← Chapters

လူစုလူဝေး

Vol. 5 Ch. 128

လူစုလူဝေး

Vol. 5 Ch. 128

"ရှင်အဲ့လိုဆိုလိုတာမဟုတ်ဘူးဆိုတာ ကျွန်မသိသားပဲ"

စုရွှေလျန်က လင်းစစ်ယောင်၏မျက်နှာနှစ်ဖက်ကို လက်လေးများဖြင့် ကိုင်ကာပြောလိုက်သည်။ သူမသည် လုပ်နေကျအတိုင်း သူ၏နှုတ်ခမ်းပါးပေါ်တွင် အနမ်းတစ်ပွင့်ခြွေလိုက်၏။ သူ၏မျက်ဝန်းများထဲသို့ကြည့်ကာ သူမက နူးညံ့ညင်သာစွာပြောလိုက်၏။

"အားယောင် ဒီကမ္ဘာမှာ ကိုယ့်ကလေးကိုစွန့်ပစ်ချင်တဲ့မိဘဆိုတာမရှိဘူလို့ကျွန်မထင်တယ်။ ရွှယ်မင်ရဲ့မင်းကြီးပြောတဲ့အတိုင်း သူတို့လည်း (၂၄)နှစ်လုံးလုံး ပျော်ပျော်ရွှင်ရွှင်နေခဲ့ရမှာမဟုတ်ဘူး"

"မင်းက သူတို့ကို လက်ခံစေချင်တာလား"

လင်းစစ်ယောင်က ချက်ချင်းမျက်လုံးဖွင့်ကြည့်ကာ သူမအား လေ့လာနေရင်း

"ဒါမှမဟုတ် ရွှယ်မင်နန်းတော်ကိုသွားပြီး အိမ်ရှေ့စံမိဖုရားဖြစ်ချင်တာလား"

လွှတ်ကနဲထွက်သွားပြီးနောက်တွင်မှ စိတ်ရှုပ်ထွေးသွား၏။ ချက်ချင်းပင် ထိုစကားအတွက် နောင်တရသွား၏။ သူမအား မနာကျင်စေလိုပါ။

"ကျွန်မက ရှင်နဲ့အတူနေချင်ရုံတင်ပါ။ လွန်ခဲ့တဲ့တစ်နှစ်က ကျွန်မတို့နှစ်ယောက်ပဲရှိတာ။ မချမ်းသာပေမဲ့လို့ စီမံခန့်ခွဲနိုင်ခဲ့ကြတာပဲ။ ပိုပြီးအရေးကြီးတာက ကျွန်မတို့ကို ဒုက္ခပေးမဲ့အရာတွေများများစားစားမရှိဘူးလေ"

စုရွှေလျန်က သူထိုသို့ဆိုလိုခြင်းမဟုတ်သည်ကို သိပေသည်။ သူမသည်လည်း ရင်လေးစေသောစကားလုံးများကို စိတ်ထဲတွင် သိမ်းမထားချင်ပေ။ သူမကပြုုံးလိုက်ကာ ပထမဆုံးအကြိမ် ဖန်းဟွာမြို့သို့ရောက်လာကာ နေထိုင်အခြေချခဲ့သောအချိန်များအား အမှတ်ရသွား၏။ ထိုနေ့ရက်များသည် ရှားပါးကာငြိမ်းချမ်းလှပေ၏။

"အခုလည်း ကိုယ်တို့အဲ့လိုနေနိုင်တာပဲ"

လင်းစစ်ယောင်က သူမအား ထိုင်ရန် အင်္ကျီလက်စကိုဆွဲကာခေါ်လိုက်သည်။ နူဖူးဖြင့် သူမလည်တိုင်ပေါ်တွင်မှီထားလိုက်ပြီး ညင်သာစွာ အကြံပြုလိုက်၏။

"ဒါပေမဲ့..."

ဦးစွာ ဖန်းဟွာမြို့သည် ယခုတွင် မင်းသားကျင်း၏ သီးသန့်စံအိမ်ဖြစ်သွားခဲ့သည်။ မင်းသားကျင်း၏ ကောင်းမွန်ချင်သောဆန္ဒအား ၎င်းတို့မလွန်ဆန်နိုင်ခဲ့ပေ။ မည်သို့ပင်ဖြစ်စေ ထိုအရာသည် ဆယ်နှစ်တာဝေးကွာသွားသောသမီးအားပေးသည့် လျော်ကြေးဖြစ်သည်။ ဦးရီးတော်နှင့် မိဖုရားသည် ၎င်းတို့ဆီသို့ လာမလည်ကြသော်လည်း သီးသန့်စံအိမ်တွင် အစေခံများစွာရှိသေးသည်။ ဒုတိယအနေဖြင့် သူမကခေါင်းမော့ကာ လင်းစစ်ယောင်အား ချောင်းကြည့်လိုက်သည်။ သူသည် မိဘများကို အသိအမှတ်ပြုချင်သည့်ပုံမပေါ်သော်လည်း သွေးတပ်ဖွဲ့မင်းကြီးသည် လက်လျော့မည်လော။ ၎င်းတို့သည် များပြားလှသောပစ္စည်းဥစ္စာတို့ကို သယ်ဆောင်လာကာ ဖန်းဟွာမြို့အနီးသို့ ပြောင်းရွှေလာကြသည်မှာဖြစ်ကောင်းဖြစ်နိုင်သည်။ သူမသည် ထိုမျှတွေးမထားမိသေးပေ။

"ကိုယ်တို့ တစ်နေရာရာကိုပြောင်းသွားလို့ရတာပဲ"

ဖန်းဟွာမြို့ရှိလူများက ၎င်းတို့အား စောင့်ကြည့်နေကြသောကြောင့် ထိုနေရာတွင်နေရန်မလိုအပ်တော့ပေ။ ဦးစွာ စစ်ထိုဖြစ်ကာ ပြီးနောက်တွင် မင်းသားကြီးစံအိမ်ဖြစ်သည်။ ယခုတွင် ရွှယ်မင်ရဲ့မင်းကြီးနှင့်မိဖုရားပါရောက်လာကြပါလျှင်... လုံလောက်ပြီ..

"ဘာလဲ"

စုရွှေလျန်က သူ့အား ကြည့်လိုက်သော်လည်း သူမအတော်လေးနားမလည်နိုင်ပေ။ ရွေ့ရမည်.... မည်သည့်နေရာသို ရွှေ့ရမည်နည်း။ သူမစဉ်းစားနေသည်အား ဆိုလိုခြင်းဖြစ်သည်လော။ ၎င်းတို့လေးဦးသားသာ အခြားမြို့ငယ်လေးတစ်ခုသို့ ပြောင်းရွေ့နိုင်ကြသည်။ မည်သူမျှ လာရောက်နှောင့်ယှက်နိုင်မည်မဟုတ်ပါ။

"ကျွန်မတို့အဲ့လိုလုပ်လိုက်ရင်.... တာဝန်မဲ့သွားသလိုမျိုးဖြစ်သွားမှာမလား"

၎င်းတို့သည် ဆွေမရှိမျိုးမရှိသည့် တစ်ကောင်ကြွက်များမဟုတ်ကြတော့ပေ။ သူမတွင်လည်း မိဘများနှင့် အစ်ကိုတစ်ယောက်ရှိသည်။ သူ့တွင်လည်း တိုင်းတစ်ပါးမှမိဘများရှိသည်။ သားသမီးများအနေဖြင့် မည်သို့ခေါင်းရှောင်နိုင်မည်နည်း။

"ငါတို့က ဘယ်လိုမျိုး တာဝန်ယူဖို့လိုလို့လဲ"

လင်းစစ်ယောင်ကသူမအား တစ်မူထူးခြားစွာမေးကာ ကြည့်လိုက်၏။ ထိုလူများသည် တစ်နေရာရာမှထွက်လာကာ မိဘများဖြစ်ကြောင်း အတည်ပြုပြောဆိုနေကြပြီး ၎င်းတို့အား ခြေရောလက်ပါချည်နှောင်ထားကြသည်။ ထို့အပြင် သူသည် ၎င်းတို့အား လက်မခံချင်ကြပေ။

"ဒါပေမဲ့"

နှစ်ဖက်မိဘသည် သာမန်လူများမဟုတ်ကြပေ။ ၎င်းတို့ဘာသာ ကလေးများအား ပြုစုစောင့်ရှောက်ရန် မလိုကြပေ။ အမိန့်ပေးကာ အမှုထမ်းခိုင်းနိုင်သည့် စစ်တပ်တစ်တပ်စာမျှ အစေခံများရှိကြသည်။ သို့သော် မည်သို့မေတ္တာသံယောဇဉ်မျိုးရှိမည်နည်း။ ၎င်းတို့သည် မေတ္တာတရားဖြင့် ရပ်တည်နိုင်ကြပါသည်လော။ သားတစ်ယောက်နှင့်သမီးတစ်ယောက်စီရှိကြပါသော်လည်း ၎င်းတို့သည် သားရိုင်းတိရစ္ဆာန်များဖြစ်နေလျှင် ရှောင်ရှားမည်လော(အရိုင်းအစိုင်း မကောင်းတဲ့သူတွေဖြစ်နေရင်ပြောတာ) ကောင်းကင်က အဘယ့်ကြောင့် ၎င်းတို့အား အပြစ်မပေးရပါသနည်း။ စုရွှေလျန်တွေးကာ မျက်မှောင်ကြုတ်မိသွား၏။

"အတွေးမလွန်နဲ့။ ကိုယ်တို့ အိမ်ကိုအရင်ပြန်သင့်ပြီ။ အိမ်ကိုထားပြီး ထွက်ပြေးဖို့တောင်းဆိုတာမှမဟုတ်တာ။ ဘာကိုစိတ်ပူနေတာလဲ"

လင်းစစ်ယောင်က သူမ၏မျက်နှာလေးကို သာသာလေးပုတ်လိုက်ပြီး သူမ၏အတွေးစများကို ဖြတ်တောက်ပေးလိုက်သည်။ လူသားစည်းမျဉ်းစည်းကမ်းမျာသည် သူ့ထက် သူမပေါ်တွင် အကျိုးသက်ရောက်မှုရှိသည်ကို နားလည်ပေသည်။

ထို့ကြောင့် သူမအား အတွေးစဖြတ်ရန် ဖိအားမပေးဘဲ ဖက်ထားလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူမတွင် အစီအစဉ်ရှိသည်။ ကလေးများက ပို၍အရွယ်ရောက်လာလျှင် မိသားစုကိုခေါ်ကာ ခရီးထွက်သွားပြီး သဘာဝအလှအပကို ခံစားမည်။ တာဝန်ထမ်းဆောင်ခဲ့စဉ်အချိန်က သူသည် အချို့နယ်များသို့ ခရီးလှည့်လည်ခဲ့သည်။ ထိုနေရာအားလုံးမှာ ခမ်းနားလှပသည်ဟု ထင်ခဲ့သည်။ ၎င်းတို့အလိုရှိသည့်နေရာတွင် နေထိုင်နိုင်သည်။ မည်သူမှ ၎င်းတို့အား နှောင့်ယှက်နိုင်မည်မဟုတ်သကဲ့သို့ ဝင်ရောက်စွက်ဖက်နိုင်မည်လည်းမဟုတ်ပေ။

"အင်း"

စုရွှေလျန်က ခေါင်းညိတ်ပြလိုက်သည်။ မိသားစုများနှင့်ခွဲခွာရန် ထွက်ပြေးရန်မလိုအပ်သည့်အတွက် အဆင်ပြေပေသည်။ အခြားသောကိစ္စများကိုလည်း ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်သည်။ သူသည် သူမစိတ်ပူစေမည့်မည်သို့ကိစ္စကိုမျှ မလုပ်ဖူးပေ။

နောက်တစ်နေ့ မနက်စောစော တည်းခိုခန်းတွင်.......။

"မနက်စာစားပြီးလို့ နားပြီးရင် သွားကြမယ်။ မွန်းလွဲပိုင်းလောက်ကျ ရွှေယွဲ့မြို့ကိုရောက်အောင်သွားရမယ်"

မနက်စာစားနေသောတစ်အုပ်စုလုံးအား တွေ့သောအခါတွင် လင်းစစ်ယောင်က အမိန့်ပေးလိုက်၏။

“အားယောင်…”

စုရွှေလျန်က သူ၏အတွင်းအင်္ကျီကိုဆွဲကာ စားသောက်ဆိုင်၏တစ်ဖက်ထောင့်တွင်ထိုင်ကာ ၎င်းတို့အားစောင့်နေဟန်ပေါ်သည့် ရွှယ်လီတို့အုပ်စုအား ညွှန်ပြလိုက်သည်။

"သူတို့ကို စိတ်ထဲမထားနဲ့"

လင်းစစ်ယောင်က အခြားသူများကိုကြည့်ကာ မနှောင့်ယှက်ချင်ပေ။ သူသည် စုရွှေလျန်ကိုဆွဲကာ မနက်စာစားရန် ထိုင်ခိုင်းလိုက်သည်။

“လီ!”

ဖုန်းရို့အာက နှုတ်ခမ်းပါးလေးဖြင့် လေသံခပ်တိုးတိုးလေးပြောလိုက်၏။

"ကျွန်မတို့သားလေး....သူကျွန်မတို့ကို လက်မခံချင်လည်း ရပါတယ်။ ကျွန်မစိတ်ပိုင်းဖြတ်ပြီးပြီ။ ကျွန်မသူနဲ့လိုက်သွားမယ်။ သူဘယ်မှာပဲနေနေ မြင်နေရရင်ကိုရပြီ။ ရှင်လုပ်စရာရှိရင် ရွှယ်မင်ကိုအရင်ပြန်သွားလိုက်ပါ။ ကျွန်မနဲ့အတူ ကျန်းယွဲ့ရှိတာမလို့ စိတ်မပူပါနဲ့"

ဖုန်းရို့အာတစ်ယောက် ယမန်နေ့ညက အိပ်မပျော်ခဲ့ပေ။ သားဖြစ်သူ၏အကြည့်သည် မျက်လုံးထဲတွင် ရောင်ပြန်ဟပ်နေသည်။ အေးစက်နေကာ အတော်လေးမကျေမချမ်းဖြစ်နေသည့်ပုံပေါ်သည်။ ၎င်းတို့အားလက်မခံကာ ခွင့်မလွှတ်ပေးနိုင်သည့်သားဖြစ်သူအား ထားခဲ့ကာ သွေးတပ်ဖွဲ့ဆိသို့ ပြန်မသွားနိုင်ပေ။

"အဆင်ပြေပါတယ်"

ရွှယ်လီက သူမ၏လက်ကိုပုတ်လိုက်သည်။

"ငါလည်း ငါ့တိုင်းပြည်ကို အခုပြန်ဖို့ မစီစဉ်ထားသေးပါဘူး။ ခရီးထွက်လာတယ်လို့ပဲတွေးတယ်။ တဟွေ့တောင်ပိုင်းက မြို့တွေက တောင်တန်းတွေက စိမ်းလန်းစိုပြေပြီး အေးမြကြည်လင်တဲ့ရေတွေရှိတယ်လို့ကြားဖူးတယ်။ ငါတို့ ကန္တရမြို့တွေကထ်လှတယ်တဲ့လေ။ လုချင်း မင်းအရင်သွားနှင့်ပါ။ အမတ်ဖုန်းကိုသွားပြောချည်"

ရွှယ်လီက ဇနီးဖြစ်သူအား သူ၏ဆုံးဖြတ်ချက်ကိုပြောကာ လုချင်းအား ညွှန်ကြားလိုက်သည်။

"မင်းကြီး"

လုချင်းက မယုံကြည်ဟန်ဖြင့် မျက်လုံးများပြူးကျယ်သွားသည်။ သူနားကြားမှားနေသည်လော။ မင်းကြီးက သူ့အား အလျင်ပြန်နှင့်ရန်ပြောကာ ၎င်းတို့က အိမ်ရှေ့စံမင်းသားဖြစ်နိုင်သည့်ထိုလူအုပ်စုဖြင့် တေင်ဘက်သို့ဆက်သွားမည်ဟု ပြောနေခြင်းလော။

"ဘာလဲ။ မင်းမှာဘာကန့်ကွက်စရာရှိလို့လဲ"

ရွှယ်လီကမျက်ခုံးပင့်ပြလိုက်၏။ သားဖြစ်သူက သူပြောသည်ကို နားမထောင်ဘဲ လက်အောက်ငယ်များကလည်း သူ၏ဆုံးဖြတ်ချက်အား သံသယဖြစ်နေကြသည်။ ရွှယ်လီတစ်ယောက် သွေးတပ်ဖွဲ့နန်းတွင်းမှထွက်လာခဲ့သည်မှာ ရက်ပေါင်းများစွာကြာသွားသောကြောင့် သူ၏အာဏာများ ပျောက်ကွယ်သွားသည်လော။

"မဟုတ်ပါဘူး။ မကန့်ကွက်ဝံ့ပါဘူး။ မင်းကြီး တိုင်းပြည်တစ်ပြည်က ဘုရင်မရှိဘဲ ဖြစ်မနေသင့်ပါဘူး။ အဲ့လိုသာဆိုရင်"

လုချင်းသည် အမြဲပွင့်လင်းကာ တုံးတိပြောတတ်သောစစ်သူကြီးတစ်ယောက်ဖြစ်သောကြေင့် သူ့တွင်ဦးနှောက်မရှိဟု ဆိုလိုခြင်းမျိုးမဟုတ်ပေ။ မင်းကြီး တိုင်းပြည်တွင်ရှိနေသည့်အချိန်က လူများကိုပို၍စိတ်ချစေသည်ကို သူသိသည်။

"အဲ့လိုဆိုရင် အမတ်တွေအားလုံးက သေသွားပြီလား"

ရွှယ်လီက စိတ်မရှည်ဟန်ဖြင့် လက်ဝှေ့ရမ်းပြလိုက်သည်။

"မင်းအိမ်ပြန်ဖို့ပဲလိုတယ်။ အခု အိုးရန်ရွှမ်က နန်းတော်မှာရောက်လောက်ပြီ။ ငါလာတဲ့အခါကျရင် အကုန်လုံးကို အမတ်ဖုန်းကို ပြောပြလိုက်။ သူဘာလုပ်ရမလဲဆိုတာသိတယ်"

လုချင်းက အကူအညီမဲ့စွာဖြင့် ခေါင်းညိတ်ပြလိုက်၏။ မင်းကြီးက စိတ်ပိုင်းဖြတ်ပြီးဖြစ်၏။ သူဘာတတ်နိုင်မည်နည်း။ ရွှယ်မင်နိုင်ငံတွင် ဌာန(၁၆)ခုအား အုပ်ထိန်းနေသောအမတ်လေးယောက်ရှိသည်မှာပင် ကံကောင်းသည်ဟု ပြောရပေမည်။ မင်းကြီးက အလုပ်များနေကာ ညီလာခံမတတ်ရောက်နိုင်လျှင် အမတ်လေးယောက်က ဌာနတစ်ခုချင်းစီ၏ ခေါင်းဆောင်များကို တာဝန်များခွဲဝေသတ်မှတ်ပေသည်။ မင်းကြီးပြန်ရောက်လာသောအခါတွင် ၎င်းတို့က မင်းကြီးထံသို့ ပြန်လည်တင်ပြပေမည်။

တဟွေ့သို့ မသွားခင်တွင် မင်းကြီးက အမတ်လေးပါးနှင့် တိတ်တဆိတ်ဆွေးနွေးပြီးဖြစ်သည်။ ၎င်းတို့သည် ဌာန(၁၆)ခု၏တာဝန်များကို စီမံရပေမည်။ သို့သော်လည်း အိမ်ရှေ့စံဖြစ်နိုင်သောသူနောက်သို့လိုက်ကာ တဟွေ့နန်းတွင်းသို့သွားခြင်းမှာ ကိစ္စတစ်ခုဖြစ်သည်။ ၎င်းတို့တောင်ပိုင်းသို့ဦးတည်သွာသည်နှင့် မင်းကြီးသည် သွေးတပ်ဖွဲ့နန်းတွင်းသို့ မည်သည့်အချိန်တွင်ပြန်လာမည်ကို မည်သူသိမည်နည်း။

လုံရိအား ဆယ်ကွက်ထဲဖြင့် အနိုင်ပိုင်းနိုင်ခဲ့သော တဟွေ့၏ လူသတ်နတ်ဘုရားသည် မင်းကြီးနှင့်မိဖုရားအား မိဘအဖြစ် လက်မခံချင်ပေ။

"ကောင်းပြီ။ သေလို့ခွဲရတာမှမဟုတ်တာ။ ဘာလို့မျက်မှောင်ကြုတ်နေတာလဲ"

ရွှယ်လီက လုချင်းအား ခက်ထန်သောအကြည့်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် ချက်ချင်းထွက်ခွာရန် သူ့အား အမိန့်ပေးလိုက်သည်။

" မင်း တည်းခိုခန်းကို ရိက္ခာခြောက်တွေပြင်ဆင်ပေးဖို့တောင်းဆိုပြီး စောစောပြန်ကြတော့"

လင်းစစ်ယောင်၏အဖွဲ့သည်လည်း မနက်စာစားပြီးသွားကြသည်။ မမျှော်လင့်ထားသောအရာများသာဖြစ်မလာလျှင် ၎င်းတို့ထွက်ခွာကြတော့မည်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ထိုနေရာတွင်နေကာ လက်အောက်ငယ်သားများကို နှစ်သိမ့်ရန်အချိန်မရှိပေ။

"မင်းကြီး ဒီစစ်သူကြီးက မင်းကြီးကို နှုတ်ဆက်ပါတယ်။ အဲ့လိုဆိုရင် မင်းကြီးနဲ့မိဖုရားတို့ လမ်းခရီးမှာ ဘေးကင်းပါစေ။ မင်းတို့နှစ်ယောက်က မင်းကြီးနဲ့မိဖုရားကို ကောင်းကောင်းကာကွယ်ကြပါ"

လုချင်းက လင်းစစ်ယောင်နှင့်အခြားသူများ တည်းခိုခန်းထဲက ထွက်ခွာသွားသည်ကို တွေ့သောအခါတွင် မင်းကြီး၏အချိန်များကို မဖြုန်းချင်တော့ပေ။ ချက်ချင်းပင် ဘေးတွင်ရပ်နေသော ကျန်းဟန်နှင့် ကျန်းယွဲ့တို့ကို အမိန့်ပေးလိုက်ကာ မြောက်ပိုင်းတိုင်းပြည်သို့ပြန်မည့်ခရီးအတွက်ပြင်ဆင်ရမည်များကို ပြင်ဆင်ရန် ထွက်ခွာသွားပေ၏။

"ငါတို့ကို မင်းတို့ရဲ့လှည်းတစ်စီး ဌားလို့ရမလား"

မနက်စာစာပြီးနောက်တွင် ရွှယ်လီက လင်းစစ်ယောင်ဆီသို့ လျှောက်သွား၏။ ၎င်းတို့အား လက်ခံမည် လက်မခံမည်ကို မသိသောသားဖြစ်သူနောက်သို့ ပြေးလိုက်မသွားချင်ပေ။ လှည်းတစ်စီးသည်ဌားကာ အိမ်သို့လိုက်သွားရန် တောင်းဆိုသည်။

ထူးဆန်းသောသဘာဝဖြင့်သူများသည် ထိုသို့ဖြစ်ရပေမည်။

"မရဘူး"

လင်းစစ်ယောင်ကခေါင်းပင်မမော့ဘဲ တိုက်ရိုက်ငြင်းဆန်လိုက်သည်။

"ရပါတယ်။ ကျွန်မတို့မှာ ရတဲ့လှည်းရှိပါတယ်"

အိတ်များဆွဲလာသောစုရွှေလျန်က ရွှယ်လီ၏တောင်းဆိုမှုအား ကြားသောအခါတွင် လှေကားမှလျှောက်ဆင်းလာသည်။ အားယောင်က ၎င်းတို့အား တိုက်ရိုက်ငြင်းပယ်လိုက်ပါသော်လည်း အခြားတစ်ဦးရူးမတတ်ဖြစ်သွားမည်ကို သူမကြောက်နေမိသည်။ မည်သို့ပင်ဖြစ်စေ ထိုသူတို့သည် အားယောင်၏မိဘ သူမ၏ယောက္ခမများပင် မဟုတ်လော။ သူမက အလျင်စလိုပြုံးပြလိုက်ကာ ပြန်ဖြေလိုက်၏။

၎င်းတို့တွင် လှည်းတစ်စီးရှိပေသေးသည်။ ယန်ကျင်းကျီနှင့် ချင်းလန်တို့ လမ်းတွင်ပျင်းနေမည်ကိုစိုးသောကြောင့် လျန်မော့မော့တို့ဖြင့် လှည်းအတူတူစီးစေသည်။ ထို့ကြောင့် လှည်းလွတ်သွားခြင်းဖြစ်သည်။

လင်းစစ်ယောင်မျက်ခုံးတွ့န်ကာ ဇနီးဖြစ်သူအား ကြည့်လိုက်သည်။ သူမ၏အပြုံးလေးအား မြင်လိုက်သောအခါတွင် သူ၏ကန့်ကွက်ချက်အား မျိုချလိုက်ရသည်။ သူမစိတ်ကျေနပ်သည့်အတိုင်းစီမံရန် လွှတ်ထားပေးလိုက်၏။ သူမသည် ရှေ့ထွက်ရပ်ကာ သူမဘာသာဆုံးဖြတ်ချက်ချသည်မှာရှားပေသည်။ သူမဆန္ဒရှိသည့်အတိုင်း လုပ်ခွင့်ပေးလိုက်၏။

အစတွင် အကြင်နာမဲ့ကာ အေးစက်စက်ပြောနေသာသားဖြစ်သူက စုရွှေလျန်လည်ပင်းအားဖြတ်ပစ်မည်ကို ရွှယ်လီစိတ်ပူနေမိသည်။ ကိစ္စသည် ထိုမျှချောမွေ့လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

"ငါတို့မင်းကိုနှောင့်ယှက်မိပြီ"

ဖုန်းရို့အာက စုရွှေလျန်အားပြုံးပြကာ ကျေးဇူးတင်ကြောင်းပြောဆိုလိုက်သည်။ ထိုမိန်းကလေးမှာ ချွေးမဖြစ်ကာ ရွှယ်မိသားစုအမြွှာလေးများကိုမွေးပေးထားသည်ကို အမှတ်ရသွားသောကြောင့် သူမ၏အပြုံးများက ပို၍တောက်ပသွား၏။

"ပြဿနာမရှိပါဘူး။ တစ်ခုခုလိုအပ်ရင် ကျွန်မကိုပြောပါ။ နေ့လည်စာအတွက် အစားအသောက်နဲ့လက်ဖက်ရည်တွေက ဒီမှာပါ။ ရွှေယွဲ့မြို့ကိုရောက်ရင် နားဖို့နေရာတစ်နေရာရှာပေးပါ့မယ်"

စုရွှေလျန်က ရွှယ်လီနှင့်အခြားသူများအား လှည်းအလွတ်ဆီသို့ လမ်းပြလို်ကကာ ဝါးခြင်းတောင်းတစ်ခုအားပေးလိုက်သည်။

နန်းမြို့တော်ပိုင်နက်မှထွက်ခွာလာပြီးနောက်တွင် နောက်ထပ်နားမည့်နေရာမှာ ထိုနေရာမှများစွာဝေးကွာသော ရုန်ချန်းဖြစ်သည်။ မြို့နှစ်မြို့ကြားတွင် တောင်တန်းများခြားနားနေသည်။ တည်းခိုးခန်းတစ်ခုရှာတွေ့ရန်ပင် ရှားပါးလှ၏။ ထို့ကြောင့် ဗိုက်ဆာမည်စိုးသည့်အတွက် မုန့်နှင့်လက်ဖက်ရည်များကို ပြင်ဆင်ပေးထား၏။ မြင်းများကိုလည်း တောင်ခြေရေရှိသည့်နေရာတွင်လည်း နားနိုင်မည်ဖြစ်သည်။

"မိန်းကလေး ဧည့်သည့်တွေ ဒီလှည်းကိုယူလိုက်ပါ့မယ်"

ရွှယ်လီက ဖုန်းရို့အာကို လှည်းထဲသို့ဝင်ရန် ကူညီပေးပြီးနောက်တွင် ပိုင်ဟယ်က အပြေးအလွှားဖြင့် ၎င်းတို့ယူမည့်လှည်းအား ညွှန်ပြလိုက်သည်။

ချင်းလန်မှတစ်ဆင့် ထိုသူများမှာ သွေးတပ်ဖွဲ့၏မင်းကြီးနှင့် မိဖုရားဖြစ်သည်ကို သိလိုက်ရသည်။ ထိုအခြေအနေမှတစ်ဆင့် ၎င်းတို့သည် သခင်လေးနှင့်သခင်မလေးတို့နောက်သို့လိုက်ချင်ကြသည်ကို သိပေသည်။ ထို့ကြောင့် လျန်မော့မော့နှင့်အခြားမိန်းကလေးမျာက ၎င်းတို့စီးမည့်လှည်းအား ရွှယ်လီတို့အုပ်စုအားပေးရန် ဆုံးဖြတ်လိုက်သည်။

စုရွှေလျန်ကခေတ္တမျှတွေးကာ သဘောတူလိုက်သည်။ တိုင်းပြည်တစ်ပြည်ဦးဆောင်သောသူသည် ရေအေးသောက်အား အေးစက်နေသောအစားအသောက်များကိုလည်း မစားသင့်ပါ။ သို့သော်လည်း ထိုသူတိုသည် သူမတို့စီးနေသောလှည်းအားစီးလိုလျှင် အားယောင်က ခွင့်ပြုမည်မဟုတ်ပေ။ မင်းသားကြီးစံအိမ်မှပေးထားသော မြင်းလေးစီးဆွဲသည့်လှည်းကိုသာပေးရန် ခွင့်ပြုခဲ့သည်။

"ကောင်းပါပြီ"

စုရွှေလျန်ကခေါင်းညိတ်ပြလိုက်ကာ ရွှယ်လီနှင့်မိဖုရားအား ရှင်းပြလိုက်သည်။

"ပိုင်ဟယ်ရဲ့လှည်းမှာ မီးလင်းဖိုပါလို့ လက်ဖက်ရည်တို့အစားအသောက်တို့ကို အပူပေးလို့ရပါတယ်"

"အစေခံတွေကို ကောင်းကောင်းလေ့ကျင့်ထားတာပဲ"

ရွှယ်လီက သူမအားပြုံးပြလိုက်ကာ ဖုန်းရို့အာက မှတ်ချက်ပြလိုက်သည်။

"မဟုတ်ပါဘူး။ သူတို့အကြံပါ"

သူမနှင့်မသက်ဆိုင်သည့်ကိစ္စဖြစ်သည်။ စုရွှေလျန်ကပြုံးကာ ခေါင်းရမ်းလိုက်ပြီး ငြင်းဆန်လိုက်၏။

ထိုလှည်းအားယူလိုက်ကာ စုရွှေလျန်က ပိုင်ဟယ်တို့လှည်းဆီသို့သွားကာ စကားစမြည်ပြောချင်ပါသော်လည်း လင်းစစ်ယောင်က သူမအား လှည်းထဲသို့ဆွဲခေါ်သွားသည်။

"တော်လောက်ပြီ"

သူက မျက်မှောင်ကြုတ်ကာ စိတ်တိုနေသည့်ပုံပေါ်သည်။

“ကောင်းပါပြီ”

စုရွှေလျန် ကပြုံးကာ သူ့အားခေါင်းညိတ်ပြလိုက်သည်။ သူမသဘောတူကြောင်းပြလိုက်၏။ သူမကလက်ကိုပင့်ကာ သူ၏မျက်ခုံးလေးများကို ဖွဖွလေးပွတ်လိုက်ပြီး

"ရှင့်မျက်ခုံးတွေကို ကျုံ့မထားသင့်ဘူး။ အဲ့လိုဆိုမချောတော့ဘူး"

“ငါရူးသွားမှာကို မင်းမကြောက်ဘူးလား"

သူက သက်ပြင်းချလိုက်ကာ သူမ၏လက်လေးများအား သူ၏လက်ဖြင့်ဖုံးကွယ်ထားလိုက်သည်။

"ကြောက်ပါတယ်"

စုရွှေလျန်ကပြုံးကာ ဝန်ခံလိုက်ပြီး

"ဒါပေမဲ့ သူတို့ရူးသွားမှာကိုလည်းကြောက်မိတယ်။ ကလေးတွေကြောက်သွားကြလိမ့်မယ်"

၎င်းတို့သည် မိသားစုများဖြစ်သောကြောင့် အဘယ့်ကြောင့် အချင်းချင်းမသက်မသာဖြစ်အောင် ရူးသွပ်အောင်လုပ်ရပေမည်နည်း။

***

All Chapters