ယွဲ့ခိုင် တည်းခိုခန်း
Vol. 5 Ch. 126
"ကိုယ်တို့ရောက်ခါနီးပါပြီ"
လင်းစစ်ယောင်က သူမ နားနားလေးတွင် တီးတိုးပြောကာ တခစ်ခစ်ရယ်မောလိုက်သည်။ စုရွှေလျန်၏ဒေါသနှင့် အရှက်တရားအား ရန်စနေခြင်းဖြစ်သည်။
သူမကိုအပြစ်တင်ရမည်မဟုတ်ပေ။ လှည်းထဲတွင် ပျော်ရွှင်ကြည်နူးချစ်တီတူးခြင်းသည် သူမ မဆိုထားနှင့်။ လင်းစစ်ယောင်သည်ပင် သူမနှင့် လှည်းထဲတွင် ထိုသို့လုပ်ဖြစ်လိမ့်မည်ဟု ထင်မထားပေ။ လူတိုင်းက အေးစက်ကာထူးခြားသည်ဟုပြောကြသော လင်းစစ်ယောင်အား မိမိဘာသာ မထိန်းချုပ်နိုင်အောင် သူမကလုပ်လိုက်သည်ဟုပင် ဆိုနိုင်ပေသည်။
"ဘယ်သူမှမသိပါဘူး"
သူက သူမအား တင်းတင်းဖက်ထားလိုက်ကာ ညနေဆည်းဆာတွင်ပန်းနုရောင်တိမ်တိုက်လေးနှင့်တူသည့်နဖူးလေးအား နမ်းလိုက်သည်။ ၎င်းတို့သည် လှည်းထဲတွင်သာမရှိကြပါလျှင် နောက်ထပ်တစ်ချီမျှ ဆက်သွားကြပေလိမ့်ဦးမည်။
ကလေးမွေးပြီးနောက်တွင် သူမ၏အားနည်းလှသောခန္ဓာကိုယ်လေးက ပို၍ဖျော့တော့လာကာ အထွတ်အထိပ်ရောက်ရန်အချိန်မှာ ပို၍တိုတောင်းလာပြီး ပို၍ချစ်ရမ္မက်ပြင်းလာမိသည်။ အရာအားလုံးပေါင်းစပ်လိုက်ခြင်းက လင်းစစ်ယောင်အား သူမနှင့်ပက်သက်၍ ထိန်းမနိုင်သိမ်းမရဖြစ်အောင်လုပ်လိုက်မိခြင်းပင်ဖြစ်သည်။
"မလိမ်နဲ့"
စုရွှေလျန်က ဒေါသထွက်ကာ တစ်ချိန်တည်းတွင်ပင် ရှက်သွေးဖြာနေသည်။ ချစ်ရမ္မက်ပြင်းပြခြင်းတွင် ကျရှုံးသွားခဲ့ရသောကြောင့် ရှက်နေခြင်းသာဖြစ်သည်။
လက်တွေ့ဆန်မှုသို့ ပြန်ရောက်သွားသောအခါတွင်မူ သူမတို့သည် လှည်းထဲတွင်ပြီးသွားခဲ့ကြသည်ကို သဘောပေါက်သွား၏။ ဘေးတွင်လူများရှိသေးကာ နှစ်ကြိမ်မျှပင်လုပ်မိခဲ့ကြ၏။ ပထမအချီသည် သူမသည် သူ့ပေါ်တွင်ထိုင်နေသောအချိန်တွင်ဖြစ်ကာ ဒုတိယအချီသည် နူးညံ့သောမွေ့ရာပေါ်တွင်မှီနေရင်းဖြစ်၏။ ၎င်းတို့သည် အိပ်ပျော်နေသောအမွှာလေးများနှ့င်အတူ နိုးထလာကြ၏။
မြတ်စွာဘုရား? သူမသည် ထိုအကြောင်းအား ပို၍စဉ်းစားမိလေလေ ခံစားခဲ့ရသည်မှာ ပို၍ထိန်းမနိုင်သိမ်းမရဖြစ်လာလေဖြစ်သည်။
မြင်းလှည်းများက မောင်းနေသော်လည်း နောက်လှည်းတွင်ရှိသောသူများက ဘာမျှမသိနိုင်ကြချေ။ ၎င်းတို့၏လှည်းသမား သတိမထားဟု ဆိုလိုခြင်းမဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ ၎င်းတို့၏အရှိန်အဟုန်ပြင်းပြင်းဖြင့် တက်ကြွနေသောစိတ်အားထက်သန်မှုက လှည်းကို တုန်ခါစေပေသည်။
ထို့ကြောင့် အပြင်ဘက်တွင်ထိုင်နေသောလှည်းမောင်းသမားသည် ခန်းစီးတစ်ခုသာခြားသော၎င်းတို့၏လှုပ်ရှားမှုအား သတိမထားမိကို မယုံပေ။ ဘခုတစ်ခေါက်တွင် သူမသည် အပြင်ထွက်၍ မည်သို့ဖြင့် လူများနှင့်တွေနိုင်တော့မည်နည်း။
"ရွှေလျန်...ကိုယ်တို့က ခင်ပွန်းနဲ့ဇနီးပဲလေ"
ခင်ပွန်းနှင့်ဇနီးသည်သည် အပြန်အလှန်ချစ်မေတ္တထားကြခြင်းမှာ သာမန်မျှသာဖြစ်သည်။ အချိန်နှ့င်နေရာမှာ အနည်းငယ်မျှထူးဆန်းနေပါသော်လည်း ပတ်ဝန်းကျင်စည်းမျဉ်းစည်းကမ်းများနှင့် ကန့်သတ်ချက်များကို ဖောက်ဖျက်ခြင်းမဟုတ်ပေ။ နေ့အချိန် မောင်းနေသောလှည်းထဲတွင် ဇနီးနှင့်ခင်ပွန်းသည် မချစ်ရဟု မည်သူကများ စည်းကမ်းထုတ်ထားပါသနည်း?
"ကျွန်မသိပါတယ်..."
စုရွှေလျန်တစ်ဖန စိတ်တိုလာပြန်ကာ သူ့အား မျက်လုံးပင့်ကာ ကြည့်လိုက်သည်။ လှည်းရပ်သွားသည်ကို သိလိုက်သောအခါတွင်မူ ယွဲ့ခိုင်မြို့သို့ရောက်ပြီဖြစ်ကြောင်း သိလိုက်ကြသည်။
သူတို့သည် ထိုသို့လုပ်ခြင်းဖြင့် တစ်နာရီမျှပင် အချိန်ကုန်ဆုံးသွားသည်လော။ သူမထပ်၍အော်မိပြန်၏။ ယခုတစ်ခေါက်တွင် မကြားတကြားအော်မိလိုက်ကာ လင်းစစ်ယောင်အား ပြုံးဖြဲဖြဲလုပ်ပြလိုက်သည်။
"စိတ်မပူပါနဲ့။ ကိုယ့်ကိုယုံ။ ဟုတ်ပြီလား"
သူသည်ကလေးများကို လက်တစ်ဖက်ဖြင့်ကိုင်ကာ အခြားတစ်ဖက်က စုရွှေလျန်၏ခါးကိုကိုင်ကာ ထရန်ကူညီပေးလိုက်သည်။ ယခုတွင် သူမ၏ခြေထောက်များမှာ ပျော့ခွေနေပြီကိုသူသိ၏။ သူမတွင် အားမရှိတော့ပေ။ ထို့ကြောင့် သူမအား သူ့ပေါ်တွင်မှီစေကော လှည်းထဲမှ ဖြည်းဖြည်းချင်းထွက်စေသည်။
အမှန်တွင် သူမသည် ညိုညစ်ညစ်အသားအရေအောက်တွင် နီမြန်းနေသောမျက်နှာအား ဖုံးကွယ်ထားရန်ကြိုးစားနေသော လှည်းမောင်းသမားအား တစ်ချက်ချောင်းကြည့်လိုက်သည်။ သူမ မည်သို့လုပ်သင့်ပါသနည်း? ယခုမည်သို့လုပ်ရမည်နည်း? သူမတို့၏အသံများအား သူကြားခဲ့သည်။ "ကျွန်မတို့ရဲ့ပြပွဲကိုနားထောင်ပေးလို့ကျေးဇူးတင်ပါတယ်" ဟုပြောသင့်သည်လော။
စုရွှေလျန်က ရှက်ရှက်ဖြင့် သူမခန္ဓာကိုယ်ပေါ်ရှိ လင်းစစ်ယောင်၏လက်မောင်အား ရိုက်လိုက်မိသည်။ သူမသည် အခြားလက်တစ်ဖက်တွင် ကိုင်ထားသောအမွှာလေးများကိုခေါ်ချင်သော်လည်း လှည့်ထွက်သွားကာ အမွှာလေးများအား လျန်မော့မော့နှင့် ပိုင်ဟယ်တို့အား ပေးလိုက်သည်။ သူမတို့သည် အမွှာလေးများကို နို့တိုက်ရန် နို့ထိန်းများဆီခေါ်သွားကြပေမည်။
"မင်းပိုပြီးအနားယူဖို့လိုတယ်"
သူကပြုံးကာဖြင့် သတိပေးလိုက်သည်။
သူမသည် ပင်ပန်းလွန်းကာ ကလေးများကိုပင် မကိုင်နိုင်တော့ဟု စိတ်ပူနေမိသည်လော။ သူမက စိတ်တိုတိုဖြင့် မျက်လုံးပင့်ကြည့်လိုက်ကာ ပိုင်ဟယ်နှင့်အခြားသူများကို အမှီလိုက်ရန် ခပ်သွက်သွက်လျှောက်လိုက်သည်။ ယန်ကျင်းကျီနှင့် ချင်းလန်က သူမနောက်သို့လိုက်ပါလာကြသည်။ ထို့နောက်တွင် ၎င်းတို့သည် ယွဲ့ခိုင်မြိုရှိ အကြီးဆုံးတည်းခိုခန်းထဲသို့ဝင်သွားကြ၏။
"ဦးလေး ဒေါ်လေးက နေမကောင်းဖြစ်နေတာလား။ ဘာလို့သူ့မျက်နှာက နီရဲနေရတာလဲ"
စစ်ထူယွင်က လှည်းလေးစီးအား နေရာချထားပြီးနောက်တွင် ခပ်လှမ်းလှမ်းမ စုရွှေလျန်၏နီရဲနေသောမျက်နှာကိုမြင်လိုက်ရသောကြောင့် မေးရန် ၎င်းတို့ရှိရာသို့ လျှောက်လာသည်။
"မဟုတ်ပါဘူး"
လင်းစစ်ယောင်က သူ့ကိုကြည့်လိုက်သည်။ သူမ၏ကျန်းမာရေးအားစိတ်ပူပြီးမေးနေသည့် ဆယ်ကျော်သက်လေးကိုသာတွေ့ရသည့်အတွက် လင်းစစ်ယောင်စိတ်ထဲတွင်မထားတော့ချေ။ စုရွှေလျန်နောက်သို့လိုက်ကာ တည်းခိုခန်းထဲသို့ဝင်လိုက်၏။
…..
"ကုတင်နှစ်လုံးပါတဲ့ အခန်းငါးခန်းပေးပါ"
စစ်ထူယွင်က ၎င်းတို့အား နှုတ်ဆက်နေသောစားပွဲထိုးအား တောင်းဆိုလိုက်သည်။
"ဧည့်သည်တို့ ဒီမှာညအိပ်မှာလား။ အခန်းငါးခန်းလား။ လူကြီးကိုးယောက်နဲ့ ကလေးနစ်ယောက်...ဟုတ်သားပဲ။ ဧည့်သည်တို့အတွက် တစ်ယောက်ယောက်က အခန်းကြိုမှာပေးထားပါတယ်။ စောစောစီးစီးကြိုမှာထားတာ ကောင်းတယ်။ မဟုတ်ရင် အခန်းမလောက်တော့ဘူး"
စားပွဲထိုးက နုံအအဖြင့် ပြုံးပြလိုက်သည်။ သူသည် ဧည့်သည်များကို အပေါ်ထပ်သို့ခေါ်သွားရန် အသင့်ဖြစ်နေသည်။
"ကြိုမှာထားတာလား။ ကျွန်တော်တို့ ကြိုမမှာထားပါဘူး"
စစ်ထူယွင်နားမလည်နိုင်ပေ။ သူက စားပွဲထိုးကို ကြည့်လိုက်သည်။ တစ်ယောက်ယောက်နှင့်များ မှားနေသည်လော?
"လူမမှားပါဘူး။ လွန်ခဲ့တဲ့တစ်နာရီတုန်းက ဧည့်သည်ငါးယောက်ရောက်လာပြီး အခန်းကြိုမှာသွားတာ။ သူတို့က ပိုက်ဆံလည်းပေးပြီးသွားပြီ။ ကြည့်ပါ..."
မယုံကြည်နိုင်ဖြစ်နေသော စစ်ထူယွင်အား စားပွဲထိုးက တွေ့လိုက်ရသောအခါတွင် ငွေရှင်းနေရာမှ အဝင်အထွက်မှတ်တမ်းစာအုပ်ကိုယူကာ သူ့အား ပြလိုက်သည်။
စစ်ထူယွင်က မှတ်တမ်းကိုယူကာ တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူကလှည့်ထွက်သွားကာ လင်းစစ်ယောင်အား ကြည့်လိုက်သည်။ ၎င်းတို့သည် အခြားသူများမှာ မည်သို့ဖြစ်သည်ကို သိပေသည်။ ထိုလူများသည် အဘယ့်ကြောင့် သူတို့အတွက် အခန်းဌားပေးထားပါသနည်း။ အခန်းမရှိသောကြောင့် နေရန်နေရာရှာမရမည်ကို စိတ်ပူသောကြောင့်ပေလား?
"အခန်းထဲခေါ်သွားပေးပါ"
စစ်ထူယွင်က စားပွဲထိုးအား ခေါင်းညိတ်ပြလိုက်သည်။ ဦးလေးသည် ၎င်းတို့အာ မငြင်းဆန်သည်ဆိုကတည်းက ၎င်းတို့သည်လည်း အခြားသူများအတွက် ကောင်းသောဆန္ဒရှိရပေမည်။ အလကားအကျိုးအမြတ်ရယူတတ်ခြင်းသည် စစ်ထူယွင်၏ပုံစံမဟုတ်ပေ။
ယွဲ့ခိုင်မြို့တွင်ရှိသော ထိုနှစ်ထပ်တည်းခိုခန်းတွင် အခန်းနှစ်ဆယ်ရှိကာ ဒုတိယအထပ်တောင်ဘက်ခြမ်းတွင် ပရိဘောဂအစုံအလင်ပါသည့်ဧည့်ခန်းပါအခန်းရှစ်ခန်းနေရာယူထားသည်။ လင်းစစ်ယောင်တို့အုပ်စုက ငါးခန်းယူထားကာ သွေးတပ်ဖွဲ့မင်းကြီးတို့အဖွဲ့က အခန်းသုံးခန်းယူထားသည်။
"မင်းကိုအကြာကြီးစောင့်လိုက်ရတယ်"
ဒုတိယထပ်သို့ရောက်သွားသောအခါတွင် ရွှယ်လီက စုရွှေလျန်အားကူညီပေးနေသော လင်းစစ်ယောင်ကိုကြည့်ကာ ပြုံးပြလိုက်သည်။ အသံမြင့်လိုက်ကာ ၎င်းတို့၏စကားဝိုင်းအား စတင်တော့၏။
"ဘယ်သူမှခင်ဗျားကို မစောင့်ခိုင်းဘူး"
လင်းစစ်ယောင်က ထိုသူအား အေးစက်စက်ကြည့်လိုက်သည်။ သူသည် စုရွှေလျန်အား ကူတွဲလျှောက်ပေးကာ ဒုတိယထပ်သို့ရောက်လာသည်။
“နည်းနည်းလေးတောင် မိတ်မဆက်ပေးချင်ဘူးလား"
ရွှယ်လီက လူသတ်နတ်ဘုရားမှကူတွဲလျှောက်လာပေးသောမိန်းကလေးကို အကဲခတ်လိုက်သည်။ သူသည် စိတ်ထဲတွင်မူ ထိုမိန်းကလေးအား ဝေဖန်သုံးသပ်နေမိသည်။ သူမသည် သူ့သား၏ဇနီးဖြစ်ရန် ထိုက်တန်ပါပေသည်။ သူမ၏လှုပ်ရှားမှုတိုင်းက နူးညံ့သိမ်မွေ့လှကာ အလိုလိုက်၍ပျက်ဆီးနေသောမိန်းကလေးတို့၏အမူအရာနည်းနည်းလေးမျှပင် မရှိပေ။
"မလိုပါဘူး"
လင်းစစ်ယောင်က စုရွှေလျန်အားဖက်ထားဆဲဖြစ်သည်။ ၎င်းတို့က သူ့အားကျော်သွားကြကာ အခန်းထဲသို့ဝင်သွားကြသည်။
"တကယ်လား"
ရွှယ်လီက ရယ်လိုက်ကာ အသံခပ်တိုးတိုးဖြင့် မေးလိုက်သည်။ ထို့နောက်တွင် သူသည် ဒုတိယထပ်တော့ရောက်လာပြီဖြစ်သော ပိုင်ဟယ် နှင့် လျန်မော့မော့ဘက်သို့ လှည့်သွားသည်။ သူ၏စူးရှလှသောမျက်လုံးများက အမြွှာလေးများကို လေ့လာနေသည်။ ရွှယ်လီတစ်ယောက် မမေးဘဲမနေနိုင်ပေ။
"သူတို့တွေ ဘယ်နှစ်လသားရှိပြီလဲ"
သွေးစစ်သည်(၁၂)ယောက်က နောက်ဆုံးသတင်ပေးမှုက ထိုကလေး၏မည်သူမည်ဝါဖြစ်ကြောင်း သတင်းပေးပို့မှုသာဖြစ်သည်။ ထို့အပြင် သူလက်ထပ်သွားသည်မှာ နှစ်နှစ်ခန့်ရှိပြီဖြစ်ကြောင်းလည်း ပြောကြသည်။ သို့သော် ကလေးများရှိသည့်အကြောင်းနှင့် ထိုကလေးများမှာ လွန်စွာမှချစ်စရာကောင်းသောအမွှာလေးများဖြစ်ကြောင်း မပြောခဲ့ပေ။
ထိုရုတ်တရက်သောသတင်းများက တဟွေ့နန်းတော်တွင် နေသည့်အခိုက်အတန့်တွင် တစ်နေ့တာလုံးစဉ်းစားမိစေသည်။
ကောင်းကင်သည် ၎င်းတို့အား ကာကွယ်ထားခဲ့ပေသည်။ ယခုတွင် ရွှယ်လီတွင် နောက်ပိုင်းမျိုးဆက်ရှိပြီဖြစ်၏။ သားဖြစ်သူကို ရှာတွေ့ယုံသာမက ရို့အာသည်လည်း ချစ်စရာကောင်းသောမြေးလေးများနှင့်ချွေးမလေးများရှိနေလျှင် လွန်စွာဝမ်းသာမိပေလိမ့်မည်။
"အာ..ကျွန်မတို့သခင်နဲ့သခင်မလေးရဲ့ကလေးတွေက လေးလရှိပါပြီ"
လျန်မော့မော့က အမျိုးသမီးနှင့်ထိုသူအား အကဲခတ်ရင်းဖြေလိုက်သည်။ သူမသည် သားသားနားနားဝတ်ဆင်ထားသော မျက်နှာထားအေးစက်စက်ဖြင့်ထိုသူနှင့် အနည်းငယ်မျှစိတ်တိုနေဟန်ပေါ်သောအမျိုးသမီးများအား မြင်လိုက်ရသည်။
"လေးလသားလေးတွေ သူတို့ကိုကောင်းကောင်းဂရုစိုက်တာပဲ။ ငါချီကြည့်လို့ရမလား"
ရွှယ်လီက ပြုံးကာဖြင့် လျန်မော့မော့နှင့် ပိုင်ဟယ် သတိထားကာဖြင့် တောင်းဆိုလိုက်သည်။
သားလေးတွင် ကလေးများရှိသည်ကိုသာ ရို့အာသိလျှင် သူမသည် ပထမအကြိမ်တွေ့သည်ထက်ပင် ပို၍စိတ်ထိခိုက်ပေမည်။
ရွှယ်လီက သူ၏နုရွသောဇနီးသည်အား အမှတ်ရသွားသည်။ သူသည် သူမအား နှစ်သိမ့်ရန် ကြိုးပမ်းခဲ့ရသည်။ သူသည် ထိုသို့လက်ဆောင်ကြီးကြီးမားမားပေးခဲ့ပါလျှင် သူမများစွာတုန်လှုပ်သွားရမည်ကို စိတ်ပူမိသည်။ ထို့ကြောင့် သူသည် ထိုအခွင့်အရေးအားဖမ်းဆုပ်ကာ အမြွှာလေးများကို ဦးစွာချီလိုက်သည်။
"အာ....သခင်လေး"
လျန်မော့မော့က လင်းစစ်ယောင်ဘက်သို့လှည့်ကာ အကူအညီတောင်းခံလိုက်သည်။ ထိုသူသည် လူဆိုးသည်လော။ သူသည် ထိုသို့ပုံမပေါ်သော်လည်း မည်သည့်လူဆိုးကမျှ လူဆိုးဟု မျက်နှာပေါ်တွင်ရေးမထားပေ။
"သူတို့ကို ခဏလေးတင်ချီမှာပါ။ မရဘူးလား"
ရွှယ်လီက လင်းစစ်ယောင်ဘက်သို့ ခေါင်းမော့ကာကြည့်လိုက်သည်။ သူ၏အသံတွင် ထူးဆန်းကာအမျိုးအမည်မသိသောဝမ်းနည်းမှုမျိုးနှင့် နာကြဉ်းချက်တို့ပါဝင်နေသည်။ မည်သို့ပင်ဖြစ်စေ သူသည် ထိုကလေးများ၏အဘိုးပင်မဟုတ်လော။ သူ့တွင် ထိုကလေးများအားချီရန် အခွင့်အရေးမရှိသည်လော။
"မရဘူး"
လင်းစစ်ယောင်က အေးတိအေးစက်ဖြင့် သူ့အား လှမ်းကြည့်လိုက်သည်။ သူသည် ယခုထက်ထိ အမှန်တရာအား လက်မခံသေးပေ။ သူသည်သာ ထိုလူအား ကလေးများကိုချီခွင့်ပြုလိုက်လျှင် သူ၏မူလဇစ်မြစ်အား လက်ခံသည်နှင့်မခြားသည်ပေလော။
"ငါက သူတို့ကို ခဏလောက်ချီချင်ယုံတင်ပါ။ သူတို့ကို နာကျင်အောင်မလုပ်ပါဘူး"
ရွှယ်လီစိတ်ပျက်သွားမိသည်။ ခေါင်းမာသောသားဖြစ်သူသည် ယခုထိ သူ့အား လက်မခံချင်သည်မှာ အဆင်ပြေပေသည်။ သို့သော် ချစ်စရာကောင်းသောမြေးလေးများအားချည်းကပ်သည်ကို မည်သို့တားနိုင်ရပါသနည်း။
မည်သို့ပင်ဖြစ်စေ သူသည် တိုင်းပြည်တစ်ပြည်၏ရှင်ဘုရင်တစ်ပါးဖြစ်သည်။ တစ်ယောက်ယောက်၏မျက်နှာသာပေးမှုရရန် ထိုသို့မနှိမ့်ချခဲ့ဖူးပေ။ သူ့အမှားကြောင့် တစ်နှစ်သားကလေးအားပျောက်သွားကာ ထူးဆန်းသောတိုင်းပြည်တွင်အသက်ရှင်စေပြီး အပြစ်ရှိသည်ဟု မခံစားရပါလျှင် သူသည် ဦးညွှတ်ရန်မလိုအပ်ကာ အတန်အသင့်သာ ပြုမူမိပေမည်။
သို့သော်လည်း သူ၏ဆန္ဒလေးအား ခွင့်မပြုခဲ့ပေ။ ဒေါသမထွက်သင့်သူမှာ သူဟု ထင်နေမိသည်။
"ကျွန်တော်ကလည်း ခင်ဗျားကို ကလေးတွေကို မချီချင်စေယုံတင်ပါ။ သူတို့ကို နာကျင်အောင်လုပ်နေတာမှမဟုတ်တာ"
လင်းစစ်ယောင်က ရွှယ်လီ၏စကားလုံးများကိုသုံဂကာ စကားနာပြန်ထိုးလိုက်သည်။
"မင်း...."
ရွှယ်လီက ၎င်းအားအမြဲဒေါသထွက်စေသော ချစ်လှစွာသောသားအား ကြည့်လိုက်သည်။ ထို့နောက် အင်္ကျီဝတ်ရုံလက်ကိုခါလိုက်၏။
"ဘာပဲဖြစ်ဖြစ် မင်းမှာ ငါအမြွှာလေးတွေကိုချီတာကို တားဖို့အကြောင်းရင်းမရှိဘူး"
"ဘာလို့မရှိရမှာလဲ"
လင်းစစ်ယောင်ကလှောင်ပြုံးပြုံးလိုက်၏။ ၎င်းတို့သည် (၂၄)နှစ်တာမျှကွဲကွာနေခြင်းဖြစ်ကာ ယခု တွေ့လျှင်တွေ့ချင်းတွင်ပင် သူ၏ကလေးများအား ခိုးယူချင်နေလေသည်။ ရယ်စရာကောင်းလိုက်လေခြင်း....။ သူသည် သွေးတပ်ဖွဲ့၏မင်းကြီးဖြစ်သည်ဆိုသည်နှင့် ထိုသို့လုပ်နိုင်သည်ဟု ထင်နေသည်လော။
“အားယောင်…”
စုရွှေလျန်က ခါးနားတွင်သူမလက်ကိုထားလိုက်ကာ ကျယ်လောင်လွန်းနေသည်ကို သတိပေးလိုက်သည်။ ၎င်းတို့၏အသံကြောင့် လင်းလုံ နိုးသွားပေသည်။
"သူတို့ကိုအထဲခေါ်လာခဲ့"
လင်းစစ်ယောင်က လျန်မော့မော့နှင့် အခြားသူများကို ညွှန်ကြားလိုက်သည်။
"ဟုတ်ကဲ့ သခင်လေး"
လျန်မော့မော့နှင့် ပိုင်ဟယ်က သခင်းလေး၏ခွင့်ပြုချက်ကို ရလိုက်သည်။ ချက်ချင်းပင် ၎င်းတို့က ဂရုတစိုက်ဖြင့် လင်းလုံ လင်းရှောင်ကို ချီထားလိုက်ကြသည်။ နို့ထိန်းများနှင့် ကြောက်ရွှံ့နေသောစားပွဲထိုးများမှာ တစ်ခွန်းမျှပင်မဟရဲကာ အခန်းထဲသို့လည်းမဝင်ရဲပေ။
နို့ထိန်းများက နောက်ကလိုက်သွားပြီး ယန်ကျင်းကျီနှင့် ချင်းလန်သည်လည်း အပေါ်သို့တက်သွားသည်။ ၎င်းတို့ရှေ့တွင်ရပ်နေကြသောလူများအားလုံးလည်း ပျောက်သွားကာ နောက်ဆုံးတွင် လင်းစစ်ယောင်နှင့်စကားပြောနေသည့်သူကိုသာ တွေ့ရတော့၏။ ၎င်းတို့သည် ထိုသူမှာ သွေးတပ်ဖွဲ့၏မင်းကြီး ရွှယ်လီဖြစ်သည်ကို မှတ်မိသွားကြသည်။
မြတ်စွာဘုရား! ဘာတွေဖြစ်နေတာလဲ?
ယန်ကျင်းကျီက စုရွှေလျန်ကို အံ့ဩမှင်သက်စွာဖြင့်ကြည့်လိုက်သည်။ စုရွှေလျန်ကလည်း သူမအား စိတ်ရှုပ်နေသောအကြည့်မျိုးဖြင့် ပြန်ကြည့်လိုက်သည်။ သူမသည်လည်း အတွေးလွန်ကာ အနှောင့်အယှက်မပေးသောကြောင့် ချင်းလန်အား ရန်ဖြစ်နေသောယောင်္ကျားနှစ်ယောက်ကိုဖြတ်ကျော်ကာ အခန်းထဲသို့သွားရန် ဆွဲခေါ်သွားသည်။
"နင့်ကိုလာတွေ့မယ်"
ယန်ကျင်းကျီက စုရွှေလျန်နားမှဖြတ်သွားသောအခါတွင် ခပ်တိုးတိုးလေးပြောလိုက်၏။
"ကောင်းပြီ"
စုရွှေလျန်ကခေါင်းညိတ်ပြလိုက်၏။ သူမသည်လည်း စကားပြောချင်ပေသည်။ ၎င်းတို့အား အလျင်စလိုထားခဲ့ရကာ အချင်းချင်းစကားပြောရန် ယခုထက်ထိအခွင့်အရေးမရှိသေးပေ။
"ငါတို့ထိုင်ပြီး စကားပြောသင့်တယ်ထင်တာပဲ"
ရွှယ်လီက ကြောက်အားလန့်အားဖြင့်ထွက်သွားသောသူများကိုတွေ့ရသောအခါတွင် ပြောလိုက်သည်။ ချွေးမလေးမှလွဲ၍ဖြစ်၏။ သက်ပြင်းချကာ အကြံပေးလိုက်၏။
"ကျုပ်အတွေးလည်းအတူတူပဲ"
လင်းစစ်ယောင်ကလည်းခေါင်းညိတ်ပြလိုက်၏။ ၎င်းတို့သည် ယခုတွင် ရှင်းရှင်းလင်းလင်းမလုပ်ထားခဲ့ပါလျှင် အခြားသောသူများက လက်မလျှော့ဘဲ ဆက်၍ရှိနေကြဦးမည်။ ထို့အပြင် ထိုနည်းလမ်းဖြင့်သာ ဆက်ဖြစ်နေပါလျှင် ငြိမ်းချမ်းနေသော၎င်းတို့၏အနာဂတ်လေးသည် ပျက်ပြားသွားရတော့မည်ဖြစ်ပေ၏။
***