← Chapters

ပျော်ရွှင်မှုနှစ်ထပ်ကွမ်း

Vol. 5 Ch. 139

ပျော်ရွှင်မှုနှစ်ထပ်ကွမ်း

Vol. 5 Ch. 139

"ဟားဟား ရို့အာ.... ငါတို့နောက်ထပ်ကလေးရတော့မှာပေါ့နော်"

ကိုယ်ဝန်တစ်လရှိနေပြီဖြစ်သောဇနီးအားကြည့်ကာ ရွှယ်လီတစ်ယောက် ပြုံးနေမိသည်။

“လီ!”

ဖုန်းရို့အာက စိတ်လှုပ်ရှားနေသောခင်ပွန်းဖြစ်သူကို စိတ်ရှုပ်သောမျက်နှာဖြင့်ကြည့်လိုက်သည်။ သူမက သူ၏အင်္ကျီလက်စအားဆွဲယူပြီး တိတ်တိတ်လေးပြောလိုက်၏။

"အကျယ်ကြီးမရယ်နဲ့လေ"

သူမကိုယ်ဝန်ရှိသည်ကို တစ်မြို့လုံးပင်သိတော့မည်ဖြစ်သည်။

"ဘာဖြစ်လဲ"

ရွှယ်လီက လက်မခံသောပုံစံဖြင့် ပုခုံးတွန့်ပြလိုက်သည်။ ထို့နောက်တွင် သူသည် ဂရုတစိုက်ဖြင့် ဖုန်းရို့အာကိုဖက်လိုက်၏။

"ကောင်းပြီ။ သွားကြမယ်။ အကြာကြီးရပ်မနေနဲ့။ အဲ့မိန်းကလေးပြောတာတော့ ငါတို့ကလေးက မတည်ငြိမ်သေးဘူးတဲ့။ မင်းကောင်းကောင်းနားဖို့လိုတယ်။ အင်း ဒီကိုလာတဲ့မြင်းလှည်းကခရီးကြမ်းမလို့လား။ ငါသာ ဒီကိစ္စကိုသိခဲ့ရင် ဒီလောက်ကြမ်းတမ်းတဲ့ခရီးကိုလာဖို့သဘောတူမှာမဟုတ်ဘူး။ အခု‌ ငါတို့နန်းတော်ကိုပြန်ကြမလား။ ပင်ပန်းတဲ့ခရီးက တစ်ပတ်မကကြာဦးမှာ"

နွေဦးပွဲတော်ပြီးမှအိမ်ပြန်မည့်ခရီးအကြောင်းစဉ်းစားကာ ရွှယ်လီမျက်ခုံးကြုပ်လိုက်မိ၏။

"အချစ်"

ဖုန်းရို့အာက မျက်စောင်းထိုးကာ ပြုံးလိုက်သည်။

"ကျင်းကျီက ရက်နည်းနည်းလောက်နားဖို့လိုတယ်ပဲပြောတာပါ။ ကျွန်မခန္ဓာကိုယ်က အားနည်းလွန်းနေတယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ အဓိပ္ပာယ်မရှိတာတွေမပြောနဲ့တော့။ လူတွေကြားရင် ရယ်နေဦးမယ်"

နှစ်နှစ်ဆယ်ကျော်ကြာပြီးမှ ကိုယ်ဝန်ရသောကြောင့် ဖြစ်နိုင်ပေသည်။ သူမသည် ထိုနေ့များတွင် အတော်ပင်ပန်းနေသည်ဟု ခံစားနေရသည်။ မြင်းပေါ်တွင်ခရီးရှည်ကြီးလိုက်ပါခဲ့သောကြောင့်ဟု သူမထင်ခဲ့မိသည်။ ကိုယ်ဝန်ရှိသောကြောင့်ဖြစ်မည်ဟု မထင်မိပေ။

သူမသည် အသက်လေးဆယ်ကျော်ရှိပြီဖြစ်ကာ ကိုယ်ဝန်ထပ်ရှိနေကြောင်းကို အခြားသူများသိသွားမည်ကို ရှက်နေမိသည်။

"ဘယ်သူလုပ်ရဲလဲ"

ရွှယ်လီ၏မျက်နှာမည်းမှောင်သွားသည်။

"မင်းက နဂါးရင်သွေးကိုလွယ်ထားရတဲ့ ရွှယ်မင်တိုင်းပြည်ရဲ့ဘုရင်မပဲ။ မင်းနောက်မှာ ဘယ်သူကများ ပြောရဲမှာလဲ"

"ကျွန်မက ဥပမာပြောတာပါ။ ဘာလို့အရူးထနေရတာလဲ"

ဖုန်းရို့အာက မျက်စောင်းထပ်ထိုးမိပြန်၏။ အိပ်ခန်းထဲသို့ လမ်းလျှောက်ပြန်ရန် သူ၏လက်ကိုအားပြုကာ ဆွဲယူလိုက်သည်။

"ငါအရူးထတာမဟုတ်ပါဘူး။ ကောင်းပြီ ကောင်းပြီ။ ဝမ်းသာလွန်းလို့ပါ။ ငါ့မှာ နောက်ထပ်ကလေးရနိုင်မဲ့အခွင့်အရေးရှိလိမ့်မယ်ဆိုတာကို မယုံနိုင်သေးဘူး။ သတိထား မင်းက အခုကိုယ်ဝန်ရှိနေပြီ..."

"ကလေး ကလေးနဲ့ ရှင်ကလေးများများလိုချင်ရင် ဘာလို့ရှင့်အဖေဆိကသင်ပြီး မိန်းမများများယူမထားလဲ..."

“ရို့အာ!”

ရွှယ်လီက ဖုန်းရို့အာ၏စကားစအား ခပ်ပြတ်ပြတ်ပြောလိုက်ကာ ရပ်လိုက်သည်။

"ငါတို့လက်ထပ်လာတာ နှစ်တွေအများကြီးကြာပြီ။ အခုထိ ငါ့အကျင့်စရိုက်ကို မသိဘူးလား။ မင်းကျန်တာဟာသလုပ်လို့ရတယ်။ ဒါတော့မရဘူး"

"ကျွန်မတောင်းပန်ပါတယ် လီ၊ ကျွန်မစိတ်လွတ်သွားလို့ပါ။ အဲ့လိုဆိုလိုတာမဟုတ်ပါဘူး..."

ရွှယ်လီ၏လေးနက်သောမျက်နှာထားကိုမြင်လိုက်ရသောကြောင့် သူမက စိတ်လွတ်ကာ ရွှယ်လီစိတ်ထိခိုက်သွားစေမည့်စကားမျိုးအား ပြောလိုက်ခြင်းဖြစ်ကြောင်း သိလိုက်သည်။

ရွှယ်လီပြောသကဲ့သို့ပင် ၎င်းတို့လက်ထပ်ထားသည်မှာ နှစ်ပေါင်းများစွာကြာမြင့်ပြီဖြစ်ကာ အနိမ့်အမြင့်အတက်အကျများကိုလည်း အတူတူဖြတ်ကျော်လာခဲ့ကြသည်။ ဖခင်ဖြစ်သူ၏အပြုအမူက သူ့အား သတိပေးနေသည်ကို သူမသိသည်။ ဇနီးများစွာရှိခြင်း၏နောက်ဆက်တွဲအနေဖြင့် သွေးတပ်ဖွဲ့တော်ဝင်မိသားစု၏ တည်ငြိမ်အေးချမ်းခြင်းနှင့် ကောင်းမွန်စွာနေထိုင်ရခြင်းအား အန္တရာယ်ပေးခဲ့သည်။

ထို့အပြင် သားဖြစ်သူသည်လည်း ပြန်ပေးဆွဲခံလိုက်ရကာ နှစ်နှစ်ဆယ်ကျော်သည်အထိ သဲလွန်စပင်ရှာမရခဲ့ပေ။ သူမသည် ကျန်းအာကို များစွာသတိရမိသောကြောင့် အချိန်ကြာသည်အထိ ကလေးထပ်မယူခဲ့ပေ။ တော်ဝင်မျိုးဆက်အားထိန်းသိမ်းရန် မိန်းမထပ်ယူမည်ဟုလည်း သူကဘယ်သောအခါမှ မပြောခဲ့ဖူးပေ။ တစ်နေ့တွင် သားဖြစ်သူအသက်ရှင်နေသေးကာ အခြားသော အမေမတူသည့်ညီအစ်ကိုများက ထီးနန်းအတွက် အချင်းချင်းသတ်ဖြတ်ကြမည်ကို စိတ်ပူမိသောကြောင့်ဖြစ်သည်။ သူနှင့် ရွှယ်ယင်ကဲ့သို့ပင်။ ထိုသို့ဆိုလျှင် ရွှယ်မင်နန်းတော်သည် သွေးမိုးရွာရပေလိမ့်မည်။

အခြားနည်းဖြင့်ဆိုရလျှင် ရွှယ်ယင်၏အဖြစ်က ရွှယ်လီ၏အနောက်ဆောင်အား တိုးချဲ့မည့်ရည်ရွယ်ချက်အား ပိတ်ပင်ထားပြီးသားဖြစ်သွား၏။

သူမကိုယ်ဝန်ရသည်ကို သူသိသောအခါတွင် မည်မျှပျော်နေကြောင်းကို သူမ သိပေသည်။ သူမသည် မည်ကဲ့သို့ ပျက်ရယ်ပြုနိုင်မည်နည်း။ တုံးအလွန်းပေသည်။

"ငါသိပါတယ်"

မိမိကိုယ်ကိုအပြစ်တင်နေသာ သူမမျက်နှာအားမြင်လိုက်သောအခါတွင် ရွှယ်လီထပ်မဆူရက်တော့ပေ။ သက်ပြင်းချကာသာ သူမအား ဖက်ထားလိုက်သည်။

"ရို့အာ ကိုယ်တို့လက်ထပ်တဲ့အချိန်တုန်းက ကို့ဘဝတစ်လျှောက်လုံး မင်းကိုပဲလိုအပ်တာလို့ ပြောခဲ့သားပဲ။ ကိုယ်ပြောခဲ့တာက အမြဲတမ်းအတွက်ကိုဆိုလိုတာ။ အဖေ့မိန်းမအရေအတွက်က မြစ်ထဲကငါးထက်တောင်မှ များသေးတယ်။ တစ်နေ့မှာသူ့လိုမျိုးဖြစ်နိုင်ဖို့ ဘယ်တုန်းကမှ ဆုမတောင်းခဲ့ဖူးဘူး။ ဆန့်ကျင်ဘက်အနေနဲ့ သူ့ရဲ့အနောက်ဆောင်တစ်ခုလုံးကို ပြာချပစ်ချင်တာ။ ကိုယ်ပြောတာနားထောင်ပါ"

နှစ်သိမ့်ပေးမည့်စကားတစ်ချို့ထွက်လာမည်ဖြစ်သော သူမ၏နှုတ်ခမ်းနားတွင် သူ၏လက်အား ညင်သာစွာထားကာ ပြောလိုက်သည်။

တဖြည်းဖြည်းဖြင့် သူ၏နှလုံးသားကို ဖော်ပြနေပေသည်။

"အဲ့နှစ်တုန်းက ကျန်းအာမွေးတုန်းက ထပ်ပြီးကလေးမယူတော့ဘူးလို့ ဆုံးဖြတ်ခဲ့တယ်။ ငါတို့မှာကလေးရနိုင်သေးလား မရနိုင်သေးလားဆိုတာ မသေချာပေမဲ့ ကျန်းအာတစ်ယောက်တည်းနဲ့တင်လုံလောက်ပြီ။ ငါတို့လိုက်ဖက်ညီညီနေလို့ရပြီ။ ငါတို့သားလေးကို ရွှယ်ယန်က ပြန်ပေးဆွဲသွားခဲ့တယ်။ နှစ်ဆယ့်လေးနှစ်ကြာတဲ့အထိ သူ့ကိုရှာတာကိုလက်မလျော့ခဲ့ဘူး။ ဒါပေမဲ့ မင်းသိပါတယ်။ သူ့ကိုနောက်တစ်ခေါက်တွေ့ရဖို့က မရေရာဘူးလေ။ အဲ့တာကြောင့် နန်းတွင်းသမားတော်ကို မင်းကိုနောက်ထပ်တော်ဝင်မျိုးဆက်တွေထပ်မွေးဖွားနိုင်ဖို့ ပြုစုစောင့်ရှောက်ပေးဖို့တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ မင်းက ကျန်းအာကိုပဲလွမ်းနေတော့ မင်းကိုနာကျင်စေမိတာပေါ့။ ရွှယ်ယန်ဒီလိုလုပ်နိုင်ဖို့ အခွင့်အရေးရသွားတာက မင်းအမှားလို့ အမြဲပြောခဲ့တာ။ အဲ့တာကြောင့် (၂၄)နှစ်ကြာတဲ့အထိအဲ့အရိပ်မည်းကို မဖျက်ဆီးနိုင်ခဲ့ဘူး။ သမားတော်လျန် ပြောတာမှန်တယ်။ မင်းနှလုံးသားထဲကကြိုးကိုမဖြေနိုင်ရင် ကလေးမရနိုင်ဘူးတဲ့လေ။ အဲ့တာကြောင့် အဲ့အချိန်ကစပြီး ငါ့မှာသားမရှိလည်းအဆင်ပြေတယ်လို့ ဆုံးဖြတ်ခဲ့တာ။ အများဆုံးတော့ ငါ့ပုလ္လင်ကိုဆက်ခံဖို့ ငါတို့ဆွေမျိုးအသိုင်းအဝိုင်းထဲက တော်တဲ့ကလေးတစ်ယောက်လောက်ရွေးလို့ရတာပဲ။ အဲ့ကစပြီး မင်းကိုကုသမှုမခံယူခိုင်းခဲ့တာ။ အရာအားလုံးက သဘာဝအတိုင်းပဲဖြစ်သင့်တယ်လေ။ ဘာကိုမှအားသုံးဖို့ မကြိုးစားခဲ့ဘူး။ ဒါပေမဲ့ အဲ့လိုဆိုရင်တောင်မှ ရို့အာ အခြားဇနီးကိုလက်ထပ်ဖို့ ဘယ်တုန်းကမှ မတွေးဖူးခဲ့ဘူး။ မင်းကိုလိမ်ပြောခဲ့တာဆိုရ်် မိုးကြိုးမှန်ပြီးသေပါစေ..."

ဖုန်းရို့အာသည် ရုတ်တရက်ခေါင်းကိုမော့လိုက်ပြီး နောက်ဆုံးစကားလေးလုံးအားတားရန် ပိတ်ပင်လိုက်သည်။ သူမကပြုံးကာ မျက်ရည်များလှိမ့်ဆင်းလာပြီး စိတ်ထဲမှနာကျင်ခံစားရခြင်းက ပျောက်ကွယ်သွား၏။

"ကျွန်မနားလည်ပါတယ်။ ဘယ်လိုလုပ်နားမလည်ပဲနေမလဲ"

သူမက အသံခပ်နိမ့်နိမ့်ဖြင့်ပြောလိုက်သည်။ သူမနားလည်သောကြောင့် ပို၍အပြစ်ရှိသကဲ့သို့ ခံစားနေရခြင်းဖြစ်သည်။

"အဲ့လိုဆိုလည်းကောင်းပါတယ်။ ဒီနေ့ ပွင့်ပွင့်လင်းလင်းစကားအများကြီးပြောပြီး သံသယတွေကိုဖြေဖျောက်နိုင်ခဲ့ပြီ။ ရို့အာ မင်းမြင်တယ်မလး။ ငါ့မျိုးဆက် ရွှယ်အိမ်ရဲ့မျိုးဆက်တွေအားလုံးက တော်ဝင်မိသားစုပဲကွ"

ရွှယ်လီက အနားရှိဝါးတန်းအား ဝါးခြုံပုတ်ကိုကြည့်လိုက်သည်။ ညနေခင်းတိတ်ဆတ်သောနေရောင်အောက်တွင် ပုံရိပ်တစ်ခုသည် မနှောင့်ယှက်သကဲ့သို့ ပုန်းကွယ်၍လည်းမနေပေ။ နေရောင်အောက်တွင် ခုခံကာသည်းခံနေရှာသည်။

သူကြားသည်မဟုတ်လော။ ဖခင်ဖြစ်သူ၏ဖြောင့်ချက်အား နားထောင်ပြီးနောက်တွင် မည်သို့ပင်ဖြစ်စေ သူသည် အဖေကိုအဖေဟုခေါ်သင့်ကာ အမေကိုအမေဟု တစ်ကြိမ်မျှ ခေါ်သင့်သည်မဟုတ်လော။

လွန်ခဲ့သော(၂၄)နှစ်လုံးလုံး ၎င်းတို့သည် သူ့အား လက်မလျော့ခဲ့ကြပေ။ တစ်ခဏမျှပင်လက်မလျော့ခဲ့ကြ။

ရွှယ်လီက ဇနီးဖြစ်သူအား ဖက်ထားလိုက်သည်။ သူသည် အခန်းရှေ့ သစ်သားခုံရှေ့ပေါ်တွင် ရည်ရွယ်ချက်ချက်ရှိရှိ ထိုင်နေခြင်းဖြစ်သည်။ အကြည့်တစ်ချက်မချောင်းကြည့်ခင်တွင် ခေတ္တမျှစောင့်ဆိုင်းနေသည်။ ထိုအပြာရောင်ပုံရိပ်သည် ထိုနေရာတွင် မရှိတော့ပေ။

သားဖြစ်သူသည် သူ့အား ထပ်မံလှည့်စားပြန်လေသည်။

"ဘာပဲဖြစ်ဖြစ် မင်းကောင်းကောင်းအနားယူပါ။ ဘာကိစ္စပဲရှိရှိ မင်းရဲ့အရမ်းတော်တဲ့ခင်ပွန်းက သီးသန့်စံအိမ်ကို စောင့်ရှောက်ပေးလိမ့်မယ်။ စစ်ထူယွင်နဲ့ လျန်မော့မော့က အမွှာလေးတွေကို စောင့်ရှောက်ပေးလိမ့်မယ်။ အဲ့လောက်ကြီးစိတ်မပူသင့်ဘူး"

စုရွှေလျန်၏သွေးကြောအား စစ်ဆေးပြီးနောက်တွင် ယန်ကျင်းကျီက သူမအား ဆေးအညွှန်းအချို့ပေးကာ ကလေးအတွက်ကောင်းသည့်အစားအသောက်အချို့ညွှန်း၏။

"နင်နဲ့ နင့်ယောက္ခမက ကလေးတွေကိုကောင်းကောင်းမွေးရတော့မှာပဲ။ နောက်လကျ ငါပြန်လာခဲ့မယ်။ အင်း...ရှေးခေတ်က‌ဆေးခန်းတွေအကြောင်းပြောတော့မှ ဒီစီးပွားရေးနဲ့ချမ်းသာဖို့က တကယ်ခက်တာပဲ။ ငါတွေးထားတက်ထက် ပိုခက်နေတယ်"

  "ဘာလဲ။ နင်မကြိုက်တာတစ်ခုခုများ ရှိလို့လား"

စုရွှေလျန် ဆေးညွှန်းအား ယူလိုက်၏။ သူမသည် နှစ်ယောက်စာ လက်ဖက်ရည်အားငှဲ့ကာ ရှင်းလန်ဝယ်လာသောအချိုများကို ၎င်းတို့ရှေ့တွင် ချပေးလိုက်သည်။

"မွန်းလွဲပိုင်းထိ အလုပ်များနေတာပဲ။ တစ်ခုခုစားပါဦး"

"ငါမကျေနပ်လို့မဟုတ်ဘူး။ အင်း... ဒီခေတ်မှာ မိန်းမတွေအတွက် ကိုယ်ပိုင်စီးပွားရေးထူထောင်ဖို့ဆိုတာ တကယ်ခက်တာပဲ။ အဲ့တာကြောင့် ယင်းယွင်ကို အများကြီး အားကျနေရတာ"

ယန်ကျင်းကျီက လက်ဖက်ရည်ပူတစ်ခွက်တစ်မော့မျှသောက်လိုက်ကာ ပိန်းဥမုန့်အား ဝါးနေသည်။ မင်းသားကြီးစံအိမ်၏ အမျိုးသမီးစားဖိုမှူး၏ကြိုးပမ်းမှုနှင့်ပက်သက်၍ စောဒကတက်စရာမရှိပေ။

"ဟုတ်တယ်။ ဒါပေမဲ့ သူက ခက်ခဲကြမ်းတမ်းမှုဒဏ်ကို အများကြီးတွေ့ကြုံခံစားခဲ့ရတာ"

ပန်းထိုးအိမ်အတွက် ဘဝကိုနစ်မြုပ်ထားသော ကျန်းယင်းယွင်အကြောင်းတွေးလိုက်ကာ စုရွှေလျန်သက်ပြင်းချမိ၏။

"လူမှန်ကိုမတွေ့နိုင်ရင် ဒီလိုမျိုးနေတာက ကောင်းပါတယ်လေ"

ယန်ကျင်းကျီကမူ သူမပြောသည်ကို သဘောမတူပေ။ စုရွှေလျန်တွေးမိသည်မှာ သူသာမဟုတ်လျှင် သူမလက်ထပ်ဖြစ်မည်မဟုတ်ပေ။ တစ်ဘဝလုံးတစ်ယောက်တည်းဖြစ်နေခြင်းသည်လည်း မဆိုးလှပေ။ သူမသည် အိမ်နီးချင်းများ၏အတင်းအဖျင်းကို လျစ်လျူရှုကာနေတတ်ပြီဖြစ်သည်။

"ကောင်းပြီ။ ငါပြန်ရတော့မယ်။ ဘိုးဘေးခန်းမမှာ ငါ့ကိုစောင့်နေတဲ့လူနာတွေရှိသေးတယ်"

"မပြန်ခင်နေ့လည်စာစားသွားပါ့လား။ ရှင်းလန်ကို မီးဖိုချောင်ထဲမှာ ချုပ်ပြုတ်ခိုင်းထားတယ်။ နေ့လည်စာအတွက် ပုဇွန့်ဂဏန်းချက်ထားတယ်။ နင်တို့ကြိုက်တာ ငါသိပါတယ်"

လက်ဖက်ရည်သောပြီးသောအခါတွင် ပြန်ရန်ထလိုက်သော ယန်ကျင်းကျီကို အလျင်စလိုတားလိုက်၏။

"မဖြစ်ဘူး။ ဘိုးဘေးခန်းမမှာ လူတွေအများကြီး ငါ့ကိုစောင့်နေကြတာ။ နင့်ယောင်္ကျားအကြောင်းလည်း နင်သိပါတယ်။ ဘာမှကိုမပြောနိုင်ခင် ဆေးသေတ္တာဆွဲပြီး ငါ့ကိုဒီပို့လိုက်တာ။ ချင်းလန်တစ်ယောက်တည်း လူနာတွေကိုမဖြေရှင်းနိုင်မှာစိုးမိတယ်။ အင်း ငါပုဇွန်နဲ့ဂဏန်းကိုတကယ်ကြိုက်တယ်။ စစ်ထူယွင် ကိုပို့ခိုင်းလိုက်လို့ရမလား"

"အင်းပါ ပြဿာနာမရှိပါဘူး။ နေ့လည်စာပြင်ဆင်ပြီးရင် ပို့ခိုင်းလိုက်ပါ့မယ်"

စုရွှေလျန်ကခေါင်းညိတ်ပြလိုက်၏။ သူငယ်ချင်းသည် လူနာများနှင့်အလုပ်များနေလျှင် သူမဆွဲထား၍မဖြစ်ပေ။ ခင်ပွန်းဖြစ်သူသည် သူမအလုပ်လုပ်နေစဉ် ပြန်ပေးဆွဲလာခြင်းဖြစ်ပေသည်။

ယန်ကျင်းကျီပြန်သွားပြီးနောက်တွင် စုရွှေလျန်က အိမ်မကြီးဆီသို့ ပြန်လာ၏။

"အမ် ရှင်အစောကြီးပြန်လာတာလား"

စုရွှေလျန်က မျက်လုံးလေးပေကလပ်ပေကလပ်ဖြင့် မေးလိုက်သည်။ သူထွက်သွားသည်မဟုတ်လော။ ဝါးတောမှမိဘများကို ဂုဏ်ပြုစကားဆိုရန် သူမတွန်းပို့လိုက်သော လင်းစစ်ယောင်သည် စားပွဲတွင်ထိုင်ကာ လက်ဖက်ရည်သောက်နေပေသည်။

"သွားခဲ့တယ်။ မင်းအခုဘယ်လိုနေလဲ။ သမားတော်က တစ်ခုခုပြောသေးလား။ မင်းကိုယ်ဝန်ရှိနေတာကို ဒီလိုမျိုးလျှောက်ပြေးရဲတယ်ပေါ့လေ"

သူသည်လက်ဖက်ရည်ခွက်ကို စားပွဲပေါ်တွင် ပြန်ထားလိုက်သည်။ ရှေ့သို့ထွက်လာကာ သူမကိုဆွဲပြီး ပွေ့ဖက်ထားလိုက်သည်။

“ကျင်းကျီက ကျွန်မကို ဘာပြောနိုင်မှာလဲ"

စုရွှေလျန်တွေးကာ သူ့အား မျက်စောင်းထိုးလိုက်မိသည်။ ကံမကောင်းစွာဖြင့် သူမ၏ရွှန်းလဲ့နေသောမျက်လုံးများသည် သူမ၏နူးညံ့ကာအားပျော့သောခံစားချက်အား သိရှိသွားစေသည်။

"လုံအာနဲ့ ရှောင်အာတို့က တစ်နှစ်မရှိသေးပေမဲ့လို့ ကျွန်မက ကိုယ်ဝန်ထပ်ရှိပြန်ပြီ။ ရှင်ကျွန်မကို မျက်နှာပျက်ရအောင်လုပ်နေတာပဲ"

သူမက နှုတ်ခမ်းလေးကိုက်ကာ ပြောလိုက်သည်။ သူမသည် နှစ်တိုင်းကိုယ်ဝန်ရှိသကဲ့သို့ဖြစ်နေလေသည်။ သူမသည် ဝက်အမေကြီးနှင့်တူနေပြီဖြစ်၏။

"ဘာတွေကြောက်နေတာလဲ။ အမေ..လည်း မင်းရှေ့မှာရှိတယ်။ လူတွေက သူ့ကိုပဲ သတိထားမိကြမှာ"

လင်းစစ်ယောင်ပြုံးကာ ဖက်လိုက်သည်။ သူမကိုသူ၏ပေါင်ပေါ်တွင်ထိုင်စေပြီး သက်တောင့်သက်သာရှိစေသည်။ သို့သော်လည်း ဖုန်းရို့အာကိုခေါ်လိုက်သောအခါတွင် အသံသည် သဘာဝဆန်မနေပါ။

"အိုး...အားယောင်...?"

သူမနားကြားမှားနေသည်လော။ အမေဟု တကယ်ပင်ခေါ်လိုက်သည်လော။ စုရွှေလျန်အံ့ဩမှင်သက်စွာဖြင့် ခေါင်းမော့မိသည်။

"ဘာမှားလို့လဲ"

သူကခေါင်းလှည်ည့်ကာ သူမကိုမျက်နှာချင်းဆိုင်လိုက်သောအခါတွင် အနည်းငယ်မျှရှက်သွားမိ၏။ တစ်ချိန်တည်းတွင်ပင် သူ၏ချီဓာတ်ဖြင့် မျက်နှာကို တိတ်တခိုးအအေးခံလိုက်သည်။ ဇနီးလေးအား သူ၏ရှက်နေသောမျက်နှာအား မမြင်စေလိုပေ။

"မဟုတ်ဘူး မဟုတ်ဘူး"

စုရွှေလျန်က ချက်ချင်းပင်ခေါင်းခါမိသည်။ ဟာသများကိုဘေးဖယ်ထားလျှင် သူ့အတွက် ရှားပါးလှသောအမြင်ပင်ဖြစ်ပေသည်။ သူမပြန်ရုပ်သိမ်း၍မဖြစ်ပေ။

စုရွှေလျန်က အလျင်စလိုဖြင့် ခေါင်းစဉ်ပြောင်းလိုက်သည်။

" အားယောင် ကျွန်မမိဘတွေဆီစာရေးပြီး သူတို့ကိုဒီအကြောင်းပြောပြချင်တယ်"

"အင်း"

သူကခေါင်းညိတ်ပြကာ စိတ်ထဲမှသက်ပြင်းချလိုက်မိသည်။ သူ၏ရုတ်တရက်ဆန်သောပြောင်းလဲခြင်းအား သူမ မမေးလျှင်လည်း ကောင်းပေသည်။ ချီယွင်မြို့တွင် စိတ်ထဲတွင်ရှိခဲ့သောအနှောင့်အဖွဲ့ကို ဖြေပြီးဖြစ်သော်လည်း အဖေနှင့်အမေဟူသောစကားလုံးများမှာမူ (၂၄)နှစ်တာလုံး မရင်းနှီးခဲ့ရပေ။ ထို့ကြောင့် တွန့်ဆုတ်ခြင်းမရှိဘဲ ခေါ်ရန်ခက်ခဲပေသည်။

သို့သော် ယခုတွင် အခွင့်အခါကောင်းဖြစ်သည်မဟုတ်လော။ အမေနှင့်ဇနီးလေး နှစ်ဦးသားတွင် ကိုယ်ဝန်ရှိနေလေသည်။ ယခုတွင် မိဘများကိုလက်ခံလိုက်လျှင် ရွှယ်မင်တိုင်းပြည်သို့ပြန်ရန်လည်း မလိုအပ်တော့ပေ။

***

All Chapters