မြင့်မြတ်သောဧည့်သည်များဖြင့် အိမ်သည်လူပြည့်နေ၏
Vol. 5 Ch. 136
ဖန်းဟွာမြို့သည် မင်းသားကြီးစံအိမ်၏ တိုးချဲ့ဆောင်ဖြစ်လာသည်။ နွေဦးပွဲတော်တွင် မြို့က နန်းမြို့တော်မှ နာမည်အကြီးဆုံးဇာတ်အဖွဲ့ကိုဖိတ်ခေါ်ထားကာ ရွာသာများကိုဖျော်ဖြေရန်ဖြစ်သည်။ ဖန်းလော့မြို့သို့ ဦးတည်သည့် ကွေ့ကောက်သောလမ်းနှင့် ဖြောင့်တန်းသောလမ်းနှစ်သွဘ်မှာလည်း အရှေ့အနောက်သွားနေသည့် ခရီးသွားလှည်းများဖြင့် ရှုပ်ယှက်ခတ်နေပေသည်။ ခရီးသွားအများစုက နတ်သမီးနယ်မြေကဲ့သို့ ပြုပြင်ပြောင်းလဲထားသော ဖန်းဟွာမြို့အား တွေ့ဖူးချင်သောကြောင့်ဖြစ်သည်။ တစ်ချိန်တည်းတွင်ပင် လူအများစုက တစ်သက်မှာတစ်ခါသာကြည့်နိုင်မည့်ပြဇာတ်များကို လာရောက်ကြည့်ရှုကြခြင်းဖြစ်သည်။
ထို့ကြောင့် ထိုဆယ့်ငါးရက်အတွင်း လုံခြုံရေးစောင့်ရှောက်ရန် တာဝန်ထမ်းဆောင်စရာမရှိသော စစ်ရှန်း၏တပည့်များအားခေါ်ကာ လုံခြုံရေးစောင့်ကြည့်ခိုင်းသင့်သည်ဟု ယန်ကျင်းကျီက လင်းစစ်ယောင်ကို အကြံပေးထားသည်။ အုပ်စုဖွဲ့ထားကြကာ အုပ်စုတစ်ခုတွင် လူနှစ်ယောက်ရှိသည်။ ရွာသားများကြားတွင် အငြင်းပွားဖွယ်ရှိလာလျှင် ဖြေရှင်းရန် မီတာသုံးဆယ် သို့ မီတာငါးဆယ်အကွာမှစောင့်ကြည့်ရန် ယာယီရုံငယ်များဆောက်ထားသည်။ မိလ္လာရေဆိုးအခြေအနေကိုလည်း စောင့်ကြည့်ရန်ဖြစ်သည်။
ဥပမာအားဖြင့် ၎င်းတို့သည် တစ်စုံတစ်ယောက်က အညစ်အကြေးစွန့်နေသည်ကိုတွေ့လျှင် ချက်ချင်းသန့်ရှင်းရန် တောင်းဆိုကြမည်ဖြစ်သည်။ တစ်ယောက်ယောက်က အပင်များဖျက်ဆီးနေသည် သို့မဟုတ် ပန်းပင်များကိုနှုတ်လျှင် သို့မဟုတ် ရေအိုင်ထဲမှငါးများ၊ ပုဇွန်များကိုဖမ်းလျှင် ၎င်းတို့ကိုတားကာ ပါးစပ်ဖြင့်သတိပေးလိမ့်မည်။ ထပ်မံစည်းကမ်းချိုးဖောက်သောသူများအား ဖန်းဟွာမြို့မှချက်ချင်းနှင်ထုတ်မည်ဖြစ်သည်။
အမှန်တွင် ၎င်းတို့ ဖန်းဟွာမြို့သို့ရောက်လာသောအခါတွင် မြို့တံခါး၏တစ်ဖက်တစ်ချက်စီတွင် ဝန်ဆောင်မှုပေးသောစခန်းငယ်များရှိသည်။ အစေခံနှစ်ယောက်က စခန်းငယ်တစ်ခုစီတွင် တာဝန်ထမ်းဆောင်နေကြသည်။ သီးသန့်စံအိမ်သို့လာလည်စဉ်အတွင်းတွင် သတိထားရမည်များကိုသတိပေးတတ်ကာ လက်ဆောင်အချို့လည်းပေး၏။ သစ်သားခွက်လေးနှင့် ချည်အိတ်လေးပင်ဖြစ်သည်။
ဘိုးဘေးခန်းမရှေ့တွင်လည်း လက်ဖက်ရည်အခမဲ့သုံးဆောင်နိုင်သည်။ အလည်လာသူများက သစ်သားခွက်လေးများသုံးကာ အလိုရှိသလောက် သောက်သုံးနိုင်သည်။ အိတ်မှာမူ အမှိုက်များထည့်ရန်ဖြစ်သည်။ ပြဇာတ်ကြည့်ရန်လာသောလူအများစုက နေကြာစေ့နှင့် သစ်သီးခြောက်ကဲ့သို့သောမုန့်များ ယူလာတတ်၏။ မြို့ထဲတွင်အမှိုက်ဖွရန် ခွင့်မပြုထားသကဲ့သို့ အစေ့ခွံများနှင့် အစားအသောက်အကြွင်းအကျန်များကို အိတ်ထဲတွင်ထည့်နိုင်သည်။ အိတ်ပြည့်သွားသောအခါတွင် အိတ်ထဲမှုအမှိုက်များကို ဘိုးဘေးခန်းမရှေ့တွင် ယာယီထားထားသော သစ်သားခြင်းကြီးထဲသို့ သွားရောက်သွန်နိုင်သည်။
ထိုသစ်ဆန်းကာပြိုင်စံရှားနည်းလမ်းမှာ ယန်ကျင်းကျီ၏အကြံဉာဏ်ပင်ဖြစ်သည်။ လာရောက်လည်ပတ်သူများက ဖန်းဟွာမြို့အား အထူးဂရုစိုက်မိအောင်လုပ်ကာ နေရာအားလည်း သန့်ရှင်းသပ်ရပ်စွာ ထိန်းသိမ်းနိုင်ပေသည်။
ရွှယ်လီ ဖုန်းရို့အာသည် ဇိမ်ခံလှည်းထဲမှထွက်လာကြသည်။ ၎င်းတို့က ဖန်းဟွာသီးသန့်စံအိမ်ဟု ဆိုင်းဘုတ်ချိတ်ဆွဲထားသည့် တံခါးမပါသောအခုံးတံခါးကို ခေါင်းမော့ကာ ကြည့်လိုက်ကြသည်။ ရွှယ်လီ ဖုန်းရို့အာ၏လက်ကို ဆွဲကိုင်လိုက်သည်။ ကျန်းဟန် နှင့် ကျန်းယွဲ့ ကိုယ်ရံတော်နှစ်ဦးက နောက်မှ ခြေတစ်လှမ်းအကွာဖြင့် အမြဲလိုက်ပါလာကြသည်။ ပြုံးလိုက်ကြကာ သီးသန့်စံအိမ်ထဲသို့ ဝင်သွားကြသည်။
"ကျေးလက်မြို့သေးသေးလို့ပဲ ထင်ခဲ့တာ။ ထူးဆန်းပြီး ဒီလိုမျိုး ပြိုင်ဘက်ကင်းမယ်လို့ထင်မထားခဲ့ဘူး"
ရွှယ်လီက ပြုံးကာခေါင်းညိတ်လိုက်၏။
"မင်းသားကျင်းစံအိမ်က သူတို့သမီးကို အလိုလိုက်ထားတာပဲ"
ဖုန်းရို့အာက သဘောတူလိုက်၏။
"မမှားဘူး။ သူတို့က မိန်းမကြီးရဲ့ဇနီးကို အလိုလုက်ထားတာပဲ။ ငါတို့ရဲ့စိတ်ရင်းကိုပြဖို့ ခဲယဉ်းမဲ့ပုံပဲ"
ရွှယ်လီကခပ်လှမ်းလှမ်းကိုကြည့်ကာ ပြောလိုက်၏။
"လီရှင်က အမတ်ချုပ်ကို အတုယူချင်တာလား"
ဖုန်းရို့အာက ရွှယ်လီ၏စကားကိုကြားသောအခါတွင် သူမက တဟွေ့၏အမတ်ချုပ် လျန်ရွှမ်ကျင်းကို အမှတ်ရသွား၏။ သူမ၏သမီးအား ပို၍သက်သာသေသာဘဝမျိုးပေးရန် သူသည် ဖန်းဟွာမြို့နှင့်အနီးအနားမှတောင်များကိုပါ ဝယ်လိုက်ကာ သီးသန့်စံအိမ်လုပ်ခဲ့သည်။
"ဘာလို့ ငါကိုယ်တော်က မလုပ်နိုင်ရမှာလဲ"
ရွှယ်လီက ပြန်ပက်လိုက်၏။ ဖန်းဟွာမြို့သည် မည်မျှပင်လှပကာ ဆွဲဆောင်မှုရှိပါစေ မင်းသားကြီးစံအိမ်ပင်ဖြစ်သည်။ သားဖစ်သူက ထိုနေရာတွင်နေနေလျှင် ဇနီးဖြစ်သူ၏မိသားစုနှင့်နေနေသည်နှင့်မခြားပေ။
သူနှင့်ဇနီးဖြစ်သူသည် သားဆီသို့လာလည်ခြင်းဖြစ်သည်။ မင်းသားကြီးစံအိမ်အားလာလည်သော်လည်း ထူးဆန်းသည်ဟု ခံစားနေရသည်။ တိုင်းပြည်တစ်ပြည်အားအုပ်ချုပ်သောဘုရင်တစ်ပါးသည် မည်သို့လက်ခံနိုင်မည်နည်း။
"အချစ် ဘာလို့အဲ့လိုလုပ်ရမှာလဲ။ သတိထားပါ။ မဟုတ်ရင် ကျွန်မတို့သားက ကျွန်မတို့ကိုလျစ်လျူရှုလိမ့်မယ်"
ဖုန်းရို့အာက ခင်ပွန်းဖြစ်သူကိုကြည့်လိုက်သည်။ သူ၏အမြင်ကျဉ်းသောစိတ်အား ကန်ထုတ်လိုက်ပြီဖြစ်သည်ကိုသိပေသည်။ သူမအတွက်မူ ၎င်းတို့သားပျော်သည်ဆိုလျှင် အဆင်ပြေပြီဖြစ်၏။ အခြားသောကိစ္စများကို မတွေးချင်ပါ။
"ဘာလို့ သူက ငါတို့ကိုလျစ်လျူရှုရမှာလဲ။ ငါက သူ့အတွက်ပဲလုပ်တာကိုး"
ရွှယ်လီက ဇနီးဖြစ်သူသဘောမတူသည်ကိုမြင်သောအခါတွင် ပြန်လည်ချေပလိုက်၏။
ခင်ပွန်းဖြစ်သူ ဒေါသပုန်ထွက်သည်ကို မြင်သောအခါတွင် ဖုန်းရို့အာတစ်ယောက်စိတ်တိုကာ သဘောကျမိသွား၏။ သူမကခေါင်းခါလိုက်ကာ
"လီ၊ ကျွန်မတို့သားက ကောင်လေးလေးမဟုတ်တော့ပါဘူး။ အဲ့တာအပြင် သူ့ရဲ့သိုင်းပညာကလည်း အခြားသူတွေထက် အများကြီးတော်တာပဲကိုး။ သူ့မိသားစုအတွက် အကောင်းဆုံးဘာဆိုတာလဲသိတယ်။ သူပျော်ပျော်ရွှင်ရွှင်နေတာကိုလိုချင်ရင် သူ့ကိစ္စထဲကို ဝင်မနှောင့်ယှက်ပါနဲ့။ ရှင်မှာအဲ့လိုလုပ်ဖို့ရည်ရွယ်ချက်ရှိတယ်ဆိုရင်တောင် ဆုံးဖြတ်ချက်မချခင် သူနဲ့စကားပြောဖို့လိုတယ်။ ကျွန်မတို့သားက သဘောမတူရင် သူ့အပိုင်းဖြစ်သွားပြီ"
"ငါက သူ့ကိုပဲ စိတ်ပူတာပါ။ ဘာပဲဖြစ်ဖြစ် သူကသွေးတပ်ဖွဲ့ရဲ့အိမ်ရှေ့စံမင်းသားလေ။ သူ တဟွေ့မှာနေတာကို အပြစ်မတင်ပါဘူး။ ဒါပေမဲ့ ယောက္ခမတွေရဲ့ပိုင်ဆိုင်မှုနဲ့နေနေတာလေ။ သူက ဒီလိုမျိုးနေနေရင် သူ့ရဲ့ယောင်္ကျားပီသတာတွေ ဘယ်ရောက်သွားတော့မလဲ"
"လီ၊ ရှင်အကျိုးအကြောင်းမသင့်လုပ်နေမယ်ဆိုရင် ဒီမှာပဲနေပြီး အိမ်ကို ဘယ်တာ့မှမလာခဲ့နဲ့"
အကြောင်းပြချက်ပေးခြင်းမှာ စိတ်ပြောင်းသွားအောင်မလုပ်နိုင်သည်ကို သိသောကြောင့် သူမက လေးနက်သောမျက်နှာထားထားလိုက်ကာ ခြိမ်းခြောက်လိုက်၏။
"မင်းကတော့လေ...."
ရွှယ်လီက ထိုစကားအားကြားသောအခါတွင် သူမကို ကြည့်လိုက်သည်။ သူမသည် သားဖြစ်သူအား ရှာတွေ့သွားကတည်းကပင် ထိုအမျိုးသမီးသည် သူ့အား စတင်လျစ်လျူရှုလာတော့၏။ နွေဦးပွဲတော်ပြီးနောက်တွင်မှ နန်းတော်သို့ပြန်ရန် ဆုံးဖြတ်လိုက်ကြကာ သူသည်လည်း နန်းတော်မှ အချိန်ကြာမြင့်စွာ ထွက်မလာနိုင်ပေ။ ယခုတွင်မူ "အိမ်ပြန်မလာနဲ့"ဟုပင် သူ့အား ခြိမ်းခြောက်နေပြီဖြစ်သည်။
"အင်း ငါမလုပ်ရဲပါဘူး။ မင်းလည်းအရူးမထနဲ့။ ငါတို့အထဲမြန်မြန်ဝင်ပြီး ငါတို့ရဲ့တန်ဖိုးရှိလှတဲ့မြေးလေးတွေကို သွားရှာရအောင်။ သူတို့ကိုမတွေ့ရတာ နှစ်ဝက်လောက်ရှိပြီ။ အခု ဘယ်လောက်ကြီးလာကြပြီလဲ ကြည့်ချင်လှပြီ"
နှစ်ပေါင်းများစွာပေါင်းသင်းလာခြင်းဖြစ်သောကြောင့် သူ၏စိတ်အား မည်သို့မသိဘဲ နေမည်နည်း။ သူမသည် ခေါင်းစဉ်ကိုပြောင်လဲပစ်ကာ သူ့လက်ကိုဆွဲပြီး မြို့ထဲသို့ဝင်သွားလေသည်။
"ကြိုဆိုပါတယ်။ ဖန်းဟွာမြို့ကို ပထမဆုံးအကြိမ်လာလည်တာပါလား။ ဒီလက်ဆောင်ကို လက်ခံပေးပါ။ မြင်လှည်းနဲ့မြင်းကိုအစာကျွေးဖို့ နေရာရှာဖို့လိုပါလား။ ဝန်ဆောင်မှုကိုလိုအပ်တယ်ဆိုရင် တစ်နေ့က ကြွေးပြားငါးဆယ်ကျပါမယ်"
မြို့ဝင်ပေါက်တွင် တာဝန်ထမ်းဆောင်နေသောအစေခံ ရှင်းလန်ကပြုံးကာ ရွှယ်လီတို့လေးယောက်အုပ်စုအား နှုတ်ခွန်းဆက်လိုက်၏။
"ဘာလဲ။ လှည်းနေရာထိုးဖို့က ပိုက်ဆံပေးဖို့လိုသေးလို့လား"
ရွှယ်လီက မျက်ခုံးပင့်လိုက်၏။ ထိုအကြံသည် မည်သူ့အကြံဖြစ်သနည်း။ ၎င်းတို့သည် ထိုအတွက်ပင် ငွေပေးချေစေချင်သည်လော။
"ဟုတ်ကဲ့ပါ ဆရာ။ ဒါက သီးသန့်စံအိမ်ရဲ့စည်းမျဉ်းပါ။ အခြားနေရာကမြင်းလှည်းတွေက မြင်းစာနဲ့မြင်းလှည်းစောင့်ရှောက်ခအတွက် ပိုက်ဆံပေးဖို့လိုပါတယ်။ တစ်နေ့ကို ကြေးပြားငါးဆယ်ကျပါတယ်"
ရှင်းလန်က မျက်နှာပေးကိုမပြောင်းဘဲ လေးစားစွာသာပြောလိုက်၏။ ယန်ကျင်းကျီက ကင်းလှည့်သောအဖွဲ့ကိုဖန်းတီးစဉ်က ထိုအကြံအား စိတ်ကူးမိခြင်းဖြစ်သည်။ ရှောင်ဟန်သည်လည်း ကျိုးကြောင်းဆီလျော်မှုမရှိသည်ကိုသိသောကြောင့် မြို့စည်းမျဉ်းတွင် ထိုစည်းကမ်းအား ထပ်ပေါင်းလိုက်ခြင်းဖြစ်သည်။
"အဲ့လိုဆို မင်းတို့သခင်လေးကိုတွေ့ဖို့လာတယ်ဆိုရင်လည်း အဲ့လိုလုပ်ဖို့လိုလား"
ရွှယ်လီက ထိုစည်းကမ်းအား စိတ်ဝင်စားသွားသည်။ သူက စခန်းငယ်လေးနောက်မှ ထိုင်ခိုင်တစ်ခုံကို ယူပေးလိုက်ကာ ဖုန်းရို့အာအား ထိုင်စေသည်။ ထိုနေရာတွင် စကားကြာမည့်ပုံပေါ်ပေသည်။
"ဒီကိုသီးသန့်စံအိမ်နဲ့ ပြဇာတ်ကြည့်ဖို့လာတာလား"
အစေခံနှစ်ယောက်ဖြစ်သော ရှင်းလန်နှင့် လင်းဖန်က အကြည့်ချင်းဖလှယ်လိုက်ကြကာ ဂရုတစိုက်မေးလိုက်ကြသည်။
"အင်း..အဲ့လိုမျိုးပေါ့.....ငါတို့က မင်းတို့သခင်လေးရဲ့မိသားစုဝင်တွေပေါ့။ ဒီကို နွေဦးပွဲတော်ကို အတူတူကျင်းပဖို့ လာကြတာပါ။ တစ်ယောက်ယောက်ကိုသွားပြီး သတင်ပေးဖို့လိုသေးလား"
ရွှယ်လီက အစေခံများကို ထိုသို့မျိုးဖြင့်မေးလိုက်၏။ ယခုတွင် သူသည် အစေခံအား ညှိနှိုင်းသောလေသံကိုသုံးကာပြောနေပြီး ကျန်းဟန် နှင့် ကျန်းယွဲ့တို့နှစ်ယောက်က ဘေးတွင် တွေဝေစွာရပ်နေကြသည်။ ဖုန်းရို့အာက အခြားသူများကိုပြုံးပြကာ ခေါင်းညိတ်ပြလိုက်ပြီး လက်ဖက်ရည်ပူအား ယူရန် လင်းဖန်ဆီမှ လွဲယူလိုက်သည်။ သူမသည် လက်ဖက်ရည်ကြိုက်ပေသည်။
"မိသားစုဝင်တွေလား"
ရှင်းလန်က အနည်းငယ်မျှတွေဝေသွားကာ လင်းဖန်အား တစ်ချက်ကြည့်လိုက်သည်။ ၎င်းတို့သည် မင်းသားကြီးစံအိမ်မှသူများနှင့်မတူပေ။ မည်သူ့မိသားစုဝင်ဖြစ်မည်နည်း။ သားမက်တော်၏မိသားစုဝင်များဖြစ်မည်လော။
"မင်းသားကြီးစံအိမ်ရဲ့ဧည့်သည်တွေဆိုမှတော့ ရှင်းလန်နောက်ကလိုက်ခဲ့ပါ"
ရှင်းလန်က စားပွဲနောက်မှလျှောက်လာကာ သူမက လင်းဖန်အား မေးလိုက်၏။
"ငါပြန်လာခဲ့မယ်။ ဧည့်သည်တွေကို ဂရုစိုက်ပေးဖို့မမေ့နဲ့"
လင်းဖန်က အာမခံသောအကြည့်မျိုးဖြင့် ကြည့်လိုက်၏။ ထို့နောက်တွင်မူ ရှင်းလန်က ပြုံးပြလိုက်ကာ ရွှယ်လီတို့အဖွဲ့အား နောက်မှလိုက်လာရန် အချက်ပြလိုက်သည်။
"ဘာကိုဂရုစိုက်ဖို့လိုတာလဲ"
ရွှယ်လီက စပ်စုလိုက်သည်။
ရှင်းလန်က ပြဇာတ်အဖွဲ့ဖျော်ဖြေနေစဉ်အတွင်းတွင် ဧည့်သည်များလုပ်ရန်လိုအပ်သည့်လိုအပ်များကို တင်ပြ၏။ သူမကပြုံးလိုက်ကာ ရှင်းပြနေသည်။
"ရှင်တို့က ကျွန်မတို့သခင်လေးရဲ့မိသားစုဝင်တွေဆိုတော့ ကျွန်မတို့နဲ့ပူးပေါင်းပေးပြီး သီးသန့်စံအိမ်မှာနေစဉ်အတွင်း ဂရုစိုက်ရမဲ့ကိစ္စတွေကိုလိုက်နာပေးပါ"
ရွှယ်လီကပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ စိတ်ထားကောင်း၍ ကောင်းမွန်စွာပြောဆိုသောအစေခံသည် ထူးချွန်ပေသည်။ သူမက လှည့်လိုက်ကာ ခံစားချက်မဲ့သောမျက်နှာပေးဖြင့် ကျန်းဟန်ကို စစ်ဆေးလိုက်ပြီး သူ့နောက်မှလျှောက်သွားသည်။ သူမသည်သာ ငယ်ရွယ်သောလူငယ်ဖြင့်လက်ထပ်လျှင် ကောင်းကင်မှနတ်ဖက်သောစုံတွဲဖြစ်မည်ဟုထင်မိသည်။
“ဒီနှစ်နဲ့ဆို မင်းအသက်ဘယ်လောက်ရှိပြီလဲ"
သူသည် အထိုအကြံရသည်နင့် ချက်ချင်းပင်လှုပ်ရှားတော့သည်။ ထိုမေးခွန်းမျိုးမေးသည်မှာ အနည်းငယ်မျှ တိုက်ရိုက်ဆန်သော်လည်း သူသည် မည်သူနည်း။ ရွှယ်မင်နိုင်ငံ၏မင်းကြီးပင်ဖြစ်သည်။ ထိုသို့အရေးမပါလှသောကိစ္စမျိုးအား စိတ်ထဲထားနေရမည်လော။
“…”
ရှင်းလန်သည်အအနည်းငယ်မျှ တွေဝေသွားကာ မျက်တောင်ပေကလပ်ပေကလပ်လုပ်နေသည်။ ထိုသို့မေးခွန်းအား မည်သို့ပြန်ဖြေရမှန်းမသိပေ။ သူမအနည်းငယ်မျှစိတ်ပူသွား၏။ တစ်ဖက်သူသည် ဖြောင့်မတ်သောလူကြီးလူကောင်းနှင့်တူကာ သူ၏ကိုယ်လုပ်တော်လုပ်စေချင်၍ မေးနေခြင်းလော။ သူမသည် ချွမ်းလန်နှင့်တစ်ချိန်တည်းတွင်ပင် စံအိမ်သို့ဝင်ရောက်ခဲ့ခြင်းဖြစ်သောကြောင့် မိန်းကလေးငယ်တစ်ယောက်မဟုတ်တော့ပေ။
ယခုနှစ်ကုန်လျှင် သူမသည် (၁၇)နှစ်ရှိတော့မည်ဖြစ်သည်။ လွန်ခဲ့သောနှစ်ဝက်ခန့်က စံအိမ်ရှိကိုယ်ရေးကိုယ်တာကိစ္စကြောင့် သူမ၊ ဖုန်ထင်း၊ ရှင်းကျီနှင့် လင်းဖန် အပါအဝင် င့်အခြားသောအစေခံသုံးယောက်ကို ဦးရီးတော်က သီးသန့်စံအိမ်၏ဝေယျာဝစ္စများလုပ်ရန် စေလွှတ်လိုက်ခြင်းဖြစ်သည်။ ၎င်းတို့အာလုံးသည် ပထမတန်းစားအစေခံများဖြစ်ကြသည်။ ယခုတစ်ခေါက်တွင် ချွမ်းလန်သည် အစေခံအသစ်များမှာ ခက်ခဲသောဧည့်သည်များနှင့်ရင်ဆိုင်ရမည်ကိုကြောက်နေသောကြောင့် ရှင်းလန်၊ လင်းဖန်၊ ရှင်းကျီ၊ ကျန်းချီတို့အား ဝင်ပေါက်တွင် ဧည့်သည်ကြိုစောင့်ကာ သတိပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ဖန်းဟွာမြို့သို့လာလည်သူများကိုကြိုသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ မလိုအပ်သောကိစ္စများကို မမြင်လိုကြပေ။
သူမသည် အစေခံဘဝဖြင့် အခက်ခဲများကို ရင်ဆိုင်နိုင်ပါသော်လည်း အစေခံဖြစ်ခြင်းသည် တစ်စုံတစ်ယောက်၏ကိုယ်လုပ်တော်ဖြစ်ရခြင်းထက် ပို၍နာကျင်စရာကောင်းမည်ဟု မထင်ပေ။ အနည်းဆုံးတွင် အချင်းချင်းရန်စောင်နေကြသည့်ကိုယ်လုပ်တော်များထက် သူမပို၍ပျော်ရပေသည်။ သူမ၏လက်ရှိဘဝနှင့်အလုပ်ကို ချစ်မြတ်နိုးပေသည်။ အထူးသဖြင့် ကိုယ်ပိုင်စံအိမ်တွင် နှစ်ဝက်မျှနေခဲ့ရကာ ထိုတွင်ပင်တစ်သက်လုံးနေမည်ဟု ဆုံးဖြတ်ထားမိသည်။
"မိန်းကလေး"
စိတ်လွတ်ကာစဉ်းစားနေသော ရှင်းလန်ကိုကြည့်ကာ ရွှယ်လီရယ်ချင်မိသွား၏။ ဇနီးဖြစ်သူ၏ဒေါသထွက်သောမျက်လုံးများကို မြင်ပြီးနောက်ပိုင်းတွင် သူမက ဖုန်းရို့အာနား,နားတွင် တီးတိုးပြောလိုက်၏။
"ကျန်းဟန်က (၂၆)နှစ်ရှိနေပြီ။ သူ့အတွက် ဇနီးတစ်ယောက်ရှာမပေးရင် သူ့အဖေကအုတ်ဂူကထလာပြီး ငါ့ကိုလာတွေ့မှာပေါ့"
ကျန်းဟန် နှင့် ကျန်းယွဲ့နှစ်ယောက်လုံးသည် ကျန်းချိုး၏သားနှင့်သမီးဖြစ်ကြကာ ရွှယ်မင်နန်းတော် ပထမတန်းစား နန်းတွင်းကိုယ်ရံတော်တစ်ယောက်ဖြစ်သည်။ လွန်ခဲ့သော (၂၄)နှစ် သူသည် မင်းကြီးကိုကာကွယ်ရန် ရွှယ်ယင်နှင့်တိုက်ခိုက်ပြီး ကွယ်လွန်သွားရရှာသည်။ အဆိပ်မြားအား မင်းကြီးအစားခံပေးခဲ့ခြင်းဖြစ်သည်။
သူမသေခင်တွင် ရွှယ်လီအား သုံးနှစ်သာရှိသေးသော သားနှင့်သမီးအား စောင့်ရှောက်ရန် တောင်းဆိုခဲ့သည်။ သို့သော်လည်း လွန်ခဲ့သောဆယ်နှစ်ကာ နန်းတော်ပြင်ပမှ တာဝန်ထမ်းဆောင်ရင်းဖြင့်တစ်လမျှပျောက်သွားကာ ပြန်လာသောအခါတွင် ကျန်းယွဲ့သည် သူမ၏နှလုံးသားတံခါးအား ပိတ်ပစ်လိုက်သည်။ သူမလက်ထပ်ရန်သင့်လျော်သောအရွယ်ရောက်သည့်အခါတွင် ဖုန်းရို့အာက သူမအား မိတ်ဆက်ပေးခဲ့သောယောင်္ကျားအားလုံးကို ငြင်းဆန်ခဲ့သည်။ သူမအားဖိအားပေးလျှင် သူမကိုယ်သူမ သတ်သေမည်ဟုပြော၏။ ထိုသို့ခေါင်းမာနေသည်ကို တွေ့ရသောကြောင့် ၎င်းတို့လည်း နောက်ဆုံးတွင်လက်လျော့လိုက်ကြသည်။ သူမက စကားတစ်လုံးမျှမပြောသော်လည်း တစ်ခုခုနင့်ပက်သက်နေမည်ဟု ခန့်မှန်းမိကြသည်။ သို့သော်လည်း သူမ၏ဘဝတစ်လျှောက်လုံးအတွက် ရင်ထဲတွင်စွဲကျန်စေခဲ့သောသူသည် မည်သူဖြစ်သည်ကို မသိကြပေ။
ကျန်းဟန်သည်မူ ကိုးယိုးကားယားနိုင်ကာ အသက်မပါသောသူမျိုးဖြစ်သည်။ ၎င်းဘာသာ မိန်းကလေးရှာခိုင်းလိုက်လျှင် ထိုသို့မလုပ်နိုင်မည်ကို စိုးရိမ်မိကြသည်။ သို့သော်လည်း ဖုန်းရို့အာမိတ်ဆက်ပေးသောမိန်းကလေးအားလုံးသည် သူ့အား ပျင်းစရာကောင်းလွန်းသည်ဟု အပြစ်တင်သွားကြကာ ငြင်းဆန်ကြသည်။ ထို့နောက်တွင် ကြိုးစားအားထုတ်မှုအားလုံးကျရှုံးပြီးနောက်တွင် သူသည် ပို၍တိတ်ဆိတ်လာ၏။
ဖုန်းရို့အာသည်လည်း နောက်ဆုံးတွင်နားလည်သွားကာ ခေါင်းညိတ်လိုက်ရတော့သည်။ ရွှယ်လီသည် ပထမဆုံးအကြိမ်တွေ့ဖူးသောအစေခံအား အဘယ့်ကြောင့်သတိထားမိရသည်ကို သူမတွေးနေမိသည်။ အမှန်ပင် ကြိုနီလေးသည် အလုပ်ဖြစ်မည်လော?(ကြိုးနီလေးဆိုတာ တရုတ်ရိုးရာကဖူးစာကြိုးကိုပြောတာ)
"တောင်းပန်ပါတယ်။ ရှင်းလန်မရိုမသေဖြစ်သွားတယ်။ ရှေ့အိမ်ကျော်ရင် ကျွန်မတို့သခင်လေးအိမ်ပါ။ ဧည့်သည်တို့က ဘယ်သူ့ကိုတွေ့ချင်တာလဲဆိုတာ သိပါရစေ"
ရှင်းလန်က အခွ့င်ကောင်းယူကာ ခေါင်းစဉ်ပြောင်းပစ်၏။
"မင်းတို့ရဲ့သခင်လေးကို"
သူမတွန့်ဆုတ်နေသည်ကို တွေ့ရသောကြောင့် ရွှယ်လီသည် သူမရှောင်ရှားသောမေးခွန်းကိုမေးကာ မနှောင့်ယှက်တော့ပေ။ မည်သို့ပင်ဖြစ်စေ ထိုနေရာတွင် (၁၅)ရက်မျှနေဦးမည်ဖြစ်သည်။ သူမထွက်ပြေးသွားမည်ကို မကြောက်ပေ။ ဆိတ်ဆိတ်နေတတ်သော ကျန်းဟန်မရမည်ကိုပင် စိုးရိမ်နေမိ၏။
***