ခင်ပွန်းနှင့်ဇနီးကြားမှနားလည်မှု
Vol. 5 Ch. 132
Warning~
မွန်းလွဲပိုင်းမတိုင်ခင်တွင် လင်းစစ်ယောင်နှင့် စစ်ထူယွင်တို့သည် တည်းခိုခန်းသို့ ဘေးကင်းကင်းဖြင့် ပြန်လာကြ၏။
ဧည့်သည်စောင့်ခန်းတွင် ထိုင်နေသောလူများကို တွေ့သောအခါတွင် လင်းစစ်ယောင်က ရွှယ်လီအား စာလိပ်ကဲ့သို့အရာလေးအား ပစ်ပေးလိုက်သည်။ ထို့နောက်တွင် သူသည် စုရွှေလျန်ကိုဆွဲခေါ်ကာ အခန်းထဲသို့ ပြန်သွားသည်။
"အားလုံးပဲ ခဏလောက်နားကြပါဦး။ နေ့လည်စာစားပြီးခါမှ သွားကြမယ်"
လှေကားပေါ်မတက်ခင်တွင် လင်းစစ်ယောင်က အခြားသူများအား အကြံပေးလိုက်၏။
စစ်ထူယွင်က သူပြောသည်ကို ကြားသောအခါတွင် တဝါးဝါးသမ်းလိုက်ပြီး
"ဦးလေး တစ်ရေးလောက်အိပ်လို့မရဘူးလား။ အိပ်ချင်နေလို့ပါ"
လင်းစစ်ယောင်က ခေါင်းပင်လှည့်မကြည့်သောကြောင့် စစ်ထူယွင်တစ်ယောက် နှာခေါင်းပွတ်ကာသာ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်သွားသည်။ သူသည် အမြဲတမ်းလှည်းထဲတွင် တစ်ရေးအိပ်တတ်သည်။ စစ်ထူယွင်ကနာခံစွာဖြင့် အခန်းထဲသို့ပြန်သွားပြီး ရေချိုးတော့၏။ နှစ်နာရီမျှတိုက်ခိုက်ပြီးနောက်တွင် ချွေးပြန်ကာ စေးကပ်နေ၏။
"ယွင်အာပြောတာဟုတ်သားပဲ။ ဘာလို့တစ်ရေးလောက်မအိပ်ကြတာလဲ။ ဒီနေ့ ရှင်တို့နှစ်ယောက် တောင်ပေါ်ကိုအစောကြီးသွားတယ်ဆိုတာသိတယ်နော်"
အခန်းထဲသို့ရောက်သောအခါတွင် စုရွှေလျန်က လင်းစစ်ယောင်ကိုကြည့်ကာ ပြောလိုက်သည်။ သူသည် သူမအား စိတ်မပူစေလိုသောကြောင့် အကြောင်းရင်းအား မပြောခဲ့ပေ။ ထို့ကြောင့် သူမက သူ့ကိုသာယုံကြည်ရန်ရွေးချယ်ကာ ဘာမျှမမေးတော့ပေ။
"ဘာမှစိတ်ပူစရာမရှိပါဘူး။ လမ်းရောက်ရင် အမြဲနားလို့ရတာပဲ"
လင်းစစ်ယောင်က ခေါင်းခါပြလိုက်သည်။
သူသည် စစ်ထိုနှင့်ထိုအကြောင်းပြောရန် လိုအပ်သေးသည်။ ၎င်းတို့လွတ်ထွက်သွားပါလျှင် အချိန်မရွေးတိုက်ခိုက်လာနိုင်သည်။ ထို့ကြောင့် နောက်နေ့မှသွားခြင်းက ပို၍အန္တရာယ်များပေသည်။
ထိုမျှခေါင်းမာနေသည်ကိုမြင်သောကြောင့် စုရွှေလျန်လည်း တွန့်ဆုတ်တွန့်ဆုတ်ဖြင့် သဘောတူလိုက်၏။ သူမက တည်းခိုခန်းမှစားပွဲထိုးအားခေါ်ကာ ရေနွေးယူလာခိုင်းသည်။ အပူချိန်ကိုစစ်ဆေးလိုက်ပြီး သူ့အား အင်္ကျီများချွတ်နိုင်ရန် ကူညီပေးလိုက်သည်။
"ရှင်လည်းရေချိုးလိုက်။ ကျွန်မအပြင်မှာစောင့်နေမယ်"
သူမက အဝတ်သန့်များကို တန်းပေါ်တွင်တင်ကာ သူချွတ်လိုက်သောအဝတ်များကို ဆွဲယူလိုက်သည်။
"ရေချိုးဇလုံက အကြီးကြီးပဲ"
လင်းစစ်ယောင်က တည်းခိုခန်းကပြင်ဆင်ပေးထားသောရေချိုးဇလုံကိုကြည့်ကာ ပြောလိုက်သည်။ ၎င်းတို့သည် နှစ်ယောက်ခန်းတွင်နေသောကြောင့်ဖြစ်နိုင်ကာ ရေချိုးဇလုံသည် နှစ်ယောက်စာမျှကြီးနေခြင်းဖြစ်သည်။
"ကျွန်မချိုးပြီးသား..."
စုရွှေလျန်က ပွင့်လင်းသောပြောစကားအား တုံ့ပြန်လိုက်ကာ ပါးများနီမြန်းသွားသည်။
"နောက်တစ်ခေါက်ထပ်ချိုးလည်း ကိုယ်စိတ်မဆိုးပါဘူး"
လင်းစစ်ယောင်က အဝတ်များကိုချွတ်ကာ သူမအား လက်ပြလိုက်သည်။
"ဒီကိုလာခဲ့"
သူ၏ကွဲအက်အက်အသံက သူမအားရင်အား ပူလောင်သွားစေသည်။
“အား… အားယောင်…”
စုရွှေလျန်သည် မည်သည့်အခါမျှ သူနှင့် ရေမချိုးဖူးပေ။ သူ့အား မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကိုမသိသောကြောင့် ရှက်နေမိ၏။ သူမ၏အသိစိတ်က သူမအား အခန်းထဲမှ ချက်ချင်းထွက်သွားခိုင်းသော်လည်း သူ၏ရမ္မက်ပြင်းသောမျက်လုံးများကမူ သူမအား လှုပ်၍မရအောင် ပြုလုပ်နေသည်။
လင်းစစ်ယောင်က စုရွှေလျန်ကို ဆွဲခေါ်လိုက်သည်။ သူမ၏ခန္ဓာကိုယ်အားထိန်းမတ်ရန် သူမ၏လက်များကို သူ၏ရင်အုပ်ကျယ်ပေါ်တွင် တင်ထားစေသည်။ သူ၏မြင့်မားသောခန္ဓာကိုယ်အပူချိန်က သူမအား မလှုပ်ရဲအောင် ဘေးဘီသို့မကြည့်ရဲအောင် လုပ်နေသည်။ သူသည် အဝတ်ဗလာဖြင့် သူမအား ဖက်ထားခြင်းဖြစ်သောကြောင့် သူမ၏မျက်နှာပူနေမိ၏။
"ကိုယ့်နောက်ကျောကို ဆေးကြောဖို့ ကူညီပေးချင်လား"
လင်းစစ်ယောင်က ရေထဲတွင်စိမ်ရင်းပြုံးကာ သူမအားတောင်းဆိုလိုက်၏။
မှန်ပေသည်။ သူသည် သူမအား အဝတ်များမချွတ်ခိုင်းပေ။ သူ၏ခန္ဓာကိုယ်ကိုသာ ချေးတွန်းပေးစေလိုသည်။
စုရွှေလျန်ဆက်၍မတွေးနိုင်တော့ပေ။ သူမတဘတ်ကိုဆွဲကာ သူ၏နောက်ကျောအား ညင်သာစွာဆေးကြောပေး၏။
"ဒီနေ့ ကိုယ် ယွင်လော့ဘုရားကျောင်းကိုသွားခဲ့တာ...လူသတ်ဖို့..."
သူ၏တစ်မူထူးခြားသောအသံက ရေနွေးငွေ့ကို ဖြတ်ကျော်ထိုးဖောက်ပြီး နားထဲသို့ ဝင်ရောက်သွားသည်။
သူမလက်ထဲမှတဘတ်က လျှောကျသွားကာ ရေထဲသို့ ပြုတ်ကျသွား၏။ ချက်ချင်းပင် အခန်းငယ်လေးထဲတွင် တိတ်ဆိတ်သွား၏။ ရေနွေးငွေ့များက ထိုတိတ်ဆိတ်မှုအား တဖြည်းဖြည်း လျော့ပါးသွားစေသည်။
“… ရွှေလျန် ကိုယ်ကလူသတ်သမားတစ်ယောက်ပါ”
ထို့နောက်တွင်မူ လွန်စွာတိုးဖျော့သောအသံက ရှင်းလင်းစွာဖြင့် ဒုတိယတစ်ကြိမ်ထိုးထွက်လာ၏။
"ကျွန်မသိပါတယ်"
သူမက ခေတ္တမျှရပ်ကာ ညင်သာစွာ ပြန်ဖြေလိုက်၏။ အမှန်တွင် ထိုအကြောင်းအား သူမသိသော်လည်း သူမရှေ့တွင် မည်သူ့ကိုမျှမသတ်ဖူးသောကြောင့် မည်သည့်အခါမျှမကြောက်ခဲ့ပေ။ ယခင်က လူသတ်သမားဖြစ်ခဲ့ကာ ယခုတွင်လည်း လူသတ်သမားဖြစ်သောသူသည် မတူကွဲပြားသောသဘောထားနှစ်ရပ်ရှိနေသည်။
"ရှင်ကျွန်မကို ကတိပေးခဲ့တယ်လေ..."
လက်မထပ်ခင်တွင် ထိုသို့လူသတ်ခြင်းအားရပ်တန့်ရန် သူ့အားတောင်းဆိုခဲ့ဖူးသည်ကို သူမအမှတ်ရသွားသည်။ ထို့နောက်တွင် သူသည် သူမတောင်းဆိုသည်အား အခိုင်အမာသဘောတူခဲ့သည်။
"မှန်တယ်။ အဲ့တာကြောင့် အရင်က ကိုယ်မင်းကို မပြောပြခဲ့တာ"
သူမက သူ့အားလန့်သွားမည်ကို စိတ်ပူခဲ့မိသည်။
“… ဘာကြောင့်လဲ?”
သူမ နားမလည်တော့ပေ။ သူသည်သာ သူမအား ပြောမပြချင်လျှင် ယခုတွင်မူ အဘယ့်ကြောင့် ပြောပြရပါသနည်း။
"ခင်ပွန်းနဲ့ဇနီးမယားကြားမှာ နားလည်မှုကို အခြေခံထားလို့ပဲ"
သူက ညင်သာစွာပြောလိုက်၏။ ထိုစကားသည် သူမက သူ့အားပြောထားခြင်းဖြစ်ကာ သူ၏စိတ်ထဲတွင်အမြဲတမ်းမှတ်သားထားလေသည်။
"ကိုယ်မင်းကိုမလိမ်ချင်ဘူး။ ကိုယ့်ဘာသာကာကွယ်ဖို့ ဘယ်သူ့ကိုသတ်ခဲ့ပါတယ်တို့ ဘာကြောင့် သူတို့ကိုသတ်ခဲ့ပါတယ်လို့ မပြောချင်ဘူး။ ဒါပေမဲ့လည်း အပြစ်မဲ့တဲ့သူတွေကိုတော့ ဘယ်တော့မှမသတ်ဘူးလို့ ကိုယ်ကတိပေးတယ်"
“အားယောင်…”
စုရွှေလျန်က သူ၏ပုခုံးပေါ်တွင် မှီလိုက်သည်။
"ရှင်ကျွန်မကို အထင်လွဲနေတာပဲ"
"ဘာကိုလဲ"
ယခုတတစ်ခေါက်တွင် လင်းစစ်ယောင်စိတ်ရှုပ်ထွေးသွားရ၏။
"ခင်ပွန်းနဲ့ဇနီးမယားကြားက နားလည်မှုကို အခြေခံထားတယ်"
စုရွှေလျန်က ညင်သာစွာဖြင့် ယခင်ဘဝက သူမအမေပြောခဲ့သည်ကို ထပ်ခါထပ်ခါပြောနေခဲ့သည်။ တဖြည်းဖြည်းဖြင့် သူမကရှင်းပြလိုက်၏။
"ဘာကိုဖြစ်မြောက်အောင်စွမ်းဆောင်နိုင်ရမယ်လို့ ဆိုလိုတာမဟုတ်ဘူး။ ဘာမှကွယ်ဝှက်မထားသင့်ဘူးလို့ ဆိုလိုတာ။ မုသားဖြူဖြစ်နေရင်ဖြစ်ဖြစ် လိမ်ပြောဖို့ဝန်လေးနေတာပဲဖြစ်ဖြစ် မဖြစ်သင့်ဘူးလေ။ ကျွန်မတို့က ဇနီးမောင်နှံတွေဖြစ်တာကြောင့် အချင်းချင်း ပွင့်ပွင့်လင်းလင်းနဲ့ ဘဝသတ်ဆုံးတိုင်ထိ ရိုင်ပင်းကူညီပြီးနေသွားသင့်တာ။ ဒီမနက်တောင်ပေါ်မသွားခင် ကျွန်မကိုနှုတ်ဆက်မသွားခဲ့ဘဲ ကျွန်မတို့ ဘယ်တော့မှထပ်မတွေ့ကြတော့ဘူးဆိုရင်ရော ဘယ်လိုလုပ်မလဲ။ A Yao...ရှင့်ကိုပဲ အပြစ်တင်ရမယ်လို့ထင်တယ်"
"ကိုယ်တောင်းပန်ပါတယ်..."
သူက သူမကိုရေထဲသို့ဆွဲခေါ်လိုက်ကာ တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်သည်။
"မင်းနားမလည်ဘဲ ကိုယ့်အဝေးမှာနေမှာကိုကြောက်လို့ပါ။ ဘာပဲဖြစ်ဖြစ် အသက်တစ်ဒါဇင်ပဲလေ။ ကိုယ်အသားကျနေပြီ။ ဒါပေမဲ့ မင်းကတော့ မတူဘူး။ မင်းက ကိုယ့်လိုလူမျိုးကို လက်ခံနိုင်ပါ့မလားဆိုတာ မသေချာဘူး..."
"ရှင်ကျွန်မကို မပြောဘဲနဲ့ ဘယ်လိုလုပ် ကျွန်မလက်မခံနိုင်ဘူး နားမလည်ဘူးဆိုတာကို ဘယ်လိုလုပ်ယူဆနိုင်ရတာလဲ။ အားယောင် ကျွန်မရှင့်ကို ယုံပါတယ်။ ရှင်က အပြစ်မဲ့တဲ့သူတွေကို သတ်တဲ့သူမျိုးမဟုတ်ဘူး။ အနည်းဆုံးတော့ အခုရှင်က အဲ့လိုလူမျိုးမဟုတ်တော့ဘူး"
သူမကခေါင်းမော့ကာ သူ့အား တောက်ပနေသောမျက်လုံးများဖြင့် ငေးကြည့်လိုက်သည်။
တောအုပ်အလယ်တွင် ဓားပြများကိုယုံကြည်ကာ ၎င်းတို့၏ဓားပြတိုက်ခြင်းအတွက် မသတ်ခဲ့သောလူစားမျိုးဖြစ်သည်။ သူသည် အပြစ်မဲ့သောသူများကို သတ်လိမ့်မည်ဟု သူမ မည်သို့ယူဆနိုင်မည်နည်း။
ယခင်က သူ၏ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာနှင့်အမာရွတ်ဟောင်းမျာကို တွေ့ခဲ့ရစဉ်အခါက သူမ၏နှလုံးသားတို့ နာကျင်ရ၏။ ထိုအရာများကို သူမမည်သို့ တွက်ချက်နိုင်မည်နည်း။
ထို့နောက်တွင်မူ သူမသည် ငယ်ရွယ်ခဲ့စဉ်က စုရွှေလျန်သည် မိသားစုဆီမှ တင်းကြပ်သောပညာအား လက်ခံရရှိခဲ့ကာ စည်းမျဉ်းစည်းကမ်းများနောက်တွင်သာ ပြုမူနေထိုင်ခဲ့ရသည်။ သို့သော်လည်း သူမ၏ ကြောင်းကျိုးစီစဉ်တွေးတတ်ခြင်းသည် မတုံးအသကဲ့သို့ ရှေးရိုးစွဲလည်းမဆန်ပေ။ မည်မျှပင်လေးလံပါစေ သူမရှင်းလင်းစွာနားလည်ပေသည်။
“ရွှေလျန်…”
လင်းစစ်ယောင်တစ်ယောက် ခေတ္တမျှ တိတ်ဆိတ်သွား၏။ ထို့နောက်တွင်မူ ခေါင်းငုံ့ကာ သူမနှုတ်ခမ်းထောင့်တွင် အနမ်းတစ်ပွင့်ခြွေလိုက်၏။
"ကျေးဇူးတင်ပါတယ်"
စုရွှေလျန်သည် ထိုသို့ပုံစံဖြင့် သူကစကားပြန်လိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူမအံ့ဩသင့်သွားကာ မည်သို့ပြန်ပြောရမည်ကို မသိတော့ပေ။ သူအဆင်ပြေသည်လော မဟုတ်လျှင် သူမ မည်သို့လုပ်သင့်သနည်း။
"ဟားဟားဟား..."
အသံခပ်နိမ့်နိမ့်ရယ်သံက သူ၏နှုတ်မှ ထွက်ကျလာသည်။
"ကိုယ်ကျေးဇူးတင်သင့်တယ်ထင်လို့ပါ။ ကောင်းကင်က မင်းကို ပေးလို့လေ.."
ထို့နောက်တွင်မူ ရေနွေးကြောင့် ပို၍နီရဲကာ ဆွဲဆောင်မှုရှိသော သူမ၏နှုတ်ခမ်းဖူးလေးအား ဆွဲယူစုပ်နမ်းလိုက်တော့သည်။
"ကိုယ့်ကိုလက်ထပ်တဲ့အတွက် ကျေးဇူးတင်ပါတယ်..."
ကလေးများပင် လေးလသားရှိကြပြီဖြစ်ကာ သူကမူ ထူးထူးဆန်းဆန်းပြောနေပေ၏။ ထိုသို့မှမဟုတ်လျှင် သူသည် သူမထက်ပင် ပို၍ရှေးရိုးစွဲဆန်နေသည်လော...။
သူမ၏အဝတ်အစားများသည် ရေထဲတွင်မြုပ်ကာ ပို၍ပါးလွှာလာသည်ကို မစဉ်းစားမိဘဲ အဝတ််များကိုချွတ်လိုက်သည်။
" အားယောင် ကျွန်မတို့ နေ့လည်စာလွတ်တော့မယ်"
သူမက အချိန်မရှိတော့ကြောင်း သတိပေးလိုက်သည်။ ထို့အပြင် အကြာခင်တွင်ပင် သူမ၏အသံသည် ဆွဲဆောင်မှုရှိသောညီးညူသံလေးအဖြစ် ပြောင်းလဲထွက်ပေါ်လာသည်။
"အင်း အဲ့လိုဆို ကိုယ်တို့မစားဘဲနေရအောင်..."
သူက ညင်သာစွာဖြင့် သူမ၏ရင်ဘတ်ပေါ်မှချယ်ရီသီးနှစ်လုံးကို ဖွဖွလေးကို်လိုက်ပြီး လက်ကိုမြောက်လိုက်သည်။ သူမကို ရေချိုးဇလုံထဲခေါ်လိုက်ခြင်းမှာ ထိုသို့လုပ်ရန် မဟုတ်ပေ။ မနက်စောစောစီးစီးတွင် တောင်ပေါ်သို့သွားသောအကြောင်းကိုမပြောသောကြောင့် သူ့အားမုန်းသွားမည်ကိုစိုးသောကြောင့် အကြောင်းရင်းအားပြောရန် ခေါ်လိုက်ခြင်းဖြစ်သည်။ သူမပျာယာခတ်သွားမည်ဟု ထင်ခဲ့မိသော်လည်း လက်ရှိချစ်ဇောပြင်းပြခြင်းကိုမူ မည်သည့်အခါမျှ မမျှော်လင့်ခဲ့ဖူးပေ။ အမှန်တွင် ထိုသို့ချစ်ရမ္မက်တောက်လောင်ခြင်းကိုသာ သူကျေနပ်နေမိ၏။
"ဒါပေမဲ့ ကျွန်တို့အခုပဲ သွားတော့မယ်လို့ ရှင်ပဲပြောခဲ့တာလေ"
သူမထိုသို့ပြောလိုက်သော်လည်း သူမ၏လက်မောင်းများက သူ၏လည်ပင်းတွင် သိုင်းဖက်ထားဆဲဖြစ်သည်။
“အဲ့လိုဆိုရင် ကိုယ်တို့မနက်ဖြန်မှသွားလို့ရတာပဲ"
ချွေးပြန်ခဲ့သောကောင်လေး၏ တစ်ရေးတစ်မောအိပ်ရန်ဆန္ဒမှာမူ ပြည့်သွားပြီဖြစ်၏။
"ဒါပေမဲ့လည်း..."
သူက သူမကိုခါးမှဆွဲခေါ်လိုက်ကာ သူ၏လျှို့ဝှက်သောအရာက သူမ၏ပေါင်များကြားက လျှို့ဝှက်နေရာတွင် ထာလိုက်သည်။ သူမအံ့ဩသွားရ၏။ ထိုအခိုက်အတန့်တွင် သူသည် သူ၏ "ဒါပေမဲ့လည်း"ဟူသော မပြီးဆုံးနိုင်သောစကားဆက်အား အောင်မြင်စွာတားဆီးလိုက်နိုင်၏။
"ကိုယ်အထဲလာပြီနော်"
သူမ၏နားနားလေးတွင် ညင်သာစွာတီးတိုးဆိုလိုက်၏။
သူထိုသို့ပြောလျှင်ပြောချင်းပင် သူမ၏စိုစွတ်နေသော ချစ်ရမ္မက်ပြင်းနေသောနေရာသို့ ရွေ့လျားသွား၏။ ညင်သာစွာပြုလေလေ ပို၍နက်နဲလာလေလေဖြစ်သည်။ ပို၍လှုပ်ရှားလေလေ သူမ၏အထဲနက်နက်သို့ ပို၍ရောက်သွားကာ အသက်ရှုသံများပြင်းလာပြီး နောက်ဆုံးတွင်မူ သူ၏ခန္ဓာကိုယ်ပေါ်သို့ ပစ်လှဲကျသွားတော့သည်။ သူမအားအင်မဲ့ကာ ခိုက်ခိုက်တုန်သွားသည်ဟု ခံစားလိုက်ရသည်။
သူ၏စိတ်ကြီးဝင်နေသောညီငယ်ကမူ တောင့်တင်းနေဆဲဖြစ်သည်။
သူမကို ညင်သာစွာ ဆွဲခေါ်လိုက်ပြီး ရေစည်ပိုင်း၏သစ်သားဘောင်ပေါ်တွင် မှီစေသည်။ သူ၏လက်တစ်ဖက်ကာ သူမ၏ခါးလေးအားကိုင်ထားပြီး အခြားလက်တစ်ဖက်က သူမ၏နူးညံ့သောချယ်ရီသီးလေးအား ကိုင်ထားသည်။ နောက်မှနေ၍ သူမ၏တင်းကြပ်သောနေရာထဲသို့ တွားသွားရန် ကြိုးစားနေသည်။
"အာ...အမ်..."
သူမက မညီးတွားဘဲမနေနိုင်ပေ။ ထို့နောက်တွင် သူမက ရှက်ရှက်ဖြင့် ပါးစပ်ကို လက်နှစ်ဖက်ဖြင့်အုပ်လိုက်ပြီး သူမ၏ညီးတွားသံသည် အခန်းအပြင်ဘက်သို့ထွက်သွားမည်ကို စိုးရိမ်နေမိသည်။ အောက်ထပ်သို့ဆင်းသွားချိန်တွင် လူအများ၏အကြည့်ကို သူမစိတ်ကူးယဉ်ကြည့်နေမိ၏။
"ဇနီးလေး အာရုံစိုက်ထား"
လင်းစစ်ယောင်က အသံခပ်နိမ့်နိမ့်ဖြင့် သတိပေးလိုက်သည်။ တစ်ချိန်တည်းတွင်ပင် သူကတွန်းလိုက်ပြီး ပို၍ပို၍ ချစ်စိတ်ပြင်းပြစွာ ဆွဲလိုက်သည်။
"အာ့...."
စုရွှေလျန် အော်မိသွား၏။ သို့သော် ထိုနောက်တွင် သူမ၏ညဉ်းညူသံအား ပါးစပ်မှထွက်မသွားစေရန် နှုတ်ခမ်းသားကိုကိုက်ထားလိုက်သည်။
သို့သော်လည်း သူ့အတွက် ထိုက်တန်သောနှုတ်ခမ်းများကို ညှင်းပန်းနှိပ်စက်ရန် လင်းစစ်ယောင်က ခွင့်မပြုထားပေ။ သူမ၏မျက်နှာကိုကိုင်လိုက်ပြီး ပြင်းပြစွာနမ်းရှိုက်လိုက်သဖြင့် ကုတ်ခြစ်သွားမတတ်ဖြစ်စေသည်။ သူမ၏နှုတ်ခမ်းများကို အနာခံကာ မကိုက်စေချင်ပေ။ တစ်ချိန်တည်းတွင်ပင် သူ၏ခန္ဓာကိုယ်အောက်ပိုင်းက မရပ်မနားလှုပ်ရှားနေလေသည်။
"အား.. အားယောင် ကျွန်မမခံစားနိုင်တော့ဘူး..."
သူမ၏နှုတ်ခမ်းများကို လွှတ်ပေးလိုက်သည့်အခွင့်အရေးကိုအသုံးချကာ အသက်ရှုလိုက်မိသည်။
နှစ်ယောက်လုံးသည် ထိုအနေအထားဖြင့် မကြိုးစားဖူးကြပေ။ သူမ၏နောက်မှဝင်ရောက်ကာ မျက်နှာကိုဆွဲ၍ ပြင်းပြင်းပြပြနမ်းရှိုက်နေသည်။ သူ၏တင်ပါးက သူမ၏ခန္ဓာကိုယ်နက်နက်ရှိုင်းရှိုင်းသို့ဝင်ရောက်ရန် ကြမ်းကြမ်းတမ်းတမ်းကြိုးစားနေ၏။ သူမက ကြာရှည်စွာ မခံစားနိုင်အောင်လုပ်နေပေသည်။
အမှန်တွင် ကြမ်းတမ်းသောလှုပ်ရှားမှုပြုပြီးနောက်တွင် သူမသည် မဖော်ပြနိုင်သောခံစားချက်မျိုးဖြင့် အထွတ်အထိပ်သို့ရောက်သွား၏။ မျက်လုံးထဲတွင် အရောင်စုံလင်စွာကခုန်နေသည့်သဖွယ် မိန်းမောတွေဝေပြီးနောက်တွင် သူမသည် သူ၏သဲသဲမဲမဲဖြင့် အကြိမ်ပေါင်းများစွာထိုးဖောက်ဝင်ရောက်ခြင်းအား ခံစားနေဆဲဖြစ်ကာ သူမ၏ခန္ဓာကိုယ်ထဲတွင် နွေးထွေးသောအရာတစ်ခုစီးဝင်သွား၏။
ထို့နောက်တွင်မူ တိုတောင်းကာနူးညံ့သောအသံရှုသံလေးက အတူတကွရောစပ်ထွက်ပေါ်လာကာ တဖြည်းဖြည်းဖြင့် တည်ငြိမ်သွားကြ၏။
...
ထိုသို့ဖြင့် ၎င်းတို့သည် ချီယွင်မြို့တွင် တစ်ညထပ်နေလိုက်ကြကာ သူမအားဖက်၍အိပ်ပျော်သွားသည်။ ညစာစားသောအချိန်မှသာ နိုးလာကြသည်။
သူမသည် ဆင်ခြေဆင်လက်ပေးနေစရာပင်မလိုပါ။ အားလုံးက သူမဘေးတွင်ရပ်နေသော ခေါင်သူကြီး လင်းစစ်ယောင်အား မရေရာသောအကြည့်မျိုးဖြင့် ကြည့်လိုက်ကြသည်။
စစ်ထူယွင်က ပြုံးဖြဲဖြဲလုပ်ကာ သူမဆီသို့ရောက်လာပြီး တစ်ရေးတစ်မောအိပ်ရန်အချိန်ပေးသည့်အတွက် ကျေးဇူးတင်နေ၏။
ထို့ကြောင့်ပင် သူမ၏နားများသည် နာရီအတော်မျှနီရဲနေမိသည်။ ညဉ့်နက်တွင်မူ သူမတစ်ခါမျှမဖြေရှင်းဖူးသောဖြေရှင်းနည်းဖြင့် ဖြေရှင်းရ၏။ စောင်သီးခြားဆီဖြင့်အိပ်ရန် သူမကတိုက်တွန်းလိုက်သည်။ သူ့အားလည်း စည်းကိုမကျော်စေကာ သူမကိုဖက်၍အိပ်လျှင် မနက်ဖြန်တွင် ၎င်းတို့၏အစီအစဉ်အား ထပ်၍နှောင့်နှေးသွားမည်ကိုကြောက်နေမိသည်။ ထိုသို့ဆိုလျှင် မနက်ဖြန်လှေကားမှဆင်းလျှင် ပြစရာမျက်နှာပင်ရှိမည်မဟုတ်ပါ။
လင်းစစ်ယောင်တစ်ယောက် မရပ်မနားရယ်မောနေသည်။ တဖြည်းဖြည်းဖြင့် သူမစောင်ထဲသို့ဝင်လာကာ သူမကိုဖက်လိုက်ပြီး ငြိမ်ချမ်းပီတိဖြစ်မှုမျိုးဖြင့် အိပ်ပျော်သွားသည်။ အားလုံးအတွက် ကောင်းသောညတစ်ညပင်ဖြစ်သည်။
နောက်တစ်နေ့ မနက်စောစောတွင်မူ လှည်းသည် အချိန်မှီထွက်ခွာကာ တောင်ဘက်ရှိ ဖန်းဟွာမြို့သို့ ဦးတည်သွားလေသည်။
သို့သော်လည်း လူလေးယောက်ပါသော ရွှယ်လီ၏အဖွဲ့မရှိဘဲ တာဝန်လွှဲအပ်ပေးရခြင်းမှာ ပို၍တိတ်ဆိတ်လာသည်။ အမြွှာလေးနှစ်ယောက်သည်သာ စားလိုက်အိပ်လိုက် အစီအစဉ်အား ဆက်လက်လုပ်ဆောင်နေကြသည်။ နှစ်ခြိုက်စွာအိပ်စက်ပြီးနောက်တွင် ထလာကာ ပြုံးပြတတ်ကြသည်။ ၎င်းတို့သည် အမှန်ပင် အပူအပင်အကြောင့်အကြကင်းကာ အားကျစရာကောင်းလှပေ၏။
***