်သောရေများရှိသည့် ဝေလံခေါင်ဖျားသောမြို့ငယ်လေးတစ်မြို့တွင် အခြေချနေထိုင်ချင်သည်။ ကလေးများစွာမွေးချင်ကာ နွားအုပ်၊သိုးအုပ်နှင့် ကြက်အုပ်တို့ကို မွေးမြူမည်။ စိုက်ပျိုးရိတ်သိမ်းချိန်ရောက်လာလျှင် စပါးရိတ်သိမ်းကာ လယ်ကွင်းထဲတွင်အလုပ်လုပ်နေသောခင်ပွန်းအား နေ့လည်စာပို့မည်။ အားလပ်ချိန်ရလျှင် ငါးဖမ်းမည်။ ပုဇွန်ဖမ်းမည်။ သို့မဟုတ်လျှင် ကလေးများနှင့်အတူ အာလူးကင်စားမည်။ သူမတွင် အဝတ်အစားချုပ်ရန်အချိန်ရှိသည်။ ပုံဆွဲရန်အချိန်ရှိသည်။ အိပ်မက်သည် အမှန်တကယ်ဖြစ်လာခဲ့သည်။

စိတ်ကူးယဉ်မှုနှင့်လုံးဝကွဲပြားခြားနားသောလက်တွေ့အား မည်သူမျှ မမျှော်လင့်ကြပေ။

ဖန်းဟွာမြို့တွင် စိမ်းလန်းစိုပြေသောတောင်ကုန်းတောင်တန်းများနှင့် ကြည်လင်သောရေတို့ရှိသည်။ သို့သော်လည်း ဖန်းဟွာကိုယ်ပိုင်စံအိမ်၏အမည်ပြောင်းလဲသွားသည်။

သူမနှင့် အားယောင်သည် ကလေးများနှင့်အတူ နေထိုင်နေပါသော်လည်း ယခုတွင် အိမ်၌ အစေခံများဖြင့် လူပိုများလာသည်။

စိုက်ပျိုးရိတ်သိမ်းချိန်ကျလျှင်လည်း စိတ်ပူစရာမလိုတော့ပေ။ ခြံမွေးတိရိစ္ဆာန်များကိုလည်း ကျွေးမွေးရန်မလိုတော့ပေ။

တစ်ဖက်ကမ်းခတ်ကျွမ်းကျင်ခဲ့ကာ သူ၏ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ပါသော ပန်းထိုးခြင်းသည်ပင် အသက်မွေးဝမ်းကြောင်းအတွက် လုပ်ကိုင်ခဲ့စဉ်ကလောက် စိတ်မဝင်စားတော့ပေ။ လေးရာသီလုံးအတွက် ကလေးများနှင့်လူကြီးအတွက် အဝတ်အစားများပြင်ပေးမည့် အစေခံများရှိသည်။ သူမတိုက်တွန်းလျှင်ပင် သူမဘာသာအတွက် အပ်ချုပ်စရာမလိုတော့ပေ။ သို့သော်လည်း ထိုသို့ဖြစ်လာခဲ့လျှင် လက်ဖွာသည့် သူမကိုယ်တိုင်ကိုသာ အပြစ်တင်ရပေမည်။

စုရွှေလျန်ထပ်မံသက်ပြင်းချမိပြန်သည်။ သူမသည် ကြာကန်ထဲသို့ ကျောက်စရစ်ခဲတစ်လုံးပစ်လိုက်သည်။ ကျောက်စရစ်ခဲလေးနစ်ပြီးနောက်တွင် ပေါ်လာသည့်လှိုင်းလေးများကိုကြည့်ကာ သူမဖြည်းညင်းစွာ စိတ်တည်ငြိမ်လာသည်။

သူမသည် အားယောင်ဆီမှသင်ယူရန် လိုအပ်လာပေသည်။ အခြားသူများအတွက် စိတ်မပူပန်သင့်ပေ။ အမှန်တွင် သူမနှင့်အမြွှာလေးများသည် သူ၏နှလုံးသားထဲရှိပြီးဖြစ်သည်ကို သူမယုံကြည်သည်။ ထို့အပြင် သူ၏နှလုံးသားထဲတွင် အရေးပါသောနေရာတစ်ခုရပြီးဖြစ်ပေသည်။

ထိုအကြောင်းအား စဉ်းစားမိလျှင် စုရွှေလျန်၏နှုတ်ခမ်းများကွေးသွားကာ ကျေနပ်ပီတိဖြစ်သောအပြုံးတစ်ခု ပြုံးလိုက်မိသည်။

အပြင်ပိုင်းတွင် ထိုလူသည် အေးစက်ကာ တစ်မူထူးခြားသည်။ သို့သော် အချင်းချင်း နှစ်ကိုယ်ကြားသိလာသည့်အခါတွင် သူသည် ချစ်ခြင်းမေတ္တာပြည့်ဝပေသည်။ တစ်ခါတစ်ရံတွင် ရမ္မက်ပြင်းထန်လွန်းသောကြောင့် သူမသည်ပင် တောင့်ခံရန်ခဲယဉ်းပေ၏။

သို့သော်လည်း ကွဲလွဲနေသောစရိုက်နှစ်မျိုးသည် သူ့ထဲတွင် သဟဇာတကိုက်ညီစွာ တည်ရှိနေသည့်ပုံပေါ်သည်။ ထိုပုံစံက သူမအား သူနှင့်ပို၍နီးစပ်စေသည်။

စုရွှေလျန်က ပူပြင်းလာသောပါးနှစ်ဖက်အား သာသာလေးပုတ်လိုက်ရင်း မျက်နှာပေါ်ရှိအပူအား ငြိမ်းသက်ရန် ကြိုးပမ်းလိုက်သည်။ ခေါင်းပေါ်ကနေကိုကြည့်ပြီးတွင် နေ့လည်ပိုင်းရောက်နေသည်ကို သိလိုက်ရသည်။

သူမသည် သတိလက်လွတ်ဖြင့် နှစ်နာရီခန့် ထိုင်နေမိသည်လော။ နန်းတွင်းမှ မည်သည့်သတင်းမှမရသည်ပေလော။

စုရွှေလျန်က သူမ၏ ထုံကျင်နေသောခြေသလုံးများကို နှိပ်နယ်ရင်း တဖြည်းဖြည်းထလာသည်။ အခန်းထဲသို့ပြန်ကာ အမြွှာနှစ်ဦးအား စစ်ဆေးခါနီးတွင် နောက်တွင်ရပ်နေသောတစ်စုံတစ်ယောက်ကြောင့် ထိတ်လန့်သွား၏။

“... အ...အမေ…”

ဖုန့်ချိုက်ယွင်က သတိလက်လွတ်ဖြင့် နေ့ဝက်မျှ ထိုနေရာတွင်ထိုင်နေသောသမီးဖြစ်သူအားကြည့်ကာ လက်ပြလိုက်ပြီး စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။

“ရှုအာ နန်းတွင်းကနေ သတင်းရတယ်။ စားသောက်ပွဲကိုတည်ခင်းပြီးရင် ပြန်လာခဲ့မယ်လို့ပြောတယ်"

"ဟုတ်ကဲ့"

စုရွှေလျန်ခေါင်းညိတ်ပြလိုက်ကာ စိတ်သက်သာရာရသွားသဖြင့် သက်ပြင်းတစ်ချက်မှုတ်လိုက်၏။ နန်းတော်က လူလွှတ်အား အကြောင်းကြားခဲ့ပါလျှင် စားတော်ပွဲတည်ခင်းပြီးသည်နှင့် ဘေးကင်းသွားပြီဟု ဆိုလိုခြင်းဖြစ်သည်။ သူမစိတ်ထဲတွင်လေးလံနေသောစိုးရိမ်ပူပန်မှုသည် ပျောကွယ်လုနီးပါးဖြစ်သွားသည်။

"အမေ သမီးကို စကားပြောချင်လို့လား"

စုရွှေလျန်က သူမအား ရှုပ်ထွေးနေသောအကြည့်ဖြင့်ကြည့်နေသော ဖုန့်ချိုက်ယွင်အား တွေ့နေရသည်။ သူမက ရပ်ကာ အဝတ်အစားများကိုစစ်ဆေးလိုက်သည်။ မည်သည့်အရာမျှမထူးဆန်းသည်ကို တွေ့ပြီးနောက်တွင် သူမကခေါင်းမော့ကာ အမေ့အားကြည့်လိုက်သည်။

ဖုန့်ချိုက်ယွင်က ခေါင်းခါပြလိုက်သည်။ သူမသည် သမီးဖြစ်သူနှင့် စကားပြောရန် ရောက်လာခြင်းဖြစ်သည်။ ယနေ့မနက်တွင် သမီးနှင့်သားမက်သည့် ဖန်းဟွာမြို့သို့ ပြန်တော့မည့်အကြောင်းကြားခဲ့သည်။ သူမအမှန်ပင် ဝမ်းနည်းသွားရသည်။ ထိုမိန်းကလေးသည် ကိုးလလွယ်ဆယ်လဖွားခဲ့ရသည့်ကလေးဖြစ်သည်။ ဆယ်နှစ်ကြာဝေးကွာခဲ့ရသော်လည်း တစ်ဦး၏တည်ရှိမှုအား တစ်ဦးက မသိသော်လည်း သူမအားရှာတွေ့ခဲ့သောအခါတွင် သူမသည် လက်ထပ်ပြီးဖြစ်ကာ ကိုယ်ဝန်ပင်ရှိနေလေပြီ။

သမီးဖြစ်သူသည် နန်းမြို့တော်နှင့် မိုင်ပေါင်းထောင်ချီဝေးကွာသောရွာလေးတွင် နေထိုင်ပေသည်။ သူမဆီသို့ မကြာခဏ အလည်သွားချင်ပင်လျှင် ထိုသို့မလုပ်နိုင်ပေ။ ထို့အပြင် သမီးနှင့်သားမက်ဖြစ်သူနှင့်လည်း မနေနိုင်ပေ။ ထို့ကြောင့်ပင်လျှင် သူမနှင့်ခင်ပွန်းဖြစ်သူက ဖြေရှင်းရန်နည်းလမ်းရှာခဲ့ရသည်။ ထိုရွာအား မင်းသားကြီးစံအိမ်ဖြင့်ပေါင်းရန် ဆုံးဖြတ်ခဲ့သည်။ နောက်ပိုင်းတွင် သူမနှင့်ခင်ပွန်းဖြစ်သူတို့သည် သူမဆီသို့ ပုံမှန်သွားရောက်လည်ပတ်နိုင်ပေမည်။

သားမက်ဖြစ်သူ စဉ်းစားတတ်သည်မှာ ကံကောင်းပေသည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် သူသည် များစွာဂရုမစိုက်ပေ။ သမီးဖြစ်သူနှင့် မြေးများမှာမူ ခြွင်းချက်ဖြစ်သည်။

သာမန်ထက်ထူးခြားသောအငွေ့အသက်၊ ထိပ်တန်းအရည်အချင်းများဖြင့် အေးစက်စက်ထိုသူသည် သမီးအား လွန်စွာမှဂရုစိုက်ရှာသည်။ ထို့ကြောင့်ပင်လျှင် ခင်ပွန်းနှင့်သူမသည် သမီးအား စိတ်မပူခြင်းဖြစ်သည်။ တစ်ချိန်တည်းတွင် အတော်လေးစိတ်သက်သာရာရစေ၏။

နောက်ပိုင်းတွင် သမီးဖြစ်သူသည် အတွေးယဉ်ကြောတွင် နစ်မြောနေသည်ကို တွေ့ရသောအခါတွင် သူမဘာသာ ပြန်မေးမိကာ သက်ပြင်ချနေမိ၏။ သမီးသည် သူ့အား နာကျဉ်းနေပါသည်လော။ သမီးအားမွေးခဲ့ပါသော်လည်း တစ်ရက်ပင်မကျွေးမွေးခဲ့ရပေ။ သမီးဖြစ်သူစိတ်ထဲတွင် သူမသည် မည်သို့နေရာယူထားပါသနည်း။

သူမ၏တည်ရှိမှုသည် သမီးဖြစ်သူစိတ်မတည်မငြိမ်ဖြစ်နေရခြင်း၏အကြောင်းရင်းဖြစ်နေပါသည်လော။ သမီး၏စိုးရိမ်ပူပန်မှုများသည် သူမကြောင့်ပင်လော။

သူမဘာသာ အကြိမ်ပေါင်းများစွာပြောနေမိသော်လည်း စိတ်ထဲတွင်မထားမိပေ။ သမီးဖြစ်သူ ဘေးကင်းလုံခြုံကာ ပျော်ရွှင်နေသည်ကို မြင်ရလျှင် သမီး၏နှလုံးသားထဲတွင် သူမသည် တစ်ခုခုဖြစ်နေလျှင်ပင် ကိစ္စမရှိပေ။

သို့သော် အမှန်တကယ်အဆင်ပြေပါသည်လော။

“ အမေ…” 

နူးညံ့သောခေါ်သံတစ်ခုက ဖုန့်ချိုက်ယွင်၏လှည့်လည်သွားလာနေသောအတွေးများကို ပြန်ဆွဲခေါ်လိုက်သည်။

“ရှုအာ…”

ဖုန့်ချိုက်ယွင်သည် သူမစိတ်ထဲမှခါးသက်မှုများကို ပြန်ရုပ်သိမ်းလိုက်သည်။ နှုတ်ခမ်းလေးကကွေးကာ ချစ်စဖွယ်ပြုံးပြလိုက်သည်။

"နေ့လည်စာစားချိန်ရောက်ပြီ။ ယောင်္ကျားတွေကတော့ အိမ်ပြန်မရောက်သေးဘူး။ ငါတို့ဘာသာနှိပ်စက်နေလို့မဖြစ်ဘူးလေ"

"ဟုတ်ကဲ့"

စုရွှေလျန်က ဖုန့်ချိုက်ယွင်၏လက်အား ဆုပ်ကိုင်လိုက်သည်။ သဘာဝကျလွန်းပေသည်။ ၎င်းတို့သည် အမြဲတမ်းထိုသို့လုပ်ခဲ့လျှင် ဆယ်နှစ်တာမျှဝေးကွာရလိမ့်မည်မဟုတ်ပေ။

“ရှုအာ သန်ဘက်ခါကျရင် သမီးတို့အိမ်ပြန်ကျမယ်လို့ အန်းဇိုင်ဆီကကြားတယ်"

သူမက ထပ်၍သည်းမခံနိုင်သောကြောင့် မေးလိုက်မိသည်။

"ဟုတ်တယ်။ ဘာကိစ္စမှရှိလို့မဟုတ်ပါဘူး။ လက်ထပ်ပြီးပြီဆိုတော့ မိဘအိမ်မှာ အကြာကြီးမနေနိုင်ဘူးလေ"

စုရွှေလျန်က ခပ်ရေးရေးလေးပြုံးကာ ပြောလိုက်သည်။ အသင့်လျော်ဆုံးနှင့် လက်တွေ့အကျဆုံးအကြောင်းရင်းဖြစ်သောကြောင့် အခြားသောဆင်ခြင်လည်းမလိုအပ်ပေ။

"တစ်ယောက်ယောက်ကများ တစ်ခုခုပြောလိုက်လို့လား"

သမီးဖြစ်သူ၏အတည်ပြုမှုအား ကြားပြီးနောက်တွင် ဖုန့်ချိုက်ယွင်မျက်ခုံးကြုံ့လိုက်မိသည်။ အတွင်းခြံဝန်းရှိမိန်းများအားလုံးသည် သူမအား သတိထားနေကြသည်။

"မဟုတ်ပါဘူး အမေ။ သမီးက ဖန်းဟွာမြို့မှာ ကောင်းကောင်းနေနေတာပဲ။ မင်းသားစံအိမ်မှာနေရတာ ပျင်းလာတယ်လို့ခံစားလာရရင် အမေသမီးတို့ဆီလာပြီး ခဏလောက်လာနေလို့ရတာပဲ။ စိတ်လန်းဆန်းသွားပြီး သက်တောင့်သက်သာဖြစ်လာတဲ့အခါကျရင် စိုးရိမ်မှုတွေပျောက်သွားမယ်လို့ သမီးအာမခံတယ်"

"မင်းကိုကြည့်ပါဦး။ နေရာကတကယ်အေးချမ်းတယ်။ လေက လတ်ဆတ်နေတာပဲ။ တော်လောက်ပြီလို့ထင်တယ်။ လာပြီးနာရင်အရမ်းကောင်းတယ်။ ကောင်းပြီ။ အမေ့မှာအချိန်ရှိရင် အဲ့ကို လာခဲ့ပါ့မယ်။ ဒါပေမဲ့ ကလေးလေးတေါကို အဘိုးအဘွားတွေကို မမေ့စေနဲ့"

ဖုန့်ချိုက်ယွင်က စုရွှေလျန်ပြောသည်ကို နားထောင်ပြီး စိတ်သက်သာရာရသွားကာ ခြံဝန်းထဲရှိဘဝအား အေးချမ်းသည်ဟုပင် နှစ်သိမ့်လိုက်လေသည်။ သူမက ပြုံးကာ သမီးဖြစ်သူအား ပြောလိုက်သည်။

"မမေ့စေရပါဘူး။ အမေနဲ့အဖေက ဒီလောကကြီးထဲမှာ သမီးနဲ့ အားယောင်မှာရှိတဲ့ တစ်ဦးတည်းသောမိဘတွေပဲ။ အမေတို့ကို အများကြီးလေးစားပါတယ်။ ဘယ်လိုလုပ်မေ့သွားရမှာလဲ"

စုရွှေလျန်က သူမ၏စိတ်ရင်းဖြင့် ခံစားချက်အား ဖော်ထုတ်လိုက်ခြင်းဖြစ်သည်။ သူမ၏အသံနေအသံထားတွင် သမီးနှင့်အမေကြားတွင် မနီးစပ်နိုင်သည့်သဘာဝဆန်သည့် အနှောင့်အဖွဲ့ပါဝင်နေသည်။

၎င်းတို့သည် သူမ၏ယခုဘဝ၏မိဘများဖြစ်သည်။ သူမများစွာမစဉ်းစားသင့်ပေ။

အားယောင်သည်မူ မိဘမဲ့တစ်ယောက်ဖြစ်သည်။ အမှန်တွင် သူသည် နှစ်ဦးလုံဂအား သူ၏သားသမီးဝတ္တရားအား ပြသပြီးဖြစ်သည်။

"သမီးဆီကကြားတော့မှ စိတ်ချနိုင်တော့တယ်"

သမီးဖြစ်သူပြောသည်ကို နားထောင်ပြီးနောက်တွင် သူမပို၍စိတ်အေးသွားရသည်။ သူမသည် တစ်ချိန်လုံးအတွေးလွန်တတ်သူဖြစ်သည်။ သမီးသည် ၎င်းတို့အား ချစ်နေဆဲဖြစ်သည်။ ဆယ်နှစ်တာမျှဝေးကွာပြီးနောက်ပင် သမီးဖြစ်သူသည် သူမအား အသိအမှတ်ပြုသေးသည်နှင့်ပင် လုံလောက်ပေပြီ။ နောက်ပိုင်းတွင် သူမအတွက် ရင်းနှီးစွာနေထိုင်ရန် အခွင့်အရေးများများရှိပေဦးမည်။

"ငါ့ဆီက ဘာဆုမှာမလိုတော့ဘူးလား။ မင်းနာမည်ကြီးနေတယ်ဆိုတာ မင်းသိသင့်တာပေါ့။ ကိုယ်တော်မင်းကိုခွင့်ပြုပေးမယ်"

စားသောက်ပွဲအတောအတွင်း သေရည်သုံးကြိမ်မျှသောက်ပြီးနောက် လီဝမ်ရှို့သည် ဖန်ခွက်ကိုမြှောက်ကာ လင်းစစ်ယောင်ဆီသို့ ဝိုင်သောက်ကာ လျှောက်လာသည်။ သူသည် နောက်တစ်ကြိမ်ထပ်၍ အတည်ပြုလိုက်သည်။

"အင်း"

အေးစက်ရှင်းလင်းနေသောအသံက ခန်းမထဲတွင် ပဲ့တင်သံထပ်နေသည်။ လင်းစစ်ယောင်၏နက်ရှိုင်းကာ တိုင်းတာ၍မရသောမျက်ဝန်းများထဲတွင် စိတ်မရှည်မှုအရိပ်အယောင်တို့သန်းနေသ်ည။ သူသည် မျက်လုံးထောင့်မှာ လျန်အန်းဇိုင်အား ကြည့်လိုက်ကာ သူ့ရှေ့တွင် ထိုခေါင်းစဉ်ကိုသာ ထပ်တလဲလဲပြောနေသောသူအား တာားပေးရန် အချက်ပြလိုက်သည်။ သူ၏စိတ်ရှည်းသည်းခံမှုသည် လျင်မြန်စွာကျဆင်းနေပြီဖြစ်သည်။

လျန်အန်းဇိုင်တစ်ယောက် တွန့်တိုစွာ သက်ပြင်းချလိုက်မိသည်။

"မင်းကြီး ကျွန်တော့်ယောက်ဖက အရမ်းထူးခြားသာလွန်တဲ့အရည်အချင်းတွေရှိပေမဲ့လို့ တောတောင်ဝန်းကျင်ကလာတဲ့ လူရိုင်းသာသာပါပဲ။ သူ့ကို နန်းတွင်းထဲက ကြီးလေးတဲ့တာဝန်တွေပေးဖို့ မသင့်လျော်ပါဘူး။ ဘာလို့ သူ့ကို ငွေမပေးလိုက်ရတာလဲ"

လျန်အန်းဇိုင်က ပြုံးကာဖြင့် မတွန်းသာမဆုတ်သာဖြစ်နေသောအခြေအနေနှစ်ခုကြားမှာ အခြေအနေကို ချိုးဖျက်လိုက်သည်။

"ဟားဟားဟား...."

လျန်အန်းဇိုင်စကားအား ကြားသောအခါတွင် လီဝမ်ရှို့သည် သူသည် လင်းစစ်ယောင်အား ကယ်တင်ရန်ကြိုးစားနေခြင်းဖြစ်ကြောင်း သိသည်။ လီဝမ်ရှို့က ခွက်ထိုးခွက်လန်ရယ်မောလိုက်ကာ ခေါင်းကိုခါရမ်းမိလိုက်သည်။ သူက အခြားစားပွဲတစ်ခုတွင်ထိုင်နေသော လျန်ရွှမ်ကျင်းဆီသို့ သွားလိုက်သည်။

"မင်းရဲ့သားမက်က တောထဲကလူရိုင်းတစ်ယောက်သာသာပဲဖြစ်မယ်လို့ ငါကိုယ်တော်ထင်မထားခဲ့ဘူး"

"မင်းကြီးရဲ့ချီးမွမ်းမှုကို ကျေးဇူးတင်ပါတယ်"

လျန်ရွှမ်ကျင်း က မတ်တပ်ရပ်လိုက်ကာ မင်းကြီးအား ဦးညွှတ်လိုက်သည်။

"ငါ့မှုးမတ်တွေ ဒီနေ့ ငါကိုယ်တော်ကြေညာစရာတစ်ခုရှိတယ်..."

ဘေးခန်းမဆီသို့မကြည့်ခင်တွင် ပြောလိုက်ခြင်းဖြစ်သည်။

"မင်းသောက်ပြီးနားထောင်နေတာကြာနေပြီ။ တော်လောက်ပြီ"

လီဝမ်ရှို့၏ထူးဆန်းစွာပြုမူမှုကြောင့် လျန်ရွှမ်ကျင်းနှင့်အခြားသူများပါ စပ်စုချင်သောကြောင့် ဘေးခန်းမကိုကြည့်လိုက်ကြည့်သည်။

ဘေးခန်းမမှ လမ်းလျှောက်ကာ ထွက်လာသောသူအား မှတ်မိကြသောအခါတွင် အားလုံး အံ့ဩမှင်သက်သွားကြသည်။ ထို့နောက် အချင်းချင်းတီးတိုးကာ ပြောနေကြသည်။

"သွေးတပ်ဖွဲ့...သူက သွေးတပ်ဖွဲ့ရဲ့ဧကရာဇ်ပဲ"

"မြတ်စွာဘုရား သူကတကယ်ပဲ သွေးတပ်ဖွဲ့ရဲ့မင်းကြီးပဲ"

"ဘာလို့ သူကဒီမှာရှိနေရမှာလဲ။ သွေးတပ်ဖွဲ့နဲ့ တဟွေ့က နိုင်ငံရေးကိစ္စတွေကို ဝင်မစွက်ဖက်ကြဘူးလို့ သဘောတူထားတာမလား"

"သွေးစစ်သည် (၁၂)ယောက်ကြောင့်များလား။ သူက ဒီကိုလက်စားချေဖို့လာတာလား"

“မင်းကြီးကများ လင်းစစ်ယောင်ကို သွေးတပ်ဖွဲ့ကို လက်ဆောင်ပဏ္ဏာအဖြစ် ဆက်လိုက်မလို့လား"

"ဘယ်လိုတောင်ကြောက်စရာကောင်းလိုက်လဲ"

***

All Chapters