← Chapters

နွေဦးပွဲတော်အားအထမြောက်ခြင်း

Vol. 5 Ch. 142

နွေဦးပွဲတော်အားအထမြောက်ခြင်း

Vol. 5 Ch. 142

~Warning~

ဖုန်းရို့အာနှင့် ရွှယ်လီသည် သီးသန့်စံအိမ်၏ဝန်ထမ်းများလုပ်ထားသည့် လမုန့်ကိုစားနေကြကာ လွန်ခဲ့သောတစ်နှစ်က စုရွှေလျန်လုပ်ထားသည့် စပျစ်ဝိုင်အခွက်ပေါင်းများစွာသောက်သုံးကြ၏။ ၎င်းတို့သည် ဝါးဥယျာဉ်သို့ ပြန်ချင်ပြီဖြစ်သည်။ ဖုန်းရို့အာသည် ကိုယ်ဝန်ရှိနေစဉ်တွင် ပို၍ငိုက်မြည်းတတ်လာသည်။ မနက်နေထွက်သည်မှစ၍ သန်းဝေနေတတ်၏။ ရွှယ်လီသည် ဇနီးဖြစ်သည် ကိုယ်ဝန်ဆောင်၍ပင်ပန်းနေသည်ကိုကြည့်ကာ စိတ်မကောင်းဖြစ်နေမိသည်။ ထို့ကြောင့် သူမကို အလိုလိုက်ကာအကြိုက်ဆောင်ထား၏။

"မင်းရောနားချင်ပြီလား။"

လင်းစစ်ယောင်က ခေါင်းငုံ့ကာ ချစ်ဇနီးလေးအား မေးလိုက်သည်။

စုရွှေလျန်က ရီဝေနေသောမျက်လုံးများကို မှိတ်ပြလိုက်သည်။

"နည်းနည်းလေးတော့ပင်ပန်းနေတယ်"

ညနေပိုင်းတွင် သူမအားလပ်သောအခါ၌ အမွှာလေးများအတွက် ငွေထည်ညအိတ်ဝတ်စုံလေး လုပ်ပေးနေ၏။

ယခုလ အစောပိုင်းတွင် မင်းသားကြီးစံအိမ်က ကွမ်းချီအိမ်ကို ချီးမြင့်ထားသည့်ပိုးထည်ခြောက်လိပ်ကိုယူရန် တောင်းဆိုခဲ့သည်။ ဈေးထဲတွင် အလွယ်တကူရှာမတွေ့နိုင်သော နန်းတွင်းသုံးပိုးထည်များဖြစ်သည်။ အလွန်ကောင်းမွန်ပင် ညဝတ်အင်္ကျီများချုပ်ရန် သင့်လျော်သည်။ လွန်ခဲ့သောနှစ်ရက်က အားယောင်အတွက် ညဝတ်အင်္ကျီချုပ်ပေးခဲ့ပြီးဖြစ်သည်။ ယခုရက်ပိုင်းတွင် ကလေးများအတွက် အင်္ကျီလုပ်ပေးချင်ရှာသည်။

သူမက အစကောင်းများကိုဖြတ်ကာ ချုပ်လုပ်နေသည်။ ထိုသို့လုပ်နေခြင်းကို လင်းစစ်ယောင်က မတားပေ။ သူမကို အချိန်ကြာမြင့်စွာသာအလုပ်မလုပ်ရန် သတိပေးကာ မျက်လုံးများမထိခိုက်စေရန်ဖြစ်သည်။

စုရွှေလျန်သည် နောက်ဆုံးတွင် သူမအချိန်ကိုကုန်လွန်စေရန် အပန်းဖြေကာအလုပ်လုပ်နိုင်မည့်အရာအားလုပ်ရန် ဆုံးဖြတ်ခဲ့သည်။

"အဲ့လိုဆို ငါတို့ပြန်သင့်ပြီ"

လင်းစစ်ယောင်က သူမကို လက်တစ်ဖက်ဖြင့်ဖက်ကာ အခန်းထဲသို့ ပြန်ခေါ်သွားသည်။

စုရွှေလျန်က သူ၏ရင်ဘတ်ပေါ်တွင် ခေါင်းကိုတိုးဝှေ့လိုက်သည်။ သူမက နှုတ်ခမ်းစူလိုက်ကာ

"ရှက်ဖို့ကောင်းလိုက်တာ"

သူမသည် လင်းစစ်ယောင်၏ပျော်ရွှင်နေသောတခစ်ခစ်ရယ်မောသံကို ကြားလိုက်ရသည်။

"အဖေက အမေ့ကိုဖက်ပြီး အခန်းထဲပြန်ခေါ်သွားတာတွေ့လား"

"ကျွန်မတို့က သူတို့နဲ့မှမတူတာ"

ထိုအချိန်တွင် ဖုန်းရို့အာသည် ရွှယ်လီကိုမှီကာ အိပ်ပျော်နေပြီဖြစ်၏။ အမှန်တွင် သူမကိုရပ်ရန် မပေးလိုက်ကာ အခန်းထဲသို့ပြန်ခေါ်သွားခြင်းဖြစ်သည်။

"ဘာမှမတူတာမရှိဘူး"

နှစ်ဦးလုံးသည် ကိုယ်ဝန်ဆောင်ထားသောအမျိုးသမီးများဖြစ်ကြကာ အထူးဂရုစိုက်ရန်လိုအပ်ပေသည်။ လင်းစစ်ယောင်က ခပ်ရေးရေးလေးပြုံးလိုက်ပြီး သူမကိုအိပ်ရာပေါ်တွင် ညင်သာစွာချပေးလိုက်သည်။

"ဒီနေ့ ဘယ်လိုခံစားရလဲ"

"နေလို့ကောင်းပါတယ်။ လုံအာ နဲ့ ရှောင်အာတုန်းကလိုမျိုး မအီမသာဖြစ်တာမျိုးမရှိဘူး"

ထိုစကားကိုကြားသောအခါတွင် လင်းစစ်ယောင်က လက်ဆစ်လေးဖြင့် သူမနဖူးပေါ်သို့ ညင်သာစွာခေါက်လိုက်သည်။

"မင်းတကယ်ရောလိုချင်တာဟုတ်ရဲ့လား"

"ကျွန်မက နည်းနည်းလေးနှိုင်းယှဉ်ပြတာပါ"

စုရွှေလျန်က အပြင်သို့ လျှာလေးတစ်လစ်ထုတ်ပြလိုက်သည်။ သူမက သူ့ခါးကိုဖက်ထားလိုက်သည်။

"ရှင်အခုအိပ်ချင်ပြီလား"

လင်းစစ်ယောင်က သူမ၏နှုတ်ခမ်းလေးများကိုနမ်းကာတားလိုက်သောကြောင့် ပို၍နီမြန်းလာကာ ရွှင်လန်းလာသည်။ သူသည် သူမကိုအသက်ရှုရန် လွှတ်ပေးလိုက်၏။

"ငါတို့ လုပ်လို့ရတယ်မလား"

မရှင်းလင်းသောမေးခွန်းက သူမ၏နားများကို ရှက်သွေးဖြာသွားစေသည်။

"ရှင်သတိထားရင် အဆင်ပြေပါတယ်"

ယခင်ကိုယ်ဝန်ဆောင်စဉ်အတွင်းတွင် အားယောင်သည် လပေါင်းများစွာ သူ၏ဆန္ဒအား ချိုးနှိမ်ထားရသည်။ ယခုအခေါက်တွင် သူမ၏အရှက်ကိုချိုးနှိမ်ကာ ယန်ကျင်းကျီကိုမေးခဲ့သောကြောင့် သူမလိုချင်သောအဖြေမရခင်တွင်ပင် သူမဆီမှကျီစယ်သောအကြည့်မျိုး အကြည့်ခံခဲ့ရ၏။

"ယန်ကျင်းကျီက အဲ့လိုပြောတာလား"

လင်းစစ်ယောင်က ပြုံးလိုက်သည်။ သူ့အတွက် သူမသည် မလုပ်ရဲသောကိစ္စများကိုလုပ်ရန် သင့်ယူခဲ့ရပေသည်။

"အင်း ကျွန်မ သူ့ကိုမေးထားတာ"

သူမရှင်းပြနေစဉ်တွင် သွေးများစုစည်းလာသကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံး ရှက်သွေးဖြာမိ၏။

"မင်းအတွက်တော့ ခက်ခဲမှာပဲ"

သူကပြုံးလိုက်ကာ သူမကိုအနမ်းပေးရန် ခေါင်းငုံ့လိုက်သည်။ ထို့နောက်တွင် သူသည် လျင်မြန်စွာဖြင့် အဝတ်များကိုကြယ်သီးဖြုတ်လိုက်ပြီး သူမကို သူ၏ခန္ဓာကိုယ်ဖြင့် ဖုံးကွယ်ထားလိုက်သည်။

ခန္ဓာကိုယ်ကို သူမဘက်တွင် တံတောင်ဆစ်တစ်ဖက်ဖြင့်ထောက်ကာထားပြီး တစ်ခြားလက်တစ်ဖက်က သူမ၏ကြာပန်းစိမ်းရောင်အတွင်းခံထဲသို့ နူးညံ့စွာပွတ်သပ်ပေးရန် လျှောဝင်သွား၏။

သူ၏နူးညံ့သောအထိအတွေ့က သူမကို ရှင်းမပြတတ်သောအထိအတွေ့နှင့် ရင်းနှီးနေသောကျောချမ်းခြင်းအား ပေးစွမ်းနိုင်သည်။

သူမ၏နူးညံ့မှုသည် ပို၍ထောင်မတ်လာသည်။ သူမြတ်နိုးသော လတ်ဆန်သောချယ်ရီးသီးလေးနစ်လုံးက လင်းစစ်ယောင်ကိုအရသာခံစေရန် ဖိတ်ခေါ်နေလေသည်။

“အားယောင်…” 

သူမသည် သူ၏ခန္ဓာကိုယ်အောက်တွင် ညဉ်းညူမိ၏။

"ကိုယ်သိမ်သိမ်မွေ့မွေ့နဲ့ သတိထားပါ့မယ်"

သူက ကတိပေးလိုက်၏။ သူ၏လက်များကို သူမကိုစွန့်ခွာမသွားဘဲ ဆက်၍သာ နူးညံ့သောအသားအရေလေးကိုပွတ်သပ်နေပြီး နှစ်ပေါင်းများစွာတိုင် အနည်းငယ်မျှမပြောင်းလဲသော ဆန္ဒအား ၎င်းတို့ထဲတွင် ထုတ်ဖော်ပေးနေလေသည်။

“ရွှေလျန်…”

သူက တီးတိုးဆိုလိုက်သည်။ လွန်ခဲ့သောနှစ်နှစ်ခန့်က သူသည် ပြန်၍အသက်ဝင်လာကာ လက်ထက်ပြီး ယခုတွင် မိဘများပင်ရှိနေလေပြီ။ သေခါနီးအခိုက်အတန့်တွင် နူးညံ့သောမိန်းကလေးအား ပို့ပေးလိုက်သောကောင်းကင်ဘုံအား သူကျေးဇူးတင်နေမိသည်။ သူမသည် သူ့အား ငရဲနှင့်တူသောအမှောင်ကမ္ဘာမှဆွဲခေါ်ကာ နေရောင်ထဲတွင်မားမားမတ်မတ်ရပ်စေသည်။ သူ၏ကမ္ဘာသည် သူမကြောင့် လုံးဝပြောင်းလဲသွားခဲ့ရသည်။

"အင်း...."

သူမက သူ့ကိုမေးချင်သော်လည်း ပါးစပ်ဟလိုက်သောအချိန်တွင် နူးညံ့ပြီးဆွဲဆောင်မှုရှိသောညဉ်းသံကိုသာ ထုတ်လွတ်လိုက်နိုင်သည်။ ရှက်ရွှံ့စွာဖြင့် အသံမထွက်မိအောင် နှုတ်ခမ်းကိုက်လိုက်မိသည်။

"မကိုက်နဲ့ အော်လိုက် ကိုယ်ကြားချင်တယ်"

သူသည် သူမပါးစပ်ကိုဖွင့်လာစေရန် သူ၏လျှာကိုသုံးလိုက်ပြီး နေရာလပ်မကျန် နေရာတစ်ခုလုံးအား ဂရုတစိုက်ဖြင့် စစ်ဆေးလိုက်သည်။

လက်က ခြေထောက်နှစ်ချောင်းကြားသို့ လျှောဆင်းသွားပြီး သူမ၏တလိပ်လိပ်တက်လာသောနွေးထွေးမှုမှာ စိုစွတ်နေပြီဖြစ်၏။

"အာ..."

စုရွှေလျန်သည် သူ၏နွေးထွေးသောအရာက သူမခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသောအခါတွင် ညည်းညူမိလိုက်၏။ အချိန်ကြာမြင့်စွာ မဆက်ဆံရသောကြောင့် စုရွှေလျန်က လျင်မြန်စွာပင် အထွတ်အထိပ်သို့ရောက်ရှိသွား၏။

သို့သော်လည်း သူသည် ထိုနေရာတွင် ရပ်တန့်မနေပေ။ သူမသည် သူ၏ရင်ဘတ်ထဲတွင်သာ ဆက်၍ညဉ်းညူနိုင်တော့သည်။ သူ၏တိုက်ခိုက်မှုသည် အားကောင်းလှသော်လည်း အတွေးများဖြင့်ပြည့်နှက်နေသည်။ သူမ၏တင်းပါးကိုဖိနှိပ်လိုက်ကာ ညဉ်းညူစေသည်။ သူ၏ပြင်းပြသောဆန္ဒကိုအသုံးချကာ သူမ၏ခန္ဓာကိုယ်အာက်ပိုင်းထဲသို့ နက်နက်ရောက်အောင် ထိုးသွင်းလိုက်သည်။ အထွတ်အထိပ်သို့တစ်ဖန်ရောက်ရှိသွားပြန်ပြီး သူနှင့်အတူ ပျော်ရွှင်မှုကိုခံစားစေ၏။

အမှောင်ထုလိုက်ကာထဲတွင် လရောင်သည် အိုက်စပ်စပ်ဖြစ်နေသည်။

အိပ်ခန်းထဲတွင် နွေဦးသည် အပြည့်အဝပွင့်လန်းပြီးဖြစ်သည်။ မောဟိုက်ခြင်းသည် နှေးလိုက်မြန်လိုက်ဖြစ်နေကာ လျောကျသွားကာ တစ်ဖြည်းဖြည်းဖြင့် ပျောက်ကွယ်သွား၏။ အပြင်ဘက်တွင် ငိုနေသောဖားများနှင့်အတူ လိုက်ဖက်ညီသောဂီတကိုဖန်တီးသကဲ့သို့ဖြစ်နေပေ၏။

"အင်း ငါတို့လို တစ်ကောင်တည်းခွေးတွေပဲရှိတော့တယ်"

စစ်ရှန်း က စပျစ်ဝိုင်သောက်ကာ ဆိုလိုက်၏။ ပုလင်းအလွတ်များကိုငေးကာ ရယ်မောလိုက်မိသည်။

"ညနေတုန်းကတော့ ကွေ့ဟွားပန်းဝိုင်ကတစ်ုလင်းထဲတကျန်တော့တာလို့ပြောတယ်။ အခုကျတော့ စပျစ်ဝိုင်ကောင်းကောင်းရှိနေတာပဲ။ ငါတို့ခယ်မလေးက အရည်အချင်းရှိသားပဲ။ သူ့ကိုဟို နှလုံးသားထိပ်ဆုံးမှာ တင်ထားသင့်ပါတယ်လေ"

"ကျွန်တော်တို့ညနေကသောက်တဲ့ကွေ့ဟွားပန်းဝိုင်က လွန်ခဲ့တဲ့နှစ်နှစ်ကစိမ်ထားတဲ့ တစ်ပုလင်းထဲရှိတဲ့ဝိုင်ပဲ။ ဒီဝိုင်တွေက မနှစ်ကမှစိမ်ထားတာ။ ဆရာ ဒါတောင်မခွဲတတ်သေးဘူးပဲ။ တကယ်ညံ့တာပဲ"

စစ်ထူယွင်က မြက်ခင်းပေါ်တွင်လှဲလျောင်းကာ ယန်ကျင်းကျီ၏စကားကိုသုံးကာ ဆရာကိုစနောက်လိုက်သည်။

"ဒီကလေးကတော့ ဝိုင်အများကြီးသောက်ပြီး သတ္တိကောင်းလာတယ်ပေါ့လေ။ အခုတော့မင်းမှာ စစ်လင်နောက်ခံရှိပြီဆိုတော့ မင်းဆရာကို ဂရုမစိုက်တော့ဘူးပေါ့လေ"

သူပြောသည်ကိုကြားပြီးနောက်တွင် စစ်ရှန်းက မျက်မှောင်ကြုတ်လိုက်မိ၏။ သူသည် အနည်းငယ်မျှစိတ်တိုသွားဟန်ပေါ်သည်။

"ကျွန်တော်က ဘယ်လိုလုပ်လုပ်ရဲမှာလဲ။ ဒီတပည့်က ဘယ်လောက်ပဲသတ္တိရှိရှိ ဆရာက ဆရာပဲလေ။ ကျွန်တော့်ကိုပျိုးထောင်ပေးခဲ့တာဆရာပဲလေ"

စစ်ရှန်း၏အသံတွင်ဒေါသအရိပ်အယောင်ပါနေသည်ကို သိပြီးသည့်နောက်တွင် စစ်ထူယွင်က သူ့အား စိတ်ငြိမ်အောင်အလျင်စလိုပြောလိုက်ရသည်။

"ဟွန်း ချောင်မှာပဲ သွားဆော့နေ"

စစ်ရှန်းက မတ်တပ်မရပ်နိုင်သော်လည်း လက်ပြလိုက်ကာတပည့်ဖြစ်သူအား ဖယ်ထုတ်လိုက်သည်။ စစ်ထူယွင်က စိတ်မဆိုးပေ။ သူသည် နောက်ဆုံးဝိုင်ကို ဆွဲယူလိုက်သည်။

"ဆရာ ဦးလေးက ကျွန်တော့်ကို ဒီနေ့အနားပေးထားတယ်။ အစ်ကိုတွေကိုရှာပြီး သွားသောက်လိုက်ဦးမယ်။ ကျွန်တော့်ကိုလွမ်းမနေနဲ့နော်"

ထို့နောက်သူသည် လရောင်အောက်တွင် ဖန်းလော့မြို့ရှိ ကွမ်းချီအိမ်သို့ ထွက်သွားလေသည်။

"မျိုးမစစ်လေး"

စစ်ရှန်းက ရယ်မောလိုက်ကာ သရော်လိုက်သည်။ သူလှည့်ကြည့်လိုက်သောအခါတွင် စစ်ထိုဝိုင်သောက်နေသည်ကို တွေ့လိုက်ရသည်။

"ဟေး ငါဒီနေ့သရဲမြင်နေရပါ့လား။ မင်းကြည့်ရတာ ဘာလို့သတိမကပ်တဲ့ပုံပေါ်တာလဲ။ စစ်လော့ကို သူ့အခန်းဆီပြန်ပို့ပြီး သူ့အရိပ်ကို မတွေ့ရဘူး။ ညစာလည်းလာမစားဘူး။ အခုတော့ ညဘက်အချိန်တောင် ကိုယ်ထင်လာမပြဘူး ထူးဆန်းနေတယ်"

စစ်ထိုက ခေါင်းမော့လိုက်ကာ တစ်ကျိုက်မျှသောက်ပြီးနောက်တွင် သူ့ကိုကြည့်လိုက်သည်။

"တကယ်ပဲ မင်းတို့ဘာဖြစ်နေကြတာလဲ"

စစ်ရှန်းကခေါင်းခါလိုက်ပြီး နောက်ဆုံးတစ်ခွက်အား လက်စသတ်လိုက်သည်။

"ဟေး ငါ့အခန်းထဲပြန်ပြီးအိပ်တော့မယ်။ မနက်ဖြန်ကျမှ မင်းနဲ့ပြောမယ်"

"ဟင်"

စိတ်လှုပ်ရှားပုံလည်းမပေါ်ကာ ပျင်းစရာကောင်းပုံလည်းမပေါ်သောအသံတစ်သံသည် ၎င်းတို့နောက်မှထွက်ပေါ်လာ၏။ ထိုနောက်တွင်မူ မည်သည့်အသံမျှ ထွက်မလာတော့ပေ။

စစ်ရှန်းခေါင်းကုတ်လိုက်မိသည်။ သူသည် ပုလွင်းအလွတ်များကိုစုကာ မီးဖိုချောင်ထဲသို့ သယ်သွားရန် ပြင်လိုက်၏။

ဧည့်သည်ဖြစ်စေ အိမ်ရှင်ဖြစ်စေ တတ်နိုင်သမျှအိမ်မှုကိစ္စကိုလုပ်ရမည်ဟု စစ်လင်က အမိန့်ထုတ်ထား၏။ မည်သူ့ကိုမျှပျင်းရိရန် ခွင့်မပြုထားကာ အဆင်သင့်ထမင်းမစားစေပေ။

အစတွင် စစ်လင်၏ ရှေးဟောင်းအယူအဆအတွက် မခံချိမခံသာဖြစ်နေသည်။ သီးသန့်စံအိမ်တွင် အစေခံများစွာရှိကာ ၎င်းတို့ကို သူက အမိန့်မပေးချင်ဘဲ ညီနောင်များကိုသာ အမိန့်ပေးချင်နေသည်။သို့သော် ယခုတွင် စစ်ရှန်းမှာ ကျင့်သားရနေပြီဖြစ်၏။ အားလုံးသည် နှစ်ရက်ခန့်နေပြီးနောက်တွင် ထိုအမူအကျင့်နှင့် ကျင့်သားရသွားတတ်ကြသည်သာ။ ကျင့်သားမရလျှင် စစ်လင်က ဖိအားပေးပေလိမ့်မည်။

"ဒီပစ္စည်းကို မင်းသန့်ရှင်းဖို့ ငါထားခဲ့ပြီ။ သူ့ရဲ့ရွှမ်ရင်းလက်သီးစာမိအောင် ငါ့ကို မလုပ်နဲ့"

စစ်ရှန်းသည် အခြားသောသတိပေးမှုတစ်ခုလည်း ချန်ထားခဲ့ကာ ပုလင်းခွံနှစ်လုံးကိုယူကာ ထင်းရှူးဥယျာဉ်ဆီသို့ ယိုင်ထိုးကာလျှောက်သွားသည်။

ထိုအကြောင်းကိုတွေးလေလေ ပို၍ထူးဆန်းလာလေလေဖြစ်သည်။ ညနေပိုင်းတွင် လျန်အန်းဇိုင်ပျောက်သွားသည်။ စစ်လော့ကို တစ်နေရာရာတွင် တွေ့ခဲ့ရသည်။ စစ်ထိုသည်လည်း ပြဿနာတစ်ချို့ရှိနေသည့်ပုံပေါ်သည်။ သူ့တစ်ယောက်တည်းတွင်ပင် ဘာမျှလုပ်စရာမရှိဖြစ်နေသည်။ မနက်ဖြန်တွင် သူသည် ထိုနေရာမှအလုပ်ကိစ္စများပြီးသည်နှင့် ကွမ်းချီအိမ်သို့ ပြန်မည်ဖြစ်သည်။ သီးသန့်စံအိမ်တွင်နေကာ အတွဲများ၏ချစ်ခင်ယုယမှုများကို ကြည့်နေရခြင်းက သူ၏နှလုံးသားအား သွေးထွက်စေသည်။

ထိုသူသည် သွေးတပ်ဖွဲ့မင်းကြီး၏ကိုယ်ရံတော်မဟုတ်လော။ နောက်ကျနေပြီဖြစ်သည်။ သူမသည် အဘယ့်ကြောင့် ထိုနေရာသို့ တစ်ယောက်တည်းလာရပါသနည်း။

တစ်ဖက်သူသည် ပို၍နီးကပ်ကာ ချည်းကပ်လာသည်ကိုမြင်ရသောကြောင့် စစ်ရှန်းတစ်ယောက် သစ်ပင်များ၏အရိပ်ထဲသို့ လျင်မြန်စွာ ဝင်ပုန်းလိုက်မိသည်။ ထိုအမျိုးသမီးသည် သူ့နားမှဖြတ်သွားကာ စစ်ထိုထိုင်နေသော အဌဂံပွဲကြည့်စင်ဆီသို့ လျှောက်သွားသည်ကို တွေ့လိုက်ရသည်။ စစ်ရှန်းသည် ခေါင်းစောင်းကာ စဉ်းစားနေမိ၏။ ထို့နောက် သူမနောက်သို့ လိုက်သွားမိသည်။ သူသည် ပျင်းလွန်းနေကာ ဘာမျှလည်းလုပ်စရာမရှိသောကြောင့် သူ၏ရှေ့တွင် စိတ်ဝင်စားစရာကောင်းအရာတစ်ခုခုဖြစ်သွားလျှင်ကောင်းမည်ဟု တွေးနေမိသည်။ မည်သို့ညည်းတွားနိုင်မည်နည်း။

  "ရှင်ဘယ်လိုနေသေးလဲ"

ကျန်းယွဲ့၏အေးစက်စက်အသံက ညကိုထိုးဖောက်လာပြီး စစ်ထို၏နားထဲသို့ ဝင်ရောက်လာသည်။

"မင်းကရော။ ဆယ်နှစ်တောင်ရှိပြီ။ မင်းဆန္ဒတွေ ခုတော့ပြီးမြောက်သွားပြီလား"

စစ်ထိုက နောက်ဆုံးဝိုင်တစ်ကျိုက်ကိုလက်စသတ်လိုက်သည်။ သူသည် ကျန်းယွဲ့ကို ကျောပေးထားကာ ထရန် လက်တန်းဆွဲလိုက်သည်။

"ဟား ရယ်စရာကောင်းလိုက်တဲ့မေးခွန်း။ ကျွန်မကို သစ္စာဖောက်သွားခဲ့တာရှင်လေ။ ဘာလို့ ကျွန်မကို မေးနေရတာလဲ"

ကျန်းယွဲ့သည် သူမ၏နှလုံးသားထဲတွင် လောင်ကျွမ်းနေသောအနာကို ဖိနှိပ်ရန် ကြိုးစားလိုက်သည်။ ဆယ်နှစ်ပြီးသည့်တိုင်း သူ့ကြောင့် သူမသည် ထိုမျှနာကျင်ရလိမ့်မည်ဟု တွေးမထားခဲ့ပေ။

"ငါက သစ္စာဖောက်တာတဲ့လား။ မင်းဘာကိုဆိုလိုတာလဲ"

စစ်ထိုက တဖြည်းဖြည်းချင်း လှည့်လာသည်။ သူ၏အေးစက်စက်မျက်လုံးများက ကျန်းယွဲ့ဆီတွင် ကော်နှင့်ကပ်သကဲ့သို့ ကြည့်နေသည်။ မျက်တောင်ပင်မခတ်ပေ။ သူမသည်လည်း သူ့အား အဘယ့်ကြောင့်ထိုသို့ကြည့်နေရသည့်အကြောင်းပြချက်ကို စောင့်နေမိသည်။

"အခုမှ အဲ့အကြောင်းပြောလည်း အဓိပ္ပာယ်မှမရှိတော့တာ။ ကျွန်မရှင်နဲ့စကားပြောဖို့လာတာမဟုတ်ဘူး။ ရှင့်ကို ဒါပြန်ပေးဖို့လာခဲ့တာ"

သူမက လက်ချောင်းများကို ဖြန့်လိုက်သည်။ မြလက်စွပ်တစ်ကွင်းသည် မှိန်ဖျဖျအလင်းရောင်အောက်တွင် တောက်ပနေသည်။ သူမကို သူကပေးထားသောလက်ဆောင်ဖြစ်သည်။ သို့သော်လည်း ၎င်းတို့၏ကတိများမှာ ချိုးဖောက်သွားပြီဖြစ်သည်။ ထိုလက်စွပ်မှာ ၎င်းတို့မိသားစုဘိုးဘွားပိုင်ပစ္စည်းဖြစ်ကာ သားအကြီးဆုံးဇနီးကိုသာပေးရသည်ဟု ကြားဖူးကာ သူမသည် အဘယ့်ကြောင့် ထိုအရာကိုသိမ်းထားရပါသနည်း။ သို့သော်လည်း သူမလွှင့်ပစ်မိလိုက်သည့်အကြိမ်တိုင်း စက္က့န်ပိုင်းအတွင်းသာ ပြေး၍ကောက်ရချည်းသာ။ အကြိမ်ပေါင်းများစွာလုပ်ပြီးနောက်တွင် သူမက သိမ်းထားရန် ဆုံးဖြတ်လိုက်ကာ သူနှင့်ပြန်တွေ့သောအခါမှ ပြန်ပေးတော့မည်ဟု ဆုံးဖြတ်မိသည်။

တိုက်ဆိုင်စွာဖြင့်ပင် သူသည် အိမ်ရှေ့စံမင်းသား၏သူငယ်ချင်းဖြစ်နေသည်။ ယခုတွင် ဆယ်နှစ်ကြာပြီးသည့်နောက်တွင် ၎င်းတို့ပြန်တွေ့ကြသည်။ သူမသည် အော်ကာ အရုးအမူးငိုမိလိမ့်မည်ဟု ထင်ခဲ့မိသည်။ သို့သော် ဆယ်နှစ်ဆိုသောအချိန်ကာလအားဖြတ်သန်းပြီးနောက်တွင် သူမ၏ပင်ပန်းနွမ်းနယ်နေသောနှလုံးသားလေးက လက်လျော့ပြီးဖြစ်နေ၏။

"မင်းပဲသိမ်းထားလိုက်ပါ။ ပြန်ပေးရင်လည်း အဓိပ္ပာယ်မှမရှိတော့တာ"

စစ်ထိုက သူမလက်ဝါးထဲမှပစ္စည်းကိုငေးမိသည်။ သူကပြန်လှည့်သွားပြီး နက်နက်ရှိုင်းရှိုင်းအသံဖြင့်ပြောလိုက်သည်။

သူမကိုသိမ်းထားရန် တောင်းဆိုခဲ့သည်မဟုတ်လော။ ရယ်စရာကောင်းလှပေသည်။ သူမသည် သူနှင့်အတူ ရှိမနေနိုင်တော့ပါ။ ထိုသို့ဆက်သိမ်းထားရန် မည်သို့များတောင်းဆိုနိုင်ရသနည်း။

"အဲ့ဒီနေ့က ငါတာဝန်ကျနေခဲ့တာ။ တာဝန်တစ်ခုကြောင့် ငါတို့ချိန်းထားတဲ့နေရာကို မလာနိုင်ခဲ့ဘူး။ အဲ့တာကြောင့်မင်းက ငါသစ္စာဖောက်သွားတယ်လို့ထင်ခဲ့တာမလား..."

"တာဝန်တဲ့လား။ ဟား ဘယ်လိုတာဝန်ကများ ရှင့်ကို ကွေ့ဟွားပြည့်တန်ဆာအိမ်ကို သွားရအောင် လုပ်လိုက်ပါလိမ့်။ အဲ့မှာ တစ်နေ့လုံးတောင် နေခဲ့သေးတယ်လေ"

ကျန်းယွဲ့ကခေါင်းငုံ့ကာ ပြုံးလိုက်မိပြီး သူ၏ရှင်းပြချက်များကို ရပ်တန့်လိုက်သည်။

"ယုံတာမယုံတာကတော့ မင်းသဘောပဲ.."

စစ်ထိုက အဝေးသို့ လှည့်သွား၏။ သူ၏နှလုံးသားသည် မည်သို့ကျေနပ်နိုင်မည်နည်း။ တာဝန်ကိုအလျင်စလိုလက်စသတ်ကာ သူမဆီသို့သွားခဲ့သည်။ သူ့အားစောင့်ကြိုနေသည်မှာ တည်းခိုခန်း၏စားပွဲထိုးမှတစ်ဆင့်ပို့လိုက်သော တစ်သက်တာနှုတ်ဆက်စာတစ်စောင်ပင်ဖြစ်နေသည်။ ထိုတစ်နှစ်လုံးတွင် သူသည် တရားရုံးမှာ အန္တရာယ်အများဆုံးနှင့် တာဝန်အကြီးဆုံးတာဝန်များကို ယူခဲ့သည်။ မိမိဘာသာဆွဲဆောင်ရန် အသက်ကိုပင် စွန့်စားခဲ့သည်။ သူသည်သူမအား သစ္စာဖောက်သွားမည်ဟုတွေးနေလိမ့်မည်ဟု မည်သည့်အခါမျှမတွေးဖူးပေ။

"အင်း မင်းတို့တွေ ငါမင်းတို့ကိုတစ်ခုပြောလိုက်မယ်။ လွန်ခဲ့တဲ့ဆယ်နှစ်က တာဝန်တစ်ခုပြီးတော့ အားထိုက လုံးဝကိုပြောင်းလဲသွားခဲ့တယ်။ အဲ့နေကစပြီး သူက တောက်လျှောက် တာဝန်ပဲထမ်းဆောင်နေတော့တာ။ အများဆုံးက သေစေနိုင်လောက်တဲ့တာဝန်မျိုးတွေပဲ။ အဲ့ဒီအချိန်တုန်းက သူဘာဖြစ်နေလည်း ငါတို့လည်းမသိခဲ့ဘူး။ အဲ့တာမင်းကြောင့်လား"

အမှောင်ထဲတွင်ပုန်းနေသော စစ်ရှန်းသည် ခုန်ထွက်လာကာ နှစ်ဦးကြားသာတိတ်ဆိတ်နေမှုအား ဖြိုခွင်းလိုက်ရတော့သည်။

"ရှင်..."

သူသည် မည်သည့်အချိန်ကတည်းက ထိုနေရာတွင် ရှိနေရသနည်း။ သူအဘယ့်ကြောင့် သတိမထားမိပါသနည်း။ ၎င်းတို့သည် ထူးဆန်းကာ ကြောက်စရာကောင်းသောအရည်အချင်းများကြောင့် လူသိများကြသည်။ သူမနှင့် ကျန်းဟန်သည်ပင် ၎င်းတို့နှင့် ယှဉ်၍မရပေ။

"ပါးစပ်ပိတ်ထားစမ်း"

စစ်ထိုကငေါက်လိုက်သည်။ မျက်နှာသည်နီရဲသွားကာ ထိုသို့ရှက်နေခြင်းအား ပြသနေသည်မှာ ရှားပေသည်။

ကျန်းယွဲ့သည် သူ့အား ငေးနေသည်။ သူမ၏မှတ်ဉာဏ်ထဲမှာသူ၏ပုံရိပသည် သူမရှေ့တွင်ရပ်နေလေသည်။ တဖြည်းဖြည်းဖြင့် တွဲဖက်မိလာပြီဖြစ်သည်။ သူမနှလုံးသားထဲတွင် ဆယ်နှစ်တာမျှနာကျင်စွာသိမ်းထားခဲ့ရသောသူဖြစ်သည်။ ဆယ်နှစ်တာမျှ လွမ်းဆွေးနေရသောသူဖြစ်သည်။ သူမ မည်သည့်အခါမျှ မမေ့နိုင်သောယောင်္ကျားပင်ဖြစ်သည်။

"ကွေ့ဟွားပြည့်တန်ဆာအိမ်ကို တာဝန်နဲ့သွားခဲ့တယ်လို့ ပြောတယ်တဲ့လား"

သူမ၏အသံသည် နူးညံ့နေသည်။ နှလုံးသားအောက်ခြေတွင် နှောင်ဖွဲ့နေသောထိုကြိုးအား လွှတ်ချရန်ကြိုးစားသင့်ပြီဖြစ်သည်။

"အတိတ်က အတိတ်ပဲ။ ခုမှပြောနေလည်း အဓိပ္ပာယ်မရှိတော့ဘူး"

စစ်ထိုက သူမ၏စကားလုံးများဖြင့် သူမကိုတားရန် ကြိုးစားလိုက်သည်။

"အဟင်း အားထို မင်းလည်း အမေအိုကြီးလိုမျိုး ဘယ်အချိန်ကတည်းကဖြစ်လာတာလဲ။ မင်းပြောတာလားဟုတ်ပါတယ်လေ။ လွန်ခဲ့တဲ့ဆယ်နှစ် ကွေ့ဟွားပြည့်တန်ဆာအိမ်...ဟေး...ငါမှတ်မိပြီ။ အဲ့တာ "ဝမ်ထိုင်စွေ့"အမှုမလား။ ဟားဟား မိန်းကလေး မင်းက အားထိုကို အထင်လွဲနေတာပဲ။ အဲ့ဒီနှစ်က တရားရုံးက ခက်ခဲတဲ့အမှုတစ်ခုကိုလက်ခံခဲ့တယ်။ ပြည်နယ်လျှို့ဝှက်အမှူထမ်း "ဝမ်ထိုင်စွေ့"ကို ဖယ်ရှားပစ်ဖို့ပဲ။ အဲ့လူက အကျင့်ပျက်ခြစားနေတာ။ သူက မကြာခဏဆိုသလို ပြည့်တန်ဆာအိမ်တွေကို သွားလည်တတ်တယ်။ အဲ့ဒီအချိန်တုန်းက ငါတို့က ဂဏန်းကစားနည်းကိုသုံးပြီး ဒီတာဝန်ကိုဘယ်သူယူရမလဲဆုံးဖြတ်ခဲ့တာ။ စစ်ထိုကဂဏန်းအမှားကျသွားတာကြောင့် သူက အဲ့တာဝန်ကိုလုပ်ရတာ။ ဟုတ်သားပဲ။ အဲ့တာပြီးတော့ သူက......."

"တော်ပြီ"

စစ်ရှန်း ၏ပွစိပွစိပြောနေခြင်းအား စစ်ထိုက နှောင့်ယှက်လိုက်သည်။ ထိုအခြေအနေအား ရှင်းပြသည်မှာ လုံလောက်ပြီဖြစ်သည်။ တစ်နှစ်တာလုံးစိတ်ဓာတ်ကျနေခဲ့ရသည်ကို ပြောစရာအဘယ့်ကြောင့်လိုပါသနည်း။

"အဲ့လိုလား။ ဘာလို့ ကျွန်မကို မပြောရတာလဲ"

ကျန်းယွဲ့ကမေးလိုက်သော်လည်း သူမဘာသာ တီးတိုးပြောနေသည့်ပုံသာပေါက်သည်။

"အဲ့နေ့က တာဝန်ရှိတယ်လို့ မင်းကိုပြောခဲ့သားပဲ။ မင်းပဲ ငါ့ကိုစောင့်နေပါ့မယ်လို့ပြောခဲ့တယ်လေ"

စစ်ထိုကခေါင်းကိုလှည့်လိုက်ကာ သူမ၏လှပသောမျက်နှာလေးကို မကြည့်မိရန်ကြိုးစားလိုက်သည်။ သူ၏လိမ့်တက်လာသောခံစားချက်များကို မထိန်းချုပ်နိုင်မည်ကို ကြောက်နေမိသည်။ ထိုမျှကြာသည့်နောက်တွင် သူမကိုမေ့သွားပြီဟု ထင်ခဲ့မိသည်။ သို့သော် ယနေ့ည သူမကိုတွေ့လိုက်ရသောအချိန်တွင် သူသည် သူမကိုမည့်သည့်အခါမျှ မမေ့နိုင်ခဲ့ကြောင်း သဘောပေါက်သွား၏။ မုန်းတီးနေမိကာ မကျေမချမ်းဖြစ်နေကာ အငြိုးထားနေမိသော်လည်း သူမကို မည့်သည့်အခါမျှ မမေ့ခဲ့နိုင်ခဲ့ပေ။

သူ၏ရှင်းပြချက်ကြောင့် သူမတုန်လှုပ်သွားရသည်။ မှန်ပေသည်။ ထိုအချိန်တွင် မည်မျှပင်ကြာစေ သူမသည်စောင့်နေပါမည်ဟု ပြောခဲ့သည်။ သူမဆီသို့မလာဘဲ တစ်နေကုန်ကြာအောင် ကွေ့ဟွားပြည့်တန်ဆာအိမ်ထဲသို့ဝင်သွားသည်ကို မြင်လိုက်ရသောအခါတွင် သူမ၏နှလုံးသားသေဆုံးသွားရသည်။ သသူမသည် ထိုမျှများများစားစားမစဉ်းစားနိုင်ခဲ့ပေ။

ဆယ်နှစ်တာအတောအတွင်းတွင် သူမသည်သာ ပင်ပန်းခဲ့ရယုံသာမက သူသည်လည်း....။

"တောင်းပန်ပါတယ်..."

သူမ၏မျက်ရည်စက်လေးများက မျက်လုံးထောင့်မှစီးကျလာသည်။

"ဟေး..ဟေး..မငိုနဲ့လေ။ ငါက မိန်းကလေးတွေငိုတာကြောက်တယ်။ ဟေး စစ်ထိုမင်းပဲဒီမှာနေခဲ့လိုက်တော့။ ဘာပဲဖြစ်ဖြစ် သူက မင်းကြောင့်ဒီကိုရောက်လာတာလေ။ ငါတော့သွားပြီ။ မင်းတို့ပြန်သင့်မြတ်သွားရင် ငါ့ကိုအောင်သွယ်တော်အနေနဲ့ စာအိတ်အနီကြီးကြီးပေးဖို့မမေ့နဲ့နော်။ မင်းတို့သံယောဇဉ်ကြိုးမပြေအောင် ငါက ကူညီခဲ့တာ"

***

All Chapters