လူစုမိခြင်း
Vol. 5 Ch. 141
ကြာရှည်စွာစောင့်စားခဲ့ရသည့်နွေဦးပွဲတော်သည် နောက်ဆုံးတွင် ဖန်းဟွာမြို့သို့ ရောက်ရှိလာပြီဖြစ်သည်။
နောက်ဆုံးပြဇာတ်သည် စတင်ပြီဖြစ်၏။ ယခုမနက်ခင်းသည် ဖန်းဟွာမြို့က ခရီးသွားများအတွက် နောက်ဆုံးဖွင့်ပေးထားသောမနက်ခင်းဖြစ်သည်။ မွန်းလွဲပိုင်းပြီးနောက်တွင် ဖန်းဟွာမြို့သည် ရွာသားများသာ ဆန္ဒရှိသလိုဝင်ထွက်နိုင်သည့် မင်းသားကျင်းစံအိမ်ဖြစ်လာတော့မည်ဖြစ်သည်။
ထိုအရာမှာ လင်းစစ်ယောင်ထုတ်ပြန်လိုက်သောစည်းမျဉ်းအသစ်ပင်။ မရေးထားသောစည်းမျဉ်းဖြစ်သော်လည်း မည်သူမျှ မဖောက်ဖျက်ရဲသကဲ့သို့ မလိုက်နာ၍လည်း မနေရဲကြပေ။
ဖန်းဟွာမြို့၏ဝင်ပေါက်နှစ်ပေါက်တွင် မီတာများစွာကျယ်သောဝင်္ကပါတစ်ခု တည်ဆောက်ထားသောကြောင့်ဖြစ်သည်။
သန့်ရှင်းသပ်ရပ်စွာစိုက်ပျိုးထားသော တရုတ်ဆီဂသီးပွင့်တောအုပ်တစ်ခုပင်ဖြစ်သည်။ သို့သော်လည်း ကြယ်ခုနှစ်ပွင့်ထောင့်ရှစ်ထောင့်ကဲ့သို့ဖွဲ့စည်းပုံမျိုးဖန်တီးခြင်းအား မကျွမ်းကျင်သောသူသည် တရုတ်ဆီးသီးပင်များလယ်တွင် ဖန်းဟွာမြို့ဝင်ပေါက်အား မည်သည့်အခါမျှရှာတွေ့လိမ့်မည်မဟုတ်ပေ။
စစ်ထူယွင်နှင့်ညီအစ်ကိုများသည် ရွာထဲရှိ အိမ်တစ်အိမ်ချင်းစီသို့သွားကာ မြို့ထဲသို့ မည်သို့ဝင်ရထွက်ရမည်ကို ရှင်းပြကြသည်။ အမှန်ပင်ရိုးရှင်းပေသည်။ တောအုပ်ရှေ့တွင် မျက်လုံးမှိတ်ကာ ခြေလှမ်းနှစ်ဆယ်တည့်တည့်လျှောက်လာလျှင် မြို့တံခါးတွင်ရှိသောဘုရားကျောင်းသို့ရောက်ပြီဖြစ်၏။
အခြားမြို့ရွာများမှ ခရီးသွားများကို ပြဇာတ်ကြည့်ရန် (၁၅)ရက်တာမျှ ဖွင့်ပေးပြီးနောက်တွင် ဖန်းဟွာမြို့၏နေထိုင်သူများသည် အပြင်ဘက်ခရီးသွားလာသူများအား အာရုံစိုက်မှုနည်းသွားကြလေသည်။ မြို့တစ်ခုလုံးသည် ခရီးသွားများကို အကြိမ်ပေါင်းများစွာတောင်းဆိုခဲ့သော်လည်း သီးသန့်စံအိမ်၏ သန့်ရှင်းသပ်ရပ်မှုမှာ ညစ်ပတ်ပေရေမှုဖြင့်သာ ဖုံးလွှမ်းသွားရပေသည်။ နှစ်ကြိမ်မျှသတိပေးပြီးနောက်တွင် နှင်ထုတ်လိုက်ရသည့်ခရီးသွားများပင်ရှိသည်။ နံရံများပေါ်တွ၍်ပေါက်နေသောအသီးအားလုံးလည်း ကုန်ပြီဖြစ်သည်။ ခရီးသွားများလာနေသမျှတွင် သစ်သီးခြံထဲ၌ အသီးများရှိမည်မဟုတ်တော့ပေ။
ထို့ကြောင့် လင်းစစ်ယောင်က ထိုပြဿနာအား ဖြေရှင်းလိုက်ခြင်းဖြစ်သည်။ မြို့တစ်ခုလုံး၏ခရီးသွားများသည် လက်ခုပ်လက်ဝါးတီးကာ သဘောတူကြပေသည်။
ထိုနေ့မှစ၍ ဖန်းဟွာမြို့သည် အမှန်ပင် ထိုးဖောက်၍မရသောအရံအတားတစ်ခုရှိသွားလေသည်။
"နောက်ဆုံးတော့ ငါငြိမ်းငြိမ်းချမ်းချမ်းနေနိုင်ပြီ။"
စစ်လော့က မေးစေ့ကိုပွတ်ကာ နှစ်နှစ်ခန့်ရှိသောကွေ့ဟွားပန်းဝိုင်ကို ပါးစပ်ထဲသို့လောင်းထည့်လိုက်သည်။ မျက်လုံးများက ဝမ်းသာမှုဖြင့် ပြည့်နှက်နေသည်။
"ကောင်းပြီ။ တကယ်တော့ ဘယ်သူက ဒီလိုခပ်တုံးတုံအကြံကိုများ ကြံမိတာပါလိမ့်။ လဝက်လောက်ဇာတ်လမ်းဆင်လိုက်တာလား။ ဧည့်သည်တွေအတွက် ဖွင့်ပေးတယ်တဲ့လား။ ဘာဘုရားကျောင်းတို့ စေတီတို့မှမဟုတ်ဘူး။ ငါတို့က အလာကားလက်ဖက်ရည်တောင်လှူခဲ့ရတယ်"
စစ်ရှန်းက ဝိုင်ကောင်းအား တစ်ကျိုက်မျှသောက်ကာ မေးလိုက်သည်။
"မြို့သူကြီးက စီမံခန့်ခွဲရေးမှူးကရှောင်းကလည်း သဘောတူတယ်ထင်တယ်တဲ့။ အဲ့တာကြောင့် နေရာယူလိုက်တာလေ။ ဘာပဲဖြစ်ဖြစ် ကောင်းပါတယ်လေ။ ဒီအဆင်မပြေတာကြောင့်ပဲ ရွာထဲက ခေါင်းမာတဲ့သူတွေက မြို့ထဲမှာချထားတဲ့ဖွဲ့စည်းပုံကို ဆန့်ကျင်ဖို့ မပြောကြတော့ဘူး။"
လင်းစစ်ယောင်က ကုလားထိုင်ပေါ်တွင်မှီကာထိုင်လိုကပြီး ၎င်း၏ခွက်ကိုမြှောက်ကာ အဝေးရှိလှပသောတောင်တန်းကိုကြည့်နေသည်။ နေသည် တောင်တန်းထိပ်တွင် တွဲလွဲချိတ်ဆွဲနေကာ ပွင့်လန်းနေသောကြာကန်ပေါ်တွင် တောက်ပနေသည်။ ညှို့ယူဖမ်းစားနိုင်သောမြင်ကွင်းပင်ဖြစ်သည်။
"ဒီဝိုင်က တကယ်ကောင်းတာပဲ။ ရှိသေးလား သိချင်မိတယ်။"
စစ်လော့က မကျန်တော့သော ဝိုင်ပုလင်းအောက်ခြေကို လှုပ်ရမ်းလိုက်သည်။ ပါးစပ်ထောင့်စွန်းမှကွေးသွားကာ လင်းစစ်ယောင်အားကြည့်လိုက်၏။
"မရှိတော့ဘူး။ စုရွှေလျန် က တစ်ပုလင်းထဲလုပ်ထားတာ။ မင်းတို့တွေဒီမှာမရှိဘဲ ငါတို့မိသားစုပဲရှိတယ်ဆိုရင် ငါတို့က ဝိုင်ကောင်းကောင်းတွေပိုပြီးလုပ်နိုင်ဦးမှာ။"
လင်းစစ်ယောင်ဖြေလိုက်သော်လည်း သူ၏ခေါင်းသည် အနည်းငယ်မျှပင် လှည့်မလာပေ။ သို့သော်လည်း မျက်ဝန်းထဲမှအပြုံးကာ ခံစားချက်မဲ့နေသောမျက်နှာအား သက်ရောက်မှုမရှိပေ။ သူပြောသည်ကိုနားထောင်ရင်း စစ်လော့နှင့်အခြားသူများက အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ၎င်းတို့ကိုစိတ်အနှောင့်အယှက်ဖြစ်ရသည်ဟု ဆိုလိုနေခြင်းမဟုတ်လော။ ကိုးရိုးကားရားနိုင်သောသူဟူ တစ်ညီတစ်ညွှတ်တည်း ညည်းလိုက်မိကြသည်။
"မင်းရဲ့အသိတရားတွေ ဘယ်ရောက်သွားတာလဲ။ ငါတို့ကျေးဇူးကြောင့် ဖန်းဟွာသီးသန့်စံအိမ်က အခုလိုမျိုး ငြိမ်ချမ်းပြီး လှပနေတာလေ။"
စစ်ရှန်းက အပေါ်သို့ မျက်လုံးပင့်ကြည့်လိုက်ကာ ကျယ်လောင်စွာပြောလိုက်သည်။
"မင်းအလုပ်မကြိုးစားဘူးဆိုရင် ဘာလုိ့ ငါကမင်းကိုနေခွင့်ပြုရမှာတဲ့လဲ။"
လင်းစစ်ယောင်ကခေါင်းမော့က သူ့လက်ထဲမှဝိုင်အား လက်စသတ်လိုက်သည်။ သူက လှည့်ကာ အခြားနှစ်ယောက်ကိုလည်း စောင်းကြည့်ပြီးမေးလိုက်သည်။
"အင်း မင်းတို့ဒီမှာနေခွင့်ရတာကလည်း အလုပ်ကြိုစားလို့ပဲလေ။"
စစ်လော့က လက်ခုပ်တီးကာ ပြောလိုက်သည်။ သူ၏မျက်လုံးများက ကျဉ်းမြောင်းကာ ဝိုးတိုးဝါးတားဖြင့် အနည်းငယ်မျှထွေနေလေသည်။ ၎င်းတို့လေးယောက်ထဲတွင် သူသည် သည်းခံစိတ်အနည်းဆုံးသူဖြစ်သည်။ သူ့ကိုကြည်ကာ ဝိုင်ပုလင်းတစ်ဝက်အား လက်စသတ်လိုက်ပြီး အိပ်ချင်နေပုံပေါ်ပေသည်။
"ဟုတ်တယ်"
အမှန်တရားဖြစ်သောကြောင့် လင်းစစ်ယောင်က ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက်တွင် သူသည် သောက်နေသောစစ်လော့အား တစ်ချက်ကြည့်လိုက်သည်။ ခေတ္တမျှစဉ်းစားလိုက်ပြီး သတိပေးလိုက်၏။
"အခြားသူတွေကို မမှတ်မိနိုင်တဲ့အထိ မသောက်နဲ့။"
သွေးသောက်ညီအစ်ကိုများအနေဖြင့် ၎င်းသည် သူ့အား ရင်းနှီးဖော်ရွေသောအသိပေးမှုပေးရန်အထိ ကြင်နာပေသည်။ တစ်စုံတစ်ခုဖြစ်ခဲ့လျှင် ထိုသူသည် သူ့အား သတိမပေးသည့်အတွက် အပြစ်တင်မည်မဟုတ်ပေ။
"ဘာလဲ။"
စစ်လော့က လင်းစစ်ယောင်ကို ရီဝေနေသောမျက်လုံးများဖြင့်ကြည့်ကာ
"မင်းကဘယ်သူလဲ"
"မင်းလည်း မိန်းမရှာပြီး အခြေချသင့်ပြီလို့ သူကပြောနေတာ။"
စစ်ရှန်းက မျက်လုံးများပိတ်သွားသည်အထိ ပြုံးလိုက်ကာ လင်းစစ်ယောင်က ရှင်းပြချက်တစ်ခုပေးမည်ကိုတားလိုက်လေသည်။
"အဟက် ငါ စစ်လော့ကလေ အိုတဲ့အထိ တစ်ယောက်တည်းနေဖို့ ဆုံးဖြတ်ထားတာ။ ဘာပဲဖြစ်ဖြစ် စစ်လင်မှာ ကလေးတွေအများကြီးရှိတာပဲ။ သူ့ကလေးထဲကတစ်ယောက်ကို မွေးစားလိုက်တာပေါ့...အဟက်..."
လင်းစစ်ယောင်က စစ်လော့စကားကိုကြားသောအခါတွင် နှာခေါင်းရှုတ်လိုက်မိသည်။ သူ၏တန်ဖိုးရှိလှသောကလေးများအား ချိန်ရွယ်ရဲပေသည်။ ယနေ့ညတွင် သူသည်အရိုက်ခံရန် ထိုက်တန်နေပြီဖြစ်၏။
စစ်ရှန်းက ဘာမျှမပြောဘဲ နဖူးသာပွတ်နေမိသည်။ သူက သက်ပြင်းချလိုက်ပြီး အရက်မူးနေသည့် စစ်လော့ကိုထရန် ကူပေးလိုက်သည်။
"သွားကြမယ်။ ဒီမှာနေပြီး ကိုယ့်ဘာသာအရှက်မရစေနဲ့။ မင်းအခန်းထဲကို ပြန်ပို့ပေးမယ်။ ဒီနေ့ည ငါတို့လမင်းကြီးကို အတူတူကြည့်ကြမယ်။"
"စစ်လင် စစ်ထိုက ဒီနှစ်ပြန်မလာတော့ဘူးတဲ့လား"
၎င်းတို့ အဌဂံရှုခင်းသာအဆောက်အဦးငယ်ဆီမပြန်ခင်တွင် စစ်ရှန်း က အချိန်ကြာမြင့်စွာအထိ စာပင်မပို့သော စစ်ထိုကို အမှတ်ရသွားသည်။ သူက လှည့်ကာမေးလိုက်၏။
"သူ့ဆီက ခုထိဘာမှမကြားသေးဘူးလား။ ဒါပေမဲ့ မကြာခင်ပြန်ရောက်လာမှာပါ။ ငါထင်တာပဲ"
အချိန်ကာလအပိုင်းအခြားသာဖြစ်သည်။ သန်းခေါင်မတိုင်ခင်တွင် ၎င်းတို့သည် လကိုရှုစားကြမည်ဖြစ်သည်။
"ကောင်းပြီ။ ဒီညတွေ့မယ်။ သူ့ကိုအခန်းထဲလိုက်ပို့လိုက်ဦးယ်။ ဒီလူက သိုင်းပညာကို ခုတစ်လောမလေ့ကျင့်ဘူးလေ။ သူ့ခါးကလည်း အစားတွေစားပြီးတုတ်လာပြီ။ လေးလိုက်တာ..."
လင်းစစ်ယောင်က ခွက်ထိုးခွက်လန်ရယ်မောလိုက်ကာ ထွက်ခွာသွားသောပုံရိပ်များကို ကြည့်နေမိသည်။ ထို့နောက်တွင် ပုလင်းအလွတ်နှင့်စားပွဲပေါ်ရှိခွက်များကိုသန့်ရှင်းကာ စုရွှေလျန် နှင့်အတူလကြည့်ရန် အိမ်မကြီးဆီသို့ ပြင်ဆင်ရန်ပြန်သွားပေသည်။
သူသည် ပွဲကြည့်စင်ဆီသို့ထွက်ခွာခါနီးတွင် ရပ်လိုက်ကာ ကြာကန်အလယ်ကိုကြည့်ပြီးပြုံးလိုက်၏။
"မင်းဒီမှာရှိနေတာကို ဘာလို့ကိုယ်ထင်မပြတာလဲ။"
"အဟင် မင်းအရည်အချင်းတွေပိုပြီးတိုးတက်လာပါ့လား"
အရိပ်တစ်ခုသည် ကြာပန်းများကြားမှ ရွေ့လျားလာသည်။ သူသည် မိုင်တစ်ထောင်မျှဝေးသော ဖုန်းယောင်တရားရုံးမှာ နွေဦးပွဲတော်အတွက် လာခဲ့သောစစ်ထိုပင်ဖြစ်သည်။
"မင်းဘယ်ချိန်ကရောက်တာလဲ။ ငါတို့က ဝိုင်သောက်လို့တောင်ပြီးသွားပြီ"
လင်းစစ်ယောင်က ဘယ်ဘက်လက်ထဲတွင်ရှိသောဝိုင်ပုလင်းအလွတ်ကို မြှောက်ပြလိုက်သည်။
"ခုလေးတင်ရောက်တာ"
စစ်ထိုက အင်္ကျီလက်စကိုမြှောက်ပြလိုက်ပြီး ခုံတန်းရှည်ပေါ်တွင်ထိုင်လိုက်သည်။ သူသည် လက်နှစ်ဖက်ကို ခေါင်းနောက်တွင်ထားကာ တိုင်ကိုမှီလိုက်သည်။
"သနားစရာကောင်းလိုက်တာ။ ငါနည်းနည်းနောက်ကျသွားတာပဲ။"
"ဘာဖြစ်ခဲ့တာလဲ။ မင်းဒဏ်ရာရလာတာလား"
လင်းစစ်ယောင် စစ်ထို၏ ကိုယ်နေဟန်ထားထူးခြားနေသည်ကို သတိထားမိကာ မျက်မှောင်ကြုတ်ပြီး သူ့အား စစ်ဆေးလိုက်သည်။
"အဖမ်းခံခဲ့ရတာ"
စစ်ထိုက သဘာဝကျကျပင် လဲကျသွားကာ သူ၏ခွန်အားအား သက်သာစေရန် ခုံတန်းရှည်ပေါ်တွင် လဲလျောင်းလိုက်သည်။
"မင်းကို ဘယ်သူက နာကျင်အောင်လုပ်လိုက်တာလဲ"
လင်းစစ်ယောင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ သူ၏အရည်အချင်းဖြင့ဆိုလျှင် စစ်ထိုသည် သိုင်းလောက၏ထိပ်တနးဆယ်ယောက်တွင်ရှိသည်။ ဖုန်းယောင်တရားရုံးသည် လူသတ်ခြင်းတာဝန်များကိုလည်း လက်မခံတော့ပေ။ ထိုသို့ဆိုလျှင် စစ်ထိုအဘယ့်ကြောင့်ဒဏ်ရာရလာသနည်း။
အမှန်တွင် လင်းစစ်ယောင်သည် စစ်ထို၏ဒဏ်ရာအား စိတ်ပူခြင်းမဟုတ်ပေ။ သူသည်ပင် တစ်နှစ်လျှင် အကြိမ်ပေါင်းများစွာဒဏ်ရာမရခဲ့လျင် စစ်ထိုကဲ့သို့ ဖြစ်မည်မဟုတ်ပေ။ လင်းစစ်ယောင် သည် အန္တရာယ်အား ဖန်းဟွာမြို့သို့သယ်လာမည်ကိုသာ စိတ်ပူမိခြင်းဖြစ်သည်။
"စိတ်မပူပါနဲ့။ သူက အနိုင်လုချင်ယုံသက်သက်ပါ"
စစ်ထိုက လင်းစစ်ယောင်၏မျက်နှာအမူအရာကို သတိထားမိလိုက်သည်။ သူသည် မျက်လုံးပင့်ပြလိုက်ပြီး
"ဟေး ကောင်းတာဖြစ်ဖြစ်ဆိုးတာဖြစ်ဖြစ် ငါကနစ်နာသူလေ။ ဒဏ်ရာရခဲ့တဲ့သူလေ။ မင်းက ငါ့ကိုမနှစ်သိမ့်ပေးဘူး။ အနည်းဆုံးတော့ ငါ့ကို တစ်ခုခုကျွေးသင့်တာပေါ့။ တစ်နေကုန်ဘာမှမစားရသေးဘူး"
သီးသန့်စံအိမ်သို့ရောက်လျှင်ရောက်ခြျင်း ကြာကန်သို့ဦးစွာလာလည်ရသောအကြောင်းရင်းပင်ဖြစ်သည်။ သူသည် အစောပြေကြာစေ့များကိူ ခူးယူစားရန် စီစဉ်ထားပေသည်။ အိမ်ပိုင်ရှင်က ၎င်း၏ပြစ်မှုအား မိသွားမည်ဟု မထင်မိခဲ့ပေ။
"သည်းခံလိုက်ဦး"
လင်းစစ်ယောင်က လှည့်ထွက်သွားကာ အဝေးသို့ခုန်သွားသည်။ ပျောက်ကွယ်သွားပြီး ကျောက်တုံးခုံရှည်ပေါ်တွင် စစ်ထိုတစ်ယောက်လှဲလျောင်းရင်းဖြင့် ကျန်နေခဲ့သည်။ သူက တိတ်တဆိတ်ညဉ်းတွားမိလိုက်၏။
"မင်းငါ့ကို ထင်းရှုးဥယျာဉ်ဆီသွားဖို့ ကူညီပေးသင့်တာ။ အဲ့လိုဆို ရေပူလေချိုးပြီး အစားအသောက်ပူပူလေးစားလို့ရပြီ...."
***