← Chapters

ဖန်းဟွာမြို့၏မထိုးဖောက်နိုင်သောခုခံမှု

Vol. 5 Ch. 138

ဖန်းဟွာမြို့၏မထိုးဖောက်နိုင်သောခုခံမှု

Vol. 5 Ch. 138

.

လတ်တလောတွင် ဖန်းဟွာမြို့မှ တရှီတောင်သို့သွားသည့်လမ်းမှာ ရှို့ဖုန်းတောင်အနောက်တွင်ရှိသော တစ်လမ်းတည်းသာရှိသည်။

ယခုတွင် ရှို့ဖုန်းတောင်သည် လွန်စွာငယ်လှသော်လည်း ကပ်လျက်တောင်များမှလှပကာ ဖန်းဟွာသီးသန့်စံအိမ်၏ပိုင်နက်ဖြစ်လာပေသည်။ ပြုပြင်ပြောင်းလဲပြီးနောက်ပိုင်းတွင် ထိုတောင်များမှာ ဆွဲဆောင်မှုရှိကာ ကျက်သရေရှိလှသော လည်ပတ်ရန်ထိုက်တန်သည့် ရှုခင်းပဒေသာများဖြစ်လာသည်။

တစ်ဖြည်းဖြည်းဖြင့် ရှို့ဖုန်းတောင်အနောက်မှ အန္တရာယ်များလှသော တရှီတောင်သည်လည်း စပ်စုသောခရီးသွားများအမြင်တွင် ထူးဆန်းသောနေရာဖြစ်လာသည်။

အနီးအနားမြို့များရှိရွာသားများက တရှီတောင်၏အန္တရာယ်အကြောင်း သိသော်လည်း အခြားနေရာမှခရီးသွားများမှာမူ ထိုနေရာအကြောင်းမသိပေ။ ခရီးသွားများ မတော်မဆ သို့မဟုတ် တမင်တကာ ထိုတောနက်ထဲသို့ ဝင်သွားမိသည်ကို ကာကွယ်တားဆီးရန် တရှီတောင်၏ငြိမ်သက်အေးချမ်းမှုအား မည်သို့ကာကွယ်ရမည်ကို လင်းစစ်ယောင်တစ်ယောက် စဉ်းစားနေမိသည်။ စုရွှေလျန်ပြောသည်အရဆိုလျှင် ခရီးသွားများ၏လုံခြုံရေးအား ကာကွယ်ရန်ဖြစ်သည်။

မည်မျှဒုက္ခပေးလိုက်ပါသနည်း။ ၎င်းတို့အား ယခုနေရာသို့ဖိတ်ခေါ်ထားခြင်းမဟုတ်ပါ။ ပြုပြင်ပြောင်းလဲပြီးနောက်တွင် ဖန်းဟွာမြို့သည် ထူးခြားအံ့ဖွယ်ကောင်းလာသည်ဆိုလျှင်ပင် ဖန်းဟွာမြို့၏ကိစ္စဖြစ်သည်။ ၎င်းခရီးသွားများနှင့် ဘာမျှမဆိုင်ပေ။

တစ်စုံတစ်ခုဖြစ်လာခဲ့လျှင် ၎င်းတို့တွင်သာ တာဝန်ရှိပေသည်။

စုရွှေလျန်သည်သာ မြို့ဝင်ပေါက်တွင် အပြင်သူများမြိုထဲသို့ဝင်ခြင်းအားတားဆီးရန် သံတံခါးကြီးနှစ်ချပ်တည်ဆောက်ရန်ကို လက်ခံခဲ့ပါလျှင် ထိုရိုင်းစိုင်းသောသူများ တရှီတောင်သို့သွားခြင်း သို့မဟုတ် ရွာသားများကို အကျိူးသက်ရောက်မှုရှိခြင်းတို့ကို စိတ်ပူစရာမလိုတော့ပေ။

စုရွှေလျန်က ထိုသို့လုပ်ရန် သဘောမတူခဲ့ပေ။ ယခုတွင် ဖန်းဟွာမြို့ကို မင်းသားကြီးစံအိမ်ကပိုင်ဆိုင်ကာ သီးသန့်စံအိမ်ဖွင့်ခဲ့သည်ဆိုလျှင်ပင် ထိုနေရာတွင်ရှိသောအိမ်ထောင်စုနှစ်ဆယ်တွင် ၎င်းတို့၏ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိပေသေးသည်။ ဝင်ပေါက်တွင် သံတံခါးဆောက်ကာ သီးသန့်စံအိမ်၏ထိန်းချုပ်မှုအောက်တွင်နေရန်ဖြစ်လာပေမည်။ အတိုးချုံးလျှင် သူမသည် ရွာသားများ၏လွတ်လပ်ခွင့်ကို မတားဆီးချင်ပေ။

လင်းစစ်ယောင်က စိတ်ထဲတွင် စောဒကတက်မိပါသော်လည်း အလုပ်မဖြစ်ပေ။

"တရှီတောင်-တားမြစ်နေရာ"ဟူသောဆိုင်းဘုတ်ပါသည့် သံခြံစည်းရိုးအား ချပြီးနောက်တွင် တဘက်ကိုသုံးကာ လက်ပေါ်ကအညစ်အကြေးများကို သုတ်သင်ဖယ်ရှားလိုက်သည်။ ထိုနေရာတွင် ဂိတ်တံခါးထားလိုက်လျှင်လည်း တောင်ထဲရှိတိရစ္ဆာန်များ၏အခွင့်အရေး ဆုံးရှုံးရပေမည်။ ထိုအကောင်များမှာ တောင်မှထွက်မသွားနိုင်ပါ။ အမှန်တွင် ဝံပုလွေကြီးနှစ်ကောင်မှာ ထိုနေရာအားနှစ်သက်သောကြောင့်ဖြစ်ပေသည်။

မိသားစုသည် မြောက်ပိုင်းရှိနန်းမြို့တော်သို့သွားသောအခါတွင် ရှောင်ချွမ်သည် လမ်းတစ်ဝက်ထိလိုက်လာပြီးမှ တရှီတောင်သို့ပြန်တတ်သည်။

လွန်ခဲ့သောရက်အနည်းငယ်က သူသည် ဥယျာဉ်ထဲတွင်မျိးချရန် တောင်ဆီသို့သွားပျိုးပင်ခူးရန် သွားသောအခါတွင် ဖခင်တစ်ယောက်ဖြစ်နေပြီဖြစ်သော ရှောင်ချွမ်နှင့်တွေ့ခဲ့သည်။ သူ၏လက်တွဲဖော်က ချစ်စရာကောင်းကာ ဝကစ်နေသော ဝံပုလွေပေါက်လေးကောင်းအား မွေးဖွားပေးထားသည်။ ရှောင်ချွမ်က သူ့အားမြင်သောအခါတွင် ခေါင်းမော့ကာ သူ့တွင်ကလေးများပိုရှိသည်ဟု ယှဉ်ချင်နေသည့်ပုံပေါ်သည်။ တိရစ္ဆာန်သည် သူ့ထက် ကလေးပိုများနေသည်ကို အောက်ကျခံ၍မဖြစ်ပေ။

သို့သော်လည်း စိတ်ခံစားချက်အပြည့်အဝရှိသောမိန်းမသာ ထိုအကြောင်းကိုသိလျှင် သူမက ထိုတောင်ကိုခေါ်သွားရန်တောင်းဆိုကာ ရှောင်ချွမ်နှင့်သူ၏မိသားစုထံသို့ တိတ်တိတ်လေးလည်ရန် တောင်းဆိုပေလိမ့်မည်။ ဝံပုလွေဖိုတစ်ကောင်ကနောက်လိုက်နေသော ရှောင်ရွှယ်တွင်လည်း ၎င်း၏အရွယ်ရောက်သောဝံပုလွေနှစ်ကောင်ကို လေ့ကျင့်ရန် တောင်သို့ခေါ်လာတတ်သည်။ ၎င်းတို့ကို ဘယ်နေရာတွင်မှမတွေ့ပေ။ စုရွှေလျန်သည် ထိုနေရာကို ခြံခတ်ရန်အကြံပေးသောအကြောင်းရင်းမှာလည်း ထိုကြောင့်ပင်ဖြစ်သည်။ သူမသည် လာရောက်လည်ပတ်သူများအား တောင်ထဲသို့ဝင်ကာ လမ်းပျောက်မည် သို့ တိရစ္ဆာန်များက တိုက်ခိုက်မည်ကို စိတ်ပူမိသည်။ ဒုတိယအနေဖြင့် ၎င်းအားနှစ်သက်သော ရှောင်ရွှယ်နှင့် ဝံပုလွေပေါက်လေးများ အမဲလိုက်ခံရမည်ကို စိတ်ပူမိ၏။ လည်ပတ်သူများကြားတွင် အမဲလိုက်ကျွမ်းကျင်သူများ ရှိနိုင်မည်မှာ မသေချာပေ။

လင်းစစ်ယောင်က ဂရုတစိုက်ဖြင့် ခြံစည်းရိုးခိုင်မခိုင်ကို နောက်တစ်ခေါက်ထပ်စစ်ဆေးလိုက်၏။ ပြဿနာမရှိသည်ကိုတွေ့သောကြောင့် ခြံစည်းဘဘ်ဘက်တွင် သတိပေးသစ်သားဆိုင်းဘုတ်ကိုစိုက်လိုက်သည်။ "တောရိုင်းတိရစ္ဆာန်များအား ယခုနေရာတွင်တွေ့ရတတ်သည်။ မဝင်ပါနှင့်"ဟု၍ပင်ဖြစ်သည်။

သူသည်ခြေလှမ်းအနည်းငယ်မျှနောက်ဆုတ်ပြီး သူ၏ကိုယ်ပိုင်အလုပ်အား သုံးသပ်နေပေသည်။ ထို့နောက်တွင် ခြံစည်းရိုးကိုခုန်ကျော်ကာ အိမ်သို့မပြန်ခင်တွင် သစ်တောအဆုံးသတ်၌ ခေါင်းတငြိမ့်ငြိမ့်ဖြင့်ရှိလေသည်။

တောထဲတွင် ရှောင်ချွမ်သည် သူ၏မိသားစုဖြင့်ရပ်နေကာ ခြံစည်းရိုးတစ်ဖက်ရှိ လင်းစစ်ယောင်ပျောက်ကွယ်သွားသည်ကို ကြည့်နေသည်။ ချစ်ဇနီးနှင့် ကလေးများအား ဝံပုလွေလှိုဏ်ဂူသို့ ခေါ်မသွားခင်တွင် ခေါင်းငုံကာ တအီအီအသံပြုလိုက်၏။

၎င်းတို့တွင် ယခုတွင်ပျော်ရွှင်ဖွယ်မိသားစုလေးရှိပြီဖြစ်သည်။ အထီးမကျန်သကဲ့သို့ အိမ်မရှိသည်လည်းမဟုတ်ပေ။ ထို့အပြင်လေလွင့်နေခြင်းမျိုးလည်း မဟုတ်တော့ပေ။

ရှောင်ချွမ်နှင့် ရှောင်ရွှယ်၏တာဝန်မှာ သခင်ဖြစ်သူလာလျှင်အဆုံးထိ ကာကွယ်ရန်ဖြစ်သည်။

နောင်တွင်မူ သခင်ဖြစ်သူ၏ဘေး၌ အားကောင်းသောထိုသူသာရှိနေလျှင် သူမသည် မတော်မဆမှုမျိုး ဘယ်သောအခါမှမခံစားရမည်မဟုတ်ဟု ယုံကြည်နေပေသည်။

တရှီတောင်သည် ဝံပုလွေများ၏အိမ်ဖြစ်နေဆဲဖြစ်သည်။ ၎င်းတို့၏နောက်မျိုးဆက်သည်လည်း ထိုနေရာတွင်ပင်ရှိနေမည်ဖြစ်သည်။

ယခုမှစ၍ ၎င်းတို့တွင်ပြော၍မရသည့်တာဝန်ရှိပြီဖြစ်ကာ ဖန်းဟွာမြို့အတွက် တောင့်တင်းသောနောက်ခံဖြစ်သော တရှီတောင်အားပြုလုပ်ရန်နှင့် သခင်နှင့်သူ၏မိသားစုမျးကို ကာကွယ်ရန်ပင်ဖြစ်လေသည်။

"ဆရာတူဦးလေး ခင်ဗျားဒီမှာရှိတာကောင်းလိုက်တာ။ ဒီခက်ထန်ကြမ်းတမ်းတဲ့သူတွေ မြို့ထဲကို ဝင်ချင်နေတယ်လေ။ သူကိုကန်ထုတ်တော့မလို့။"

လင်းစစ်ယောင်တောင်ပေါ်မှဆင်းလာလျှင် ဆင်းလာချင်းပင် ဘိုးဘေးခန်းမသို့သွားသည်။ ယနေ့သည် လပြက္ခဒိန် ငါးရက်မြောက်နေ့ဖြစ်သောကြောင့် ယန်ကျင်းကျီနှင့် ချင်းလန်သည် ရွာသားများအတွက် ဖန်းဟွာမြို့တွင် ကျန်းမာရေးစစ်ဆေးမှုများ လာရောက်လုပ်ပေးနေကြပေသည်။ သူသည် ယန်ကျင်းကျီကိုရှာကာ သူ့အိမ်သို့သွားပြီး စုရွှေလျန်၏ကျန်းမာရေးအားစစ်ဆေးပေးရန် သွားရောက်တောင်းဆိုခြင်းဖြစ်သည်။ ထို့နေတွင်များတွင် သူမသည် ပင်ပန်းနွမ်းနယ်နေကာ သာမန်စားသည်မှာလည်းနည်းပေသည်။ ရာသီဥတုကြောင့် သို့မဟုတ်လျှင် ဖျားနားသောကြောင့်ဟု ထင်ခဲ့သည်။ သမားတော်က သူမအားစစ်ဆေးပေးလျှင် အဆင်ပြေမည်ဖြစ်သည်။

သို့သော် သူဘာမှမလုပ်နိုင်ခင်တွင် မြို့အားကင်းလှည့်နေသော မုံ့ချောင်ကျီသည် သူ့အား လှမ်းခေါ်လိုက်သည်။

"အဲ့လိုဆို သူတို့ကိုကန်ထုတ်လိုက်။"

လင်းစစ်ယောင်က ခံစားချက်မဲ့နေသောမျက်နှာပေးဖြင့် ဖြေလိုက်သည်။ သို့သော်လည်း စစ်ရှန်း၏ (၂၅)ယောက်သောတပည့်များထဲမှတစ်ယောက်ဖြစ်သည် မုံ့ချောင်ကျီသည် သူ့အား တစ်ခုခုပြောချင်နေသော်လည်း ပါးစပ်မဟသောကြောင့် မျက်ခုံးကြုပ်ကာမေးလိုက်ပြီး ဆက်၍မသွားတော့ပေ။

"ဘာဖြစ်တာလဲ။"

"ဦးလေး ဆရာတူဦးလေး... ကျွန်တော်နားချိန်ဆို ညီလေးနဲ့ညီမလေးဆီ သွားလည်လို့ရလား။"

မုံ့ချောင်ကျီသည် မျက်နှာပေးကအေးစက်ကာ ခန့်မှန်းရခက်သော လင်းစစ်ယောင်အား ချောင်းကြည့်လိုက်သည်။ တံတွေးမျိုချမိသွားသည်။ သူသည် ရိုးသားသော်လည်း ခန့်မှန်းရသောကစားနည်းတွင်ရှု့းသွားကာ ထိုနေရာတွင်အခက်အခဲနှင့်ရင်ဆိုင်ရန် အစ်ကိုများက တွန်းပို့လိုက်ခြင်းဖြစ်သည်။ သူသည် ဆရာဖြစ်သူမှ ရေအေးတစ်ပုံးလောင်းချခံရခြင်းထက် ဆရာတူဦးလေးနှင့်စကားပြောရသည်မှာ ပို၍အေးစက်ပေသည်။ သို့သော် မည်သို့တတ်နိုင်မည်နည်း။ ညီလေးနင့်ညီမလေးအကြောင်းကိုသာ တွေးနေမိခဲ့သည်။ ၎င်းတို့ပျောက်နေကြသောကြောင့်ဖြစ်သည်။

"မင်းသဘောပဲ။ မင်းအဒေါ်အနားယူနေတုန်းတော့ သူ့ကိုမနှောင့်ယှက်မိစေနဲ့။"

လင်းစစ်ယောင်က သတ္တိမွေးကာ စောဒကတက်နေသော မုံ့ချောင်ကျီကိုကြည့်လိုက်သည်။ ၎င်းတို့အတူရှိသည်မှာ ကြာပြီဖြစ်သော်လည်း သူမည်သို့မသိရပါသနည်း။ စစ်ရှန်း၏တပည့်အယောက်နှစ်ဆယ်ကျော်ကြားတွင် စစ်ထူယွင်မှလွဲ၍ မည်သူမှသူ့အားတိုက်ရိုက်မပြောရဲပေ။

သို့သော် ယနေ့တွင်တစ်ယောက်တိုးလာပြီဖြစ်သည်။

"တကယ်.. တကယ်ကြီးလား။ ကျေးဇူးတင်ပါတယ်။ ဆရာတူဦးလေး"

မုံ့ချောင်ကျီက တစ်လေးတစ်စားဖြင့် ဦးညွှတ်လိုက်ကာ ပျော်ရွှင်စွာ မြူးထူးပေါက်ခုန်ပြီးထွက်သွားသည်။

"တာဝန်ကျရင် မျက်လုံးကို ကျယ်ကျယ်ဖွင့်ထား"

လင်းစစ်ယောင်နောက်မှ အေးစက်စက်ဖြင့် ညွှန်ကြားလိုက်၏။

"စိတ်မပူပါနဲ့။ ဆရာတူဦးလေး။ ကျွန်တော်တို့က ဖန်းဟွာမြို့ကို ဝန်းရံထားပြီး ထိုးဖောက်ဝင်ရောက်လို့မရပါဘူး"

မုံ့ချောင်ကျီကြားသောအခါ ပြောလိုက်မိသည်။ သူသည် ရပ်ကာ လေထဲသို့လက်သီးကိုလွှဲလိုက်ပြီး လင်းစစ်ယောင်အား အလေးအနက်ပြောလိုက်သည်။ ထို့နောက်တွင် သူက အံကြိတ်လိုက်ပြီး စောင့်ကြည့်နေရာသို့ပြေးသွားသည်။

သို့သော်လည်း မုံ့ချောင်ကျီသည် သူ့အား တစ်စုံတစ်ခုအား သတိပေးခဲ့ခြင်းဖြစ်သည်။ ဖန်းဟွာမြို့သည် မထိုးဖောက်မဝင်ရောက်နိုင်သောခုခံမှုမျိုး လိုအပ်ပေသည်။ မြို့နောက်မှ တရှီတောင်နှင့်ပက်သက်၍ နောက်မှခြုံခိုတိုက်ခိုက်မည်ကို စိုးရိမ်စရာမလိုပေ။ ကင်းလှည့်သည့်အဖွဲ့နှင့်ဆိုလျှင် မြို့ထဲတွင်လည်း စိတ်ပူစရာမရှိပေ။ ဝင်ပေါက်အတွက်မူ ၎င်းတို့တံခါးတစ်ခုမတည်ဆောက်လျှင် အခြားသောအကာအကွယ်အရံအတားတစ်ခုလိုအပ်သည်ဆိုလျှင် အပြင်ဘက်မှမြို့ထဲသို့ဝင်လာသူများကို တားဆိးရန်တစ်ခုခုအား လိုအပ်ခြင်းဖြစ်ပေမည်။

လင်းစစ်ယောင်က မုံ့ချောင်ကျီ ထွက်သွားသောအရပ်သို့ကြည့်လိုက်၏။ မျက်တောင်အောက်ချလိုက်ပြီး လင်းစစ်ယောင်၏နှုတ်ခမ်းထောင့်စွန်းကွေးလေးသည် အနည်းငယ်မျှမြင့်တက်သွားကာ ဆေးခန်းရှိရာသို့ လမ်းလျှောက်ကာထွက်သွားတော့၏။

***

All Chapters