← Chapters

အခြေချနေထိုင်ခြင်း

Vol. 5 Ch. 133

အခြေချနေထိုင်ခြင်း

Vol. 5 Ch. 133

"နင်နန်းမြို့တော်မှာပဲ အခြေချပြီး ပြန်မလာတော့ဘူးထင်နေတာ"

စုရွှေလျန်အိမ်ပြန်လာသည်ကို ကျန်းယင်းယွင်ကြားသောအခါတွင် သူမက ထိုအခွင့်အရေးကိုအမိအဖမ်းကာ နောက်ပိုင်းတွင် ဖန်းဟွာမြို့သို့လာရောက်လည်ပတ်မည်ဟု ဆုံးဖြတ်ခဲ့သည်။

လဝက်ခန့်မမြင်ခဲ့ရသော ပို၍လှပသောမိန်းကလေးကိုလေ့လာကာ သူမက မကျီစယ်ဘဲ မနေနိုင်ပေ။

"အဲ့မှာတုန်းက လျှောက်လည်ပြီး အချိန်ဖြန်းခဲ့မှာပေါ့နော်။ မပင်ပန်းတာလည်းကောင်းပါတယ်လေ။ ဒါပေမဲ့ ဘာလို့ပိုပြီးဆွဲဆောင်မှုရှိလာတယ်လို့ ထင်နေရတာပါလိမ့်။ အမှန်အတိုင်းပြော။ နင့်ခင်ပွန်းက ဘာကျွေးလိုက်တာလဲ"

"တကယ်လား"

ကျန်းယင်းယွင်က ထိုသို့ပြောလိုက်သောအခါတွင် စုရွှေလျန်က သူမ၏ပါးများကိုပွတ်လိုက်မိသည်။ ရုတ်ချည်းပင် ရွှေယွဲ့မြို့တွင် အပျော်ခရီးထွက်ခဲ့သည်ကို အမှတ်ရသွားသည်။ အားယောင်က သူမကိုအနိုင်ကျင့်ကာ အဆက်မပြတ်ညည်းညူစေသည်။ ထိုအချိန်တွင် သူမနားနားသို့ တီးတိုးပြောလိုက်သည်။ ထိုနည်းလမ်းမှာ အမျိုးသမီးများအား အသက်အရွယ်ရင့်စေခြင်းမှတားဆီးရန် ထိရောက်မှုအရှိဆုံးနည်းလမ်းပင်ဖြစ်သည်။ အမှန်ပင်ဖြစ်သည်လော။ သူမ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသောအရည်ကြည်သည် အမှန်ပင် ငယ်ရွယ်မှုအား ထိန်းသိမ်းနိုင်ပါသည်လော။

"ဟေး ငါက မင်းကို နောက်တာပါ။ ဘာတွေတွေးနေတာလဲ။ ရှက်နေတာလား"

ကျန်းယင်းယွင်က မျက်လုံးပင့်ပြလိုက်သည်။ ထို့နောက်တွင် အမြွှာလေးများနှင့်ဆော့နေသော ရှက်သွေးဖြာနေသည့်မိန်းကလေးအား လျစ်လျူရှုလိုက်တော့သည်။

"ဟုတ်သားပဲ။ ရွှေလျန် ယန်ကျင်းကျီရဲ့ဆေးခန်းက ဖွင့်တော့မယ်။ သူ့ကိုဘာလက်ဆောင်ပေးသင့်လဲ"

ကျန်းယင်းယွင်က ကလေးကစားစရာဗုံလေးအားယူကာ သူမဆီသို့တွားသွားလာနေသောအမြွှာလေးများကိုမြူရန်ကြိုးစားရင်း မေးလိုက်၏။

"ပေးချင်တာဘာမဆိုပေးလိုက်ပါ။ နှစ်သစ်လက်ဆောင်ပေးလိုက်ရင်ရော ဘယ်လိုလဲ"

စုရွှေလျန်က သူမကိုဆွဲကာ ပါးလေးများကိုဆွဲကာ ပြောလိုက်၏။ သူမက ကျန်းယင်းယွင်အား နားမလည်သကဲ့သို့ မေးလိုက်၏။

"ဘာနှစ်သစ်လက်ဆောင်မှမဟုတ်ဘူး။ ဒါပေမဲ့ သူတို့ဆေးခန်းကိုအလှဆင်တဲ့ပုံစံအရဆိုရင် သူတို့ကိုဘာပေးပေး အသုံးဝင်မှာမဟုတ်ဘူးလို့ ခံစားနေရတယ်"

ကျန်းယင်းယွင်က စိတ်ဓာတ်ကျသွားမိသည်။

ဖန်းဟွာမြို့သို့ရောက်ပြီး ဆယ်ရက်အကြာတွင် ယန်ကျင်းကျီနှင့် ချင်းလန်သည် ဖန်းလော့မြို့အရှေ့ဘက်လမ်းပေါ်တွင် ဆေးဆိုင်ဖွင့်ရန် ရှေ့ဈေးဆိုင်ပါသည့် အခန်းသုံးခန်းပါအိမ်တစ်အိမ်ကို ဝယ်ယူခဲ့သည်။

ကျန်းယင်းယွင်က သူမအာ ချင်းယန်ဆေးပေးခန်း၏အပြင်အဆင်ကိုလာကြည့်ရန်ပြောသော စစ်ထူယွင်နောက်သို့လိုက်လာသည်။ အပြင်အဆင်သည် မဖော်ပြနိုင်လောက်အောင်ထူးဆန်းကာ လိုက်ဖက်ညီပေသည်။

နံရံများကို အဖြူသုတ်ထားသည်။ အံဆွဲများပါသည့်ကျဉ်းမြောင်းသည့်ငွေရှင်းသည့်နေရာကို ဝင်ပေါက်အနီးတွင် နေရာချထားသည်။ ထိုစားပွဲနောက်တွင် မျက်နှာကျက်ထိလုပ်မတတ်အံဆွဲများစွာပါသည့် ရှုပ်ထွေးလှသည့်ဗီရိုတစ်လုံးရှိကာ နံရံဘေးတွင်ထားထားသည်။ အံ့ဆွဲတစ်ခုချင်းစီတွင် ဆေးဖက်ဝင်အပင်တစ်မျိုးဆီအား သိမ်းဆည်းထားသည်။ ဆိုင်ဖွင့်သည့်အခါ ချင်းလန်က ထိုနေရာတွင်ထိုင်မည်ဟုဆိုသည်။ သူမက ဆေးခန်းသို့ဝင်လာသောလူနာတိုင်းအား နေမကောင်းသည့်လက္ခဏာနှင့်အခြေအနေကိုမေးကာ စာအုပ်ငယ်လေးတစ်အုပ်ထဲတွင် မှတ်တမ်းတင်မည်။ ထို့နောက်တွင် နံပါတ်ပါသည့်သစ်သားပြားလေးကိုရရန် ငွေစဆယ်ပြားပေးရမည်။ ထို့နောက်တွင် ၎င်းတို့အလှည့်ရောက်သည်အထိ ခန်းမထဲရှိ သစ်သားထိုင်ခုံရှည်ပေါ်တွင်ထိုင်ကာ စောင့်နေရမည်ဖြစ်သည်။

ယန်ကျင်းကျီ၏အလုပ်ရုံသည် ဘယ်ဘက်တွင်ရှိမည်ဖြစ်သည်။ သူမသည် လူနာများကို မှတ်တမ်းတင်ထားသည့်နံပါတ်အလိုက်ကြည့်ပေးမည်။ ကြည့်ပေးပြီးနောက်တွင် သူမက ဆေးအညွှန်းပေးမည်ဖြစ်သည်။ ထို့နောက် လူနာများက ချင်းလန်ဆီသို့သွားကာ ဆေးဖိုးဝါးခပေးရမည်။ လူနာများက ဆေးကို ၎င်းတို့ဆေးဆိုင်တွင် မဝယ်လိုလျှင် ဆေးညွှန်းယူကာ အခြားဆိုင်တွင် ဝယ်နိုင်သည်။ သို့သော်လည်း ယန်ကျင်းကျီနှင့် ချင်းလန်သည် တောင်ပေါ်သို့သွားကာ ဆေးပင်များခူးယူပြီး မိမိဘာသာလုပ်ထားသောကြောင့် ချင်းယန်ဆေးခန်းတွင် အထူးဆေးဝါးများရနိုင်ပေသည်။

ရေချိုးခန်းပါသောအခန်းအား အခန့်ကန့်နံရံပါးဖြင့် နှစ်ပိုင်းပိုင်းထားသည်။ ထိုအခန်းများသည် ယန်ကျင်းကျီနှင့် ချင်းလန်တို့၏အခန်းဖြစ်သည်။ ညဉ့်နက်သန်းခေါင်တွင် အရေးပေါ်ကိစ္စဖြင့်ဧည့်သည့်ရောက်လာခဲ့ပါလျှင် ၎င်းတို့နှစ်ဦးမှာ ဆေးခန်းထဲတွင် အိပ်ရမည်ဖြစ်သည်။ သူတို့သည် နောက်အိမ်တစ်လုံးမဝယ်ချင်ပါ။

စီးပွားရေးကောင်းသည့်အခါတွင် ထိုအိမ်အား ခြံဝန်းလေးခုပါသည့်အိမ်အဖြစ်တိုးချဲ့ရန် စီစဉ်ထားကြသည်။ နောက်ငါးနှစ်အတွက် ၎င်းတို့အိပ်မက်ပင်ဖြစ်၏။

စုရွှေလျန်က သစ်ခွဥယျာဉ်တွင် ၎င်းတို့အတွက် အခန်းနှစ်ခန်းပေးထား၏။ ၎င်းတို့ ဖန်းဟွာမြို့သို့လာကြသည့်အခါ ထိုအခန်းတွင်နေနိုင်ပေမည်။ သို့သော်လည်း ဆေးခန်းဖွင့်ပြီးနောက်တွင် အချိန်မအားလပ်ကြတော့ပေ။

ယန်ကျင်းကျီ၏အကြံပေးမှုအရ လင်းစစ်ယောင်က ဘိုးဘေးခန်းမတွင် သူမအတွက် အခန်းတစ်ခန်းချန်ထား၏။ လတိုင်းငါးရက်မြောက်နေ့တွင် ယန်ကျင်းကျီ နှင့် ချင်းလန် တို့သည် ဘိုးဘေးခန်းမသို့သွားကာ ရွာသားများကို ကျန်းမာရေးစစ်ဆေးပေးသည်။ ဖန်းဟွာနှင့် အနီးအနားရှိမြို့နှစ်မြို့အတွက် လွန်စွာမှအဆင်ပြေပေသည်။ ဆရာဝန်ရောက်လာလျှင် လူများစွာလာလိမ့်မည်ဟု စုရွှေလျန်တွေးမိ၏။ မြို့အရှေ့ဘက်ရှိဆေးခန်းသို့သွားရခြင်းထက် ပို၍အဆင်ပြေပေ၏။

"နင်ရော သူ့ကိုဘာပေးမှာလဲ"

စုရွှေလျန်က မျက်တောင်လေးခတ်ကာ စပ်စပ်စုစုဖြင့်မေးလိုက်၏။ အမှန်တွင် သူမကိုယ်တိုင်ပင် အခြားသူများအား ဘာပေးရမည်ကို မစဉ်းစားတတ်ဖြစ်နေသည်။ လပြက္ခဒိန်လေးလပိုင်း ပထမနေ့တွင် ချင်းယွီဘုရားကျောင်းသို့သွားလည်ပြီးနောက်တွင်မှ ဖန်းလော့မြို့သို့ပတ်ကြည့်ကာ ၎င်းတို့အတွက်ဝယ်ပေးမည့်အရာအား ရှာရမည်ဖြစ်သည်။

"ဆိုင်းဘုတ် မှန် ပန်းအိုး...."

ကျန်းယင်းယွင်က ခေါင်းကုတ်ကာ အခြားသူအတွက် သူမပြင်ဆင်ပေးချင်သည်များကို စာရင်းလုပ်နေသည်။ သာမန်အခြေအနေတွင် အခြားသူအားပေးတတ်သည့်အကြိုက်များဖြစ်သည်။ သို့သော်လည်း ချင်းယန်ဆေးခန်းသည် ထိုအရာများအား မလိုအပ်ပေ။

"ကောင်းပြီ။ ခန်းဆီးတွေက အသင့်လျော်ဆုံးပဲမဟုတ်လား။ သူတို့ဆေးခန်းမှာထားဖို့ လိုက်ကာဝယ်ဖို့လိုသေးတယ်လို့ ကျင်းကျီပြောတာမှတ်မိပြီ"

စုရွှေလျန်က ပြုံးကာစဉ်းစားလိုက်၏။

"သတိထားမိလား။ သူ့ရဲ့လူနာကြည့်ခန်းထဲမှာ မြောက်ဘက်ပြတင်းပေါက်ဘက်မှ ရိုးရိုးကုတင်တစ်လုံးရှိတယ်လေ။ ကြည့်ရတာလူနာကြည့်ဖို့ဖြစ်မယ်"

"ဪ ဟုတ်သားပဲ။ မေ့နေတာ။ သူ့ကို ခန်းဆီးပေးရမယ်။ သူ့ဆေးခန်းက အရမ်းကြီးတော့မကြီးပါဘူး။ ခန်းဆီးလေးစုံလောက်လုပ်ပေးလိုက်မယ်။ လန်းဆန်းစေမဲ့အရောင်မျိုးလေး ရွေးရမယ်။ ပန်းထိုးအိမ်မှာလည်း ကောင်းကင်ပြာပုံပန်းထိုးပန်းချီကားတစ်ချုပ်ရှိတယ်။ ခန်းဆီးလုပ်ဖို့အကိုက်ပဲ။ ဟားဟား ပြဿနာတော့ ဖြေရှင်းပြီးသွားပြီ။ ရွှေလျန် နင်ငါ့အကြံကူးချလို့မရဘူးနော်။ ကျင်းကျီကိုပြောလိုက်။ ဒီပစ္စည်းအတွက် ပိုက်ဆံအကုန်မခံနဲ့တော့လို့"

ကျန်းယင်းယွင်က မျက်ခုံးပင့်ပြလိုက်၏။ သူမကပြုံးကာ စုရွှေလျန်ပုခုံးကို ပုတ်လိုက်၏။

"အခု နင်နဲ့ ကျင်းကျီတို့ ဘာလို့သူငယ်ချင်းကောင်းတွေဖြစ်လာရလဲဆိုတာ ငါသိပြီ"

စုရွှေလျန်က ခေါင်းခါကာ ဟက်ဟက်ပက်ပက်ရယ်မောလိုက်၏။ ၎င်းတို့သည် တစ်ခါသာတွေ့ဖူးကြသော်လည်း ယခုတွင် အကောင်းဆုံးသူငယ်ချင်းဖြစ်လာကြ၏။ ပွင့်လင်း၍စိတ်သဘောထားကောင်းသော ယန်ကျင်းကျီ နှင့် ကျန်းယင်းယွင် ကဲ့သို့မိန်းကလေးများသည်သာ ထိုသို့ဖြစ်နိုင်ပေ၏။

ထင်းရှုးဥယျာဉ်၏အရှေ့ဘက်အပြင်ဘက်ဆုံးအခန်းတွင်.....။

" စစ်ထိုက စာပို့တယ်။ အားလုံးအဆင်ပြေတယ်တဲ့။ စိတ်မပူပါနဲ့တဲ့"

စစ်ရှန်းက နွေဦးမိုးရေကြောင့် အနည်းငယ်မျှစိုစွတ်နေသောဝတ်ရုံကိုပွတ်ကာ ပြောလိုက်၏။ သူက အတွင်းအားချီဓာတ်ထည့်ကာ အဝတ်ခြောက်စေသည်။ ထို့နောက် စစ်လော့၏အခန်းထဲသို့ဝင်သွားပြီး စားပွဲတွင်ထိုင်ကာ စာအုပ်၏စာမျက်နှာများကိုလှန်လှောနေသော လင်းစစ်ယောင်ကိုဆိုလိုက်၏။

"အင်း ဒီရက်ပိုင်းတော့ အိမ်မှာပဲနေမယ်"

လင်းစစ်ယောင်က ပို၍ပိန်လာသော စစ်ရှန်းကိုကြည့်ကာပြောလိုက်သည်။ သူက အသံခပ်နိမ့်နိမ့်ဖြင့်ပြောလိုက်၏။

"အဲ့လိုဆို ကောင်းတာပေါ့။ မနက်ဖြန်ကျရင် ကွမ်းချီအိမ်ကိုပြန်တော့မယ်။ အဲ့မျိုးမစစ်လေးတွေကို အိမ်ကိုလဝက်လောက် ဘယ်လိုမျိုးစီမံနေလဲဆိုတာ ကြည့်ကြသေးတာပေါ့။ ဘာပြဿနာမှမရှိဖို့ဘဲ မျှော်လင့်ပါတယ်။ အခုတော့ တပည့်အများကြီးရှိတာက ကောင်းတာဟုတ်ဘူးဆိုတာ သဘောပေါက်သွားပြီ။ အမြဲခေါင်းကိုက်နေရတယ်"

စစ်ရှန်းက ခေါင်းကိုပွတ်ကာ သက်ပြင်းချလိုက်၏။

"အခုမှသိတာလား။ လွန်ခဲ့တဲ့ငါးနှစ်လောက်ကတည်းက သင်ခန်းစာရပြီလို့ထင်ခဲ့တာ"

လွန်ခဲ့သောငါးနှစ်က စစ်ရှန်း၏တပည့်အကြီးဆုံး ပြဿနာလုပ်ခဲ့၏။ ပန်းတစ်ရာစံအိမ်တွင် အရှက်ရဖွယ်အခြေအနေဖြစ်ခဲ့သည်။ စစ်ရှန်းတစ်ယောက်အား ရူးချင်စရာကောင်းအောင်လုပ်ခဲ့ကာ သူမုန်းသွားသော်လည်း ထိုတပည့်အား ထိုနေရာတွင်ပင် မသတ်ရက်ခဲ့ပေ။

"အင်း ငါလည်း မင်းလိုမျိုး ကျန်တဲ့ဘဝတစ်လျှောက်လုံး ငါနဲ့အတူအဖော်ပြုပေးမဲ့ ရိုးရိုးသားသားကောင်မလေးတစ်ယောက်သာရပြီး သူကငါ့ကိုကလေးတွေမွေးပေးမယ်ဆိုရင်....။ ဘာလို့ငါက ကလေးအများကြီးယူချင်ရမှာလဲ။ သူတို့က ငါ့ကို စောစောစီးစီးဆံပင်ဖြူအောင်တောင်လုပ်ကြဦးမှာ"

စစ်ရှန်းက လင်းစစ်ယောင်ကို မျက်စောင်းထိုးကာကြည့်လိုက်သည်။

၎င်းတို့သည် လူသတ်သမားများဖြစ်ကြသည်။ မည်သည့်နေရာမှ ရိုးသားကာအပြစ်မဲ့သောမိန်းကလေးကရောက်လာကာ ၎င်းတို့နောက်လိုက်မည်နည်း။ သူမသဘောတူသည်ဆိုလျှင်ပင် မိဘများက ငြင်းဆန်ကြပေမည်။ ယခုတွင် သူသည် လက်များကိုဆေးကြောကာ လူသတ်သမားလောကမှဘေးဖယ်ရန် ဓားများကိုဘေးဖယ်လိုက်သော်လည်း လူသတ်သမားအငွေ့အသက်များကိုမူ မရုပ်သိမ်းတတ်ပေ။ လမ်းပေါ်တွင်လမ်းလျှောက်လျှင်ပင် ဘေးနားကလူများက အလိုအလျောက်ရှောင်သွားတတ်ကြသည်။ တစ်စုံတစ်ယောက်က "လူသတ်သမား ဝေးဝေးနေကြ"ဟုစာရေးကာ သူ့ပေါ်တွင်ကပ်ထားသည်ဟုပင် ထင်မိ၏။

သို့သော်လည်း လူများပို၍သံသယဝင်သည်မှာ အေးစက်သော စစ်လင် ဖြစ်ကာ ၎င်းနောက်သို့ တကောက်ကောက်လိုက်တတ်သောမိန်းကလေးတစ်ယောက်ရှိ၏။ ထို့အပြင် သူမသည် မင်းသားကြီး(ဝမ်ရယ်)စံအိမ်မှ မြင့်မြတ်သောမမလေးတစ်ယောက်ဖြစ်နေသည်။ ၎င်းနှင့်နှိုင်းယှဉ်၍မရပေ။ သူ့အား ပို၍ပင်စိတ်ပျက်အောင်လုပ်လိုက်ခြင်းဖြစ်ပေသည်။

လင်းစစ်ယောင်က စစ်ရှန်းတွေးနေသည်ကို တိတိကျကျခန့်မှန်းမိသည်။ သို့သော်လည်း သူသည် စုရွှေလျန်အား သူ၏ကျေးဇူးရှင်ဖြစ်ကြောင်း ပြောပြမထားပေ။ ထိုသို့မှမဟုတ်လျှင် ထိုအရူးများက သေသည်အထိတိုက်ခိုက်ကာ စုရွှေလျန်ကဲ့သို့ နတ်သမီးပေါ်လာမည်ဆိုသောမျှော်လင့်ချက်ဖြင့် တရှီတောင်သို့ ပြေးသွားကြပေမည်။

"အဲ့လိုဆို ငါသွားတော့မယ်။ စစ်ထိုပြန်လာတဲ့အခါကျရင် ငါ့ကိုအကြောင်းကြားပါ"

စစ်ရှန်း၏အသံပျောက်ကွယ်မသွားခင်ပင် ထင်းရှုးဥယျာဉ်မှ ခုန်ထွက်သွားပြီးဖြစ်ကာ ဖန်းလော့မြို့ရှိ ကွမ်းချီအိမ်သို့ဦးတည်သွားပြီဖြစ်၏။

"ငါ့ကိုဘာအကြောင်းကြားမှာလဲ"

စစ်လော့က အခန်းထဲသို့ဝင်လာကာ မေးလိုက်သည်။

လင်းစစ်ယောင်က ပြတင်းပေါက်ရှေ့တွင် မတ်တပ်ရပ်ကာ စစ်ရှန်းထွက်သွားသည်ကို ကြည့်နေသည်။ သူသည်ခေါင်းမလှည့်ဘဲ ပြန်ဖြေလိုက်၏။

"စစ်ရှန်းက ကွမ်းချီအိမ်ကို ပြန်သွားတာ"

"သူငါ့ကိုပြောဖို့ရော တကယ်လိုလို့လား။ သူဘယ်အချိန်ကတည်းက ပွစိပွစိပြောတတ်တဲ့အမေမျိုးဖြစ်သွားတာလဲ"

စစ်လော့သည် ကုတင်ပေါ်တွင်လှဲလျောင်းကာ ခေါင်းမော့ထား၏။ ဒဏ်ရာများ သက်သာသွားပါသော်လည်း အတွင်းအားတစ်ဝက်အား ယခုထက်ထိမရသေးပေ။ သို့သော်လည်း သေခြင်းနှင့်ရှင်ခြင်းက အအတွေးအကြုံကြောင့် သူစိတ်မပူပေ။ အတွင်းအားလုံးဝပြန်ကောင်းနိုင်လျှင်မူ ကောင်းပေမည်။ သို့သော်လည်း ထိုသို့မလုပ်နိုင်လျှင် ထိုနေရာတွင်ပင်နေထိုင်ကာ လယ်သမားအစစ်တစ်ယောက်ဖြစ်လာပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ လူသတ်နတ်ဘုရား စစ်လင်သည် သူ့အားကာကွယ်ပေးထားသောကြောင့် စိတ်ပူစရာမလိုပေ။

"ဘယ်သူလဲ"

လင်းစစ်ယောင်ကမကြည့်ပေ။ သူသည် ပြတင်းပေါက်များကိုပိတ်လိုက်ကာ စစ်ထိုဘက်သို့လှည့်လိုက်သည်။

"မင်းမသိဘူးလား"

စစ်လော့က လင်းစစ်ယောင်အား တစ်ချက်ကြည့်လိုက်သည်။ ရုတ်တရက်ပင် သူသည် အားရပါးရပြုံးလိုက်သည်။ ထိုသို့ဖြစ်သည်မှာ ရှားပါးပေသည်။

"တစ်ယောက်ယောက်ကတော့ ခေါက်ဆွဲအကောင်းစားလိုမျိုး နူးညံ့လာပြီပဲ။ ဒီမြို့ထဲကလူတိုင်းသိကြတယ်"

ထိုစကားကိုကြးသောအခါ လင်းစစ်ယောင်၏နားတို့ နီရဲတက်သွားသည်။ ချက်ချင်းပင် သူသည ချီဓာတ်ကိုသုံးကာ ရှက်သောအမူအရာအား ဖုံးကွယ်လိုက်သည်။

"နောင်ကျမင်းဘာလုပ်မယ်လို့စီစဉ်ထားလဲ"

စားပွဲအစွန်းတွင်ထိုင်ကာ ရေနွေးကြမ်းကိုငှဲ့ရင်းဖြင့် မေးလိုက်၏။ သူကလှည့်ကာ မျက်လုံးပိတ်ထားသော စစ်လော့ကိုမေးလိုက်သည်။

"ဒီမှာပဲနေပြီး လယ်သမားလုပ်တော့မယ်။ ဘာလဲ။ မင်းကမကြိုဆိုဘူးလား။ စိတ်မပူပါနဲ့။ မင်းကိုတွယ်ကပ်မနေပါဘူး။ မင်းတောင်လုပ်နိုင်သေးတာ။ ငါလည်းလုပ်နိုင်ပါတယ်"

စစ်လော့က ပြန်ဖြေလိုက်သည်။

"မင်းသေချာလို့လား"

လင်းစစ်ယောင်က မျက်ခုံးပင့်ပြလိုက်သည်။ ၎င်းတို့လေးဦးကြားတွင် စစ်လော့သည် အတက်ကြွဆုံးနှင့်အပြင်သို့အသွားဆုံးသူဖြစ်သည်။ စစ်ရှန်းသည်သာ ဖန်းဟွာမြို့တွင် အခြေချချင်သည်ဟုပြောလိုက်လျှင် သူဝယ်ပေးလိမ့်မည်။ သို့သော် စစ်လော့မှာမူ....."

"ဘာကမသေချာတာလဲ။ အနည်းဆုံးတော့ အခု ငါ့မှာအခြားအစီအစဉ်မရှိဘူးလေ"

စစ်လော့က ပျင်းရိစွာဖြင့် အကြောဆန့်လိုက်၏။ သူကထလိုက်ကာ ခေါင်းတင်ပေါ်တွင်မှီနေသည်။ မောပန်းနွမ်းနယ်သည့်အမူအရာအား မောင်းထုတ်လိုက်ကာ တည်ငြိမ်သောအသံနေအသံထားဖြင့်ပြောလိုက်သည်။

" စစ်လင် မင်းကမိဘမဲ့တစ်ယောက် မင်းအထီးကျန်တယ်ဆိုတာမကောင်းဘူးဆိုတာ မင်းကောင်းကောင်းသိတယ်။ အခုဆို နေ့တိုင်း တာဝန်တွေအကြောင်းစဉ်စားစရာမလိုတော့သလို လူသတ်ဖို့လည်းပြင်နေစရာမလိုတော့ဘူး။ ငါတို့ဘာသာလည်း နေ့တိုင်းညတိုင်းလေ့ကျင့်ရအောင် ဖိအားပေးနေစရာမလိုတော့ဘူး။ ငါတို့လွတ်လပ်သွားပြီးနောက်ပိုင်း တစ်ယောက်တည်းရှင်သန်ခြင်းက ငါစိတ်ကူးထားတာထက် ပိုပြီးခိုကိုးရာမဲ့တာပဲ။ အဲ့တာတောင် အခု ငါဒီကနေ ထွက်မသွားချင်တော့ဘူး"

"အဲ့လိုဆိုနေလေ။ ဒီအိမ်က အစကတည်းက မင်းတို့သုံးယောက်အတွက်ပြင်ဆင်ထားတာ။ ပြဿနာမရှိပါဘူး။ မင်းဘယ်လောက်ကြာကြာနေချင်နေချင် ကိစ္စမရှိဘူး"

လင်းစစ်ယောင်က ရေနွေးကြမ်းကိုလက်စသတ်ကာ ပြန်ဖြေလိုက်၏။

"ဟားဟား...ပြီးတော့ လူတွေက မင်းကို စစ်ရှန်းလိုမျိုး မြည်တွန်တောက်တီးတတ်တဲ့အမေလို့ခေါ်ရင် မင်းငြင်းအုန်းမှာလား"

စစ်လော့က တီးတိုးပြောလိုက်သည်။ ထို့နောက် သူ၏လက်များကိုခေါင်းနောက်တွင်ထားလိုက်ကာ မျက်လုံးများကို မှိတ်ထားလိုက်ပြီး ပြောလိုက၏။

"နောက်လဆို ကောက်ရိတ်ချိန်လို့ကြားတယ်။ ငါ့ကိုပါထည့်တွက်လိုက်"

"သေချာကျန်းမာအောင်လုပ်။ မင်းနေကောင်းပြီဆိုတာနဲ့ လယ်ထဲသွားဖို့လိုလာပြီ"

လင်းစစ်ယောင်က အလေးအနက်မကြည့်နိုင်သော်လည်း မျက်လုံးထဲတွင်မူ ပျော်ရွှင်သောခံစားချက်လေးအားထုတ်ဖော်လိုက်သည့်အရိပ်အယောင်ကို ဖော်ပြလိုက်ပေ၏။

***

All Chapters