ယွင်လော့ ဘုရားကျောင်း
Vol. 5 Ch. 130
ရုန်ရှီစခန်းသည် တောင်တွင် အသင့်အတင့်ရှိသောရွာလေးဖြစ်သည်။ ရွာသည် တောင်ပေါ်တွင်တည်ရှိကာ စမ်းချောင်းဘေးတွင် တည်ရှိသည်။ ရွာသားများက အမဲလိုက်ခြင်း၊ ငါးဖမ်းခြင်းနှင့် စပါးစိုက်ခြင်းတို့ဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။ ရွာသားများအားလုံးသည် သင့်တင်လျောက်ပတ်သောဘဝတွင် နေထိုင်ကြပေသည်။
တစ်ရွာလုံးတွင် မိသားစုဆယ်စုခန့်ရှိကာ သက်ကြီးရွယ်အိုများနှင့် ကလေးများအပါအဝင် လူခုနှစ်ဆယ်ရှစ်ဆယ်ခန့်ရှိသည်။ တောင်းခါးပန်းတွင်ရှိသောကျောက်တုံးများပေါ်တွင် အိမ်များတည်ဆောက်ထားကြသည်။
"သူရဲကောင်းကြီး မလိမ်ရဲပါဘူး။ ရှန်မြို့ရဲ့ခံတပ်ကသာ ကျွန်တော်တို့စခန်းက ယောင်္ကျားတွေကို အတင်းအကြပ် နှစ်ရက်သုံးရက်အလုပ်မခိုင်းဘူးဆိုရင် ဓားပြတိုက်ဖို့မပြောနဲ့ လမ်းပေါ်မှာကောက်ရတဲ့အိတ်ကို ပြန်ပေးပါတယ်"
ခေါင်းဆောင်က တောင်ခါးပန်းအလယ်တွင်ရှိသည့်ကျောက်တုံးအိမ်လေးတစ်အိမ်ဆီသို့ ဦးဆောင်သွားကာ မဝံ့မရဲရှင်းပြနေသည်။
"ဘာအတွက် တပ်သားစုဆောင်းတာလဲ"
လင်းစစ်ယောင်က ပတ်ဝန်းကျင်ကိုလေ့လာကာမေးလိုက်၏။ အမှန်တွင် သူ့အားပြောနေသောလူကြီးတွင် အသက်ရှစ်ဆယ်ဝန်းကျင်ရှိသည့်အဘွားအိုတစ်ယောက်နှင့် ပုခက်ထဲတွင်လသားအရွယ်ကလေးတစ်ယောက်ရှိသည်။
"ကျွန်တော်လည်း အခြားသူတွေဆီက ကြားခဲ့တာပါ။ ကြည့်ရတာအရှေ့ဘက်ကတောင်ပေါ်မှာ မျှော်စင်လား ဘုရားကျောင်းဆိုလား ဆောက်ကြမဲ့ပုံပဲ"
ထိုသူကခေါင်းကုတ်ကာဖြင့် သူသိသောသတင်းများကို လင်းစစ်ယောင်အား ပြောပြနေပေသည်။
"ဘယ်ဘုရားကျောင်းလဲ"
လင်းစစ်ယောင်၏မျက်လုံးများက မဲမှောင်သွားသည်။ သူက အသံခပ်တိုးတိုးဖြင့်မေးလိုက်၏။
"အမ် ဘယ်ဘုရားကျောင်းပါလိမ့်။ နာမည်က...ဟေး ကွမ်းဇစ် အဲ့ဘုရားကျောင်းနာမည်မှတ်မိလား"
သူက ခေတ္တမျှမျက်မှောင်ကြုတ်ကာ စဉ်းစားနေပြီး နာမည်ကို မမှတ်မိနိုင်ဖြစ်နေသည်။ ထို့ကြောင့် လှည်များကိုယူရန် မမေ့အောင်သတိပေးခဲ့သည့် လူငယ်လေးအား မေးလိုက်၏။
“… ယွင်လော့ဘုရားကျောင်း ဟုတ်တယ်။ ဟုတ်တယ် ယွင်လော့ဘုရားကျောင်း”
ဆယ်ကျော်သက်လေးက လက်ခုပ်လက်ဝါးတီးကာဖြင့်ခေါင်းညိတ်ကာ အတည်ပြုပေးလိုက်သည်။
လင်းစစ်ယောင်တစ်ယောက် လက်သီးကျစ်ကျစ်ပါအောင်ဆုပ်မိသွားသည်။ ဖြစ်နိုင်သည်မှာ ရုန်မြို့ခံတပ်သည် မိမိ ယွင်လော့ဘုရားကျောင်းသို့ပေးခဲ့သောငွေများကို ယူသွားခြင်းဖြစ်ပေမည်။
ချက်ချင်းပင် လင်းစစ်ယောင်လှည့်ထွက်သွားကာ ငွေများပါသည့်အိတ်တစ်အိတ်အား ခေါင်းဆောင်ကို ပစ်ပေးလိုက်သည်။ ထို့နောက် သူသည် ခုန်ပျံကျော်လွှားသွားကာ သစ်ပင်ထူထူများကြားတွင် သူ၏ပုံရိပ်က တိုးလျှိုးပျောက်ကွယ်သွားသည်။
"သူဌေး ကျွန်တော်တို့ သံပူပြားကို ကန်မိသွားတာပဲ..."
လူငယ်လေးက ပျောက်ကွယ်သွားသော လင်းစစ်ယောင် ရှိရာသို့ကြည့်ကာ ကြောက်လန့်စွာဖြင့် အော်ပြောလိုက်၏။
၎င်းတို့အား အနိုင်ယူခဲ့သောသူမှာ ထူးဆန်းသောသူမဟုတ်ဘဲ ထိုအေးအေးစက်မျက်နှာပေးနှင့်လူသာဖြစ်ခဲ့ပါလျှင် ၎င်းတို့အားလုံးသေဖွယ်ရာသာရှိတော့မည်။ ထိုသို့ဆိုလျှင် ယခုတွင် ၎င်းတို့ ငရဲပြည်တွင် ဘိုးဘေးများဖြင့် ပြန်လည်ဆုံစည်းနေရပြီဖြစ်မည်။
“ကွမ်ဇစ်! အိတ်ထဲမှာ ငွေဘယ်လောက်ပါလဲ?”
လူကြီးက တုန်တုန်ရီရီဖြင့် ပွင့်နေသောအိတ်ကို လက်ညှိုးညွှန်ပြလိုက်သည်။ သူသည် ပဲစိအရွယ်အစားရှိ ငွေသားအပိုင်းအစများကိုသာမြင်ဖူးခဲ့သည်။ ယခင်က ငွေတုံးများကို မမြင်ဖူးခဲ့ပေ။ သူနှင့်ဆယ်ကျော်သက်လေးသည် ဂရုတစိုက်ဖြင့် ရေတွက်ကြည့်ကြ၏။ စုစုပေါင်း ငွေတုံးခုနှစ်ဆယ်ပင်ရှိသည်။ ထိုသူသည် မည်သူနည်း။ ယခုတစ်ခေါက်တွင် ရွာထဲရှိယောင်္ကျားများအားလုံး ဘုရားကျောင်းဆောက်ရန် လိုက်သွားရသည်ဆိုလျှင်ပင် မိန်းမများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများကို မငတ်အောင်ထားခဲ့နိုင်ပြီဖြစ်သည်။
...
"ရုန်မြို့အရှေ့ဘက် ချီယွင်တောင်အရှေ့ဘက်မှာ လမ်းလွှဲလုပ်ပေးမယ်လို့ပြောခဲ့တယ်။ အခုချက်ချင်းသွားကြမယ်"
လင်းစစ်ယောင်က အခြားသူများနားနေသောနေရာသို့ ပြန်လာသည်။ ချက်ချင်းပင် သူက စစ်ထူယွင်အား အမိန့်ပေးလိုက်ကာ စုရွှေလျန်ကိုပွေ့ကာ လှည်းထဲသို့ခုန်ဝင်သွားသည်။
"တစ်ခုခုဖြစ်ခဲ့တာလား"
စုရွှေလျန်က သူမအပူပေးထားသော ပေါက်စီကိုအလယ်မှခွဲကာ အသားအချို့နှင့် ဆိုင်မှဝယ်လာသောဆားစိမ်မုန်လာဥဖြူအား ထည့်လိုက်ပြီး လင်းစစ်ယောင်အား ကမ်းပေးလိုက်သည်။
"အရေးမကြီးပါဘူး။ လွန်ခဲ့တဲ့ရှစ်နှစ်က ချီယွင်တောင်မှာလှူခဲ့တဲ့ ယွင်လော့ဘုရားကျောင်းပါ။ အဲ့ကိုသွားပြီး ကြည့်မလား"
သူမဆီမှမုန့်အား ယူပြီးနောက်တွင် သူကပြုံးကာမေးလိုက်၏။
သူခေါင်းစဉ်ပြောင်းပြောချင်နေသည်ကို စုရွှေလျန်သိသည်။ ထိုသို့မှမဟုတ်လျှင် သူသည် ရုတ်တရက် လမ်းလွှဲလုပ်ချင်မည်မဟုတ်ပေ။
ညရောက်သောအခါတွင် လှည်းများသည် ရုန်မြို့နှင့် ကန်းမင်မြို့ကြားရှိ ချီယွင်တောင်သို့ရောက်ခဲ့ကြသည်။ ချီယွင်တောင်သည် နာမည်ကဲ့သို့ပင် တောင်ထိပ်တွင်တိမ်များဖုံးလွှမ်းနေကာ ကောင်းကင်သို့ထိလုနီပါးဖြစ်သည်ဟုထင်ရသည်။
ဆယ်နှစ်တာပြောင်းလဲတိုးတက်ပြီးနောက်တွင် တောင်ခြေမှ ချီယွင်မြို့လေးသည် လွန်ခဲ့သော(၁၇)နှစ်ခန့်ကကဲ့သို့ ရွာငယ်လေးမဟုတ်တော့ပေ။ အရှေ့နှင့်အနောက် မြို့နှစ်မြို့ကိုဆက်သွယ်ပေးထားသော အရေးပါအရာရောက်၍ လူရှုပ်သည့်မြို့လေးဖြစ်လာသည်။ ထို့အပြင် လွန်ခဲ့သောနှစ်နှစ်အတောအတွင်းတွင် ရုန်မြို့၏ခံတပ်သည် တောင်ပေါ်ရှိ ယွင်လော့ဘုရားကျောင်းကိုမျက်နှာသာပေးခဲ့ကာ ချီယွင်မြို့သည် အထွတ်အမြတ်နယ်မြေဖြစ်သည်ဟူသောကောလဟသကိုပျံ့နှံ့စေသည်။ ထို့ကြောင့် ဘုရားဖူးများစွာရောက်လာပြီး ဘုရားကျောင်းသို့လာရောက်လည်ပတ်တတ်ကြသည်။
"ယွင်လော့ဘုရားကျောင်းကို သွားမလို့လား။ ကံကောင်းတာပဲ။ ငါတို့တည်းခိုခန်းမှာလည်း အခန်းတွေအများကြီးရှိသေးတယ်။ မင်းတို့အတွက်လောက်ပါတယ်။ မနက်ဖြန် ရာသီဥတုကကောင်းလောက်တယ်။ တောင်ပေါ်သွားပြီး နေထွက်တာကြည့်လို့ရတယ်။ ချီယွင်တောင်ပေါ်က နေထွက်တဲ့မြင်ကွင်းက သိပ်လှတာ။ ဧည့်သည်တွေအများကြီးက ဒီကိုလာပြီး အဲ့မြင်ကွင်းကိုလာကြည့်ကြတာ"
ယွဲ့ရုံတည်းခိုခန်းသည် ချီယွင်မြို့တွင် အကြီးဆုံးတည်းခိုခန်းဖြစ်ကာ ရုန်မြို့ခံတပ်မှ စီမံခန့်ခွဲသည်။ နှစ်ယောက်အခန်းလေးဆယ်နှင့် တစ်ယောက်အိပ်အခန်းဆယ်ခန်းပါသော နှစ်ထပ်အဆောက်အဦးဖြစ်သည်။ တည်းခိုခန်းတစ်ခုလုံးသည် လူတစ်ရာကျော်ခန့်ဆန့်၏။
စစ်ထူယွင်က ဧည့်ကြိုသူအားပြောလိုက်ကာ အခန်းခြောက်ခန်းတောင်းဆိုလိုက်သည်။ ဧည့်သည်သုံးယောက်ဖြစ်သော ယန်ကျင်းကျီ ချင်းလန်နှင့် သွေးတပ်ဖွဲ့မှအမျိုးသမီးကိုယ်ရံတော် ကျန်းယွဲ့တို့အပါအဝင်ဖြစ်သည်။ လှည်းသမားလေးယောက်က ပထမထပ်တွင်နေကာ လှည်းများကိုစောင့်ရှောက်စေသည်။
အဖွဲ့အတွက်အားလုံးစီစဉ်ပြီးနောက်တွင် ညကိုးနာရီခန့်ရှိပြီဖြစ်သည်။ ညစာစားသောက်ပြီးနောက်တွင် အနားယူကြလေ၏။
မနက်ဖြန်မနက်တွင် တောင်ပေါ်သို့သွားကြမည်ဖြစ်သည်။
"ဦးလေး"
စစ်ထူယွင်က တံခါးဖွင့်လိုက်ရာ လင်းစစ်ယောင်၏ခက်ထန်သောမျက်နှာအား တွေ့လိုက်ရသည်။
"ငါတောင်ပေါ်သွားမလို့။ မင်းစောင့်ကြည့်ထား"
လင်းစစ်ယောင်က ညွှန်ကြားလိုက်၏။
"ကောင်းပြီ"
စစ်ထူယွင်ကခေါင်းညိတ်ပြလိုက်၏။ သူသည် ပြတင်းပေါက်မှခုန်ထွက်သွားပြီး ညအမှောင်ထဲတွင်ပျောက်ကွယ်သွားသော လင်းစစ်ယောင်ကို ကြည့်နေမိသည်။
"တစ်ခုခုဖြစ်လို့လား"
လင်းစစ်ယောင်၏အသံနှင့်ဆင်တူသော အေးစက်စက်အသံတစ်ခုက လင်းစစ်ယောင်နောက်မှ ထွက်ပေါ်လာသည်။ စစ်ထူယွင်က လှည့်လိုက်ကာ သူ၏ဓားကိုသန့်ရှင်းရေးလုပ်နေသည်ကိုသာ အာရုံစိုက်ထားသော ကျန်းဟန်ကိုကြည့်လိုက်သည်။ သူစကားမပြောခဲ့ပေ။ စကားပြောသောသူမှာ သူဖြစ်သည်ကိုအတည်ပြုရန် ကြိုးစားနေပေသည်။
"စိတ်ပူနေတဲ့လေသံမျိုးမဟုတ်ပါဘူး"
စစ်ထူယွင်က မျက်လုံးပင့်ကာ ကြည့်လိုက်သည်။ သူကလှည့်ထွက်သွားကာ အိပ်ရာပေါ်တွင်လှဲလျောင်းလိုက်သည်။ သူသည် အိပ်ပျော်နေသည့်ပုံပေါ်သော်လည်း အမှန်တွင် အပြင်ဘက်ဝရံတာရှိ ပွက်လောရိုက်ခြင်းကိုသာ အာရုံစိုက်နေမိသည်။ ဦးလေးသည်သာ ယခုနေရာတွင်မရှိလျှင် မမလှလှနှင့် အမြွှာလေးများ၏လုံခြုံရေးသည် သူ၏အကြီးဆုံးတာဝန်ဖြစ်သွားပြီဖြစ်သည်။
လင်းစစ်ယောင်သည်မူ ခြေလှမ်းတို့ကို တွန်းအားပေးကာ ချီယွင်တောင်ပေါ်သို့တက်သွားပြီး သူ၏မှတ်ဉာဏ်ထဲတွင် ဆင်တူဆဲရှိသော ယွင်လော့ဘုရားကျောင်းသို့ ရောက်ရှိသွားလေပြီဖြစ်၏၊
သန်းခေါင်ယံဖြစ်သော်လည်း ဘုရားကျောင်းတွင် အလင်းရောင်မှိန်ပြပြလေးလင်းနေသေး၏။
"အလုပ်ဖြစ်မှာမဟုတ်ဘူးလို့ စောစောစီးစီးပြောခဲ့သားပဲ။ မင်းက တစ်လမ်းလုံးနောက်ယောင်ခံလိုက်ပြီး ဆန္ဒပြင်းနေတာလေ။ အခုတော့ဘာလဲ။ ဘယ်လိုအဆုံးသတ်မှာလဲ။ တောင်ပိုင်းကရတဲ့သတင်းတွေက ဖြစ်တတ်ပါတယ်။ သွေးတပ်ဖွဲ့က ငါတို့ကိုစပြီး သံသယဝင်နေပြီ"
"အဲ့လိုဆိုရင် ဘယ်လိုလုပ်ရမလဲ ငါ့ကိုပြောလေ။ ငါ့တိုမှာ နောက်ပြန်လှည့်ဖို့လမ်းရှိသေးတယ်။ သေစမ်း။ ဒီအခွင့်အရေးကိုအမိဖမ်းပြီး သွေးတပ်ဖွဲ့စစ်သည်(၁၂)ယောက်ကိုသတ်နိုင်မယ်လို့ထင်ခဲ့တာ။ လုံရိရဲ့အဖွဲ့ရောက်လာလိမ့်မယ်လို့ ထင်မထားခဲဘူး။ အဲ့တာအပြင် သူကလွတ်သွားတယ်..."
"အခုဆို ရုန်မြို့က ငါတို့လက်ထဲမှာရှိပြီ။ ဘာပဲဖြစ်ဖြစ် လွှတ်ထားလိုက်တော့။ ဒီမှာပဲ အခြေချရအောင်"
"မဖြစ်ဘူး။ ဟိုစိတ်မရှည်တဲ့ဘုန်းကြီးပြောတာကို နားမထောင်ခဲ့ဘူးလား။ ဒီမှာ မြင့်မြတ်တဲ့ပုဂ္ဂိုလ်ရှိတယ်တဲ့။ သူပြောတဲ့ မြင့်မြတ်တယ်ဆိုတာက တဟွေ့တော်ဝင်မိသားစုရဲ့ မင်းမျိုးမင်းနွယ်ဖြစ်နေရင် ငါတို့ ရွှယ်လီကို မသတ်နိုင်ယုံတင်မကဘူး။ တဟွေ့စစ်သည်တွေကိုပါ လုပ်ကြံရဦးမှာ။ သူတို့နှစ်ယောက်လုံးက ငါတို့ရန်သူတွေပဲ။ အဲ့လိုဆို ငါတို့ဘယ်လိုလုပ်ပြေးနိုင်တော့မှာလဲ'
"ပြေး ပြေး ပြေး သူရဲဘောကြောင်တဲ့ကောင်။ မင်က ပြေးဖို့ပဲသိတယ်။ ငါတို့ညီအစ်ကိုတွေကိုစုစည်းကမြယ်လို့ ငါတို့ဆုံးဖြတ်ထားတာလေ။ သွေးတပ်ဖွဲ့နန်းတော်ကို မုန်တိုင်းထန်အောင်လုပ်မယ်။ အများဆုံး ငါတို့နှစ်ဖက်လုံးသေမှာပေါ့။ အဲ့ဒီ ရွှယ်လီလည်း ပြေးမလွတ်တော့ဘူး"
"မင်းတော့ရူးနေပြီ။ သွေးစစ်သည်(၁၂)ယောက်က ဘယ်လောက်အားကောင်းလဲဆိုတာ မင်းသိသားပဲ။ အရင်က သူတို့အစွမ်းအကြောင်းကို ကြားဘဲကြားဖူးခဲ့တာ။ ဒါပေမဲ့ အခုတော့ ငါတို့ယောင်္ကျားအားလုံးကို စစ်တိုက်ဖို့စုရုံးနိုင်ပြီးတော့ ဖုန်းယောင်တရားရုံးရဲ့လူသတ်သမားတွေကိုပါ အသုံးချနိုင်နေပြီလေ။ အဆုံးကျ သွေးစစ်သည် (၁၂)ယောက်ကိုလည်းလက်စသတ်နိုင်မှာ။ ပြီးတော့ လုံရိ အသတ်ခံရလား မရဘူးလား ဆိုတာလည်း အတည်မပြုနိုင်သေးဘူး"
"အဲ့လိုဆို မင်းပြော ငါတို့ဘာလုပ်သင့်လဲ? အချိန်ကုန်တော့မှာ။ မလှုပ်ရှားဘူး ဆိုရင် အချိန်မရှိမှာဘဲကြောက်မိတယ်"
"ငါ့ကိုမတိုက်တွန်းနဲ့။ သေချာပြန်စဉ်းစားပါရစေဉီး"
"သူဌေး ဘယ်လိုလဲ"
"ဘာလဲ"
"ဒီအတိုင်းထားလိုက်ရင်ရော ဘယ်လိုလဲ။ ဒီနှစ်တွေတစ်လျှောက်လုံး တန်ဖိုးရှိတာတွေစုဆောင်းလာကြတာပဲ။ ကျန်တဲ့ဘဝတစ်လျှောက်လုံးလုံလောက်ပြီလေ။ ဘာလို့ လက်စားချေထို့ လိုအပ်တော့မှာလဲ"
"မင်းဘိုးအေ.... မင်းက သစ္စာမရှိတဲ့ငကြောက်ပဲ။ အစ်ကိုယင်က ငါတို့ကို ဘယ်လိုဆက်ဆံလဲ။ ရွှယ်လီက ညီအစ်ကိုအများကြီးနဲ့ သူ့ကို ခေါင်းဖြတ်ကွပ်မျက်ခဲ့တယ်။ ဒီလိုနည်းလမ်းနဲ့မင်းက တစ်သက်လုံးအသက်ရှင်ချင်လို့လား"
"သူဌေး သူဌေး အဲ့လိုမတွေးပါနဲ့။ ကျွန်တော်တွေးလိုက်တာက ဒီလောက်နှစ်တွေအများကြီးကြာပြီလေ။ ကျွန်တော်တို့ညီအစ်ကိုတွေ ဒီမှာပုန်းနေကြရတာ။ နေ့ရော ညရော ဘာလုံခြုံရေးမှမရှိဘဲနေထိုင်ကြရတာ။ ဒုက္ခရောက်ပြီး ခက်ခဲကြမ်းတမ်းခဲ့တာ လုံလောက်ပြီထင်တယ်..."
"ပါးစပ်ပိတ်ထားစမ်း ညီခုနှစ်။ အဲ့တုန်းက မင်းက ကလေးငယ်လေးပဲရှိသေးတာ။ အစ်ကိုယင်နဲ့ အခြားညီအစ်ကိုတွေ ဘယ်လိုသေခဲ့ရလဲဆိုတာ မင်းမသိဘူး။ ငါတို့လက်စားမချေဘူးဆိုရင် သူတို့နဲ့ ဝိညာဉ်ဝါမြစ်မှာ ပြန်တွေ့ရင် ဘယ်လိုမျက်နှာပြရမှာလဲ"
"ဟုတ်တယ်။ ညီခုနှစ်။ ငါတို့လက်လျော့လိုက်ရင်တောင်မှ သွေးတပ်ဖွဲ့အနောက်ကလိုက်တာကနေ လွတ်နိုင်မယ်ထင်လား။ နှစ်တွေအများကြီးကြာလှပြီ။ ငါတို့သာ တဟွေ့ပိုင်နက်ထဲဝင်ပြီး လူတွေလာမလည်နိုင်တဲ့တောင်ပိုင်းမှာ ပုန်းမနေဘူးဆိုရင် ငါတို့အခုလို ဘယ်လိုလုပ်နေထိုင်နိုင်မှာလဲ။ အဘိုးကြီးလော့လို မြုပ်စရာနေရာတောင်မရှိဘဲ သေနေလောက်တာကြာပြီ"
"အင်း ဟုတ်သားပဲ။ သူဌေးလော့သေပြီးနောက်ပိုင်း သူ့တပည့်နဲ့ အစ်ကိုကြီးယင်ရဲ့သမီးလည်း ပျောက်သွားတယ်။ သူအသက်ရှင်နေသေးရင်တော့ အံ့ဩစရာပဲ"
"အင်း ရွှယ်လီ သူ့ကိုဖမ်းမိသွားတယ်ထင်တာပြ။ သူအသက်ရှင်နေသေးတယ်ဆိုရင်တောင် ရှင်နေရတာထက် သေတာကမှ ပိုကောင်းဦးမယ်"
"ငါတို့ပြင်ဆင်လာတာ အနှစ်နှစ်ဆယ်မကတော့ဘူး။ ဒီလိုမျိုးအရှုံးမပေးနိုင်ဘူး"
"ရုန်မြို့ခံတပ်ကို ဘယ်လိုရှင်းပြကြမလဲ။ ငါတို့အားလုံးကသွေးတပ်ဖွဲ့တော်ဝင်မိသားစုရဲ့ လက်အောက်ခံတွေလို့ပဲ သူသိထားတာ။ ငါတို့သတင်းပို့တယ်။ သွေးစစ်သည်(၁၂)ယောက် ထပ်ရောက်လာလိမ့်မယ်ထင်လား"
"သူတို့ရောက်လာမှာကို စိတ်ပူစရာမလိုဘူး။ မြို့စားကို နည်းနည်းလောက်ဖိအားပေးလိုက်ဖို့ပဲလိုတာ။ ဒါပေမဲ့ အချိန်ကျလာရင်တော့ အောက်ဆင်းဖို့ကို သိမှဖြစ်မယ်။ တကယ်တော့ သူလည်း အကျိုးအမြတ်မြင်တဲ့အချိန်ကျရင် ဘာလုပ်ရမလဲဆိုတာ သိမှာပါ။ ငါတို့ယောင်္ကျားတွေပဲ ထည့်တွက်မယ်ဆိုရင် ဒီနှစ်ကုန်တောင်အဲ့တာကို လုပ်နိုင်မှာမဟုတ်ဘူး။ တတ်နိုင်သမျှ မျှော်စင်ကို လက်စသတ်ဖို့ ရုန်မြို့က ယောင်္ကျားတွေအားလုံးကို စုစည်းမှဖြစ်မယ်။ ပြီးတော့ ဟားဟား... သွေးစစ်သည်(၁၂)ယောက် ကောင်းကင်ဘုံကို ဘယ်လိုကြွသွားမလဲဆိုတာ ကြည့်ကြသေးတာပေါ့။ ရွှယ်လီအရမ်းတန်ဖိုးထားရတဲ့ သူ့အတောင်ပံတွေ ဒီနေရာမှာတင် ဘယ်လိုပြာကျသွားမလဲဆိုတာ ကြည့်ချင်လိုက်တာ။ သူနဲ့ သွေးတပ်ဖွဲ့တော်ဝင်မိသားစုတွေ ဘောင်းဘီထဲမှာသေးပေါက်ချပြီး ငါ့ကိုတောင်းပန်တာ မြင်ချင်လှပြီ။ ဟားဟားဟား ညီအစ်ကိုတို့ အဲ့အချိန်ကျရင် ငါတို့က ပုလ္လင်ပေါ်မှာထိုင်ပြီး မရေမတွက်နိုင်တဲ့အလှလေးတွေက ငါတို့ကိုခစားတာကို ပျော်ပျော်ကြီးခံစားရတော့မှာ"
...
ယွင်လော့ဘုရားကျောင်း၏ သီးသန့်အိမ်တွင် ဘုန်းကြီးတစ်ပါးသာရှိသည်။ သူသည် ကျောင်းထိုင်ဆရာတော် ကျယ်ရှို့ပင်ဖြစ်သည်။ လွန်ခဲ့သော(၁၂)နှစ်ခန့်က တောင်းမှထွက်သွားသောလင်းစစ်ယောင်က နေ့လည်စာဖိတ်ကျွေးကာ တောင်ပေါ်သို့ ပင့်လာပြီးနောက်ပိုင်းတွင် သူသည် ယွင်လော့ဘုရားကျောင်းနှင့် ဧည့်သည့်ဘုန်းကြီးများကို စောင့်ရှောက်ပေးခဲ့သည်။
လင်းစစ်ယောင်သည်သာ သူ၏တာဝန်များနှင့် အလုပ်မများနေပါလျှင် ထိုဘုန်းကြီးဆီကို လာရောက်ကူညီပေးကာ ဘုရားကျောင်းကိုလည်း ကောင်းအောင်ပြုပြင်မွမ်းမံပေးပြီး နေ့စဉ်အသုံးစရိတ်အချို့ကိုလည်း လှုဒါန်း၏။
လွန်ခဲ့သောတစ်နှစ်က ဘုရားကျောင်းအတွက်သုံးရန် နောင်နှစ်ရာချီအထိပင်လုံလောက်သော ငွေစက္ကူများရခဲ့သည်။ လူငယ်လေးတစ်ဦးမှ ပို့ပေးခဲ့ခြင်းဖြစ်သည်။
အမှန်မှာ သူ၏ဘဝသည် တည်ငြိမ်အေးချမ်းရှာပေသည်။ ယွင်လော့ဘုရားကျောင်းသည် ဘုရားဖူးဧည့်သည်များလာခဲလှသော အေးချမ်းတိတ်ဆိတ်သည့်နေရာလေးဖြစ်သည်။ ထို့ကြောင့် အချိန်များအားလပ်နေကာ တောင်နောက် စွန့်ပစ်မြေတွင် သစ်သီးခြံများ ဟင်းသီးဟင်းရွက်များစိုက်ပျိုးနေခဲ့သည်။ လင်းစစ်ယောင်ပြောသည့်အတိုင်း လိုက်နာကာ ထိုငြိမ်းချမ်းသောမြေအား ထိန်းသိမ်းရန် အစွမ်းကုန်ကြိုးပမ်းခဲ့ရှာသည်။
ယွင်လော့ဘုရားကျောင်းအား လူတစ်စုက နိုင်ငံပိုင်အဖြစ်သိမ်းလိမ့်မည်ဟု မည်သည့်အခါမျှ မမျှော်လင့်ထားခဲ့ပါ။ ရုန်မြို့စားကပင် ထိုသို့လုပ်သည်ကို လက်ခံခဲ့သည်ဟု ပြောကြပေသည်။ ၎င်းတို့သည် ယွင်လော့ဘုရားကျောင်းတစ်ခုလုံးကို ဖြိုချချင်ကာ ထူးဆန်းသောမျှော်စင်အသစ်တစ်ခုအား ဆောက်ချင်နေကြသည်။
သူ၏ကန့်ကွက်ချက်ကို မကြားကြကာ ကျယ်ရှို့အား သီးသန့်အိမ်တွင် ပိတ်လှောင်ထားကြသည်။ ထိုလူများက နေ့စဉ်နေ့တိုင်း အစာသုံးနပ်ပြင်ဆင်ပေးကာ လျှောက်သွားခြင်းကိုမူ ခွင့်မပြုကြပေ။
ထိုသို့ဖြင့် (၄၃)ရက်မျှပင် ကြာမြင်ခဲ့ပြီဖြစ်၏။
***