သီးသန့်စံအိမ်သည်လုံးဝပြောင်းလဲသွားပြီဖြစ်၏
Vol. 5 Ch. 134
"အသစ်ပြန်ပြင်ပြီးတော့ ဖန်းဟွာမြို့လေးက ဒီလောက်လှလာလိမ့်မယ်လို့ မယုံနိုင်ဘူး"
"ဟုတ်သားပဲ။ ဘယ်အချိန်မဆို ဒီကိုရောက်လာရင် ထွက်သွားချင်မိမှာမဟုတ်လောက်ဘူး။ ရေကန်ကိုကြည့်ပါဦး။ ကြည်လင်သန့်ရှင်းနေလိုက်တာ။ မြို့က ရေကန်ကြီးထက်တောင် ပိုပြီးသန့်ရှင်းပြီးလှသေးတယ်။ ဟိုက ကြာကန်ကိုလည်းကြည့်ပါဦး။ ကြာပန်းတွေက ကျက်သရေရှိလိုက်တာများ"
"ဟုတ်သားပဲ။ ဖန်းဟွာမြို့က အခုပိုပြီးလှလာပြီ။ အရင်ကနဲ့စာရင် နေနဲ့ညလိုပဲ"
"ခမ်းနားတဲ့မြို့လိုပဲ။ လဝက်လောက်နေပြီးသာ ရှုကွင်းတွေမကြည့်ဘူးဆိုရင် တကယ်မတန်ဘူးနော်"
"အဖေသမီးတို့ မပြောင်းဘူးဆိုရင် ဒီမှာချမ်းသာတဲ့မိသားစုဖြစ်လာမှာ။ အိမ်ဘေးမှာ ပန်းတွေနဲ့အပင်တွေကုစိုက်ထားတာကို စိတ်ကူးကြည့်လိုက်။ ပြီးတော့ အချိန်ရရင် တောင်ပေါ်သွားပြီး လျှောက်ရှာပြီး အပြင်ဘက်မှာလည်း ပုဇွန်တွေကင်လို့ရတယ်။ အင်း စဉ်းစားကြည့်ရင်ကို အရသာခံနိုင်နေပြီ..."
"ဟုတ်သားပဲ။ အဖေ ဒီကနေပြီး မြို့ထဲသွားရင် ဘယ်လောက်တောင်အဆင်ပြေလဲကြည့်ပါဦး။ အနောက်မြောက်ကလမ်းကြီးက ဖန်းလော့မြို့ကို တိုက်ရိုက်ရောက်တယ်။ အကွေ့အကောက်တောင်မရှိဘူး"
"ငါတော့ အများသုံးအခန်းတွေကိုအကြိုက်ဆုံးပဲ။ ကျားလည်းထိုးလို့ရပြီး အခမဲ့စာကြည့်တိုက်တောင်ရှိတယ်။ ဒီမှာနေတဲ့ဘဝကတော့ သက်တောင့်သက်သာပဲ"
"ဘိုးဘေးခန်းမမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ဆေးခန်းရှိတယ်လို့ကြားတယ်။ လတိုင်းငါးရက်မြောက်နေ့မှာ သမားတော်လာပြီး ရွာသားတွေကို အခမဲ့ကျန်းမာရေးစစ်ပေးတယ်တဲ့။ မြို့ကိုသွားရတာထက် အများကြီးအဆင်ပြေတယ်"
"ရွာတံခါးနားမှအသစ်ဆောက်ထားတဲ့ခန်းမက ဈေးအသစ်လို့ကြားတယ်။ ရောင်းဖို့ငါးတွေအသားတွေပိုနေရင် မနက်လေးနာရီကနေ ဆယ်နာရီအတွင်း အဲ့သွားပြီး ကုန်သွယ်လို့ရတယ်တဲ့။ အနီးအနားမြို့က ခြံမွေးတိရစ္ဆာန်ရှိတဲ့လယ်သမားတွေကလည်း သိုးသား အမဲသားတွေကို ဈေးမှာရောင်းချင်နေကြတယ်တဲ့။ ဒီမှာနေရင် မြို့ကြီးတွေကဈေးကို သွားစရာမလိုတော့ဘူး"
“မြို့ဈေးကိုသွားတာထက် ပိုပြီးအဆင်ပြေတာပေါ့။ နှစ်တစ်ရာချယ်ရီပင်ပေါ်က သစ်သားအမှတ်အသားကိုတွေ့လား။ သုံးရက်တိုင်းမှာ ဖန်းလော့မြို့ကိုသွားတဲ့ မြင်းလှည်းနှစ်စီးရှိတယ်။ မြို့မြောက်ပိုင်းမှာနေရတာထက် ပိုပြီးအဆင်ပြေတာပေါ့"
၎င်းတို့၏လက်ရှိအိမ်သည် ဖန်းလော့မြို့တွင်ရှိသော်လည်း အဓိကလမ်းမကြီးများဖြင့် အတော်လေးဝေးလှ၏။ ဈေးသွားရန် မြင်းစီးရ၏။
"ဟုတ်သားပဲ။ ပြီးတော့ ဖန်းဟွာကျောင်းက တိတ်ဆိတ်ပြီးလှနေတာကိုလည်း တွေ့ခဲ့တယ်။ တကယ်ကောင်းတယ်။ မြို့ထဲမှာနာမည်အကြီးဆုံး ဆရာထိုင်က ဒီကိုလာပြီး ကလေးတွေကိုသင်ပေးမယ်လို့ သဘောတူထားတယ်တဲ့။ အဲ့တာအပြင် ဖန်းဟွာမြို့က ရွာသားသာဆိုရင် ကြီးကြီးငယ်ငယ် ယောင်္ကျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် အတန်းလာတက်နိုင်တယ်တဲ့။ နေ့လည်စာလည်း အခမဲ့တဲ့လေ။ အိမ်နီးချင်းမြို့တွေက ကလေးတွေက ဒီမှာကျောင်းလာတက်နိုင်ပေမဲ့ နေ့လည်စာတော့ သူတို့ဘာသာပြင်ဆင်လာရမယ်တဲ့"
"အင်း အင်း ဒီမြို့သားဖြစ်ရတာက အကျိုးကျေးဇူးများလိုက်တာ။ အင်း ငါတို့သာပြောင်းမသွားခဲ့ဘူးဆိုရင် တကယ်ကောင်းမှာပဲ"
"အဲ့ဒီတော့ဘာဖြစ်လဲ။ ပြန်ပြောင်းလို့ရတာပဲ။ အဖေ ကျွန်တော်တို့အားလုံး ဒီမြို့ကိုကြိုက်ကျတာ။ ဒီမှာ အိမ်တစ်လုံးလောက်ဝယ်သင့်တယ်"
"ဟုတ်တယ်။ မြို့မြောက်ပိုင်းက ညစ်ပတ်လွန်းတယ်။ ဒီနေရာက ကမ္ဘာပေါ်က ကောင်းကင်ဘုံလိုပဲ။ သမီးပထမဆုံးဝန်ခံတယ်"
"ကျွန်တော်က ဒုတိယ"
"အဖေ တစ်ခုခုပြောဦးလေ"
"အဟင်း ခယ်မလေး ငါပြောတာနားထောင်ပါဦး။ ဦးလေးရှင်းက ဒီအကြောင်းကိုသိတာ ရက်အတော်ကြာပြီ။ ကျွန်တော်တို့မြို့ကိုလာလည်ချင်ရင် ရပါတယ်။ ဒါပေမဲ့ အိမ်တော့ဒီမှာဝယ်လို့မရဘူး"
"အိုက်ယား အစ်ကို အဖေကဒီလိုနေရာမျိုးကိုကြိုက်တာရှားတယ်လေ။ ကျွန်မတို့ပိုက်ဆံပေးပါ့မယ်။ ဟုတ်ပြီလား"
"အိုက်ယား ငွေကြောင့်မဟုတ်ဘူး။ ဖန်းဟွာမြိုက အခု ကျင်းဝမ်ရယ်ရဲ့ သီးသန့်စံအိမ်ဖြစ်သွားပြီ။ ဒီမှာအိမ်ရောင်းဖို့ခွင့်ပြုမထားဘူး"
"အိမ်ဌားဖို့တောင်ခွင့်မပြုထားဘူးလား။ မြို့သူကြီး?"
"မဟုတ်ဘူး။ အဲ့လိုမဟုတ်ဘူး။ အဖေက ဒီမှာအပန်းဖြေခရီးထွက်လာလို့ ရက်အတော်ကြာနေချင်တယ်ဆိုရင် အိမ်မှာ အခန်းလွတ်တစ်ခန်းရှိပါတယ်"
"ဘယ်လိုမြို့သူကြီးမျိုးလဲ။ အိမ်တစ်အိမ်တောင် မစီမံနိုင်ဘူးလား"
"ခယ်မလေး မင်းအထင်လွဲနေပြီ။ ဖန်းဟွာတစ်မြို့လုံးကို မင်းသားကြီးစံအိမ်ကပိုင်တာ။ ဘယ်သူမှ ဒီမှာ မြေကွက်ကို မကိုင်တွယ်နိုင်ဘူး။ ငါ့မှာအခြားကိစ္စတွေလည်း စီမံစရာရှိသေးတယ်"
“...”
ဝမ်ကန်းဖာသည် စကားများသောဆွေးမျိုးများဖြင့် ရင်ဆိုင်နေရသည်။ ခက်ထန်ကာစွမ်းဆောင်နိုင်သည့်ပုံပေါက်အောင်လုပ်နေသော လည်ပင်မှာ ကြေးကြယ်သီးအား ဖြုတ်လိုက်မိသည်။
ထို့နောက်တွင်မူ လက်နောက်ပစ်ကာဖြင့် ရွာလမ်းပေါ်တွင်လျှောက်ကာ အိမ်သို့ပြန်သွားလေ၏။
ဖန်းဟွာမြို့ ဆင်ခြေဖုံးနေရာများအတွက် ပြုပြင်ပြောင်းလဲရေးအလုပ်များအား လွန်ခဲ့သောလမှ ပြုလုပ်ပြီးဖြစ်သည်။ လတ်တလောတွင် စီစဉ်ထားသော လက်မှုပညာသည်များနှင့် ဆောက်လုပ်ရေးအလုပ်သမားများသည် သီးသန့်စံအိမ်တွင် အကြီးဆုံးအိမ်ဖြစ်သော အဓိကစံအိမ်ကြီးအား တည်ဆောက်နေကြသည်။
အိမ်ကြီးသည် မြို့အနောက်ဘက် ကိုးဧကမျှကျယ်သောစွန့်ပစ်နယ်မြေတွင်တည်ရှိကာ အုတ်တံတိုင်းများဖြင့် ခြံစည်းရိုးခတ်ထားသည်။ ဆောက်လုပ်ရေးတစ်ခုလုံးပြီးစီးရန် တစ်နှစ်မျှအချိန်ယူရမည်ဟုဆိုကြသည်။ နောက်ပိုင်းတွင် စံအိမ်ကြီး၏အကာအကွယ်နံရံများအဖြစ်လုပ်ဆောင်မည့် လူကြီးတစ်ရပ်စာမြင့်သောနံရံများကိုဆောက်ရန် ဆယ်ရက်မျှအချိန်ပေးခဲ့ရသည်။
ဆောက်လုပ်မည့်အဓိကအဆောက်အဦးကြီးမှလွဲ၍ ခုနှစ်လခန့်မျှအကောင်းဆုံးကြိုးစားပြီးနောက်တွင် အလုပ်သမားမျးသည် ဖန်းဟွာမြို့ရှိ လူဆွဲဆောင်နိုင်မည့်နေရာအားလုံးအား ပြုပြင်ဆောက်လုပ်ပြီးဖြစ်တော့၏။
ယခုတွင် ဖန်းဟွာမြို့သည် စိတ်ကူးယဉ်စရာကောင်းလောက်အောင် လှပနေပေတော့သည်။
ရွာလမ်းများ၏တစ်ဖက်တစ်ချက်စီတွင် သစ်ပင်အမျိုးအစားနှစ်မျိုးရှိသည်။ မိုးမခပင်များက ထိုနေရာတွင်ရှိပြီးဖြစ်ကာ အခြားစိုက်ပျိုးထားသောအပင်များမှာ ရင်ရှင်းပင်(ဂျင်ကိုပင်)များဖြစ်သည်။ နွေရာသီတွင် ရင်ရှင်းပင်၏အရွက်များက အဝါရောင်ပြောင်းသွားကာ လမ်းများပေါ်တွင် တဖျပ်ဖျပ်ရစ်ဝဲနေကြသည်။ လက်မှုပညာသည်အား ထိုအကြောင်းအား ပြောလိုက်သောအခါတွင် သူ၏စိတ်ထဲတွင် မေးခွန်းတစ်ခုပေါ်လာ၏။ ထိုအရွက်များအား မည်သူလှည်းကျင်းပါသနည်း။
လက်မှုပညာသည်က ရွာသူကြီးအား ဒွိဟဖြစ်နေသောအကြည်ဖြင့်ကြည့်ကာ ဆိုလိုက်၏။
"ဝမ်ရယ်စံအိမ်မှာ အစေခံတွေအများကြီးရှိတာပဲ။ ဘာကိုစိုးရိမ်နေရမှာလဲ"
မှန်ပေသည်။ ဖန်းဟွာမြို့သည် ယခုတွင် ကျင်းဝမ်ရယ်စံအိမ်ဖြစ်လေပြီ။ ဒေသခံများမှလွဲ၍ အခြားနေထိုင်သောသူများမှာ စံအိမ်၏အစေခံများနှင့် အလုပ်သမားများသာဖြစ်သည်။ နေ့တိုင်း ၎င်းတို့သည် အိမ်များနှင့် လမ်းပေါ်တွင် အလုပ်ရှုပ်နေကြသည်။ သစ်ရွက်များကိုလှည်းကျင်းကြကာ အကိုင်းအခတ်များကိုဖြတ်တောက်ကြရသည်။ ခြောက်သွေ့သောနေ့ရက်များတွင် အပင်နှင့်ပန်းများကို ရေလောင်းကြ၏။ မိုးရွာသောနေ့များတွင် ရေကန်ထဲရှိအမှိုက်များအား ရှင်းလင်းကာ အလုပ်ရှုပ်တတ်ကြသည်။
လွန်ခဲ့သောရက်အတော်ကြာက လုပ်စရာမရှိသောမိန်းမများသည် စံအိမ်၏စီမံခန့်ခွဲသူများကို လာရောက်တွေ့ဆုံကြသည်။ မည်သည့်အကြောင်းအရာများဆွေးနွေးခဲ့သည်ကို သူမသိပေ။ သို့သော်လည်း ထိုနေ့မှစ၍ ထိုအမျိုးသမီးများသည် စတင်အလုပ်လုပ်ကြ၏။ ထူးဆန်းစွာဖြင့်ပင် ၎င်းတို့သည် သစ်ရွက်များကောက်နေခြင်းမဟုတ်ဘဲ ပိုက်ဆံများကောက်နေရသကဲ့သို့ မျက်နှာများက ပြုံးရွှင်နေကြသည်။
ထို့နောက်တွင်မှ ၎င်းတို့သည် လုပ်အားခအဖြစ် နေ့တိုင်းကြွေးပြားငါးဆယ်ရသည်ကို သဘောပေါက်သွားလေသည်။
တစ်နေ့ကိုကြေးပြားငါးဆယ်ဆိုသည်မှာ တစ်လတွင် ငွေတုံးတစ်တုံးဟုဆိုလိုခြင်းဖြစ်သည်။ အလုပ်ကောင်းသည့်အတွက် ၎င်းတို့လုပ်ကိုင်လိုကြသည်။ သို့သော်လည်း ပို၍များပြားသောမိန်းမများရောက်လာပြီး အလုပ်တောင်းကြ၏။ စီမံခန့်ခွဲရေးမှူးက အုပ်စုတစ်ခုလျှင် လူဆယ်ယောက်ဖြင့် အုပ်စုများခွဲပေးလိုက်သည်။ အုပ်စုတစ်ခုကို တစ်ရက်ပင်လိုအပ်ကာ သုံးရက်တိုင်း အလှည့်ကျဆင်းရ၏။ ဤသို့ဖြင့် ဖန်းဟွာမြို့အား သန့်ရှင်းလှပအောင်ထိန်းသိမ်းထားကြကာ ရွာသားများနှင့်အစောင့်များကြားက ဆက်ဆံရေးလည်း ကောင်းပေသည်။
ရှို့ဖုန်းအတွင်း တောင်များနှင့်ရေကန်ကို အများပြည်သူအပန်းဖြေရာနေရာအဖြစ် ပြောင်းလဲပြုပြင်ထား၏။ ထိုနေရာအား ငါးဖမ်းခြင်းနှင့်အသားကင်ခြင်းအတွက် အသုံးပြုနိုင်သည်။ နေ့တိုင်း အစေခံနှစ်ယောက်လာကာ ထိုနေရာအား ရှင်းလင်းကြသည်။ထိုနေရာများသည် ဖန်းဟွာတစ်မြိုလုံးပိုင်နေရာဖြစ်သည်။ ရွာသားများလည်း မဖျက်ဆီးကြပေ။ အသက်ဆယ်နှစ်အောက်ကလေးများသည်ပင် အစားအသောက်များကင်ပြီးနောက်တွင် အမှိုက်ရှင်းရမည်ကိုသိပေသည်။
ဖန်းဟွာသည် ပို၍ပို၍လှပကာ ချမ်းသားသောမိသားစုကြီးအဖြစ် ပြောင်းလဲလာသည်။
"မြို့သူကြီး ဦးလေးရှင်းတို့မိသားစု ထွက်သွားကြပြီလား"
အဒေါ်ထျန်းသည် သူမယာထဲမှယူလာသောဟင်းသီးဟင်းရွက်အချို့ကိုကောက်ယူကာ ပြောလိုက်သည်။ သူမအိမ်ပြန်ခါနီးတွင် မြို့သူကြီးစိတ်ကူးနေသည်ကို တွေ့သောကြောင့် လာရောက်ကာ နှုတ်ဆက်ခြင်းဖြစ်၏။
"သူတို့သွားပြီ"
ဝမ်ကန်းဖာက ပြုံးကာ ခေါင်းညိတ်ပြလိုက်၏။
"ရွှေမိသားစုဆီက ကြားခဲ့တာတော့ ဦးလေးရှင်းက သူ့လူတွေကို ဒီကိုခဏခဏလွှတ်ပြီး ဒီမှာ အိမ်ပြောင်းမဲ့သူတို့ ရောင်းမဲ့သူတို့ရှိလားဆိုပြီး ခဏခဏမေးခိုင်းတယ်တဲ့လေ။ သူတို့က ဒီကအိမ်တွေကိုရောင်းချင်ရင်တောင် သူ့မှာဝယ်ဖို့အခွင့်အရေးရှိမှာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် အဲ့မိသားစုက ခုထိလက်မလျော့သေးဘူး"
အဒေါ်ထျန်းက ယခင်ရက်များကကြားခဲ့သောအကြောင်းအား အမှတ်ရသွားသည်။ သူမစောဒကမတက်ဘဲ မနေနိုင်ပေ။
"အင်း အခုကျွန်မတို့မြို့ကလှနေလို့ သူတို့မနာလိုတာနေမှာပေါ့။ သူတို့က ပင်စည်ကိုပြန်ကပ်ချင်တဲ့ကြွေကျသွားတဲ့သစ်ရွက်လိုမျိုး လုပ်ချင်နေတယ်ဆိုရင် ဘာလို့ လွန်ခဲ့တဲ့နစ်တွေတည်းက ပြောင်းသွားရတာလဲ။ အင်း သူတို့က မြို့မှာကောင်းကောင်းနေပြီး အများကြီးကောင်းနေပြီပဲကိုး။ ကျွန်မတို့နဲ့လာပေါင်းချင်နေသေးတယ် အဟက်..."
စွန်းယိုမြောင်၏ဇနီးသည် လမ်းအနီးအနားတွင်နေကာ မြို့သူကြီးနှင့် အဒေါ်ထျန်းတို့ပြောသောစကားများကို ကြားနေရသည်။ ထို့ကြောင့် အနောက်တံခါးကိုဖွင့်ကာ ထိုနေရာတွင်ရပ်ပြီး ဝင်ပြောလိုက်ခြင်းဖြစ်သည်။
“စွန်းမိသားစု စကားတွေက ဘယ်လိုတောင် မယဉ်ကျေးလိုက်တာလဲ။ မင်းဒီလိုမျိုးတော့ ပေါက်ကရမပြောသင့်ဘူး။ စီမံခန့်ခွဲမှူးက ငါတို့ရဲ့နားလည်မှုကိုတိုးတက်စေရမယ်လို့ပြောထားတာ မကြားဘူးလား"
ဝမ်ကန်းဖာက စွန်းယိုမြောင်ဇနီးက ပေါက်ကရပြောသည်ကိုကြားသောအခါတွင် လေးနက်သောမျက်နှာထားဖြင့် အသိပေးလိုက်၏။
"အိုက်ယား လျှာခေါက်သွားတာ။ ငါသိပြီ။ ငါသိပြီ။ နားလည်မှုမလား။ ငါပြောင်းနိုင်ပါတယ်။ ဒါပေမဲ့ မြို့သူကြီး ရှင်ကတော့ ရှင်းမိသားစုဒီကိုလာပြီး ကျွန်မတို့ကို နှောင့်ယှက်တာကို လွှတ်မထားသင့်ဘူး။ သူတို့အရှက်မရှိတာမြင်နေတာပဲ။ သူတို့က အိမ်နံရံတွေပေ်မှာပေါက်နေတဲ့အသီးတွေကို သူတို့သဘောနဲ့သူခူးသွားကြတယ်။ ပြီးတော့ သူတို့ကအသီးစားယုံလောက်ဆိုအဆင်ပြေပါတယ်။ ဒါပေမဲ့ အစေ့တွေကိုပါနေရာတိုင်းမှာ လွင့်ပစ်ခဲ့သေးတယ်။ သူတို့သွားတော့ ကျွန်မသားက လမ်းပေါ်မှာလှည်းကျင်းပြီး ရှင်းလင်းနေရတယ်"
အဒေါ်စွန်းက ခေါင်းစဉ်ကိုပြောင်းလိုက်သည်။ သူမ၏ခေါက်နေသောလျှာသည် တစ်ရက်တည်းဖြင့် ပြန်မကောင်းနိုင်ပါ။ သို့သော်လညး် သားဖြစ်သူအား တည်ငြိမ်စွာဖြင့် ကောင်းကောင်းမွန်မွန်ပြုမူရဣ် သင်ပေးထားသည်။ သားဖြစ်သူလုပ်နိုင်လျှင် မိခင်သည်လည်း မည်သို့မလုပ်နိုင်ဘဲနေမည်နည်း။
"ဟုတ်သားပဲ။ ဒီတစ်ခေါက်မင်းမှန်တယ်။ သူတို့ထပ်လာရင် သူတိ့ကို သတိထားပြီးပြောရမယ်။ ငါတို့ ဖန်းဟွာမြို့ကိုလာပြီး ရှုခင်းကြည့်တာဆိုရပါတယ္။ ဒါပေမဲ့ သူတို့က ဒေသခံတွေလိုလုပ်နေတယ်လေ။ ခြောက်နှစ်သားကလေးတောင် ဒါကိုနားလည်တယ်။ သူတို့ကို တစ်ယောက်ယောက် သတိပေးဖို့လိုနေပြီ။ ရှက်ဖို့ကောင်းလိုက်တာ"
ဝမ်ကန်းဖာက ခေါင်းညိတ်ကာသဘောတူလိုက်၏။ လက်ရှိတွင် ရွာထဲရှိအမျိုးသမီးအားလုံးသည် စံအိမ်၏ အစောင့်များဖြစ်လာကြလေပြီ။ ၎င်းတို့တွင် တာဝန်မရှိသောအခါတွင်ပင် အိမ်နှင့်လမ်းပေါ်ရှိလူများအား ရွာကိုသန့်သန့်ရှင်းရှင်းဖြစ်အောင်ထားရန် အမြဲသတိပေးတတ်ကြသည်။ ထိုနည်းလမ်းဖြင့် ၎င်းတို့၏အလုပ်သည် အနည်းငယ်မျှပို၍လွယ်ကူသွား၏။
"ဟုတ်သားပဲ မြို့သူကြီး ရွာသားတွေကိုဖြေဖျော်ဖို့ ဇာတ်အဖွဲ့ကိုဖိတ်ထားတယ်ဆို။ ဘယ်လိုဖြစ်သွားပြီလဲ။ ခန်းမကိုသန့်ရှင်းပြီး ပြင်ဆင်ထားတာကြာလှပြီ"
အဒေါ်ထျန်းသည် အိမ်ပြန်ခါနီးတွင် သူမစိတ်ထဲတွင်ရှိနေသောအကြောင်းကို မေးလိုက်မိသည်။
ဖန်းဟွာမြို့ပြုပြင်ပြောင်းလဲရေးများကို လုပ်ဆောင်ပြီးဖြစ်သောအချိန်တွင် အားလုံး၏ရှေ့၌ မင်းသားကြီးစံအိမ်က အလုပ်ပြီးမြောက်မှုအတွက် ရွာသားများ၏အထောက်အပံ့ကိုကျေးဇူးတွင်ရန် ဇာတ်အဖွဲ့ဖိတ်ကာဖျော်ဖြေပေးမည်ဟု ဆုံးဖြတ်ခဲ့သည်။
"ဖိတ်ပြီးသွားပြီ။ စီမံရေးမှူးက ဒါဘဲပြောနေတယ်လို့ထင်လား။ သူတို့က နန်းမြို့တော်က ဇာတ်အဖွဲ့ကိုဖိတ်ထားတာ။ လပြက္ခဒိန်ရှစ်လပိုင်း ပထမဆု့နေ့မှာရောက်ပြီး (၁၅)ရက်နေ့အထိ တစ်နေ့နှစ်ကြိမ်ကကြလိမ့်မယ်"
ဝမ်ကန်းဖာက ရယ်မောကာပြောလိုက်၏။
"တကယ်လား။ သူတို့က လဝက်ကြီးတောင်ကကြမှာလား။ ဟားဟား ကောင်းလိုက်တာ။ အမေ့မိသားစုကိုဖိတ်ပြီး ဒီမှာရက်နည်းနည်းလောက်နေခိုင်းရမယ်"
"ဟုတ်တယ် ဟုတ်တယ်။ ရှားပါးအခွင့်အရေးပဲ။ ငါလည်း ငါ့အမေမိသားစုကိုခေါ်ချင်တယ်"
အဒေါ်ထျန်းနှင့် အဒေါ်ကြီးစွန်းတို့သည် ထိုသတင်းကိုကြားသောအခါ ဝမ်းသာသွားကြကာ အလျင်စလိုဖြင့် အိမ်ပြန်သွားကြ၏။
မှန်ပေသည်။ လွန်စွာမှရှားပါးသောအခွင့်အရေးဖြစ်သည်။ ယခင်က ၎င်းတို့၏ဆန္ဒကိုနှစ်သိမ့်ရန် ဇာတ်ပွဲကြည့်ရန် အခြားမြို့များသို့ ပြေးကြရသည်။ သို့သော် ယခုတွင် မိမိမြို့၌ပင် ဇာတ်အဖွဲ့ကာ ဖျော်ဖြေပေးမည်ဖြစ်သည်။ ထိုအပြင် ထိုအဖွဲ့က နန်းမြို့တော်မှဖြစ်ကာ လဝက်ပင် ကပြပေမည်။ ဖန်းဟွာမြို့ရှိဘဝသည် အမှန်ပင် ပျော်ရွှင်ခြင်းများဖြင့် ပြည့်နှက်နေလေ၏။
***