← Chapters

လိုက်ဖက်ခြင်း

Vol. 5 Ch. 129

လိုက်ဖက်ခြင်း

Vol. 5 Ch. 129

မနက်(၆)နာရီတွင် လှည်းများထွက်ခွာလာကာ တောင်ပိုင်းသို့ ဦးတည်လာသည်။ ၎င်းတို့သည် ညနေပိုင်းထိတိုင် ဆက်သွားနေကြဆဲဖြစ်ကာ တောအုပ်တစ်ခု၏အလယ် အေးမြကြည်လင်သောစမ်းချောင်းတစ်ခုဘေးတွင် ရောက်သောအခါ ထိုနေရာတွင် နားရန် ဆုံးဖြတ်လိုက်ကြသည်။

"ငါတို့ ရုန်ချန်းရဲ့ပိုင်နက်ထဲကိုရောက်ပြိ။ မမျှော်လင့်ထားတာ ဘာမှဖြစ်မလာရင်တော့ မြို့ကို ၅နာရီလောက်ရောက်ပြီး ညကျနေဖို့နေရာရှာတွေ့နိုင်တယ်"

လင်းစစ်ယောင်က အမြွှာလေးများကို လက်ထဲတွင်ချီထားပြီး လှည်းထဲမှခုန်ထွက်ကာပြောလိုက်သည်။ အမြွှာလေးများကို နို့တိုက်ရန်အဆင်သင့်ဖြစ်နေသော လျန်မော့မော့ဆီသို့ လွှဲပေးလိုက်သည်။ ထို့နောက် လှည်းထဲသို့ပြန်သွားကာ စုရွှေလျန်အား လှည်းထဲမှဆင်းရန် ကူညီပေး၏။

"ပတ်ဝန်းကျင်က တကယ်သာယာတာပဲ"

နွေဦးအစ၏အေးစက်မှုက ရစ်ပတ်နှောင်ထွေးနေသော်လည်း ပန်းများပွင့်လန်းခြင်းက မရပ်တန့်သေးကာ နွေဦးအား နေရာတိုင်းတွင် ကြိုဆိုနေကြဆဲဖြစ်သည်။

စုရွှေလျန်က မျက်လုံးများ မှိတ်ထားလိုက်ပြီး အသက်ပြင်းပြင်းရှုလိုက်သည်။ လန်းဆန်းတက်ကြွသွားသည်ဟု ခံစားလိုက်ရသောကြောင့် မျက်လုံးပြန်ဖွင့်ကြည့်လိုက်သည်။ သူမက နာကျင်နေသောခါးကို လှည့်လိုက်ပြီးနောက်တွင် လင်းစစ်ယောင်အား လှည့်ကြည့်လိုက်သည်။

"ရှင်ကျွန်မကို တရှီတောင်ကိုခေါ်သွားတုန်းကနဲ့တူတယ်လို့ မထင်ဘူးလား"

တစ်ခုတည်းသောခြားနားချက်မှာ ထိုအချိန်က ၎င်းတို့နှစ်ဦးနှင့် ဝံပုလွေနှစ်ကောင်သာရှိသည်။ ယခုတွင် ၎င်းတို့အုပ်စုမှာ ကလေးလူကြီးအပါအဝင် လူဆယ်ယောက်ဝန်းကျင်ခန့်ရှိသည်။

"အင်း"

လင်းစစ်ယောင်က ခပ်ရေးရေးလေးသာပြုံးကာ သူမအား ပြန်ဖြေလိုက်သည်။ သူမအား တရှီတောင်မှခေါ်ထုတ်ပေးခဲ့သောအချိန်အား အမှတ်ရသေးသည်။ ထိုအချိန်ကသာ သူမနှင့်မတွေ့ခဲ့ပါလျှင် သူ၏ခန္ဓာကိုယ်သည် ယခုတွင် ရှိပင်မရှိနိုင်တော့ချေ။

"သွားပါ။ စမ်းချောင်းဘေးမှာ ခဏလောက်ထိုင်ရအောင်"

ခပ်လှမ်းလှမ်းမှနေ၍ စုရွှေလျန်သည် ယန်ကျင်းကျီနှင့် ချင်းလန်တို့ ကိုယ်လက်သန့်စင်လုပ်နေသည်ကို တွေ့လိုက်ရသည်။ သူမသည် လင်းစစ်ယောင်ကိုတိုက်တွန်းရန် သူမက ဆွဲခေါ်သွားလိုက်သည်။

"အဲ့ဒီအချိန်က တရှီတောင်မှာတုန်းက ဖိနပ်ချွတ်ပြီး ခြေထောက်ကို စမ်းချောင်းထဲမှာစိမ်ထားခဲ့တာ..."

ယခုပြန်စဉ်းစားကြည့်လိုက်လျှင် ထိုအချိန်က သူမအမှန်ပင် သတ္တိရှိသည်ဟု ထင်ခဲ့မိသည်။ စုရွှေလျန်က ထုတ်ထားသောလျှာလေးအား ပြန်သိမ်းလိုက်သည်။ ထိုသို့အပြုအမူမျိုးက လင်းစစ်ယောင်အား သူမကိုလှည်းထဲသို့ ပြန်ဆွဲခေါ်သွားကာ နောက်တစ်ဖန်ချစ်ချင်လာအောင် လုပ်နေပေသည်။

"ကိုယ်တစ်ခါမြင်ဖူးပြီးသားပဲ"

သူ၏အေးစက်နေသောနှလုံးသားသည် ပြန်၍ ဒိန်းကနဲမြည်လာပြန်သည်။ သူကိုယ်တိုင်ပင်နားမလည်သောနူးညံ့သိမ်မွေ့သောချစ်ခြင်းမေတ္တာသည် အနည်းငယ်ချင်းစီ တစိမ့်စိမ့်ယိုထွက်လာကာ ပိုက်ကွန်တစ်ခုကိုရက်ကာ သူမအား ထိုထဲတွင်ဖမ်းထားချင်မိ၏။

"အဲ့တုန်းက ရှင်ကျွန်မကို တိတ်တိတ်လေးရယ်နေခဲ့တယ်မလား"

"ကိုယ်မရယ်ပါဘူး"

ထိုအခါက နတ်သမီးတစ်ပါးသည် သူ၏ရှေ့တွင်ခြေထောက်ဆေးနေသည်ဟု ထင်ခဲ့မိသည်။ ကြောင်အမ်းသွား၍ လမ်းပင်ကောင်းကောင်းမလျှောက်နိုင်ခဲ့ပေ။

"ရှင်ကျွန်မကိုမရယ်ခဲ့ဖူးပေါ့လေ"

စုရွှေလျန်ကခေါင်းကို အနည်းငယ်မော့ကာ ရယ်ပြလိုက်၏။ လင်းစစ်ယောင်က ထိုအခွင့်အရေးကို အမိဖမ်းကာ သူ၏နီရဲနေသောနှုတ်ခမ်းဖူးလေးအား ဖမ်းဆုပ်နမ်းရှိုက်လိုက်သည်။ ထို့နောက်တွင်မှ သူမအားလွှတ်ပေးလိုက်ပြီး

"အဲ့တာက တကယ်အရေးပါလို့လား"

"မဟုတ်ပါဘူး"

အနည်းငယ်မျှစပ်စုချင်မိယုံသာဖြစ်သည်။ ယခုတွင် သူမသည် တရားဝင်ဇနီးမယားတစ်ယောက်ဖြစ်နေပြီဖြစ်၏။ မကြော့ရှင်းသည့်အတွက် သူမကိုသာ ရယ်မိခဲ့ပါလျှင် ထို့ကြောင့်ပင် သူသည် သူမအားထားသွားမည်မဟုတ်ဟု ယုံကြည်မှုရှိခဲ့ပေမည်။

"နေ့ခင်းကြောင်တောင်ပဲရှိသေးတယ်။ ကိုယ့်ဘာသာသတိထားကြပါဦး"

ရွှယ်လီ၏အသံက ၎င်းတို့နောက်မှ ထွက်ပေါ်လာသည်။ စုရွှေလျန်သည် ၎င်းတို့သည် လူအများမြင်ကွင်းတွင်သာရှိသေးကြောင်း အမှတ်ရသွားကာ ရှက်သွေးဖြာသွား၏။ ၎င်းတို့ဘာသာ ပျော်ရွှင်မြူးတူးနိုင်သည့် တရှီတောင်မဟုတ်ပါ။

"ကြည့်တာကိုက ရိုင်းပျတာပဲ"

လင်းစစ်ယောင်က အသံခပ်တိုးတိုးဖြင့်ပြောလိုက်သည်။ ရည်မွန်သောသူတစ်ယောက်သည် ထိုအချိန်တွင် လာရောက်ကာ မနှောင့်ယှက်သင့်ဟု ဆိုလိုခြင်းပင်ဖြစ်သည်။ မျက်နှာပြောင်တိုက်ကာ ၎င်းတို့၏အချိန်ကောင်းအား နှောင့်ယှက်သည်ပင်။ အခြားသူများမှာ ၎င်းတို့ကို မချောင်းဘဲ လှည့်ထွက်သွားသည်ကို မမြင်သည်လော။

"ဟားဟား မင်းကိုသတိပေးဖို့ ငါ့ရဲ့အကြီးဆိုတဲ့အဆင့်အတန်းကိုသုံးလိုက်တာပါ။ ဘာပဲဖြစ်ဖြစ် ငါတို့မှာ အစေခံတွေရှိနေတာပဲ"

ရွှယ်လီစိတ်မတိုပေ။ သူက ရယ်လိုက်ကာ ယန်ကျင်းကျီနှင့် ချင်းလန်အား လက်ညှိုးညွှန်ပြလိုက်သည်။

"ရှင်တို့စကားပြောကြပါ။ ကျွန်မက အစားအသောက်တွေ သွားနွှေးလိုက်ဦးမယ်"

စုရွှေလျန်က သွေးတပ်ဖွဲ့၏မင်းကြီးသည် အားယောင်နှင့်စကားပြောစရာရှိသည်ဟု နားလည်သောကြောင့် သူမဘာသာပင် လှည်းထဲသို့ ပြန်သွားလိုက်၏။

လင်းစစ်ယောင်က မျက်ခုံးကြုပ်လိုက်ကာ ထွက်သွားသောဇနီးအားကြည့်နေပေသည်။ မိမိဘာသာတီးတိုးပြောလိုက်မိ၏။ သူမသည် မည်သို့မျိုးဖြင့် မိမိအား ထားသွားနိုင်ရပါသနည်း။

"မင်းက ဇနီးကောင်းလေးကိုလက်ထပ်ထားတာပဲ"

ရွှယ်လီက စုရွှေလျန်ထွက်သွားသော စုရွှေလျန်ကိုကြည့်ကာ ပြုံးဖြဲဖြဲလုပ်လိုက်သည်။

လင်းစစ်ယောင်က သူအား မျက်စောင်းထိုးကာကြည့်လိုက်သည်။ အဓိပ္ပာယ်မရှိပေ။ သူသည် ရွှေလျန်အား မြင်မြင်းချင်းပင်ချစ်မိခဲ့ခြင်းဖြစ်သည်။

"မင်းမှာ ငါတို့ကိုနားကြဉ်းချက်တွေရှိနေတယ်ဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ ပြန်စဉ်းစားပေးပါ။ မင်းအမေကလည်း မင်းထက်‌ ကောင်းကောင်းမွန်မွန်နေခဲ့ရတာမဟုတ်ပါဘူး"

ရွှယ်လီ၏မျက်လုံးထဲမှအပြုံးများ ပျောက်ကွယ်သွားသည်။ သားဖြစ်သူသည် မိမိနှင့် ဖုန်းရို့အာကို သံယောဇဉ်တွယ်မိမည်ဟု မျှော်လင့်ချက်ဖြင့် ဖြည်းညင်းစွာပြောဆိုလိုက်၏။

"မင်းနဲ့ပက်သက်ပြီး သတင်းအစအနတောင်မှ မရခဲ့ကြဘူး။ မင်းအသက်ရှင်လားသေလားမသိဘဲနဲ့တောင် သူက လုံးဝလက်မလျော့ခဲ့ဘူး၊ သူက မင်းအသက်ရှင်သေးတယ်ဆိုပြီးပဲ ခုခံခဲ့တာ။ ကျန်းအာ ဘုရင်တစ်ယောက်မဟုတ်ဘဲ ငါအဖေတစ်ယောက်အနေနဲ့ပြောမယ်။ မင်းအမေကိုတော့ ပြန်စဉ်းစာပေးဖို့မျှော်လင့်တယ်...သူက......"

လင်းစစ်ယောင်တစ်ယောက်အနည်းငယ်မျှ တောင့်တင်းသွား၏။ သူက လှည့်ကာ အဝေးသို့လျှောက်သွား၏။ သူယခုထက်ထိ လက်မလွှတ်နိုင်သေးပေ။

ရွှယ်လီက လှည်းဆီသို့ဦးတည်သွားသောသူ၏ပုံရိပ်အား တိတ်တဆိတ်ကြည့်နေမိသည်။ ထိုအခိုက်အတန့်တွင် အရိုးထိမှလာသောအသက်ရှုသံပြင်းပြင်းတစ်ခု ထုတ်လွှတ်မိလိုက်သည်။ ထိုအရာသည် တစ်သက်တာလုံးပျောက်ဆုံးသွားခဲ့သောမိဘများ မည်သည့်အခါမျှ ထိနိုင်မည်မဟုတ်သည့်နာကျင်မှုမျိုးဖြစ်သည်။

...

“အားယောင်?”

စုရွှေလျန်က လှည်းထဲသို့ဝင်လာသော လင်းစစ်ယောင်အား တွေ့လိုက်ရသည်။ သူမသည် အစားအသောက်များအပူပေးနေခြင်းကို ခေတ္တမျှရပ်ကာ သူ့အား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ ထို့သို့ဆိုလျှင် ၎င်းတို့၏စကားပြောဆိုခြင်းသည် ထပ်မံကျရှုံးခဲ့သည်လော။

"ကိုယ့်ကို ဘာလို့အဲ့နေရာမှာ ထားခဲ့တာလဲ"

လင်းစစ်ယောင်က အသံခပ်တိုးတိုးဖြင့်မေးလိုက်သည်။

"အမ်.... ကျွန်မက ပေါက်စီတွေအပူပေးဖို့ပြန်လာတာလေ"

သူမသည် သူ့အား ထိုနေရာတွင်ထားခဲ့ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ ရွှယ်လီနှင့် စကားကောင်းကောင်းပြောကြမည်ဟု မျှော်လင့်မိခဲ့သည်။ အိမ်ပြန်ရောက်သောအခါတွင် မျက်နှာမပျက်သင့်ပေ။

လင်းစစ်ယောင်က သူမမျက်နှာကို လေ့လာနေသည်။ သူမက ခေါင်းငုံ့ထားလိုက်ပြီး သူမ၏ခပ်ရေးရေးလည်ပင်လေးအား သူ့အား ပြသလိုက်သည်။

"ကောင်းပြီ။ ကျွန်မအမှားပါ။ ရှင့်ကို သူနဲ့မထားခဲ့သင့်ဘူး။ ကျွန်မတောင်ပန်းပါတယ်။ ရှင်စိတ်ငြိမ်ပြီး သူနဲ့အေးအေးဆေးဆေးစကားပြောနိုင်မယ်လို့ ကျွန်မကထင်လို့ပါ။ လုံအာနဲ့ ရှောင်အာတို့ကလည်း ဒီလိုမျိုးနည်းလမ်းနဲ့ ကျွန်မတို့ကို ပြန်ဆက်ဆံတာမျိုးမတွေ့ချင်ဘူးလို့ ကျွန်မထင်လို့။ ကျွန်မက...."

"မတူဘူးလေ..."

သူမအားဆွဲ၍ထွေးပွေ့လိုက်ကာ အက်ရှသောအသံဖြင့် အလေးအနက်ပြောလိုက်သည်။

သားနှင့်သမီးအား မိဘများနှင့် ဘယ်သောအခါမှ ခွဲခွင့်ပြုမည်မဟုတ်ပေ။ (၂၄)နှစ်ပင်ကြာမြင်ခဲ့သည်။ ယခုချိန်ထိ သူသည်သာ ကျောင်းထိုင်ဘုန်းကြီးဆီတွင် မွေးစားမခံခဲ့ရလျှင် လွတ်မြောက်သည်အထိကံကောင်းသွားကာ လမ်းပေါ်မှပေါက်စီများကို အကြိမ်ပေါင်းများစွာ ခိုးယူရသည့်အတွက် ခြေထောက်များသာမကျိုးခဲ့ရပါလျှင် လူသတ်သမားအဖြစ်ရပ်တည်ခဲ့စဉ်က အသက်အန္တရာယ်သာ မကြုံခဲ့ရပါလျှင် စုရွှေလျန်နှင့် မည်သည့်အခါမျှ တွေ့ရလိမ့်မည်မဟုတ်ပါ။ သွေးတပ်ဖွဲ့မင်းကြီးဖြစ်သော မိဘများကိုလည်း မည်သည့်အခါမျှသိရလိမ့်မည်မဟုတ်ပါ။ အာဏာတထားနေရသောအကြောင်းမှာ ထို့ကြောင့်ပင်ဖြစ်သည်။ သူ့အား (၂၄)နှစ်လုံးလုံး အကောင်းဆုံးရှာခဲ့ပါသည်ဆိုသော ရွှယ်လီ၏စကားအား သူမယုခဲ့ပေ။ အကြမ်တစ်ရာမက သေလုနီးပါးဖြစ်ခဲ့ရသောသားဖြစ်သူပျောက်သွားသည်မှာ မဖြစ်နိုင်ပေ။

"ဘာမှမတူတာမရှိဘူး။ ဒီလောကကြီးထဲမှာရှိတဲ့ မိဘတွေရဲ့နှလုံးသားက အားလုံးအတူတူပဲလေ။ တော်ဝင်မိသားစုပဲဖြစ်ဖြစ် သာမန်လယ်သမားပဲဖြစ်ဖြစ် ရှင်သူတို့ကိုလိုလား မလိုဘူးလားဆိုတာ ရှင့်နှလုံးသာကိုပြန်ပေးပါ။ ငြင်းဆန်ဖို့ပဲ အလျင်မလိုနေပါနဲ့"

စုရွှေလျန်က သူ၏ပါးစပ်လေးအား အုပ်ထားလိုက်သည်။

"ပြန်မဖြေခင် ဂရုတစိုက်နဲ့ရိုးရိုးသားသားပြန်စဉ်းစားသင့်တယ်။ ရှင်သူတို့ကို မတွေ့ချင်တာပဲဖြစ်ဖြစ်အသိအမှတ်မပြုချင်တာပဲဖြစ်ဖြစ် ကျွန်မက ရှင့်ဘက်မှာပါ။ ဘာလို့လဲဆိုတော့ ကျွန်မက ရှင့်ဇနီးမလို့ပါ။ ရှင့်ဘက်မှာပဲရှိမှာပါ။ ရှင့်နှလုံးသားက နှစ်တွေအများကြီးကြာသွားတာတောင် အဲ့လိုပြောတာဆိုရင်ပဲဖြစ်ဖြစ် သူတို့ကို အချိန်တိုင်း စက္ကန့်တိုင်းလွမ်းပြီး သူတို့အချစ်တွေကို လက်ခံချင်တယ်ဆိုရင်ပဲဖြစ်ဖြစ်ပေါ့။ အခုမှ သူတို့အချစ်က ရှင်ဆီရောက်လာပေမဲ့လို့ နောက်မကျသေးဘူးမဟုတ်လား။ ကျွန်မတို့မှာခရီးရှည်ကြီးရှိနေသေးတာပဲ"

ထိုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်သည်။ လင်းစစ်ယောင်တစ်ယောက် တခစ်ခစ်ရယ်လိုက်မိသည်။ သူ့အား ထိုမျှအကြောင်းပြချက် ကြာရှည်စွာပြနေသော ပထမဆုံးအကြိမ်ဖြစ်သည်။ ပို၍တိတိကျကျဆိုရလျှင် သူ့အား အကြောင်းပြချက်ပေးသောပထမဆုံးအကြိမ်ဖြစ်သည်။ သူ၏တစ်ဘဝလုံး သူမအား နောင်တဖြင့်မနေစေလိုပါ။ သွေးသားတော်စပမ်သူများကိုလည်း လက်မလျော့ဘဲ မိမိနှင့်ကလေးများနှင့်လည်း အတူတူနေစေလိုမိ၏။

"ရှင်ရယ်လိုက်တာလား အားယောင်"

သူမက မရည်ရွယ်ဘဲ ပြောလိုက်မိသည်။ သူမသည် ခင်ပွန်းဖြစ်သူ ပြုံးဖြဲဖြဲဖြစ်နေမည်ကိုမြင်ရလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ထိုအခိုက်အတန့်တွင် သူသည် သူမအား အမှန်ပင်ရယ်နေခြင်းဖြစ်သည်။ သူ၏ဦးနှောက်အား ဖျစ်ညှစ်ကာ သူ့အား အကြံပေးခဲ့သည်။

"ကိုယ်နားထောင်နေတာပါ"

လင်းစစ်ယောင်က သူ၏အပြုံးအား အလျင်အမြန်ဖုံးကွယ်လိုက်သည်။ သူမပြောပြသည့်အကြောင်းအရာများကို မှတ်မိကြောင်းထောက်ခံရန် အလျင်အမြန်ခေါင်းညိတ်ပြလိုက်ကာ စကားတစ်လုံးပင်မလွတ်ပေ။

"အဲ့လိုဆို ကျွန်မပြောခဲ့တာပြန်ပြောပြပါ"

စုရွှေလျန်က ခါးထောက်ကာ သူ့အားကြည့်လိုက်သည်။ စကားလုံးများက မည်မျှပြင်းထန်ပါစေ ကိစ္စမရှိပေ။ သူမပါးစပ်မှထွက်လာလျှင်ပင် ပြင်းထန်ကာရိုင်းစိုင်းသောလက္ခဏာတို့က ပျောက်ဆုံးသွား၏။

"မင်းက ကိုယ့်ကို ထပ်ပြောစေချင်တာလား"

လင်းစစ်ယောင်က သူမကိုတင်းတင်းကျပ်ကျပ်ဖက်ထားလိုက်ပြီး ခေါင်းကိုသူမလည်းပင်နားတွင် နစ်မြုပ်စေသည်။ သူ၏အသက်ရှုသံပြင်းပြင်းက သူမနားလေးကို နီရဲသွားစေသည်။

"သေချာတာပေါ့"

သူမသည်မူ သူ၏ရင်ခွင်ထဲတွင်ကျရှုံးသွားရန်ကို ခိုင်ခိုင်မာမာဖြင့် ငြင်းဆန်နေဆဲဖြစ်သည်။

"ကောင်းပြီ။ ကိုယ်ပြန်ပြောပြပါ့မယ် ကိုယ်တို့မှာ ခရီးရှည်ကြီးရှိသေးတာပဲ..."

သူသည် အရေးမပါသောအချက်အလက်ကိုကာရွေးကာ သူမအား ပြန်ပြောပြလိုက်သည်။ ထို့နောက် ရပ်လိုက်ကာ သူမ၏နှုတ်ခမ်းလေးများဖြင့် အတည်ပြုလိုက်၏။

"ကိုယ်တို့မှာ တစ်ဘဝစာလုံးရှေ့ဆက်ဖို့ရှိနေသေးပေမဲ့ ကိုယ်တို့အချိန်မဖြုန်းသင့်ဘူး"

"မဟုတ်ဘူး မလုပ်နဲ့နော်"

သူမက နောက်ဆုံးတီးတိုးအသိပေးသံလေးဖြင့် သူ့အားတွန်းပို့လိုက်၏။

"လင်းစစ်ယောင် အားလုံးက ဒီမှာနားနေကြတာနော်"

သူမထို့သို့ပြောလိုက်သောအခါတွင် မျက်နှာမှာနီရဲတတ်သွား၏။

"ကောင်းပါပြီ...အဲ့လိုဆိုလည်း ကိုယ်တို့နောက်မှဆက်လုပ်ကြမယ်..."

တုန်ရီနေသောသူ၏ရင်ဘတ်က ခက်ခက်ခဲခဲရယ်နေရကြောင်းကို ပြသနေသည်။ သူမက မျက်လုံးပင့်ကာ သူ၏မျက်နှာအားကြည့်လိုက်သည်။

"ကျွန်မ....ကျွန်မ ကလေးတွေကို သွားကြည့်လိုက်ဦးမယ်"

စုရွှေလျန်က တွန့်ဆုတ်တွန့်ဆုတ်ဖြင့် မတ်တပ်ရပ်ကာ သူမ၏အဝတ်များကို သပ်ရပ်အောင်ပြန်ပြင်လိုက်သည်။ လှည်းထဲမှမထွက်ခင်တွင် သူ့အား ကြည့်ပင်မကြည့်ခဲ့ပေ။

သူမကိုကြည့်၍ လင်းစစ်ယောင်မရယ်ဘဲမနေနိုင်ပေ။ ထိုအချိန်တွင် သူမအား မည်သို့မလိုချင်ဘဲနေနိုင်မည်နည်း။ ယခင်တစ်ခေါက် လှည်းထဲတွင်ရှိခဲ့သောအချိန်သည် သူမ၏နောက်ဆုံးကန့်သတ်ချက်ပင်ဖြစ်သည်။

လင်းစစ်ယောင်က ပြုံးနေခြင်းအား ရပ်လိုက်သည်။ သူက လက်မောင်းဖြင့် နူးညံ့သောမွေ့ရာလေးပေါ်သို့မှီလှဲလိုက်သည်။ မျက်လုံးများကိုမှိတ်ကာ သူမပြောခဲ့သောအကြောင်းရင်းများကို ပြန်လည်တွေးတောနေ၏။

များမကြာမီတွင် လှည်းအပြင်မှအသံဆူဆူညံညံများက သူ၏အတွေးစကို ဖြတ်တောက်ပစ်လိုက်သည်။

လင်းစစ်ယောင်က လှည့်ကာဖြင့် နူးညံ့သောအိပ်ရာထက်မှထလာပြီး လှည်းပြင်သို့ခုန်ထွက်လာသည်။ မျက်လုံးရှေ့တွင်မြင်လိုက်ရသောမြင်ကွင်းကြောင့် ကြောင်အမ်းသွား၏။ ရယ်ရမည် ငိုရမည်ကိုပင် မသိရှာတော့ပေ။

ဓားပြပုံစံဝတ်ဆင်ထားသောရွာသားအုပ်စုက ဓားများကိုင်ကာ ၎င်းတို့အား ဝိုင်းထားကြ၏။

"မလုပ်နဲ့ မလှုပ်နဲ့။ မင်းတို့ငွေတွေ အကုန်လုံးပေး"

ထိုအုပ်စု၏ခေါင်းဆောင်ဖြစ်ဟန်တူသော မျက်နှာဖုံးတပ်ထားသောဓားပြတစ်ယောက်သည် ဓားကြီးကို ဝှေ့ရမ်းကာပြောလိုက်၏။ နောက်လိုက်များက ငြိမ်သက်နေကာ သူက လှည့်ပြီး လင်းစစ်ယောင်တို့အဖွဲ့အားအော်လိုက်၏။

"သူဌေး လှည်းတွေ"

ဓားပြငယ်တစ်ယောက်က သူ့အား သတိပေးလိုက်သည်။

"လှည်းတွေကိုရောင်းလိုက်ရင် ပိုက်ဆံအများကြီးရမှာ"

"အာ...ဟုတ်သားပဲ။ လှည်းတွေ။ မင်းတို့ တန်ဖိုးရှိတာတွေထားပြီး ဒီကနေမြန်မြန်ထွက်သွား။ အဲ့လိုမှမဟုတ်ရင် ငါ့ကိုအပြစ်မတင်နဲ့။ ငါက သက်ညှာနေမှာမဟုတ်ဘူး"

သူသည် ခေါင်းဆောင်ဖြစ်သော်လည်း ဓားပြတိုက်ခံရသူမှာ သူဖြစ်သကဲ့သို့ ထစ်ငေါ့ထစ်ငေါ့ဖြင့်ပြောနေ၏။

အော်ပြီးနောက်တွင် လူနှစ်ဆယ်မျှရှိသောဓားပြများက ၎င်းတို့ပစ်ပေးမည့်တန်ဖိုးကြီးပစ္စည်းများကို စောင့်နေကြသည်။ ထိုသို့ဖြင့် ၎င်းတို့ အချီကြီးကြီးမိပေမည်။ အမှန်မှာ ထိုလမ်းကြောင်းမှဖြတ်သွားသည့်လူများများစားစားမရှိပေ။ ၎င်းတို့အိတ်ဖောင်းနိုင်မည့်အခွင့်အရေးမှာ အမှန်ပင်ရှားပါးပေသည်။ ထို့ကြောင့် မည်သို့ပင်ဖြစ်စေ ၎င်းတို့လက်လျှော့နိုင်မည်မဟုတ်ပါ။

သို့သော်လည်း ထိုသို့ဖြစ်မလာမည်ကို မှန်းခဲ့ပေသည်။ မျက်စိတစ်မှိတ်အချိန်တိုအတွင်းတွင် အသက်အတွက်ထွက်ပြေးရမည့်သူများမှာ ထိုသူများမဟုတ်ဘဲ ဓားပြများဖြစ်နေလေသည်။

"သခင်ကြီး သခင်ကြီးရယ် အသက်ကိုချမ်းသာပေးပါ"

ခေါင်းဆောင်က တောင်းတောင်းပန်ပန်ဖြင့် စစ်ထူယွင်ခြေထောက်ကိုဖက်ကာ အသနားခံနေလေသည်။

"ငါတကယ်အသက်ကြီးနေပြီလား"

စစ်ထူယွင်က သူ့အားကြည့်လိုက်သော်လည်း ထိုသူကတာ့ မျက်လုံးပင့်မော့မကြည့်ရဲပေ။ ထိုရုန်းရင်းဆန်ခတ်လုပ်သောလူအုပ်အတွက် ဓားပင်ထုတ်သုံးရန်မလိုကာ ၎င်းတို့သည် သူခိုးဖြစ်ရန် သင်ယူထားဆဲသာဖြစ်သည်။ ဦးလေးသည်သာ လှုပ်ရှားခဲ့ပါလျှင် ၎င်းတို့သည် ယခုတွင် မြေပြင်ပေါ်တွင် မလှုပ်မယှက်ဖြင့် လဲလျောင်းနေရပြီဖြစ်၏။

"သခင်လေး.... အသက်ကိုချမ်းသာပေးပါ"

ခေါင်းဆောင်က ချက်ချင်းတောင်းပန်ပေသည်။

"ဦးလေး ဘယ်လိုလုပ် သူတို့ကို ဘယ်လိုလုပ်သင့်လဲ"

ဇနီးဖြစ်သူအား ကာကွယ်နေသော လင်းစစ်ယောင်ကို လှည့်ကြည့်လိုက်သည်။

"မသန်မစွမ်းဖြစ်အောင်လုပ်ပစ်လိုက်"

လင်းစစ်ယောင်က အေးစက်စက်ဖြင့်ပြောလိုက်သည်။ ထိုစာကြောင်းဖြင့်ပင် ထိုဓားပြအုပ်စု၏အနာဂတ်ကိုခန့်မှန်းရန် လုံလောက်ပေသည်။

"ကျေးဇူးပြုပြီး မလုပ်ပါနဲ့။၊ သူရဲကောင်း။ ကျွန်တော်တို့မှာ ထောက်ပံ့ပေးရမဲ့မိအိုဖအိုတွေနဲ့ ဆာလောင်လို့ငိုယိုနေလို့ ကလေးတွေရှိပါသေးတယ်။ အဲ့နှစ်ယောက်ထက်ငယ်ပါသေးတယ်။ ကျွန်တော်တို့သာပြန်မသွားဘူးဆိုရင် ကျွန်တော်တို့သာ သူရဲကောင်းတို့ကို ဒီလိုမျိုးဓားပြမတိုက်ဘူးဆိုရင်....အီးဟီးဟီး..ဟီးဟီး..."

သူသည် အသက်လေးဆယ်ခန့်ရှိပြီဖြစ်သော်လည်း ပြောနေစဉ်တွင် ငိုကြွေးတော့၏။ အမှန်တွင် သူသည် စစ်ထူယွင်အား စိတ်ရှုပ်အောင်လုပ်ခြင်းဖြစ်သည်။

"သူတို့ကိုလွှတ်ပေးလိုက်သင့်တယ်ထင်တာပဲ။ ဒီကနေထွက်သွားပြီး မိဘတွေကိုလည်းကျွေးမွေးရဦးမယ်။ မိဘအစစ်တွေကိုလက်မခံတဲ့သူလိုမျိုးတော့ ဘယ်ဟုတ်မလဲ"

ရွှယ်လီ၏အေးစက်စက်အသံကို ထွက်ပေါ်လာသည်။ နောက်ကွယ်ကဇာတ်လမ်းကိုသိသောသူများက ဆံပင်ပင်ထောင်သွားကြ၏။ ဦးစွာ စစ်ထူယွင်က ထိုသို့ဖြစ်သွားခြင်းဖြစ်သည်။ ထို့နောက် သူ့အားခြေထောက်ဖက်တောင်းပန်းနေသောဦးလေးကြီးသည် လင်းစစ်ယောင်ဆီမှဝေးရာ အဝေးသို့ထွက်ပြေးလေ၏။

ထူးဆန်းစွာဖြင့် လင်းစစ်ယောင်က ဒေါသမထွက်ပေ။ သူ၏မျက်လုံးများက ရွှယ်လီဆီသာ အကြည့်ရောက်နေပြီး စုရွှေလျန်ကိုဆွဲခေါ်ကာ စမ်းချောင်းဘေးရှိ ကျောက်တုံးကြီးဘေးသို့ထားပေးလိုက်သည်။

"မင်းဒီမှာထိုင်ပြီး ခဏလောက်နားလိုက်ဦး။ သူတို့နဲ့ကိစ္စပြီးတာနဲ့ ကိုယ်တို့သွားကြမယ်။ မင်းကို ကိုယ်ပိုင်သေးတယ်ဆိုတာ မမေ့လိုက်နဲ့..."

"အာ"

သူဆိုလိုသည်ကို စုရွှေလျန်နားလည်သည်။ သူမကလက်မြှောက်ကာ သူ၏ပါးစပ်အား အုပ်ထားလိုက်သည်။ သူသည် ပတ်ဝန်းကျင်သို့မကြည့်ရဲဘဲ သူမအားရှက်သွေးဖြာစေမည့်ကိစ္စများအားပြောရန်ကို ရှက်ရှက်ဖြင့်တားမြစ်နေခြင်းဖြစ်သည်။

လင်းစစ်ယောင်က ပြုံးလိုက်ကာ သူမလက်ကိုချလိုက်သည်။

"ဘာတွေစဉ်းစားနေတာလဲ။ မင်းမျက်နှာနီရဲနေတာပဲ။ မင်းကိုယ့်ကို ပေါက်စီတစ်ပန်းကန်ကျွေးရဦးမယ်လို့ပြောတာ။ ကိုယ်ဗိုက်ဆာလှပြီ"

ထို့နောက်တွင်မူ သူ၏နှုတ်ခမ်းထောင့်လေးက ကွေးသွား၏။ သူက မတ်တပ်ရပ်လိုက်ကာ တောင်ပေါ်ဓားပြများရှိရာသို့ လျှောက်သွား၏။

"သွား။ မင်းတို့နေရာကို ငါ့ကိုခေါ်သွား။ မိဘအိုတွေနဲ့ ကလေးတွေရှိလားဆိုတာကြည့်မယ်။ လိမ်နေတာဆိုရင်တော့ သက်ညှာပေးဖို့ မျှော်လင့်မနေနဲ့"

လင်းစစ်ယောင်က ခေါင်းဆောင်ရှေ့တွင် ရပ်ကာ အေးတိအေးစက်ဖြင့် အမိန့်ပေးလိုက်၏။

"ဟုတ်ကဲ့။ ဟုတ်ကဲ့။ ကျွန်တော်တို့ မလိမ်ရဲပါဘူး။ ကျေးဇူးပြုပြီး ဒီလမ်းကလာပါ"

ခေါင်းဆောင်က အလျင်စလိုထလာကာ လင်းစစ်ယောင်အား တောင်ဆီသို့သွားသည့်လမ်းလေးဆီသို့ ခေါ်သွားသည်။

"သူက ခံစားချက်တွေကိုထုတ်မပြတတ်ဘူး။ အမှန်တော့ သွေးအေးတယ်လို့ထင်ရပေမဲ့ တကယ်က သွေးမအေးတတ်ပါဘူး"

စုရွှေလျန်က ပြုံးကာ ရှင်းပြလိုက်၏။

ရွှယ်လီနှင့် ဖုန်းရို့အာတို့ အပြုံးချင်း ဖလှယ်လိုက်ကြသည်။ ၎င်းတို့သည် ချွေးမလေးအား အမှတ်ပြည့်ပင် ပေးပြီးကြပြီဖြစ်၏။

"ကျေးဇူးတင်ပါတယ်။ မင်းသာသူ့ကို အကြံမပေးဘူးဆိုရင် သူက ငါ့ကိုကယ်မှာမဟုတ်ဘူး"

ဖုန်းရို့အာက သူမလက်လေးကိုကိုင်ကာ ရိုးသားစွာဖြင့် ကျေးဇူးတင်စကားပြောနေသည်။ တောင်ပေါ်ကဓားပြများက အရှုပ်အထွေးတစ်ခုကိုဖန်တီးလိုက်သောအခါတွင် သူမ၏သားဖြစ်သူက တိုက်ခိုက်မှုမှကာကွယ်ရန် သူမအား အဝေးသို့တွန်းပို့လိုက်သည်။ ၎င်းတို့သည် အေးစက်နေကြဆဲဖြစ်ပါသော်လည်း သူ၏နှလုံးသားထဲတွင် သူမသည် နေရာတစ်ခုရှိသည်ကို သိပေသည်။ ထိုမျှဖြင့်ပင် သူမအတွက် လုံလောက်ပြီဖြစ်၏။

***

All Chapters