← Chapters

ခွဲခွာခြင်းမျက်ရည်စက်များ+

Vol. 5 Ch. 143

ခွဲခွာခြင်းမျက်ရည်စက်များ+

Vol. 5 Ch. 143

“ရှင်းလန်?”

စုရွှေလျန်က အသိစိတ်ကင်းလွတ်နေပုံပေါ်သည့် ရှင်းလန်ကိုကြည့်လိုက်သည်။ သူမသက်ပြင်းမချဘဲ မနေနိုင်ပေ။ ဉာဏ်နီဉာဏ်နက်များသောယောက္ခထီးသည် လူများပျော်ရွှင်သည်ကို မမြင်ချင်သည့်ပုံပေါ်သည်။ ရှင်းလန်နှင့် ကျန်းဟန်တွင် ခံစားချက်များကြီးထွားလာစေရန် အခွင့်အရေးရှိသောအခါတွင် ယောက္ခထီးက ကျန်းဟန်အား သူ့နောက်သို့လိုက်ကာ သွေးတပ်ဖွဲ့ဆီသို့ပြန်စေသည်။

သူမည်သို့စီစဉ်နေသည်ကို သူမမသိတော့ပေ။ ယခင်က ၎င်းတို့ကိုအောင်သွယ်ပေးချင်သူမှာလည်း သူပင်ဖြစ်သည်။ ယခုတွင် ၎င်းတို့ခွဲခွာချင်သူမှာလည်း သူပင်ဖြစ်သည်။ ယခုတစ်ခေါက်တွင် သူသည် သူမအား ကောက်ကျစ်သောသူဖြစ်အောင် လုပ်လိုက်ခြင်းဖြစ်သည်။

"အမ်...သခင်မ..."

ရှင်းလန်အသိပြန်ဝင်လာပြီး ရှက်ရွှံ့စွာဖြင့် စုရွှေလျန်ဆီမှ သစ်သီးခြင်းကို ယူလိုက်သည်။

"ဟုတ်သားပဲ။ သခင်မက သစ်သီးခူးသွားချင်နေတာပဲ"

အိမ်နားဝန်းကျင်တွင် သီးပင်များစွာကို စိုက်ပျိုးထားကြသည်။ ယခုတွင် ဆောင်းဦးလယ်ဖြစ်သောကြောင့် ကောက်ရိတ်ရမည့်အချိန်သို့ကျရောက်လာပြီဖြစ်၏။ မခူးဆွတ်ပါလျှင် သစ်သီးများက မြေပေါ်သို့ကြွေကျကာ မြေဩဇာဖြစ်သွားပေမည်။

သစ်သီးများခူးပြီးနောက်တွင် အချို့ကို လတ်လတ်ဆတ်ဆတ်စားမည်ဖြစ်ကာ အများစုကိုမူ အိမ်သားအများစုကတောင်းဆိုထားသည့် သစ်သီးဝိုင်လုပ်မည်ဖြစ်သည်။ ကျန်သောအသီးများကို အခြောက်ခံကာသစ်သီးခြောက်လုပ်မည်။

နေ့စဉ်နေ့တိုင်း သီးသန့်စံအိမ်ရှိအစေခံများတွင် သတ်မှတ်ထားသောအလုပ်ကိုယ်စီရှိကြသည်။ ထို့ကြောင့် ယာယီအလုပ်အနေဖြင့် နွေရာသီတွင်အပင်စိုက်ခြင်းနှင့် ဆောင်းဦးတွင်အသီးခူးခြင်းများကို အလှည့်ကျလုပ်ရသည်။ ယနေ့သည် ရှင်းလန်၏နေ့ဖြစ်သည်။ စုရွှေလျန်ပျင်းနေသောကြောင့် သူမနှင့်လမ်းလျှောက်ထွက်ရန် ဆုံးဖြတ်ခဲ့သည်။ သစ်သီးများခူးကာ ကြာစေ့များကိုလည်း လက်လှမ်းမှီသလောက်ခူးကြပြီး ဆောင်းဦး၏နေရောင်အောက်တွင် အပန်းဖြေကာရေချိုးကြ၏။

" ကျန်းဟန် သူက..."

စုရွှေလျန်က သူမကို နှစ်သိမ့်ပေးချင်သော်လည်း မည်သို့စတင်ရမည်ကို မသိပေ။

"သခင်မ ကျွန်မနဲ့သူ့ကြားမှာ ဘာမှမရှိပါဘူး"

သူမသည် သူ့ဒဏ်ရာအား ပတ်တီးစည်းပေးခြင်းနှင့် အင်္ကျီလဲရန် တစ်ကြိမ်သာကူညီပေးကာ ချင်းယန်ဆေးခန်းသို့ အတူတူသွားပေးခဲ့ယုံသာဖြစ်သည်။ လမ်းတါင် သူမက အမှုမဲ့အမှတ်မဲ့ဖြင့် ခြေချင်းဝတ်အဆစ်လဲသွားခဲ့သည်။ ထို့ကြောင့် သူသည် သူမကို မြင်းလှည်းသို့ရောက်သည်အထိ လမ်းတစ်လျှောက်သယ်သွားပေး၏။ ထိုအကြောင်းကိုစဉ်းစားကြည့်လျှင် အပြန်အလှန်ကူညီပေးခြင်းသဘောမျှသာမဟုတ်ပါလော။ ယနေ့တွင် သူသွားတော့မည်ဆိုသောအကြောင်းကြားသောအခါတွင် သူမ၏တက်ကြွခြင်းများသည် ရုတ်တရက်ပျောက်ဆုံးသွားရသည်ဟု အဘယ့်ကြောင့်ခံစားနေရပါသနည်း။

"သူမကြာခင်ပြန်လာမယ်ထင်ပါတယ်။ သူ့အလုပ်တွေကို တစ်ယောက်ယောက်ကိုလွှဲပြီးရင် ပြန်လာလောက်ပါတယ်..."

စုရွှေလျန်က အခြားတစ်ဖက်ကို သူမမှန်းဆချက်အား ပြောပြလိုက်သည်။ မမှားယွင်းသည်မဟုတ်လော။ ထိုသို့မှမဟုတ်လျှင် ယောက္ခထီးသည် ၎င်းတို့နှစ်ယောက်အား အောင်သွယ်ပေးရန် အဘယ့်ကြောင့် ထိုမျှကြိုးစားအားထုတ်ရမည်နည်း။ ၎င်းတို့ဆက်ဆံရေးလေး ပွင့်လန်းလာချိန်တွင် ၎င်းတို့အား ခွဲခွာရန် အဘယ့်ကြောင့် ကြိုးစားရပါသနည်း။

"သခင်မ ရှင်းလန်နားလည်ပါပြီ။ ကျွန်မတို့ ဒီလိုကိစ္စမျိုးကို ဖိအားမပေးနိုင်ပါဘူး"

ရှင်းလန်က ခေါင်းငုံ့ကာ ကံကြမ္မာကိုလက်ခံလိုက်သည်။

ကျန်းဟန်.... သူသည် သွေးတပ်ဖွဲ့မင်းကြီး၏နန်းတွင်းကိုယ်ရံတော်တစ်ယောက်ဖြစ်သည်။ သူမအတွက် အဆင့်အတန်းမြင့်မားသောအသိုင်းအဝန်းမှသူဖြစ်သည်။ ထို့ကြောင့် သူမည်သို့ပင်ဆုံးဖြတ်ပါစေ သူ၏သဘောထားကို လိုက်နာပေမည်။ ထိုအကြောင်းကိုစဉ်းစားလိုက်လျှင် သူမ၏ဆုံးဖြတ်ချက်သည် တစ်ဦးတည်သာကျန်ရှိရန်ဖြစ်သည်။

သမားတော်ယန်ပြောသကဲ့သို့ပင် ယောင်္ကျားများသည်..... ၎င်းတို့ဝင်ပါရမည့်ကိစ္စမဟုတ်ပေ။ "သားရဲများ"ဆိုသောစကားလုံးကို သုံးမည်ဆိုလျှင်လည်း ယဉ်ကျေးရာကျမည်မဟုတ်ပေ။ ယောင်္ကျားနှင့်မိန်းများသည် လူသားများဖြစ်ကြကာ အဘယ့်ကြောင့် ယောင်္ကျားများက သားရဲများဖြစ်ရမည်နည်း။

"သခင်မ သခင်မ"

စုရွှေလျန်နှင့် ရှင်းလန်သည် အိမ်မကြီးဆီသို့ထွက်ခွာသွားကြကာ မြစ်ဘေးရှိစပျစ်သီးများခူးရန် တောင်ဘက်ရှိအခန်းများဆီသို့ ဦးတည်သွားကြသည်။ ခမ်လှမ်းလှမ်းမှနေ၍ အနီးအနားတွင်ခစားနေသော ရှင်းကျီက ၎င်းတို့ဆီသို့ အမောတကောဖြင့် အပြေးလာ၏။

"သခင်မ...သခင်မကြီး အရေးတကြီးကိစ္စရှိလို့ သူ့ဆီလာဖို့ပြောပါတယ်။ သူပြောတာက သူနေလို့မကောင်းလို့တဲ့လေ"

ရှင်းကျီက အသက်ပြင်းပြင်းရှုလိုက်သော်လည်း သူမပြောရမည့်အကြောင်းအား ပြီးအောင်ပြောလိုက်သည်။

"ရှင်းလန် မင်းအရင်သွားနှင့်။ ငါဝါးဥယျာဉ်ကိုသွားပြီး အမေ့ကိုသွားတွေ့လိုက်မယ်"

ခင်ပွန်းဖြစ်သူ ရွှယ်မင်တိုင်းပြည်ဆီသို့ပြန်မည်ဟုပြောသောကြောင့် အမေစိတ်မကောင်းဖြစ်သွားကာ ကလေးအားအကျိုးသက်ရောက်မှုရှိသွားစေသည်လော။

စုရွှေလျန်က အလောတကြီးဖြင့် ရှင်းကျီနောက်သို့လိုက်လာကာ ရှင်းလန်က ခြင်းသယ်ပြီး မြစ်ကမ်းပါးဘေးရှိဝရံတာများဆီသို့ ဦးတည်သွား၏။

သူမသည် ထိုအပိုင်းများကိုသာ ခူးရန်ကျန်တော့ကာ အခြားသောစပျစ်သီးများကိုခူးပြီးဖြစ်သည်။ စပျစ်ဝိုင်လုပ်ရန် ကစော်ပင်ဖောက်နေကြပြီဖြစ်၏။

သူမသည် မွန်းလွဲပိုင်းမတိုင်ခင်တွင် ထိုအပိုင်းရှိစပျစ်သီးများကို အပြီးခူးရမည်။ ညနေပိုင်းတွင် ရေကန်မှကြာစေ့များကောက်ရမည်။ ပို၍အလုပ်လုပ်ခြင်းက သူ့အကြောင်းကိုမေ့ရန် အကူအညီဖြစ်ပေသည်။

ပထမဆုံးအကြိမ်အဖြစ် မိသားစုမဟုတ်သောယောင်္ကျားတစ်ယောက်သည် သူမစိတ်ထဲတွင် လဝက်မျှ နေရာယူထားခြင်းဖြစ်သည်။

" ရှင်းလန်..."

သူမနောက်မှ အသံခပ်တိုးတိုးလေးက သူမနာမည်ကို လှမ်းခေါ်လိုက်၏။

ခေါ်ရာသို့ သူမကြည့်လိုက်မိ၏။ မလှည့်ခင်တွင် စိတ်ငြိမ်စေရန် ရင်ဘတ်ကို ဖွဖွလေးပုတ်လိုက်မိ၏။

"ရှင်... ကျွန်မက ရှင်သွားပြီထင်နေတာ"

သူမရှေ့တွင်ရပ်နေသာ အရပ်ရှည်ကာချောမောလှသည့်အမျိုးသားကိုကြည့်ကာ တည်ငြိမ်စပြုနေသော ရှင်းလန်၏နှလုံးသားသည် စတင်၍တုန်ရီလာပြန်၏။

"မင်းကို နှုတ်ဆက်စကားတောင်မပြောရသေးဘူး"

ကျန်းဟန်က ခြေတစ်လှမ်းတိုးလာကာ သူမပုခုံးပေါ်ရှိ စပျစ်နွယ်ပင်အား သာယာစွာဖယ်ပေးလိုက်သည်။ ထို့နောက် နောက်ဆုတ်သွားကာ လူများသတိထားမိစေရန် အခွင့်အရေးမပေးပေ။

နှုတ်ဆက်သည်လော။ မဖြစ်ပေ။ သူမ နှုတ်ဆက်စကားမပြောချင်ပေ။

"အခြားသူတွေကိုလည်း နှုတ်ဆက်ပြီးပြီလား"

"ခုထိတော့မနှုတ်ဆက်ရသေးဘူး"

"မင်းကိုဘဲ..."

ကျန်းဟန်တိုးတိုးလေးပြောမိသွားသည်။ သူသည် လက်သီးဆုပ်ကာ ပါးစပ်နားသို့ကပ်ပြီး ချောင်းဟန့်ချင်ယောင်ဆောင်ကာ လွှတ်ကနဲထွက်သွားသောခံစားချက်အား ဖုံးကွယ်ရန် ကြိုးစားလိုက်သည်။

"ဟင်... ဘာလို့ အခြားသူတွေကို မနှုတ်ဆက်ရတာလဲ"

ရှင်းလန်ရှက်နေသောကြောင့် သူမ၏လက်ကို မည့်သည့်နေရာတွင်ထားရမည်ကို မသိပေ။ အစီအစဉ်မကျသောစကားလုံးမျးကို သူမပင်နားမလည်ပေ။

"အင်း မင်း ဂရုစိုက်ပါ"

ကျန်းဟန်က သူမကိုပြောလိုက်ပြီး လှည့်သွားကာ စပျစ်နွယ်များရှိသည့်ဝရံတာဆီသို့ထွက်သွား၏။ ရှင်းလန်က ညနေခင်အလင်းရောင်အောက်တွင် ထွက်ခွာသွားသောသူ၏နောက်ကျောအားကြည့်ကာ အထီးကျန်သောအနေအထားကို သူမမပြောတတ်တော့ပေ။

သို့သော်လည်း သူမတွင် ထိုအခွင့်အရေးမရှိပေ။ သူမတွင် သူ၏အထီးကျန်မှုများကိုဆေးကြောပစ်ရန် အခွင့်အရေးမရှိပေ။ သူ့ဘေးရှိနေရာအား သူမ မပိုင်ဆိုင်ပေ။ အခြားစကားဖြင့်ဆိုရလျှင် ယခုနေရာရှိမည်သူမျှ ထိုနေရာအား မပိုင်ဆိုင်ပေ....။

သူသည် ရွှယ်မင်တော်ဝင်နန်းတော်၏ကိုယ်ရံတော်ဖြစ်ကာ ရွှယ်မင်မင်းကြီး၏ညာလက်ရုံးဖြစ်သည်။ တိတ်ဆိတ်ကာအေးချမ်းသောသီးသန့်စံအိမ်တွင်နေထိုင်ရန် မိုင်ထောင်ချီဖြတ်ကျော်ကာ သူ၏တိုင်းပြည်ကို မည်သို့ထားခဲ့နိုင်မည်နည်း။ သူမတွင် ထိုသို့လုပ်ရန် အခွင့်အရေးမရှိပေ။ သူမသည် အဆင့်နိမ့်အစေခံမျှသာဖြစ်သည်။ ပထမတန်းစားနန်းတွင်းကိုယ်ရံတော်အား ယခုနေရာတွင် သူမနှင့်အတူအခြေချနေထိုင်ရန် မည်သို့လုပ်နိုင်မည်နည်း။

သူမသည်လည်း ထိုနေရာမှထွက်မသွားနိုင်ပေ။ သူမသည် မင်းသားကြီးစံအိမ်၏ တစ်သက်တာအစေခံဖြစ်သည်။ တစ်သက်တာစာချုပ်နှင့်အစေခံတစ်ယောက်ဖြစ်သည်။ သူမအသက်ရှင်နေသမျှ မင်းသားကြီးစံအိမ်မှ မထွက်ခွာနိုင်ပေ။ သူမ၏သခင်က သူမကိုထွက်ခွာခွင့်ပြုရန် ကြင်နာသနားပါလျှင်မူ ထိုသို့လက်တွေ့မဆန်သောမျှော်လင့်ချက်အား လက်ကိုင်မထားနိုင်ပေ။

ထို့ကြောင့် သူနှင့်သူမတို့သည် မတူညီသောကမ္ဘာနှစ်ခုမှသူများဖြစ်သည်။ သူမသည် သူမလမ်းသို့သွားသင့်ကာ သူ့လမ်းသို့သွားသည်ကို ကြည့်နေသင့်ပေသည်။

သို့သော် သူမမျက်နှာပေါ်ရှိ စိုစွတ်ကာ ငန်ကျိသောအရာသည် မည်သည့်အရာဖြစ်ပါသနည်း။ မိုးရွာနေသည်လော။ သို့သော် မိုးရေသည် ထိုမျှငန်ပါသည်လော။ မဟုတ်လျှင် သူမငိုနေမိသည်လော။ သူမသည် လဝက်တာမျှသိခဲ့ရသော သူစိမ်းယောင်္ကျားတစ်ယောက်အတွက် ငိုနေပါသည်လော။ သူမဘဝတွင် ပထမဆုံးအကြိမ်ဖြစ်ပေသည်။

"အမေ"

ယောက္ခမဖြစ်သူက သူမကိုလှည့်စားကာ ထိုနေရာသို့ခေါ်လိုက်ပြီး ကျန်းဟန် နှင့် ရှင်းလန်အား သီးသန့်တွေ့ဆုံရန်အခွင့်အရေးပေးလိုက်ခြင်းဖြစ်သည်။

"အင်း.. ဒါက မင်းအဖေအကြံပဲ"

ထိုအကြံမှာ သူမမဟုတ်ဘဲ ရွှယ်လီသာဖြစ်ကြောင်း ဖုန်းရို့အာက ထုတ်ပြောလိုက်၏။

“အဖေလား။ ကျန်းဟန်က သွေးတပ်ဖွဲ့ဆီကို ပြန်မှာမဟုတ်လား။ ဘာလို့သူနဲ့ ရှင်းလန်ကိုတွေ့ရအောင် လုပ်ပေးလိုက်တာလဲ"

သူမစိတ်ဆိုးနေသည်ကို စုရွှေလျန်ဝန်ခံမိသည်။ အဖေသည် စကားမတည်ခဲ့ပေ။ သူမစိတ်ထဲတွင်ကောက်ချက်ချနေမိ၏။

"မင်းရောအဲ့လိုတွေးမိတာလား"

ရွှယ်လီက စိတ်လှုပ်ရှားကာ သဘောကျနေသောအသံဖြင့် မေးလိုက်သည်။

"အမှန်ပဲမဟုတ်ဘူးလား"

စုရွှေလျန်က ဖုန်းရို့အာကို မယုံကြည်စွာဖြင့်ကြည့်လိုက်သည်။ သူမမျက်နှာကိုမြင်သောအခါတွင် အမေတွင်လည်း သဲလွန်စမရှိသည်ကို သိလိုက်ရသည်။ တွန့်တိုစွာဖြင့် သူမသက်ပြင်းချလိုက်မိသည်။

"အဖေ ရှင်းလန်က မိန်းမကောင်းလေးတစ်ယောက်ပါ။ အစကတော့ အဖေက သူနဲ့ ကျန်းဟန်ကို ရိုးရိုးသားသားအောင်သွယ်ပေးချင်တယ်ပဲမှတ်တာ။ အဲ့တာကြောင့် ကူညီဖို့သဘောတူခဲ့တာ။ ဒါပေမဲ့ အဖေက ဒီလိုလုပ်လိမ့်မယ်လို့ ထင်မထားခဲဘူး"

"တွေ့လား။ ကျွန်မပြောသားပဲ။ ကျွန်မတို့သမီးက အပြစ်တင်ပါလိမ့်မယ်လို့။ ဒီတစ်ယောက် ရှင့်ကိုဘယ်သူကူညီပေးမလဲကြည့်ရအောင်။ ရှင်တော့ ကျွန်မတို့ချွေးမလေးကိုအမှားလုပ်မိပြီ။ ရှင့်သားကို ဘယ်လိုရှင်းပြမလဲကြည့်ကြသေးတာပေါ့"

ဖုန်းရို့အာ တွန့်ဆုတ်စွာဖြင့်ခေါင်းရမ်းလိုက်ပြီး သူမဘေးတွင်ထိုင်နေသေူသူ့အား မျက်စောင်းထိုးလိုက်မိသည်။

"ငါက သူတို့ကို စမ်းသပ်ချင်ယုံတင်ပါ။ သူတို့ကိုကွဲကွာအောင် တကယ်မလုပ်ပါဘူး"

သားဖြစ်သူက သူ့အား ထပ်မံလျစ်လျူရှုမည်ဆိုသောစကားကိုကြားသောအခါတွင် ရွှယ်လီတစ်ယောက် မျက်လုံးပြူးကျယ်သွား၏။

စုရွှေလျန်က ရွှယ်လီ၏ရှင်းပြချက်ကိုနားထောင်ရင်းဖြင့် ရုတ်တရက်နားလည်သွားပေသည်။

"အဖေဆိုလိုတာက..."

"အင်း သမီးက အမြဲဉာဏ်ကောင်းပါတယ်။ ဒါပေမဲ့ အတွဲတွေအကြောင်းပြောရင်တော့ ဉာဏ်နည်းသွားတယ်။ လာ။ မင်းကိုတိုးတိုးလေးပြောပြမယ်"

ရွှယ်လီက စုရွှေလျန်နားနားလေးကပ်ကာ တီးတိုးရှင်းပြနေ၏။ အဆုံးသတ်တွင် သူက သူမပုခုံးကိုပုတ်လိုက်ပြီး သရော်လိုက်၏။

"မင်းဘယ်လိုထင်လဲ။ မင်းအဖေရဲ့အစီအစဉ်က ကောင်းတယ်မဟုတ်လား။ ဘယ်လိုခေါ်မလဲ။ အရုဏ်မလာခင် အမှောင်ထုလို့ပြောရမလား။ ဟားဟားဟား"

စုရွှေလျန်နှင့် ဖုန်းရို့အာက အကြည့်ချင်းဖလှယ်လိုက်ကြကာ ဘာမျှမပြောတော့ပေ။ ၎င်းတို့သည် သူပြောသည်ကိုမကြားချင်ယောင်သာဆောင်လိုက်ကြ၏။  

"ဟေး ရှင်ဘာလို့ ဒီမှာယောင်တောင်တောင်လုပ်နေတာလဲ"

နောက်ဆုံးလူနာအား စစ်ဆေးပြီးနောက်တွင် ယန်ကျင်းကျီက ဆေးခန်းအပြင်ဘက်သို့ထွက်လာကာ အခန်းထဲရှိ ခုံရှည်ပေါ်တွင်လှဲလျောင်းနေသော လျန်အန်းဇိုင်ကိုမြင်လိုက်ရသည်။ သူမသည် သူ့ကိုကန်ကာ နှိုးလိုက်၏။

"ဟေး အိပ်ချင်တယ်ဆိုရင် အိမ်ပြန်အိပ်။ ဒီမှာအိပ်ဖို့ ဘာအခွင့်အရေးများရှိလို့လဲ"

"ဟင်း..."

လျန်အန်းဇိုင်က မျက်လုံးမှိတ်ထားကာ ညည်းလိုက်မိသည်။ သူမသည် ယန်ကျင်းကျီကို ဆွဲလိုက်သည်။ သူမသည် ကြောင်အမ်းသွားကာ သူ၏ရင်ခွင်ထဲသို့ ကျသွားသည်။

"ရှင်...မျိုးမစစ်ကောင်.."

ယန်ကျင်းကျီက ရှက်သွေးဖြာသွားကာ သူ၏ရင်ခွင်ထဲမှအလျင်စလိုထလိုက်သည်။ ထရန်စီစဉ်လိုက်သောအခါတါင် သူမကို သူကဆွဲထားလိုက်ပြီး ရင်ခွင်ထဲသို့ နောက်တစ်ဖန်ပြန်ကျသွားစေသည်။

“ရှီအာ…”

သူက သူမကိုဖက်ထားလိုက်ပြီး ကျေနပ်စွာဖြင့် သက်ပြင်းချလိုက်၏။

"ကျေးဇူးပြုပြီး ငါ့ကို မရှောင်ပါနဲ့"

"ဘယ်သူကရှင့်ကိုရှောင်နေလို့လဲ။ မျက်နှာပြောင်မနေနဲ့"

ကျင်းကျီက အကောင်းဆုံးကြိုးစားကာ သူ၏မျက်နှာကိုအဝေးသို့တွန်းပို့ရန်ကြိုးစားလိုကကာ သူက သူမမျက်နှာပေါ်တွင် လေပူများမှုတ်ထုတ်လိုက်သည်။ မိန်းမနှင့်ယောင်္ကျားသည် ထိုသို့မထိတွေ့သင့်သည်ကို ထိုယောင်္ကျားမသိပါသည်လော။ (၂၁)ရာစုမှမိန်းကလေးသည်ပင် သူ့ထက်ပို၍ထိုကိစ္စအား စိတ်ထဲတွင်ထားပေသည်။

"အဲ့လိုလား။ အဲ့လိုဆို ဘယ်သူကများ ငါ့ကိုနေရာတိုင်းမှာ ရှောင်နေတာပါလိမ့်။ နွေဦးပွဲတော်ညက သီးသန့်စံအိမ်ရဲ့ ပြန်လည်ပေါင်းစည်းခြင်းပွဲကို ဘယ်သူကများ ရောက်မလာတာပါလိမ့်"

သူက ဆက်၍ဖိထား၏။

"အဲ့တာက ဆေးခန်းမှာ လူနာတွေများနေလို့လေ။ အဲ့တာကြောင့် မလာနိုင်တာ"

သူမက ခုခံလိုက်၏။

"မင်းငါ့ကို တကယ်မုန်းနေတာလား"

လျန်အန်းဇိုင်က သက်ပြင်းချကာ သူမကို လွှတ်ပေးလိုက်သည်။ သူ၏ထူးခြားသောမေးခွန်းက အထီးကျန်မှုကို ထုတ်ဖော်လိုက်ကာ နှလုံးသားကိုနာကျင်အောင်လုပ်လိုက်ပေသည်။

'မဟုတ်ဘူး အဲ့လိုမျိုးမဟုတ်ပါဘူး"

ရုတ်ချည်းပင် သူမသည် "ဟုတ်တယ်"ဆိုသောအဖြေအား မပေးနိုင်ပေ။ သူ၏ပြုံးနေသောမျက်နှာလေးအား မမြင်နိုင်တော့မည်ကို ကြောက်နေမိသည်လော။

"ဖန်းဟွာမြို့ကိုမလာခင် ငါ ရွှယ်မင်တိုင်းပြည်ကို သွားခဲ့တာ"

စိတ်ခံစားချက်အားမထိန်းသိမ်းနိုင်သောအသံခပ်တိုးတိုးဖြင့် ဖြစ်ကြောင်းကုန်စင်အား ပြောပြလိုက်သည်။

"ရွှယ်မင်တိုင်းပြည်လား။ ရှင်က ဘာလို့အဲ့ကိုသွားရတာလဲ"

သူမကိုရှာရန်သွားသည်ဟု ပြောခဲ့သည်မဟုတ်လော။ ထိုအကြောင်းသည် သူမကိုခံစားစေမည်မဟုတ်ပေ။

"ငါ့မှာ တရားဝင်အလုပ်တွေရှိလို့ပါ။ လမ်းမှာမင်းဆီလာလည်ဖို့ စီစဉ်ထားတာ။ မင်းပြန်မသွားတော့ဘူးလို့မှ ငါထင်မထားတာ..."

သက ခေါင်းစဉ်ပြောင်းလိုက်၏။ သူ၏ချစ်စိတ်နှင့်ပက်သက်၍ သူမကိုမသိစေချင်ပေ။ သူ့ကိုရယ်သွမ်းသွေးမည်ကို ကြောက်နေမိ၏။ သူမအတွက်မူ မြောက်ဘက်သို့သွားရန်တောင်းဆိုခဲ့လျှင်ပင် သူမသည် သူ၏အချစ်အား လက်ခံချင်မည်မဟုတ်ပေ။

"ဪ..."

အမှန်တွင် သူမအတွက် သူ့တွင်ထိုသို့စိတ်ခံစားချက်မျိုးမရှိသည် သူမသိပေသည်။ သူသည် ဂုဏ်ကျက်သရေရှိသောဦးရီးတော်လေးဖြစ်ကာ မင်းကြီးမှဘွဲ့ချီးမြင့်ထားခြင်းဖြစ်သည်။ ထိုနှစ်ပြီးနောက်တွင် သူသည် ကိုယ်ပိုင်စံအိမ်ဆောက်လုပ်နိုင်မည်ဖြစ်ကာ ကျော်ကြားမှုမှာလည်း ကြီးထားလာပြီး နိုင်ငံရေးအလုပ်အကိုင်သည်လည်း သူ့အား ပို၍ကြီးပွားချမ်းသာအောင်လုပ်ပေးသည်။ သူမကဲ့သို့သူမျိုးအတွက် ရေဆုံးမြေဆုံးလိုက်မည်မဟုတ်ပေ။

ယန်ကျင်းကျီက သူမစိတ်ထဲတွင်သိမ်းထားသောအကြောင်းရင်းကိုမြိုချလိုက်မိသည်။ အသံကိုအေးစက်စက်ဖြင့်တစ်မူထူးခြားအောင်ကြိုးစားလိုက်သည်။

"ဘယ်အချိန်အိမ်ပြန်မှာလဲ"

ယနေ့တွင်နန်းမြို့တော်သို့ပြန်မည်ဖြစ်ကြောင်းကို သူမသိ၏။

"မကြာခင်ပြန်တော့မှာ"

လျန်အန်းဇိုင်က ရုတ်ချည်းထလိုက်သည်။ အဝတ်အစားများကိုပြန်ပြင်ကာ လှည့်လိုက်ပြီး ဆေးခန်းထဲမှထွက်သွား၏။ နောက်ဆုံးစကားကိုကြားသည်အထိ သူထွက်သွားသည်ကို သူမ ကြည့်နေမိသည်။

"ယုံချင်ယုံ မယုံချင်နေ။ ငါဒီကိုလာတာက..မင်းဒီမှာရှိနေလို့ပဲ..."

ထွက်မသွားခင်တွင် ဉာဏ်များသောထိုယောင်္ကျားမှာ သူမအား တစ်ပြိုင်နက်တည်းဖြင့် ပျော်ရွှင်မှုနှင့်ဝမ်းနည်းမှုကို တစ်ပြိုင်နက်ခံစားရအောင်လုပ်လိုက်ပေသည်။ မျက်ရည်များကျဆင်းလာကာ ဆေးခန်းထဲသို့ဝင်လာသော ချင်းလန်သည်ပင်လန့်သွားလေ၏။

***

All Chapters