← Chapters

ပူပြင်းသောနွေအချိန်သည် ကြာစေ့ကောက်ရန် အကောင်းဆုံးဖြစ်၏

Vol. 5 Ch. 135

ပူပြင်းသောနွေအချိန်သည် ကြာစေ့ကောက်ရန် အကောင်းဆုံးဖြစ်၏

Vol. 5 Ch. 135

လင်းလုံသည် ရှစ်လခွဲမျှရှိကာ သူမသည် ခုံပေါ်တွင်ထိုင်နိုင်ပြီး လမ်းလျှောက်ရန်ပင်ကြိုးစားနေပြီဖြစ်၏။ အသက်အရွယ်တူသော လင်းရှောင်သည်မူ ထျန်းတဖူလုပ်ပေးထားသောကလေးများအတွက် ထိုင်ခုံပေါ်တွင်သာ ထိုင်ကာ ချိုလိမ်စုပ်နေတတ်၏။

ငယ်ရွယ်သောအခါတွင် ကလေးယောင်္ကျားလေးများသည် ကလေးမိန်းကလေးများလောက် မတက်ကြွတတ်ပေ။ ထိုအရာမှာ အမြွှာလေးများအတွက်အမှန်တရားပင်ဖြစ်သည်။

"ငါစိတ်ဆုံးဖြတ်လိုက်ပြီ။ လင်းလုံပဲ"

သုံးလငါးလမျှကြာပြီးနောက်တွင် စစ်ထိုသည် ဖန်းဟွာမြို့တွင် သူ၏အားလပ်ရက်စတင်တော့မည်ဖြစ်သည်။ သူသည် နောက်တက်မည့် ဖုန်းယောင်တရားရုံး၏အရှင်သခင်အား သတ်မှတ်ခြင်းဖြစ်သည်။

"စစ်လင်က သဘောတူမှာမဟုတ်ဘူး"

စစ်လော့က သစ်သားခုံပေါ်ကိုမှီကာ သာမန်ကာလျှံကာပြောလိုက်သည်။ သူသည် ပါးစပ်ထဲသို့ စပျစ်သီးတစ်လုံးပစ်သွင်းလိုက်ပြီး သူ့အား တောက်ပသောမျက်လုံးများဖြင့်ကြည့်နေသော လင်းရှောင်ကို ဖျက်ခနဲကြည့်လိုက်သည်။ ထို့ကြောင့် သူသည် အရွယ်အစားကြီးသည့်စပျစ်သီးတစ်လုံးကိုရွေးကာ အခွံခွာလိုက်ပြီး လင်းရှောင်၏ သွားရည်ကျနေသောပါးစပ်လေးထဲသို့ ထည့်လိုက်သည်။

"ကောင်းပြီ။ ပြောဖို့တော့ခဲယဉ်းတယ်"

စစ်ထိုက ပြုံးကာထူးဆန်းစွာပြုမူနေသည်။ ယခင်က စစ်လင်က ကလေးများကို ဆုံးဖြတ်ခွင့်ပေးထားသည်ဟုပြောခဲ့သော်လည်း မည်သို့လုပ်မည်ကိုမပြောခဲ့ပေ။

" ဖုန်းယောင်တရားရုံးက ကောင်းကောင်းလုပ်နေတယ်မဟုတ်လား။ ဘာလို့ ဆက်ခံသူကို အလျင်စလိုရှာနေရတာလဲ"

လင်းရှောင်သည် လက်ထဲရှိချိုလိမ်ထက် စပျစ်သီးကို ပို၍စိတ်ဝင်စားနေသည်ကို စစ်လော့သိသွားသောကြောင့် သူသည် ထိုကောင်လေးအတွက် စပျစ်သီးကိုအခွံနွှာခြင်းကိုသာ အာရုံစိုက်နေလေသည်။

"တစ်ခုကိုရွေးဖို့ထိ စောင့်ဖို့လိုလို့လား။ အဲ့တာအပြင် ငါကတော့ အပြင်မှာစွန့်စားနေရတဲ့အချိန်မှာ မင်းကကျ စံအိမ်ထဲမှာအပန်းဖြေနေတာလေ။ ငါ့ကိုမသနားဘူးလား"

စစ်ထိုက ထူးထူးခြားခြားမေးလိုက်၏။

"အပြင်မှာအလုပ်လုပ်ဖို့ ငါ့မှာအစွမ်းအစမရှိတော့ဘူး"

စစ်လော့က ပြုံးကာ တိုက်ရိုက်ပြောလိုက်၏။ သူ၏ခန္ဓာကိုယ်သည် သက်သာသွားသော်လည်း ယခင်စွမ်းရည်၏ရာခိုင်နှုန်းမျှကိုသာ အသုံးပြုနိုင်တော့သည်။ ထိုနေရာတွင် လယ်သမားလုပ်ကာပျော်ပျော်ရွှင်ရွှင်နေခြင်းထက် သူဘာများတတ်နိုင်မည်နည်း။ လူသတ်သမားထပ်လုပ်ရမည်လော။ ပထမဆုံးတိုက်ကွက်မထုတ်ခင်တွင်ပင် အသတ်ခံလိုက်ရနိုင်၏။

"ကောင်းပြီ။ ဖုန်းယောင်တရားရုံးကအဖွဲ့ဝင်တွေအားလုံးက အဖွဲ့ဝင်တွေမှမဟုတ်တာ"

စစ်ထိုက အကြည့်တစ်ချက်ကြည့်လိုက်၏။ မသိသောသူသည်သာ သူ့ဆီမှ စိတ်ဓာတ်ကျဖွယ်စကားမျိုးကြားလျှင် သူ့အတွက် ဝမ်းနည်းပေလိမ့်မည်။ သို့သော် စစ်လော့တစ်ယောက် အမှန်ပင် သိုင်းလောကနှင့်သိုင်းပညာများအား စိတ်ဝင်စားမှုပျောက်ဆုံးသွားသည်လော။

"ဖုန်းယောင်တရားရုံးမှာ စာရင်းကိုင်အလုပ်လုပ်ဖို့ဆိုလိုတာလား။ ဒါမှမဟုတ် စီမံခန့်ခွဲရေးမျိုးလား"

လင်းရှောင်က စပျစ်သီးငါးလုံးခန့်စားပြီးသည့်နောက်တွင် စစ်လော့သည် ထက်၍အခွံမခွာတော့ပေ။ သူက လင်းရှောင်ကို ခုံမှမကာ ခုံပေါ်တွင်ယိမ်းထိုးကာ လမ်းလျှောက်ရန်ကြိုးစားနေသော လင်းလုံနောက်သို့လိုက်ရန် ပြောလိုက်၏။

"ရှောင်၊ မင်းကယောင်္ကျားလေးလေ။ ဘယ်လိုလုပ် ညီမလေးထက် ပိုပြီးအားနည်းနေရတာလဲ။ လာ လမ်းလျှောက်လေ့ကျင့်ပြီး မိဘတွေကိုပြလိုက်...."

ခုံသို့သာပြန်ချင်နေသောလင်းရှောင်ကိုသာ စိတ်အားထက်သန်နေသော စစ်လော့ကိုတွေ့ရသည့်အတွက် စစ်ထိုက ခေါင်းတခါခါဖြင့်ဖြစ်နေသည်။

"စစ်လင်က မင်းကိုအများကြီးပေးထားတာလား။ ဘယ်လိုလုပ် ကလေးတွေသင်ပေးရတာကို စိတ်အားထက်သန်လာရတာလဲ"

"မဟုတ်ဘူး။ ဒီတာဝန်ကို ငါ့ဘာသာယူတာ။ ကလေးတစ်ယောက်ကို လမ်းလျှောက်တတ်အောင်သင်ပေးတာက ကြီးမားတဲ့အောင်မြင်မှုကြီးမလား"

တဖြည်းဖြည်းဖြင့် စစ်လော့က အလုပ်စတော့သည်။ ချွေးပြန်နေကာ လင်းရှောင်မှာမူ နောက်ဆုံးတွင် မတ်တပ်ရပ်နိုင်ပြီဖြစ်သည်။ သို့သော်လည်း လက်နှစ်ဖက်လုံးဖြင့် ခုံကိုကိုင်ထားရကာ ကလေးသည် ခြေတစ်လှမ်းမျှပင် မရွှေ့ချင်ပေ။

"အောင်မြင်တဲ့ခံစားချက်လား။ အဟက် ကလေးတွေအားလုံးက အရွယ်ရောက်လာရင် သူ့ဘာသာလမ်းလျှောက်ကြမှာလို့ပဲထင်ခဲ့တာ"

စစ်ထိုက သဘောမတူကြောင်းပြောလိုက်၏။

"အင်း မင်းလို့တာဝန်ယူမှုမရှိတဲ့သူမျိုကတော့ ဝေးဝေးသွားသင့်တယ်။ ထောင့်မှာပဲနေပြီး ငါတို့လေ့ကျင့်တာကို မနှောင့်ယှက်နဲ့။ လာ Xiao ကောင်လေး။ လမ်းလျှောက်ဖို့ကြိုးစားကြည့်။ မင်းညီမလေး ဘယ်လိုကောင်းကောင်းလုပ်နေလဲတွေ့လား။ ကိုယ့်ခြေထောက်ပေါ်ကို ရပ်တတ်တာမကောင်းဘူးလား"

…….

"နန်းမြို့တော်ကသတင်းရှိတယ်။ ဒီလစောစောမှာ မင်းကြီးက လျန်ရွှမ်ကျင်းကို မှူးမတ်လုပ်ဖို့ အမိန့်ချမှတ်ထားတယ်တဲ့လေ။ လျန်မျိုးရိုးက ချီးမြှောက်ခံရပြီး ဒီဘွဲ့ကိုဆက်ခံရမယ်တဲ့။ မင်းကြောင့် အဲ့လိုလုပ်တာများလား"

စစ်ရှန်းက နန်းမြို့တော်မှရခဲ့သောသတင်းကို ပေးကာ အခြားသူကို ကျီစယ်လိုက်၏။

လင်းစစ်ယောင်က စာရွက်ကို အပေါ်ယံမျှသာကြည့်ကာ မျက်စောင်းထိုးလိုက်၏။ သူက တည်ငြိမ်အေးစက်သောအသံဖြင့်ပင် ပြန်ဖြေလိုက်၏။

"နှစ်ခါအောင်မြင်တယ်ဆိုတာက အောင်ပွဲခံဖို့ကောင်းတဲ့အရာမျိုးပဲ။ တကယ်တော့ သူပျော်ပါတယ်"

သူက ရှင်းလင်းစွာမပြောသော်လည်း တစ်ဖက်သူသည် သူပြောနေသောသူမှာ လီဝမ်ရှို့အကြောင်းဖြစ်သည်ကို နားလည်ပေသည်။

တဟွေ့အရာရှိများက လင်းစစ်ယောင်ကို သွေးတပ်ဖွဲ့၏အိမ်ရှေ့စံဟုမသိကြပေ။ လီဝမ်ရှို့သာသိပေသည်။ ထို့ကြောင့် တဟွေ့ နှင့် လီမိသားစုကောင်းစားရေးအား ထိန်းသိမ်းရန် ထိုမင်းကြီးသည် သွေးတပ်ဖွဲ့၏မင်းကြီးဝမ်းသာစေမည့်အရာမျိုးအား လုပ်မည်ဖြစ်သည်။ လတ်တလောတွင် ရွှယ်လီစိတ်အပူဆုံးမှာ ဝေးလံခေါင်ဖျားသောမြို့လေးတွင်နေသည့် လင်းစစ်ယောင်မှလွဲ၍ အခြားသူမဟုတ်ပေ။ လင်းစစ်ယောင်က စုရွှေလျန်ကိုသာ ပြုံးပြနိုင်ပေသည်။ ထို့ကြောင့် လီဝမ်ရှို့သည် စုရွှေလျန်တို့မိသားစုမျက်နှာရစေရန် အကောင်းဆုံးနည်းလမ်းအား လုပ်လိုက်ခြင်းဖြစ်သည်။

"သူမသိဘူးလား။ မင်း တဟွေ့ကနေထွက်သွားတာနဲ့ မင်းက လျန်အိမ်ကိုကျက်သရေတိုးစေပြီး အားကောင်းလာစေမှာပဲ။ အဲ့လိုဆို အာဏာလွှဲပြီး လီမိသားစုရှေ့မှာ ရပ်လာနိုင်တယ်မလား"

စစ်ရှန်းကခေါင်းတခါခါဖြင့် လီဝမ်ရှို့၏အရူးကွက်အား ခွက်ထိုးခွက်လန်ရယ်မောလိုက်၏။

"သူမတုံးပါဘူး။ ငါဒီမြေက ထွက်မသွားဘူးဆိုတာ သူသိတယ်"

လင်းစစ်ယောင်က လက်ထဲရှိစာရွက်အား အမှုန့်ဖြစ်အောင်ချေမွပစ်ကာ စာကြည့်ခန်းရှိ ပြတင်းပေါက်အပြင်ဘက်တွင် ပျောက်ကွယ်သွားစေသည်။

"အဲ့လိုဆိုရင် သူက လျန်မိသားစုက ပုန်ကန်ဖို့ စစ်တပ်အင်အားသုံးမှာမကြောက်ဘူးလား"

စစ်ရှန်းက မေးစေ့ကိုပွတ်ကာ ပြတင်းပေါက်ကိုဖြတ်ကျော်၍ လော်ရယ်ပင်ကိုကြည့်နေ၏။ သူက အသံခပ်တိုးတိုးဖြင့် ခန့်မှန်းလိုက်၏။

"အဲ့လိုဆို လျန်မိသားစုကသာ အဲ့လိုလုပ်ချင်တယ်ဆိုရင် ဒီတိုင်းပြည်ကို လီဝမ်ရှို့ပိုင်မှာတောင်မဟုတ်တော့ဘူး"

လင်းစစ်ယောင်အား သူအားနားလည်သောအရာအား ပြောလိုက်၏။

သူက စစ်ရှန်းကို တစ်ချက်ကြည့်လိုက်၏။

"လျန်အန်းဇိုင်ရဲ့လက်အောက်ငယ်သားတွေကလည်း အားမနည်းဘူးဆိုတာမမေ့နဲ့။ သူသာအမိန့်ပေးပြီး အဖွဲ့အစည်းတစ်ခုထူထောင်ပြီး သိုင်းလောကထဲမှာ အားလုံးသဘောကျလောက်မဲ့တရားမျှတမှုမျိုးလုပ်ပြီး သူ့ကိုလေးစားလာကြမယ်ဆိုရင် လျန်အန်းဇိုင်ကသာ လီဝမ်ရှို့ကို အစားထိုးချင်တယ်ဆိုရင် သူ့မှာ အဲ့လိုလုပ်ဖို့ အရည်အချင်းရှိတာပဲ။ ဒါပေမဲ့ သူလုပ်နေတာတွေက ဒီတိုင်းပြည်ရဲ့အုပ်ချုပ်ခွင့်ကို လီဝမ်ရှို့ဆီက တိုက်မယူချင်ဘူးဆိုတာပြနေတာပဲ။ သူက လီဝမ်ရှို့ကို ကူညီပြီးတော့တောင် ညီလာခံက အမတ်တွေ အရာရှိတွေကို စီမံပေးလိုက်သေးတယ်"

"အမှန်ပဲ...ပြီးတော့ အဲ့ဒီဉာဏ်နီဉာဏ်နက်များတဲ့ ဦးရီးတော်လေးက လျန်အန်းဇိုင်လို လူစားမျိုးပဲ။ မျက်နှာမှာတော့ အေးဆေးပြီး ဂရုမစိုက်တတ်တဲ့ဦးရီးတော်မျိုးပဲ။ ဒါပေမဲ့ တိတ်တိတ်လေးနဲ့ လက်ရွေးစင်တပ်ဖွဲ့ကို တည်ဆောက်နေတယ်။ သူတို့သာ အဲ့ဒီပုလ္လင်ကို အမိအရဖမ်းဖို့ မစီစဉ်ထားဘူးဆိုရင် ဒီနှစ်တွေမှာ ဘာလို့ဒါတွေကို အလဟဿလုပ်နေဦးမှာလဲ"

"ဖြစ်နိုင်တာကတော့ သူတို့ရဲ့ အရမ်းထူးခြားတဲ့အင်အားပဲဖြစ်မယ်။ သူတို့က ဒါကိုအသုံးချပြီး တဟွေ့မင်းကြီးကို ပိုပြီးဂရုတစိုက်အလုပ်လုပ်ပြီး နောက်လိုက်တွေကိုပိုပြီး သတိထားအောင် လုပ်တာ။ ပြီးတော့ သူတို့တွေအားလပ်ပြီးအချိန်ပိုနေတယ်လေ။ နောက်ကျ လီဝမ်ရှို့က သူတို့ကို အမြစ်ပြတ်သုတ်သင်ရှင်းလင်းမှာလည်း ပူစရာမလိုတော့ဘူးပေါ့"

ပြောနေစဉ်တွင် လင်းစစ်ယောင်က စံအိမ်အပြင်ဘက်ကြာကန်၌ လူကြီးနှစ်ယောက်နှင့်ကလေးနှစ်ယောက်လမ်းလျှောက်နေသည်ကို တွေ့လိုက်ရသည်။ သူက ခေတ္တမျှရပ်လိုက်ကာ ဖွင့်ထားသောတံခါးမှခုန်ကျော်သွား၏။

"မင်းတို့မှာ အလျင်စလိုကိစ္စဘာမှမရှိဘူးဆိုရင် နွေဦးပွဲတော်ပြီးတဲ့ထိဘဲ ဒီမှာနေလိုက်လေ"

အသံမပျောက်ကွယ်သွားခင်တွင်ပင် လူကပျောက်ကွယ်သွား၏။

"အင်း တံခါးမကြီးရှိပေမဲ့လို့ သူက ပြတင်းပေါက်ကပဲ ထွက်တတ်တယ်"

စစ်ရှန်းကခေါင်းတခါခါဖြင့် စာကြည့်ခန်း၏ပြတင်းပေါက်အား ပိတ်လိုက်၏။ ထင်းရှးဥယျာဉ်ထဲမှထွက်လာပြီး သူ၏နေရာနှင့်ကပ်လျက်ရှိသော လင်းစစ်ယောင်အိမ်ဆီသို့ လျှောက်သွား၏။ စစ်လင်အား ရုတ်တရက်အမူအရာပြောင်းသွားစေသည်မှာ သူ၏ဇနီးမဟုတ်လျှင် ကလေးများဖြစ်ရပေမည်။ စစ်လော့က မနက်စောစောက ကလေးများကိုခေါ်သွားသည်ကို အမှတ်ရသွားကာ စစ်လင်၏ပူပန်မှုအား နားလည်လိုက်ပေသည်။

"ဘာဖြစ်တာလဲ"

လင်းစစ်ယောင်က မျက်မှောင်ကြုပ်ကာမေးလိုက်၏။

"သားမက်တော် သခင်လေးလော့က သခင်လေးနဲ့ သခင်မလေးကိုခေါပြီး ကြာစေ့ခူးဖို့ ကြာကန်ဆီကိုခေါ်သွားချင်တယ်ပြောလို့။ ဒီအစေခံက သခင်မလေးကိုသွားအကြောင်းကြားမလို့ပါ"

သူမ၏ရှေ့တွင်ရပ်နေသူမှာ သားမက်တော်ဖြစ်ကြောင့် ပိုင်ဟယ်သိလိုက်လျှင်သိလိုက်ချင်းပင် သူမက ရှင်းမပြခင်တွင် အရိုအသေပေးလိုက်၏။

"ကြာစေ့ခူးမလို့? ဒီကောင်ကတော့ သူတို့က ရှစ်လသားပဲရှိသေးတာကိုး။ ရှစ်နှစ်မဟုတ်ဘူး"

ထိုစကားကိုကြားသောအခါတွင် လင်းစစ်ယောင်မျက်နှာဖျော့တော့သွား၏။ ချက်ချင်းပင် စံအိမ်တောင်ဘက် မြစ်ဆီသို့ အပြေးသွားတော့၏။

"မင်းတို့သခင်မလေးကို အခုအကြောင်းမကြားနဲ့ဦး"

ပိုင်ဟယ်စိတ်ရှုပ်ထွေးသွားသော်လည်း နားလည်ပေသည်။ သခင်မလေးသိသောအခါတွင် စိတ်ပူမည်ကို သားမက်တော်ကြောက်သောကြောင့်ဖြစ်၏။ သူမသည် ယခု သခင်မလေးကို အကြောင်းမကြားလျှင် နောက်ပိုင်းသခင်မလေးသိသွားလျှင် သူမအား အပြစ်တင်ပေလိမ့်မည်။ အစေခံလုပ်ရသည်မှာ အမှန်ပင် မလွယ်ကူပေ။

လပြက္ခဒိန် ခုနှစ်လပိုင်းကုန်ခါနီးတွင် ကြာရွက်စိမ်းစိမ်းတို့က မိုးကုပ်စက်ဝိုင်းဆီသို့ ထိလုနီးပါးဖြစ်နေကြသည့်ပုံပေါ်ကာ ကျယ်ပြန့်လှသောမြစ်ရေပြင်အား ကာရံထားသကဲ့သို့ ဖြစ်နေလေသည်။ မြစ်ရေပြင်ကိုဖြတ်ရန် ကြာရွက်များပေါ်တွင် လမ်းလျှောက်နိုင်သည်ဟုပင် ထင်ရပေ၏။

အရောင်အသွေးစုံလှသောကြာပန်းတို့က ငေါထွက်နေကြကာ ကြာရွက်များကြားတွင် ရှုပ်ထွေးယှက်ဖြာနေသည်။ အချို့က လှလှပပ ပွင့်လန်းနေပြီး အချို့ကငုံနေကြဆဲဖြစ်ကာ အဖူးကိုသာထုတ်ဖော်ပြသထား၏။ ကြာကန်သည် ကြည်လင်လွန်းလှသည့်အတွက် အောက်ခြေကိုပင် မြင်နိုင်၏။ ကြာဖူးများက ကြာရွက်များကြားတွင် ပုန်းကွယ်နေကြပြီး ဖြူဖွေးကာ ပြည့်ဖြိုးနေသောကြာစေ့များက ဖိတ်ခေါ်နေသကဲ့သို့ပင်။

အနက်ရောင်လှေငယ်တစ်စီးသည် ကြာကန်နက်နက်ထဲသို့ ဝင်ရောက်လာကာ ရေပေါ်တွင် ကလေးကစားစရာအသံဂျောက်ဂျက်က အသံမြည်နေ၏။

"ဘယ်လိုထင်လဲ။ ငါတို့ကြိုးစားအားထုတ်တာက ဒီနေရာထိဆင်းလာဖို့တန်ရဲ့လား"

စစ်လော့က လင်းရှောင်ကိုကိုင်ထားကာ စစ်ထိုက လင်းရှောင်ကိုကိုင်ကာ သူ၏ဆန့်ကျင်ဘက်တွင် တောင့်တောင့်တင်းတင်းထိုင်နေသည်။

"ဒါက ငါတို့အကြာကြီးတမ်းတခဲ့ရတဲ့ အပန်းဖြေတဲ့ဘဝမျိုးပဲ။ ဦးလေးလောင်ကို ကျွန်တော်တို့ ဒုက္ခရောက်စေမိပြီ"

"မဟုတ်တာ ဘာဒုက္ခမှမဖြစ်ပါဘူး"

ဦးလေးလောင်ကို လှေလှော်ရင်းဖြင့် ခေါင်းတခါခါဖြင့်ပြောလိုက်၏။ ယခင်က လယ်ကွင်းများတွင် အလုပ်လုပ်ဖူးသောဦးလေးလောင်သည် ယခုတွင် လေးဧကကျယ်သော စစ်အိမ်၏ ဥယျာဉ်မှူးလုပ်နေလေသည်။ သူ၏အဓိကအလုပ်မှာ ပေါင်းသင်ကာ မြက်များနှင့်သစ်သီးများကို ဂရုစိုက်ပေးရခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် အိမ်ပိုင်ရှင်က အခြားသောယာယီဝေယျာတစ္စများလုပ်ရန် တောင်းဆိုတတ်၏။ ယခုတွင် စစ်လော့က ထိုလှေအားမောင်းရန် သူ့အား မျှားခေါ်လာခြင်းဖြစ်သည်။

" စစ်လင်စိတ်ဆိုးမှာမကြောက်ဘူးလား"

စစ်ထိုက သက်ပြင်းချလိုက်မိ၏။ စစ်လော့၏သတ္တိမှာမူ သူ၏သိုင်းပညာနှင့်ပြောင်းပြန်ပင် ပို၍ကြီးထွားလာလေသည်။ ထို့အပြင် သူ၏သတ္တိသည် တစ်နေ့ပြီးတစ်နေ့ ကြီးမားလာခြင်းဖြစ်သည်။ သူတစ်ယောက်တည်းလာခဲ့သည်မှာ မှန်ပေသည်။ သို့သော်လည်း ရှစ်လသားကလေးများကို သူ့နှ့င့်အတူခေါ်လာ၏။

သို့သော်လည်း ရေထဲတွင်ခုန်ဆင်းကာ ကစားရန် စိတ်လှုပ်ရှားနေကြသောကလေးနှစ်ယောက်ကို စစ်ထိုကကြည့်ကာ မပြုံးဘဲ မနေနိုင်ပေ။ ထိုအရွယ်ကလေးများသည် လမ်းမလျှောက်တတ်သည်ဖြစ်စေ စကားမပြောတတ်သည်ဖြစ်စေ ရေနှင့်ကစားခြင်းကိုမူ နှစ်သက်ပေသည်။

"ဘာကိုကြောက်နေတာလဲ။ သူတို့ကို ခွဲမထားပါဘူး"

စစ်လော့က သဘောမကျပေ။ သူသည် ကြာရွက်တစ်ရွက်ကိုကောက်ယူကာ လင်းရှောင်ခေါင်းပေါ်တွင် ထီးအဖြစ်အသုံးချပေးလိုက်ပြီး ကလေးမှာမူ လက်ကိုဝှေ့ရမ်းကာ တခစ်ခစ်ရယ်မောနေ၏။ စစ်လော့က ကလေးကို သစ်ရွက်ဖြင့်ကစားစေကာ ရေကန်ထဲမှ ကြာဖူးတစ်ဖူးအား ခူးလိုက်သည်။ သူက ကြာစေ့များကိုယူကာ ပါးစပ်ထဲသို့ထည့်ပေးလိုက်၏။

"အင်း။ လတ်ဆတ်ပြီး အရသာရှိတယ်။ စားကြည့်မလား"

"တော်ပြီ။ ကိုယ့်ဘာသာပဲစား"

စစ်ထိုကခေါင်းခါပြလိုက်၏။ စစ်လော့သည် ယခုတွင်ပျော်ရွှင်စွာကစားနေသည်မှာသေချာပေသည်။ ထို့ကြောင့် ထိုနေရာတွင်နှစ်ဝက်မျှနေခြင်းသည် လူတစ်ယောက်အား အမှန်ပင်ပြောင်းလဲသွားစေသည်လော။ လူများ၏ဝေဖန်မှုကိုလျစ်လျူရှုကာ မည်သည့်အသက်အရွယ်ပင်ဖြစ်နေကြပါစေ ၎င်းတို့လုပ်ချင်တာသာ လုပ်တတ်ကြ၏။

"မင်းမစားကြည့်ချင်ဘူးလား။ အဲ့လို့ဆို မင်းရှုံးပြီနော်။ ငါဒီကန်ကို မျက်စိကျနေတာကြာပြီ။ အခြားဟာတွေထက် ပိုလှတယ်။ ဒီကန်ထဲမှာ ကြာပန်းတွေအများကြီးရှိတယ်။ အရေးကြီးတာက အဲ့ပန်းတွေကို စစ်လင်ကိုယ်တိုင်စိုက်ထားတာ"

ထိုအခိုက်အတန့်တွင် သူ၏ပါးစပ်သည် ကြက်ဦတစ်ခုလုံးမျိုချနိုင်သည်အထိ ပွင့်သွား၏။ သို့သော်လည်း စစ်လင်သည် ငရဲသို့ပင် ခရီးသွားနိုင်သည်ကို သဘောပေါက်ပြီးနောက်တွင် သူသည် ကြာကန်အပြည့်ကြာပန်းများစိုက်ပျိုးနိုင်သည်မှာ အံ့ဩစရာမရှိတော့ပေ။

"ဘာ စစ်လင်စိုက်ခဲ့တာလား"

စစ်ထိုမယုံနိုင်ပေ။ ကြာစေ့များကိုစားနေသော စစ်လော့ကိုဆက်၍ကြည့်နေမိသည်။ မျက်နှာအေး စစ်လင်တစ်ယောက် ကြာပန်းများစိုက်နေသည်ကို စိတ်ကူးမိရန်မှာ ခဲယဉ်းပေး၏။

"ဘာလဲ။ မင်းမှာ အခြားကန့်ကွက်တာရှိလို့လား"

လင်းစစ်ယောင်က ခန္ဓာကိုယ်ကိုလှည့်ကာ လှေပေါ်သို့ခုန်တက်လိုက်သည်။ လှေပေါ်တွင်သက်ဆင်းကာ နှောင့်ယှက်နေသော စစ်လော့ကိုကြည့်က အေးစက်စက်မေးလိုက်သည်။

"သူဌေး ဒီမှာရှိတာကောင်းတာပဲ။ သူဌေးရဲ့ ရှောင်အာက ကြာကန်ကိုအတော်သဘောကျတဲ့ပုံပဲ။ သူ့ကို ရေကန်တစ်ပတ်လောက် ပေါင်ပေါ်တင်ပြီးကူးပါ့လား"

"စဉ်းတောင်မစဉ်းစားနဲ့"

လင်းစစ်ယောင်က လင်းရှောင်ကိုခေါ်လိုက်ကာ စစ်လော့အား ကြာစေ့များ ဆက်၍ခူးစေသည်။

"ညစာမစားခင် ကြာစေ့တွေစားသင့်တယ်"

စစ်လော့က ရဲရင့်စွာအကြံပြုလိုက်သည်။

“မင်းသဘောပဲ"

အမြွှာလေးများ ဒဏ်ရာမရသည်ကို သေချာစေပြီးနောက်တွင် သူသည် ကြာစေ့များခွာနေသော စစ်လော့ဘက်သို့ လှည့်လိုက်သည်။ ထို့နောက်တွင် စစ်ထိုဘက်သို့လှည့်ကာ ပြောလိုက်၏။

"မင်းအလျင်မလိုဘူးဆိုရင် နွေဦးပွဲတော်ပြီးတဲ့အထိ ဒီမှာပဲနေလိုက်"

"တကယ်တော့ မင်းတို့နဲ့ပြန်ပေါင်းစည်းဖို့ ဒီကိုပြန်လာခဲ့တာ"

စစ်ထိုသည် ထိုသို့များပြားလှသောချစ်ခြင်းအားပြသသည်မှာ ရှားပေသည်။

တစ်လှေတည်းတွင်ထိုင်ကာ ကလေးများကိုချီထားပြီး ကြာစေ့နွှာကာ စကားပြောဆိုနေကြသည်။ ရံဖန်ရံခါတွင် အားကောင်းလှသောကြာပန်း၏သင်းရနံ့က မွှေးကြိုင်နေသည်။ ထို့နောက်တွင်မူ ကြာစေ့များ၏လတ်ဆတ်သောအရသာသည် နှာခေါင်းဝတွင် ရစ်ဝဲနေတော့၏။

***

All Chapters