အဖေနှင့် သား
Vol. 5 Ch. 124
"ငါဘယ်သူလဲဆို ခန့်မှန်းနိုင်လား"
ရွှယ်လီသည် သူ့ရှေ့မှ အရပ်ရှည်ရှည်ဖြင့် ရုပ်ရည်ချောမောသောထိုယောင်္ကျားအား ကြည့်ကာမေးလိုက်သည်။ သူ၏အသံက တုန်ရီနေသဖြင့် ဖြေးညင်းစွာမေးလိုက်၏။
လင်းစစ်ယောင်က ခေါင်းညိတ်မပြခင်တွင် သွေးတပ်ဖွဲ့ဧကရာဇ်ဟုခေါ်သောထိုသူအား ခေတ္တမျှကြည့်လိုက်ကာ ခေါင်းညိတ်ပြလိုက်၏။
"ခင်ဗျားကသွေးတပ်ဖွဲ့ရဲ့မင်းကြီးမဟုတ်လား"
သူသည် လင်းစစ်ယောင်နှင့် ယွဲ့ခိုင်မြို့တွင် တစ်ကြိမ်တွေ့ဆုံဖူးသည်။ လွန်ခဲ့သောနှစ်ရက်ကလည်း နန်းတော်သို့ လာရောက်ခဲ့သောသူဖြစ်သည်။ သူသည် တဟွေ့မင်းကြီး၏ရှေ့တွင် သူ၏ဒေါသအား ပိတ်လှောင်ထားရကာ ဘာမျှမဖြစ်သကဲ့သို့ ပြုမူနေရသည်။ သူသည် သွေးတပ်ဖွဲ့၏ဧကရာဇ် ရွှယ်လီပင်ဖြစ်သည်။
"အဲ့တာတင်မကသေးဘူး"
ရွှယ်လီက လင်းစစ်ယောင်ကိုကြည့်ကာ ဖြည်းညင်းစွာခေါင်းခါပြလိုက်သည်။ သူသည် စိတ်ဝင်စားစရာကောင်း၍ ရင်ဖိုစကားကောင်းသည့်ပုံပြင်တစ်ပုဒ်အား စတင်ပြောပြတော့၏။
"လွန်ခဲ့တဲ့(၂၄)နှစ် မိုးရွာတဲ့နွေညမှာ တစ်နှစ်တောင်မပြည့်သေးတဲ့ငါတို့သားက ဘယ်သူမှမသိလိုက်ရဘဲ နန်းတွင်းထဲနေပျောက်သွားခဲ့တယ်။ ပုခက်ထဲမှာ ကျားသစ်တစ်ကောင်ကိုထားခဲ့တယ်။ ပြီးတော့ နောက်တစ်နေ့မှာ သွေးတပ်ဖွဲ့ရဲ့ အတွင်းအပြင်ကသူတိုင်းက အဲ့အကြောင်းကို တီးတိုးပြောကြတယ်။ သွေးတပ်ဖွဲ့ရဲ့အိမ်ရှေ့စံမင်းသားက ကျားသစ်အဖြစ်ပြောင်းသွားတယ်ဆိုပြီးပြောကြတယ်။ ငါတို့က မှော်ဆန်တာကို မယုံခဲ့ကြဘူး။ ပျောက်သွားတဲ့ကလေးကိုရှာဖို့ ကြိုးစားခဲ့ကြတယ်။ ငါတို့ဆက်ပြီးရှာခဲ့ကြတယ်... (၂၄)နှစ်လုံးလုံးပေါ့"
ထို့နောက်တွင် သူသည် လင်းစစ်ယောင်အား ပြုံးကာကြည့်ပြီးပြောလိုက်သည်။
"နောက်ငါဘာဆက်ပြောမလဲဆိုတာ ခန့်မှန်းနိုင်မလား"
"ဘာအကြောင်းဖြစ်ဖြစ်ကိစ္စမရှိဘူး။ စိတ်မဝင်စားဘူး"
လင်းစစ်ယောင်က လှည့်ကာ သူ့အား ကျောပေးလိုက်ပြီး အေးစက်စက်စကားလုံးများဖြင့်သာ ချန်ထားခဲ့သည်။ ထို့နောက်တွင်ခြေလှမ်းအနည်းငယ်မျှလှမ်းပြီးနောက်တွင် လီဝမ်ရှို့က ၎င်းတို့အားပေးထားသော သီးသန့်အခန်းအပြင်သို့ ခြေလှမ်းကျဲကျဲဖြင့်လျှောက်ထွက်သွား၏။
"မင်းရှောင်ချင်တယ်ဆိုရင်တောင်မှ မင်းဘာမှမဖြေရှင်းနိုင်ဘူး..."
ရွှယ်လီက ထွက်သွားခြင်းအား မတားပေ။ သို့သော် လင်းစစ်ယောင်၏အေးစက်စက်ခြေလှမ်းများအားမြင်လိုက်ရသောအခါတွင်မူ ပြောမိသွားသည်။
"ဘယ်လိုဖြစ်သွားလဲ။ မင်းတို့နှစ်ယောက်က အချင်းချင်းအသိအမှတ်မပြုချင်ကြဘူးလား။ ငါမင်းတို့ကို ပြောပြမယ်"
တဟွေ့မင်းကြီး လီဝမ်ရှို့က သီးသန့်အခန်းထောင့်မှထွက်လာပြီး ဝင်ပေါက်မှထွက်လာသောရွှယ်လီကိုကြည့်ကာ ခေါင်းတစ်ခါခါဖြင့်ပြောလိုက်သည်။
"ပါးစပ်ပိတ်ထား"
ရွှယ်လီက ပြောလိုက်၏။ သူသည် လီဝမ်ရှို့အား ပွစိပွစိပြောခြင်းရပ်လိုက်ရန် မျက်စောင်းထိုးကြည့်လိုက်သည်။ သူသည် ခန်းမအပြင်သို့ ခြေလှမ်းခပ်ကျဲကျဲဖြင့် ထွက်သွား၏။
"ကောင်းပြီ ကောင်းပြီ ငါတို့နန်းတော်ကနေ ဘယ်ချိန်မှထွက်သွားမှာလဲ။ သူက မင်းကိုမတွေ့ချင်ဘူးဆိုမှတော့ မင်းဒီမှာနေလို့မရတော့ဘူးလေ။ ဒီနေရာက တဟွေ့နန်းတော်။ ပြီးတော့ အတွင်းဆောင်က ကိုယ်လုပ်တော်တွေအတွက်..."
"စိတ်မပူပါနဲ့။ မနက်ဖြန်ထွက်သွားမှာပါ။ ငါတို့ကရော ဒီမှာနေချင်တယ်ထင်လား"
ရှစ်ရက်မြောက်နေ့တွင် နန်းတော်သို့ ရောက်လာမည်ကို မသိလျှင် သူသည်လည်း စောင့်ချင်မည်မဟုတ်ပေ။ သူသည် ချစ်ဇနီးအား အနားတွင် အတူတူရှိစေချင်ခဲ့သည်။ တစ်လမဆိုထားနှင့် ညစဉ်ညတိုင်း အတူအိပ်ဖော်မထပ်သည့် လီဝမ်ရှို့၏ စပ်ဆုပ်အထင်သေးဖွယ်ဘဝအား မြင်နေရသည်ကို သူမုန်းသည်။ သေမည်ကိုမကြောက်ဘဲ ဥယျာဉ်ထဲတွင် လမ်းလျှောက်နေသောသူ့အား ချည်းကပ်သော ဦးနှောက်မရှိသည့်ကိုယ်လုပ်တော်များလည်းရှိသေးသည်။ ၎င်းတိုသည် ယခင်က ယောင်္ကျားတစ်ယောက်နှင့်မျှ မအိပ်ဖူးသကဲ့သို့ ပြုမူတတ်ကြသေးသည်။ ဇနီးဖြစ်သူ သဝန်တိုမည်ကိုမကြောက်ပါ။ မိမိဘာသာ မထိန်းချုပ်နိုင်ကာ တဟွေ့နန်းတွင်းအား ထိုသူတို့၏သွေးဖြင့်ညစ်ပေသွားပြီး လီဝမ်ရှို့မျက်နှာပျက်ရမည်ကိုသာ ကြောက်ပေသည်။
"ကောင်းတယ်။ ဒီသတင်းကို မင်းတန်ဖိုးထားသင့်တယ်။ သူ ဒီနေ့ပဲ နန်းမြို့တော်ကနေ ထွက်သွားမယ်လို့ကြားတယ်"
လီဝမ်ရှို့သည် တစ်ချက်မျှပင် လှည့်မကြည့်ဘဲ အပြင်သို့ထွက်သွားသော ရွှယ်လီအားအော်ပြောလိုက်သည်။
မျက်နှာထားအေးစက်စက်ဖြင့် ထိုသူသည် ရွှယ်လီ၏သားအရင်းဖြစ်ပါလျှင် တဟွေ့အတွက် အတော်ကောင်းပေမည်။ ထိုသူအတွက် ချစ်စရာကောင်းသောအမွှာလေးအား မွေးပေးထားသောသူမှာ ကျင်းဝမ်ရယ်နှင့် သူ၏ပထမဇနီး၏သမီးဖြစ်သည်။ ထို့ကြောင့် သွေးတပ်ဖွဲ့နှင့် တဟွေ့သည် ဆွေမျိုးတော်စပ်သွားပေမည်။ နောက်ပိုင်းတွင် ရွှယ်လီသည် တဟွေ့အား မည်သို့ခြိမ်းခြောက်နိုင်မည်ကို လီဝမ်ရှို့တွေ့ချင်မိသည်။ တဟွေ့မြောက်ပိုင်းနယ်စပ်တွင်နေသောသူများသည် အားကောင်းကာရက်စက်ကြမ်းကြုတ်သော သွေးတပ်ဖွဲ့၏လူများ ကျူးကျော်ဝင်ရောက်လာမည်ကိုလည်း စိုးရိမ်စရာမလိုတော့ပေ။
ထိုသို့သောသဘောထားမျိုးအား အဘယ့်ကြောင့် ယခင်က တစ်ခါမျှမစဉ်းစားခဲ့ရဖူးသနည်း။ သူသည် သမီးတော်များကိုသာ အိမ်နီးချင်းနိုင်ငံမှ အိမ်ရှေ့စံမင်းသားများဖြင့် လက်ထပ်စေလျှင် သို့မဟုတ် ဘုရင်များ၏ကိုယ်လုပ်တော်များသာဖြစ်သွားလျှင် တဟွေ့သည် အိမ်နီးချင်းနိုင်ငံများ၏ ကျူးကျော်ခံရတော့မည်မဟုတ်ပေ။
တဟွေ့မင်းကြီးက ထိုအကြောင်းအား ပို၍စဉ်းစားလေလေ သူ၏အစီအစဉ်ကပို၍ကောင်းသည် ထင်လာလေလေဖြစ်သည်။ စဉ်းစားရင်းဖြင့် နန်းတွင်းစာကြည့်ခန်းထဲဆီသို့လျှောက်သွားကာ မည်သည့်တိုင်းပြည်သည် တဟွေ့အား ခြိမ်းခြောက်မှုဖြစ်စေသည်နှင့် မည်သည့်သမီးအား လွှတ်ရမည်ကိုရှာရန် စိတ်ဆုံးဖြတ်လိုက်သည်။
"မင်းတို့တကယ်မနက်ဖြန်သွားကြမလို့လား"
လျန်ရွှမ်ကျင်းက မျက်ခုံးကြုပ်ကာ မေးလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူသည် သားမက်ဖြစ်နေသေးသည်။ မိသားစုသည် ထွက်သွားချင်လျှင် ၎င်းတို့သည် သူ့အား ဦးစွာပြောသင့်ပေသည်။ ထွက်သွားချင်တိုင်း မည်သို့ထွက်သွားနိုင်ရမည်နည်း။
"မနေ့က အန်းဇိုင်ကို ပြောပြပြီးပြီ"
လင်းစစ်ယောင်က ခေတ္တမျှတွန့်ဆုတ်နေသည်။ လျန်အန်းဇိုင်အား ယောက်ဖဟုခေါ်ရန် ခဲယဉ်းနေပေသည်။ သို့သော် သူ့ထက် (၇)နှစ်မျှပင်ကြီးသည်။
"ကိစ္စကြီးကို ငါ့ကိုပြောရင်တောင် အနှောင့်အယှက်မဖြစ်ပါဘူး"
လျန်ရွှမ်ကျင်းက သဝန်တိုသည်ကို မည်သည့်အခါမျှ ဝန်ခံလိမ့်မည်မဟုတ်ပေ။ သူသည် သားမက်ဖြစ်သည်အား အမြဲစောဒကတက်တက်သော်လည်း ထွက်သွားမည့်အကြောင်းမပြောသည့်အတွက် အနှောင့်အယှက်မဖြစ်စေပေ။ ယောက္ခမဖြစ်သူကိုပင် ထည့်သွင်းစဉ်းစာခြင်းမပြုခဲ့ပေ။
"ယောက္ခမကြီး ကျွန်တော့်ကို တစ်ခုခုများလုပ်စေချင်တာလား"
လင်းစစ်ယောင်က လျန်ရွှမ်ကျင်းက နားမလည်သည့်ပုံစံဖြင့်ကြည့်လိုက်သည်။ ယခုအခေါက်တွင် မင်းကြီးအားတွေ့ဆုံရန် နန်းမြို့တော်သို့လာခြင်းဖြစ်သည်။ လျန်အန်းဇိုင်သည်သာ အရေးကြီးကြောင်းမပြောခဲ့ပါလျှင် မိသားစုတစ်ခုလုံးအား ထိုသို့ခေါ်လာခဲ့မည်မဟုတ်ပေ။ ရွှေလျန်နှင့်အမြွှာလေးများသည် ခရီးရှည်ဒဏ်မခံနိုင်ကြပေ။
"အမ် အကြောင်းရင်းမရှိဘဲနဲ့ မင်းတို့ကို ဒီမှာရက်ကြာကြာနေဖို့ တောင်းဆိုလို့မရဘူးလား။ ဘာပဲဖြစ်ဖြစ် ရှုအာက ငါ့သမီးလေ။ မိဘအိမ်မှာနေဖို့ အကြောင်းပြချက်လိုသေးလို့လား"
လျန်ရွှမ်ကျင်းက နှုတ်ခမ်းမွှေးသတ်ကာ ပြောလိုက်သည်။
"အင်း အဲ့မှာကောင်းတာဘာမှတော့မရှိပါဘူး"
လင်းစစ်ယောင်က သူလိုချင်သောအဖြေအားရလိုက်သော်လည်း ခေါင်းငြိတ်ပြလိုက်ကာဖြင့် လျန်ရွှမ်ကျင်း၏ခံစားချက်အား လျစ်လျူရှုလိုက်သည်။
"အဖေ"
စုရွှေလျန်တစ်ယောက် ကလေး၏ပစ္စည်းများကို ထုပ်ပိုးပြီးသွားပြီဖြစ်သ်ည။ အခန်းထဲသို့ဝင်လာလျှင်ဝင်လာချင်းပင် လျန်ရွှမ်ကျင်း၏သက်ပြင်းချနေမှုအား တွေ့လိုက်ရသည်။ သူမရယ်ရမည်လား ငိုရမည်လားမသိတော့ပေ။ သူမက လျှောက်သွးကာ သူ၏လက်မောင်အားဆွဲကိုင်လိုက်သည်။ စားပွဲဆီသို့သွားရန် ကူညီပေးလိုက်ကာ ထိုင်စေပြီး လက်ဖက်ရည်တစ်ခွက်ငှဲ့ပေးလိုက်၏။ သူမက နူးညံ့စွာဖြင့် ပြောလိုက်၏။
"အဖေ သမီးတို့ ရက်ကြာကြာမနေနိုင်တာမဟုတ်ပါဘူး။ အနှေးနဲ့အမြန်သွားရမှာပဲလေ။ အဲ့တာအပြင် ချွမ်းလန်က သမီးတို့အိမ်ကိစ္စတွေကိုစောင့်ရှောက်ပေးတာနဲ့ အခြားဖြေရှင်းဖို့လိုတာတွေ အများကြီးရှိသေးတယ်။ အဖေ ပြီးတော့ အမေရောပဲ။ အချိန်ရရင် ဖန်းဟွာမြို့ကိုလာလည်ကြပါ"
"မင်းတို့တွေမှာ အသိစိတ်ကိုမရှိဘူး။ မင်းအမေရော ငါရောက အိုလှပြီ။ ဘယ်လိုလုပ် ခဏခဏခရီးထွက်နိုင်မှာလဲ"
လျန်ရွှမ်ကျင်းက စုရွှေလျန်အား မျက်လုံးပင့်ကြည့်လိုက်သည်။ သူသည် ၎င်းတို့စံအိမ်တွင်နေစဉ်အတွင်း အနီးအနားတွင်အိမ်ဝယ်ပေးကာ နန်းမြို့တော်တွင်နေရန် သိမ်းသွင်းမည်ဟု စီစဉ်ထားပြီးဖြစ်သည်။ ကလေးများက ၎င်းတို့အိမ်အား မမြင်ခင်တွင်ပင် ပြန်ချင်ကြလိမ့်မည်ဟု မသိနိုင်ခဲ့ပေ။ မိန်းမတစ်ယောက်၏နေရာဌာနစိတ်ကိုင်းညွှတ်ခြင်းသည် ယောင်္ကျားနှင့်မိသားစုပင်ဖြစ်သည်ဆိုသည်မှာ မှန်ပေသည်။
"အဖေ သမီးက ဖန်းဟွာမြို့ကို ပုံမှန်လာဖို့ တောင်းဆိုနေတာမဟုတ်ပါဘူး။ တစ်နှစ်မှတစ်ခေါက်လောက်ဖြစ်ဖြစ် အားလပ်ရက်ခရီးထွက်စေချင်တာပါ။ အမေကတော့ ဖန်းဟွာကလေက နန်းမြို့တော်ကထက် အများကြီးပိုပြီးလတ်ဆတ်တယ်လို့ပြောတယ်"
အမှန်တွင် သူမသည် သူ၏ကိုယ်လုပ်တော်များနှင့်သမီးများဖြင့် ရင်ဆိုင်နေရခြင်းအား ပင်ပန်းနေပြီဖြစ်သော်လည်း လျန်ရွှမ်ကျင်းနှင့်အမေအား ထိုအကြောင်းကို မပြောချင်ခဲ့ပေ။ မည်သို့ပင်ဖြစ်စေ ထိုနေရာသည် သူမနှင့် အားယောင်အတွက် အချိန်ကြာမြင်စွာနေရမည့်နေရာမဟုတ်ပေ။ မိဘများအား ဝမ်းမနည်စေချင်သောကြောင့် ဒုက္ခမပေးလိုခဲ့ပေ။
"အင်း တကယ်တော့ အမေက မင်းဘက်မှာရှိတာပါပဲ"
လျန်ရွှမ်ကျင်းက နှာခေါင်းရှုတ်လိုက်၏။
"ကောင်းပြီ။ အဖေ ရှောင်အာနဲ့ လုံအာတို့ကြီးလာရင် နန်းမြို့တော်ကိုခေါ်ပြီး လာလည်ပါ့မယ်။ အဲ့အချိန်ကျရင် သူတို့ကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရင် စောဒကမတက်ဖို့ဘဲ မျှော်လင့်ပါတယ်"
"သူတို့ကို ဘယ်သူကစောဒကတက်မှာလဲ"
လျန်ရွှမ်ကျင်းက မျက်ခုံးပင့်ပြကာ အသံမြင့်ပြောလိုက်သည်။
"နောက်ကျနေပြီ။ ငါတို့သွားသင့်ပြီ"
လင်းစစ်ယောင်က စုရွှေလျန်အား သတိမပေးခင်တွင် သူ၏ပစ္စည်းများကို အိတ်ကြီးတစ်ခုထဲတွင် ထုပ်ပိုးလိုက်သည်။
ရှီရွှယ်သည်လည်း သူမအား မြို့တံခါးတွင် စောင့်နေပေသည်။
"အဖေ အမေ အစ်ကိုကြီး...သမီးသွားပါတော့မယ်။ ကျန်းမာရေးဂရုစိုက်ကြပါ"
စုရွှေလျန်က မိဘများနှင့် အစ်ကိုကြီးအားပြုံးပြလိုက်သည်။ မြင်းလှည်းလေးစီးသည် မင်းသားကြီးစံအိမ်ဝင်ပေါက်တွင်စောင့်နေပေသည်။ အသုံးပြုထားသောလှည်းနှစ်လှည်းမှလွဲ၍ ပစ္စည်းများသယ်ရန်တစ်စီးနှင့် လုံရှီရွှယ်နှင့် ချင်းလန်အားခေါ်ရန်တစ်စီးရှိသည်။ အမှန်တွင် စုရွှေလျန်က အပြန်လမ်းတွင်လူများသက်သောင့်သက်သာဖြစ်စေရန် လုပ်ထားခြင်းဖြစ်သည်ဟု ပြောထားပေသည်။
ဖုန့်ချိုက်ယွင်က စုရွှေလျန်လက်ကိုကိုင်ကာ သူမအား မသွားစေချင်သေးပေ။ သူမသည် အိမ်မကြီးမှနေ တံခါးပေါက်ဝထိ ပြောနေသော်လည်း သွားစေချင်သည့်အရိပ်အယောင်မပြပေ။
“ရှုအာ, တစ်ခုခုဖြစ်လာရင် အမေ့ဆီစာပို့လိုက်။ အစေခံတွေမလောက်ရင်လည်း အမေက လျန်မော့မော့ကို မင်းလိုအပ်တာအားလုံးစီစဉ်ခိုင်းလိုက်မယ်။ ကိုယ့်ဘာသာဒုက္ခမခံနဲ့"
"အမေ စိတ်မပူပါနဲ့။ သမီးနားလည်ပါပြီ"
အမေတစ်ယောက်၏စိုးရိမ်ပူပန်ခြင်းအား မည်သည့်ကလေးမျှ မငြင်းဆန်နိုင်ပေ။ စုရွှေလျန်က သူမပြောသည်ကို စိတ်ဝင်တစားနားထောင်နေကာ ခေါင်းတညိတ်ညိတ်လုပ်နေသည်။
"ကောင်းပြီ။ အခုမင်းသွားရင် မင်းမြို့ထဲနေ စောစောစီးစီးထွက်သွားသင့်တယ်။ အဲ့လိုမှမဟုတ်ရင် ညရောက်ရင် နားဖို့နေရာရှာမရဘဲဖြစ်နေလိမ့်မယ်"
လျန်ရွှမ်ကျင်း က စိတ်မရှည်ဟန်ဖြင့်ကြည့်လိုက်ကာ အမေနှင့်သမီး၏မဆုံးနိုင်နှုတ်ဆက်နေမှုအား ဖြတ်တောက်လိုက်သည်။
ထို့နောက် ၎င်းတို့လှည်းထဲသို့ ဝင်သွားကြသည်။ နှုတ်ဆက်ခြင်းပြီးသည့်နောက်တွင် လျန်အန်းဇိုင်က စံအိမ်ဆီသို့ဦးတည်သွားကာ အထုတ်အပိုးသိမ်းခြင်းအား စတင်တော့သည်။
“အန်းဇိုင်, မင်းဘာလုပ်နေတာလဲ"
လျန်ရွှမ်ကျင်းက သားဖြစ်သူအား သားမက်နှင့်သွေးတပ်ဖွဲ့ဘုရင်တို့ သီးသန့်စကားပြောခဲ့သည့်အကြောင်းအား ပြောချင်ပါသော်လည်း လျန်အန်းဇိုင်က အထုတ်အပိုးများစတင်သိမ်းနေလေပြီ။
"ခရီးထွက်မလို့ပါ အဖေ။ ကျွန်တော့်ကို ပြောစရာရှိလို့လား"
လျန်အန်းဇိုင်က များစွာရှင်းမပြပေ။ သူသည် ရံဖန်ရံခါခရီးထွက်တတ်သောကြောင့် မည်သည့်နေရာသို့ သွားမည်ကို ဖခင်ကမမေးပေ။
ရွှယ်လီ၏ရည်ရွယ်ချက်အား မေးချင်ယုံသာဖြစ်သည်။
ထို့အပြင် မင်းကြီးပြောသည်အရဆိုလျှင် သွေးတပ်ဖွဲ့သည် သွေးစစ်သည်(၁၂)ယောက်နှင့်ပက်သက်၍ မဆွေးနွေးချင်သကဲ့သို့ စွပ်စွဲခြင်းလည်း မပြုချင်တော့ပေ။
"အင်း ဘာမှမဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်။ ဒီကိစ္စနဲ့ပက်သက်ပြီး နည်းနည်းလေးတော့ သံသယဝင်နေသေးတယ်"
လျန်ရွှမ်ကျင်းက သက်ပြင်းချကာ လျန်အန်းဇိုင်၏အိပ်ခန်းအတွင်းရှိ စားပွဲတွင်ထိုင်လိုက်သည်။ သူသည် သားဖြစ်သူနှင့်ပြောချင်သောကြောင့် ကြည့်လိုက်မိသည်။
"အဖေ"
လျန်အန်းဇိုင်က ဖခင်ဖြစ်သူအား သတိပေးလိုက်သည်။
"မကြာခင်သားထွက်သွားတော့မယ်"
ဖခင်ဖြစ်သူအား အခန်းသို့ပြန်ရန် သဲလွန်စပေးလိုက်လေ၏။
"ဪ အဲ့လိုဆို ဆက်ပြီးပစ္စည်းတွေထည့်လေ"
လျန်ရွှမ်ကျင်းက လက်ဝှေ့ရမ်းပြလိုက်၏။ စိတ်ထဲတွင် ရွှယ်လီနှင့် လင်းစစ်ယောင်တို့ သီးသန့်အခန်းထဲတွင်စကားပြောကြသည့်အကြောင်းသာ နေရာယူထားကာ သားဖြစ်သူ၏အခန်းထဲတွင်ရှိသည်ကိုပင် မမှတ်မိတော့ပေ။ ထို့နောက် စိတ်ပြောင်းသွားကာ ထူးဆန်းသောလေသံဖြင့်
"မင်းကို အကူလွှတ်ပေးဖို့ လိုသေးလား"
"မလိုပါဘူး"
လျန်အန်းဇိုင်က နားထင်သပ်ကာပြောလိုက်၏။ သူသည် အထုပ်အပိုးများထုပ်ကာ ဖခင်ဖြစ်သူနှင့် ဆန့်ကျင်ဘက်တွင် ထိုင်နေသည်။
“အဖေ ဘာများစိတ်ရှုပ်စရာရှိနေလို့လဲ အဖေ"
"မင်းကြီးက ငါတိ့ကို သတင်းကောင်းမျှော်သင့်တယ်လို့ ပြောခဲ့တယ်မဟုတ်လား"
လျန်ရွှမ်ကျင်းက သားဖြစ်သူအား ကြည့်ကာပြောလိုက်သည်။
"မင်းကိုလက်ထပ်ပေးမဲ့အကြောင်းလို့ ထင်ခဲ့တာ။ ဒါပေမဲ့လို့..."
ခေတ္တမျှရပ်လိုက်ပြီး လျန်အန်းဇိုင်ကိုကြည့်လိုက်ကာ
"အဲ့လိုဖြစ်နိုင်ချေက လုံးဝမရှိဘူး။ မင်းကြီးက ဘာအကြောင်းကိုပြောတာလဲဆိုတာ လုံးဝနားမလည်နိုင်ဘူး"
"မင်းကြီးက အမြဲဒီလိုမျိုး ထူးထူးဆန်းဆန်းပြောတတ်တာပဲကိုး။ မနေ့ကလည်း ပြောခဲ့တာပဲလေ။ အဖေအသားကျသင့်ပြိ"
လျန်အန်းဇိုင်ကလှည့်ကာ အနောက်ဘက်သို့ဝင်သွားသောနေကိုကြည့်ပြီး တိတ်ဆိတ်စွာသက်ပြင်းချလိုက်မိသည်။ သူသည် ပို၍ကြာအောင် အချိန်ဆွဲနေပါလျှင် မနက်ဖြန် သွေးတပ်ဖွဲ့ဆီသို့ ရောက်နိုင် မရောက်နိုင်ဆိုသည်မှာ ပြဿနာတစ်ခုဖြစ်လာပေမည်။
"ဒီတစ်ခေါက် မင်းခရီးရဲ့ရည်ရွယ်ချက်ကဘာလဲ"
လျန်ရွှမ်ကျင်းက ရုတ်တရက်ခေါင်းစဉ်ပြောင်းကာ လျန်အန်းဇိုင်လက်ထဲရှိအိတ်ကိုကြည့်ကာမေးလိုက်သည်။
"နောက်ကနေလိုက်ဖို့..."
လျန်အန်းဇိုင် ခေတ္တမျှရပ်ကာ ဇနီးဆိုသောစကားကိုမူ ပြောရန် ချန်ထားလိုက်သည်။ တိတ်ဆိတ်စွာဖြင့်ရင်ဘတ်ကို ပုတ်လိုက်သည်။ ထိုမိန်းကလေးသည် သူ့အား ခံစားချက်ရှိသည်မရှိသည်ကို မသိခင်တွင် သွေးတပ်ဖွဲ့ဆီသို့သွားကာ ဇနီးနောက်သို့လိုက်သည်ဟု ဝန်မခံရဲပေ။ သူကျရှုံးခဲ့လျှင် မျက်နှာပျက်ရပေမည်။
"ဘယ်သူ့နောက်လိုက်လိုက် ကိစ္စမရှိဘူး။ အိမ်ကိုသာဘေးကင်းကင်နဲ့ပြန်လာခဲ့"
အဖေက သူ့အား ဒုက္ခမပေးချင်ပေ။ သူက မတ်တပ်ရပ်လိုက်ပြီး အိမ်မကြီးဆီသို့ လှည့်သွားသည်။
"ဒါနဲ့ သမားတော်အိုးယန်ကို ငါအမှတ်ရတယ်လို့ပြောလိုက်ဦး"
လျန်အန်းဇိုင်တစ်ယောက် ပျော်ရွှင်စွာဖြင့် မတ်တပ်ရပ်မိသော်လည်း ဖခင်၏စကားကြောင့် ခလုတ်တိုက်မိသွားသည်။ သူ့အဖေက သူ သွေးတပ်ဖွဲ့ဆီသို့ သွားမည်ကို သိနေပေသည်လော။
***